Tuesday, November 26, 2013
အသက် ၁၈ နှစ်ပြည့်မှဖတ်ပါ ဒေါက်တာတင့်ဆွေ
အသက် ၁၈ နှစ်ပြည့်မှဖတ်ပါအတွက် မေးခွန်း-အဖြေတွေကို အချိန်မအားလို့ တင်မပေးနိုင်တာ အတော်ကြာသွားပြီ။ အခုကြိုးစားပြီး ပြန်တင်ပါတယ်။
မေးခွန်း။ ကျွန်တော့်ဇနီးက ကိုယ်ဝန် ၂ လရှိပါတယ်။ ခုနဲနဲဖျားချင်နေလို့ ပါရာစီတမော တိုက်လို့ရပါသလား။ တခြားမတည့်တဲ့ဆေးများရှိလဲ ပြောပြပေးပါအုံး။
အဖြေ။ တခါသောက် ၅ဝဝ မီလီဂရမ်ထက်မပိုရ၊ တနေ့မှာ ၃-၄ ခါအထိသောက်နိုင်တယ်။ ကိုယ်ဝန်အတွက် မစိုးရိမ်ရပါ။ အသဲနဲ့ အရက်အတွက်သာ သတိထားရပါတယ်။
မေးခွန်း။ ကျွန်တော့်ချစ်သူ အသက်က ၂၇ နှစ်ပါ။ ကျွန်တော်တို့ဟာ တစ်ပတ်အတွင်းမှာလက်ထပ်တော့မယ့်
သူတွေပါ။ လက်မထပ်ခင်မှာ မရည်ရွယ်ပဲ အတူနေဖြစ်သွားပါတယ်။ ချက်ချင်းကလေးယူမယ့်အစီအစဉ်မရှိသေးတာကြောင့် အတူနေပြီး ဆယ့်နှစ်နာရီအတွင်း Ecee2 ပထမတစ်လုံးနဲ့ နောက်ဆယ့်နှစ်နာရီအကြာမှာ ဒုတိယအလုံးကို သောက်ခဲ့ပါတယ်။ ဒုတိယအလုံး သောက်အပြီး (ဆယ့်လေးနာရီအကြာ) မှာလည်း ဆေးသောက်ပြီးပြီဆိုပြီး အတူနေဖြစ်ပါတယ်။ Ecee2 ဆိုတာ အတူနေပြီးမှသောက်ရတဲ့ဆေး ၄၈ - ၇၂ နာရီအတွင်းသောက်ရင်ရတယ်လို့ သိထားပါတယ်။ ကျွန်တော်ရှင်းလင်းစွာသိလိုတာက Ecee2 ဟာ သောက်ပြီး ၄၈ နာရီအတွင်း အတူနေမိရင်ရော ဆေးအာနိသင် အကျိုးသက်ရောက်မှုရှိပါသလား။ ဆေးသောက်ပြီးမှ အတူနေမိတဲ့အတွက် ထပ်သောက်ရန် လိုအပ်ပါသလား။ ထပ်သောက်ရလျှင် မည်သည့်ဆိုးကျိုးများရှိနိုင်ပါသလဲဆရာ။ ယခု email ပို့ချိန်ဟာ ဒုတိယအလုံးကိုသောက်ပြီး ဆယ့်လေးနာရီ အကြာ အတူနေပြီးပြီးချင်း စိုးရိမ်စွာနဲ့ ပေးပို့လိုက်ခြင်းဖြစ်ပါတယ်။
အဖြေ။ အရေးပေါ်တားဆေးဆိုတာ ဆေးမသောက်ခင်က ၇၂ နာရီအတွင်းနေခဲ့တာကို တားမယ်။ ဆေးထပ်သောက်ရင် ဆေးရဲ့ဘေးထွက်-ဆိုးကျိုးတွေပိုခံရမယ်။ ခဏခဏသောက်တာ မကောင်းကြောင်း စာ ၂ ပုဒ်ရေးထားပါတယ်
မေးခွန်း။ ကိုယ်ဝန်ရှိ မရှိ ဆီးစစ်တဲ့ကိရိယာဟာ စိတ်ချရပါသလား။ နှစ်ကြိမ်စစ်ဆေးပြီး အနုတ်သာပြနေခဲ့လျှင်ကိုယ်ဝန်မရှိဟုယူဆနိုင်ပါသလား။
အဖြေ။ Pregnancy Tests (1) ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း
မေးခွန်း။ ကျမသူငယ်ချင်းတယောက်တော့ ကိုယ်ဝန်ရသွားပါပြီ။ သူကတော့ရန်ကုန်မှာပါ။ ကလေးမရတာ 1 နှစ်ခွဲလောက်ရှိပါပြီ။ သူပြောတော့ သူ့ကို အိုဂျီက သားအိမ်အားဆေးပေးတယ်လို့ပြောပါတယ်။ သူကကျမကိုလည်း သားအိမ်အားဆေးသောက်ကြည့်ပါလားလို့ပြောပါတယ်ဆရာ။ ဒီမှာကျမဆေးရုံ သွားပြနေတာတော့ သားအိမ်အားဆေးမပေးပါဘူး။ IUI လုပ်မယ်လို့ပဲပြောပါတယ်။ ကျမသားအိမ်အားဆေးရော သောက်လို့ရပါသလားဆရာ။ သောက်လို့ရမယ်ဆိုရင်ကျမကိုထိရောက်မဲ့ဆေး နာမည်လေးမေးလ်ထဲပို့ပေးပါဆရာ။ ကျမဝယ်သောက်ပါ့မယ်။
အဖြေ။ ဆေးနာမည်စာလုံးပေါင်းသိမှရမယ်။ သားအိမ်အားဆေးလို့တော့ ဆရာဝန်တွေကခေါ်တာ မရှိပါ။
မေးခွန်း။ ကိုယ်ဝန် တားဆေးကို လေး ငါးခါလောက်သူံးရင် အကျိုးသက်ရောက်မှု ရှိသေးတာ ဆေးယဉ် သွားတတ်လားဆရာ။ ပြီးတော့ ကလေးယူမယ်ဆိုရင်ကော အခက်အခဲ ဖြစ်နိုင်လားဆိုတာသိချင်ပါတယ်ဆရာ။
အဖြေ။ Emergency Contraception (1) အရေးပေါ်တားဆေးများ (၁) http://dts-medicaleducation-adult.blogspot.in/2012/04/emergency-contraception-1.html
Emergency Contraception (2) အရေးပေါ်တားဆေးများ (၂) http://dts-medicaleducation-adult.blogspot.in/2012/04/emergency-contraception-2.html
Emergency Contraception (3) အရေးပေါ်တားဆေးများ (၃) http://dts-medicaleducation-adult.blogspot.in/2012/03/emergency-contraception-3.html
Emergency Contraception (4) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၁) http://dts-medicaleducation-adult.blogspot.in/2012/03/emergency-2.html
Emergency Contraception (5) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၂) http://dts-medicaleducation-adult.blogspot.in/2012/03/emergency.html
Emergency pills Effectiveness အရေးပေါ်တားဆေး ထိရောက်မှု http://dts-medicaleducation-adult.blogspot.in/2012/11/emergency-pills.html
Emergency Pills no age bar to buy အရေးပေါ်တားဆေး အသက်မရွေးတော့ http://dts-medicaleducation-adult.blogspot.in/2013/04/emergency-pills-no-age-bar-to-buy.html
မေးခွန်း။ ကျွန်တော့် အမျိုးသမီးမှာကြွက်နို့ရော၈ါဖြစ်တာ ခွဲစိတ်ပြီးပါပြီခင်ဗျား။ ဒါပေမယ့်လည်း ခွဲစိတ်အနာတောင် ကောင်းကောင်းမကြက်သေးခင်မှာ ပြန်လည်ပြီး ပေါ်လာပါတယ်ခင်ဗျား။ တကယ် ပျောက်ကင်းသွားအောင် ဘယ်လိုများဆောင်ရွက်ကမလဲခင်ဗျာ။ ကျွန်တော်အရမ်းစိတ်ပူနေပါတယ်ခင်ဗျာ ဘယ်လိုဆေးများသုံးရမလဲ မြန်မြန်ပျောက်ကင်းစေချင်ပါတယ်ခင်ဗျား။
အဖြေ။ Genital Warts (1) လိင်အင်္ဂါကြွက်နို့ (၁)
Genital Warts (2) လိင်အင်္ဂါ ကြွက်နို့ (၂)
မေးခွန်း။ ဆရာ Fertomid and Clomiphine ဆွေးတွေက ဘယ်ဆေးကပိုပြီး မျိုးဥကြွေပါလဲရှင် အဖြေ။ အတူတူပါဘဲ။ မေးခွန်း။ သမီး ဒီလတော့ ကိုယ်ဝန်ရပြီလို့ ထင်နေတာ တကယ်တန်းကျတော့ ဒီနေ့ ရာသီသွေး ဆင်းနေပြီရှင်။ သမီးတော့ ငိုနေမိတော့တာပါပဲဆရာရယ်။ ဆရာရေ သမီးမေးစရာလေးရှိလို့ပါ။ (၁) ဆရာ သမီး သားအိမ်ခြစ်ပြီး နောက်ပိုင်း ရာသီ လာရင် တော်တော့်ကို နည်းပါတယ်ရှင်၊ သားအိမ် မခြစ်ခင်တုန်းကလာရင် နှစ်ရက်၊ သုံးရက် အပြည့်လာပါတယ်ရှင်။ သားအိမ်ခြစ်ပြီးမှလာရင် တစ်ရက်ခွဲပဲလာပါတယ်။ လာရင်လည်း တစ်ရက်လုံး အပြည့်မလာပါဘူးရှင်။ အဲဒါ စိုးရိမ်ရပါလားရှင်။ ပြီးတော့ ရာသီးသွေးနည်းလို့များ ကလေးမရတာပါလားရှင်။ (၂) သမီး သားဥကြွေဆေး Fertomid-100 mg သောက်ပါတယ်၊ အဲဒီဆေးနဲ့ Clomiphine နဲ့ ဘယ်ဆေးက ပိုကောင်းပါလဲရှင်ကလေးအမြန်ဆုံး ရနိုင်တဲ့ ဆေးကို ပေးပါနော်။ Clomiphine က သောက်ရင်ရော ပမာဏ ဘယ်လောက်သောက်ရပါလဲရှင်။ မနက်ဖြန်သောက်ရမှာမို့လို့ပါ အဖြေ။ ဘယ်လိုမှ စိတ်မပျက်ပါနဲ့။ ဆေးကို ၅ဝ မီလီဂရမ်အရင်သောက်ရတယ်။ နောက် ၁ဝဝ မီလီဂရမ်သောက်ရတယ်။ စာထဲမှာ ရေးထားပါတယ်။ Trade names တွေ အမျိုးမျိုးရှိပါတယ်။ မေးခွန်း။ ရာသီသွေးဆင်းတာ နည်းသည့်အတွက် များစေရန် ကေသီပန်၊ မြဧကရီ တို့ရော သောက်လို့ရပါလားရှင်။ ပြောပြပေးပါဦးနော် ရာသီသွေး နည်းသည့်အတွက် ဘယ်လို ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါလဲရှင်။
အဖြေ။ မြန်မာဆေး၊ တိုင်းရင်းဆေး၊ ဟာဗယ်ဆေး၊ အယယုဗေဒဆေးတွေကို ဆရာတို့လိုဆရာဝန်တွေက သိပ်မသိပါ။
Menstrual Suppression ရာသီမလာအောင်နှိမ်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/08/menstrual-suppression.html
