Tuesday, November 26, 2013

``နောက်လိုက်မှု အနုပညာ´´

``နောက်လိုက်မှု အနုပညာ´´

Written by ဇေဝင်းနောင်   
Sunday, 28 August 2011 07:52

အလက်ဇန်းဒါးဟာ အိန္ဒိယကို အောင်နိုင်ခဲ့တယ်။
သူတစ်ယောက်တည်းနဲ့လား။

ဆီဇာဟာ ဂေါလ်တွေကို အနိုင် တိုက်ခဲ့တယ်။
သူ့တပ်မှာ ထမင်းချက် တစ်ယောက်တောင် မပါဘဲနဲ့လား။

စပိန်ဘုရင် ဖိလစ်ဟာ သူ့ရေတပ်မတော်ကြီး နှစ်မြှုပ် ဖျက်ဆီးခံရချိန်မှာ မျက်ရည် ကျသတဲ့။ အခြားသော မျက်ရည်များရော မရှိခဲ့လေသလား။
=======================

ဘားထရော့ ဘရီချက်

၁၉၃၀ ပြည့်နှစ်တွေတုန်းက ကမ္ဘာကျော် စာရေးဆရာကြီး ဂျော့ခ်ျအော်ဝဲလ် ရေးခဲ့သောမြန်မာပြည်အကြောင်း ၀တ္ထုတစ်ပုဒ်။ ထိုစဉ်က ဗြိတိသျှ နေမ၀င်အင်ပါယာ၏ အရာရှိလေးတစ်ဦး ဖြစ်ခဲ့ဖူးသော အော်ဝဲလ်သည် ကိုယ်တွေ့ ကြုံခဲ့ရသော ဖြစ်ရပ် တစ်ခုကို 'ဆင်ပစ်ခြင်း' (Shooting an Elephant) အမည်ဖြင့် ရေးခဲ့ဖူးသည်။

တစ်နေ့မှာ ဂျော့ခ်ျအော်ဝဲလ်ထံ ဖုန်းဝင်လာသည်။ 
မဝေးလှသော တစ်နေရာမှာ ခိုင်းဆင် တစ်ကောင် စိတ်ရိုင်းဝင်ပြီး ဈေးတစ်ဈေးကို ဖျက်ကာ လူတစ်ယောက်ကို နင်းသတ်သွားခဲ့သည်။ 

ဒီအခြေအနေကို အော်ဝဲလ်ကိုင်တွယ်ရတော့မည်။

သူရောက်သွားသော အချိန်တွင် လူအုပ်ကြီးက သူ့ကို ၀ိုင်းလာကြသည်။ 
ရိုင်ဖယ်ကို လွယ်ထားသော သခင်ကြီး၏ ဆင်ပစ်ပွဲကို ကြည့်ဖို့။
ဒီအချိန်မှာ ဆင်ကြီးက ပုံမှန် ပြန်ဖြစ်နေပြီ။
ဂျော့ခ်ျအော်ဝဲလ် ရေးထားသည့်အတိုင်း ဆိုလျှင် ''မြက်ဖုတ်ကို ဆွဲဆုတ်ပြီး သူ့ဒူးကို သန့်စင်နေသည်။ ယင်းမြက်တို့ကိုပင် မြိန်ရည်ယှက်ရည် စားနေပြန်သည်''ဟူ၍ ဖြစ်သည်။ 
ပုံမှန် ပြန်ဖြစ်နေသော ခိုင်းဆင်တစ်ကောင်ကို သတ်ပစ်ဖို့ သူ့မှာ အကြောင်း မရှိတာ့။

သို့ပေမဲ့ သူ့နောက်က လူအုပ်ကြီး၏ ဆန္ဒက ပြင်းပြလွန်းလှသည်။ လူက နှစ်ထောင်လောက် ရှိလာသည်။ 
သူတို့ နားလည်ထားသည်က ဒီဆင်ကို ပစ်ရမည်၊ ပစ်မည့်သူက အော်ဝဲလ်။ သူ့မှာ ရွေးချယ်စရာမရှိ။ ပစ်လိုက်ရသည်။ 
အာဏာပိုင်သည် ဆိုသော အနေအထားကို ရယူထားသူ၊ ရိုင်ဖယ် သေနတ်ကြီးကို ကိုင်ထားသူ အော်ဝဲလ်သည် ''သူ့ကို ရှေ့ဆက်ရန် ဖိအားပေးနေသော တွန်းလှန်မရနိုင်လောက်အောင် ကြီးမားလှသော လူနှစ်ထောင်၏ ဆန္ဒ'' အောက်တွင် ရောက်သွားခဲ့သည်။

သူလွန်ဆန်ခဲ့လျှင် ဒီလူအုပ်ကြီးကသူ့ကို တစ်စစီ ဆွဲဖြဲပစ်မှာကိုလည်း သူကြောက်မိခဲ့သည်ဟု ဆိုသည်။
အော်ဝဲလ် ရေးသွားသော ၀တ္ထု နောက်ဆုံး စာသားမှာ ''သေနတ်ကို ကိုင်ပြီး လက်နက်မဲ့ ဒေသခံတို့ရှေ့  တွင် ရပ်နေသော လူဖြူ ကျွန်တော်သည် ဒီဇာတ်လမ်း၏ ဇာတ်လိုက်ကျော်ကြီးဟု ထင်နေရသည်။ စင်စစ်တွင်ကား နောက်တွင်ရှိသော မျက်နှာဝါတို့ ဆန္ဒအရ ကြိုးဆွဲရာကရသည့် ရုပ်သေးရုပ်မျှသာ ဖြစ်နေတော့သည်'' ဟူ၍ ဖြစ်သည်။

ဒီဇာတ်လမ်းသည် မည်သူက နောက်လိုက်၊ မည်သူက ခေါင်းဆောင် ဆိုခြင်းအတွက် တွေးစရာတွေ အများကြီး ပေးနေသည်။
ကျွန်တော်တို့ တစ်တွေက ခေါင်းဆောင်မှု အကြောင်းကိုပဲ ပြောနေကြသည်။
နောက်လိုက်မှု အကြောင်းကိုတော့ မေ့လျော့ထားကြသည်။ 

ShweMinThar ဘလော့မှ တွေးစရာလေးအား ပြန်လည်ကူးယူတင်ပြပါသည်။

(ကွန်ဆူးမား)(၂၆-၁၁-၂၀၁၃)Written by ဇေဝင်းနောင်

(ကွန်ဆူးမား)(၂၆-၁၁-၂၀၁၃)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...