Thursday, July 31, 2014

ချ စ် သူ ဖ တ် ဖို့ စာ

Thet Wai July 30, 2014 at 10:09pm
အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်လွန်လာခဲ့ပြီ။
ကုန်လွန်သွားခဲ့သော နေ့ရက်တွေတိုင်းမှာ အချိန်စေ့သွားလျှင် သူ့အလိုလို ထပေါက်ကွဲတော့မည့် ချိန်ကိုက်ဗုံးတစ်လုံးကို ရှေ့တွင်ချကာ သည်အတိုင်း ထိုင်ကြည့်နေရသူတစ်ယောက်၏ ခံစားချက်နှင့် ဆင်ဆင်တူသော ခံစားချက်မျိုး ကျွန်မထံမှာ ရှိနေခဲ့သည်။ 

"ကျနော့်အိမ်ရှင်များ"

1.
ဘွန်လေး ဘက်မှာ နေတုန်းက အိမ်ရှင်က အင်ဒီးယားလူမျိုးတွေ။
အိပ်ခန်း သုံးခန်းပါတော့... Master Bed Room မှာ အိမ်ရှင်မိသားစုနေတယ်။
မိသားစုဆို သူတို့မှာ ၄ နှစ်လောက် သားလေးတစ်ယောက် ရှိတယ်လေ။
တစ်ခန်းက သူတို့လူမျိုး ကျောင်းသူလေး ၂ယောက်နေတယ်။

ဘွန်ဇိုင်းပင်လေးများအကြောင်း

ဘွန်ဇိုင်းပင်လေးများအကြောင်း
---------------------------------------
(မေးထားလို့ ရှာဖွေစုဆောင်းတင်ပေးလိုက်ပါတယ်။ )
  
   လူတွေရဲ့ ပြုပြင်ဖန်တီးမှုနဲ့ သိပ်ကို စိတ်ဝင်စားစရာ ချစ်စရာဖြစ်လာတဲ့ သက်ကြီးပု အပင်ငယ် ကလေးများကို လူတိုင်း တွေ့ဖူးကြပါလိမ်မယ် အဲဒီအပင်ပုလေးတွေကို ဘွန်ဇိုင်းလို့ ခေါ်ကြပါတယ်.. တစ်ချို့သော ဘွန်ဇိုင်းပင်များမှာ အပွင့်မပွင့်သော အရွက်ချည်း သက်သက် ရှိသော အပင် အမျိုးအစားများ ဖြစ်ပြီး အချို့မှာ ပန်းပွင့်လေးများ ပွင့်သော အပင်အမျိုးအစားကို ပြုပြင်ဖန်တီးထားသောကြောင့် အပင် ငယ်ငယ် သေးသေး ပုပုလေးများက တစ်ပင်လုံး ခက်ဖြာလှပစွာ ပွင့်ဝေနေတာဟာ ကြည့်လို့ ကောင်းလွန်းလှသလို စိတ်ဝင်စားဖို့လည်း ကောင်းလှပါတယ်.. သို့သော် ဘွန်ဇိုင်းဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ပါယ်အမှန်ကို သေချာဂဃ သိသူ နည်းပါးပါလိမ့်မယ်..  ဘွန်ဇိုင်းရဲ့ အဓိပ္ပါယ်လေးနဲ့ ဘွန်ဇိုင်းပင် အကြောင်းကတော့ --

Bonsai လို့ ခေါ်တဲ့ စကားရပ်ဟာ Bon လင်ဗန်း Sai စိုက်ပျိုးခြင်း ဆိုတဲ့ စကား ၂လုံးကို ပေါင်းစပ်ထားခြင်း ဖြစ်ကြောင်း မှတ်သားရပါတယ်.. ဒါကြောင့် ဘွန်ဇိုင်း ဆိုသည်မှာ လင်ဗန်းထဲတွင် စိုက်ပျိုးထားသော အပင်လို့ အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်.. ဟုတ်လဲဟုတ်ပါတယ်.. ဘွန်ဇိုင်းကို စိုက်ပျိုးတဲ့ အိုးကလေးတွေဟာ အလွန်မှ ဇောက်အနက် တိမ်သော လင်ဗန်းသာသာ အိုးကလေးတွေထဲမှာသာ စိုက်ပျိုးကြတာ များပါတယ်… ဘွန်ဇိုင်းများကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်ခန့်ကတည်းက တရုတ်ပြည်မှာ စတင်စိုက်ပျိုးခဲ့ကြောင်း အထောက်အထားများကို တွေ့ရှိရပါတယ်.. ဒါကြောင့် ဘွန်ဇိုင်းပင်အစ တရုတ်ပြည်က လို့ ကောက်ချက် ချလို့ရပါတယ်.. ဘွန်ဇိုင်းပင်ဟာ ငြိမ်းချမ်းခြင်း၊မြင့်မြတ်ခြင်း၊ ကောင်းမွန်ခြင်း စသည်တို့ကို အဓိပ္ပါယ်ဆောင် ကိုယ်စားပြုတယ်လို့ဆိုပါတယ်။

ထို့နောက်တော့ ဘွန်ဇိုင်းယဉ်ကျေးမှုကို ဇင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးက ကမာကူရခေတ်တွင် တရုတ်ပြည်မှ တစ်ဆင့် ဂျပန်ပြည်သို့ စတင် ယူဆောင်လာကြောင်း သိမှတ်ရပါတယ်.. ထိုမှ ဘွန်ဇိုင်း စိုက်ပျိုးခြင်း အတတ်ပညာဟာ ဂျပန်လူမျိုးများ ကြားမှာ အနုပညာရပ် အသစ်အဆန်းအဖြစ် အလွန် ထင်ရှားလာပြီး မကြာခင်တွင် အာရှနိုင်ငံ အနှံ့အပြားကို ပျံ့နှံ့ရောက်ရှိသွားပါတော့တယ်..။ အစောပိုင်းမှာ ဂျပန်နိုင်ငံတွင် ဘုန်းကြီးများနှင့် ဘုန်းကြီးကျောင်းများ တွင်သာ စိုက်ပျိုးကြသော်လည်း နောက်ပိုင်းတွင် ဂျပန် လူမျိုး အနည်းငယ်တို့ဟာ ဘွန်ဇိုင်းပင်ကို စီးပွားဥစ္စာ တိုးပွားစေခြင်း အလို့ငှာ စိုက်ပျိုးလာကြပါတယ်.. ၁၄ရာစုနှစ် ရောက်လာသောအခါတွင်တော့ နိုင်ငံနှင့်အ၀ှမ်း ကျယ်ကျယ် ပြန့်ပြန့် စိုက်ပျိုးလာကြတဲ့အပြင် ဘွန်ဇိုင်းကို အလွန်အဆင့်အတန်းမြင့်သော အနုပညာ ဖန်တီးမှု တစ်ရပ်အဖြစ် လူတိုင်းက လက်ခံလာကြပါတယ်။

၁၉ရာစုနှစ် ရောက်လာသောအခါတွင် ဂျပန်လူမျိုးတို့ဟာ နှစ်ပေါင်း ၂၃၀နီးပါး ပြည်တွင်းတွင်သာ သီးခြား စိုက်ပျိုးခဲ့သော ဘွန်ဇိုင်းနည်းပညာကို ကမ္ဘာသို့ ဖွင့်ဟ ကြော်ငြာခဲ့ကြပါတယ်။ ကမ္ဘာလှည့် ခရီးသည်များ ဂျပန်နိုင်ငံအတွင်းသို့ ရောက်ရှိလာသောအခါ ဂျပန်နိုင်ငံ အနှံ့အပြားမှ ဥယျာဉ်များသို့ သွားရောက် လည်ပတ် ကြချိန်တွင်တော့ အိုးများနှင့် စိုက်ပျိုးထားသော ပုံမှန်မဟုတ်သည့် သက်ကြီးပုပင် ဘွန်ဇိုင်းပင် အမျိုးမျိုးကို အထူးစိတ်ဝင်စားဖွယ်၊ အံ့သြဖွယ်ကောင်းလောက်အောင် လေ့လာ တွေ့ရှိကြပါတော့တယ်..

ကမ္ဘာလှည့် ခရီးသည်များမှ တစ်ဆင့် ဘွန်ဇိုင်းပင်တို့အကြောင်း ကမ္ဘာအနှံ့အပြားသို့ တောမီးပမာ ပျံ့နှံ့ရောက်ရှိသွားပြီး အချိန်တို အတွင်းမှာပင် ဘွန်ဇိုင်းပြပွဲများကို ကမ္ဘာ့နိုင်ငံ အသီးသီးဖြစ်သော ဗီယက်နမ်၊ ပဲရစ်၊ လန်ဒန်တို့တွင် ကျင်းပလာကြပါတော့တယ်.. အထူးသဖြင့် ပြင်သစ်ပြည်ပဲရစ်တွင် ၁၉၉၀ ခုနှစ်တွင် ပြုလုပ်သော ဘွန်ဇိုင်းပြပွဲမှ စတင်၍ ဘွန်ဇိုင်းကို ကမ္ဘာက  စိတ်ဝင်တစား လူသိများထင်ရှားသွားပါတယ်.. ထို့ကြောင့် ဘွန်ဇိုင်းစိုက်ပျိုးခြင်းကို တရုတ်ပြည်မှ အစပြုခဲ့သော်လည်း ဘွန်ဇိုင်းအကြောင်း ကမ္ဘာက သိလာအောင် စွမ်းဆောင်ခဲ့သူများကတော့ ဂျပန်လူမျိုးများ ဖြစ်ကြပါတယ်..

ယခုခေတ်တွင် ဘွန်ဇိုင်းကို နေရာအနှံ့အပြားတွင် အလွယ်တကူ မြင်တွေ့လာကြရပြီ ဖြစ်ပါတယ်. သာမာန် စတိုးဆိုင်လေး တစ်ခုတွင်ပင် အိုးကလေးနှင့် စိုက်ပျိုးထားသော ဘွန်ဇိုင်းပင်ကို အလွယ်တကူ မြင်တွေ့နိုင်ကြပါပြီ။ ဘွန်ဇိုင်းပင် တစ်ပင် ဖြစ်မြောက်လာဖို့အတွက် နည်းစနစ်များ လိုအပ်သလို စိတ်ရှည်ဖို့၊ ဂရုတစိုက်ရှိဖို့လဲ လိုအပ်ပါတယ်.. တရုတ်လူမျိုးများနဲ့ ဂျပန်လူမျိုးတို့ဟာ သစ်ပင်များကို နည်းပညာမျိုးစုံနဲ့ ပုံသဏ္ဍာန်အမျိုးမျိုး ဖြစ်လာအောင် စိုက်ပျိုးကြတဲ့ နေရာမှာ အလွန်ထူးချွန်ကြပါတယ်.. သူတို့နိုင်ငံများမှာ အိမ်တိုင်း၊ ဆိုင်တိုင်း၊ နေရာတိုင်းမှာလည်း သစ်ပင်များကို အမြတ်တနိုး တန်ဖိုးထားပြီး စိုက်ပျိုးကြပါတယ်..

ဘွန်ဇိုင်းကို အိမ်ပြင်ပတွင် စိုက်ပျိုးကြသော်လည်း အိမ်တွင်ကျင်းပသော ဧည့်ခံပွဲများအတွက် ဘွန်ဇိုင်းပင်များကို အိမ်တွင်းသို့ သယ်ဆောင် နေရာချထားကာ ကြွရောက်လာကြသော ဧည့်သည်များကို ဂုဏ်ယူစွာ ပြသလေ့ ရှိကြပါတယ်.. ၁၇ရာစုနှင့် ၁၈ရာစုနှစ်အတွင်း ဘွန်ဇိုင်းစိုက်ပျိုးသော အိုးကို ယခုခေတ် အသုံးပြုသော အိုးထက် အနည်းငယ် ဇောက်နက်သော အိုးများကို အသုံးပြုခဲ့ကြပါတယ်..။ ဘွန်ဇိုင်းပင်တစ်ပင် ဖြစ်ရန်အတွက် အပင်ရဲ့ မလိုအပ်သော အစိတ်အပိုင်းများ အားလုံးကို ဖြတ်တောက်ကာ အရေးကြီး အစိတ်အပိုင်း အနည်းငယ် ကိုသာ ချန်လှပ်ထားပြီး နှစ်ပေါင်းများစွာ ကြာလာသည့်တိုင် အရွယ်အစား ကြီးထွားလာခြင်း မရှိသော်လည်း သစ်ပင်တစ်ပင်၏ အင်္ဂါရပ်အားလုံးနှင့် ပြည့်စုံကာ လှပသေးငယ်သော ဘွန်ဇိုင်းပင် (သက်ကြီးပုပင်) ဖြစ်လာအောင် စံနစ်တကျ ပြုပြင်ဖန်တီး ထားခြင်း ဖြစ်ပါတယ်။

လင်ဗန်းကလေးများနဲ့ စိုက်ပျိုးထားနဲ့ ဘွန်ဇိုင်းပင်တို့ကို ကြည့်ရသည်မှာ ချစ်စရာကောင်းသလို၊ စိတ်ဝင်စားစရာလည်း ကောင်းလှပါတယ်.. ဘွန်ဇိုင်းတစ်ပင် ဖြစ်မြောက်လာဖို့ မလွယ်ကူလှသလို ဘွန်ဇိုင်းပင်တစ်ပင် ဖြစ်လာအောင် ပြုစုပျိုးထောင်ခြင်း အတတ်ပညာသည်လည်း အလွန် စိတ်ဝင်စားဖွယ် ကောင်းလှပါတယ်.. လိုအပ်သောမြေသြဇာ၊ နေရောင်ခြည်၊ ရေ စသည်တို့ကို သင့်တော်မှန်ကန်စွာ ကျွေးမွေးဖို့ လိုအပ်သလို အခက်အလက်များကိုလည်း ပိုပြီး ကြီးထွားလာခြင်းမရှိအောင် ကိုင်းချုပ်ရသော နည်းပညာကို ကျွမ်းကျင်ဖို့လည်း လိုအပ်ပါတယ်.။ ဘွန်ဇိုင်းပင်အဖြစ် ကျောက်တုံးကျောက်ဆောင်များ၊ အရုပ်ငယ်များ နှင့် အခြား အဆင်တန်ဆာများဖြင့် တကယ့် သစ်ပင်ကြီးနှင့် တူအောင် ရုပ်လုံးဖော်လေ့ရှိကြပါတယ်..