Menstruation (1) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၁) http://dts-medicaleducation.blogspot.com/2011/04/menstruation.html
Menstruation (2) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၂) http://dts-medicaleducation.blogspot.in/2011/04/menstruation_25.html
Menstrogen and Flibanserin အမျိုးသမီးဆေးများ http://dts-medicaleducation-adult.blogspot.in/2012/03/menstrogen.html
Menstruation Period Signals ရာသီ မမှန်ရင် သတိထားစရာတွေ http://dts-medicaleducation-adult.blogspot.in/2012/03/period-signals.html
Menstruation Questions ရာသီအကြောင်း http://dts-medicaleducation-adult.blogspot.in/2012/03/menstruation-questions.html
မေးခွန်း။ ကျွန်တော်သူငယ်ချင်းမှာ့ သွားရန်အတွက် စာမေးပွဲဖြေပြီး ရာ အောင်မြင်ပါသည်။ သို့သော် အပြင်ဆေးခန်းတွင်ဆေးစစ်ရာ ဘီပိုး တွေ့ ၍ တော်တော် စိတ်ဓါတ်ကျနေပါသည်။ အများကတော့ ဆေးထိုးလျှင်ပျောက်သည်ဟု ပြောကြပါသည် ဆရာလမ်းညွန်ချက်ကို သိရှိချင်ပါသည်။
အဖြေ။
• Hepatitis B အသဲရောင် (ဘီ) ပိုး http://dts-medicaleducation.blogspot.com/2011/04/hepatitis-b.html
• Hepatitis B and breastfeeding ဘီ ပိုးရှိမိခင် နဲ့ ကလေးနို့တိုက်ခြင်း http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-and-breastfeeding.html
• Hepatitis B Immune Globulin အသဲရောင်-ဘီ (ဂလိုဗျူလင်) ထိုးဆေး http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-immune-globulin.html
• Hepatitis B in Myanmar မြန်မာနိုင်ငံတွင် ဘီပိုးတွေ့ရှိသူ လေးဆခန့်မြင့်တက်လာ http://dts-medicaleducation.blogspot.com/2011/12/blog-post.html
• Hepatitis B medical treatment (ဘီ) ပိုးဆေးပေးခြင်း http://dts-medicaleducation.blogspot.in/2012/05/hepatitis-b-medical-treatment.html
• Hepatitis B Vaccine ဘီပိုးကာကွယ်ဆေးထိုးနည်း http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-vaccine.html
မေးခွန်း။ သားဥ များများကြွေအောင် Fertomid and Clominphine ကို တွဲသောက်လို့ရပါလားရှင်။ အရေအတွက် ဘယ်လောက်များ သောက်ရပ့ါမလဲရှင်။
အဖြေ။ Fertomid 50 mg မျိုးဥကျွေဆေး
မေးခွန်း။ သမီး ရာသီသွေးဆင်းရင်လည်း မမှန်ပါဘူးရှင်။ သူများတွေဆိုမှန်ပါတယ်။ သမီးက တစ်လမှာ 5 ရက်နေ့လာလိုက် 7 ရက်လာလိုက်၊ ၁ဝ၊ ၁၅ မမှန်ပါဘူးရှင်။ သမီးဘာလုပ်ရပ့ါမလဲရှင်။
အဖြေ။ ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါကအတိုင်းမေးပါ။
မေးခွန်း။ ထမင်းရည်ရဲ့အကျိုးကျေးဇူးနဲ့ဆိုးကျိုးတွေကိုသိချင်ပါတယ်ဆရာ။ ထမင်းရည်ကိုမနက်တိုင်းသောက်ရင်ဘယ်လို ကျေးဇူးတွေရနိုင်ပါသလဲ။ ထမင်းရည်ထဲမှာ ဘာဓါတ်တွေပါသလဲ ဆိုတာ ဖြေကြားပေးပါဆရာ။
အဖြေ။ ထမင်းရည်ထဲမှာ ဗီတာမင် (ဘီ ၁ ) ဓါတ်ပါတယ်။ ဆိုးကျိုး မရှိပါ။
မေးခွန်း။ ကျွန်တော် အသက်၂၄ ရန်ကုန်ကပါ။ pill 72 ဆေးသောက်ထားတာ ဒီနေ့နဲ့ဆို ၁၂ ရှိပါပြီ ရာသီသွေးမလာသေးလို့ပါ စိုးရိမ်လို့ဆီးစစ်ကြည့် တော့လည်း negative ပါပဲ ဆရာအကြံပေးပါအုံး
အဖြေ။ တချို့မှာဖြစ်တတ်တယ်။ စိုးရိမ်စရာမရှိပါ။
သေချာအောင် တပါတ် (၇ ရက်) ကြာရင် ဆီးတခါ ထပ်စစ်ပါ။
၁၂ လို့ရေးတာက ၁၂ ရက်ဖြစ်မယ်ထင်ပါတယ်။
မေးခွန်း။ ကျွန်တော် ရန်ကုန်မှာနေပါတယ် အသက် ၂ဝ နှစ်ပါ။ ကျွန်တော့ချစ်သူက ၂၁ နှစ်ပါ တွဲတာ ၁ နှစ်ကျော်ပါပြီ။ တရက်သူနဲ့အတူနေဖြစ်ပါတယ် မဆက်ဆံခဲ့ပါဘူးဆရာ။ သူ့ကို ကျွန်တော်လက်နဲ့သာ အာသာဖြေပေးခဲ့ပါတယ်။ ပုံမှန်ဆိုသူရာသီလာတာ ၁ ရက်နေ့ဆိုလာပါတယ်။ ကျွန်တော်နဲ့နေခဲ့တာ ၁ ရက်နေ့ရာသီလာကမဲ့နေ့ကပါ ဒါပေမဲ့သူရာသီမာလာသေးဘူဖြစ်နေပါတယ်။ ခါးလည်းနဲနဲကိုက်ပါတယ်။ ဆေးသောက်လိုက်တော့ ပျောက်သွားပါတယ်။ အတူနေစဉ်ကသူနဲ့ ကျွန်တော်နဲ့ကြားမှာ အတွင်းခံဘောင်းဘီခြားနေပါတယ်။ ကျွန်တော်လည်းသုတ်ရည်ထွက်ခဲ့ပါတယ် ကျွန်တော်လက်နဲ့ အာသာဖြေပေးခဲ့လို့သူ့မှာကိုယ်ဝန်ရသွားနှိင်ပါသလား။ သူ့အင်္ဂါထဲကိုထည့်ခဲ့တဲ့ ကျွန်တော့လက်မှာသုတ်ရည်အနည်းပေနေခဲ့မယ်လို့ထင်လို့ပါတယ်။ သူ့မှာကိုယ်ဝန်ရသွားနိုင်ပါသလားဆရာ။ ရာသီမာသေးတာဘာလို့လဲသိချင်ပါတယ်ဆရာ။ ဘာလုပ်သင့်တယ်ဆိုတာကျေးဇူးပြုပြီးဖြေပေးပါဆရာ။
အဖြေ။ ကိုယ်ဝန်မရဘို့များပါတယ်။
နည်းနည်းမရှင်းတာက ကိုယ့်သုက်ရည်လက်မှာရှိနေတုံးမှာ မ-အင်္ဂါထဲအထိ ရောက်စရာရှိပါသလား။ အတွင်းခံအပေါ်ကဆိုရင် မရစေနိုင်ပါ။
လိင်စိတ်ကြောင့်လဲ ရာသီရက်ကို အပြောင်းအလဲ နည်းနည်း ဖြစ်စေနိုင်တယ်။
သေချချင်ရင်တော့ Urine Pregnancy Test ဆီးစစ်ပါ။ ဆေးဆိုင်ကနေဝယ်ပြီး ကိုယ့်ဖါသာ စစ်နိုင်ပါတယ်။
မေးခွန်း။ ကျွန်တော့် အသက်က ၄၁ ပါရန်ကုန်မြို့ကပါ။ မိုးရေ နည်းနည်းလေး စိုတာပဲ ဖြစ်ဖြစ်၊ ရာသီဥတု နည်းနည်းလေး အေးတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ ကျနော့ နှာခေါင်းက အမြဲတမ်း နှာချေ၊ နှာရေယို ဖြစ်နေပါတယ်။ တော်တော်လည်း နေရခက်ပါတယ်။ အဲဒီလိုဖြစ်နေတာ ၄၊ ၅ နှစ်လောက် ရှိပြီထင်ပါတယ်။ အရင် Korea မှာတော့ အလုပ် သွားလုပ်ဖူးပါတယ်။ ဒါပေမယ့် dangerous ထဲပါတဲ့အလုပ်မဟုတ်ပါဘူး။ နောက်ဆုံးလုပ်ခဲ့တာကတော့ Furniture ပါဆရာ။ နည်းနည်းအမှုန်တော့ရှိတယ်။ ဒါပေမယ့် Mask တို့ဘာတို့နဲ့ဆိုတော့ နှာခေါင်ထဲဝင်တာ နည်းမှာပါ။ အဲပြီးခဲ့တဲ့ နှစ်ကစပြီး နှာခေါင်းက သွေးကျလာတယ်။ ၅ စက် ၆ စက်ပါပဲ။ နောက် ၄ လ လောက်ကြာတော့ ထပ်ကျလာပြန်တယ် အဲလိုသွေး ကျတဲ့အချိန်ဆိုယင် နှာခေါင်းက ခြောက်သွေ့နေတဲ့အချိန်မျိုး နှာရည်မရှိတဲအချိန်ပဲ ဖြစ်တတ်တယ်ဆရာ။ နှာရည်ရှိလို့ညှစ်လိုက်ရင်တော့ နှာချေတော့တာပဲ။ ၈ ခါ ၉ ခါလောက် ဆက်တိုက်ချေတာပဲ။ ငယ်ငယ်တည်းက ဘာရောဂါမှမရှိပါ။ နောက်ဆေးလဲမသောက်ဖြစ်ပါဘူး။ Korea မှာတုန်ကတော့ရေချိုးတိုင်း ခေါင်းလျှော်တယ်။ ရေမချိုးတောင်ခေါင်းတော့လျှော်ဖြစ်တယ်။ အဲတာ ဘာဆက်လုပ်ရမလဲ လမ်းညွှန်ပေးပါဦး။
အဖြေ။ Allergic Rhinitis အလာဂျီ နှာခေါင်း
မေးခွန်း။ သမီး တင်ပါးမှာ ဆေးထိုးပြီး မချေလို့နဲ့တူတယ်။ အလုံးဖြစ်ပြီး ကျန်နေခဲ့ပါတယ်သိပ်တော့ မကြီးသေးပါဘူးရှင်။ ခွဲရမှာကြောက်လို့ပါ။ အဲဒါ ဘာဆေး လိမ်းပေးရမလဲရှင်။ သမီး သားဥပြွန် ပွင့်၊ မပွင့် စမ်းတုန်းက ထိုးရတဲ့ဆေးပါ။ ထိုးပေးတဲ့သူကလည်း ချေရမယ်မပြောလို့ပါ။ ဆေးထိုးထားတာက ၁၅ ရက်လောက်ပဲ ရှိပါဦးမယ်ရှင်။
အဖြေ။ ၁။ အပူကပ်ပေးပါ။
၂။ Painkiller (Paracetamol/Ibuprofen အနာသက်သာဆေး တမျိုးမျိုးကို တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ်သောက်ပါ။
၃။ ပိုနာလာ၊ နီလာတယ်ဆိုရင် ပိုးသေဆေး (Amoxacillin + Cloxacillin 500 mg) တခါသောက် ၁ တောင့်၊ တနေ့ ၂-၃ ကြိမ်သောက်ပါ။
