အလွတ်ကျက်မှတ်ခြင်းနှင့် spaced repetition ကိုအသုံးချခြင်း
ဘာသာစကားလေ့လာရာမှာ
communicative approach စသည့် နည်းနာတွေ ခေတ်စားလာ သည့်အချိန်မှစ၍
အင်္ဂလိပ်စာဆရာများ၊ ဆောင်းပါးရေးသူများနှင့် အသိပညာရှင်များသည်
ယခင်နည်းဟောင်းကြီးဖြစ်သော rote learning အလွတ်ကျက်မှတ်ခြင်းကိုအားမပေး၊
မိမိတို့၏သင်ကြားမှုပုံစံတွင် အသုံးမပြုတော့သလို မိမိတို့၏တပည့်များအားလည်း
အလားတူ အလွတ်ကျက်မှတ်ခြင်းအားရှောင်ကျဉ်ရန်သွန်သင်ခြင်း၊
ဆောင်းပါးများရေးသားခြင်းတို့ဖြင့် ပညာပေးလာကြသည်။
ထို့အတူ အခြားပညာရေးအတွေးအခေါ်များဖြစ်သော student centred ကျောင်းသားဗဟိုပြု စံနစ်၊ creative thinking ဆန်းသစ်တွေးခေါ်ခြင်းစသည်တို့ကလည်း memorization ကိုသင်ယူမှုဖြစ်စဉ် တွင်နေရာယူထားခြင်းမှဖယ်ထုတ်ပစ်လိုက်ပြန်သည်။ ဤသို့ဖြင့် ကျောင်းသားတို့၏စိတ်တွင် အလွတ်မှတ်သားခြင်းသည် မလိုလားအပ်သော အလေ့အထတစ်ခုအသွင်ဖြစ်လာခဲ့သည်။
တစ်ကယ်တော့ memorization ကိုသင်ယူမှုဖြစ်စဉ်တွင် လုံးဝဖယ်ထုတ်ပစ်ရန်မှာ လက်တွေ့တွင်မဖြစ်နိုင်သလို နောင်တွင်လည်းဖြစ်နိုင်ချေမရှိပါ။ အမှန်မှာ သင်ကြားလေ့ကျင့်ပေးသူ ဆရာအချို့နှင့် ကျောင်းသားတို့၏ အသုံးချပုံနည်းလမ်းလွဲမှားခြင်းကြောင့်သာဖြစ်သည်။ memorization သည် ဆားကဲ့သို့ဖြစ်သည်။ “ဆားများသုံးရတယ်မရှိဘူး။ ဟင်းခတ်တာနဲ့ကုန်တာပဲ” ဆိုသည့်စကားလို ပင်တိုင်ဟင်းအဖြစ်သုံးဖို့မဟုတ်။ ဟင်း၏အရသာထူးကဲလေးနက် စေရန်ပံ့ပိုးပေးဖို့ဖြစ်သလို memorization သည်လည်း သင်ယူမှုမဟုတ်။ သင်ယူမှုကိုအထောက်အကူဖြစ်စေမည့် နည်းလမ်းတစ်ခုပင်ဖြစ်သည်။
ဘာသာစကားသင်ယူမှုတွင်ကားဆိုဖွယ်ရာမရှိချေ။ ဆရာဝန်များက ခန္ဓာကိုယ်အစိတ်အပိုင်း၊ ရောဂါအမည်နာမနှင့် လက္ခဏာတို့ကို အလွတ်မှတ်သားရသလို၊ အင်ဂျင်နီယာတို့က သင်္ချာပုံသေနည်းများ၊ သီအိုရီများမှတ်သားရသလို ဘာသာစကားလေ့လာသူတို့မှာလည်း ဘာသာစကား၏သုံးစွဲပုံများကို ကျက်မှတ်ထားရပါမည်။
အလွတ်မှတ်ဖို့လိုသလား
