Friday, November 29, 2013

Kali Installation !




 အရင်ဦးဆုံးလုပ်ရမှာကတော့ Kali ကို http://www.kali.org/downloads/ မှာ ဒေါင်းရမှာပေါ့ 

2 GB လောက်ပါပဲ ဟီး... စိတ်ရှည်လက်ရှည်ဒေါင်းပေါ့မဟုတ်ရင်လဲ အခွေဝယ်လိုက်ပေါ့ဗျာ ကျွန်တော်ကတော့ အခွေဝယ်တာ အခွေဆိုင်တွေကောင်းချက်ကတော့ အဲဒါဘာလဲမေးခံလိုက်ရတာ ရင်ကိုနာလို့ဘယ်အခွေဆိုင်မှကို မ၀ယ်တော့ဘူးဗျာ။
နောက်တော့ သွားမေးတာ မရှိဘူး မသိဘူး ဆိုတဲ့ဆိုင်ကလဲရှိသေးတယ်ဗျာ။ ( နေပြည်တော်မှာ ပြောပါတယ် ) ကဲထားပါတော့ ကျွန်တော်လို သုံး ရပ် အိပ် လေးရပ်ခရီးလုပ်လိုက်ပေါ့ဗျာ  download ပြီးသွားရင်တော့ Win32 Disk Imager ကိုဒေါင်းလိုက်ပါ ဒေါင်းပြီးရင်တော့ ဖွင့်လိုက်ပေါ့ Memory stick အနည်းဆုံး 4 GB လောက်ရှိတာတော့ လိုအပ်ပါလိမ့်မယ်ဗျာ ။ ပြီးရင် ဒေါင်းထားတဲ့ Win32 Kisk Imager ဆိုတာကိုဖွင့်လိုက်ပါ  နောက်ထပ် ဒေါင်းထားတဲ့ Kali  အဲလိုပဲရေးလိုက်တော့မယ်ဗျာ ဟီး ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်မှာရှိရင်ပြီးရောပေါ့ဗျာ  ဒေါင်းထားတဲ့ File ကိုရှာပေးလိုက်ပါ ပြီးရင်တော့ write လုပ်လိုက် ခဏမဟုတ်ပါဘူး နည်းနည်းကြာအောင် စောင့်လိုက်ပါ ပြီးသွားပါလိမ့်မယ် အဲဒါပြီးရင်တော့ ပိတ်လိုက်ပြီး Memory stick ကိုထိုးလိုက် ကွန်ပျူတာကို Restart ချလိုက်ပြီး BIOS logo တက်လာရင်တော့ F8 or F10 ကိုနှိပ်ထားလိုက်ပြီး Memory Stick ကိုရွေးပေးလိုက်ပါ ။






အဲဒီမှာ live အရင်တက်လိုက်ပါ မဟုတ်ရင်လဲ လုပ်လို့ရပေမယ့်အလုပ်ရှုပ်ပါလိမ့်မယ် တက်ပြီးရင် တော့

Application => System Tools => Administrations => G Parted Partition Manager ကိုဖွင့်လိုက်ပါ ။ Partition တခုကို Resize / Move လုပ်လိုက်ပါ Right Click နဲ့ပေါ့ ဟီး






လုပ်ပြီးသွားရင်တော့ အစိမ်းရောင်လေး Active ဖြစ်လာပါလိမ့်မယ်ဗျာ ကျွန်တော်က လုပ်ထားပြီးသားဆိုတော့ လုပ်ဖို့မေ့သွားတယ်ဗျ ဘာပဲဖြစ်ဖြစ်ပါ ဘာပဲဖြစ်ဖြစ်ပါ ။ ထားလိုက်တော့ ပြီးရင် Ctrl + Alt + Del အဲဒီမှာ Restart မဟုတ်လဲ Restart Button သာကောက်နှိပ်လိုက်တော့ပေါ့ဗျာ ဟီး ပြီးရင်တော့ F8 နဲ့ memory stick  ကိုပြန်ရွေးလိုက်ပါ ။ အဲမှာ Graphic Install ကိုရွေးပြီးတော့ Smart ကျကျလေး install လုပ်ပေါ့ဗျာ ဟိဟိ  အရင်ဦးဆုံး stick ထိုးပြီး Memory stick ကိုရွေးလိုက်၇င် အဲလိုလေး ပေါ်လာပါလိမ့်မယ်ဗျာ အဲမှာ Graphic ကို ရွေးခိုင်းတာပါ ။