၎။ ပြည်ရှိလာရင်တော့ ခွဲထုတ်ရမယ်။
မေးခွန်း။ ကျွန်တော် ရေယုံဝေဒနာ ခံစားရေတာ (၃)နှစ် လောက်ရှိပါပြီ။ ရန်ကုန်မှာ ဆရာဝန်နဲ့ ပြပါတယ်။ ဆရာဝန်ပေးတဲ့ ဆေးလဲ စားပါတယ်။ တခါတခါ ပြန်ပြီး ဖြစ်လာတယ်။ အခုတော့ စင်ကာပူ မှာပါ။ စင်ကာပူ မှာ ဆေးစစ် တော့ HSV-1 ရေယုံ -၁ မှာ အဆင့် (၃.၅) ရှိပါတယ်။ HSV-2 ရေယုံ-၂ မှာ အဆင့်(ဝ.ဝ၉၅) ရှိပါတယ်။ ကျွန်တော် စိုးရိမ်နေလို့ပါ။ ၂ဝ၁၄ နိုဝင်ဘာ မှာ အိမ်ထောင် ထူ ဖို့ရှိနေလို့ပါ ဆရာ။ အိမ်ထောင် ထူလို့ ရမလား ခင်ဗျာ။
အဖြေ။ လူအတော်များများမှာ ရှိကြတယ်။ ဒီဗိုင်းရပ်စ်ဟာ သူကြိုက်နှစ်သက်တဲ့ အခြေအနေ (အပူချိန်၊ စိုးထိုင်းဆ) တွေမှာ ပိုပွါးလာလေ့ရှိတယ်။ အဲဒီအချိန်မျိုးမှာ ခံစားရတာရှိလာနိုင်တယ်။ နှုတ်ခမ်းရေယုံလိုမျိုး။
အိမ်ထောင်ပြုတာကို မတားပါ။ ဆေးသောက်နေတာမို့ စိုးရိမ်စရာမရှိပါ။
မေးခွန်း။ ကျွန်တော်အသက် ၅၅ နှစ်ပါ။ မန်းလေးမှာနေတယ်။ ကျွန်တော်မှာ hiv ပိုးနှင့် အူ tb ပိုးရှိတာ ၅ လလောက်ရှိပြီ။ art ဆေး ပုံမှန်သောက်နေတယ်။ tb ဆေးက Rifampin 450mg Isoniazid 300mg ဆေးတရက် တကြိမ် ဆေးရုံက ညွှန်းတဲ့အတိုင်း သောက်တယ်။ ပြသာနာက တကိုယ်လုးံ ယားနေတယ်ကိစ္စပါ။ မျက်နှာမှာ ပိုယားတယ်။ ယားတာ ၁၅ ရက်ရှိပြီ။ စယားတော့ ဆေးခန်းသွားပြတယ်။ Cetrizine 10mg တရက် ၂လုံးနဲ့ Loratadine10 mg တရက် တစ်လုးံ သောက်ခိုင်းတာ လိမ်းဆေး Caldryl
အဖြေ။ ဆေးတွေအားလုံးကောင်းပါတယ်။ TB ကို ဆေးတွေကနိုင်တယ်။ အားဆေး မတွေ့ပါလား။ တီဘီဆေးသောက်ရင် ဗီတာမင် ဘီ ၆ သောက်ရတယ်။ ယားယံတာက ခဏနေမှာပါ။ တခုခုနဲ့ မသင့်ရာကနေဖြစ်တယ်။ ရာသီဥတု၊ အစားအသောက်၊ အသုံးအဆောင်၊ ဂရုစိုက်ပါ။
မေးခွန်း။ သမီးအသက်က ၃ဝ မပြည့်သေးပါဘူး။ Freight Forwarding company တစ်ခုမှာ sake & marketing အနေနဲ့ အလုပ်လုပ်ပါတယ်။ သမီး ငယ်ငယ်တည်းက ဘာရောဂါကြီးကြီးမားမားမှ မရှိခဲ့ဖူးပါဘူး။ နှာစေးချောင်းဆိုး ဖြစ်တာလောက်ပဲရှိပါတယ်။ အခု ပြီးခဲ့တဲ့ သုံးလေးလလောက်မှာ သမီး သွေးပေါင်ကျသလိုလို သွေးပေါင်တက်သလိုလိုနဲ့ ဘာဖြစ်မှန်းမသိ ခေါင်းမူးနောက်မူးနောက်ဖြစ်ပါတယ်။ သမီးက ရုံးကို အိမ်ကနေ အသွားအပြန် တက်ပါတယ်။ ကားစီးရတာ အသွားအပြန်ဆို 3 နာရီလောက်စီးရပါတယ်။ အဲ့လိုအသွားအပြန်တက်တာ ခြောက်လလောက်ရှိပါတယ်။ အမေနေမကောင်းတာနဲ့ သွားလိုက်ပြန်လိုက်၈ုံးတက်ပါတယ်။ အခု အဲ့လိုမူးနောက်နောက်ဖြစ်တာနဲ့ ငှားနေတဲ့ အခန်းကနေပဲ ရုံးပြန်တက်ပါတယ်။ လွန်ခဲ့တဲ့ 2 လလောက်က သမီး Gym သွားကစားပါတယ်။ အဲ့ဒါကလဲ သမီး ဆေးခန်းတစ်ခုမှာ မူးနောက်နောက်ဖြစ်ပြီး ရင်တုန်လို့သွားစမ်းသပ်တော့ သွေးပေါင်တက်နေပါတယ် အပေါ်သွေး 130 နဲ့ အောက်သွေး 80ပါ။ ခါတိုင်းသမီးသွေးပေါင်ချိန်က 110/70 ပါဆရာ။ အဲ့လိုသွေးပေါင်တက်တာ သမီး ရုံးမှာ အထိုင်များလို့ဆိုပြီး GYM သွားကစားတာပါ။ အဲ့ဒါလဲမသပ်သာပါဘူး။ ရင်ထဲမှာ ကတုန်ကယင်နဲ့ အားမရှိသလို ဖြစ်ဖြစ်နေပါသေးတယ်။ လမ်းလျှောက်တဲ့အခါမှာလဲ ခြေထောက်တွေက ကိုယ့်စိတ်အလိုအတိုင်း ဖြစ်မသလိုထင်ရပါတယ်။ တုန်တုန်ယင်ယင်နဲ့။ အဲ့တော့ သမီးက မျက်မှန်ဒီဂရီ550 ဆိုတော့ ပါဝါတက်တယ်ထင်ပြီး အမေရိကန်ဗွီးရှင်းမှာ သွားစမ်းပါတယ်။ သမီးက မျက်ကပ်မှန်တပ်ပါတယ်။ ဒေါက်တာ့ နဲ့စမ်းသပ်ပါတယ် ဆရာကြီးက သမီး မျက်လုံးတွေ နီနေတယ် ဘာကြောင့်လဲဆိုတော့ သမီးက မီးချောင်းအရောင်စူးစူးတွေမြင်ရင် မျက်လုံးရဲပြီး စပ်တတ်တယ်လို့ ပြောပြပါတယ်။ ဆရာဝန်ကြီးက အဲ့ဒါ မျက်ကပ်မှန်နဲ့မတည့်တာလို့ပြောတယ်။ သမီးလဲ မျက်မှန်လုပ်ခဲ့ပါတယ် ဒီဂရီက 600 ပါ။ မျက်မှန်တပ်ပြီးလဲ ကိုယ့်ကိုယ်ကို အားမရပါဘူး အားမရှိသလိုခံစားနေရပါသေးတယ်။ ခြေဖျားတွေလဲ တစ်ခါတစ်လေမှာ အေးပါတယ်။ ပူတဲ့အချိန်ရေချိုးရင်တောင် ရေချိုးခန်းထဲကနေထွက်ရင်ချမ်းပါတယ်။ တစ်ခါတစ်လေ ရေမသုတ်ရသေးခင်ချမ်းတုန်နေပါတယ်။ ရေကိုင်တာသိပ်မကြာပဲလဲ လက်ပဲကြီးရေစိမ်လိုက်ပါတယ်။ သမီးလဲ အဲ့လိုတွေ တစ်ခါမှမဖြစ်ဖူးတော့ ဒေါက်တာ ဦးနေဝင်း နဲ့ ဗဟိုစည်မှာသွားပြပါတယ် ဆရာကြီးက သွေးစစ်ခိုင်းတယ်။ Ultra Sound ရိုက်ခိုင်းပါတယ်။ သွေးအဖြေလဲကောင်းတယ်။ Ultra Sound အဖြေလဲကောင်းတယ်တဲ့. ဆရာထင်တာ အားကစား အရမ်းလုပ်လိုက်လို့ ပင်ပန်းသွားတာနေမယ်လို့ပြောပြီးဆေး နှစ်ပတ်စာပေးပါတယ်။ သမီးလဲ ကိုယ့်ဘာဖြစ်မှန်းမသိတော့ ညဘက်လဲအိပ်လို့မပျော်ပါဘူး။ဆရာကြိးပေးတဲ့ဆေးတွေကိုမှန်မှန်သောက်ပါတယ်။ လွန်ခဲ့တဲ့ သင်္ကြန်မတိုင်ခင်က ရွှေစက်တော်ကို မိသားစုနဲ့ဘုရားဖူးထွက်ပါတယ်။ အဲ့ဒိမှာ ချက်ကြွေးတဲ့ မန်ကျီးရွက်နဲ့ ဦးသျှစ်ရွက်ဟင်းချို အိမ်က ကြော်လှော်လာတဲ့ ငါးပိကြော် ငါးခြောက်ကြော်နဲ့ လက်ဖက်သုပ် တို့နဲ့တော်တော်စားလို့မြိန်ခဲ့ပါတယ်။ ရွှေစက်တော်က ပြန်လာတော့ ဝမ်းသွားတာ ငါးခါဆက်တိုက်သွားပါတယ်။ ဝမ်းက အရည်တွေကြီးသွားပါတယ်။ လေလည်ရင်တောင် ဝမ်းအရေတွေထွက်ပါတယ်။ အဲ့မနက်ပိုင်းမှာပဲ သမီးသွားတိုက်တော့ စ သတိထားမိတာ နှာခေါင်းအနောက်ပိုင်းကနေ ချွဲကို ထုတ်လိုက်တော့ သွေးစပါလာပါတယ်။ အဲ့နေ့ကစပြီး နှာခေါင်းအနောက်ဘက်က ချွဲကိုထွေးထုတ်တိုင်း တစ်ခါတစ်ရံမှာသွေးခဲလေးတွေပါလာပါတယ်။ အရမ်းအများကြီးတော့မဟုတ်ပါဘူး။ ဝမ်းလဲသွားတယ် နှာခေါင်း အနောက်ကနေလဲ သွေးထွက်တယ်။ သမီးအဲ့နေ့ကစပြီး ထမင်း စားချင်တဲ့ဆန္ဒမရှိတော့ပါဘူး အခုဆို တစ်ပတ်ရှိပါပြီ မစားချင်လဲ မနည်းသွင်းပြီးစားပါတယ် လေတွေအပေါ်ကို ပြန်တက်ပါတယ်။ အစာအိမ်က မဆာပါဘူး စားချင်တဲ့စိတ်လဲ မရှိပါဘူး။ ဟင်းအနံ့ရရင်တောင် အန်ချင်ပါတယ်။ အဲ့ဒါဘာကြောင့်ဖြစ်တာလဲဆရာ သမီး နှာခေါင်းမှာ အနာတွေဘာတွေ ပေါက်လို့များလား .နှာခေါင်းလဲမနာပါဘူးနှာရည်လဲမကျပါဘူး နှာခေါင်းလဲမပိတ်ပါဘူး။ အဲ့ဒါနဲ့များဘာလို့ သွေးစတွေ ပါလာတာလဲဆရာ။ အဆုတ်ကလာတာလဲမဟုတ်ပါဘူး။ သမီးအခုအရမ်းကြောက်နေပါတယ်။ ဆရာကူညီပေးပါဦး။
အဖြေ။
၁။ BP သွေးဖိအား နည်းတယ်-များတယ်ဆိုတာကို အခုရေးပြသလောက်နဲ့ ရောဂါလို့ မသတ်မှတ်နိုင်ပါ။ ဆေးသောက်စရာလည်း လုံးဝမလိုအပ်ပါ။ အထက်ဂဏန်း ၁၄ဝ နဲ့ အောက်ဂဏန်း ၉ဝ ထက်မများရင် ဆေးမလိုပါ။ ဒါကြောင့် သွေးတိုးကို ထားလိုက်ပါ။ ၂။ ဝမ်းးပျက်-ဝမ်းကိုက်-နှာစေး အားလုံးဟာ ခဏတာ တခါတလေ၊ ဖြစ်လေ့ရှိတဲ့ ရေတိုရောဂါတွေဖြစ်တယ်။ ထပ်လဲ ဖြစ်နိုင်တယ်။ ဒါကြောင့် ထူးပြီး မရေးတော့ပါ။ အခုလောက်ဆို ပျောက်ပြီးဖြစ်လောက်ပါပြီ။
၃။ အစာပျက်၊ အားနည်းဆိုတာမျိုးက တခုခုရောဂါဖြစ်ရာကနေ ဆက်ဖြစ်တာများပါတယ်။
၎။ မိန်းကလေးဖြစ်လို့ ရာသီ မှန်နေရင်လည်း ကောင်းပါတယ်။