ဘာသာစကားသင်ယူရာတွင် grammar translation method နှင့် audio lingual method ခေတ်တုန်းက memorization သည်ပင်မနည်းစနစ်တစ်ခုဖြစ်ခဲ့သည်။ ထိုခေတ်က ဘာသာစကား သင်ယူခြင်းသည် စာပေအနုပညာကိုလေ့လာခြင်းဟုမှတ်ယူခဲ့ရာ ကလေးငယ်တို့ ကဗျာ၊ လင်္ကာတို့အား နှုတ်တိုက်ကျက်မှတ်ခဲ့ကြသည်။ သို့ရာတွင်ယနေ့ခေတ် communicative ကိုကိုင်စွဲကြသောဆရာတို့က ဤသို့ ကျက်မှတ်ခြင်းသည် ပညာရေး တန်ဖိုးမရှိဟုငြင်းဆိုကြသည်။ တစ်ကယ်တော့ထိုသို့တစ်ဖက်သက်မှတ်ယူခြင်းသည်အကျိုးမရှိပါ။
ကလေးငယ်တို့အား ကဗျာလင်္ကာများ“ကြောင်ပုစွန်စားကျွတ်ကျွတ်ဝါးသို့” ရွတ်ဆိုကျက်မှတ် စေသည့်လေ့ကျင့်ခန်းသည် ၄င်းတို့၏ cognitive ဟုခေါ်သည့် သိမှုစွမ်းရည် အားကောင်းစွာ နှိုးဆော်ပေးသည့်အကြောင်း ရာစုနှစ်များစွာပင် ပညာရေးသမားတို့ နားလည်လက်ခံထား ကြသည်။
အလွန်တန်ဖိုးရှိသည့်အရာကတော့ ယနေ့ စာရေးဆရာများနယ်တကာလှည့်ကာ မမောမပန်းတိုက်တွန်းနေရသည့် “စာဖတ်ကြပါ” ဟူသည့် စာပေနှင့်ငယ်စဉ်ကပင် ရင်းနှီးကျွမ်း ၀င်စေသည့်အလေ့အကျင့်ကောင်းပင်ဖြစ်သည်။ ၄င်းကဲ့သို့ စာပေလင်္ကာများမှတစ်ဆင့် လူငယ်တို့နှလုံးသားများအားကောင်းကာ အတုယူဖွယ် လူသားတန်ဖိုးများ ရင်၌စွဲဝင်နေစေပါသည်။ ကြုံကြိုက်၍တင်ပြရလျှင် ကျွန်တော်ငယ်စဉ်က ကဗျာလေးများအား အလွန်နှစ်သက်စွာအော်ကျက်တတ်ပါသည် ယင်းကဲ့သို့အော်ကျက်ခဲ့သည်တို့မှာ နှစ်ပေါင်းသုံးဆယ်ကျော် ယခုတိုင် အရသာရှိစွာမှတ်မိနေပါသည်။
“မြသားငယ်တဲ့ရေယမုန်
ငွေလှိုင်းတွေဖြူစွာနှင့်
မြစ်ဧရာရေယဉ်ကျောမှာ
မျောကြဒိုက်ပုံ” တို့မှအစ ဆရာကြီးမင်းသုဝဏ်၏ “ဖိုးမောင်”ကဗျာတို့ကကျွန်တော်၏ ဘ၀အတွေးအခေါ်တို့အားကောင်းစွာ လွှမ်းမိုးသွန်သင်ခဲ့ သည်။
ဘာသာစကားကိုကျွမ်းကျင်စွာအသုံးချရသော ကဗျာဆရာ၊ စာရေးဆရာ၊ တေးရေးဆရာတို့မှာ ထိုကဲ့သို့စာပေတို့ကိုနှုတ်ဝယ်ရွရွဆောင်ခဲ့ကြသူများသာဖြစ်သည်။ ထင်ရှားသည့်သာဓကမှာ ဗြိတိန်ရှိ Stratford-upon-Avon, အရပ်မှ grammar school ဟုခေါ်သည့်အထက်တန်းကျောင်းက နောင်တစ်ချိန်အင်္ဂလိပ်ဘာသာစကားအားလွှမ်းမိုး ကျော်ကြားလာမည့် ရှိတ်စပီးယားလေး၏စိတ်ကိုပုံသွင်းခဲ့ပုံကို Michael Wood က သူ၏ စာအုပ်တွင်ဤသို့ရေးသားခဲ့သည်။
"the poet was the product of a memorizing culture in which huge chunks of literature were learned by heart.”