ပြီးရင်ခဏစောင့်လိုက် တက်လာလိမ့်မယ်ခင်ဗျာ  အဲဒါပြီးရင်တော့ Language ကိုရွေးလိုက်ပါ ။ English ပဲပေါ့ အဲဒါပဲသိတာကို






အဲဒါပြီးရင်တော့ Host name အဲဒါကတော့ user@Kali ဆိုပြီးပေါ်မယ့်ဟာပေ






ပြီးရင်တော့ ကိုတိန် ညွန့်ပေါ့ဗျာ ကိုတိန်ညွန့်ပြီးရင်တော့ root password ပေါ့ အဲကောင်က အရေးကြီးပါတယ် login ၀င်ရင်ပြန်သုံးရမှာပါ 






password ၂ ခါ ရိုက်ပြီးရင်တော့ ကိုတိန်ညွန့်ပါပဲဗျာ ။ အဲလိုလုပ်ပြီးရင် Time Zone ပါပဲဗျာ ။






နောက်ထပ် ကိုတိန်ညွန့် ပေါ့ အဲဒီမှာ






use entire disk ကိုရွေးလိုက်ပါ ပြီးရင်တော့ Continute ကိုရွေးလိုက်ပါ ။






အဲဒီမှာ ext4 and swap ဆိုပြီးတော့ပြပါလိမ့်မယ် အဲကောင်ကတော့ သေချာလားမေးတာပေါ့ဗျာ မဟုတ်ရင်လဲ Manual နဲ့လုပ်လိုက်ပါ ။ပြီးရင် Continue ပေါ့






အဲဒီမှာတော့ Network mirror ကိုမသုံးတာ ကောင်းမယ်ထင်တယ်ဗျ သုံးချင်လဲသုံးလို့ရပါတယ် ကျွန်တော် က မသုံးပါဘူး သိမှ မသိတာကိုလို့ :P






အပေါ်က ကောင်ကလဲအရေးကြီးပါတယ် မဟုတ်ရင် အရင် Window တင်ထားရင် မပေါ်တော့ပဲ kali ပဲပေါ်နေပါလိမ့်မယ်ဗျာ Yes ကိုရွေးပြီး Continue ပေါ့ ။







ခဏစောင့်လိုက်ရင်တော့ Installation complete ဆိုပြီးပေါ်လာပါလိမ့်မယ်ဗျာ Continue ပါပဲ Restart ကျသွားပါလိမ့်မယ် ကျသွားရင် ပြန်တက်လာရင်တော့ အပေါ်ဆုံးက ကောင်လေးကိုရွေးပြီးတော့ Other ကို ရွေးလိုက်ပါ user name ကတော့ root ပါ အသေးနဲ့ပါပဲ password ကတော့ ၂ ခါ ပြန်ရိုက်ခိုင်းတဲ့ အခါတုန်းကဟာပေါ့ဗျာ ပြီးရင် အဆင်ပြေစွာ သုံးလို့ရပြီပေါ့ဗျာ မြန်မာစာအတွက်ကတော့ ကျွန်တော့်ဆိုဒ်မှာတင်ဖူးတဲ့ [Tut] ZawGyi in Backtrack5R3 အတိုင်းပါပဲဗျာ ကျွန်တော့်  ချစ်သူငယ်ချင်းလေး ရေးပေးတဲ့ဟာပေါ့ဗျာ :Dအဲလိုဆိုရင်တော့ အားလုံးအဆင်ပြေသွားပြီပေါ့ဗျာ ကျွန်တော် တင်နည်းတွေကိုပြောပြပေးပါတယ်ဗျာ နောက်ပိုင်းကတော့ သူတို့နဲ့ ပက်သက်တာကိုရေးပေးတော့မှာမလို့ပါပဲဗျာ ဟီး ;) အချိန်ပေးပြီးဖတ်ပေးလို့ကျေးဇူးတင်ပါတယ်ဗျာ ။ မြန်မာမှုပြုပေးတာပါဗျာ ဒါကို PDF ဖတ်ချင်ရင်လဲ နောက်ပြီးကျရင် ရေးပေးသွားပါ့မယ်ဗျာ ။

Ref  or Credit : http://docs.kali.org/installation
                     http://www.kiddomonster.com/

မသိတဲ့လူတွေအတွက်ရေးသားထားတာပါခင်ဗျာ ဖြစ်နိုင်ရင်တော့ မလှောင်ပါနဲ့လို့ပဲပြောချင်ပါတယ်ဗျာ ကျေးဇူးတင်ပါတယ်ခင်ဗျာ အချိန်ပေးဖတ်ပေးလို့ ဟီး :D

Thanks to  Kiddo Monstar (MITG)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...