Monday, November 25, 2013

တွေးပူမိတယ်

ကျနော့်အတွေးတစကို ဖေ့စ်ဘွတ်မိတ်ဆွေတချို့ရဲ့ဝိုင်းဝန်းအားဖြည့်မှုကြောင့် ဒီနေ့ထုတ် ဆဲဗင်းဒေးသတင်းစာမှာ စာတပုဒ်ပါလာခဲ့ပါတယ်။
ဖော်ပြထားတဲ့ ဓာတ်ပုံဟာ The Lady ဇာတ်ကားမှာ ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်ထားတဲ့ ၊ညီငယ်လိုခင်မင်ရတဲ့ ဖိုးဇော်ပါပဲ။ ဖိုးဇော်ကိုငေးကြည့်နေတာ မီရှဲယိုးပေါ့ခင်ဗျာ။
                                        
                                           တွေးပူမိတယ်
					       (မင်းဒင်)
(၁)
ကျနော်ဟာ နတ်မောက်နယ်၊ မှိုက်ပင်ရွာမှာမွေးတဲ့အညာသားပါ။ရွာကိုခွဲခွာခဲ့တာလည်း နှစ်ကာလအားဖြင့် ငါးဆယ်လောက် ရှိနေပြီမို့ လှည်းလမ်းကြောင်းတလျှောက်ဖုံလုံးတွေတလိမ့်လိမ့်တက်နေတတ်တဲ့၊မြေနီတောတမာလမ်း၊အညာအကြောင်းတောင် မေ့တေ့တေ့ပါပဲ။ ကျနော့်မွေးရပ်မြေဟာ မလွတ်သကောင်းချောက် အရပ်မျိုးဖြစ်ပေမဲ့ အမျိုးသားခေါင်းဆောင်ကြီးရဲ့ ဖွားရာဇာတိမို့ စိန်နားကပ်ရောင်နဲ့ ပါးပြောင်သလို ကြံဖန်ပြီးဂုဏ်ယူခဲ့ဖူးပါတယ်။ခေတ်ဆိုးခေတ်ကြပ်ကြီးလည်းရောက်ရော ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံလက်ဝယ်ထားရှိမှု၊ နေအိမ်မှာချိတ်ဆွဲမှုတွေနဲ့ ထောင်တန်းကျသူတွေပါ ရှိလာတာမို့၊ ပြောင်နေတဲ့ပါးအိုးမဲအသုတ်ခံရသလိုဖြစ်ရပြန်ပါတယ်။ 
မမျှော်လင့်ဘဲ ဒီမိုကရေစီအရေးကိုရှေ့တန်းက ဦးဆောင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝတစိတ်တပိုင်းကို ဖော်ကျူးတဲ့ The Lady ရုပ်ရှင်ထွက်လာတော့ အငမ်းမရကြည့်မိပါတယ်။တိုက်တိုက်ဆိုင်ဆိုင် အဲဒီရုပ်ရှင်မှာ ဗိုလ်ချုပ်အောင်ဆန်းနေရာက သရုပ်ဆောင်ခဲ့တဲ့ ဖိုးဇော်ဆိုတဲ့ လူငယ်လေးဟာ ကျနော်နဲ့ အင်မတန်ရင်းနှီးသူဖြစ်နေပြန်ပါတယ်။သူက ချင်းမိုင်မှာနေပြီး လွန်ခဲ့တဲ့သုံးနှစ်ကာလ ချင်းမိုင်ကို Burma Media Association က၊ကမကထလုပ်ပြီးကျင်းပတဲ့ စာနယ်ဇင်းညီလာခံမှာ တွေ့ခဲ့သူပါ။ မိတ်ဆွေအပေါင်းအသင်းတွေအပေါ်မှာ အတော့်ကို အနွံတာခံတဲ့သူငယ်မို့ သံယောဇဉ်ဖြစ်ရပါတယ်။
အညာသားလည်းဖြစ် ဗိုလ်ချုပ်ကိုလည်းအထင်ကြီးလေးစား၊ဖိုးဇော်ကိုလည်းအားပေးချင်ခဲ့တဲ့ ကျနော်ဟာ The Lady ဇာတ်လမ်းကို စကြည့်ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်ခေါင်းဆောင်ကြီးတွေကို လုပ်ကြံသူတွေက ပစ္စတိုနဲ့ထုတ်ပစ်တဲ့အခန်းကိုလည်း ကြည့်မိရော 