မေးခွန်း။ ကျွန်တော် အသက်၂၄ ပါ။ ရန်ကုန်ကပါ။ အရင်တစ်ပတ်က ဆရာပြန်ပို့တဲ့မေးလ်းမှာ အရေးပေါ်တားဆေးကြောင့် ရာသီပြောင်းမယ်လို့ပါပါတယ်။ Pill72 ဆေးကို 23.6.13 ကသောက်ပါတယ်။ အခု 2.7.13 ရှိပါပြီ။ ရာသီမပေါ်သေးပါဘူး။ ဆေးသောက်ပြီး 9 ရက်ရှိပါပြီ။ အရင်လကတော့ 1 ရက်နေ့မှာပေါ်ပါတယ်။ ဆီးစစ်တောလည်း negative ပါပဲ။ စိုးရိမ်ရလားခင်ဗျာ။
အဖြေ။ Negative ပြရင် မစိုးရိမ်ပါနဲ့။ စောင့်ကြည့်နိုင်ပါတယ်။ တားဆေး-တားနည်းကို ပုံမှန်တခုခုရွေးချယ်သင့်ပါတယ်။
မေးခွန်း။ သမီးတို့အတွက် လွန်စွာမှအရေးကြီးပြီး ဆရာ့အဖြေကို အားကိုးတကြီးစောင့်မျှော်နေသဖြင့် အလျင်မြန်ဆုံး ဖြေကြားပေးစလိုပါသည်။ သမီးအသက် ၃၃ ပါ။ အိမ်ထောင်ကျတာ ၅ နှစ်ရှိပါပြီ။ လင်မယားနှစ်ရောက်လုံး နယ်မြေခြားမှာအလုပ်လုပ်ပါတယ်ရှင့်။ ကန်တော့ပါဆရာ ကလေးယူတာတနှစ်နီးပါးရှိပါပြီ။ ယခုသမီးရာသီရက်လွန်တာ နှစ်ပတ်ကျော် မှာဆီးစစ် တာနှစ်ကြောင်း ပေါ်ပါတယ်။ ဆရာဝန်သွားပြတော့ ultrasound ကြည့်တာ လုံးလုံးလေးမြင်ရပြီး ဆရာဝန် မှကိုယ်ဝန် ငါးပတ်ရှိကြောင်း ပြောပါတယ်။ ကလေးကသားအိမ် နံရန်နဲ့ နဲနဲကွာနေပြီး ဘေးမှာသွေးလေးတွေနဲနဲ တွေ့  တယ်ပြောပါတယ်။ ပထမနှစ်ပတ်နေမှပြန်လာရန်ပြောပါတယ်။ သမီးကစိုးရိမ်ရလားမေးတော့ တရက်ခြား ထပ်ချိန်း လိုက်လို့ ထပ်သွားပါတယ်။ သွေးထပ်ဖောက်ပါတယ်။ ဟိုနေ့ က သွေးအဖြေက HCG ဆိုလား 3300, နောက်ဆုံး (တရက်ခြားသွေးထပ်ဖောက်) တာ သွေးအဖြေက HCG က 3800, (3800-3300 = 500) ၅ဝဝ (16%) သာ ကလေးကြီးထွားတယ်ပြောပါတယ်။ ပုံမှန်က ၆ဝ % တိုးရမယ်လို့ပြောပါတယ်၊ ပျက်ကျဖို့ ရာခိုင်နှုန်း များတယ် ပြောပါတယ်။ နောက်သုံးရက် ထပ်စစ်လို့ ကလေးကဒီတိုင်ကြီးထွားရင် ကလေးပျက်ပြီလို့ပြောလိုက်လို့ တမိသားစုလုံး ဝမ်းနဲပူဆွေး နေရပါတယ်၊ ပထမဆုံး ကိုဝန်လဲဖြစ်ပါတယ်။ ကလေးမွေးပြီးစသူငယ်ချင်းများကိုမေးကြည့် သောအခါ ၊ ကိုယ်ဝန် ပျက်ကျဖို့ မဖြစ်နိုင်ကြောင်း၊ ပုံမှန်အရ၊ သုံးလမှသာ သားသည်သားအိမ်နံရံနင့်မိမိရရတွယ်ကြောင်း ၊ ကိုယ်ဝန် ငါး ပတ် ကိုတရက်ခြား စစ် ရုံဖြင့် သိပ်မကြီး ထွားသေးကြောင်းပြောဆိုပါတယ်။ ထို့ကြောင့် ဆရာ့ဖြေကိုမျှော်လင့်တကြီး စောင့်ပြီး ဆရာဝန် ပြောင်းသင့်ရင်ပြောင်းရန် ကျေးဇူးပြု၍ပြန်လည်ဖြေကြားပေးပါရန်လေးစားစွာ ပန်ကြားအပ်ပါတယ်ရှင့်။
- ကလေးကသားအိမ် နံရန်နဲ့ နဲနဲကွာနေပြီး ဘေးမှာသွေးလေးတွေနဲနဲ တွေ့  တာပုံမှန်လား စိုးရမ်ရပါသလားဆရာ
- သားဦး ကိုယ်ဝန် ငါး ပတ်ကိုတရက်ခြား စစ်ရုံဖြင့် ၁၆% သာကြီးထွားတာ ပျက်ကျနိုင်ပါသလားဆရာ။
- ကလေးကြီးထွားနှုန်းကို သွေးမဖောက်ပဲ (သမီးသူငယ်ချင်းများလို) ဆီးစစ်ရုံ ဖြင့်မရနိုင်ဘူးလားဆရာ။ ကလေးကို သားအိမ်နှင့်ကပ်အောင် Dydrogesterone (100mg) ကို တရက်သုံးခါ သောက်ရန် ညွန်ကြားထား၍ သောက်နေရပါသည်။
အဖြေ။ ပုံမှန်တော့ မဟုတ်ပါ။
HCG Levels in Pregnancy
from conception from LMP (mIU/ML or IU/L)
7 days 3 weeks 0 to 5
14 days 28 days 3 to 426
21 days 35 days 18 to 7,340
28 days 42 days 1080 to 56,500
35 - 42 days 49 - 56 days 7,650 to 229,000
43 - 64 days 57 - 78 days 25,700 to 288,000
57 - 78 days 79 - 100 days 13,300 to 253,000
17 - 24 weeks 2nd trimester 4060 to 65,400
25 wks to term 3rd trimester 3640 to 117,000
35 - 42 days 49 - 56 days 7,650 to 229,000
After several days postpartum nonpregnant levels (<5)"
"Results in Twin Gestation"
DAYS FROM LMP hCG in SINGLTON AVERAGE GESTATION RANGE hCG in AVERAGE TWIN GESTATION RANGE
28 64.7 9.4 to 120 64.7 9.5 to 120
33 450 300 - 600 1,500 200 to 1,800
36 1,500 1,200 - 1,800 19,200 2,400 to 36,000
40 3,600 2,400 - 4,800 58,344 8,700 to 108,000
45 36,000 12,000 - 60,000 126,000 72,000 to 180,000
70 120,000 96,000 - 144,000 414,000 348,000 to 480,000"
မေးခွန်း။ ကျွန်တော့်ကောင်မလေး အသက် 19 နှစ်ပါဆရာ။ ကျွန်တော်နဲ့ကျွန်တော့်ကောင်မလေး ကိုယ်ဝန်ရနိုင်မယ့်ရက်မှာ ဘာအကာအကွယ်မှမပါပဲ ဆက်ဆံခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်မပြီးပါဘူး။ သူကတော့ပြီးပါတယ်ဆရာ။ ခုဖြစ်နေတာက သူ့မအင်္ဂါရဲ့အပေါ်ညာဘက်ပိုင်းက နာတယ်လို့ပြောတယ်ဆရာ။ ကျန်တဲ့အချိန်ဆိုမနာပါဘူး။ အိပ်မှနာတာပါ။ နောက်ပြီးခုရက်ပိုင်းကသူ့ရဲ့ရာသီလာမယ့်ရက်ပါဆရာ။ မလာသေးပါဘူး။ မျက်နှာမှာ ဝက်ခြံ အနည်းငယ်ထွက်ပါတယ်။ စိတ်လည်းအလိုလိုနေရင်းတိုပါတယ်ဆရာ။ အဲ့တာတွေကရာသီလာတော့မယ့် လဏ္ခာဟုတ်ပါတယ်နော်ဆရာ။ ဗိုက်နာတာကိုသိချင်တာဆရာ။ နောက်ပြီးလွန်ခဲ့တဲ့တစ်ပတ်လောက်ကဖျားပြီး ပါးစပ်တွေခါးတယ်လို့လည်းဆိုပါတယ်။ ကျွန်တော်ဆရာရေးတဲ့စာတွေကိုရှာဖတ်ပြီးခဲ့ပါပြီ။ ဗိုက်နာတာ ကိုယ်ဝန် ရှိလို့များလားဆရာ။ ဆက်ဆံတဲ့အခါမှာ ယောက်ျားလေးမပြီးပဲနဲ့ ကိုယ်ဝန်ရနိုင်ပါသလားဆရာ။ ခုဗိုက်နာတာကကော ကိုယ်ဝန်ကြောင့်လားဆရာ။ ဒါမှမဟုတ်ရောဂါတစ်ခုခုကြောင့်လားဆရာ။ ကင်ဆာတွေ ဘာတွေများ ဖြစ်နေမလားလို့ပါ။
အဖြေ။ ပြီး-မပြီးက အသေအချာမေးဘို့လိုသေးတယ်။ တကယ်တန်း ယောက်ျားလေးကနေ သုက်ကို မိန်းမအင်္ဂါထဲမှာ စွန့်ထုတ်တာမရှိရင် အဲဒီဆက်ဆံမှုအတွက် ကိုယ်ဝန်မရနိုင်ပါ။ မိန်းကလေးကငယ်ေးတော့ ပြီးတာကို အသေအချာ မသိနိုင်ဘူးလို့ ယူဆပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်နဲ့ မိန်းကလေးပြီးတာ မဆိုင်ပါ။
ဆက်ဆံဘူးကာစ မိန်းကလေးတွေမှာ ဆီးအောင့်တာ၊ မျိုးပွါးလမ်းရောင်တာတွေ ဖြစ်တတ်တယ်။ နာတာက အဲတာဖြစ်နိုင်တယ်။ အဖြူဆင်း-မဆင်းမသိရပါ။ ဘာဘဲဖြစ်ဖြစ် Doxycycline တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၄-၅ ရက်သောက်စေပါ။ နာတာအတွက် Ibuprofen တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၄-၅ ရက် အစာနဲ့ သောက်စေပါ။ ကိုယ်ဝန်အတွက် ရာသီလာရမဲ့ရက်ထက် ၁-၂ ပါတ်နောက်ကျရင် ဆီးစစ်ပါ။ ကိုယ်ဝန်တားနည်း စနစ်တကျလုပ်ပါ။ ဆရာရေးထားတာတွေ အများကြီးရှိပါတယ်။
မေးခွန်း။ tot'hema သံဓါတ်အားဆေး ရဲ့  ကောင်းကျိုး/ဆိုးကျိုး နှင့် ရေရှည် ဆွဲ ၍ သောက်သင့်/ မသောက်သင့် ကို သိချင်ပါတယ် ကျေးဇူးပြု ၍ ပြောပြပေးပါ။ (ပြည်ပ နိုင်ငံမှာ နေထိုင်လုပ်ကိုင်နေရပါသဖြင့် ဆေးခန်း၊ ဆရာဝန် တို့နှင့် တိုင်ပင်ရန် မလွယ်ကူ၍ ယခုလိုမေးမြန်းရခြင်းဖြစ်ပါသည်)။ ကျနော်တို့၏ အသက်မှာ = ကျား 30 နှစ် / မ 28 နှစ်။ သားသမီး ယူဖို့ အစီစဉ် ရှိပါ၍ tot'hema ဆေးကို ဆက်သောက်သင့်/မသောက်သင့်ကို သိချင်ပါသည်။
အဖြေ။ Iron supplements သံဓါတ်အားဆေး
မေးခွန်း။ ကျွန်မ မေလ ၂၇ မှာ နေက်ဆုံးသွေးပေါ်ပါတယ်။ ဂျွန်လမှာ မလာလို့ ဆေးစစ်တံနဲ့ တိုင်းကြည့်တော့ positive sign ပြပါတယ် . ကျွန်မက ပုံမှန် ၂၈ ပုံမှန်သမားတစ်ယောက်ပါ။ ကျွန်မ သိချင်တာက ကိုယ်ဝန်ဆိုတာ နောက်ဆုံးရာသီလာပြီးချိန်မှာ စသန္ဓေယူတာလား ဒါမှမဟုတ် သန္ဓေတည်ပြီး နောက် သွေးတစ်ကြိမ်ဆင်းလေ့ ရှိလားဆို ကွဲကွဲပြားပြား သိချင်လို့ပါ။
