Monday, July 28, 2014

MPT လူလေးသို့  အဘစည် ရဲ့  ပေးစာ....။

လူလေး MPT အဘ မင်းကို စိတ်တိုတယ်ကွာ ..လူလေးစိတ်တော့မဆိုးနဲ့  .။
အဘ က ပွင့်ပွင့်လင်းလင်းပဲ ပြောတတ်တယ်..။ လူလေး သိထားရမှာက MPT ကို မြန်မာလူထု တစ်ရပ်လုံးက အားပေးချင်တယ် ဆိုတာပါပဲ..။
နိုင်ငံခြားက ဆက်သွယ်ရေး အော်ပရေတာတွေ ကိုယ့်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံကြတယ် ...အေး ဒါပေမယ့် အဘတို့ တွေ အားပေးချင်တာက ကိုယ့် မြန်မာ ဆက်သွယ်ရေး အော်ပရေတာကိုပဲ ဆိုတာ လူလေး သိစေချင်တယ်..။

လူလေး ဆက်သွယ်ရေးဆိုတာ တိုးတက်နေတဲ့ ဘယ်နိုင်ငံမှာ မဆို ရေရှည်မှာ ခိုင်မာလာတာပဲ ရှိတယ်..။ နောက်တစ်ခု လူလေးသိစေချင်တာက အဘတို့  မြန်မာနိုင်ငံက ဆက်သွယ်ရေး အော်ပရေတာတွေက ကိုယ့်နိုင်ငံမှာ ကြီးစိုးနေနိုင်မှ ၊ နေရာယူနိုင်မှ၊ ဆက်သွယ်ရေးကို ပိုမို ချဲ့ ထွင့်နိုင်မှ သာ အဲဒီက ရတဲ့ အမြတ်ငွေနေ တစ်ဆင့် ၊ ကိုယ်နိုင်ငံရဲ့  စီးပွားရေးကို အထောက်အကူ ပေးနိုင်မယ် ။
နောက်တစ်ခု အဆင့် မြင့်ပြီး တစ်ဆင့်တက်ကာ တွေးကြည့်ကြမယ်ဆိုရင် ဆက်သွယ်ရေးကနေ ရလာနိုင်မယ့် အကျိုးအမြတ်တွေ နိုင်ငံတော် အတွက် အများကြီးပဲ လူလေး..။ ဒါတွေကို နိုင်ငံခြားက အော်ပရေတာတွေ မပိုင်စိုးစေချင်ဘူး..။ ဆက်သွယ်ရေးကနေ အခြေခံနိုင်တဲ့ သတင်းအချက်အလက်တွေ ရနိုင်တဲ့ အတွက် ကိုယ့်နိုင်ငံ ပိုပြီး လုံခြုံမယ်..။နောက်တစ်ခု သာမန် ဆက်သွယ်ရေးကွန်ယက်ကနေ ၊ စစ်ဘက်လုံခြုံရေး ဆက်သွယ်ရေ ကွန်ယက်တွေ ၊ တရားဥပဒေစိုးမိုးရေးအတွက် တစ်ဖက်တစ်လှမ်းကနေ ထောက်လှမ်း စုံစမ်းနိုင်တဲ့ ဆက်သွယ်ရေးကွန်ယက်တွေ ၊ နိုင်ငံတကာကို ချဲ့ထွင်လာနိုင်တဲ့ အထိ အဆင့်ဆင့် နဲ့  ခေတ်မှီလာလေလေ ဒါတွေဟာ နိုင်ငံတော်အတွက် အကျိုးအမြတ်တွေ ဖြစ်သလို ၊ ဆက်သွယ်ရေး အော်ပရေတာတွေ အနေနဲ့ ရော ၊ ကိုယ့်နိုင်ငံ အကျိုးစီးပွားအတွက်ပါ ရေရှည်မှာ ၂ ဦး ၂ ဖက် ကောင်းမွန်စေတာမို့  အဘ အနေနဲ့  လူလေးတို့ တွေ ပေါ့ပေါ့ မတွေးစေချင်ဘူး..။
ရည်မှန်းချက် ကြီးကြီးနဲ့  အလေးအနက်ထားစေချင်တယ် လူလေးရေ..။
ဆက်သွယ်ရေးလုပ်ငန်းတွေ တိုးချဲ့ လာရာကနေ လိုအပ်လာမယ့် အလုပ်သမားလိုအပ်ချက်တွေအတွက်လဲ ကိုယ့်နိုင်ငံသားတွေကို အလုပ်အကိုင် အခွင့်အလမ်းတွေ ပြန်လည်ရရှိစေနိုင်တယ်..။ ဒါတွေကလဲ ကိုယ့်ပြည်သူကို ပြန်ပြီး ကိုယ်တိုင် အကျိုးပြုနိုင်စေတာမို့  အားလုံးအတွက် အကျိုးမရုတ်စေဘူး လူလေး..။
အဲတော့ လူလေးတို့ တွေ ကိုပဲ အဘက ဖြစ်စေချင်တယ်..။
