Monday, November 25, 2013

ဝင်ငွေကောင်းတဲ့ မြက်ပင်

Winmit WinMyint October 30


တစ်ခါစိုက်ရင် အနည်းဆုံး 6 နှစ် ရိတ်သိမ်းနိုင်တဲ့မြက်အမျိုးအစားဖြစ်ပါတယ်။ စနစ်တကျစိုက်ရင် တစ်ဧက တစ်နှစ်ပတ် လုံး ထွက်နှုန်းဟာ တန်ချိန် 150 ရတယ်။ မဲဆောက် မိတ်ဆွေ ကျောင်းဆရာ (အငြိမ်းစား) တစ်ဦးက စပါးစိုက်နေကြ မြေ 6 ဧကကို စပါး မစိုက်တော့ပဲ မြက်စိုက်ပြီး ရောင်းစားနေပါတယ်။
သူစိုက်ခင်းကတော့ စနစ်တကျ မစိုက်နိုင်တဲ့အတွက် အနည်းဆုံး တစ်ဧကမှာ တစ်နှစ်ကို 75 တန်လောက် ထွက်တယ်လို့ ရှင်းပြပါတယ်။ 45 ရက်ကနေ ရက် 60 ကြားတစ်ကြိမ် ရိတ်သိမ်းနိုင်တာဖြစ်ပါတယ်။ ရိတ်သိမ်းပြီး မြက်ကို စဉ်းပြီး တစ်ကီလိုကို 3 ဘတ်နှုန်း (တစ်ပိသာ ကျပ် 150 )နဲ့ နွားမွေးသူတွေ ကို ရောင်းစားနေပါတယ်။ ရိတ်သိမ်းပြီးမြက်ကို စနစ်တကျ သိမ်းဆီးမယ်ဆိုရင် 6 လအထိထားနိုင်ပြီး ကျွဲနွားတွေကို ကျွေးနိုင်ပါတယ်။ စိုက်နည်းက ကြံစိုက်နည်း နဲ့ သိပ်မကွာပါ။ ရိတ်သိမ်းတဲ့အခါမှာလည်း ကြံပင်လိုပဲ အရင်းကနေ ခုတ်ယူရပါတယ်။ မြက်တစ်ဧကစိုက်ထားရင် နွားအကောင် 20 လောက်မွေးနိုင် ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ က စပါးစိုက်တာထက်စာရင် ဒီမြက်အမျိုးအစားကို စိုက်ပြီး ကျွဲနွားမွေးရောင်းမယ်ဆိုရင် ပိုပြီးတွက်ခြေကိုက်မှာ သေချာပါတယ်။

အခုအခါ ထိုင်းနိုင်ငံမှာ ဒီမြက်အမျိုးအစားကနေ ဘိုင်အိုဂဲတ်ထုတ်လုပ်ပြီး လျှပ်စစ်မီးနဲ့  မီးဖိုချောင်သုံး ဂဲက်စ် အယ်လ်ပီဂျီ ထုတ်လုပ်ဖို့ ကို ထိုင်းအစိုးရ စွမ်းအင်ဝန်ကြီးဌာနကစတင်အကောင် အထည်ဖေါ်နေပြီဖြစ်ပါတယ်။ 2012 ခုနှစ်ကနေ 2021 ခုနှစ်အထိ 10 စီမံကိန်းအရ လျှပ်စစ်မီး မဂ္ဂါဝပ် 3000 ထုတ်လုပ်နိုင်ရေးအတွက် စတင်ဆောင်ရွက်နေပြီဖြစ်တယ်။ မြက်စိုက်ဧက 1 သန်း 2 သိန်း လိုအပ်ပါတယ်။
လျှပ်မီး တစ် မဂ္ဂါဝပ် ထုတ်လုပ်နိုင်ဖို့ မြက်စိုက်ဧက 400 လိုတယ်။ လျှပ်စစ်စက်ရုံ အတွက် ဘတ်ငွေ သန်း 100(အမေရိကန်ဒေါ်လာ 3 သန်းခွဲ ခန့် ) ကုန်ကျမှာဖြစ်တယ်။ အဲ့ဒီကုန်ကျငွေတွေကို အတိုးနှုန်း 7. 25 ရာခိုင်နှုန်းနဲ့  ချေးယူပြီး ရင်းနှီမယ်ဆိုရင် တောင် လျှပ်မီး ရောင်းရငွေ၊ ဘိုင်အိုဂဲက်စ် ရောင်းရငွေနဲ့  စွန်ပစ် မြက်ပင်မှ မြေသြဇာ ထုတ်လုပ်မှုက ပြန်ရငွေ အားလုံး ပေါင်းလိုက်ရင် 6 နှစ်အတွင်း အရင်းကြေမယ်လို့ ထိုင်း စွမ်းအင်ဝန်ကြီးဌာနက ဖေါ်ပြထားပါတယ်။ (ပြီးခဲ့တဲ့နှစ်က မြက်တစ်တန်ကို ဘတ် 300 (ကျပ် 3000ခန့် ) နှုန်းနဲ့ ထွက်ထားတဲ့ ခန့် မှန်းချက်ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ မြက်ဈေးက တစ်တန်ကို အနည်းဆုံး ဘတ် 1000 (ကျပ်ငွေ 30000 ခန့် ) ဖြစ်နေပြီး။ အရင်းကြေမယ့်နှစ်က 6 နှစ်ထက်တော့ ပိုနိုင်ပါတယ်။

ဒေသအလိုက် ထိုင်းပြည်သူတွေ လုပ်ဆောင်မယ်ဆိုရင် ထိုင်းစွမ်းအင်ဝန်ကြီးဌာနက 20 ရာခိုင်နှုန်း ငွေ ထုတ်ပေမယ် လို့ လည်းဖိတ်ခေါ်ထားပါတယ်။
ထိုင်းနိုင်ငံမှာ နေပီယားပါ့ခ်ချော့တ်ခ်1 မြက်လို့ ခေါ်ပါတယ်။ နေပီယား ပါ့ခ်ချော့တ်ခ်1 မြက်အမျိုးအစားကို ထိုင်းနိုင်ငံ မှာ ကျွဲနွားအစာ အဖြစ်ရည်ရွယ်ပြီး ထိုင်းနိုင်ငံ အရှေ့ မြောက်အရပ်မှာရှိတဲ့ နခေါန်ရတ်ခ်ျစီမား တိရိစ္ဆာန်အစာဖွံ့ ဖြိုးရေးသုတေသနာ့ ဌာနက နိုင်ငံခြားမြက်အမျိုးကို ထိုင်းနိုင်ငံနဲ့ သင့်တော်တဲ့အမျိုးအဖြစ် ထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
မဲဆောက်မြို့ က မြ၀တီ နယ်စပ်ဂိတ်တဖက်ခြမ်းမှာရှိတဲ့တွက် မြန်မာနိုင်ငံက လေ့လာချင် သူတွေ ကျောင်းဆရာ (အငြိမ်းစား) မြက်ခြံကို လာရောက်လေ့လာနိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် သွားရောက်လေ့လာပြီး တင်ပြလိုက်တာဖြစ်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...