“learning by rote, offers many rewards, not least a sense of poetry, rhythm and refinement—a heightened feel for language,”
မြန်စာစာပေတွင်လည်း အင်္ဂလိပ်လိုစာအုပ်များစွာရေးသားခဲ့သော ဆရာမကြီးဒေါ်ခင်မျိုးချစ်ကလည်း သူ၏အင်္ဂလိပ်စာတတ်ကျွမ်းလာခဲ့ပုံအား သူတက်ခဲ့သော အမျိုးသားကျောင်းတွင် စာပေလင်္ကာတို့အား နှုတ်တိုက်ရွတ်ဆိုခဲ့ကြောင်း သူ၏ "ကဲ ပြောလိုက်စမ်းမယ် သောင်းပြောင်းထွေလာ” စာအုပ်တွင်လမ်းညွှန်ပေးခဲ့သည်။
ဤသည်တို့ကိုဆင်ခြင်ကြည့်လျှင် memorization သည်ပစ်ပယ်ကောင်းသောအလေ့တစ်ခု တော့မဟုတ်ပါ။ သုံးလျှင်သုံးတတ်သလို ထိရောက်သည့်လက်နက်တစ်ခုသာဖြစ်ပါသည်။ သူများကအလွတ်ကျက်တာ မကောင်းဘူးဟုဆိုတိုင်း နားယောင်ကာပစ်ပယ်လိုက်လျှင် ကိုယ်သာနစ်နာစရာရှိသည်။
ဘာကိုအလွတ်ကျက်မလဲ
သို့ဆိုလျှင် မြင်မြင်ရာအလွတ်ကျက်မှတ်ရမည်တော့မဟုတ်ချေ။ သဒ္ဒါစည်းမျဉ်းတွေ၊ ဝေါဟာရစာရင်း vocabulary list တွေကို ကျက်မှတ်ခြင်းမျိုးတော့မဖြစ်သင့်ပါ။ဤသို့ပြုခြင်းသည် ဥာဏ်ပညာကိုလွဲမှားစွာ အသုံးချခြင်းဖြစ်သဖြင့် အကျိုးမရှိနိုင်ပေ။ (အင်္ဂလိပ်)ဘာသာစကား လေ့လာသူတစ်ဦးသည် ဘာကိုအလွတ်ကျက်မှတ်သင့်သည်။ ဘာကိုတော့ အလွတ်ကျက်မှတ် ရန် မသင့် ဆိုသည်ကိုတော့သိရှိထားသင့်သည်။
ဘယ်လိုမှတ်မလဲ
Rote learning အလွတ်ကျက်မှတ်ခြင်း၊ drill လေ့ကျင့်ခန်း၊ communicative activities အားလုံး၏ နောက်ဆုံးပန်းတိုင်မှာ မှတ်ဥာဏ်တွင်းစွဲဝင်နေစေရန်ပင်ဖြစ်သည်။ မှတ်ဥာဏ်တွင်းမှတ်သားရန် အဓိကဖြစ်စဉ်မှာ spaced repetition ဟူသည့် စာမှတ်သည့် တစ်ကြိမ်နှင့်တစ်ကြိမ်အကြား အချိန်ပမာဏ တိုးကာလေ့လာခြင်းနည်းဖြစ်သည်။ ပါမေက္ခ C.A Mace က ၁၉၃၂ တွင် သူ၏စာအုပ် Psychology of study စာအုပ်တွင် ဤသဘောတရားကို