ရင်ဘတ်ကိုလက်သီးနဲ့ထုမိပါတော့တယ်။
(၂)
ဒီနေရာမှာ သက်ဆိုင်၏မဆိုင်၏ အတည်မပြုနိုင်သော်ငြား ကျနော့်ရဲ့အချဉ်ပေါက်နေတဲ့စိတ်ဟာ အဲဒီကာလက အတိုက်အခံတွေဆီ ရောက်သွားသဗျာ။ ဗိုလ်ချုပ်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ ဖိုးဇော်ဟာ ချင်းမိုင်မှာနေတာမို့ The Lady ဒါရိုက်တာဟာ ချင်းမိုင်ဖက်ကို ခြေစက် ကျခဲ့တာ အဆက်အသွယ်ရှိခဲ့တာ သေချာတဲ့အချက်ပါပဲ။အဲဒီထင်မြင်ချက်ကို ကျနော့် ကိုယ်တွေ့ဖြစ်ရပ်တခုကလည်း အားဖြည့်နေလေ ရဲ့။  နာဂစ်မုန်တိုင်းဝင် တဲ့အချိန်ကာလတုန်းက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဖုန်းခေါ်တာကို ဗိုလ်ချုပ်မှူးကြီး မကိုင် တာကြောင့် ဘယ်လိုရအောင် ဆက်သွယ်ရမယ်ဆိုတာ ကျနော့်ကို ဖုန်းဆက်ပြီးအကူအညီတောင်းဖူးပါတယ်။ ဆက်သွယ်သူအခြေစိုက် ရာအရပ်ဟာ ချင်းမိုင်မြို့ပါပဲ။
အဲဒီမှာရှိနေခဲ့တဲ့ အတိုက်အခံအမျိုးကောင်းသားတွေကနေတဆင့် ဒီရုပ်ရှင်ရဲ့ သမိုင်းဆိုင်ရာအကြံပေးအဖြစ် မြန်မာ့သမိုင်းကို အထိုက် အလျောက်ကျွမ်းကျင်နှံ့စပ်တဲ့ မြန်မာပညာတတ်တဦးဦးကို ရှာဖွေခဲ့မှာပါပဲ။ ဘယ်လို အမျိုးကောင်းသားကများ ဒီလောက်ညံ့ဖျင်းတဲ့၊ လေးတန်းကျောင်းသားလောက်တောင် သမိုင်းဗဟုသုတမရှိတဲ့၊ မြန်မာ့သမိုင်းဆိုင်ရာ အကြံပေးအဖြစ် လက်သင့်ရာ၊ ဆွေတော်မျိုးတော် တပည့်ကျော်ကို၊ "ဂွင်တည့်ပြီ၊ငါ့ကောင်၊ငါတပည့်ငွေရရင်ပြီးရော"ဆိုပြီး ထည့်ပေးလိုက်တာပါလိမ့်။တော်တော်ကိုရင်နာစရာပါပဲ။
အထိုက်အလျောက်ထင်သာမြင်ရာရှိလာချိန်မှာအမျိုးသားခေါင်းဆောင်ကြီးရဲ့ဘဝမှတ်တမ်းကို ရုပ်ရှင်အဖြစ် ရိုက်ကူးမှတ်တမ်းတင်ကြ မယ်၊လိုအပ်တဲ့ငွေကြေးပမာဏကိုလည်း အမျိုးသားခေါင်းဆောင်ကြီးရဲ့ရင်သွေးအပေါ် ယုံကြည်လေးစားမှုနဲ့ စေတနာရှင်နိုင်ငံခြား အဖွဲ့အစည်းတွေက အကုန်အကျခံမယ်ဆိုတာတွေလည်း ရေခြားမြေခြားကနေကြားလာရတော့ တိုင်းထက်အလွန်ဝမ်းမြောက်မိတာ အမှန်ပါပဲ။
အဆင့်မီရုပ်ရှင်ဇာတ်ကားကြီးဖြစ်ဖို့ ပြည်တွင်းက ဒိတ်ဆိုတဲ့ ရုပ်ရှင်ဒါရိုက်တာတွေ၊ဇာတ်ညွန်းအကျော်အမော်တွေ၊ကဏ္ဍပေါင်းစုံက ပညာရှင်တွေ အင်တိုက်အားတိုက် စေတနာထက်သန်စွာနဲ့ ဝိုင်းကြဝန်းကြမယ်ဆိုတာသိရပြန်တော့ ဝမ်းမြောက်မှုကနေပီတိ အဆင့် ရောက်ရပြန်ပါတယ်။ငွေထုပ်ကြီးပိုက်ပြီး ထင်ရာမြင်ရာလျှောက်လုပ်နေသလိုမျိုး အချို့သောဝေဖန်မှုတွေကိုဖတ်ရတော့ သူတို့ ထင်မြင်ဝေဖန်နေသလို မဖြစ်ပါစေနဲ့လို့သာ စိတ်ညွှတ်ရပါတယ်။