ဘွန်ဇိုင်းပင်ပြုလုပ်ဖို့ ထင်းရူးပင် အမျိုးအစားကို အသုံးပြုကြသော်လည်း အခြားသော အပင်အမျိုးမျိုးကိုလည်း စိတ်ကူးရှိသလို တီထွင်ကြံဆ စိုက်ပျိုးကြပါတယ်.. သဘာဝအတိုင်းမဟုတ်ဘဲ လူတို့ရဲ့ နည်းပညာနဲ့ ပြုလုပ်ဖန်တီးထားတဲ့ ဘွန်ဇိုင်းပင်ကလေးတွေဟာ စိုက်ပျိုး ပြုပြင်သူရဲ့ စိတ်ကူးဥာဏ် ကွန့်မြူးပုံပေါ်မူတည်ပြီး ပုံသဏ္ဍာန်အမျိုးမျိုး ထွက်ပေါ်လာနိုင်ပါတယ်.. အပင်လေးတွေ ကွေးညွှတ်ပုံ၊ ပင်ခြေအောက်က မြေပြင်ကို မြက်ခင်းကလေးများ၊ ရေညှိပင်ကလေးများ၊ ကျောက်တုံးလေးများနဲ့ တန်ဆာ ဆင်ထားပြီး တကယ့် သစ်တောကြီးထဲက သစ်ပင်ကြီးရဲ့ အသွင်သဏ္ဍာန် ဖြစ်လာအောင် စိတ်ရှည်လက်ရှည် ပြုပြင် ဖန်တီးယူကြပါတယ်.. ဒါကြောင့်လဲ အပင်အရွယ်အစား သေးငယ်သော်လည်း လှပပြီး နှစ်ကြာရှည်တဲ့ ဘွန်ဇိုင်းတစ်ပင်ရဲ့ဈေးနှုန်းဟာ မထင်မှတ်လောက်အောင် တန်ဖိုးကြီးပြီး၊ ဈေးနှုန်းမြင့်မားနေတတ်ပါတယ်.. ငွေကြေးချမ်းသာသူများအနေနဲ့ ဘွန်ဇိုင်းပင်များကို ဂုဏ်ယူစရာ၊ အဖိုးတန် အဆောင်အယောင်အဖြစ် ၀ယ်ယူ စုဆောင်းတတ်ကြပါတယ်..

တစ်သက်တာ စိတ်ချမ်းသာချင်ရင် သစ်ပင်စိုက်ပါ ဆိုရိုးစကားနဲ့အညီ သစ်ပင်ဆိုသည်မှာ လူတွေရဲ့ စိတ်ကို ချမ်းမြေ့ခြင်း၊ ကြည်လင်စေခြင်း စသည်တို့ကို ပေးနိုင်တဲ့ အစွမ်းသတ္တိများ ရှိနေကြပါတယ်.. ဒါကြောင့် ပုံမှန်မဟုတ်ဘဲ လူသားတို့ရဲ့ စိတ်ကူးတီထွင်မှုကြောင့် ဖြစ်လာရတဲ့ ချစ်ခင်နှစ်သက်စရာ၊ မြတ်နိုး တန်ဖိုးထားဖွယ်ရာ ဘွန်ဇိုင်းပင်ကလေးများကိုလည်း စာဖတ်သူများ ဗဟုသုတရဖို့နဲ့ စိတ်ရွှင်လန်းစေဖို့ ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ပါတယ်

Credit - chaw

လူတွေရဲ့ ပြုပြင်ဖန်တီးမှုနဲ့ သိပ်ကို စိတ်ဝင်စားစရာ ချစ်စရာဖြစ်လာတဲ့ သက်ကြီးပု အပင်ငယ် ကလေးများကို လူတိုင်း တွေ့ဖူးကြပါလိမ်မယ် အဲဒီအပင်ပုလေးတွေကို ဘွန်ဇိုင်းလို့ ခေါ်ကြပါတယ်.. တစ်ချို့သော ဘွန်ဇိုင်းပင်များမှာ အပွင့်မပွင့်သော အရွက်ချည်း သက်သက် ရှိသော အပင် အမျိုးအစား များ ဖြစ်ပြီး အချို့မှာ ပန်းပွင့်လေးများ ပွင့်သော အပင်အမျိုးအစားကို ပြုပြင်ဖန်တီးထားသောကြောင့် အပင် ငယ်ငယ် သေးသေး ပုပုလေးများက တစ်ပင်လုံး ခက်ဖြာလှပစွာ ပွင့်ဝေနေတာဟာ ကြည့်လို့ ကောင်းလွန်းလှသလို စိတ်ဝင်စားဖို့လည်း ကောင်းလှပါတယ်.. သို့သော် ဘွန်ဇိုင်းဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ပါယ်အမှန်ကို သေချာဂဃ သိသူ နည်းပါးပါလိမ့်မယ်.. ဘွန်ဇိုင်းရဲ့ အဓိပ္ပါယ်လေးနဲ့ ဘွန်ဇိုင်းပင် အကြောင်းကတော့ --
Bonsai လို့ ခေါ်တဲ့ စကားရပ်ဟာ Bon လင်ဗန်း Sai စိုက်ပျိုးခြင်း ဆိုတဲ့ စကား ၂လုံးကို ပေါင်းစပ်ထားခြင်း ဖြစ်ကြောင်း မှတ်သားရပါတယ်..

ပြသနာကို ဘယ်လိုဖြေရှင်းမလဲ......

The Express Times

The Express Times

ပြသနာကို ဘယ်လိုဖြေရှင်းမလဲ......

တစ်ခါက မုဆိုးကြီးတစ်ယောက်ဟာ သူ့သားကို အသိပညာတစ်ခုပေးချင်လို့
သူတောလိုက်သွားရာကို ခေါ်သွားသတဲ့..။ တစ်နေရာလဲရောက်ရော တောင်ကမူလေးတစ်ခုမှာ ခွေးတစ်ကောင်က နေပူစာလှုံနေသတဲ့..။ဖခင်မုဆိုးကြီးက သူ့သားကိုသေသေချာချာ
ကြည့်ခိုင်းပြီးနေပူစာလှုံနေတဲ့ ခွေးကိုမထိစေပဲခွေးရဲ့ ဘေးသို့ရောက်အောင် ခဲလုံးတစ်လုံးနဲ့
ပစ်ပေါက်လိုက်တယ်..။

ခွေးဟာ သူ့ဘေးနားကျလာတဲ့ ခဲလုံးကြောင့် လန့်ပြီး ငေါက်ကနဲ့ထရပ်လိုက်တယ်.။
ပြီးတော့ ဘာရယ်ညာရယ်မှန်းမသိပေမဲ့ ခဲလုံးမှန်းတော့ သူသိတယ်..။ သူ့ကိုလာလန့်စေတဲ့ခဲလုံးကို လိုက်ကိုက်နေတော့တယ်.။
 ခွေးဟာ ခဲလုံးက သူ့ကို လာလဲ မထိဘူး ၊စားစရာလဲမဟုတ်ဘူးဆိုတာ သိသိကြီးနဲ့ ခဲလုံးကို ကိုက်နေတယ်..။
ဒီမြင်ကွင်းကိုကြည့်ပြီး သားအဖနှစ်ယောက် ပြန်လာခဲ့ကြတယ်..။
နောက်တစ်ပတ်လောက်နေတော့ ဖခင်မုဆိုးကြီးဟာ သူ့သားကိုခေါ်ပြီး တောထဲကို ထွက်လာခဲ့ပြန်တယ်..။ 
ဒီတစ်ခါမှာတော့ သူတို့ဟာနေရာအချက်အချာကောင်းတဲ့ သစ်ပင်
ပေါ်မှာနေရာယူကြတယ်.။သူတို့နေရာယူနေတဲ့ သစ်ပင်ရဲ့ အရှေ့ဘက်မှာ ကျောက်ဂူတစ်ခုရှိတယ်..။
ကျောက်ဂူဝမှာ ခြင်္သေ့တစ်ကောင်ဟာ နေပူစာလှုံနေတယ်.။ 
ဖခင်မုဆိုးကြီးက သူ့သားကို ငြိမ်ငြိမ်နေဖို့ ပြောပြီး ခြင်္သေ့ရဲ့လက်နဲ့ လည်ပင်းကြားထဲကို ခြင်္သေ့ကို မထိစေပဲ
မြားတစ်စင်း ပစ်လိုက်တယ်.။
မြားကလဲ လိုရာနေရာကို ကွက်တိပါပဲ..။ခြင်္သေ့ရဲ့ လည်ပင်းနဲ့ လက်ကြားထဲသွား
စိုက်တယ်..။
စွပ်ခနဲ့ လာစိုက်တဲ့ မြားကို ခြင်္သေ့က ဖြက်ခနဲ့ကြည့်ပါတယ်..။
ဒါပေမဲ့ ခြင်္သေ့က မြားကို ဘာမှမလုပ်ပဲ လက်ကြားထဲလာစိုက်တဲ့ မြားကိုသေသေချာချာ
ကြည့်ပြီး ငြိမ်နေတယ်..။
ခဏကြာတော့ မြားလာရာလမ်းကြောင်းကို မျှော်ကြည့်တယ်..။
ပြီးတော့ မြားကိုတလှည့် ၊မြားလာရာလမ်းကြောင်းကို တလှည့်သေချာကြည့်တယ်..။
မြားတံကို ခြင်္သေ့က ဘာမှ မလုပ်ပဲမြားလာရာလမ်းကြောင်းရဲ့  အစွန်းရှိ ရန်သူကို တိုက်ခိုက်ဖို့ရာထပြီး တလှမ်းချင်း လှမ်းပြီး လျှောက်လာတယ်.။

ဒါကြောင့်……….

ကိုယ့်ကိုခြောက်လှန့်ခံရတဲ့ ခဲလုံးကို လိုက်ကိုက်နေတဲ့ ခွေး……….။
ကိုယ့်ကို ရန်ပြုလာတဲ့မြားကို လျစ်လျူ ရှုပြီး မြားလာရာလမ်းကြောင်းရဲ့ ဟိုဘက်မှာရှိတဲ့အဓိက ရန်သူကို တိုက်ခိုက်တတ်တဲ့ ခြင်္သေ့……………။

ခွေးကတော့ ခွေးပါပဲ…..။
ဒီလိုပဲ
ခြင်္သေ့ကလဲ ခြင်္သေ့ပါပဲ……..။.
ဒါကြောင့်မို့လဲ ခြင်္သေ့ဆိုတာ တောဘုရင်ဖြစ်နေတာပေါ့…။
လောကကြီးမှာလဲ ဒီလိုပါပဲ…
ကိုယ့်ဆီရောက်လာတဲ့ ပြသနာတွေကို  အတင်း တွန်းထိုး တိုက်ခိုက်တတ်လား…။
ပြသနာရဲ့အစကို ရှာပြီး ပြေလည်အောင်ရှင်းတတ်လား………..ဆိုတဲ့
လူနစ်မျိုးကွဲ သွားပါတယ်..။
ဒါကြောင့် ပြသနာနဲ့တွေ့တိုင်း သင့်ကိုသင် မေးကြည့်ပါ……။

ငါဟာ………..ခြင်္သေ့……….လား
ခွေး………..လား…။ ။

အဖြေရလာပါလိမ့်မယ်….။ ။

Credit - Kozaw357

တစ်ခါက မုဆိုးကြီးတစ်ယောက်ဟာ သူ့သားကို အသိပညာတစ်ခုပေးချင်လို့
သူတောလိုက်သွားရာကို ခေါ်သွားသတဲ့..။ တစ်နေရာလဲရောက်ရော တောင်ကမူလေးတစ်ခုမှာ ခွေးတစ်ကောင်က နေပူစာလှုံနေသတဲ့..။ဖခင်မုဆိုးကြီးက သူ့သားကိုသေသေချာချာကြည့်ခိုင်းပြီးနေပူစာလှုံနေတဲ့ ခွေးကိုမထိစေပဲခွေးရဲ့ ဘေးသို့ရောက်အောင် ခဲလုံးတစ်လုံးနဲ့ပစ်ပေါက်လိုက်တယ်..။

We are the Men. ဦးဘုန်း ►

We are the Men.

