Tuesday, July 22, 2014

" ထောင်ဝန်ထမ်း ဆိုးသလား "

Photo: " ထောင်ဝန်ထမ်း ဆိုးသလား "

ထောင်ဝန်ထမ်း ဆိုတာနဲ့အသားမဲမဲ ဗိုက်ရွဲရွဲ မျက်နှာပေါက်က မှုန်ကုတ်ကုတ်နဲ့
သူများတကာကို ဘယ်လိုဒုက္ခပေးရမလဲဆိုတာ တွေးနေတဲ့ရုပ်ဆိုပြီး မြင်ပလိုက်
ကြတာများတယ် ။ 

ဦးနုရေးတဲ့ ရက်စက်ပါပေ့ကွယ် တို့
သာယာဝတီထောင်မှ ငရဲခန်းများတို့ လို အရင်ခေတ်က စာအုပ်ကြီးတွေ
ဖတ်ပြီး ထောင်စနစ်ဟာ အခုအထိမပြောင်းမလဲ ကိုလိုနီခေတ်လို ရက်စက်ယုတ်မာ
ဆဲဆိုပြီး ထင်နေတဲ့လူတွေလည်း တပုံတခေါင်း ။

သူတို့အမြင်မှာတော့ အချုပ်အနှောင်ခံနေရတဲ့ အကျဉ်းသားများဟာ
အင်မတန်သနားစရာကောင်းလှပြီး သူတို့ကို ထိန်းသိမ်းရတဲ့ ထောင်ဝန်ထမ်းတွေ
ကတော့ အာဏာပါးကွက်သားတွေပေါ့လေ ။ 

အချုပ်နှောင်ခံရတဲ့အကျဉ်းသားတွေကို ထောင်ဝန်ထမ်းတွေက ဖမ်းပြီးထည့်ထား
တာမဟုတ်ဘူး ။ ရဲတပ်ဖွဲ့ကဖမ်း တရားသူကြီးက အမိန့်ချ မှ ထောင်အာဏာပိုင်
တွေက ထိန်းသိမ်းရတာပါ ။ထိန်းသိမ်းတယ်ဆိုတဲ့နေရာမှာ အကျဉ်းသားကို ရဲလက်
က လွဲပြောင်းယူလိုက်တဲ့နေ့ရက် အချိန်နာရီကစပြီး အဲ့ဒီအကျဉ်းသားရဲ့ စားဝတ်
နေရေး ကျန်းမာရေး လူမှု့ရေးကအစ ထောင်အာဏာပိုင်တွေရဲ့လက်ကိုရောက်သွား
ပြီး တာဝန်ယူရပါတော့တယ် ။

သူခိုး ၊ မုဒိန်း ၊ လူသတ် ၊ ဓါးမြ တို့လို ရာဇ၀တ်ပေါင်းစုံလုပ်လာတဲ့ ရာဇ၀တ်သားတွေ
ရှိသလို လိမ်လည်မှု့ တို့ ၊ တရားမမှု့တို့လို ရာဇ၀တ်သားတွေလည်းရှိပါတယ် ။
နိုင်ငံရေးပုဒ်မတပ်ပြီးအဖမ်းခံရတဲ့ လူမသိသူမသိ အကျဉ်းသားတွေရှိသလို ၊ ဟန်တစ်
လုံး မာန်တလုံး နဲ့ ဘယ်သူ့မှ သောက်ဂရုမစိုက်တဲ့ ပုံစံ နိုင်ငံရေးအကျဉ်းသားတွေ
လည်းရှိပါရဲ့ ။ တနိုင်ငံလုံး သိ တတိုင်းပြည်လုံးသိပေမယ့် ထောင်ဝန်ထမ်းတွေနဲ့
ညီလိုအကိုလို ဟာသပြောပြီးနှစ်ပေါက်အောင်နေသွားကြတဲ့ အဓိပဓိနိုင်ငံရေးသမား
တွေလည်းရှိပါတယ် ။ 

မ တစ်ထောင်သားဆိုတာ စစ်တပ်ထက် ထောင်က ပိုစုံပါတယ် ။ 
ဒီလိုနေရာကိုအုပ်ချုပ်တဲ့နေရာမှာ အမိန့် အာဏာ ပုံစံ နဲ့အုပ်ချုပ်ရပါတယ် ။
ကိုအေးရေ ဒီဟာလေးကို ဒီနားရွှေ့လိုက်နော်ဆိုရင် 
ကျနော် မအားသေးဘူးဆရာဆိုပြီး ပြန်ပက်တာခံရတတ်တာအမြဲပါပဲ
မောင်အေး ဒီဟာကို ဒီကိုရွှေ့ ကြားလား လို့
ခပ်တည်တည် အမိန့်ပေးမှ ဟုတ်ကဲ့ ဆရာ လို့ထလုပ်တာများပါတယ် ။

