Tuesday, November 26, 2013

"Social Exclusion"

-အခြောက်၊ နပုံးပဏ္တုပ်၊ ယောကျာ်းရှာ ဘယ်လိုခေါ်ခေါ်...ဒီအုပ်စုဟာလူ့ အဖွဲ့ အစည်းမှာ အပယ်ခံအုပ်စု (marginalized group) ပဲ...။ လူမှုရေးဝိုင်းကျဉ်ခြင်း ကို ဘ၀ပေးအကုသိုလ်အရ ကမ္ဘာ့ဘယ်နေရာ မှဖြစ်ဖြစ် ဒီ အုပ်စုဟာ ခံရစမြဲပဲ..။

- ကနေ့ ခေတ်ရဲ့ ဆေးသိပ္ပံအလိုအရ...သူတို့ အတွက် ဒီဘ၀ဟာ ဇီဝကမ္မသဘောအရ ရွေးခြယ်ခွင့် မရှိပဲ ရွေးခြယ်ခံလိုက်ရတဲ့ ကံပစ်ချရာပဲ...

-ဒီအုပ်စုကို ကိုင်တွယ်ရာမှာ လူမှုရေးမျတမှု (social justice) နဲ့ သာမက ပြည်သူ့  ကျန်းမာရေးစောင့်ရှောက်မှု (public health) အနေနဲ့ ရော စဉ်းစားရမှာပဲ။ ဥပဒေနဲ့ ယဉ်ကျေးမှုဆိုင်ရာရှုထောင့်အပြင် ဘာသာရေးရှုထောင့်ကလည်း စဉ်းစားသင့်တယ်..။

-ဒီလို သူတို့ အချင်းချင်းလိင်ဆက်ဆံတာဟာ ကာမေသုမိစ္ဆာစာရမြောက်မလား စဉ်းစားစရာ။ ဒီသိက္ခာပုဒ်ဟာ လိင်ခွဲဆက်ဆံခြင်း (hetero-sexual behavior) ကို ပိုပြီးညွှန်းဆိုလိုဟန်ရှိတယ်..။ "မိန်းမနှစ်ကျိပ် ချော့ခါသိပ်လည်း မအိပ်လေရာ" လို့ ဆိုသကိုး။ ရည်းစားချင်းအဆင်ပြေလို့ သံဝါသပြုလည်း ဒီသီလကျိုးပေါက်တာပဲ..။

-နောက် ဒီသိက္ခာပုဒ်ရဲ့ အဓိပ္ပါယ်မှာက " မိစ္ဆာ= လွဲမှားစွာ၊ ကာမေသု = ကာမဂုဏ်တရားတို့ တွင် စာရ=ပြုကျင့်ခြင်း" ဆိုလေတော့ ဒီလို လိင်တူဆက်ဆံတာဟာ မိစ္ဆာ ဆိုတဲ့ လွဲမှားတယ့် အဓိပ္ပါယ်ထွက်မထွက်။

-လွဲမှားတယ်ဆိုရာမှာ... သဘာဝမကျ လွဲမှားစွာလိင်ဆက်ဆံတာနဲ့..လိင်ကျင့်ဝတ်ဖေါက်ဖျက်တာ sexual misconduct ကို ခွဲခြား စဉ်းစားရမယ်..။ ကိုယ့်မိန်းမက လက်ခံလို့ ပင်ဖြစ်စေဦး ဓမ္မာအတိုင်းမဆက်ဆံရင်လည်း ဒီ သိက္ခာပုဒ်ကျိုးလေတော့...လိင်တူဆက်ဆံတာဟာ အလိုလို ဒီသီလ ချိုးဖေါက်ပြီးသားဖြစ်မယ်ထင်တယ်...။ (ဂယနဏ တော့ မသိ။)

-အခြားသောဘာသာရေးတွေမှာတော့ ဒီလို လိင်တူဆက်ဆံတဲ့သူတွေကို အပြင်းအထန် နှိပ်ကွပ်တာပဲ..။ ဗုဒ္ဓဘာသာမှာတော့ ရဟန်းပြုခွင့်မရဘူးပေါ့..။ ဒါပေမယ့် ကြိုးစားရင် ရဟန္တာဖြစ်နိုင်မှာပဲ...။ ကံကြီးငါးပါးထိုက်တဲ့ အရာမှမဟုတ်တာ..။

-ဥပဒေရှုထောင့်မှာက လိင်တူဆက်ဆံတာကို ရာဇ၀တ်မှုအဆင့်ထိ သတ်မှတ်တာက ခေတ်နဲ့ ညီရဲ့ လား...ဒီခေတ် HIV/AIDS ခေတ်မှာ...ကျန်းမာရေး စောင့်ရှောက်မှုရှုထောင့်က စဉ်းစားရင် ဒီဥပဒေပြဋ္ဋာန်းချက်က အဟန့် အတားကြီးဖြစ်နေမလား....။ဖြစ်ခဲ့ရင် ဒီဥပဒေပြဋ္ဋာန်းချက်ကို သင့်တော်သလို ပြင်ယူရမှာပဲ...။

-နိုင်ငံရေးရှုထောင့်က စဉ်းစားရင် ဒီအုပ်စုဟာ နိုင်ငံသားကောင်းဖြစ်နိုင်တာပဲ။ အခြားသော အတောင် ၂၀ ၀တ်တွေ ၄ တောင်ဝတ်တွေလို တိုင်းပြည်အတွက် အသုံးဝင်တာပဲလေ..။ စစ်မှုထမ်းနိုင်တဲ့ အခွင့်အရေးပေးဖို့ ကို ချင့်ချိန်ရမှာက လွဲလို့ ပေါ့။

- ဘာပြောပြော ဒေါ်စုဟာ ပြောသင့်တာကို ပြောတာပဲလို့ နားလည်မိတယ်။ ဒါကိုပြောဆိုတာ အမျိုးသားရေး (National Interest) နဲ့ ဆန့် ကျင်တယ်လို့ မထင်။ Social Justice အတွက် လုပ်သင့်တာကိုလုပ်တာပဲ။

- ယဉ်ကျေးမှုတွေ တိုးတိုက်မိတဲ့ဒီခေတ်ကြီးမှာ သိပ္ပံယဉ်ကျေးမှုနဲ့ သူ့ ရဲ့ ရိုက်တ်မှုကို မြန်မာတွေ အဆင်သင့်မဖြစ်သေးတာတော့အမှန်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...