ဦးဘုန်း ►

တစ်ချိန်တုန်းက အမေရိကန်နိုင်ငံမှာ လူမည်းတွေရဲ့အိပ်မက် တစ်ခုရှိတယ်။ ကြွေးကြော်သံတစ်ခုရှိတယ်။ 
We are the men တဲ့။ 
မနက် မနက်ဆိုရင် ဈေးထဲမှာ နွားတွေ၊ ဆိတ်တွေ ရောင်းသလိုပဲ လူမည်းတွေက လန်ကွတ်တီနဲ့ ထိုင်နေရတယ်။ ဈေးလာဝယ်တဲ့ လူဖြူတွေက သူတို့အိမ် အတွက် ကျေးကျွန်လာဝယ်တာ။
ကျေးကျွန်ဝယ်ရင် နွားဝယ်သလိုပဲ။ ငုတ်တုတ်ထိုင်နေတဲ့ ကျေးကျွန်ကို သစ်သားတူနဲ့ ဒူးခေါင်းကို ခေါက်ကြည့် တယ်။ ပြီးရင် သွားဖြဲကြည့်တယ်။ အဓိပ္ပာယ်က ဒီလို၊ 
သွားဖြဲကြည့်လို့ သွားကောင်းရင် အစားကောင်းကောင်းစားမယ်။ အစားကောင်းကောင်း စားရင် ခွန်အားရှိမယ်။ ခွန်အားရှိရင် ခိုင်းကောင်းမယ်။ ဒါပဲ။ 
ဒူးခေါင်းကို ခေါက်ကြည့်တာ ဒီကောင် ဒူးချောင်သလား မချောင်ဘူးလား။ ဆိုလိုတာက များများခိုင်းလို့ရမလားပေါ့။ 
လူမည်းတွေက မနက်ဆိုရင် ငုတ်တုတ်လေးထိုင်ပြီး လာသမျှ လူဖြူတွေကို ကြည့်နေရတာ။ သို့သော် ထူးဆန်းတာက နေမြင့်လာလေလေ၊ ဒူးခေါင်းကို အခေါက်ခံရတဲ့ အကြိမ်အရေအတွက်က များလေလေ ဖြစ်လာတယ်။ ဒူးခေါင်းလေး နည်းနည်းတွန့်သွားတာနဲ့ အဲဒီကောင် အိမ်ရောက်ရင် အသတ်ခံရပြီ။ 
လူမည်းတစ်ယောက်ဟာ သွားကျိုးလိုက်တာနဲ့ အသတ်ခံရပြီ။
 အဲဒီခေတ်ကြီးကို အမေရိကန်မှာ လူမည်းတွေက ဖြတ်သန်းခဲ့ရတာ။

ဆိုပါစို့။ လူဖြူတွေရဲ့ အိမ်တစ်အိမ်မှာပေါ့။
လူမည်းတွေကို မိသားစု လိုက်ထားထားတယ်။ အစဉ်အဆက် ကလေးတွေ မွေးထားတယ်။ သူတို့ သွားမကျိုးအောင် နေကြရတယ်။ 
သို့သော် သွားမကျိုးဘဲ ဒူးအခေါက်ခံ ရတဲ့အချိန်မှာ တစ်ချက်ကလေးတွန့်သွားတာနဲ့ အိမ်ရောက်ရင် အသတ်ခံ ရတယ်။ ကျင်းကြီးရှေ့မှာ လက်ပြန်ကြိုး တုပ်ထားပြီး မတ်တတ်ရပ်နေရတာ။ ဟိုဘက်တစ်ဖက်ကလည်း သေနတ်နဲ့ ပစ်သတ်တော့မှာ။ 
ဆိုပါစို့။ အဲဒီအိမ်မှာရှိတဲ့ လူမည်းအဖေက အသက်ကြီးပြီ။ ကလေးတွေဟာ သူ့အဖေ ရောင်းတဲ့အထဲမှာ ပါသွားရင် ၀မ်းနည်းရပြီ။ သူ့အဖေပြန် လာရင် ပျော်တယ်။ ဒါပေမဲ့ ပြန်လာတဲ့အခါမှာ သူ့အဖေက မျက်နှာပျက်နေ ပြီ။ အဓိပ္ပာယ်က ဒူးခေါင်းကို တူနဲ့ခေါက်တဲ့အချိန်တုန်းက နေမြင့်တော့ လူများလာပြီး မျက်နှာက တွန့်သွားမယ်။ တစ်ကြိမ်မဟုတ် သုံးလေးကြိမ် တွန့်သွားမယ်။ ဒီကျွန်က ဈေးကောင်းမရတော့ဘူး။ တစ်ဖက်ထိပ်မှာ ထားပြီး သေနတ်နဲ့ပစ်သတ်တာပဲ။ 
အဲဒီအချိန်မှာ ထရံပေါက် က ချောင်းကြည့်နေတဲ့ သားသမီးတွေ၊ ပြတင်းပေါက်က ကြည့်နေတဲ့ မိန်းမတွေ အားလုံးရဲ့ပါးစပ်ကနေ တိုးတိုးလေးရေရွတ်တဲ့စကားသံ တစ်ခုရှိတယ်။ 
We are the men. ငါတို့က လူတွေ၊ ဟေ့ကောင် လူဖြူ၊ မင်းလည်း လူ၊ ငါလည်းလူပဲ။ အဲဒါ သူတို့ရဲ့အိပ်မက်နော်။ ရည်မှန်းချက်။ သူတို့ရဲ့အိပ်မက်တွေက ဒီကနေ့ အကောင်အထည်ဖော်နိုင်တယ်လေ။ သူတို့က လူဆိုတာ သေချာသွားပြီ။ သမ္မတတောင် ဖြစ်နေပြီ။

အိပ်မက်တွေ၊ အနာဂတ်တွေကို အကောင်အထည်ဖော်ဖို့ဆိုတာက ဇွတ်တွန်းပြီး ကြိုးစားဖို့လိုသလို နောက်မဆုတ်တဲ့ စိတ်လည်း လိုအပ်တယ်။ Political ပိုင်းက သတ်မှတ်တဲ့ဘောင်တွေ၊ မူတွေက သက်သက်၊ ရည်မှန်းချက်ကြီးမားတဲ့ ဆန္ဒအဟုန်ကလည်း ပါဝင်ဖို့လိုအပ်တယ်။ We are the men ဆိုတဲ့ အဟုန်ကြီး ကြီးလာတဲ့အခါမှာ အမေရိကန်နိုင်ငံကို တို့အခုမြင်နေရတဲ့ နိုင်ငံ Structure ကြီးက သူ့ အလိုလို ဖြစ်သွားတာ။ ဒါကြောင့် လူငယ်တွေကို ပြောချင်တာက သူတို့နိုင်ငံမှာတောင် အခက်ခဲဆုံးဟာကြီးကို လွတ်မြောက်အောင် ကြိုးစားနိုင်သေးရင် တို့လူငယ်တွေရဲ့ အနာဂတ်ရည်မှန်းချက်တွေလည်း တစ်ချိန်ချိန် မှာ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ယုံကြည်မှုရှိစေချင်တယ်။

credit to --
Eternal Light Magazine
November 2013
Cover Story
The Future for Youth
လူငယ်တွေအတွက်အနာဂတ် စကားဝိုင်း
မောင်သာချို၊ ကောင်းသန့်၊ ဦးဘုန်း(ဓာတု) 
credit to ----------သက် လွင်


တစ်ချိန်တုန်းက အမေရိကန်နိုင်ငံမှာ လူမည်းတွေရဲ့အိပ်မက် တစ်ခုရှိတယ်။ ကြွေးကြော်သံတစ်ခုရှိတယ်။
We are the men တဲ့။
မနက် မနက်ဆိုရင် ဈေးထဲမှာ နွားတွေ၊ ဆိတ်တွေ ရောင်းသလိုပဲ လူမည်းတွေက လန်ကွတ်တီနဲ့ ထိုင်နေရတယ်။ ဈေးလာဝယ်တဲ့ လူဖြူတွေက သူတို့အိမ် အတွက် ကျေးကျွန်လာဝယ်တာ။

Wednesday, July 30, 2014

ဘ၀ ဘ၀ ဆရာမ



(၁)

“သြော်.. အေး.. ဟုတ်ပါတယ် ယောင်္ကျားရယ်၊ ကျောင်းဆင်းချိန် တော်တော်
ကျော်နေတာ မှန်ပါတယ်။ ဒါပေမယ့် ဒီမှာက အလုပ်တွေ မပြတ်သေးဘူး။
ကျောင်းအပ်တွေက လာနေတုန်းဘဲ။ ဆရာဆရာမကနည်း၊ ကျောင်းသားက
များများမို့ ပါ။ ခုထိ ကျောင်းအပ်လက်ခံတာက မပြတ်သေးလို့ ပါ။ နောက် ဒီနှစ်က..”

“ဂွပ်”

#‎မိုးလေဝသ‬ အထူးသတင်း


မိုးလေ ဝသနှင့် ဇလဗေဒ ဌာနမှပေးပို့သောသတင်းများအရ မိုးရေချိန်တိုင်းကရိ
ယာ ခြံအတွင်း ဖား ၁၀ကောင်အနက် ၆ကောင် အော်နေပါသဖြင့် ရွာရန်ရာနှုန်း
၆၀ ဖြစ်ပါသည်။
ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၁၅၀ အတွင်း အဆင်ပြေသလို
တိုက်မှာဖြစ်ပြီး။ သင်္ဘောကြီးကြီး သွားပါက လှိုင်းကြီးနိုင်ပါသည်။

ဒိုင်ယာရီအပိုင်းအစလေးများ ( ၄ )

Ven Pannasami July 15, 2014 at 11:02pm
ယခင်အာဏာရှင်များ လက်လွန်ခဲ့သော ဧရာဝတီမြစ်ဆုံဆည်အရေးတွင် လျှပ်စစ်မီးကိုပြည်ပသို့ ပုံအော၍ရောင်းစားသည့်ကိစ္စလည်း အရေးတကြီးပါဝင်သောပြဿနာတစ်ရပ်ဖြစ်ခဲ့သည်။ အဆို ပါပြဿနာနှင့်ပတ်သက်၍ သက်ဆိုရာဝန်ကြီးက " လျှပ်စစ်မီးများကိုပြည်ပသို့ရောင်းစားခြင်းသည် ပိုလျှံသောကြောင့်ဖြစ်သည် " ဟူသော အဆင်ခြင်မဲ့စွာ အဖြေကိုပေးခဲ့သည်။ ထိုစကားပြောပြီး၍ မကြာမီပင် လျှပ်စစ်မီးများမလုံမလောက်ဖြစ်၍ ပြည်သူများဆန္ဒပြကြသောအခါ သမ္မတအကြံပေး တစ်ဦးကလည်း " မီးမလာလျှင် ဖယောင်းတိုင်မီး ထွန်းနေပါ " ဟု ကရုဏာမဲ့စွာဆိုပြန် သည်။ ကျေးရွာပေါင်း ခြောက်သောင်း ( ၆၀၀၀၀ ) နီးပါးရှိသော ရွှေပြည်တွင် ကျေးရွာတစ်သောင်း ( ၁၀၀၀၀ ) ကိုလောက်ကိုသော်မှ နိုင်ငံတော်အနေဖြင့် လျှပ်စစ်မီးလင်းအောင် ဆောက်ရွက်မပေးနိုင်ဘဲ ဤစကားမျိုးပြောထွက်သည်ကို အံ့သြမဆုံးဖြစ်မိသည်။

ကျွန်တော် ၀မ်းနည်း စိတ်ပျက်မိတယ်။

Htay Oung's photo.