(၃)
ကျနော်ဟာအညာသား မြန်မာပြည်သားမို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဘဝဖြစ်စဉ်ကို ရုပ်ရှင်အဖြစ် ဖန်တီးကြမယ့်ကြိုးပမ်းမှုကို ကျနော်နဲ့ မနီးရိုးစွဲ၊ကျနော်နဲ့တန်းတူ ။ ကျနော့်ထက်သာလွန်သော မြန်မာပြည်သားအားလုံးလိုလို ဝမ်းမြောက်မှုကိုယ်စီရှိကြမှာ မြေကြီးလက်ခတ် မလွဲပါပဲ။မြန်မာဒါရိုက်တာတွေချည်းရိုက်သင့်သလား၊နိုင်ငံတကာအဆင့်မီဒါရိုက်တာ ရိုက်သင့်သလားဆိုတဲ့ကိစ္စ မှာတော့ ကျနော့်အမြင် ကို ပြောရရင် ကျနော်တို့မြန်မာလူမျိုးတွေရဲ့မွေးရာပါကိုယ်ရည်ကိုယ်သွေးမညံ့ကြပါဘူး။ သို့သော်ငြား မလိုလားအပ်တဲ့တားမြစ် ပိတ်ပင်မှုတွေတင်းကြမ်းဖြစ်နေတဲ့ ခေတ်ဆိုးခေတ်ကြပ်ကြီးမှာ အပြေးသန်တဲ့မြင်းကို ဇက်ခွံ့ထားသလို ဖြစ်နေခဲ့တာ၊ အသစ် အသစ်သော ခေတ်မီစက်များ၊နည်းပညာများနဲ့အဆက်ပြတ်နေတာ စတဲ့ အားနည်းချက်တွေကြောင့် ပြည်တွင်း ဒါရိုက်တာ တွေနဲ့တော့ အလုပ်ဖြစ်မယ်မထင်ပါဘူး။ ဒါပေမဲ့ ဘယ်နိုင်ငံသားဘယ်ကမ္ဘာကျော် ဒါရိုက်တာရိုက်ရိုက် သဘာဝကျတဲ့ အချက် အလက်တွေ ပါဝင်နိုင်အောင် အဲဒီဒါရိုက်တာကို ထိထိရောက်ရောက် ဆွေးနွေးရှင်းလင်းပြနိုင်တဲ့ မြန်မာတွဲဖက်ဒါရိုက်တာတဦး(သို့မဟုတ်) အဖွဲ့ မရှိမဖြစ်လိုအပ်ပါလိမ့်မယ်။ဗိုလ်ချုပ်ရုပ်ရှင်ဟာ ဗိုလ်ချုပ်ရဲ့စိတ်ထားအပြုအမူ၊ဗိုလ်ချုပ်မွေးရပ်မြေရဲ့ဓလေ့စရိုက်၊မြန်မာနိုင်ငံသားတွေရဲ့ စိတ်အသွင်၊ စတာတွေကို မှန်ကန်တိကျစွာထည့်သွင်းချယ်မှုန်းနိုင်မှသာ ငွေကုန်ရကျိုး၊ရိုက်ရကျိုးနပ်မဲ့အပြင် ပြည့်စုံကောင်းမွန် သောမှတ်တမ်းတခုအဖြစ် တင်ကျန်ခဲ့မှာဖြစ်ပါတယ်။ဒီအချက်တွေပေါ်လွင်ဖို့ ကမ္ဘာကျော်ဒါရိုက်တာကို မြန်မာဒါရိုက်တာက အားမနာတမ်းထောက်ပြ နိုင်ရပါမယ်။
(၄)
ဥပမာဆိုပါစို့။
 ထိန်လင်းငယ်ဘဝက အညာမှာ ကြီးပြင်း၊ဦးသောဘိတ ကျောင်းမှာပညာ စသင်၊နောက်တော့ ရေနံချောင်းအထက်တန်းကျောင်း ရောက်။... အစရှိသဖြင့် ကာလတွေမှာ ထိန်လင်းရဲ့စကားပြောပုံ ပြောပေါက် လေသံတွေ၊ဇာတ်လမ်းအရဆက်စပ်နေတဲ့ ဗိုလ်ချုပ် အမေအဖွားဒေါ်စုအပြင်နယ်သူနယ်သားတွေရဲ့လေသံဟာ နတ်မောက်နယ်က မြေလတ် (အညာ)လေတွေသာ ဖြစ်တယ်။ အဲဒီ စကားပြော ဟန်လေတွေကို သိနားလည်တဲ့ ဇာတ်ညွန်းစကားလုံး ပညာရှင်တွေ ပါမှပါပါ့မလား စိုးရိမ်မိတယ်။ 
သိသာတဲ့ စကားပြောဟန်(လေ) ကွာခြားချက်အများကြီးရှိပါတယ်။ နမူနာတချို့ဖော်ပြရရင် .....