စတင်ဖော်ထုတ်ခဲ့သည်။ မူလက flash card များပေါ်တွင် လေ့လာမည့်အရာ(ဥပမာ-ဝေါဟာရ) ကိုရေးသားပြီး ကတ်တစ်ခုခြင်းအား ပျံကျ ယူကြည့်ခြင်း၊ တစ်ခုတည်းကိုပင် မကြာခဏပေါ်လာအောင် စီစဉ်ခြင်းဖြင့် မှတ်ဥာဏ်အတွင်းဝင်ရောက်မှတ်သားစေသည်။ နောက်ပိုင်းတွင် ကွန်ပျူတာအသုံးပြုစံနစ်များ ပေါ်ထွက်လာခဲ့ပြီး အသုံးများသည့် program များမှာ anki, Mnemosyne, SuperMemo စသည်တို့ဖြစ်ကြသည်။ SR ၏သဘောတရားသည် မမေ့ခင်ပြန်ကြည့်ခြင်း ဖြစ်သည်။ ကျွန်တော်၏စိတ်ကြိုက်ပရိုဂရမ်ကတော့ Anki ပင်ဖြစ်သည်။ ကွန်ပျူတာတွင်၊ ဖုန်းထဲတွင် ၄င်း Anki သာရှိထားပါက မိမိလေ့လာလိုသော ဘာသာစကား ကို အပျင်းပြေ ခလုပ်နှိပ်ရင်းပင် accumulate လုပ်နိုင်ပါသည်။ သူ၏အားသာချက်မှာ အသံကိုပါတစ်ပါတည်းထည့်ထားနိုင်သည်။ အင်တာနက်မှ အခြားအသုံးပြုသူများ ပြုစုထားသော anki deck ဟုခေါ်သည့် အသင့်သုံးနိုင်သည့် flash card များကို download ဆွဲကာအသုံးပြုရုံပင်ဖြစ်သည်။မိမိတစ်ကိုယ်တည်းဖြစ်နေချိန်၊ စကားပြောဖော်မရှိချိန်များတွင် အချိန်ကိုအလဟဿမဖြစ်စေဘဲ SR စံနစ်ဖြင့် မိမိ၏ဘာသာစကား input ကိုသက်တောင့်သက်သာလေ့လာနိုင်သည်။
အချုပ်အားဖြင့်ဆိုရသော် အလွတ်ကျက်မှတ်ခြင်းဆိုသည်ကို သင့်တော်သည့်နေရာ တွင်သုံးစွဲရမည်သာဖြစ်သည်။ ကျွန်တော်တို့ငယ်ငယ်က irregular verbs များကို အလွတ်ကျက်မှတ်ခဲ့ရခြင်းသည်အခြားနည်းလမ်းများထက် ပို၍ economy ဖြစ်၍ပင်။ သင်သည် ဘာသာစကား/ပညာရပ်တစ်ခုအား ထဲထဲဝင်ဝင်လေ့လာလိုသူဖြစ်ပါက အစွန်းထွက်အတွေးအခေါ်အယူအဆတို့အား တရားသေ စွဲကိုင်မထားဘဲ ပြောင်းလွယ်ပြင်လွယ်ရှိမှသာ အဖက်ဖက်မှ အကျိုးတရားများရယူခံစားနိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
ဇာနည်(MyWay!)

