Thursday, November 28, 2013

အခြေခံဥပဒေနှင့်ပတ်သက်၍ ...


ဒေါ်စုသြစတျေးလျနိုင်ငံဆစ်ဒနီမြို့တွင် ယနေ့ပြောသွားသောမိန့်ခွန်းတွင် အခြေခံဥပဒေနှင့်ပတ်သက်၍ အဓိကကျသောအချက်ကို ထောက်ပြပြောဆိုသွားခဲ့သည်။ ဒီမိုကရေစီကျသောအခြေခံဥပဒေတခု၏ အဓိကစံနှုံးမှာ လိုအပ်လာလျှင် ပြည်သူလူထုအများစုဆန္ဒဖြင့် ပြုပြင်ပြောင်းလဲနိုင်ရမည်ဖြစ်သည်။ အခြားနိုင်ငံများ၏အခြေခံဥပဒေများ သည်လည်းလိုအပ်သလို ပြုပြင်ပြောင်းလဲခဲ့ကြတာဖြစ်သည်။
လက်ရှိ၂၀၀၈ အခြေခံဥပဒေတွင် ထိုသို့ပြောင်းလဲနိုင်ရန်ပိတ်ဆို့ထားသည်။ ပြည်သူလူထုကရွေးကောက်တင်မြှောက်ထားသော အမတ်အားလုံးကပြုပြင်ရန်ဆန္ဒမဲပေးလျင်တောင် ပြုပြင်ပြောင်းလဲရန်မဖြစ်နိုင်သေးချေ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်ထားသောတပ်မတော်သား ကိုယ်စားလှယ်တယောက်၏မဲလိုနေသေးသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သားကိုယ်စားလှယ်တို့ကို ကြိုက်သလိုရွေးချယ်နိုင်ပြီး ကြိုက်သည့်အချိန်တွင်လူစားထိုး လဲလှယ်နိုင်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရော တပ်မတော်သားကိုယ်စားလှယ်များရော ပြည်သူလူထုကရွေးကောက် တင်မြှောက်ထားသူများမဟုတ်ချေ။ ထိုအချက်ကိုထောက်ပြ၍ဒေါ်စုက အခြေခံဥပဒေတခုလုံးသည် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသူမဟုတ်သည့် တပ်မတော်ကာကွယ်ချုပ်၏လက်ထဲတွင် ရှိနေသလိုဖြစ်နေသည်။ ထိုကြောင့်၂၀၀၈အခြေခံဥပဒေကို ဒီမိုကရေစီနှင့်မကိုက်ညီပါဟုဆိုသည်။ ဒေါ်စုကဆက်ပြောမသွားသော်လည်း ဘာကြောင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံဖို့တောင်းဆိုရသည်ကိုရှင်းပြသွားခြင်းဖြစ်သည်။ အခြားနိုင်ငံများတွင်နိုင်ငံရေးသမား လွှတ်တော်ကော်မတီဥက္ကဌတဦးက ကာကွယ်ရေးဦးစီးချုပ်နှင့်တွေ့ဆုံဖို့ တောင်းဆိုရသည်မှာမလိုအပ်ချေ။ လုံလောက်သောအကြောင်းရင်းရှိလျှင် ဆိုင်ရာလွှတ်တော်ဥက္ကဌတဦးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား လွှတ်တော်ကိုခေါ်ပြီးကြားနာစစ်ဆေးနိုင်သည်။ တကယ်တော့ဦးရဲထွဋ္ဋ်ပြောသော လွှတ်တော်တွင်တပ်မတော်ကိုယ်စားလှယ်များ ရှိပြီးဖြစ်သည်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံရန်မလိုဟုဆိုခြင်းမှာ လက်ရှိအခြေအနေနှင့်ကင်းကွာနေသည်။ အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး တပ်မတော်သားကိုယ်စားလှယ်များက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ညွှန်ကြားချက်ဖြင့်သာမဲပေးမှာဖြစ်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့်လည်း အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ဒေါ်စုနှင့်တွေ့ဆုံစကားပြောသင့်သည်။ လက်ရှိအချိန်တွင်အခြေခံဥပဒေကို ပြင်ဆင်ရန်ဆန္ဒမရှိသေးရင်တောင် နောင်တွင်မည်သည့်အချိန်တွင် မည်ကဲ့သို့ပြင်ဆင်ရန်ဆန္ဒရှိသည်ကို တိတိကျကျပြောရန်အခွင့်အရေးရမည်ဖြစ်သည်။ ဒါမှသာတပ်မတော်မှလည်းအခြေခံဥပဒေကို ပြင်ဆင်ရန်ဆန္ဒရှိသည်ကို အားလုံးကလက်ခံနိုင်မည်ဖြစ်သည်။ မဟုတ်လျှင်တော့တပ်မတော်က ၂၀၀၈အခြေခံဥပဒေကိုပြင်ဆင်ရန် လုံးဝဆန္ဒမရှိဟုမှတ်ယူရမည်သာဖြစ်သည်။ အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ တွေ့ဆုံစကားပြောကြရန် ဒေါ်စုကတောင်းဆိုထားသည်ကို အခြားနိုင်ငံရေးအင်းအားစုများကလည်း ထောက်ခံသင့်သည်ဟုထင်ပါသည်။
 Photo:Prudence-Upton

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...