အလွန်ကောင်း= လွှတ်ကောင်း။
အလွန်ကြိုက်= လွှတ်ကြိုက်
ထန်းလျက်= အညက်
နံနက်စောစော= မနက်ကြီး
ညအချိန်= မိုးချုပ်ကြီး
ထန်းရေချိုး(ဂျိုး)=အလင်။ ထလင်
ဖခင်၏ညီငယ်= ပထွေးလေး(မိခင်၏နောက်အိမ်ထောင်မဟုတ်)
ဖခင်၏ညီမ= အရီးလေး
မိခင်၏အမ=ဂျီး(ဂျီးမယ်သီ)
မိခင်၏ညီမ= ဒွေးလေး
အလွန်အံ့သြသည်= ရောက်ပတ်ချက်
မကြာတော့ဘူး= ကြာခင်ဘူး
ပူလွန်းလို့=ပူနွန်းနို့ 
နံနက်ငါးနာရီဝန်းကျင်=လက်ကြားမြင်၊လက်ကြားမမြင့်တမြင်
ဒူးအထက်ပေါင်လယ်။ ရအိုးတင်
လေးငါးရာ= လေးငရာ
လေးငါးယောက်= လေးငယောက်
တိုတိုပြတ်ပြတ်ပြောသည်=တုံးတိမုံးတိ(ဒုံးတိမုံးတိ)
စိုးမင်းဦး=စိုးမူး
ပြောတာလေဗျာ=ပြောတာလဗျာ
ရန်ဖြစ်ကုန်ကြပြီ=ရန်သတ်ကုန်ကြပြီ
အပြောရခက်=နားဝေးချက်
လယ်ထဲယာထဲသွား=တောထဲသွား
ခေါင်းတုံးပြောင်= ဂဒိန်းတို
 လှဲလျောင်းသည်=တုံးလုံးလှဲ
ပိုက်ဆံ(ငွေ)=ပက်ဆပ်
ပိုက်ဆံချေးပါအုံး= ပက်ဆပ်လှည့်ပါအုံး
တုတ်=ခနောင်း(ဒုတ်ခနောင်းကောက်ခဲ့၊ချီးဒုတ်ခနောင်း)
ဝင်ချည်ထွက်ချည်(ကြိမ်ဖန်များစွာ)= တရွှတ်ရွှတ်
သားရေ=လူကလေးရေ
မိန်းခလေး= မိတ်ခလေး
ကြာဇံဟင်းခါး၊ကြာဇံချက်= ကြာဇံကျို
နွားကိုလှည်းတွင်တပ်ဆင်သည်= လှည်းကောက်သည်။
ဘယ်လိုလုပ်=ဘယ့်နှလုပ်
ထမင်းကြမ်းခဲ=အမင်းကြမ်းခဲ
ဆနွင်း= ဆနွန်း
ဆပ်ပြာတခါတိုက်= ဆပ်ပြာတပွတ်
စပျစ်သီး=သဗျက်သီး
ဗျာ(ခေါ်လျှင်ထူးသံ) = ဗျို ၊ ဗျိုး
ဟေ့ကိုရင်ချက်ကြီး= ဗျို့ကိုရင်ချက်ကြီး
လုံချည်၊ပုဆိုး၊ထမီ=လုံကွင်း ( လုံဂွင်း )
မူလ၊အစ၊နဂို၊အရင် (တုန်းက)= လက်ရင်းတုန်းက
ကြေးနန်းရိုက်= စက်နဲ့ပေါက်
ဘာမှမဆိုင် = သက်သက်မှမဆိုင်
အဘွားကြီး = အမယ်ကြီးအို
ပြောင်ချော်ချော် = ပွတ်စတ်စတ် = ပြောင်စပ်စပ်
မိန်းကလေး = ကလေးမ = ခလေးမ
အခွံ=အခွင်(ငှက်ပျောသီးကို အခွင်မနွာပဲစားနေတာ အံ့ချက်)
မုန့်ဟင်းခါးစား=မုန့်ဟင်းခါးသောက်
ဆံပင်ညှပ်= ဆံပင်ကိုက်
ည= ညှ(ဟဲ့ ညှဖက်ကြီး ဘာလာလုပ်တာတုန်း။ညှကျမှ လာပြောတော့)
မီးခြစ်=မီးဂတ်။ 
ရှုးဖိနပ်= ဘိုးဖိနပ်။ 
စတဲ့အသုံးတွေဖြစ်ပါတယ်။ ဒါ့အပြင်နတ်မောက်နယ်မှာ အမေကို အမ ၊ အဖေကို အဘ ၊ အဖွားကို အမေဂြီးခေါ်ဝေါ် သုံးစွဲကြသလို  ညီလေး  ညီမလေး ခေါ်ကြတဲ့ အကျင့်မရှိပဲ မောင်လေး ၊ ငါ့နှမ စသဖြင့် ပြောဆိုလေ့ရှိကြပါတယ်။
သို့သော် တဆက်တည်းလိုသတိပြုစေချင်တာက အဲဒီအသုံးတွေဟာ လွန်ခဲ့တဲ့နှစ်ငါးဆယ်ဝန်းကျင် မှိုက်ပင်ရွာ အပါအဝင် အနီးအပါး ကရွာတွေမှာ သုံးခဲ့၊သုံးနေဆဲတွေဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းမွေးဖွားခဲ့တာ အနှစ်တရာဝန်းကျင် ရှိပြီဖြစ်တဲ့အပြင် နတ်မောက် နယ်မှာ ကျေးရွာအုပ်စုပေါင်းရာချီရှိနေတဲ့အချက်ပါပဲ။
