Monday, November 25, 2013

ထောက်ခံသူတွေရဲ့ အသိတရားရေချိန်

Propaganda techniques တွေဟာ သိပ်ကြောက်စရာကောင်းတယ်။ ဟစ်တလာ ဂျူးးတွေကို လူမျိုးတုန်းသတ်တာ လူတိုင်းသိတယ် မုန်းကြတယ်။ အကြောင်းရင်းက ဟစ်တလာလုပ်ရပ်ကို မဟာမိတ်တွေက တကမ္ဘာလုံးသိစေတယ်။ ရုရှားက စတာလင် ရုရှားမျိုး ၂၄ သန်းကို သတ်တာ အဲဒီအချိန်က ရုရှားတွေ စတာလင်ကို မမုန်းခဲ့ဘူး။
ကြောက်လို့လဲဖြစ်နိုင်သလို ၀ါဒဖြန့်ထားတဲ့ သာယာဝပြောတဲ့ လူဘောင်ကြီး (Utopia) ကို သွားနေတယ်ဆိုတာကို ယုံလို့လည်းဖြစ်နိုင်တယ်။ သူ့လုပ်ရပ်ကို တကမ္ဘာလုံးက ချက်ချင်းမသိခဲ့ဘူး။ ဆိုဗီယက်ပြည်ထောင်စုက သတင်းအပြင်ကို ချက်ချင်းမရခဲ့ဘူး။ တရုတ်ခေါင်းဆောင်ကြီးမော်က ယဉ်ကျေးမှုတော်လှန်ရေးမှာ တရုတ်လူမျိုး ၃၄ သန်းလောက် သတ်တာ တရုတ်တွေအတွက် နို်င်ငံတော်တည်ဆောက်နေတာလို့ ယုံကြည်နေကြ တာ ဖြစ်နိုင်သလို။ တရုတ်ပြည်က ပြင်ပကမ္ဘာနှင့် ကာလအတော်ကြာ ဖြတ်တောက်နိုင်ခဲ့တယ်။ 

အံသြဖွယ်ရာ ယနေ့အချိန်ထိ တရုတ်လူမျိုးတွေမှာ အစိုးရက နှင့် ပတ်သက်ပြီး ယုံကြည်ကိုးစားပုံကို သုတေသနမေးခွန်း သုံးခုလုပ်ထားတာ တခု ကျနော်ဖတ်ရတယ်။ ၁) အမိန့်နာခံမှု အပိုင်းမှာ အစိုးရဆိုတာ မိသားစုရဲ့အကြီးကဲ မိဘလို။ ပြည်သူအားလုံး အစိုးရအမိန့်ကို နာခံရမယ်။ ၂) လွတ်လပ်ခွင့်အပိုင်းမှာ အစိုးရက ဆုံးဖြတ်ပေးလိမ့်မယ် ဘာတွေလုပ်သင့်တယ် မလုပ်သင့်ဘူးဆိုတာကို ပြည်သူတွေအနေနဲ့ အစိုးရဆုံးဖြတ်ချက် လိုက်နာခြင်းဟာ အသင့်တော်ဆုံး။ ၃) ခေါင်းဆောင်မှုအပိုင်းမှာ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်တွေကို အစိုးရထံကို ပုံအပ်ထားတာ စိတ်အချရဆုံး။ ဆိုတဲ့ အဆိုသုံးခုကို ၂၀၀၁ ခုနှစ်မှာ တရုတ်လူမျိုးတွေကို သုတေသနလုပ်တဲ့အခါမှာ ဟောင်ကောင်မှာ ၃၀% ခန့်လက်ခံတယ်။ ထိုင်ဝမ်မှာ ၄၅% လက်ခံတယ်။ တရုတ်ပြည်မကြီးရဲ့ မြိုနေလူတန်းစားက ၆၈% လက်ခံတယ်။ တောနေလူတန်းစားက ၈၂% လက်ခံတယ်။ တရုတ်ပြည်သူတွေကိုလုပ်တဲ့ သုတေသန အဖြေကရှင်းနေပြီ။ ၀ါဒဖြန့်မှုကို ဘယ်လောက် ခံရလဲ။ ပြင်ပကမ္ဘာနဲ့ထိတွေ့မှုရှိလေလေ ၀ါဒဖြန့်ခံရမှုနှင့် ဝေးလေလေဘဲ။ ယနေ့ကျနော်တို့ တိုင်းပြည်က ပဋိပက္ခ၀ါဒဖြန့်သမားတွေ ပြည်သူကို မှိုင်းတိုက်တဲ့အခါ ယုံကြည်တဲ့ ဒေသတွေကိုကြည့်ရင် ပြင်ပကမ္ဘာ အချက်လက်နဲ့ ကင်းဝေးတဲ့ ဒေသတွေဖြစ်ပြီး။ ထိုဒေသတွေမှာ ပိုအောင်မြင်မှုများတယ်။ ပဋိပက္ခတွေ အဖြစ်များလာတယ်။ ထူးဆန်းတာတခုက ပဋိပက၀ါဒဖြန့်သမားတွေရဲ့ ဆန့်ကျင်ဖက် ဒီမိုကရေစီလိုလားသူတွေ အချို့ကပါ ကြာလာတော့ မသိမသာ နှပ်ကြောင်းထဲ မြောပါလာတာ သတိထားမိတယ်။ မိမိယုံကြည်ရာကို ထဲထဲ ၀င်ဝင် လေ့လာမှု အားနည်းခြင်းက ဖြစ်စေတက်ပါတယ်။

 ဒီမိုကရေစီစနစ်မှာ အဓိက အရေးကြီးဆုံးအချက်က ထောက်ခံ သူတွေရဲ့ အသိတရားရေချိန်ပါ။ အဲဒီ့အသိတရားရေချိန်နိမ့်လေလေ အန္တရာယ်ကြီးလေလေဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီမိုကရေစီစနစ်မှာ ပြည်သူက ရွေးချယ်မှုတွေလုပ်ရလို့ပါ။
 မိမိယုံကြည်ရာကို များများသိအောင် လက်လှမ်းမှီရာ လေ့လာမှုတွေ များများလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...