လက်ရှိ အီရတ်နိုင်ငံမြောက်ပိုင်းဟာ ဘီစီ(၃၅၀၀)ခန့်က ဆူမားရီယန်း လူမျိုးတို့နေ ထိုင်ရာဒေသပါ။ သူတို့ဟာ လူ့ယဉ်ကျေးမှု့ရဲ့အစ စာအရေးအသားကို စတင်တီထွင် သူများဖြစ်ပါတယ်။ အဆင့်အတန်းမြင့်မားပြီး စိတ်ဝင် စားစရာ သိမ်မွေ့လေးနက်လှတဲ့ ဒဏ္ဍာရီ၊ ပုံပြင်၊ မော်ကွန်း၊ ကဗျာများ၊ အံ့မခန်း ဗိသုကာလက်ရာ အဆောက် အအုံများ အလွန်ပေါများပါတယ်။

•• သမီးတော် ရာဇဝင် ( ၅ ) ••



`` ဧည့်ခန်းထဲကအပုံကြီး ဘယ်သူပါတာလဲဟေ့ ´´

စစ်အာဏာရှင်သာဂိကြီးရဲ့ ပုဂံညောင်ဦးခရီးစဉ်မှာ အဲဒီအချိန်က နိုင်ငံခြားရေးဝန်ကြီးဖြစ်သူက ထိုင်ကန်တော့ခဲ့ဖူးပါတယ်၊ ညဘက် နိုင်ငံတော်ဧည့်ရိပ်သာကြီးမှာ သာဂိကြီးကအတူပါလာတဲ့ ဝန်ကြီးတွေနဲ့ထိုင်ပြီး စကားစမြည်ပြောနေချိန်မှာပေါ့၊ အဲဒီနိုင်ငံခြားရေးဝန်ကြီးက ဆက်တီပေါ် ကနေ မြ်းပြင်ပေါ်ကိုဆင်းပြီး သာဂိကြီးကို လက်အုပ်ချီလိုက်တယ်၊

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၇)

သစ်ထူးလွင်


Tuesday, July 29, 2014

#‎ဓာတ်ဆရာတွေသေချာဖတ်‬ (+18)

အိမ်ထောင်သက် ၅နှစ်မှရတဲ့ကလေးနိုင်ငံတော် အစိုးရမှ ဥပဒေသစ်တရပ်ကို ထုတ်ပြန်ကြေငြာ လိုက်ရာဝယ်… လက်ထပ်ထားပြီး ငါးနှစ်အတွင်းမှာ အကြင်လင်မယားတိုင်း ရင်သွေး တယောက် ရရှိထားပြီး ဖြစ်ရပါမယ်တဲ့။ ဒီတာဝန်ကို မကျေပွန်ခဲ့ရင် သက်ဆိုင်ရာမှ ကြီးကြပ်၍ ယောက်ျားတယောက်ကို
စေလွှတ်ကာ ထိုအိမ်ထောင်ရှင်မအား မိခင်တယောက် ဖြစ်လာစေရေးအတွက် လိုအပ်သည်များကို
တာဝန်ယူ ဆောင်ရွက်ပေးမှာ ဖြစ်ပါသတဲ့။

ဒိုင်ယာရီအပိုင်းအစလေးများ ( ၃ ) ရွှေပြည်တွင် တွေ့ကြုံမိသမျှ

Ven Pannasami July 15, 2014 at 12:01am
ရွှေပြည်ကိုပြန်ရောက်လျှင်ရောက်ချင်း အဓိကအသုံးပြုလိုသည့်ဆန္ဒမှာ ဖုန်းနှင့်အင်တာနက်ဖြစ်သည်။ ဖုန်းနှင့်အင်တာနက်ဆက်သွယ်ရေးသည် ယနေ့ခေတ်ကာလတွင် ပညာရေးလေ့လာမှုများ လူမှုရေးလုပ်ငန်းများ၊ စီးပွါးရေးလုပ်ငန်းများ နိုင်ငံရေးလုပ်ငန်းများစသည့်စသည့်အရေးအရာတို့အတွက် မရှိမဖြစ် အရေးကြီးသောအခန်းကဏ္ဍတွင်ပါဝင်နေသော်လည်း ရွှေပြည်သူ/သားများတို့အတွက်မူ တမူထူးနေလေသည်။ အင်တာနက် အင်တာဖြူတို့ထက် နေ့စဉ် မိသားစုစားဝတ်နေရေးပြဿနာကိုသာ အလေးပေးနေရသည်ကိုတွေ့မိသည်။ အကယ်၍ အင်တာနက်ကိုသုံးသည်ဆိုလျှင်လည်း စီးပွါးရေး ကြီးပွါးရေး ဆက်သွယ်ရေး သွားလာရေး ပညာရေးစသည်တို့အတွက် အသုံးပြုမှုထက်  ဂိမ်းဆော့ဖို့ အရေးနှင့်  အီစီကလီအရေးစသော အချိန်ဖြုန်းသည့်လုပ်ငန်းများတွင်သာ အများစုအသုံးပြုနေကြကသည် ကိုတွေ့မြင်ကြားသိရသည်။ ဤအချက်က အင်တာနက်ဆက်သွယ်ရေးသည် နေ့စဉ်လူမှုဘဝ၏ဖြတ်သန်းမှု ထဲသို့ လက်တွေ့ကျကျ ထဲထဲဝင်ဝင်မရောက်သေးကြောင်းကို ဖေါ်ပြနေခြင်းပင်သည်။

ဆြာဒင်နှင့်အနီးကပ်ဆုံးရန်သူ

၂၉။၀၇။၂၀၁၄ နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်သတင်းစာ။ ။

ဆြာဒင်နှင့်အနီးကပ်ဆုံးရန်သူ
(မင်းဒင်)

(တစ်)
ကမ္ဘာကျော်ဓာတ်ရှင်မင်းသားကြီး ချောင်ယွန်ဖတ်နှင့်လွန်စွာဆင်တူ၍ အမြဲတမ်း၊မညှိုးပန်းပမာ၊ရှိနေတတ်သည့် ဆြာဒင်တစ်ယောက် နေပူလိုက်မိုးရွာလိုက်၊ဖောက်ပြန်လျက်ရှိသည့် ဥတုသမယကာလ၌ ဇရာ၏မိတ်ဖက် ဗျာဒိတည်းဟူသော တုပ်ကွေးကြောင့် ၊ရုပ်အဆင်း အင်္ဂါသည် ဂျက်စပဲရိုးရုပ်သွင်၊၊ပီကင်းဘဲကင်နှင့်တူနေချိန်တွင် အလိုက်ကန်းဆိုးမသိ၊မသိဆိုးရွားနိုင်လှသော တပည့်ကျော်များက မြွေပူရာကင်းမှောင့်ကြကုန်၏။

“ဆြာဒင့်ကြည့်ရတာ ဝိတ်တွေစွတ်ကျကုန်တယ်ထင်ပါရဲ့၊ဝမ်းတွေဆက်တိုက်များသွားသလားဆြာ၊ဟိုဒင်းလေးဘာလေး စစ်စက် ကြည့်ရင်ကောင်းမယ်နော်၊ဆြာ့ပါးစပ်နည်းနည်းဟပြပါအုံး”

“မိုးတစိမ့်စိမ့်အချိန်၊အိမ်ထဲကုပ်နေရတာပျင်းစရာကောင်းချက်ဗျ။ခရီးယာယီလေးများထွက်ဖို့စိတ်ကူးမရှိလေရော့သလား”

“ဗမာပြည်မှာလွှတ်တော်ဆိုတာကြီးဟာ ဘယ်လိုများကျင်းပကြပါလိမ့်။မသေခင် မျက်ဝါးထင်ထင်မြင်ချင်စမ်းပါဘိ”

ဆြာတို့မည်သည် တပည့်သားမြေးတို့အပေါ်သည်းခံခွင့်လွှတ်ရမည့်၊ဝတ္တရားရှိလေသည်မို့ မမာလျက်ကပင် သင်းတို့သဘောကို စာနာမှု အပြည့်ဖြင့်ဆောကြောရချေသည်။

“ဘာဆေးမှစစ်စရာမလိုပါဘူးလကွဲ့။ခဲတစ်လုံးတည်းနဲ့ငှက်နှစ်ကောင်မှန်အောင် မမာတုန်းမှာ ဝိတ်လျော့နေတဲ့သဘောပါ၊ဘိုလိုဆို ဒိုင်ဗားစတီးဆိုပါတော့။လေယာဉ်တွေကလည်း ခဏခဏအနိစ္စဖြစ်နေတော့  အိမ်မှာကုပ်နေတာကဘေးမကင်းပေဘူးလားမောင်တို့ ရယ်။ လွှတ်တော်ကျင်းပပုံများ စလောင်းကနေကြည့်လည်း ရနေတာပဲဥစ္စာ”

“ဟုတ်သေးဘူးဆြာ၊ဒီရက်ပိုင်းတွေမှာ ပီအာဆိုလားဘာဆိုလား၊အချေအတင်အတော်ပွဲကြမ်းနေတယ်ဆိုပဲ။ စလောင်းကနေကြည့်ရတာ၊ ကိုယ်တိုင်ကိုယ်ကျကွင်းထဲဆင်းကြည့်ရတာနဲ့တော့ဘယ်တူပါ့မတုန်းဆြာဒင်”

ဤသို့လျှင် တပည့်အား ဆြာမဆန်သာသည်ကတစ်ကြောင်း၊ဆြာကိုယ်တိုင်လည်း အခန်းအောင်းရသည့်ဒုက္ခကို ဆက်လက်မခံစားနိုင် သည်ကတစ်ကြောင်းတို့ကြောင့်၊ဖူးခက်မြို့နေထိုင်းမိတ်ဆွေသူကြွယ်တစ်ဦးထံမှမေတ္တာရပ်ခံငှားရမ်းခဲ့သည့် နောက်ဆုံးပေါ် မားစီဒီးကား ကြီးတစ်စီးဖြင့် လွှတ်တော်အစည်းအဝေးကျင်းပလျက်ရှိသည့် နေပြည်တော်သို့ ဆြာတပည့်တစ်သိုက်တပျော်တပါး ခရီးသွား ဖြစ်ခဲ့ကြရပြန်ချေ၏။

(နှစ်)
မားစီးဒီးကားကြီး၊ဇာတိနိုင်ငံနယ်စပ်သို့ဖြတ်ကျော်ပြီးချိန်တွင်ကား တောင်တော်ရယ်သာ၊မာလာကငုံဖူးလေသည့် တောတောင်စိမ်းစိမ်း တို့ကြား၊တပည့်ကျော်တို့မှာ အိုင်ယာလန်ထီပေါက်သည့်မျက်နှာပေး ကိုယ်စီဖြင့် တေးတကျော်ကျော်၊ ဟစ်ကာအော်၊ ပျော်ချင်တိုင်း ပျော်လျက်ရှိကြလေရာ ဆြာဒင်ခံစားနေရသောတုပ်ကွေးဝေဒနာပင် ပိန်းကြာရေမတင် ရုတ်ခြည်းယူပစ်သလိုပျောက်ကင်းဟန်ရှိလေ၏။

“ဆြာဒင့်အကြံလွှတ်ကောင်းဗျာ။ ကားနဲ့ဆိုတော့ မြေပြင်ကနေ ဝေဟင်ကိုလှမ်းပစ်မဲ့ဒုံးကျည်ရန်ကြောက်စရာမလိုတော့ဘူးခင်ဗျ။ ကားကြီးကလည်း ကောင်းလိုက်တာရက်စက်ချက်”

“ဒါနဲ့ ဆြာဒင်၊လာမဲ့ ၂၀၁၅ရွေးကောက်ပွဲမှာသုံးသင့်မသုံးသင့် အခြေအတင်၊ငြင်းခုန်နေကြတဲ့ပီအာစံနစ်ဆိုတာ ဘယ်လိုဟာတုန်းဗျ”

ကပ္ပလီငယ်၏မေးခွန်းကြောင့်၊ရှပ်ထွေးပွေလီလှသောထိုပီအာစံနစ်ကိုဥာဏ်မမီလေသည့် ဆြာဒင့်ခမျာငယ်ထိပ်မြွေပေါက်သလိုဖြစ်ရုံမက တုပ်ကွေးဖျားပါပြန်ပေါ်ချင်စိတ်ပေါက်လာ၏။သို့သော်ဆြာစာရင်းဝင်ပီပီ ဆြာသိသမျှကိုကား ဟိတ်ဟန်မပျက်၊သတိကြီးစွာဖြင့်မှင်သေ သေတုန့်ပြန်ရသည်။

“ဒါကဒီလိုရှိတယ်ကွ။အမှန်က နိုင်ပုံမပေါ်လို့ ထွင်တဲ့ဇာတ်လမ်းဖြစ်ပုံရတယ်။နာဂစ်နည်းတွေ၊အကြံအဖန်ကြိုတင်မဲတွေနဲ့ ကလိမ်ကကျစ် ကျနည်းတွေက အားလုံးရိပ်မိနေလို့ကွ။နိုင်ရင်ပြီးရောဆိုပြီးအကွက်ဇယားဆွဲဖို့ကြိုးစားကြတယ်ထင်ပါရဲ့”

“ဟား၊ဆြာဒင်ရှင်းကာမှ ပိုရှုပ်ကုန်ပါပြီ။လူနားလည်အောင်ဒဲ့ရှင်းစမ်းပါဆြာရယ်”

တပည့်ကျော်တို့၏မချင့်မရဲဖြစ်သံအဆုံးတွင် တဗျင်းဗျင်းကုပ်နေမိသော ဆြာဒင်၏ဦးခေါင်းအတွင်းသို့ ရတနာပုံဇာတိ၊ရှစ်ဆယ့်ရှစ် မျိုးဆက်ဟောင်း ကိုရင်ပဏ္ဍိတ်ထွန်း၏ဖေ့စ်ဘွတ်ပါစတေးတပ်တစ်ခုသည်လျှပ်ပြက်သလိုဝင်ရောက်လာခဲ့လေရာ အဖိုးတန်လှသော ကောက်ရိုးတမျှင်ကို ဆြာဒင်အချိန်မီဆွဲယူလိုက်ရပါ၏။

“ပဏ္ဍိတ်ထွန်းဆိုတဲ့မဟာပညာကျော်လေးကတော့ ဒီလိုဆိုသဟ၊” 

“ဘယ်လိုများပါလိမ့်။ကြားပါရစေဆြာ”