အဖြေ။ လတလရဲ့ အလယ်ရက်လောက်မှာ မျိုးဥထွက်တယ်။ အဲဒါနဲ့ သုက်ပိုးတွေတာနဲ့ ကိုယ်ဝန်ရှိနိုင်ပါတယ်။ မျိုးဥမထွက် ၂-၃-၄ ရက်ကနေ ထွက်ပြီးနောက် ၂-၃-၄ ရက်အတွင်းမှာ ဖြစ်တာပါ။ ဖြစ်တာနဲ့ ရာသီသွေးမဆင်းတော့ပါ။ သွေးနည်းနည်းဆင်းတာရှိနိုင်ပေမဲ့ ရာသီသွေးမဟုတ်ပါ။ ကိုဝ်ဝန်ကိုရက်တွက်ရင် နောက်ဆုံးရာသီလာခဲ့တဲ့လက ပဌမနေ့ကို ယူရပါမယ်။ ၂၇-၅-၂ဝ၁၃ က ပဌမရက်ဆိုရင် ခန့်မှန်းမွေးမဲ့ရက်ဟာ ၄-၃-၂ဝ၁၄ ဖြစ်ပါမယ်။ ရှေ့၂ ပါတ်၊ နောက် ၂ ပါတ်ကွာနိုင်ပါတယ်။
မေးခွန်း။ ကျွန်တော်မှာ b ပိုးရှိတာ လေးနှစ်လောက် ရှိပါပြီ ခုတော့ ကျွန်တော်တို့ မြို့ မှာ အထွေထွေသမားတော်တစ်ယောက်က သူကုပေးနိုင်ကြောင်း ဆေးကိုတစ်ပတ်တစ်ခါ ထိုးရမှာ ဖြစ်ကြောင်း ခြောက်လတိတိထိုးရမှာ ဖြစ်ကြောင်း ပိုးအမျိုးအစားပေါ်မူတည်ပီး တစ်နစ်လောက် ထိုးရတာလည်းရှိကြောင်း ဆေးတစ်လုံး တစ်ပတ်အတွက် တစ်သိန်း ရှစ်သောင်းလောက်ကုန်မှာဖြစ်ကြောင်း ရှင်းပြပါတယ်။ ကျွန်တော်ကတော့ မကုရသေးတော့ ဆေးနာမည်လည်း မသိပါ။ မေးသင့်ပါသလားဆရာ။ ဆေးနာမည်ကိုလေ အားနာလို့ပါ ပြီးတော့ ကုသင့်မကုသင့်အကြံပေးပါအုံးဆရာ။ ကျွန်တော် ပိုးကောင်ရေစစ်တာ လေးသိန်းလောက်ရှိနေပါတယ် ဒါနင့်ပတ်သက်ပီး အတွေ့ အကြုံလည်း နည်းပါတယ် ကူညီပါ ခင်ဗျား
အဖြေ။
• Hepatitis B အသဲရောင် (ဘီ) ပိုး http://dts-medicaleducation.blogspot.com/2011/04/hepatitis-b.html
• Hepatitis B and breastfeeding ဘီ ပိုးရှိမိခင် နဲ့ ကလေးနို့တိုက်ခြင်း http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-and-breastfeeding.html
• Hepatitis B Immune Globulin အသဲရောင်-ဘီ (ဂလိုဗျူလင်) ထိုးဆေး http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-immune-globulin.html
• Hepatitis B in Myanmar မြန်မာနိုင်ငံတွင် ဘီပိုးတွေ့ရှိသူ လေးဆခန့်မြင့်တက်လာ http://dts-medicaleducation.blogspot.com/2011/12/blog-post.html
• Hepatitis B medical treatment (ဘီ) ပိုးဆေးပေးခြင်း http://dts-medicaleducation.blogspot.in/2012/05/hepatitis-b-medical-treatment.html
• Hepatitis B Vaccine ဘီပိုးကာကွယ်ဆေးထိုးနည်း http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-vaccine.html
မေးခွန်း။ သမီးချစ်သူမှာ ရေယုံက ပေါင်မှာပေါက်နေတယ်လို့ပြောပါတယ်ဆရာ။ (အရင်ကတော့ ပါးစပ်မှာပေါက်ဖူးပါတယ်။ သိပ်မကြာပါဘူး3းရက်နေတော့ပျောက်သွားပါတယ်) အခုတော့ 1 ပတ်တော့ကြာပါပီ ဆေးလည်းစားပါတယ် ဆေးလည်းလိမ်းပါတယ်ဆရာ။ စားဆေးကတော့ Acyclovir ကို 5နာရီခြားတခါ သောက်ပါတယ်ဆရာ လိမ်းဆေးကိုတော့ Zocovin ဆိုတဲ့လိမ်းဆေးကိုသုံးပါတယ်ဆရာ သမီးသိချင်တာက အဲဒီရောဂါဟာ ကူးတယ်လို့ သိထားပါတယ် သူအခုစားဆေးနဲ့ လိမ်းဆေးသုံးပြီး သက်သာနေပါုပီ တကယ်လိုနောက်ကြာလို့ ပျောက်သွားပြီးရင်လည်း နောက်ထပ် ဖြစ်ပေါ်မလာအောင် အဲဒီစားဆေးကိုဆက်ပီး သုံးစွဲသင့်သလားနဲ့ သမီးတို့က လက်ထပ်ဖို့ထိ စဉ်းစားထားတဲ့အတွက်ကြောင့် ဒီရေယုံက ရိုးရိုးရေယုံလား အန္တရယ်ရှိတဲ့ရေယုံလားဆိုတာရယ်ကိုသိချင်ပါတယ်ဆရာ။ သမီးတို့ လက်ထပ်ပီးရင် သမီးဆီကိုကူးလာမှာလည်းဆိုးတဲ့အတွက်ကြောင့် သူကိုဘယ်လိုစားဆေးဆက်လက်ပီး သုံးစွဲသင့်သလည်းဆိုတာလည်း ညွန်းပေးစေလိုပါတယ်ရှင့်ဆရာ။
အဖြေ။ Herpes Simplex ရိုးရိုး ရေယုံ
Genital Herpes လိင်လမ်း ရေယုံ
မေးခွန်း။ 2.5.2013 စစ်ချက် sperm account 130mil ; LIQUEFACTION TIME 10, ACTIVE 65%, DEAD 35% ပါ ဆရာရယ်။ 16.3.2013 စစ်ချက်က SPERM ACCOUNT 110, LIQUEFACTION TIME 15MIN, ACTIVE 95% ,DEAD 5% ပါဆရာ။ အခု B DADDY သောက်တယ်ဆရာ။ ဆေးကုန်လို့သွားတော့ ဆေးကပျက်နေတယ်ဆရာ။ ကူညီပါ။ SEAMAN QUALITY ကဆေးမသောက်ရင်ပြန်ကျလားဆရာ။ အခုကျွန်တော်စစ်ချက်ကကောင်းပါသလားဆရာ။ ကလေးရနိုင်သလား။ ဖြေပေးပါနော်။ အိပ်လို့တောင်မရဘူး။ အမြန်ဆုံးဖြေပေးပါ။ စိုးရိမ်လို့ပါ။
အဖြေ။
Sperm and Semen သုက် နဲ့ သုက်ရည် http://dts-medicaleducation-adult.blogspot.in/2012/04/sperm-and-semen.html
Sperm Color သုက်၏အရောင် နှင့် Hematospermia သုက်ထဲသွေးပါခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/sperm-color-hematospermia.html
Sperm comes from သုက်ရည် ဘယ်ကလာသလဲ http://dts-medicaleducation-adult.blogspot.in/2012/06/sperm-comes-from.html
Sperm Count သုက်ပိုးများစေနည်း http://dts-medicaleducation-adult.blogspot.in/2012/03/sperm-count.html Sperm Viability and Motility သုက်ပိုးအားနည်းခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/sperm-viability-and-motility.html
မေးခွန်း။ ကျွန်တော် ၄ နှစ်လောက်က ကျားအစေ့ရောင်လို့ ခွဲဘူးတယ်ဆရာ။ အစေ့ ၂ လုံးတော့ရှိတယ်ဆရာ။ အပီဒါးမစ် ထုတ်ထားတယ်ဆရာ။ SEMAN စစ်ကြည့်တော့ နည်းနည်းလေးအားနည်းတယ်လို့ ဆရာမကပြောတယ်ဆရာ။ ကလေးရနိုင်လားဆရာ။ စစ်ချက်အဖြေက APPERANCE WHITISH OPAQUE, VOLUME 3ML, LIQUIDISATION 10, REACTION ALKALINE, TOTAL COUNT 130, ACTIVELY MOTILE 65% ACTIVELY MOTILE, DEAD 35%, PUS CELLS 2-3/HPF, RBCS NIL ပါဆရာ။ ကျွန်တော့ဘဝအတွက်အရေးကြီးလို့ပါဆရာ။ ဆရာမကသေချာမရှင်းပြဘူးဆရာ။ ဆရာ့ အဖြေကို ရနိုင်မရနိုင် ဖြေပေးပါဆရာ၇ယ်။
အဖြေ။
Sperm and Semen သုက် နဲ့ သုက်ရည် http://dts-medicaleducation-adult.blogspot.in/2012/04/sperm-and-semen.html
Sperm Color သုက်၏အရောင် နှင့် Hematospermia သုက်ထဲသွေးပါခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/sperm-color-hematospermia.html
Sperm comes from သုက်ရည် ဘယ်ကလာသလဲ http://dts-medicaleducation-adult.blogspot.in/2012/06/sperm-comes-from.html
Sperm Count သုက်ပိုးများစေနည်း http://dts-medicaleducation-adult.blogspot.in/2012/03/sperm-count.html Sperm Viability and Motility သုက်ပိုးအားနည်းခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/sperm-viability-and-motility.html
ပို့ထားတဲ့ လင်ခ် တွေကိုဖတ်ပါ။ ဖွင့်မရရင်ပြောပါ။