လူတိုင်းကိုတော့မဆိုလိုပါဘူး ။ လူအပေါ်ကြည့်ပြီး မူပြောင်းအုပ်ချုပ်ရတာပါ ။
ကောင်းတဲ့လူကို ကောင်းသလို ပစားပေးရသလို ၊ မကောင်းတဲ့ စည်းကမ်းဖောက်
တဲ့ကောင်ကိုလည်း မကောင်းသလို ထိန်းသိမ်းကွပ်ကဲရတာပါ ။
ဆိုလိုချင်တာက ထောင်စာအုပ်တွေဖတ်ပြီး ထောင်က၀ိ လိုလို ထောင်ပညာရှိလိုလို
လုပ်နေတဲ့ လူတွေ ထင်သလို ၊ နိုင်ငံရေးနဲ့ထောင် ကျပြီး တစ်ထောင်လုံးက အကြောင်း
အရာတွေကိုပဲ အူမချေးခါးမကျန်သိနေသလိုလို စာအုပ်ထုတ်တဲ့လူတွေ မသိတာတွေ
ထောင်လောကမှာတပုံကြီးပါ ။ 

အုပ်ချုပ်ခံ လူတန်းစားမှာမှ ခံစားချက်ရှိတာမဟုတ်ပဲ ၊ အုပ်ချုပ်သူလူတန်းစားမှာလည်း
အန်ထုတ်မရ မြိုချမရဖြစ်နေတဲ့ ခံစားချက်တွေ တပုံတပင်ကြီးပါ ။ ထောင်ထဲမှာ အရာ
ရာကို ပိတ်ပင်ထားတဲ့အတွက် အစစ အရာရာ ကျပ်တည်းလှပါတယ် ။ ပိုက်ဆံချမ်း
သာလို့ ထောင်ဝင်စာအမြဲတလဟော လာတဲ့လူတောင် ပိုက်ဆံနဲ့ဝယ်မရတဲ့ကျပ်
တည်းမှု့တွေတပုံကြီးပါ ။ နောက်ဆုံးအကုန်ပြောရရင် လေရှုရတာတောင် ထောင်
ထဲမှာ ကျပ်တည်းပါတယ် ။ ထောင်ထဲက လူဟာ လူပေါင်းစုံရဲ့အနံ့အသက်ပါဝင်
နေတာဖြစ်ပြီး ထောင်စော်နံပါတယ် ။ ထောင်စော်နံတယ်ဆိုတာ ကို ထောင်ရောက်
ဖူးတဲ့လူတွေပိုသိမှာပါ ။ ထောင်ထဲက အပြင်ရောက်လာရင်တောင် ထောင်စော်
ထောင်နံ့က စွဲပြီးပါလာတတ်တယ် ။

ကျပ်တည်းကြတဲ့အခါ ပေါများစေဖို့ အသက်ရှုချောင်စေဖို့ လိုတာလေးတွေ ၀ယ်ချမ်း
စေဖို့ တာဝန်ကျ ထောင်ဝန်ထမ်းတွေကို ကပ်ကြရပါတယ် ။ လခနည်းပြီး မိသားစု
စားအိုးကြီးတဲ့ ၀န်ထမ်းတွေ ကတော့ ပိုက်ဆံရှိအကျဉ်းသားခိုင်းသမျှ လုပ်ရတဲ့ ဘဝ
ရောက်ရပါတော့တယ် ။ ဟို အကျဉ်းသားက လည်း ပါးစပ်ကသာ ဆရာ ဆရာခေါ်
ပြီး ဟိုဟာ ၀ယ်ပေးပါဦး ဒီဟာလုပ်ပေးပါဦးနဲ့ ကျွန်ခိုင်းခိုင်းတာပါ ။ အကျဉ်းသားခိုင်းတာ
အလုပ်လွန်ပြီး တချို့ဝန်ထမ်းတွေ ထောင်ကျ တန်းကျ တဲ့အထိ အထဲကို ပစ္စည်းသွင်း
ခဲ့ဖူးတာတွေ ရှိတယ် ။ တဖြည်းဖြည်းနဲ့ အကျဉ်းသားတွေဟာ ထောင်ဝန်ထမ်းတွေကို
လေးစားမှု့လျော့နည်းလာပါတယ် ။