“မြန်မာပြည်မှာ PR စနစ်ကိုကျင့်သုံးဖို့ကြံစည်နေတာဟာ ဓမ္မတာတောင်မလာသေးတဲ့ မိန်းမငယ်လေးကို လင်ပေးစားဖို့ကြံနေကြ တာပါလားလို့ နားလည်လိုက်ပါတယ်။ ဒီလိုစဉ်းစားတာဟာ ကိုယ့်သမီးအရင်းမဟုတ်လို့ပါ။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ရှေ့ဆက် ဘာတွေဖြစ်မယ်ဆိုတာသိသိချည်းနဲ့ လုပ်နေကြတာပါ။ မိန်းမငယ်အတွက်မစဉ်းစားပဲ ငတေမာပြီးရောစဉ်းစားချက်ပါ။ မိဘအရင်းက တော့ လင်ပေးစားတောင် ကိုယ့်သမီးရဲ့အသက်အရွယ် ရင့်ကျက်မှု အိမ်မှုကိစ္စနိုင်နင်းမှု အသိပညာ စသဖြင့်ပေါ့လေ၊ တော်၏မတော်၏
ဘက်ပေါင်းစုံက စဉ်းစားမှာပါ။ ကျနော်ကတော့လက်ရှိမြန်မာပြည်နဲ့ PR လို့ခေါ်တဲ့ လွှတ်တော်တွင်း အချိုးကျကုလားထိုင်လုရေး စနစ် ကို ဤသို့ ဤပုံဟု နားလည် ပါကြောင်း...၊တဲ့ဗျား”

“အမလေးလေး၊ရှင်းချက်တော့ ဂျပန်ရေချိုးသလို ကွင်းကွင်းကွက်ကွက်လင်းလက်သွားတာပါပဲကလား။ လူပုသလောက်တယ် ဥာဏ်ကြီးသကိုး။အမြည်းပေးတာနဲ့တင် ဝမ်းသုံးခါသွားပါတယ်ဆြာ။လွှတ်တော်ထဲရောက်မှ ဆက်ပြီးစပ်စုကြအုံးစို့ရဲ့” 

(သုံး)
နေပြည်တော်ဟူသည်ကား ပြည့်ရှင်မင်းတို့စံရာအရပ်ဟုဆိုသော်ရနိုင်လေသည်။ စိတ်သည်ဆန်းကြယ်လှချေ၏။ နိုင်ငံ့အရေး အရာ ကိစ္စကြီးငယ်မှန်သမျှ ဆွေးနွေးတိုင်ပင်ဆုံးဖြတ်ရာလွှတ်တော်အဆောက်အဦးကြီးထည်ဝါခန့်ငြားလျက်ရှိဟန်ကို မြင်ရသည့် ဆြာဒင်မှာ ဂေါပကဂိုက်ဇွတ်ဖမ်းနေသော၊ဖိုးတွမ်တီး စစ်စစ်ကြီးကို မြင်ရသလို မဆီမဆိုင်ခံစားမိလေ၏။

မာစီးဒီကားကြီးနှင့် သစ်လွင်တောက်ပနေ သောဥရောပဝတ်စုံအသီးသီး၊(NOTE BOOK)ကိုယ်စီဖြင့် လူကြီးလူကောင်းစတိုင်ပေါက်နေသော ဆြာဒင်နှင့်အဖွဲ့အား သက်ဆိုင်ရာ လုံခြုံရေးတို့က လွှတ်တော်ကိုလာရောက်လေ့လာသည့်နိုင်ငံတကာဂုဏ်သရေရှိ ဧည့်သည်တို့နှင့်ထင်မှတ်မှားကာ အလွယ်တကူ ဝင်ရောက်ခွင့်ပြုခဲ့ကြပါ၏။

“ဆြာ၊ဆြာ၊ဟိုမှာ ဘူးလက်၊ဂျနီဖာ၊မသာကြီးဗျ”

တပည့်ကျော်တို့၏အလန့်တကြားအသံကြောင့် သင်းတို့လက်ညှိုးညွန်ရာအရပ်သို့ ဆြာဒင်လှမ်းကြည့်မိချိန်တွင်ကား သတင်းမီဒီယာ စာမျက်နှာများတွင် ပြောင်မြောက်သောစကားလုံးတို့ဖြင့်အထူးရေပန်းစားလျက်ရှိသော ကြံ့ခိုင်ရေးအမတ်မင်းစစ်ဗိုလ်လူထွက်ကြီးအား တွေ့မြင်ရပါ၏။”ဗိုလ်ချုပ်မှူးကြီးဟောင်းကွယ်လွန်ပါကနိုင်ငံတော်ဈာပနအဖြစ်ကျင်းပပေးရန်၊နိုင်ငံတော်အလံကိုတိုင်တစ်ဝက်လွှင့်ထူ ရန်နှင့်မြန်မာကိုကမ္ဘာကသိစေခဲ့သော ခေါင်းဆောင်တစ်ယောက်အဖြစ် ကျောင်းသုံးပြဌာန်းစာအုပ်များတွင်ထည့်သွင်းလိုသည်”ဟု  သူမကြာခင်ရက်ပိုင်းကမှ ဖွင့်ဟခဲ့သော ဂန္ထဝင်စကားတစ်ချို့ကိုလည်း ဆြာဒင်ကြားယောင်မိပါ၏။မည်သို့ပင်ဆိုစေ၊ဆြာပီသစွာ တပည့် တို့ကို ဆြာဒင်ဆိုဆုံးမရချေသည်။

“ဥပဓိရုပ်ကတော့လူပုံချောကွ။သူ့ဆရာသေတော့မှာကိုသူကြိုသိနေတယ်ထင်ပါရဲ့။ဆရာကောင်းတပည့်ပီသရှာပါပေတယ်။အာချောင်တာကို နည်းနည်းလျော့ကြကွယ်တို့”

ထို့နေ့လွှတ်တော်အစည်းအဝေးကား ပီအာစံနစ်အပေါ်အခြေအတင်စတင်ဆွေးနွေးကြမည့်နေ့ဖြစ်ရာ ဆြာဒင်တို့လာရကျိုးနပ်သည်ဟု ဆိုရပေမည်။တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်သုံးဆယ်ကျော်ကား ထိုနေ့တွင်ဆွေးနွေးမည့်အဆိုပါခေါင်းစဉ်ကြောင့် အစည်း အဝေးကို ခွင့်တင်သပိတ် မှောက်ကြသည်ဆိုပါ၏။ပီအာကျင့်သုံးသင့်ကြောင်း အဆိုပြုချက်အဆုံးတွင်ပင် အန်အယ်ဒီလွှတ်တော်ကိုယ် စားလှယ်အားလုံး တစ်ညီတစ်ညွတ်တည်းမတ်တတ်ရပ်ကန့်ကွက်ကြလေပြီ။ 

အန်အယ်ဒီကိုယ်စားလှယ်ဒေါ်ခင်သန္တာ၏ ကန့်ကွက် အဆိုကား ထိရောက်ပြတ်သား လှချေ၏။

“အခုလက်ရှိ အခြေအနေမှာလည်း၊ ကျွန်မတို့ရဲ့ အုပ်ချုပ်ရေးဖွဲ့အစည်းအဆင့်ဆင့်ကိုလည်းပဲ ကျွန်မတို့ပြည်သူတွေက ရွေးချယ်ခွင့် မရပါဘူး။တရားစီရင်ရေး မဏ္ဍိုင်မှာလည်းပဲ ပြည်သူ့ဆန္ဒမပါပါဘူး။အခုတခါ ဥပဒေပြုရေးမှာပါ ဒီစနစ်ကြောင့် ပြည်သူ့ကိုယ်စားလှယ်များ ကို တိုက်ရိုက်မဲပေးခွင့် တိုက်ရိုက်ရွေးချယ်ခွင့် မရှိတော့ဘူးဆိုရင် ကျွန်မတို့နိုင်ငံဟာ ဘာနိုင်ငံဖြစ်နေပြီဆိုတာ ကမ္ဘာမှာချပြဖို့ အင်မတန် ခက်ခဲပါလိမ့်မယ်။ဒီမိုကရေစီနိုင်ငံပါလို့ ကြွေးကြော်ပြရုံသက်သက်ပဲဖြစ်နေပါလိမ့်မယ်။

နိဂုံးချုပ်အနေနဲ့ တင်ပြလိုတာကတော့ ဒီမိုကရေစီစနစ်မှာ ကျွန်မတို့တွေအားလုံးဟာ အနိုင်အရှုံးကို ရင်ဆိုင်ရဲရပါလိမ့်မယ်။ပြည်သူရဲ့ ရွေးချယ်မှုကို သတ္တိရှိရှိ၊သိက္ခာရှိရှိ လက်ခံ ရပါလိမ့်မယ်။အမြဲတမ်းအနိုင်အမြဲတမ်းအရှုံးဆိုတာ ဒီမိုကရေစီမှာ ရှိမှာမဟုတ်ပါဘူး။ကျွန်မတို့ ရွေးကောက်ခံကိုယ်စားလှယ်များရဲ့ သတ္တိနဲ့ သိက္ခာကို ရွေးကောက်ပွဲစနစ်တစ်ခုကို ပြောင်းလဲကျင့်သုံးစေခြင်းဖြင့် အပြစ်မဟုတ်သလို မဖုံးကွယ်ပါရစေနဲ့။ မဖုံးကွယ်ကြ ပါနဲ့လို့ တိုက်တွန်းရင်း အဆိုကိုကန့်ကွက်ကြောင်း အဆိုပြုတင်ပြအပ်ပါတယ်ရှင်”

ဆြာဒင့်တပည့်ကျော်တို့ကား ဖြေဆည်ရာတစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိကြလေသည်ထင့်။မျက်လုံးရောနားရွက်ပါမခတ်၊အသက်ကို ပင်ရှူကြအံ့မထင် ပါးစပ်အဟောင်းသားဖြင့် ဝမ်းသာအားရအမူအယာကိုယ်စီရှိကြကုန်လေ၏။

(လေး)
တစ်ဆက်တည်းမှာပင် ဆြာဒင်နှင့်တပည့်ကျော်တစ်သိုက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ မှတ်သားထိုက် သောလိုတိုရှင်းအောက်ပါအဆိုအမိန့်ကိုလည်း ကြားနာခွင့်ကြုံခဲ့ပြန်ပါသည်။အဆိုပါမိန့်ခွန်းကား ….၊

“ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ချင်ဘူးဆိုပြီးတော့ တောင့်ခံနေတဲ့ ပုဂ္ဂိုလ်များဟာ အကြောင်း(၃)ကြောင်းပဲရှိရမယ်။တစ်ခုကတော့ စေတနာမရှိလို့ပဲ။ကျွန်မတို့ပြည်သူတွေအပေါ်မှာ စေတနာမရှိလို့ ကိုယ့်အတွက်ပဲ ကိုယ်စေတနာရှိလို့ မပြင်ချင်တဲ့သူတွေ ဖြစ်ရမယ်။ နောက်တစ်ကြောင်းကတော့ ပညာမရှိလို့ဖြစ်ရမယ်။သေသေချာချာ စဉ်းစားဆင်ခြင်ပြီးတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကျွန်မတို့ နိုင်ငံအတွက် မကောင်းဘူးဆိုတာကို မဆင်ခြင်တတ်လို့ရင်လည်း ဖြစ်ရမယ်။နောက်ဆုံးတစ်ခုကတော့ စေတနာလည်း ရှိပါရဲ့၊ ပညာလည်းရှိပါရဲ့။သတ္တိမရှိလို့ မပြင်ရဲတဲ့သူတွေလည်း ရှိနိုင်တယ်လို့ ကျွန်မပြောပါမယ်။

ကျွန်မတို့ရဲ့ ပြည်သူတွေအားလုံးဟာ စေတနာရှိရှိပညာရှိရှိ သတ်္တိရှိရှိနဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ၊ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အတွက် နောင်လာမဲ့မျိုးဆက်တွေရဲ့ ကောင်းကျိုး အတွက် ပြင်ဖို့ကို ဝိုင်းဝန်းပြီးတော့ ထောက်ခံကြပါ” ဟူ၏။
တပည့်ကျော်တို့မှာ အဆိုပါမြွက်ဟစကားကြောင့် စိတ်ဓာတ်အင်အားမိုးထိမယောင်အထိတက်ကြလျက် ဆြာဟန့်တားနေသည့်ကြား မှပင် တီးတိုး တီးတိုးသဖန်းပိုးလုပ်လာကြလေတော့သည်။
“လက်စသတ်တော့ ပီအာစံနစ်ဟာ မကြာခင်ရောက်လာတော့မဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် အနီးကပ်ဆုံးရန်သူပဲဆြာ ဒင်ရ”

“ဒီစံနစ်ကို ဘယ်သူကများ ရွှေဥာဏ်တော်စူးရောက်ပြီးလွှတ်တော်တွင်းအဆိုအဖြစ်ရောက်လာအောင်ဆောင်ကြဉ်းခဲ့ပါလိမ့်ဗျာ”
“စစ်ဗိုလ်ချုပ်ဟောင်းကြီးကို ဗြောင်သဘောကျနေတဲ့ ခေါင်းဖြူစွယ်ကျိုးဘွားတော်ကြီုးလို့ကြားတယ်ဆြာဒင်၊ ဟုတ်လားဗျ။ ဒါခမောက် သူခိုးတွေ ဂဠုန်ဆားချက်တဲ့ဂွင်ဖြစ်ရမယ်ဗျ”