 သည်ဇာတ်ညွန်းမှာ နတ်မောက်သားသို့မဟုတ် နတ်မောက်နယ်ရေးရာနှံ့စပ်ကျွမ်းကျင်သူ တစ်ယောက်ယောက်ပါသင့်တယ်လို့ ထင်မိပါ တယ်။The Lady ကို ကြည့်ပြီး စိတ်ပျက်မိလွန်းလို့ပါ။မြန်မာ့သမိုင်းနဲ့တိုက်ရိုက်ချိတ်ဆက်ပတ်သက်နေတဲ့ ဓာတ်ရှင်ကားကြီးမို့ ကြိုဆိုခြင်း နဲ့အတူတွေးပူမိကြောင်းပါခင်ဗျ။

(ကျေးဇူးစကား၊ ။ ဒီဆောင်းပါးမှာပါရှိတဲ့ နတ်မောက်အညာလေအသုံးအနှုန်းတွေကို စင်္ကာပူရောက်နတ်မောက်နယ်၊ရုံးတောဇာတိ ကိုဝင်းနိုင်ဦးနဲ့ ကျနော့်ဖေ့စ်ဘွတ်ပရိတ်များက အားဖြည့်ပေးခဲ့ကြပါတယ်။)
 
ကျနော့်အတွေးတစကို ဖေ့စ်ဘွတ်မိတ်ဆွေတချို့ရဲ့ ဝိုင်းဝန်းအားဖြည့်မှုကြောင့် ဒီနေ့ထုတ် ဆဲဗင်းဒေးသတင်းစာမှာ စာတပုဒ်ပါလာခဲ့ပါတယ်။
ဖော်ပြထားတဲ့ ဓာတ်ပုံဟာ The Lady ဇာတ်ကားမှာ ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်ထားတဲ့ ၊ ညီငယ်လိုခင်မင်ရတဲ့ ဖိုးဇော်ပါပဲ။ ဖိုးဇော်ကိုငေးကြည့်နေတာ မီရှဲယိုးပေါ့ခင်ဗျာ။
(မင်းဒင်)

(၁)
ကျနော်ဟာ နတ်မောက်နယ်၊ မှိုက်ပင်ရွာမှာမွေးတဲ့အညာသားပါ။ရွာကိုခွဲခွာခဲ့တာလည်း နှစ်ကာလအားဖြင့် ငါးဆယ်လောက် ရှိနေပြီမို့ လှည်းလမ်းကြောင်းတလျှောက်ဖုံလုံးတွေ တလိမ့်လိမ့်တက်နေတတ်တဲ့ ၊မြေနီတော တမာလမ်း၊ အညာအကြောင်းတောင် မေ့တေ့တေ့ပါပဲ။ ကျနော့်မွေးရပ်မြေဟာ မလွတ်သကောင်းချောက် အရပ်မျိုးဖြစ်ပေမဲ့ အမျိုးသားခေါင်းဆောင်ကြီးရဲ့ ဖွားရာဇာတိမို့ စိန်နားကပ်ရောင်နဲ့ ပါးပြောင်သလို ကြံဖန်ပြီးဂုဏ်ယူခဲ့ဖူးပါတယ် ။ခေတ်ဆိုးခေတ်ကြပ်ကြီးလည်းရောက်ရော ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ လက်ဝယ် ထားရှိမှု၊ နေအိမ်မှာ ချိတ်ဆွဲမှုတွေနဲ့ ထောင်တန်းကျသူတွေပါ ရှိလာတာမို့၊ ပြောင်နေတဲ့ ပါးအိုးမဲအသုတ်ခံရသလိုဖြစ်ရပြန်ပါတယ်။
မမျှော်လင့်ဘဲ ဒီမိုကရေစီအရေးကိုရှေ့တန်းက ဦးဆောင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝတစိတ်တပိုင်းကို ဖော်ကျူးတဲ့ The Lady ရုပ်ရှင်ထွက်လာတော့ အငမ်းမရကြည့်မိပါတယ်။တိုက်တိုက်ဆိုင်ဆိုင် အဲဒီရုပ်ရှင်မှာ ဗိုလ်ချုပ်အောင်ဆန်းနေရာက သရုပ်ဆောင်ခဲ့တဲ့ ဖိုးဇော်ဆိုတဲ့ လူငယ်လေးဟာ ကျနော်နဲ့ အင်မတန်ရင်းနှီးသူဖြစ်နေပြန်ပါတယ်။သူက ချင်းမိုင်မှာနေပြီး လွန်ခဲ့တဲ့သုံးနှစ်ကာလ ချင်းမိုင်ကို Burma Media Association က၊ကမကထလုပ်ပြီးကျင်းပတဲ့ စာနယ်ဇင်းညီလာခံမှာ တွေ့ခဲ့သူပါ။ မိတ်ဆွေအပေါင်းအသင်းတွေအပေါ်မှာ အတော့်ကို အနွံတာခံတဲ့သူငယ်မို့ သံယောဇဉ်ဖြစ်ရပါတယ်။
အညာသားလည်းဖြစ် ဗိုလ်ချုပ်ကိုလည်းအထင်ကြီးလေးစား၊ဖိုးဇော်ကိုလည်းအားပေးချင်ခဲ့တဲ့ ကျနော်ဟာ The Lady ဇာတ်လမ်းကို စကြည့်ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်ခေါင်းဆောင်ကြီးတွေကို လုပ်ကြံသူတွေက ပစ္စတိုနဲ့ထုတ်ပစ်တဲ့အခန်းကိုလည်း ကြည့်မိရော