အဲ့ဒီအခါ မှာ လာဘ်မစား ( မစားတတ်သေးတာဖြစ်နိုင်သလို ၊ ရာထူးမက်လို့မစား
တာလည်းဖြစ်နိုင်ါပတယ် ) တဲ့ ၀န်ထမ်းပေါက်စလေးတွေ ၊ အရာရှိပေါက်စလေး
တွေနဲ့ ထောင်ဝန်ထမ်းဆို ခိုင်းဖတ်လို့ မြင်လာတဲ့ နှစ်ကြီးအကျဉ်းသားကြီးတွေ
ကြားမှာ ပြသနာတွေတက်တော့တာပဲ ။ 

ထောင် ဆိုတိုင်း ထောင်တိုင်းတူတယ်မထင်ပါနဲ့ ။ တစ်ထောင်နဲ့တစ်ထောင် အုပ်ချုပ်
ပုံ ၊ ထိန်းသိမ်းပုံ ၊ ဆက်ဆံပုံ ကွဲပြားတတ်ပါတယ် ။ လုံခြုံရေးကောင်းတဲ့ထောင်ရှိ
သလို ၊ လျော့ရဲတဲ့ထောင်တွေလည်း အများကြီးပါ ။ စည်းကမ်းကျကျ အုပ်ချုပ်တဲ့
ဝန်ထမ်းကောင်းပေါတဲ့ ထောင်ရှိသလို ၊ စည်းကမ်းပျက်နေတဲ့ ၀န်ထမ်းဆိုးများတဲ့
ထောင်တွေ လည်း တပုံကြီးပါ ။ 

ကော့သောင်းထောင် ကိစ္စမှတ်မိကြမယ်ထင်ပါတယ် ။ ကော့သောင်းထောင်ဟာ 
စည်းကမ်းပျက်ထောင်တစ်ထောင်ပါ ။ အကျဉ်းသားက ထောင်ထဲမှာ နေချင်သလို
နေ ၊ စားချင်သလိုစား ၊ လုပ်ချင်သလိုလုပ်ပြီး ထောင်ဝန်ထမ်းတွေကို ပခုန်းခြင်း
ဝင်တိုက်နေတဲ့ ထောင်ပါ ။ ၀န်ထမ်းတွေကလည်း ပိုက်ဆံရရင်ပြီးရောဆိုပြီး
အကျဉ်းသားတွေ ထောင်အပြင်မရောက်ရင်ပြီးရောဆိုပြီး အကျင့်ပျက်နေတဲ့
ထောင်ပါ ။ နောက်ဆုံး ၀န်ထမ်းဘက်က စည်းကမ်းကိုင်လာတော့ အကျဉ်းသား
တွေက လက်မခံတော့ပဲ ဆူကြတော့တာပဲ ။

နောက်ဆုံးရလာဒ်ကတော့ အကျဉ်းသားနှစ်ယောက်သေဆုံးသွားပြီးတစ်ထောင်
လုံးကို နိုင်ငံအနှံ့ပြောင်းပလိုက်ပါတော့တယ် ။ ကြက်ကလေး ဌက်ကလေးတွေ
လို ခြင်းထဲထည့်ပြီး သဘောင်္ပေါ် ကရိန်းနဲ့တင်ပြောင်းတာပါ ။ သေချာပါတယ် 
သူတို့ရောက်သွားတဲ့ထောင်တွေဟာ စည်းကမ်းကြီးတဲ့ထောင်တွေပဲ ဖြစ်မှာပါ ။

အကျဉ်းထောင်တစ်ထောင်ရဲ့ အဓိကရည်မှန်းချက်ဟာ လူ့အဖွဲ့အစည်းတစ်ခု
အား ရာဇ၀တ်မှု့များမှ ကာကွယ်ရန်ဖြစ်သည် တဲ့ ။ ရာဇ၀တ်မှု့တစ်ခုကျုးလွန်တဲ့
ရာဇ၀တ်သားကို အပြင်လူ့အဖွဲ့အစည်းမှာ ထားဖို့အဆင်မပြေတော့တဲ့အတွက်
ကိုယ့်အပြစ်ကို ဆင်ခြင်နိုင်အောင် ၊ အပြစ်ပေးတဲ့သဘောလည်းသက်ရောက်အောင်
အကျဉ်းချထားတာဖြစ်ပါတယ် ။ ( နိုင်ငံရေးသမားတွေကိုတော့ မဆိုလိုပါ ၊ ဒါဟာ
အုပ်ချုပ်သူအစိုးရရဲ့ မူဝါဒနဲ့ပဲ သက်ဆိုင်ပါလိမ့်မယ် ) ။