“ကဲ ကဲမောင်တို့။အသံကြောင့်ဖားသေသတဲ့ကွယ်ရို့၊အခုငတို့ရောက်နေတာ လွှတ်တော်ခန်းမကြီးထဲမှာကွဲ့။ နှုတ်ကိုစောင့်စည်းကြပါ လော့ ငါ့ရှင်တို့”

ဆြာဒင်ကား အချိန်မရွေးကျရောက်လာနိုင်သည့်ဘေးကို တွေးမြင်သည့်အလျောက် တပည့်ကျော်တို့အား ကြိမ်ဖန်များစွာ သတိပေးတား မြစ်စကားဆိုခဲ့ပါသော်ငြား ငယ်နုသူတို့ဖြစ်သည့် အားလျော်စွာ ခံစားချက်ကိုမမြိုမသိနိုင်ကြလေသည့် တပည့်ကျော်တို့၏မမျှော်လင့် ထားသည့်လုပ်ရပ်ကြောင့် ဆြာဒင်တစ်ယောက်၊တစ်ခေါင်းလုံးရှိဆံပင်ဖြူများပင်ထောင်ကာ မျက်လုံးမျက်ဆံပြူးရသည့် ကိန်းဆိုက်ရ သည်မှာ လေမင်းသား၏နုတ်ဘုတ်(NOTE BOOK)အတွင်းမှထွက်ပေါ်လာသည့် အောက်ပါအသံကြောင့်ဖြစ်လေရာ ယင်းအသံသည် လွှတ်တော်ခန်းမ တစ်ခုလုံးကိုဖုံးလွှမ်းသွားခဲ့လေသည်။

(ငါး)
“တိုင်းရင်းသားစည်းလုံးရေးညီညွတ်ရေး၊ပြည်သူလူထုညီညွတ်ရေး၊အဲဒီညီညွတ်ရေးမတည်ဆောက်နိုင်ကြသမျှကာလပတ်လုံး၊ဘယ်ပါတီ တက်တက်၊ဘယ်အစိုးရတက်တက် ဖာသည်လိုနိုင်ငံမျိုးဆက်ဖြစ်ဦးနေမှာပဲ။ဒီတော့ကာ အဲဒီနှစ်ချက်ကို ခင်ဗျားတို့ဖက်က မပျက်ကြပါ စေနဲ့။စားဖားတွေညီညွတ်တာ ကျုပ်မလိုချင်ပါဘူး။ဒီနေ့ကစပြီး ခင်ဗျားတို့ အကျင့်ဆိုးတွေ၊အကျင့်ဟောင်းတွေ စောက်ကျင့်တွေကို ပြင်ကြဖို့လိုပြီဟု ဒီနေ့ကျနော်ပြောခဲ့ချင်တယ်”

“ကဲ၊လွှတ်တော်အထူးလုံခြုံရေးတွေ ရောက်မလာခင်၊လစ်ကြစို့ဆြာဒင်”

တပည့်ကောင်းပီသလှကြပေစွ။ဘယ်အချိန်က ဘယ်လိုလက်ဆော့စီစဉ်လိုက်ကြသည်ကို ဆြာကိုယ်တိုင်ပင် မသိလိုက်ရပဲ တပည့်ကျော် တို့ကိုယ်ပိုင်အစီအစဉ်ဖြင့်ရင်ဖွင့်လိုက်ကြသော အမျိုးသားခေါင်းဆောင်ကြီး၏ မိန့်ခွန်းသံအဆုံး လွှတ်တော် စင်မြင့်ရှေ့တည့်တည့်မှ အပြေးတစ်ပိုင်းခတ်သုတ်သုတ်လစ် ထွက်သွားကြလေသည့် သင်းတို့နောက်သို့ ဆြာဒင်ခမျာ နလံထဝေဒနာနှင့်ပင် ဒရောသောပါး နောက်တော်က မှီအောင် ခြေကုန်သုတ်လိုက်ခဲ့ရသည်မှာ အသက်ထွက်မတတ်ဟောဟဲလိုက်ချေပြီတည်း။

ဖူးခက်မြို့တစ်ခိုတွင်ထိုင်းပုလိပ်ရန်စွယ်ကို ရှောင်တိမ်းနေကြစစ်ရည်ဝနေကြသည့် တပည့်ကျော်တို့ကား မလွယ်ပေါက်ကို ကြိုတင်ရှာ ဖွေထားကြပြီးဖြစ်သည့်အလျောက်၊မားစီးဒီးကားကြီးပေါ်တွင် လေချွန် မပျက်အငြိမ့်သားရောက်နေကြချိန်တွင် ဆြာဒင်လည်း ဟောဟဲလိုက်နေသည့်ကြားမှကားကို အလျင်အမြန်စက်နှိုး၍လီဗာကုန်စွတ်တင်ကာ မြဝတီနယ်စပ်သို့ ဦးတည် မောင်းနှင်လိုက်ရ လေတော့သည်။

အချိန်မည်မျှကြာအောင်၊မည်သို့မည်ပုံ ကားကို မောင်းနှင်ခဲ့လေသည်ကို ဆြာဒင်ကိုယ်တိုင် လုံးဝမှတ်မိခြင်းမရှိတော့သည့်နောက် မြဝတီ မဲဆောက်ထိုင်းမြန်မာနယ်စပ်ချစ်ကြည်ရေးတံတားကြီးကို ဖြတ်ကျော်ပြီးချိန်တွင်ကား တပည့်ကျော်တို့သည် အမျိုးသားရေးတာဝန် တစ်ရပ်အားကျေပွန်ခဲ့သည့် မျက်နှာပေးကိုယ်စီဖြင့် ငိုက်မျဉ်းလိုက်ပါနေစဉ်မှာပင် “ပီအာအလိုမရှိ၊ပီအာအလိုမရှိ”ဟု ယောင်ယမ်း ရေရွတ်ဆဲ ရှိ ကြကုန်၏။

(တစ်)
ကမ္ဘာကျော်ဓာတ်ရှင်မင်းသားကြီး ချောင်ယွန်ဖတ်နှင့်လွန်စွာဆင်တူ၍ အမြဲတမ်း၊ မညှိုးပန်းပမာ၊ရှိနေတတ်သည့် ဆြာဒင်တစ်ယောက် နေပူလိုက်မိုးရွာလိုက် ၊ဖောက်ပြန်လျက်ရှိသည့် ဥတုသမယကာလ၌ ဇရာ၏မိတ်ဖက် ဗျာဒိတည်းဟူသော တုပ်ကွေးကြောင့် ၊ရုပ်အဆင်း အင်္ဂါသည် ဂျက်စပဲရိုးရုပ်သွင်၊၊

ခွေလေးနဲ့ အတူတူ ခြေထောက် ပြန်ကောင်းခဲ့တဲ့ သခင်မလေး



Lindsey လို့ အမည်ရတဲ့ အသက် ၂၈ နှစ် အရွယ် အမျိုးသမီးဟာ တစ်ချိန်တုန်းက ဂျာမနီ နိုင်ငံက အက ပညာရှင် တစ်ဦး ဖြစ်ပါတယ်။ ပြဇာတ် တစ်ခုမှာ အက အက်ဆီဒန့် တစ်ဦးကြောင့် ခြွေခွင် လွဲသွားပြီး တွန်းလှဲပေါ်မှာသာ နေရတဲ့ ဘဝကို ရောက်သွား ပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၇)

သစ်ထူးလွင်


Monday, July 28, 2014

ကောင်းကင် အပေါက်နဲ့ မိုးခေါင်ရေရှား ရပ်ဝန်း (၂)

ဗိုလ် နင့် July 28, 2014 at 9:54am
 
၁။
အနုပညာဟာ အကုသိုလ်ပဲ
အနုပညာဟာ အကုသိုလ်တွေပဲ
အနုပညာဟာ……………………………..
အ…..ကု……….သိုလ်တွေပဲ
ပြောပြီး အနုပညာရှင်ဟာ
အနုပညာကြီးကို ရိုက်ချိုးပစ်လိုက်တယ်

အောင်ပွဲသို့ချီရာဝယ်။ ။

အောင်ပွဲသို့ချီရာဝယ်။ ။

နံနက်စောစော လမ်းလျှောက်ထွက်လာသော ဗိုလ်သိုက်တစ်ယောက် ဆြာဒင်နှင့်လမ်းမှာ ဆုံမိကြ၏။ဆြာဒင်အူမြူးနေပုံရသည်။

ဆြာဒင်။ ။ အပြင်ထွက်လာခါနီးမှ အိမ်ကဘွားတော်ကို ဖနောင့်နဲ့ဆယ်ချက်လောက်ပေါက်ပစ်ခဲ့ရသေးဗျာ။

ဗိုလ်သိုက်။ ။ (အံ့သြတကြီးမျက်နှာဖြင့်) တယ်ဟုတ်ပါလား ဆြာဒင်၊နည်းလမ်းကောင်းလေး ဘာလေး မစပါဦးဗျာ။ဆြာဒင့် ဇကို ကျုပ်ယုံတယ်။ ကျုပ်မတော့ စောစောစီးစီး၊ထမင်းအိုးတစ်လုံးတောင် ထချက်ခဲ့ရသေး။

ဆြာဒင်။ ။ အော်...၊သူပြောတဲ့နေရာတွေ ရွေးပြီးပေါက်ရတာပေါ့ဗျ။ အကြောတွေတက်လွန်းလို့တဲ့ ။

ဗိုလ်သိုက်။ ။ဂိန် ။။

ရုပ်ပုံ။ ။ဂူဂဲလ်

နံနက်စောစော လမ်းလျှောက်ထွက်လာသော ဗိုလ်သိုက်တစ်ယောက် ဆြာဒင်နှင့်လမ်းမှာ ဆုံမိကြ၏။ဆြာဒင်အူမြူးနေပုံရသည်။
ဆြာဒင်။ ။ အပြင်ထွက်လာခါနီးမှ အိမ်ကဘွားတော်ကို ဖနောင့်နဲ့ဆယ်ချက်လောက်ပေါက်ပစ်ခဲ့ရသေးဗျာ။

MPT လူလေးသို့  အဘစည် ရဲ့  ပေးစာ....။

လူလေး MPT အဘ မင်းကို စိတ်တိုတယ်ကွာ ..လူလေးစိတ်တော့မဆိုးနဲ့  .။
အဘ က ပွင့်ပွင့်လင်းလင်းပဲ ပြောတတ်တယ်..။ လူလေး သိထားရမှာက MPT ကို မြန်မာလူထု တစ်ရပ်လုံးက အားပေးချင်တယ် ဆိုတာပါပဲ..။
နိုင်ငံခြားက ဆက်သွယ်ရေး အော်ပရေတာတွေ ကိုယ့်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံကြတယ် ...အေး ဒါပေမယ့် အဘတို့ တွေ အားပေးချင်တာက ကိုယ့် မြန်မာ ဆက်သွယ်ရေး အော်ပရေတာကိုပဲ ဆိုတာ လူလေး သိစေချင်တယ်..။

ဒိုင်ယာရီအပိုင်းအစလေးများ ( ၂ ) ပိုးစုန်းကြူးတစ်ကောင်၏ဆန္ဒ

Ven Pannasami July 12, 2014 at 10:48pm
ရွှေပြည်ကိုပြန်ရောက်၍ မကြာမီပင် တရားဟောပလ္လင်ပေါ်သို့တက်ရသည်။ ရန်ကုန်မြို့ တွင် ရပ်ကွက်တိုင်းလမ်းတိုင်းလိုလိုပင် တရားပွဲများအပြိုင်အဆိုင်ကဲ့သို့ထင်ရလောက်အောင်ပင် ကျင်းပကြသည်။ ပြည်သူများကလည်း နာမည်ကြီးဓမ္မကထိကအကျော်အမော်ဆရာတော်များ၏ တရားတော်များကို အဝါးဝစွာ နာကြားထားကြသဖြင့် မိမိလိုအတွေ့အကြုံနုနယ်သော ဓမ္မကထိက တစ်ပါး၏ ဟောပြောချက်တို့ကို စိတ်ဝင်စားနိုင်ပါ့မလား ဟူသော သံသယစိတ်ကလည်း မဝံ့မရဲဖြစ်အောင် ဆွဲချနေတော့သည်။ သို့သော်  မိမိလေ့လာထားမိသမျှကို ပြောချင် သိစေချင်သော ဆန္ဒကားပြင်းပျလျှက်သာ ရှိသည်မို့ တက်ကြွစွာပင်ဟောပြောဖြစ်ခဲ့သည်။ မိမိ၏ ဟောကွက်ပြောကွက်များမှ အားနဲသည့်အရာများကို မိတ်ဆွေရဟန်းတော်များနှင့်ဒကာ ဒကာမများက အပြုသဘောဆောင်သော စိတ်ထားကောင်းများဖြင့် အကြံပြုဆောင်မကြသောကြောင့် မိမိ၏အားနဲချက်များကို ပြင်ဆင်နိုင်ခဲ့သည်။