ရင်ဘတ်ကိုလက်သီးနဲ့ထုမိပါတော့တယ်။
(၂)
ဒီနေရာမှာ သက်ဆိုင်၏မဆိုင်၏ အတည်မပြုနိုင်သော်ငြား ကျနော့်ရဲ့အချဉ်ပေါက်နေတဲ့စိတ်ဟာ အဲဒီကာလက အတိုက်အခံတွေဆီ ရောက်သွားသဗျာ။ ဗိုလ်ချုပ်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ ဖိုးဇော်ဟာ ချင်းမိုင်မှာနေတာမို့ The Lady ဒါရိုက်တာဟာ ချင်းမိုင်ဖက်ကို ခြေစက် ကျခဲ့တာ အဆက်အသွယ်ရှိခဲ့တာ သေချာတဲ့အချက်ပါပဲ။အဲဒီထင်မြင်ချက်ကို ကျနော့် ကိုယ်တွေ့ဖြစ်ရပ်တခုကလည်း အားဖြည့်နေလေ ရဲ့။ နာဂစ်မုန်တိုင်းဝင် တဲ့အချိန်ကာလတုန်းက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဖုန်းခေါ်တာကို ဗိုလ်ချုပ်မှူးကြီး မကိုင် တာကြောင့် ဘယ်လိုရအောင် ဆက်သွယ်ရမယ်ဆိုတာ ကျနော့်ကို ဖုန်းဆက်ပြီးအကူအညီတောင်းဖူးပါတယ်။ ဆက်သွယ်သူအခြေစိုက် ရာအရပ်ဟာ ချင်းမိုင်မြို့ပါပဲ။
အဲဒီမှာရှိနေခဲ့တဲ့ အတိုက်အခံအမျိုးကောင်းသားတွေကနေတဆင့် ဒီရုပ်ရှင်ရဲ့ သမိုင်းဆိုင်ရာအကြံပေးအဖြစ် မြန်မာ့သမိုင်းကို အထိုက် အလျောက်ကျွမ်းကျင်နှံ့စပ်တဲ့ မြန်မာပညာတတ်တဦးဦးကို ရှာဖွေခဲ့မှာပါပဲ။ ဘယ်လို အမျိုးကောင်းသားကများ ဒီလောက်ညံ့ဖျင်းတဲ့၊ လေးတန်းကျောင်းသားလောက်တောင် သမိုင်းဗဟုသုတမရှိတဲ့၊ မြန်မာ့သမိုင်းဆိုင်ရာ အကြံပေးအဖြစ် လက်သင့်ရာ၊ ဆွေတော်မျိုးတော် တပည့်ကျော်ကို၊ "ဂွင်တည့်ပြီ၊ငါ့ကောင်၊ငါတပည့်ငွေရရင်ပြီးရော"ဆိုပြီး ထည့်ပေးလိုက်တာပါလိမ့်။တော်တော်ကိုရင်နာစရာပါပဲ။
အထိုက်အလျောက်ထင်သာမြင်ရာရှိလာချိန်မှာအမျိုးသားခေါင်းဆောင်ကြီးရဲ့ဘဝမှတ်တမ်းကို ရုပ်ရှင်အဖြစ် ရိုက်ကူးမှတ်တမ်းတင်ကြ မယ်၊လိုအပ်တဲ့ငွေကြေးပမာဏကိုလည်း အမျိုးသားခေါင်းဆောင်ကြီးရဲ့ရင်သွေးအပေါ် ယုံကြည်လေးစားမှုနဲ့ စေတနာရှင်နိုင်ငံခြား အဖွဲ့အစည်းတွေက အကုန်အကျခံမယ်ဆိုတာတွေလည်း ရေခြားမြေခြားကနေကြားလာရတော့ တိုင်းထက်အလွန်ဝမ်းမြောက်မိတာ အမှန်ပါပဲ။
အဆင့်မီရုပ်ရှင်ဇာတ်ကားကြီးဖြစ်ဖို့ ပြည်တွင်းက ဒိတ်ဆိုတဲ့ ရုပ်ရှင်ဒါရိုက်တာတွေ၊ဇာတ်ညွန်းအကျော်အမော်တွေ၊ကဏ္ဍပေါင်းစုံက ပညာရှင်တွေ အင်တိုက်အားတိုက် စေတနာထက်သန်စွာနဲ့ ဝိုင်းကြဝန်းကြမယ်ဆိုတာသိရပြန်တော့ ဝမ်းမြောက်မှုကနေပီတိ အဆင့် ရောက်ရပြန်ပါတယ်။ငွေထုပ်ကြီးပိုက်ပြီး ထင်ရာမြင်ရာလျှောက်လုပ်နေသလိုမျိုး အချို့သောဝေဖန်မှုတွေကိုဖတ်ရတော့ သူတို့ ထင်မြင်ဝေဖန်နေသလို မဖြစ်ပါစေနဲ့လို့သာ စိတ်ညွှတ်ရပါတယ်။
(၃)