ဥပမာ ။ ။ လေးနှစ်သမီးအရွယ်မိန်းခလေးကို မုဒိန်းကျင့်ခဲ့တဲ့ လူတစ်ယောက်ကို
ဘယ်လိုမှ အပြင်လောကက လက်ခံချင်ကြမှာ မဟုတ်တော့ပါဘူး ။ ဒါကြောင့် 
အကျဉ်းထောင်က တာဝန်ယူ ထိန်းသိမ်းပေးရတော့တာပါပဲ ။

အကျဉ်းထောင်တွေရဲ့ ဦးတည်ချက်တွေရှိပါတယ် ။
( ၁ ) လုံခြုံစွာထိန်းသိမ်ရေး
( ၂ ) အကျင့်စာရိတ္တပြုပြင်ပြောင်းလဲရေး 
( ၃ ) ကုန်ထုတ်လုပ်မှု့လုပ်ငန်းများလေ့ကျင့်သင်ကြားပေးရေး
( ၄ ) ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး 

ဒါတွေဟာ အကျဉ်ထောင်တိုင်းရဲ့ ရည်မှန်းချက်ပါ ။ ထောင်ဆိုတဲ့အတိုင်း 
အုပ်ချုပ်တဲ့နေရာမှာ ရပ်ကွက်အုပ်ချုပ်သလို မဟုတ်တာကလွဲရင် 
အရင်ခတ်က ကိုလိုနီထောင်တွေလို ရက်စက် ယုတ်မာ ဖိနှိပ်ခြင်း လုံးဝ
မရှိတော့တဲ့ ခေတ်သစ်ဒီမိုကရေစီထောင် တွေဆိုတာ ထောင်က၀ိကြီး
တွေကို ပြချင်စိတ်နဲ့ အသည်းယားလှပါတယ် ။

အရင်ခေတ်က ထောင်ဝန်ထမ်းကြီးတွေက ထောင်ယူနီဖောင်းနဲ့မြို့ထဲ
မထွက်ရဲဖူးတဲ့ ။ ဘာလို့လဲဆိုတော့ ထောင်ဝန်ထမ်းမှန်းသိသွားမှာ
ရှက်လို့တဲ့ ။ 

ဟုတ်ကဲ့ အခုခေတ်ကျနော်တို့ ထောင်ဝန်ထမ်းတွေကတော့ မြို့ထဲ
လောက်ကိုမပြောနဲ့ ရည်းစားနဲ့ချိန်းတွေ့တာတောင် ယူနီဖောင်းကြီး
တကားကားနဲ့ သွားကြပါတယ် ။ ကျနော်တို့ မဟုတ်တာမလုပ်တဲ့
အတွက် ဘာမှ ရှက်စရာလည်းမရှိပါဘူး ။

ဂုဏ်ယူတတ်မယ်ဆို ဘယ်သူမှမလုပ်ချင်တဲ့ ဒီအလုပ်ကြီးကို ပြည်သူ
တွေ အပြင်မှာ အိပ်ကောင်းခြင်း စားကောင်းခြင်း နဲ့လုံခြုံစွာနေရဖို့
နေညမပြတ် ပင်ပင်ပန်းပန်း စောင့်ရှောက်မှု့ပေးရတဲ့ အတွက် ဂုဏ်
ယူ နိုင်ပါသေးတယ် ။

ပရိတ်သတ်ကြီး 
ထောင်ဝန်ထမ်းတိုင်း မဆိုးပါ ခင်ဗျာ ။

မာဃ
22 / 7 / 2014

ထောင်ဝန်ထမ်း ဆိုတာနဲ့အသားမဲမဲ ဗိုက်ရွဲရွဲ မျက်နှာပေါက်က မှုန်ကုတ်ကုတ်နဲ့
သူများတကာကို ဘယ်လိုဒုက္ခပေးရမလဲဆိုတာ တွေးနေတဲ့ရုပ်ဆိုပြီး မြင်ပလိုက်
ကြတာများတယ် ။
ဦးနုရေးတဲ့ ရက်စက်ပါပေ့ကွယ် တို့ သာယာဝတီထောင်မှ ငရဲခန်းများတို့ လို အရင်ခေတ်က စာအုပ်ကြီးတွေဖတ်ပြီး ထောင်စနစ်ဟာ အခုအထိမပြောင်းမလဲ ကိုလိုနီခေတ်လို ရက်စက်ယုတ်မာ

— with အဘ ဥက္ကာကိုကို and 8 others.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...