အပျိုရည်အဖျက်ခံရတဲ့ တောင်သမန်



ကျွန်တော်တို့ မန္တလေးမြို့ကြီးက မင်းနေပြည်တော် ဖြစ်ခဲ့တာ နဲ့အညီ လည်စရာ ပတ်စရာ သမိုင်း ၀င်နေရာတွေဟာ လွန်စွာမှ ပေါများပါတယ်။ အဲ့ဒီထဲမှာမှ မြန်မာသိ ကမ္ဘာသိ သမိုင်းဝင် ရှေးဟောင်း ဦးပိန် တံတားကြီးလည်း တစ်ခု အပါအ၀င်ပါပဲ။ မန်းလေးကို လာရောက် လည်ပတ်ကြတဲ့သူတိုင်း မသွားမဖြစ် သွားကြတဲ့ နေရာ တစ်ခုလည်း ဖြစ်ပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၇)

သစ်ထူးလွင်


Sunday, July 27, 2014

ဟာသအသုတ်စုံ (၁၂)

#‎မကောင်းတာက‬

အရက်စွဲစွဲ မြဲမြဲသောက်နေတဲ့ လူနာကို ဆရာဝန်က.....
"ခင်ဗျား အရက်သောက်လာတာ ဘယ်လောက်ကြာပြီလဲ"
"နှစ်သုံးဆယ်"
"နှစ်သုံးဆယ်အတွေ့ အကြုံထဲကနေ အရက်ရဲ့ မကောင်းပုံလေး တစ်ခု လောက်
ပြောပြပါလား။

သူကြီးနှင့် သူ၏သမီးများ

ထိန်ပင်ရွာသူကြီးဦး ဖိုးခ တစ်ယောက်

အိမ်ရှေခန်းမှာခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်မှာအတော်ကြာနေပေပြီ။

မကြာခဏရပ်ပြီး သက်ပြင်းလည်းချနေတတ်သည်။လက်ထဲက ဆေးတံကိုမီးညှိပြီး

ပက်လက်ကုလားထိုင်မှာထိုင်ချလိုက်သည်။အိမ်အတွင်း ကိုလှမ်းပြီး

``သမီး....စာဥ  ရေ.....´´

``လာပပီ ဖေဖေ ´´

အငယ်ဆုံးသမီးလေးက၀တ်မှုန်ရွှေရည်အသံလေးနှင့် လာပါပြီ ကို လာပပီလို့

ချွဲနွဲ့ နွဲ့လေးပြောပြီးပြေးဝင်လာသည်။

``နင့်အမတွေဆီ ကဘာတွေထူးသေးတုန်းဟ ´´

``ထူးတယ်...အဘ ရဲ့ မမကြီး ကျေး ဥ ကပြီးခဲ့တဲ့ လဆန်း သားလေးမွေးတယ်တဲ့

ထန်းတစ်ပင်ကလူတွေလာတုန်းကပြောသွားတယ် အဘရဲ့ ´´

``ဟေ.....ဟုတ်လား ..ဒါဆို...ငါမြေးရပြီပေါ့ ´´

    ဦးဖိုးခ ကပြုံးဖြည်းဖြည်းနှင့်သဘောကျသွားသည်။ဒါကလည်းမဆန်းမြေးဦးရသည့်

အဖိုးတိုင်းဖြစ်တတ်သည်ပင်၊ယောက်ကျားလေးဆိုတော့ပိုလို့ဝမ်းသာသွားသည်။

``ဟုတ်ပါ့အဘ ရယ် ရသမှ မြေးသုံးယောက်တောင်တော့ ´´

စာဥ ...စကားကြောင့်ဦးအောင်ထက်ရုတ်တရက်ကြောင်သွားပြီး...

`` ဟင်...ဘယ်လိုတုန်း လုံမ ရဲ့ ´´

``သရက်ညီနောင်က အမလတ် မရွှေဥ လေ ...မနေ့ကအမွှာပူးးမွေးတယ်တဲ့

ညနေကသရက်ညီနောင်က ကိုမောင်လှ ရယ်ဖဲရှုံးလို့မိန်းမအိမ်ပေါ်ကမောင်းချလိုက်လို့

ရွာပြန်လာတာ   စောစောက ထရေဘိုးဝင်တောင်းရင်း ပြောသွားလေရဲ့´´

`` ဘာလေးတွေမွေးလည်းဟ ´´

``ယောက်ကျားလေးတွေတဲ့တော့သူ့အမေလိုဖြူဖြူတုတ်တုတ် လေးတွေ ´´

သူကြီး ဦးဖိုးခ တစ်ယောက်တိတ်တစ်ဆိပ် တွေးနေမိသည်။ မြေးတွေရ လာတာကို

သွားလေသူ မိ ခင်ဥ တစ်ယောက်သိရင်ဘယ်လိုများနေပါလိမ့်လို့ တွေးနေမိသည်။

`` စာဥ ရေ အဖေ့အိပ်ခန်းထဲက  အုန်းထန်းညက်ဘူး ယူပေးစမ်း ပါ..

 ဒီမှာအကြမ်းနွေးနွေးလေးနဲ့သောက်ရအောင်....´´

 `` ဟတ်ကပ်...အပ ´´

သမီးငယ်မိရှင်းက    ကိုယ်လုံးနဲ့လုံးဝမလိုက်သော ၀တ်မှုံရွှေရည်နှာစေးနေသောအသံ

 နှင့်ဟုတ်ကဲ့အဘ...ကို နှာသံလေးနှင့်ဟတ်ကပ့်အပ    လို့ပြောပြီးထသွားသည်။

`` ဒကာ ကြီးဖိုးခရှိ လား ဟေ့ ´´

အိမ်အောက်ကခေါ်သံကြားလို့ထကြည့်လိုက်တော့ရွာဦးကျောင်းက..ဦးဇင်း

နောက်မှာလည်းခပ်ပိန်ပိန်လူုရွယ်တစ်ယောက်နှင့်။

`` ရှိပါတယ် ဘုရား...အိမ်ပေါ်ကြွခဲ့ပါဦးဇင်း ဘုရာ့ ´´

ပြောပြောဆိုဆိုအိမ်ဦးခန်းဘုရားစင်အောက်တွင်သင်ဖြူးဖျာတစ်ချပ်ကိုခင်းလိုက်သည်။

တဆက်တည်း အလှူခံတတ်သောဦးဇင်းမျက်စိကျမည့် အရာများရှိမရှိ လိုက်ကြည့်

လိုက်သည်။ခုံပေါ်က အိပ်ဆောင်ရေဒီယိုလေးကိုလည်းကပြာကရာလှမ်းသိမ်းလိုက်ပြီး

ချိန်ဦးဇင်းတို့အိမ်ပေါ်ကြွလာ၏။

`` ဒကာကြီးကျန်းမာတယ်နော်... ´´

``တင်ပါ့ဘုရားမာပါတယ် ဆရာတော်ဘုရားကြီးလည်း မျှတပါရဲ့လား ´´

`` မျှတပါ တယ်ဒကာ.... ခဏနော် ´´

ဦးဇင်းကပြောပြောဆိုဆို ဘုရားကိုဝတ်ပြုနေ၍သူကြီးနှင်ုလူရွယ်လည်း

အနောက်ကလိုက်ပြီးဦးချရလေတော့သည်။နောက်ဦးဇင်းကသင်္ကန်းကိုပြင်ပြီး

တင်ပလင်ခွေထိုင်လိုက်မှရေနွေးကြမ်းလင်ဘန်းကိုရိုရိုသေသေကပ်လိုက်သည်။

ထိုအခိုက် အိမ်ခန်းအတွင်းမှ စာဥ တစ်ယောက်အုန်းထန်းညက်ဘူးကြီးကို

ကိုင်ပြီးထွက်လာရာ ဦးဖိုးခ လည်းအလိုက်မသိသောသမီးအား

မျက်စိမှိတ်ပြလျှက်မေးကိုအိမ်ခန်းတွင်းသို့ အကြိမ်ကြမိ်ဆတ် ပြီး ပြန်ယူသွားဖို့

 ညွှန်ပြနေမိသည်။

``ဟယ်တော့...အဘ...အဘ..မျက်ကြောတွေလိုက်ပြီးလည်လိမ် နေပြီ......

လုပ်ကြပါဦး ....အဘ..အဘ ´´

 အတွေးမပေါက်သောသမီးဖြစ်သူအသံကြောင့်

``ဟုတ်ပါဘူး..သမီးရာ အဘ ဇက်ညောင်းလို့ချိုးနေတာပါ ဟ ´´

ဦးဇင်းကတော့စာဥ လက်ထဲကထန်းညက်ဘူးကိုမြင်တော့ဝမ်းသာအားရပင်

`` အာ...ဒကာကြီးကတော့လုပ်ပြီ   အုန်းထညက်တွေ နဲ့ အင်းကောင်းတယ်ကောင်းတယ်´´

`` ဟဲ့သမီးနင်ကလည်းပုလင်းကြီးနဲ့    ပုဂံလေးဘာလေးနဲ့ထည့်လာလေဟယ်´´

သူကြီးလည်း   အရှက်ပြေ အလိုက်မသိသောသမီးအားဆူငေါက်လေးငေါက်လိုက်သည်။

 “ရပါတယ်ဒကာကြီးရယ် ပုလင်းလိုက်သာကပ်လိုက် ကျောင်းရောက်မှဆရာတော်ကို

လည်းကပ်ရင်း   ဘုန်းရတာပ သာဓု သာဓု သာ.....ဓု ´´

ဦးဖိုးခ လည်းမထူးးတော့ပြီမို့ထန်ညက်ပုလင်းအားဦးဇင်းအားလက်နှစ်

 ဘက်နှင့်ရိုရိုသေသေကပ်လိုက်လေသည်။

  “ ကြွလာတဲ့ကိစ္စလေးမိန့်ပါဦး ဘုရား  ”

``ပြောရရင်တော့မင်္ဂလာသတင်းဘဲဒကာကြီးရေ...ဦးဇင်းမနေ့က လေးအိမ်စု

  ကိုရောက်ခဲ့တယ် ဆရာတော်ခိုင်းတဲ့ အလုပ်ပေါ့အဲဒီမှာ ထူးခြားတဲ့သတင်းကြားတာပါ့´´

 `` ဘာသတင်းများတုန်းဘုရာ့ ´´

`` ဘာရမတုန်းဒကာကြီးသမီးငယ် မိစိန်ဥ ရယ်ပေါ့ ´´

`` ဟင်...စိန်ဥ ဘာများ ဖြစ်လို့တုန်းဦးဇင်း....´´

``ဘာဖြစ်ရမလည်း...ဒကာကြီးသမီးကမြို့တက်ကလေးမွေးတာ

တခါတည်းမွေးတာ  လေးယောက်တောင်တဲ့ ယောက်ကျားလေးတွေချည်း

ဒကာကြီးတော့တကြိမ်တည်းသာသနာ့အာဇာနည် လေးပါးရပြီပေါ့ ´´

`` ဟိုက်......ဟုတ်ရဲ့လားဦးဇင်း ´´

ဦးဖိုးခ တစ်ယောက်ကြားလိုက်ရတဲ့သတင်းကြောင့်ဒူးတွေတုန်လာသည်။

`` ဟုတ်ပါသကော...ဒကာကြီးရယ်..သူ့ယောက်ကျားမောင်သာကျော် က

  ပျော်လို့ဆိုပြီးကလိုက်တာ ကွေးနေတာဆိုဘဲ

  မင်္ဂလာသတင်းက အဲဒီမှာတင်မရပ်သေးဘူး´´

 ``အန်...ဘယ်သူထပ်မွေးပြန်တာလည်းဦးဇင်း..´´

``မဟုတ်ပါဘူး..တမြန်နှစ်ကကျောင်းကထန်းပင်တွေလာလာတက်တဲ့

မောင်ဘတုတ် ကိုမှတ်မိလား...ဟိုလေ..သူ့ကိုယ်သူတုတ်ပြီးဒါးပြီး

တုတ်ကြီးဆိုပြီးသိုင်းကွက်တွေ ပြပြနေတဲ့ မုတ်ဆိပ် နဲ့ဒကာလေ ´´

``မှတ်မိပါပြီဘုရာ့ကျောင်းသားလေးတွေမျက်စိနောက်လို့ ၀ါးကိုင်း

နဲ့ရိုက်လိုက် တာခေါင်းပေါက်သွားတဲ့ လူမဟုတ်လား ´´

ဦးဇင်းကရေနွေးတစ်ခွက်ကိုမော့သောက်ပြီးခေါင်းတစ်ငြိမ့်ငြိမ့်နှင့်

``ဟုတ်ပါပေကောဒကာကြီး ဦးဇင်းရဲ့ ဒကာရင်းတွေလေ သူကအခု အဲ....

ယောက်ကျား ရောဂါပေါ့ ဟိုဒင်း ဟိုဟာကြီးနေလို့ လမ်းမလျှောက်နိုင်လို့

ဦးဇင်းကိုသူ့သားအရေး အကူအညီတောင်းလို့ သံဃာအလုပ်မဟုတ် ပေမဲ့

ကြွလာရတာပါ့ ဒါကသူ့သား မောင်လှချောတဲ့ ´´

ဦးဖိုးခ ကလူရွယ်ကိုအကဲခပ်ပြီးကြည့်လိုက်သည်။လူရွယ်ကသူ့ကို

မကြည့်ဘဲ...သမီးစာဥ  ကိုကြည့်ပြီးပြုံးပြခါ ခေါင်းငြိမ့်ပြနေသည်။

``ဟေ့ကောင်...မင်းဘာလို့ ငါ့သမီးကို ခေါင်းငြှိမ့်ပြရတာလည်းကွ...ဟေ´´

လူရွယ်ကပြာပြာသလဲပင်.....

