Wednesday, November 27, 2013

ဟာသ အတိုလေးတွေ

==========
1. မရောက်သေးလို့
==========
စိတ်ရောဂါကုဆေးရုံမှာ… ..
လူနာတစ်ယောက်ဟာ စာရေးနေတာကိုတွေ့တော့ ဆရာဝန်ကမေးတယ်… …
“ဘာလုပ်နေတာလဲဗျ”
“စာရေးနေတာပါ”
“ဘယ်သူ့ဆီကိုလဲ”
“ကျနော့်ဆီကို…”
“စာထဲမှာ ဘာတွေ ရေးထားလဲ”
“ဘယ်သိမှာလဲဗျ၊ ကျနော်မှ မဖတ်ရသေးတာ”

======
2. ကိုလူဝ
======
လူမှုရေးအဖွဲ့တစ်ခုက ကိုလူဝဆီ ဖုန်းဆက်တယ်… …
“အငတ်ဘေးဆိုက်ရောက်နေတဲ့ ဒေသကလူတွေအတွက် လူကြီးမင်းရဲ့ အဝတ်အစားအဟောင်းတွေကို အလှူခံပါရစေ”
ဒီတော့ ကိုလူဝက ဒေါသတကြီးပြန်အော်တယ်… …
“ဟေ့… မင်းတို့သိထားဖို့က ဘယ်ငတ်နေတဲ့ကောင်မှ င့ါအင်္ကျီနဲ့ မတော်ဘူးကွ”

=========
3. သူ့နေရာနဲ့သူ
=========
ချစ်ရေ…
ဘုရားသခင်က ကိုယ့်ကို ဖန်းဆင်းခဲ့တယ်
-ကိုယ့်ရဲ့နှလုံးသားက မင်းကိုချစ်မြတ်နိုးစေဖို့
-ကိုယ့်မျက်လုံးတွေက မင်းရဲ့အလှကို ကြည့်ဖို့
-ကိုယ့်ရဲ့ နားတစ်စုံက မင်းရဲ့အသံလေးကို နားထောင်ဖို့
-ကိုယ့်လက်လေးတွေက မင်းကို ယုယထွေးပိုက်ဖို့
-ကိုယ့်ရဲ့နုတ်ခမ်းလေးတွေက မင်းကို မွမွနမ်းရှိုက်ဖို့
-ကိုယ့်ခြေထောက်တွေလား
.... အေး အဲဒါ ကိုယ့်ကိုမေ့သွားရင် မင်းကို ဆောင့်ကန်ဖို့

(ကြောက် ကြောက်စရာကောင်းသေးတော့)

သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...