ကျနော်ဟာအညာသား မြန်မာပြည်သားမို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဘဝဖြစ်စဉ်ကို ရုပ်ရှင်အဖြစ် ဖန်တီးကြမယ့်ကြိုးပမ်းမှုကို ကျနော်နဲ့ မနီးရိုးစွဲ၊ကျနော်နဲ့တန်းတူ ။ ကျနော့်ထက်သာလွန်သော မြန်မာပြည်သားအားလုံးလိုလို ဝမ်းမြောက်မှုကိုယ်စီရှိကြမှာ မြေကြီးလက်ခတ် မလွဲပါပဲ။မြန်မာဒါရိုက်တာတွေချည်းရိုက်သင့်သလား၊နိုင်ငံတကာအဆင့်မီဒါရိုက်တာ ရိုက်သင့်သလားဆိုတဲ့ကိစ္စ မှာတော့ ကျနော့်အမြင် ကို ပြောရရင် ကျနော်တို့မြန်မာလူမျိုးတွေရဲ့မွေးရာပါကိုယ်ရည်ကိုယ်သွေးမညံ့ကြပါဘူး။ သို့သော်ငြား မလိုလားအပ်တဲ့တားမြစ် ပိတ်ပင်မှုတွေတင်းကြမ်းဖြစ်နေတဲ့ ခေတ်ဆိုးခေတ်ကြပ်ကြီးမှာ အပြေးသန်တဲ့မြင်းကို ဇက်ခွံ့ထားသလို ဖြစ်နေခဲ့တာ၊ အသစ် အသစ်သော ခေတ်မီစက်များ၊နည်းပညာများနဲ့အဆက်ပြတ်နေတာ စတဲ့ အားနည်းချက်တွေကြောင့် ပြည်တွင်း ဒါရိုက်တာ တွေနဲ့တော့ အလုပ်ဖြစ်မယ်မထင်ပါဘူး။ ဒါပေမဲ့ ဘယ်နိုင်ငံသားဘယ်ကမ္ဘာကျော် ဒါရိုက်တာရိုက်ရိုက် သဘာဝကျတဲ့ အချက် အလက်တွေ ပါဝင်နိုင်အောင် အဲဒီဒါရိုက်တာကို ထိထိရောက်ရောက် ဆွေးနွေးရှင်းလင်းပြနိုင်တဲ့ မြန်မာတွဲဖက်ဒါရိုက်တာတဦး(သို့မဟုတ်) အဖွဲ့ မရှိမဖြစ်လိုအပ်ပါလိမ့်မယ်။ဗိုလ်ချုပ်ရုပ်ရှင်ဟာ ဗိုလ်ချုပ်ရဲ့စိတ်ထားအပြုအမူ၊ဗိုလ်ချုပ်မွေးရပ်မြေရဲ့ဓလေ့စရိုက်၊မြန်မာနိုင်ငံသားတွေရဲ့ စိတ်အသွင်၊ စတာတွေကို မှန်ကန်တိကျစွာထည့်သွင်းချယ်မှုန်းနိုင်မှသာ ငွေကုန်ရကျိုး၊ရိုက်ရကျိုးနပ်မဲ့အပြင် ပြည့်စုံကောင်းမွန် သောမှတ်တမ်းတခုအဖြစ် တင်ကျန်ခဲ့မှာဖြစ်ပါတယ်။ဒီအချက်တွေပေါ်လွင်ဖို့ ကမ္ဘာကျော်ဒါရိုက်တာကို မြန်မာဒါရိုက်တာက အားမနာတမ်းထောက်ပြ နိုင်ရပါမယ်။
(၄)
ဥပမာဆိုပါစို့။
ထိန်လင်းငယ်ဘဝက အညာမှာ ကြီးပြင်း၊ဦးသောဘိတ ကျောင်းမှာပညာ စသင်၊နောက်တော့ ရေနံချောင်းအထက်တန်းကျောင်း ရောက်။... အစရှိသဖြင့် ကာလတွေမှာ ထိန်လင်းရဲ့စကားပြောပုံ ပြောပေါက် လေသံတွေ၊ဇာတ်လမ်းအရဆက်စပ်နေတဲ့ ဗိုလ်ချုပ် အမေအဖွားဒေါ်စုအပြင်နယ်သူနယ်သားတွေရဲ့လေသံဟာ နတ်မောက်နယ်က မြေလတ် (အညာ)လေတွေသာ ဖြစ်တယ်။ အဲဒီ စကားပြော ဟန်လေတွေကို သိနားလည်တဲ့ ဇာတ်ညွန်းစကားလုံး ပညာရှင်တွေ ပါမှပါပါ့မလား စိုးရိမ်မိတယ်။
သိသာတဲ့ စကားပြောဟန်(လေ) ကွာခြားချက်အများကြီးရှိပါတယ်။ နမူနာတချို့ဖော်ပြရရင် .....
အလွန်ကောင်း= လွှတ်ကောင်း။
အလွန်ကြိုက်= လွှတ်ကြိုက်
ထန်းလျက်= အညက်
နံနက်စောစော= မနက်ကြီး
ညအချိန်= မိုးချုပ်ကြီး
ထန်းရေချိုး(ဂျိုး)=အလင်။ ထလင်
ဖခင်၏ညီငယ်= ပထွေးလေး(မိခင်၏နောက်အိမ်ထောင်မဟုတ်)
ဖခင်၏ညီမ= အရီးလေး
မိခင်၏အမ=ဂျီး(ဂျီးမယ်သီ)
မိခင်၏ညီမ= ဒွေးလေး
အလွန်အံ့သြသည်= ရောက်ပတ်ချက်
မကြာတော့ဘူး= ကြာခင်ဘူး
ပူလွန်းလို့=ပူနွန်းနို့
နံနက်ငါးနာရီဝန်းကျင်=လက်ကြားမြင်၊လက်ကြားမမြင့်တမြင်
ဒူးအထက်ပေါင်လယ်။ ရအိုးတင်
လေးငါးရာ= လေးငရာ
လေးငါးယောက်= လေးငယောက်