``ကျ...ကျ....ကျနော်....မ...မ...မမ.ပြရပါ...ဘူး´´

``အောင်မာ...ငါပြောနေတာတောင်..မင်းကငါ့သမီးကိုကြည့်ပြီး ပြောနေသေးတယ်

ငါ့ကိုများ...ပမာမခန့်..တယ်...´´

အခြေအနေတော်တော် တင်းလာလို့ ဦးဇင်းက၀င်ပြီး

`` ဒီလိုပါ..ဒကာ ဖိုးခ ရယ်..သူကမွေးကတည်းက မျက်စိလေး နဲနဲလေး

စွေနေလို့ပါ .. မဆိုစလောက်လေးပါ´´

``ဘယ်..မဆိုစလောက်ရမှာလည်း...အဖေကြည့်မှန်းသမီးကြည့်မှန်း မသိတဲ့

ကောင်..စကားပြောတာလည်းအထစ်ထစ်အငေါ့ငေါ့ ´´

 မောင်လူချော ဆိုတဲ့သူငယ်ကမျက်နှာချိုသွေးသောလေသံဖြင့်

`` ဒါက....ဒ..ဒ.......ဒ..ဒ......ဒ.ဒယ်...ဒီလိုပါ...အဘဘ.....ဘ....ဘ..ဘရယ်´´

ဦးဇင်းကမန်း ကတန်းဝင်ပြီး.....

``ဟေ့ကောင်....မင်း တ...တ...တ..တ...တိတ်တိတ်နေစမ်း...တယ်.ငါပါလိုက်

ပြီးထစ်နေပြီ...ဒီလိုတကာကြီး...သူကစကာလည်း..နဲနဲ...ထထ...ထစ်..ထစ်တယ်´´

`` ဦးဇင်း....အဲဒါက..ကျုပ်နဲ့...ဘ..ဘ..ဘဘဘာ....ပါတ်သက်လည်း ´´

ဦးဇင်း...လည်းဆက်ပြောနေလျှင်ဆက်ထစ်နေမှာစိုးလို့ ရေနွေးကြမ်းတစ်ခွက် ကို

မော့သောက်လိုက်သည်။ပြီးမှမထစ်အောင်ထိန်းပြီး.........

``ပါတ်သက်ပါသော်ကော...ဒကာကြီးသမီး...မိစာဥက သူနဲ့လူငယ်သဘာဝ...

ရည်ငံ နေကြတာလေ..တစ်ကယ်ကြိုက်တယ်ဆိုရင်..တောင်းရမ်းပါဆိုလို့

သူ့အဖေ ငတုတ်ကြီးက  နားလာဖေါက်ခိုင်းတာလေ´´

`` ဟဲ့.....မိစာဥ..ဦးဇင်းပြောတာ...ဟုတ်လား..´´

``ဟုတ်ကဲ......အဘ ´´

``ဒီလို...တောင်တစ်လုံး...မြောက်တစ်လုံးနဲ့ထစ်နေတဲ့ ငစွေ ကို

နင်ကဘာကိုကြည့်ြ့ပီးကြိုက်တာလည်း.....´´

``အယ်...အဘကလည်း အဲလိုမပြောပါနဲ့.....ကိုကိုချောကလေ...သမီးကို

ချစ်တယ်ပြောတိုင်း အထပ်ထပ်အခါခါပြောတတ်တာ..ပြီးတော့ကိုကိုချော

အကြည့်လေးကလည်...တအားပုစ္ဆာဆန်တာအဖေ.....´´

မောင်လှချော ကလည်း အားကျမခံဝင်ပြောပြန်သည်။

``ဟ...ဟ...ဟုတ်ပါတယ်အဘ..အဘ...ဘ.....ဘသမီး..မီးကို....သ..သ..သားမှတ်မှတ်

မ...မ..မယ်...မယားမှတ်မှတ်..ပေါင်းပြီး...တသက်လုံး.....ချ...ချ...ချ..ချ...´´

သူကြီးဦးဖိုးခကခပ်မြန်မြန်ဝင်ပြီး....

``ဟေ့ကောင်...အဲ...ဒီနေ...နေ....နေရာမှာ...မယ်....မယ်...မထစ်နဲ့´´

``ကျ...ကျ....နော်နော်....နော်က...ချ..ချ..ချစ်မယ်ပြောတာ...´´

မောင်လှချောခမြာ တစ်ကိုယ်လုံး ကြွကြွ ပြီးပြောပြရှာပါသည်။

 `` ဟုတ်သားဘဲအဘ...ဘ..ရယ်...သူက...ထစ်ထစ်....ထစ်နေတာလေ´´

`` တော်လိုက်...မိစာဥ  ..ငါလေ...´´

 သမီးဖြစ်သူကို  ဒေါသဖြင့်ငေါက်လိုက်သဖြင့် ဦးဇင်းက၀င်ပြီး

``ဒကာကြီးကလည်း...သူ့အဖေကလယ် ဆယ်ဧကနဲ့ထန်းဖိုတစ်ခုလက်ဖွဲ့

ပေးမှာတဲ့.ပြီးတော...သူ့ရွာက.......´´

သူကြီ ဦးဖိုးခ ဦးဇင်းစကားများကိုနားမ၀င်တော့ အချိန်ပိုင်းလေးအတွင်း

အမျိုးမျိုးပြောင်းလည်းသွားသောမိမိဘ၀ကြောင့်အာခါင်တွေခြောက်လာသလို

အသားတွေလည်းတဆတ်ဆတ်တုန်လာသည်၊စိတ်ထဲကလည်းတွက်နေမိသည်။

`` အင်း..ထန်းတပင်ရွာသား နဲ့ယူတဲ့ မိကျေးဥ က ကလေးတစ်ယောက်

သရက်ညီနောင် ရွာသားငမဲကောင် ဖိုးဆိတ် နဲ့ယူတဲ့မိရွှေဥ မှာ ကလေးနှစ်ယောက်

လေးအိမ်စု က သာကျော် နဲ့ယူတဲ့မိစိန်ဥ မှာက ကလေး လေးယောက် ငါ့မှာတပြိုင်နက်

မြေး ခုနစ်ယောက်တောင်...အောင်မာနေပါဦး....

 ထန်းတစ်ပင်သား....ကတစ်ဆိုတော့ သားတစ်ယောက်

သရက်ညီနောင် ဆိုတော့...နှစ်...အမွှာလေးမွေးတယ်..သားနှစ်ယောက်

လေးအိမ်စုရွာသား..ကိုယူတော့ လေးမွှာပူး သားလေးယောက်....ဟင်..ဒါဆို..

  “ ဟေ့ကောင် လှချော  မင်းနေတာကဘယ်ဇာတိ...လည်း.....´´

ဦးဖိုးခ အမေးကို.... မောင်လှချောပြန်ဖြေသည်က...

``ကျ...ကျ...ကျနော်နေတာက...သုံး...သုံး သ သုံးဆယ်မှာပါ..´´

မောင်လှချော အဖြေကိုကြားသည်နှင့်ဦးဖိုးခ ရုတ်တရက်ထပြီး

သမီး စာဥ လက်ကိုဆွဲထကာ

``လာ...စမ်း မိစာဥ ..လာ...နင်တော့အကျိုးနည်းတော့မှာလာခဲ့...´´

ပြောပြောဆိုဆို ဦးဖိုးခ သည် သမီးလက်ကိုဆွဲပြီးအိမ်ပေါ်

ကနေဆင်းပြေးလေတော့သည်။အိမ်အောက်ရောက်မှပြန်အော်ပြောသည်က...

``မပေးစားဘူး..လုံးဝမပေးစားဘူး.......

.ဦးဇင်းရေ့..ကျုပ်သမီးနိုင်မယ်မထင်ဘူး....ဗျ´´...တဲ့။

                         ဘ၀အမောတွေပြေပါစေနော်........

                                     တတိုင်းမွှေး။   ။

ထိန်ပင်ရွာသူကြီးဦး ဖိုးခ တစ်ယောက် အိမ်ရှေခန်းမှာခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်မှာ အတော်ကြာနေပေပြီ။ မကြာခဏရပ်ပြီး သက်ပြင်းလည်းချနေတတ်သည်။လက်ထဲက ဆေးတံကိုမီးညှိပြီး
ပက်လက်ကုလားထိုင်မှာထိုင်ချလိုက်သည်။ အိမ်အတွင်း ကိုလှမ်းပြီး
``သမီး....စာဥ ရေ.....´´
``လာပပီ ဖေဖေ ´´

မုသားမသုံးခြင်းသည် လာဘ်တစ်ပါး


" ပိုက်ဆံနည်းနည်းလောက် ချေးပါလား " လို့
တစ်စုံတစ်ယောက်က ပြောလာငြားအံ့။ကိုယ်ကလည်း
သူ့ကို မချေးချင်ဘူးဆိုလျှင် အဖြေသုံးမျိုး ဖြစ်လာနိုင်
တယ်။
( ၁) မုသား အဖြေ
( ၂) သစ္စာ အဖြေ
( ၃) ပညာ အဖြေ

နိုင်ငံတော်သိက္ခာ (ဆောင်းပါးရှင် - လူသန့်)


စကားပြန်လုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ အမှတ်မထင် ဆုံဖြစ်ကြပါတယ်။ မတွေ့ရတာကြာပြီမို့ စကားတွေ ဖောင်ဖွဲ့နေမိကြတယ်။ သူငယ်ချင်းက သူ့ရဲ့လုပ်ငန်းနဲ့ ပတ်သက်တာတွေကိုပြောရင်း နိုင်ငံရေးနဲ့ စီးပွားရေး ဆက်စပ်မှုရှိနေတဲ့အကြောင်း စကားရောက်သွားကြတယ်။ နိုင်ငံတစ်နိုင်ငံဟာ အေးချမ်း တည်ငြိမ်လာတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေ ဦးမော့လာပြီး တိုးတက်လာမှာ အမှန်ပါပဲ။

ဒိုင်ယာရီ အပိုင်းအစလေးများ ( ၁ ) ပိုးစုန်းကြူးတစ်ကောင်၏ ဆန္ဒ

Ven Pannasami July 10, 2014 at 9:50pm
မိမိသည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အမိရွှေပြည်သို့ ဘယ်နှစ်ကြိမ်မြောက်မှန်း မသိဘဲ ပြန်လည်ရောက်ရှိခဲ့သည်။ အိန္ဒိယမှလည်း ပြန်ခဲ့ဖူးသောကြောင့် ပြန်ခဲ့ဖူးသည့် အကြိမ်ရေကို သေချာစွာမှတ်မထားမိတော့ပေ။ ဖင်လန်နိုင်ငံမှ ပြန်ရောက်သည်ကား နှစ်ကြိမ်မြောက်ဖြစ်သည်။ ရန်ကုန်လေဆိပ်သို့မဆင်းသက်မီ ကောင်းကင်ယံမှရန်ကုန်မြို့ ၏ အစွန်တစ်နေရာကို မြင်ရသည် ဆိုလျှင်ပဲ ရွှေပြည်၏အမည်ဖေါ်၍မပြနိုင်သော အရိပ်အရောင်နှင့်အငွေ့အသက်တို့က ရင်ထဲတွင်ဆို့နင့်စွာ ခံစားစေသည်။ ရွှေပြည်ကြီးသည် သူ့ထံသို့ပြန်လာကြသည့် သူ၏သားသမီးများဖြစ်သော ပြည်သူပြည်သား မှန်သမျှကို ထိုကဲ့သို့ ဆို့နင့်အောင်ကလူကျီစယ်တတ်သော အလေ့အထရှိပုံပေါ်သည်။ လေယာဉ်ပေါ်မှ ဆင်းသက်ပြီး၍ Immigration ကို ဖြတ်ကျော်သောအခါ တစ်ခါတစ်ရံ မနှစ်မြို့ ဘွယ်ရာ ဓာတ်ပုံရိုက်ခြင်းကို ခံရသည်။ လေဆိပ်မှပြန်လည်ထွက်ခွါသည့်အခါတိုင်းတွင်မူကား အမြဲဓာတ်ပုံရိုက်ယူသည်ကို ကြုံရသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၇)

သစ်ထူးလွင်


Saturday, July 26, 2014

မာရီလင် မွန်ရိုး ဘ၀နိဂုံးမှ ရွှေရတုတိုင်


ယခု တင်ပေးမယ့်အကြောင်းကတော့ ၁၉ ရာစု ၂၀ရာစု ၂၁ ရာစုတွေမှာ ကျော်းကြားသူ တစ်ရာမှာ ထိပ်ဆုံးက ရပ်တည်တဲ့ မာရီလင်မွန်ရိုးအကြောင်းပဲဖြစ်ပါတယ်။ (ဒုတိယက အေဘရာဟင်လင်ကွန်း၊ တတိယပုဂ္ဂိုလ်က မာသာထရီဇာ တို့ဖြစ်သည်။)
မာရီလင် မွန်ရိုးဟာ မိတ်ဆက်စရာမလိုတဲ့ အနုပညာရှင်တစ်ယောက်ပါ ။
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...