- အသုံးများသည့် irregular verb
- adjective တို့၏ comparative, superlative form များ
- irregular singular and plural nouns
- nursery rhymes and tongue twisters
- proverbs and sayings
- မိမိနှစ်သက်သည့် ကဗျာတစ်ပိုင်းတစ်စ၊ ရုပ်ရှင်ဝတ္ထုထဲမှ ပြောစကား၊ သီချင်းစာသား စသည်တို့မှာ စိတ်တွင်စွဲထင်နေအောင်ကျက်မှတ်ထားသင့်သည်တို့ဖြစ်သည်။
ဘယ်လိုမှတ်မလဲ
Rote learning အလွတ်ကျက်မှတ်ခြင်း၊ drill လေ့ကျင့်ခန်း၊ communicative activities အားလုံး၏ နောက်ဆုံးပန်းတိုင်မှာ မှတ်ဥာဏ်တွင်းစွဲဝင်နေစေရန်ပင်ဖြစ်သည်။ မှတ်ဥာဏ်တွင်းမှတ်သားရန် အဓိကဖြစ်စဉ်မှာ spaced repetition ဟူသည့် စာမှတ်သည့် တစ်ကြိမ်နှင့်တစ်ကြိမ်အကြား အချိန်ပမာဏ တိုးကာလေ့လာခြင်းနည်းဖြစ်သည်။ ပါမေက္ခ C.A Mace က ၁၉၃၂ တွင် သူ၏စာအုပ် Psychology of study စာအုပ်တွင် ဤသဘောတရားကို စတင်ဖော်ထုတ်ခဲ့သည်။ မူလက flash card များပေါ်တွင် လေ့လာမည့်အရာ(ဥပမာ-ဝေါဟာရ) ကိုရေးသားပြီး ကတ်တစ်ခုခြင်းအား ပျံကျ ယူကြည့်ခြင်း၊ တစ်ခုတည်းကိုပင် မကြာခဏပေါ်လာအောင် စီစဉ်ခြင်းဖြင့် မှတ်ဥာဏ်အတွင်းဝင်ရောက်မှတ်သားစေသည်။ နောက်ပိုင်းတွင် ကွန်ပျူတာအသုံးပြုစံနစ်များ ပေါ်ထွက်လာခဲ့ပြီး အသုံးများသည့် program များမှာ anki, Mnemosyne, SuperMemo စသည်တို့ဖြစ်ကြသည်။ SR ၏သဘောတရားသည် မမေ့ခင်ပြန်ကြည့်ခြင်း ဖြစ်သည်။ ကျွန်တော်၏စိတ်ကြိုက်ပရိုဂရမ်ကတော့ Anki ပင်ဖြစ်သည်။ ကွန်ပျူတာတွင်၊ ဖုန်းထဲတွင် ၄င်း Anki သာရှိထားပါက မိမိလေ့လာလိုသော ဘာသာစကား ကို အပျင်းပြေ ခလုပ်နှိပ်ရင်းပင် accumulate လုပ်နိုင်ပါသည်။ သူ၏အားသာချက်မှာ အသံကိုပါတစ်ပါတည်းထည့်ထားနိုင်သည်။ အင်တာနက်မှ အခြားအသုံးပြုသူများ ပြုစုထားသော anki deck ဟုခေါ်သည့် အသင့်သုံးနိုင်သည့် flash card များကို download ဆွဲကာအသုံးပြုရုံပင်ဖြစ်သည်။မိမိတစ်ကိုယ်တည်းဖြစ်နေချိန်၊ စကားပြောဖော်မရှိချိန်များတွင် အချိန်ကိုအလဟဿမဖြစ်စေဘဲ SR စံနစ်ဖြင့် မိမိ၏ဘာသာစကား input ကိုသက်တောင့်သက်သာလေ့လာနိုင်သည်။
အချုပ်အားဖြင့်ဆိုရသော် အလွတ်ကျက်မှတ်ခြင်းဆိုသည်ကို သင့်တော်သည့်နေရာ တွင်သုံးစွဲရမည်သာဖြစ်သည်။ ကျွန်တော်တို့ငယ်ငယ်က irregular verbs များကို အလွတ်ကျက်မှတ်ခဲ့ရခြင်းသည်အခြားနည်းလမ်းများထက် ပို၍ economy ဖြစ်၍ပင်။ သင်သည် ဘာသာစကား/ပညာရပ်တစ်ခုအား ထဲထဲဝင်ဝင်လေ့လာလိုသူဖြစ်ပါက အစွန်းထွက်အတွေးအခေါ်အယူအဆတို့အား တရားသေ စွဲကိုင်မထားဘဲ ပြောင်းလွယ်ပြင်လွယ်ရှိမှသာ အဖက်ဖက်မှ အကျိုးတရားများရယူခံစားနိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
ဇာနည်(MyWay!)
Read more: အလွတ်ကျက်မှတ်ခြင်းနှင့် spaced repetition ကိုအသုံးချခြင်း - Myanmar Network http://www.myanmar-network.net/forum/topics/spaced-repetition#ixzz2m0kuh3cQ
0 comments:
Post a Comment