မေးခွန်း။ ကျွန်တော်တို့ အိမ်ထောင်သက် နှစ်နှစ်ခွဲ ရှိပါပြီ။ ကလေးမရသေးလို့ပါ။။ ကျွန်တော်က ၃၃ နှစ်၊သူက ၃၁ ပါ။ ရန်ကုန်ကပါ။။ နှစ်ယောက်လုံးအရပ်ပုပြီး ဝပါတယ်ဆရာ။ ကျွန်တော်က ပေါင် ၁၉ဝ၊ သူက ၁၄ဝ ပါ။ ၂ဝ၁၂ မတ်လက ကိုယ်ဝန် ၆ ပတ်လောက်နဲ့ ပျက်ကျဖူးပါတယ်။ သားအိမ်ခြစ်လိုက်ရပါတယ်။ ယူခါစ သုံးလလောက်တော့ mavalon 28 ဆေးသောက်မိပါတယ်။ ဆေးဖြတ်ပီးကတည်းက သူ့ရဲ့ ဓမ္မတာရက်က တဖြည်းဖြည်း နောက်ဆုတ်သွားတယ်။ လစဉ်လည်း ကိုယ်ဝန်ရချင်သလို လက္ခဏာတွေပြတယ်။ ဒါပေမယ့် မမြဲဘူး။ ဒီလဆို ၁၂ ရက်လောက် နောက်ကျပီးမှ လာတယ်ဆရာ။ အဲဒါဘာဖြစ်လို့လဲဆရာ။ ကျွန်တော့အလုပ်က အထိုင်များတယ်။ Laptop အသုံးများတယ်။ ဒါတွေနဲ့ဆိုင်လား ကူညီအကြံပေးပါဦးဆရာ။
အဖြေ။ ကိုယ်ဝန်တခါရဘူးရင် အလားအလာကောင်းပါတယ်။ အမျိုးသာထက် အမျိုးသမီးကို ပိုစစ်ဆေးဘို့ လိုနိုင်တယ်။ ဝတာနဲ့ ပတ်သက်နိုင်တယ်။ ရာသီမှန်သင့်တယ်။ မျိုးဥထွက်-မထွက်သိသင့်တယ်။ မျိုးဥအိမ်နဲ့ သားအိမ်ရောဂါကင်းရှင်းတာစစ်ဘို့သင့်တယ်။
ရေးထားတာတွေကို အေးအေးဆေးဆေးဖတ်ပါ။ လိုတာကို လိုက်နာပါ။
Infertility (1) ကလေးမရနိုင်သေးခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/03/infertility-1.html
Infertility (2) ကလေးမရနိုင်သေးခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/04/infertility-2.html
Infertility (3) ကလေးမရနိုင်သေးခြင်း (၃) http://dts-medicaleducation-adult.blogspot.in/2012/09/infertility-3.html
Infertility and Fallopian Tube Procedures သားအိမ်ပြွန်ကျဉ်းလို့ ကိုယ်ဝန်မရနိုင်သေးခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/fallopian-tube-procedures-for.html
Infertility and TB (1) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/05/infertility-and-tb.html
Infertility and TB (2) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/03/tb-and-infertility.html
Infertility news သားသမီး မရနိုင်သေးသူတွေအတွက် စိတ်မပျက်နဲ့ http://dts-medicaleducation-adult.blogspot.in/2013/02/blog-post.html
Infertility Treatments (1) ကလေးရအောင် ကုသနည်းများ (၁) http://dts-medicaleducation-adult.blogspot.in/2012/03/infertility-treatments.html
Infertility Treatments (2) ကလေးရအောင် ကုသနည်းများ (၂) http://dts-medicaleducation-adult.blogspot.in/2012/05/infertility-treatments-2.html
မေးခွန်း။ ကျွန်တော်က အသက် 24 ရှိတဲ့ ယောက်ျားလေးတစ်ယောက်ပါ။ ကျွန်တော်မှာ pearly penile papules ရောဂါရှိပါတယ်။ အဲဒါကို သောက်ဆေး သို့မဟုတ် လိမ်းဆေးနဲ့ပျောက်နိုင်ပါလား laser နဲ့ကုရင်ကော ကုန်ကျစရိတ်နဲ့ အချိန်ကို သိချင်ပါတယ်။ နောက်တစ်ခုက ကျွန်တော်မှာ fordyce`s spot လို့ ယူဆရတဲ့ အနာများလဲရှိပါတယ်။ အဲဒီအနာတွေက ကပ်ပယ်အိပ်မှာ ပေါက်နေတာပါ။ အဖြူရောင် အဖုလေးတွေပါ။ ညစ်လိုက်ရင် အဖြူရောင်အဆံလေးတွေ ထွက်ပါတယ်။ အဲဒီရောက်ဂါနှစ်ခုကို ခံစားနေရပါတယ်။
အဖြေ။ ၁။ ပထမမေးခွန်းအတွက်စာတပုဒ်ပို့ပါတယ်။
၂။ ဒုတိယမေးခွန်းမှာပါတဲ့ရောဂါကို ရောဂါနာမည်တပ်ပေးတဲ့ဆရာဝန်ကို မေးစေချင်ပါတယ်။
Pearly Penile Papules (PPP) ကျား-အင်္ဂါမှာ ပုလဲကုံးလေးလိုဖြစ်နေတာ
မေးခွန်း။ နေ့တိုင်းတနေ့ 1 လုံး သာက်တဲ့အားဆေးက Bee Pollen သောက်ပါတယ်ဆရာ။ (6)လလောက်ရှိပါပြီ။ ညာဖက်ရင်အုံ (အတွင်းက) ပူရှိန်းရှိန်းပါဆရာ။ အပြင်ဖက်ဒဏ်ရာတွေဘာတွေဖြစ်တာမရှိပါဘူး။ ကျွန်တော့် weight က 110 ပါ ပျှမ်းမျ တစ်ခါတစ်လေ ကျရင် 3 ပေါင် 2ပေါင်လောက်ပါပဲ။ လူခနာကိုယ်က ပိန်သွယ်သွယ်ပါပဲ။ နှလုံးခုန်နှုန်းက 70 -80 ကြားမှာပါပဲ။ သွေးခုန်နှုန်းကတော့ မတိုင်းကြည့်မိပါဘူး။ အရက်သောက်တာ များတဲ့နောက်နေ့မှာဆိုတော့ နည်းနည်းအောင့်သက်သက်ပါ (အတွင်းကပါ) အဲအချိန်ဘီယာသောက်တာတို့ အရက်ကို 1 ခွက် ရေများများ ရောသောက်ရင် မသိသာတော့ဘူး။ အတွင်းပိုင်းတစ်ခုခုဖြစ်တယ်ထင်လို့ပါဆရာ။
အဖြေ။ Bee pollen ပန်းဝတ်မှုံ အာဟာရ
မေးခွန်း။ ကျနော့် ဝှေးစေ့နှစ်လုံးက အောက်ကိုတွဲကျနေပြီး အတွင်းခံဘောင်းဘီ မဝတ်ရင် မနေတတ်သလိုဖြစ်နေပါတယ်။ မဝတ်ရင် ဟိုနားက နည်းနည်းအောင့်သလို့ ဗိုက်အောင့်သလိုနဲ့ ဖြစ်ပါတယ်။ သိပ်သိသာကြီးလည်းမဟုတ်ပါဘူးး။ စိတ်ကြောင့်ပဲလားမသိဘူး။ ဝတ်ထား၇င်တော့ နေရတာကောင်သလိုပဲ။ ကျနော်စိတ်ထင်တာက အဲလို့ ဝှေးစေ့နှစ်လုံး တွဲကျနေတာ အူကျနေတာလားလို့ ထင်နေတာ အူကျတာကို ရှင်းပြပေးစေချင်ပါတယ်။
အဖြေ။ Epididymitis and Orchitis ကျား အစေ့-အကြောရောင်ခြင်း
မေးခွန်း။ ကျွန်တော်က အသက် 27 ရှိပါပြီ။ အိမ်ထောင်လည်းရှိပါတယ်။ ကလေးတစ်ယောက်မွေးထားပါတယ်။ အရက်လည်း သောက်ဖြစ်ပါတယ်။ အမြဲတမ်းတော့မဟုတ်ပါဘူးခင်ဗျာ။ အရင်တစ်နှစ်လောက်ကတော့ နေ့တိုင်းသောက်ဖြစ်ပါတယ်။ အနည်းဆုံး 3 ခွက် 4 ခွက်ပါ။ များရင် တစ်ည 8 ခွက် 9 ခွက်လောက် ရေရောပြီးသောက်ပါတယ်။ အခုနောက်ပိုင်းတော့ တော်ရုံမသောက်ဖြစ်တော့ပါဘူး။ ဘီယာလောက်တော့ 3 ဗူးလောက်ပဲသောက်ဖြစ်ပါတယ်။ အခုဖြစ်နေတာက ကျွန်တော့ ရင်ဘတ်က ညာရင်အုံက နေ့လည်ထမင်းစား 1 နာရီ 2 နာရီလောက်ဆို နည်းနည်း စပ်ဖြင်းဖြင်း ပူရှိန်းရှိန်လို ခံစားရတယ်။ ညနေပိုင်းကျရင်တော့ 1 ပတ် 1 ရက်လောက် နည်းနည်းအောင့်သလိုဖြစ်နေပါတယ်။ အဲဒီ 1 ပတ်ထဲမှာ အရက်ကို များများသောက်မိရင် တစ်ခါတစ်လေ helpalucky (ဟယ်ပါလပ်ကီး) အသည်းအားဆေး မနက်တစ်လုံး လောက်သောက်ထားရင် နေ့လည်ထမင်းစားပြီး ချိန်ကျော်သွားရင် နည်းနည်းညာဖက်ရင်အုံက ပူရှိန်းရှိန်နည်းနေလို့ ကောင်းပါတယ်။ အဲဒီနေ့ကနည်းနည်းပေါ့ပါးသွားသလိုပဲ အရက်မသောက်ဖြစ်ရင်နေလို့ နည်းနည်းကောင်းတယ်။ အဲဒါကြောင့် ညာဖက်ရင်အုံက နည်းနည်းပူရှိန်းရှိန်းဖြစ်တာနဲ့ အရက်သောက်များရင် ညနေမသောက်ရင် နည်းနည်းအောင့်တာ ဘာများဖြစ်လို့လဲခင်ဗျာ။
အဖြေ။ ရင်ပတ်-ရင်အုံမှာဖြစ်တာဆိုရင် အထဲထဲကလား၊ အပြင်ကလား စဉ်းစားရတယ်။ အပြင်ဆိုတာ အလှည့်မသင့်လို့ဖြစ်တာ၊ ထိခိုက်မိလို့ဖြစ်တာ၊ ရောင်ရမ်းတာတွေကနေ ဖြစ်စေတယ်။ ခံစားရတာ မကြာဘဲ ပျောက်ပါမယ်။ အနာသက်သာဆေးနဲ့ နားတာကနေ ပျောက်တယ်။ တခါတလေ ဆေးတောင်မလိုပါ။ အထဲဆိုရင် နှလုံး နဲ့ အဆုပ်။ အဆုပ်ဆိုရင် တဖက်ဖက်မှာသာဖြစ်ဘို့များတယ်။ တခြားခံစားရတာတွေနဲ့တွဲနေမယ်။ နှလုံးမှာ အနည်းဆုံး ၂ မျိုးစဉ်းစားရမယ်။ နှလုံးသွေးကြောကျဉ်းတာက အဆိုးဆုံး။ အသက်ကြီးသူ၊ ဝသူတွေကသတိထားရတယ်။ အဓါကကတော့ ကိုလက်စထော များနေတာကိုသိဘို့ဘဲ။ အရက်နဲ့ဆက်စပ်တာသိထားတာကောင်းတယ်။ ဆင်ခြင်ပေါ့။ သေချာအောင် စစ်ဆေးတာလုပ်မှရမယ်။
မေးခွန်း။ ကျနော့်မှာ ပိုးရှိသလားလို့ပါ။ လွန်ခဲ့တဲ့ ၁ နှစ်တုန်းက ဆေးရုံမှာ ခွဲစိတ်မှု တစ်ခုလုပ်တော့ ဆေးစစ်ရပါတယ်။ အဲဒီဆေးရုံမှာ ဆေးစစ်တော့ result ကိုတိတိကျကျ နားမလည်လို့ပါ။ HIV Ab ဆိုတဲ့နေရာမှာတော့ non လို့ရေးထားတော့ ပိုးမရှိဘူးလို့ ယူဆရမှာလား ဆရာ။ အဲဒီတုန်းက ပိုးရှိ ခဲ့ရင် ဆေးရုံက ပြောမယ်လို့ ကျနော် ထင်ပါတယ်။ အဲဒါကို သိချင်တာပါခင်ဗျား။