တိုတိုပြတ်ပြတ်ပြောသည်=တုံးတိမုံးတိ(ဒုံးတိမုံးတိ)
စိုးမင်းဦး=စိုးမူး
ပြောတာလေဗျာ=ပြောတာလဗျာ
ရန်ဖြစ်ကုန်ကြပြီ=ရန်သတ်ကုန်ကြပြီ
အပြောရခက်=နားဝေးချက်
လယ်ထဲယာထဲသွား=တောထဲသွား
ခေါင်းတုံးပြောင်= ဂဒိန်းတို
လှဲလျောင်းသည်=တုံးလုံးလှဲ
ပိုက်ဆံ(ငွေ)=ပက်ဆပ်
ပိုက်ဆံချေးပါအုံး= ပက်ဆပ်လှည့်ပါအုံး
တုတ်=ခနောင်း(ဒုတ်ခနောင်းကောက်ခဲ့၊ချီးဒုတ်ခနောင်း)
ဝင်ချည်ထွက်ချည်(ကြိမ်ဖန်များစွာ)= တရွှတ်ရွှတ်
သားရေ=လူကလေးရေ
မိန်းခလေး= မိတ်ခလေး
ကြာဇံဟင်းခါး၊ကြာဇံချက်= ကြာဇံကျို
နွားကိုလှည်းတွင်တပ်ဆင်သည်= လှည်းကောက်သည်။
ဘယ်လိုလုပ်=ဘယ့်နှလုပ်
ထမင်းကြမ်းခဲ=အမင်းကြမ်းခဲ
ဆနွင်း= ဆနွန်း
ဆပ်ပြာတခါတိုက်= ဆပ်ပြာတပွတ်
စပျစ်သီး=သဗျက်သီး
ဗျာ(ခေါ်လျှင်ထူးသံ) = ဗျို ၊ ဗျိုး
ဟေ့ကိုရင်ချက်ကြီး= ဗျို့ကိုရင်ချက်ကြီး
လုံချည်၊ပုဆိုး၊ထမီ=လုံကွင်း ( လုံဂွင်း )
မူလ၊အစ၊နဂို၊အရင် (တုန်းက)= လက်ရင်းတုန်းက
ကြေးနန်းရိုက်= စက်နဲ့ပေါက်
ဘာမှမဆိုင် = သက်သက်မှမဆိုင်
အဘွားကြီး = အမယ်ကြီးအို
ပြောင်ချော်ချော် = ပွတ်စတ်စတ် = ပြောင်စပ်စပ်
မိန်းကလေး = ကလေးမ = ခလေးမ
အခွံ=အခွင်(ငှက်ပျောသီးကို အခွင်မနွာပဲစားနေတာ အံ့ချက်)
မုန့်ဟင်းခါးစား=မုန့်ဟင်းခါးသောက်
ဆံပင်ညှပ်= ဆံပင်ကိုက်
ည= ညှ(ဟဲ့ ညှဖက်ကြီး ဘာလာလုပ်တာတုန်း။ညှကျမှ လာပြောတော့)
မီးခြစ်=မီးဂတ်။
ရှုးဖိနပ်= ဘိုးဖိနပ်။
စတဲ့အသုံးတွေဖြစ်ပါတယ်။ ဒါ့အပြင်နတ်မောက်နယ်မှာ အမေကို အမ ၊ အဖေကို အဘ ၊ အဖွားကို အမေဂြီးခေါ်ဝေါ် သုံးစွဲကြသလို ညီလေး ညီမလေး ခေါ်ကြတဲ့ အကျင့်မရှိပဲ မောင်လေး ၊ ငါ့နှမ စသဖြင့် ပြောဆိုလေ့ရှိကြပါတယ်။
သို့သော် တဆက်တည်းလိုသတိပြုစေချင်တာက အဲဒီအသုံးတွေဟာ လွန်ခဲ့တဲ့နှစ်ငါးဆယ်ဝန်းကျင် မှိုက်ပင်ရွာ အပါအဝင် အနီးအပါး ကရွာတွေမှာ သုံးခဲ့၊သုံးနေဆဲတွေဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းမွေးဖွားခဲ့တာ အနှစ်တရာဝန်းကျင် ရှိပြီဖြစ်တဲ့အပြင် နတ်မောက် နယ်မှာ ကျေးရွာအုပ်စုပေါင်းရာချီရှိနေတဲ့အချက်ပါပဲ။
သည်ဇာတ်ညွန်းမှာ နတ်မောက်သားသို့မဟုတ် နတ်မောက်နယ်ရေးရာနှံ့စပ်ကျွမ်းကျင်သူ တစ်ယောက်ယောက်ပါသင့်တယ်လို့ ထင်မိပါ တယ်။The Lady ကို ကြည့်ပြီး စိတ်ပျက်မိလွန်းလို့ပါ။မြန်မာ့သမိုင်းနဲ့တိုက်ရိုက်ချိတ်ဆက်ပတ်သက်နေတဲ့ ဓာတ်ရှင်ကားကြီးမို့ ကြိုဆိုခြင်း နဲ့အတူတွေးပူမိကြောင်းပါခင်ဗျ။

(ကျေးဇူးစကား၊ ။ ဒီဆောင်းပါးမှာပါရှိတဲ့ နတ်မောက်အညာလေအသုံးအနှုန်းတွေကို စင်္ကာပူရောက်နတ်မောက်နယ်၊ရုံးတောဇာတိ ကိုဝင်းနိုင်ဦးနဲ့ ကျနော့်ဖေ့စ်ဘွတ်ပရိတ်များက အားဖြည့်ပေးခဲ့ကြပါတယ်။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...