Monday, November 25, 2013

“အရှိတရား၊ အရေးပါမှုနဲ့ ဒေါ်စု”

“အရှိတရား၊ အရေးပါမှုနဲ့ ဒေါ်စု”

• ဘာသာရေးမှာ
- Jesus Christ ယေရှုခရစ်တော်ဟာ Galilean Jew ဂျူးလူမျိုးဖြစ်ပေမဲ့ ခရစ်ယန်ဘာသာကို သူ့လူမျိုးမဟုတ်ကြတဲ့လူတွေ သန်းပေါင်းများစွာက ကိုးကွယ်ကြတယ်။
- Islam အစ္စလမ်သာသာမှာ Muhammad တမန်တော် မိုဟာမက်လဲ Mecca မက္ကာမှာ မွေးဖွါးခဲ့တယ်။ မွေးဇာတိ မတူသူကြသူတွေ သန်းပေါင်းများစွာက ကိုးကွယ်ကြတယ်။
- မြန်မာနိုင်ငံသား အများဆုံး ယုံကြည်ကိုးကွယ်တဲ့ ဗုဒ္ဓမြတ်စွာ ဘုရားအလောင်း မင်းသားဟာ Kapilavastu ကပိလဝတ်နိုင်ငံသားဖြစ်ပြီး၊ ကျွန်တော်တို့က ကနေ့နီပေါနိုင်ငံ၊ Lumbini လုမ္ဗိနီမှာ ဖွါးမြင်တော်မူခဲ့တယ်လို့ တထစ်ချ ယုံကြည်ကြပေမဲ့ မူကွဲတွေလဲရှိပါတယ်။ သူများတွေကနေ ဘယ်မှာဖွါးတယ်လို့ပြောနေနေ၊ ဗုဒ္ဓဘာသာဝင်ဦးရေက လျော့ကျမသွားပါ။

• နိုင်ငံရေးမှာ
- ကွန်မြူနစ်ဝါဒကို စတင်သူ Karl Heinrich Marx (ကားလ်မတ်စ်) ဟာ Prussian Rhineland (ပရပ်ရှား ရိုင်းလင်း) မှာ မွေးခဲ့သူဖြစ်တယ်။ သူနဲ့ နိုင်ငံရောလူမျိုးပါ မတူသူတွေ အများကြီးက လက်ခံကျင့်သုံးကြတယ်။
- Democracy ဒီမိုကရေစီစနစ်ဟာ ရှေးဟောင်း Greek ဂရိကနေလာတယ်။ Athens (အေသင်) မြို့ပြနိုင်ငံရဲ့ နိုင်ငံရေးအယူအဆသာဖြစ်တယ်။ ကနေ့ကမ္ဘာမှာ အများဆုံး ကျင့်သုံးနေကြတယ်။

• လူပုဂ္ဂိုလ်အရပြောရရင်
- ဥရောပဘုရင်ခေတ်မှာ ရာဇာသွေးပြတ်တဲ့အခါ တခြားနိုင်ငံ (အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ) တွေကနေ မင်းသွေး ချေးယူခဲ့ကြရသတဲ့။ အင်္ဂလန်ဘုရင် William I (ဝီလီယန် ၁) ဟာ အင်္ဂလိပ်မဟုတ်ဘဲ Viking raiders (ဗိုက်ကင်း) စီးနင်းသူသာ ဖြစ်ပါတယ်။
- မစ္စစ်ဆိုနီယာဂန္ဒီက အီတလီလူမျိုးဖြစ်တယ်။ နိုင်ငံရေးလိုအပ်ချက်အရ သူမကို အိန္ဒိယနိုင်ငံရေးမှာ အလွန်အရေးပါတဲ့နေရာကို ပေးထားပါတယ်။
- ဌာနေတိုင်းရင်းသားတွေကို ပထုတ်နေရာဝင်ယူခဲ့ကြတဲ့ ဥရောပသားတွေကနေ အမေရိကန်ပြည်ထောင်စုကို တည်ထောက်ခဲ့ပြီး၊ ကျွန်အဖြစ်သွင်းယူခံရတဲ့ အာဖရိကအသားမဲထဲက တယောက်ကို သမတအဖြစ် တင်မြောက်လာကြတယ်။

• ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ရင်
- မကြာမကြာ ဝေဖန်၊ တိုက်ခိုက်တာတွေ ရှိပါတယ်။
- လူအများစုကြီးက ပုဂ္ဂိုလ်ရေးအရ လေးစား-ချင်ခင်မှုနဲ့ အားကိုး-အားထားမှု၊ ကောင်းကောင်းရှိပါတယ်။
- NLD မှာ နိုင်ငံရေးအယူဝါဒဆိုတာ မရှိပါ (မရှိသေးပါ)။ နိုင်ငံရေးလိုအပ်ချက်အရ ဒေါ်စုရှိရပါမယ်။ သူမပါခဲ့ရင် ရှစ်လေးလုံးသမိုင်းသာမက ဒီမိုကရေစီရေးမျှော်လင့်ချက်ပါ တမျိုးတမည် ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။
- ဒေါ်စုရှိနေဘို့ လိုအပ်ချက်ဟာ NLD မှာသာမဟုတ်ပါ။ တိုင်းပြည်အတွက်လဲ ဖြစ်တယ်။ စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက်ပါ လိုအပ်တာပါ။
- ဒါဟာ အရှိတရားတခု ဖြစ်ပါတယ်။ ဒေါ်စုမပါရင် ပိုမကောင်းဘူးလို့တော့ ဇွတ်မငြင်းပါ။ ဒါပေမဲ့ အဲလိုဟာက အတွေး-အထင်သာ ဖြစ်ပါတယ်။
- သူကလွဲရင် တခြားလဲမမြင်လို့ဆိုတာကိုတော့ သိပ်သဘောမတူပါ။

• မြန်မာ့နိုင်ငံရေးသမိုင်းမှာ
- တဦးချင်း အာဏာတည်ဆောက်နိုင်မှုမှာ သူလိုလူမပေါ်သေးတဲ့ ဦးနေဝင်းတောင်မှ ကိုးကွယ်ခံရမှုရှိသလို အာဏာဖီဆန်မှုလဲ ရှိခဲ့ပါတယ်။
- ဒီမိုကရေစီနိုင်ငံရေး လုပ်ဆောင်တာမှာတော့ ပါတီဝင်တိုင်းဟာ ခေါင်းဆောင်နဲ့ တသွေမတိမ်းတူတယ်လို့တော့ မရှိပါ။ ဒါပေမဲ့ ဘယ်ပါတီက ပါတီဝင်တွေမှာမဆို ထားအပ်တဲ့ တာဝန်နဲ့စည်းမျဉ်းတွေအရ ကိုယ့်ပါတီရဲ့ ခေါင်းဆောင်မှုကို အခိုင်အမာ ရပ်တည်-ကာကွယ်ကြရပါတယ်။ ပါတီတိုင်းမှာဖြစ်တယ်။ ဒါဟာ ကိုးကွယ်မှု မဟုတ်ပါ။
- နိုင်ငံရေးပါတီ မတူသူတွေကနေ တခြားပါတီကို ပြောဆို၊ ဝေဖန်ခွင့် ရှိကြပါတယ်။ ဒါပေမဲ့ တယောက်တည်း ဆိုရင်တော့ တယောက်စာသာ တာသွားပါမယ်။
- အဆုံးအဖြတ်ဆိုတာကတော့ မဲပေးမဲ့သူတွေသာ ဖြစ်တယ်။ မဲပေးပွဲကလဲ မညစ်ပါမှ အစစ်အမှန်ပေါ်ပါမယ်။
- ကနေ့ အရှိတရားနဲ့ အရေးပါမှုတွေဟာလဲ များသောအားဖြင့် ကာလတိုတခုအတွက်သာပါ။

ဒေါက်တာတင့်ဆွေ
၂၅-၁၁-၂ဝ၁၃• ဘာသာရေးမှာ

၂၅-၁၁-၂ဝ၁၃

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...