အဖြေ။ Ab ဆိုတာ အင်တီဘော်ဒီ။ ပိုးအဝင်ခံထားရသူတိုင်းမျာကိုယ်ကနေထွက်တာမျိုး။ Non ဆိုတာ မဟုတ်-မရှိ-မတုံ့ပြန်ကိုဆိုလိုတယ်။ တနည်းအားဖြင့် မရှိတာဖြစ်ပါမယ်။ ဒီရောဂါရှိနေရင် ဆေးရုံက ခွဲစိတ်ကုသမှုလုပ်ပေးသလားဆိုတာသိချင်ပါတယ်။ ရောဂါအခြေအနေအပေါ်မှာ မူတည်ပါတယ်။ ပိုးရှိနေပေမဲ့ အမျိုးသမီး ကိုယ်ဝန်ကိုတောင်မှ လုအပ်ရင်ခွဲမွေးပါတယ်။
မေးခွန်း။ virgra ဆေးကိုဘယ်မှာဝယ်လို့ရပါသလဲဆရာ။ သူ့ကိုရောဘယ်လိုသောက်ရပါသလဲ။ ဘာအတွက် အကျိုးထူးပြီး ဘေးထွက်ဆိုးကျိုးရှိလားဆရာ။
အဖြေ။ ဆေးကို ဘယ်နိုင်ငံမှာ ဝယ်ချင်တာလဲ မသိပါ။ မြန်မာပြည်ဆိုရင်တော့ ဆရာမသိပါ။
Viagra သန်မာစေတဲ့ဆေး http://dts-medicaleducation-adult.blogspot.in/2012/04/viagra.html
  39 comments:
  1. ဆရာကျေးဇူးပြု၍ဖြေပေးပါ
    ကျွန်တော့်ချစ်သူနဲ့ ရာသီလာပီး ၇ ရက်နေ့ မှာတူတူနေခဲ့မိပါတယ်.ပထမတခေါက်ကကွန်ဒုံးအသုံးပြုပါတယ်။သုတ်လည်းကွန်ဒုံးထဲမှာပဲကျန်ခဲ့ပါတယ်။ဒုတိယတခါကျတော့အဝမှာပဲကစားပါတယ်တစ်မိနစ်လောက်ပါပဲ။သုတ်မထွက်ပါဘူး။ကိုယ်ဝန်ရနိုင်ပါလားဆရာ။အခုအဖြူလည်းဆင်းပါတယ်။
    ReplyDelete
  2. ဆရာရှင့် ကျွန်မက ၂၈ရက်နေ့မှာ ဓမ္မတာလာပြီး၈ရက် နေ့မှာ ကျွန်မ အမျိုးသားနဲ့အတူနေခဲ့ပါတယ်...နေပြီးပြီးချင်းလည်းecee2သောက်ခဲ့ပါတယ်...ecee2သောက်ပြီးလို့၃ရက် လောက်ဆို သွေးပြန်ပေါ်တယ် ဆိုတာ ဟုတ်ပါသလားရှင်...ကျွန်မ ခုချိန်ထိ သွေးမ ပေါ်သေးလို့စိတ်ပူနေပါတယ်...နေပြီးတပါတ်နေ တော့ ဆီးစစ်တာ ကိုယ် ဝန်မ ရှိဘူးလို့ပြပါတယ်..စိတ်ချလို့ ရ လားဆရာ...သွေးပေါ်ရ မဲ့ ရက် မ ရောက် သေးပေမဲ့စိတ်ပု နေ လို့ ဆရာ ဖြေ ကြားပေးပါ နော်
    ReplyDelete
  3. Ecee-2 က ၇၂ နာရီအတွင်းသောက်ရင် ကာကွယ်နိုင်ပါတယ်။ ရာသီလာရမဲ့ရက်ထက် တပါတ်နေလို့မလာသေးရင် ဆီးစစ်နိုင်တယ်။ ထပ်သေချာချင်ရင် နောက် ၅-၇ ရက်နေတခါထပ်စစ်ပါ။ ၂ ခါ အနုတ်ပြရင် ကိုယ်ဝန်မရှိပါ။ အရေးပေါ်တားဆေးကို ခဏခဏမသောက်သင့်ပါ။
    Dr. Tint Swe
    ReplyDelete
    Replies
    1. Marvalon28 က​နေ Ecee2 ကို​ပြောင်း​သောက်​လိုရနိုင်​လား
      Delete
  4. မင်္ဂလာညချမ်းပါဆရာ...ကျနော်က မပျော်ရွင်နိုင်လို့ ပါဆရာ .. ရိုင်းတာပါရင်ခွင့်လွတ်ပေးပါဆရာ ။ကျနော်က နိုင်ငံခြားမှာ အလုပ်လုပ်နေသူပါ ရံဖန်ရံခါပြန်ပြီး ချစ်သူနဲ့ ကျနော်နေမိပါတယ်..ကံဆိုးချင်တော.ကျနော်ပြန်တဲ့ နေမှချစ်သူ ဓမ္မတာလာနေချိန်ကြီးပါ။ကျနော်တို့ လဲ တွေ ရခဲ့တာမို့  နေဖြစ်ခဲ့ပါတယ်။စနေတဲ့နေ့ မှာ သွေးစဆင်းတာပါ. ဒုတိယ(နေ့ )အကြိမ်ကြတော့ သူ ဓမ္မတာရပ်သွားပါတယ်. နောက် ၂ရက်လောက်မှာ သွေးတွေ့ ဆင်းတယ်သူပြောပါတယ်။ အခုရာသီလာရက်ထက် ၂ပတ်လောက်ကျော်နေပါပြီဆရာ ..ကျနော် ကောင်မလေးအတွက် အန္တရာယ် ဖြစ်နိုင်သလား။ ရင်သွေးများရနိုင်ပါသလားဆရာ ( OK Ec )ဆေးကို ဖြစ်ပြီးခြင်းတိုက်ထားခဲ့ပါသေးတယ်ဆရာ.
    ReplyDelete
    Replies
    1. အကိုဖြစ်ပုံနဲ့ကျွန်တော် တူနေပီ ကျွန်တော်သိချင်တယ်
      Delete
  5. https://www.facebook.com/pages/Dr-Tint-Swe/490031307758025 မှာ တိုက်ရိုက် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။။
    ReplyDelete
  6. ပန်းသေတယ် ဆိုတာ ဘယ်လိုမျိုးကြောင့်ဖြစ်တတ်ပါသလဲ။
    မဖြစ်အောင် ဘယ်လို နေထိုင်မှု ပြုနိုင်ပါသလဲ
    ReplyDelete
  7. Eecc2ကအတူမနေမီမသောက်ပဲ အတူနေပြီး ၇၂နာရီမပြည့်ပဲ နာရီ ခြောက်ဆယ် လောက်ေ2လုံးလုံးသာက်ရင် အကျိုးသက်ရောက်ပါသလားဆရာ ရင်သွေး ရနိုင် ပါသလားဆရာ
    ReplyDelete
  8. ဆရာ ရာသီလာနေစဉ် အတူနေမိရင် ဆိုးကျိုးတွေ ရှိနိုင်ပါသလား ဘာတွေဖြစ်ပွားနိုင်ပါသလည်း
    VONSTREL 1.5 Levonorgestrel Tablets BP 1.5mg ထိုဆေးကို အတူနေပြီး နာရီ၆၀အတွင်းတိုက်ထားပါတယ် ထိုးဆေးက တစ်လုံးထဲ သောက်ရလို့ အဆင်ပြေပါမလား
    ReplyDelete
  9. ဆရာသမီးချစ်သူနဲ့13.10.14မှာတခါ 14.10.14မှာတခါနေခဲ့ပါတယ် သမီးရာသီလာချိန်က၂၈ စောရင် ၂၅ပါ ခုမလာတာ၁ပတ်ရှိပါပြီ နေ၂ပြီးချင်း mervalon ဝယ်သောက်ခဲ့ပါတယ်၂၈ လုံးပါတာပါ နေ၂ချင်း၁လုံးစသောက်ပါတယ် ဆေးဆိုင်က ဆေးကဒ်ရဲ့နောက်ဆုံးတန်းရောက်ရင် ရာသီလာမယ်လို့ပြောပါတယ် နောက်ဆုံးတန်းရောက်နေပါပြီ ခုထိ မလာသေးပါဆရာ သမီးကိုယ်ဝန်ရနိုင်သလား ရမယ်ဆိုတာစော၂သိရင်abortion ဖြစ်အောင်လုပ်လို့ရပါသလားဆရာ သမီးချစ်သူကိုသမီး ပြည့်စုံမှယူကြမယ်လို့ပြောထားလို့ပါ
    ReplyDelete
  10. ဆရာရှင့်သမီးချစ်သူနဲ့အတူနေဖြစ်ပါတယ်နေပြီးနှစ်နာရီလောက်အကြာမှာ Ecee2 သောက်ပါတယ်နောက်၁၂နာရီကြာတော့ဒုတိယဆေးလုံးသောက်ပါတယ် ဆေးသောက်ပီး ၁၀နာရီလောက်အကြာမှာ ထပ်နေဖြစ်ပါတယ် သမီးသိချင်တာက ပထမ ဆေးသောက်ထားတဲ့ဟာက ဒုတိထပ်နေဖြစ်တာကို ကာကွယ်နိုင်ပါသလား ဆေးထပ်သောက်ရမလားးဆိုတာ သိချင်ပါတယ် ကျေးဇူးပြု၍ ဖြေကြားပေးပါရှင်
    ReplyDelete
    Replies
    1. သိချင်ပါတယ်
      Delete
  11. အတူနေပြီး ၊ နောက်နေ့ မှာ penorit ဆေး သောက်ပါတယ်။ ဘယ်လို အကျိုးဆက်တွေရှိလာနိုင်လဲ ။
    ReplyDelete
  12. ဒေါက်တာ ဒစ်ပို ၃ လခံ တားဆေးကို ၂ နှစ်ကျော်လောက်သုံးလိုက်ပါတယ် ။ အခု ကလေးယူမလို့ ဆုံးဖြတ်လိုက်ပြီး ဆေးမသုံးတာ ၁ နှစ်ကျော်ပါပြီ လုံးဝ ကိုရာသီမလာတော့ပါဘူးဆရာ နေဆေးခန်းမှာသွားပြတော့လဲ ဆေးတစ်ချောင်းတော့ ထိုးပေးတယ်ဆရာ ဒါပေမဲ့ အခုထိကို လုံးဝ အလာသေးပါဘူးဒေါက်တာ ဘာဆေးတွေသုံးသင့်တယ်ဆိုတာ လေးပြောပေးပါဒေါက်တာ ကျေးဇူးအများကြီးတင်ပါတယ်ဒေါက်တာ
    ReplyDelete
  13. ဆရာ ရာသီလာတာ ၂ရက်ရှိနေပြီ။ ၃ရက်မြောက်နေ့မှ Mervalon28 ကို စသောက်မယ်ဆို အဆင်ပြေပါသလားဆရာ။
    ReplyDelete
  14. ဆရာ
    ကျွန်မတို့ အိမ်ထောင်သက် (၃)လရှိပါပြီ ကျွန်မအသက် ၃၃နှစ်ရှိပါပြီ ကျွန်မအမျိုးသားက (၃၇)နှစ်ပါ
    ရင်သွေးလိုချင်တာ ခုထိမရသေးလို့ပါ
    အိမ်ထောင်မကျခင်(၇)လလောက်က Ecee2 နောက်ဆုံးသောက်ခဲ့ဖူးပါတယ်
    ခုဆိုသောက်ခဲ့တာ (၁၀)လကြာပါပြီ
    ချစ်သူသက်တမ်းတလျှောက်လုံး ၂ကြိမ်သာသောက်ဖူးပါတယ်
    နောက်တစ်ခုက propranolol 20mg & nexito 5mg သောက်နေရတာ (၆)လရှိပါပြီ
    လက်ရှိလည်းသောက်နေရပါတယ် ဆရာဝန်ကတော့ ရင်သွေးယူလို့ရတယ်လို့ပြောပါတယ်
    ကျွန်မသိချင်တာက
    လွန်ခဲ့တဲ့ (၁၀)လလောက်ကသောက်ခဲ့ဖူးတဲ့ Ecee2က ရင်သွေးရဖို့ အနှောက်အယှက်ဖြစ်နိုင်ပါသလား
    လက်ရှိသောက်နေရတဲ့ propranolol 20mg & nexito 5mg က ရင်သွေးရဖို့ အနှောက်အယှက်ဖြစ်နိုင်ပါသလား
    ကျွန်မတို့ ၂ယောက်ရဲ့ အသက်အရွယ်ကြောင့်လား?
