Tuesday, November 26, 2013

ဟာသအမှတ်စဉ် ၈၈၇

ကိုမောင်တူးတယောက်ဟာ အမြဲ ဂျစ်ကန်ကန်လုပ်တတ်သူတစ်ဦးဖြစ်၏။ ထို့ကြောင့် မိန်းမဖြစ်သူ မလှမေနှင့် ခဏခဏ အဆင်မပြေဖြစ်ရ၏။

တနေ့ ရုံးမှပြန်လာသော လင်ဖြစ်သူအား မလှမေမှ..." ...မောင် ရေ...ချစ်ကို ဧည့်ခန်းကမီးလုံးလေးကျွှမ်းသွားလို့လဲပေးပါဦး" ဟုဆို၏။

ထိုအခါ ကိုမောင်တူးမှ...." .ငါ က မီးသမားလား ..."ဟု စူစူအောင့်အောင့် ပြန်မေးလိုက်၏။

နောက်တစ်ရက် ....ကိုမောင်တူးနား ကပ်၍ မိန်းမဖြစ်သူ မလှမေမှ.....

" မောင်ရေ....ရေချိုးခန်းထဲ က ရေ ပိုက်ခေါင်းက ရေတွေယိုနေတယ် အသစ်လဲပေးပါဦးနော်.."....ဟု ချိုချိုသာသာ ပြော၍ ခိုင်းစေပြန်၏။

ထိုအခါ ကိုမောင်တူးမှ..." .ငါ က ရေ ပိုက်ပြင်သမားလား " ဟု ပြန်မေးလေပြန်၏။ မီးလုံးကလည်း မလာ။ရေပိုက်ကလည်း ယိုလျှက်ပင်တည်း။

သို့နှင့် နောက်တရက်ကိုမောင်တူးတစ်ယောက် ရုံးမှ အိမ်ပြန်ရောက်သောအခါ မီးလုံးအသစ်လည်း လဲ ထား၏။

ယိုနေသော ရေပိုက်ခေါင်း လည်း အသစ် လဲ ပီးသား ဖြစ်နေကြောင်း တွေ့ ရလေ၏။ကိုမောင်တူး အံ့သြသွား၏။

သို့နှင့် မိန်းမဖြစ်သူ မလှမေအား လှမ်း၍ " ဒါ တွေဘယ်သူ လုပ် ပေးတာလဲကွ...."..ဟု.မေးလိုက်၏။

မလှမေမှ...." .ဘယ်သူ လာလုပ်ပေးရမှာလဲ.....လမ်းထိပ်က ကွမ်းယာရောင်းတဲ့ ကို မြအေးပေါ့ ရှင့်..."....ဟုဖြေလေ၏။

ထိုအခါ ကိုမောင်တူးမှ " အင်း.....ဒါတွေလုပ်ပေးတာ မြအေး ကို ပိုက်ဆံဘယ်လောက်ပေးလိုက်ရသလဲ " ဟု ဆက်မေးပြန်၏။

မလှမေမှ ...." တပြားမှမပေးရဖူး။ သူက ခင်ဗျားကို ကျနော်ချစ်နေတာကြာပါပီတဲ့။ခုလို ဘယ်သူမှမရှိတဲ့ အချိန် လွပ်လွပ်လပ်လပ်ချစ်ခွင့်ပြုပါလားတဲ့။

ဒီလိုမှ ချစ်ခွင့်မပြုနိုင်ရင် ဗိုက်အရမ်းဆာနေလို့ လက်ဖက်ရည်ဆိုင်ကလိုမျိုး ပေါင်မုန့်ကြက်ဥကျော်

တစ်ချပ်လောက် ကိုယ်တိုင် ကျော်ကျွေးပါလားတဲ့ ..ကိုမြအေးကပြောတယ်"......ဟုပြန်ဖြေ၏။

ကိုမောင်တူးမှ..." ဘာာာာာာ...ဒီတော့ မင်းက ကျော် ကျွေးလိုက်ရောလား..."..ဟုမေးလိုက်၏။

ထိုအခါမလှမေပြန်မေးလိုက်ပုံက.........

" အိုးးးး...မောင်ကလဲ......ချစ်ဟာ လက်ဖက်ရည်ဆိုင်က ပေါင်မုန့်ကြက်ဥကျော်ကျော်တဲ့ အကြော် ဆရာ လား ...."...တဲ့။

တိန်

ရီမောပျော်ရွှင်ပါစေ....

Lon Ely......

တဒင်္ဂပြုံးပျော်ရင်း အမောပြေနိုင်ပါစေ...........................

Credit - Original Writer

ရယ်မောခြင်းသည် အသက်ရှည်၏တဲ့ ...
တစ်ချက်ပြုံးရင် တစ်ရက် အသက်ပိုရှည်မှာပါ ...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...