    ရင်သွေးရအောင်ဘယ်လို ပြုမူနေထိုင်ရမယ်ဆိုတာရယ် ဘယ်လိုဆေးဝါးတွေမှီဝဲရမယ်ဆိုတာရယ်ကို ကျေးဇူးပြုပြီးဖြေကြားပေးပါဆရာရယ်
    ၂ယောက်လုံးက အရွယ်လွန်နေလို့ပါ
    ReplyDelete
  15. ဆရာ သမီးတို့ အိမ်ထောင်ကျတာ ၁လ ရှိပါပြီ ဆရာ။
    1.4.2015 က တစ်လဆေးထိုးတယ်ဆရာ။3.4.2015မှာ ရာသီလာတယ်။နောက်တော့ လဝက်လောက်တော့ တစ်ခါပြန်လာတယ်။ လေးလပိုင်းကုန်တော့ တစ်ခါပြန်လာတယ်တယ် ဆရာ။ ရာသီလာတာ သွေးအရမ်းများပြီး သွေးခဲလေးတွေပါ ပါလာတယ်ဆရာ။ ကိုယ်ဝန်ရနိုင်ပါသလားဆရာ။ ဆီး ၃ ခါစစ်တာတော့ မရှိပါဘူးဆရာ။သမီးအတွက် စိုးရိမ်ရတဲ့အခြေအနေ ရှိလားဆရာ။
    ReplyDelete
  16. ဆရာ သမီးတို့အိမ်ထောင်ပြုတာ၅လကျော်၆လထဲမှာပါ။သမီးတို့ကလေးယူဖို့ဆုံးဖြတ်ထားပါတယ်။အခုလဲရာသီလာရမယ့်ရက်ကိုကျော်နေပါပြီ။ပုံမှန်လာရမယ့်ရက်ထက်ဘယ်နှရက်ကျော်မှ ဆီးစစ်တဲ့ပစ္စည်းနဲ့စစ်ကြည့်လို့ရမယ်ဆိုတာကို သိချင်ပါတယ်ဆရာ
    ReplyDelete
  17. ဆရာ သမီးရာသီလာရမယ့်ရက်ကိုကျော်လာလို့ ကိုယ်ဝန်ရှိနေတယ်ထင်နေမိတာ အခုရာသီပြန်လာနေပါတယ်ဆရာ
    ကိုယ်ဝန်ရှိနေရက်နဲ့ ရာသီလာနိုင်ပါလားဆိုတာ သိချင်လို့ပါဆရာ
    ReplyDelete
  18. ဆရာရှင့်
    ကျွန်​မ ကိုယ်​ဝန်​ငါးပတ်​​ကျော်​ရှိပါပြီ
    ReplyDelete
  19. ဆရာသမီးးသိချင်တာလေးတွေရှိလို့ဘယ်လိုမေးရမလဲရှင့်
    ReplyDelete
  20. ဆရာ သုတ်​ရည်​ နဲနဲ ဖြစ်​ဖြစ်​မျိုချမိရင်​ ကိုယ်​၀န်​ရနိုင်​ပါသလား ရာသီလာရက်​ထက်​လဲ သုံးရက်​​ကျော်​​နေပါပြိ အရမ်း​ကြောက်​​နေပါတယ်​ ဆရာ mail ထဲကို​ကျေးဇူးပြု ပြီး​ဖြေ​ပေးပါ
    ReplyDelete
  21. ဆရာ အကာအကွယ်​ ကွန်​ဒုံးသုံးပီးလိင်​ဆက်​ဆံပီးမှ ရာသီမလာရင်​ ကိုယ်​၀န်​ရနိုင်​ပါသလားရှင့်​ သုတ်​ရည်​က​တော့ကွန်​ဒုံးထဲကျန်​ခဲ့ပါတယ်​ ရာသီလာရမယ့်​ရက်​ထက်​​ကျော်​ပီး ရာသီမလာလို့ပါရှင့်​ ရာသီလာ​အောင်​ဘာ​ဆေး​သောက်​သင့်​တယ်​ဆိုတာလဲ လမ်းညွှန်​​ပေးပါအုံးရှင့်
    ReplyDelete
    ReplyDelete
  23. This comment has been removed by the author.
    ReplyDelete
  24. This comment has been removed by the author.
    ReplyDelete
  25. ဆရာ ကျ​နော်​ချစ်​သူရာသီလာ​နေတုန်းသုံးရက်​​မြောက်​မှာတူတူ​နေဖြစ်​ခဲ့တယ်​ လိင်​​တော့မဆက်​ဆံခဲ့ဘူး လက်​နဲ့ပဲ့အာသ​ဖြေခဲ့တယ်​လက်​မှာနည်းနည်း​တော့​ပေသွားတယ်​ လက်​ကို​ရေနဲ့​ဆေးပြီးမိနစ်​အနည်း​အငယ်​အကြာမှာ မိန်းအဂါင်္ကိုထိခဲ့တယ်​ အ​ပေါက်​ဝအနား​တော့လက်​​ရောက်​သွားပါတယ်​ ကိုယ်​ဝန်​ရနိုင်​လားဗျာ ​ကျေးဇူးပြုပြီး​ဖြေ​ပေး​နော်​ စိတ်​ပူလို့
    ReplyDelete
  26. ဆရာ သမီးရာသီလာရမယ့်ရက်ကိုကျော်လာလို့ ကိုယ်ဝန်ရှိနေတယ်ထင်နေမိတာ အခုရာသီပြန်လာနေပါတယ်ဆရာ ကိုယ်ဝန်ရှိနေရက်နဲ့ ရာသီလာနိုင်ပါလားဆိုတာ သိချင်လို့ပါဆရာ ပြီးတော့ အရင်လကလည်း လာပါတယ်ဆရာ အခုလလည်းလာပါတယ် ရာသီက လာတာတော့ နည်းပါတယ် ကိုယ်ဝန် ရနိုင်မရနိုင် ဖြေကြားပေးပါဆရာ
    ReplyDelete
  27. ဆရာ
    မိန်းမကိုယ်နှတ်ခမ်းမှာအဖူးပေါက်လို့ ပါရှင့် အဖူးကဝက်ခြံလိုပါပဲ မှည့်ရင်ပြည်ပါတယ် နာတယ်။ဆရာဝန်တော့ပြဖူးတယ်။အတွင်းခံညစ်ပတ်လို့ ပေါက်တာလို့ ပြောပါတယ်။ဒါပေမယ့် ခဏခဏပေါက်နေလို့ ပါရှင့်။သန်းရှင်းအောင်နေပါတယ်ရှင့်။အတွင်းခံကိုလည်းမီးပူတိုက်ပြီးမှဝတ်တာပါရှင်။ဘာလို့ ဖြစ်ရတယ်ဆိုတဲ့အကြောင်းသိချင်လို့ ပါရှင့်
    ကျေးဇူးပြုပြီးဖြေပေးပါရှင်။
    ReplyDelete
  28. မင်္ဂလာ ပါခင်​ဗျာ ဓမ္မတာ မလာဘဲ ၁၇ ရက်​​လောက်​ရှိပြီး ခါးနာ​နေတာက က​လေးရှိပြီလို့ယူဆရပါသလား
    ReplyDelete
  29. This comment has been removed by the author.
    ReplyDelete
  30. မင်္ဂလာပါဆရာကျွန်​​တော်​တခု​လောက်​​မေးချင်​လို့ပါ ကျွန်​​တော်​​ကောင်​မ​လေးရာသီလာတာကမမှန်​ဘူးဆတလတခါလာချင်​လာတယ်​၂လတခါလချင်​လာတယ်​ သူနဲ့ကျွန်​​တော်​အကာအကွယ်​မပါပဲဆက်​ဆံမိတယ်​အခုတလ​ကျော်​ပီရာသီမလာ​သေးလို့ပါကျွန်​​တော်​သူ့နဲ့ဆက်​ဆံမိတာသုတ်​ပိုးထုတ်​မထုတ်​ဆိုတာမသိဘူးဆရာမထုတ်​မိတာကများပါတယ်​ ဆက်​ဆံပီး၃ရက်​​နေ​တော့ecce2တိုက်​ထားပါတယ်​အခုထိရာသီမလာ​သေးလို့စိတ်​ညစ်​​နေပါတယ်​ကိုယ်​ဝန်​ရှိမရှိသိချင်​ပါတယ်​ဆရာ
    ReplyDelete
  31. မင်္ဂလာပါဆရာကျွန်တော်ဒီလ၃ရက်နေ့ကျွန်တော့ကောင်မလေးနဲ့အတူနေခဲ့ပါတယ်သူလာပြီး၃ရက်ပါဆရာနောက်ထပ်၁၈ရက်နေ့ကတူတူထပ်နေခဲ့ပါတယ်ကျွန်တော်နှစ်ခါလုံးသူ့ကိုဆေးမတိုက်ခဲ့သလိုသုတ်ကိုလည်းအပြင်မှာပဲလွှတ်ခဲ့တာပါဒါပေမယ့်ဒုတိယတခေါက်ကအပြင်မှာသုတ်လွှတ်လိုက်အချိန်အဝနားကိုနည်းနည်းရောက်သွားမိတယ်လို့ကျွန်တော်သံသယဖြစ်နေပါတယ်အခုကျွန်တော့ကောင်မလေးရာသီလာရက်ထက်၂ရက်နောက်ကျနေပါတယ်အဲ့ဒါကိုယ်ဝန်ရှိနိုင်မရှိနိုင်သိချင်ပါတယ်ဆရာ
    သူအဖြူဆင်းပါတယ်တချက်တချက်မူးတယ်လို့လည်းပြောပါတယ်ဆရာ
    ReplyDelete
  32. ဆရာခင်ဗျား ကျွန်တော်က အသက်၂၇နှစ်ရှိပါပြီခင်ဗျာ မနေ့က seme analysis သွားလုပ်ပါတယ် ကျွန်တော့်ဇနီးရော ကျွန်တော်ပါ ကလေးအရမ်းလိုချင်နေကြပါတယ် ဒါပေမယ့် ကျွန်တော့် result က (-)ဖြစ်နေပါတယ် sperm is dead.ဖြစ်နေပါတယ် ဆရာဝန် အကို တစ်ယောက်ပြောတာကတော့ sperm donate လုပ်ရင်တော့ရမယ်ပေါ့ ကျွန်တော်ရော ဇနီးသည်ပါ အဲဒီလိုလုပ်ဖို့ ဆန္ဒမရှိပါဘူး ကျွန်တော် ကလေးပြန်ရနိုင်မယ့် နည်းလမ်း(သို့မဟုတ်)ဆေးများရှိခဲ့ရင် ညွှန်ကြားပေးစေလိုပါတယ် ဆရာခင်ဗျာ ယုံကြည်အားကိုးစွာဖြင့်
    ReplyDelete
  33. ဆရာEcee2ကို ကျွန်​​တော်​​တို့ဆက်​ပြီး ၄နာရီ​လောက်​မှာတစ်​လုံး​သောက်​ထားပါတယ်​ဆရာ ဒုတိယတစ်​လုံးကို ၁၂ ကြာ​သောက်​ပါတယ်​ဆရာ ဒုတိယတစ်​လုံး​သောက်​ပြီး ​ခေါက်​ဆွဲပြုတ်​စားပါတယ်​ဆရာ ခဒ​နေ​တော့ အန်​ပါတယ်​ ဆရာ ​ဆေးထိ​ရောက်​မှုရှိပါ့မလား သိပရ​စေဆရာ
    ReplyDelete
  34. ဆရာ...ကျ​နော်​ ချစ်​သူက အရင်​ လက ရာသီ၂ခါ လာ တယ်​ ဆရာ ပုံမှန်​က လ အစ လာတတ်​တာပါ...အရင်​ လက လ အလယ်​ မှာ လည်း ၅ ရကိ လာတယ်​ ​ပြောတယိ ဆရာ...ကျ​နော်​ တို့ ၂​ယောက်​ ကြားထဲမှာ အတူ ၁ ​ခေါက်​ ​နေမိပါတယ်​...အ​နောက်​ ဘက်​ နဲ့ ဘဲ အတူ​နေခဲ့တာပါ...အ​ရှေ့ဘက်​ကို ထည့်​​တော့ နာတယ်​ ​ပြောတာနဲ့ အ​နောက်​ နဲ့ ဘဲ ​နေဖြစ်​ခဲ့တာပါ..သူတ်​ရည်​ လည်း အပြင်​မှာ လွတ်​တာ ပါ...ဒီလ ကျ လအစ လည်း မလာ​သေးပါဖူး...ခု ၁၁ ရှိပီ ရာသီရာသီမလာ ​သေးဖူး ဆရာ..ကျ​နော်​ တို့ ​နေခဲ့တာ ၃၁ ရက်​ ကပါ ဆရာ....​ကျေးဇူး ပြုပီး အ​ကြောင်းပြန်​​ပေးပါ
    ReplyDelete
  35. ကျွန့်​​တော့​ကောင်​​မ​လေးက အ​ပေါ့အရမ်းသွား​နေပါတယ်​ မထိန်​နိုင်​ဘဲထွက်​ပါကျ​နေပါတယ်​ ဆီးဆ​တွေပါကိုက်​​နေပါတယ်​ဗိုက်​​အောင့်​တာလည်းဖစ်​ပါတယ်​ ဘာဖြစ်​တာလဲသိချင်​လို့ပါဗျ
    ReplyDelete
  36. ကျွန့်​​တော့​ကောင်​​မ​လေးက အ​ပေါ့အရမ်းသွား​နေပါတယ်​ မထိန်​နိုင်​ဘဲထွက်​ပါကျ​နေပါတယ်​ ဆီးဆ​တွေပါကိုက်​​နေပါတယ်​ဗိုက်​​အောင့်​တာလည်းဖစ်​ပါတယ်​ ဘာဖြစ်​တာလဲသိချင်​လို့ပါဗျ
    ReplyDelete
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...