ကိုယ့်နိုင်ငံက အော်ပရေတာတွေ ပဲ ကိုယ်နိုင်ငံမှာ စိုးမိုးနိုင်တာဟာ ကိုယ့်နိုင်ငံအတွက် ရေရှည်မှာ ပိုပြီး အကျိုးရှိမယ်..။ နောက်တစ်ခု လူလေးတို့ တွေ အနေနဲ့  မိတ်ဘက် နိုင်ငံတွေ နဲ့  ပူးပေါင်းကာ ဆက်သွယ်ရေးကွန်ယက်တွေ အဆင့်မြင့်လာအောင် ၊ ပိုမို ကောင်းမွန်လာအောင် ချဲ့ထွင်ဆောင်ရွက်ပါ လူလေး..။ ဥပမာ... ဂျပန် နိုင်ငံလို မိတ်ဖက် နိုင်ငံတွေနဲ့ ပူးပေါင်းပါ..။ရေရှည်လဲ သူတို့ ဆီက နည်းပညာတွေပါ ကိုယ်ပါရလာနိုင်ပါတယ်..။ ကိုယ်လဲ အကျိုး မယုတ်နိုင်ပါဘူး..။ နိုင်ငံအချင်းချင်းလဲ သဟဇာတ ဖြစ်စေပါတယ်..။
လူလေးတို့ ကို အဘတော့ အမှန်အတိုင်းပြောရရင် လက်ရှိအနေအထားမှာ လုံးဝ အားမရဘူး...။ အရင် စစ်အစိုးရ လက်ထက်ကတည်းက ခြေကုတ် အရှိန်ယူခွင့်ရပါလျက်နဲ့  ဒါတွေကို ကြိုတင်ပြင်ဆင်မှု့ မရှိခဲ့ဘူး..။ အခုလဲ ဖုန်းလိုင်းတွေ ချပေးနေမှု့ အပေါ် တကယ် လိုအပ်တဲ့ ဆက်သွယ်ရေး ကွန်ယက် ချဲ့ ထွင်မှု့ တွေ အမြန်ဆုံး လုပ်စေချင်တယ် လူလေးရေ..။
တကယ်တော့ အဘတို့  MPT ကို အားပေးနေပါတယ်..။ MPT အနေနဲ့ လဲ ဖုန်းခေါ်ရင် "ဆက်သွယ်ရေး ပြင်ပရောက်နေပါတယ် "ဆိုတဲ့ အသံတွေ ၊ ဖုန်းအားရဲ့ သားနဲ့ " မအားသေးပါရှင်" ဆိုတာတွေ ၊ နောက်တစ်ခု အင်တာနက်တက်ရင် အ၀ိုင်းလေး လည် နေတာကိုထိုင်ကြည့်နေရတာကို အဘ စိတ်မရှည်ဆုံးပဲ လူလေးရယ်..။ အဘ ပြီးခဲ့တဲ့ တစ်ခေါက် မန်းလေး ပြန်တုန်းက အဘ ipad နဲ့  Facebook တက်တာ Facebook Login ၀င်ဖို့  အဲဒီ Page လေး တက်လာဖို့ ကို ၃ မိနစ်ကနေ ၅ မိနစ်လောက်ထိ စောင့်နေရတယ် လူလေးရေ..။ လူလေးပဲ စဉ်းစားကြည့်ပေါ့..။
အကြောင်းပြချက် မပေးနဲ့  လူလေး ဘယ်လို ဖြေရှင်းမလဲ ဆိုတဲ့ ဖြေရှင်းချက်ကိုပဲ ၀ိုင်းပြီး အဖြေရှာကာ အမြန်ဆုံး အကောင်အထည်ဖော်ကြပါ..။
လူလေးတို့ တွေ အကောင်းဆုံး ကြိုးစားပေးပါ...။ အဘ တို့ တွေ အကောင်းဆုံး အားပေးနေပါ့မယ်..။ လူလေးတို့ တွေ ရေရှည် အမျှော်အမြင်ရှိရှိ နဲ့  ရင်းနှီးမြှုပ်နှံကြပါ..။ ဆက်သွယ်ရေးဆိုတာ ဘယ်တော့မှ မတိမ်ကောပါဘူး... အချိန်တိုင်းအတွက် လိုအပ်ချက်တစ်ခုပါ..။ မိနစ်တိုင်း နာရီတိုင်းဟာ ငွေတွေပါ..။ ဒါကို လူလေး နားလည်စေချင်ပါတယ်..။အဲတော့ မြန်မာနိုင်ငံ သန်း ၆၀ သော လူဦးရေအတွက် MPT က လူလေးတို့  ဘယ်လောက်ထိ တာဝန်ယူနိုင်မလဲ ဆိုတာ အဘ စောင့်ကြည့်နေပါ့မယ်..။ အားလဲ ပေးနေပါ့မယ်..။
လူလေးတို့ ကြိုးစားပေးပါ....။
လိပ်က အဖိုးခေါ်ရတဲ့ အင်တာနက် ကော်နက်ရှင်ကို အဘ တို့  မလိုချင်ဘူး....
ဂျပန်နိုင်ငံက ကျည်ဆံ ရထား အရှုံးပေးချင် ပေးရစမ်းပါစေ ကြိုးစားစမ်းပါ လူလေးရာ..အဘတို့  လူထုတစ်ရပ်လုံး မင်းနဲ့  အတူ ရှိနေပါတယ်ဟ...။ ယုံကြည်မှု့ အပြည့်ရှိနေစမ်းပါ..။
ကိုယ်နိုင်ငံက ဆက်သွယ်ရေး အော်ပရေတာကို အဘတို့ တွေ အားပေးချင်လို့  ... အားကိုးချင်လို့  အခုလို အဘ စာတွေ ရေးပြီး ပြည်သူ့ ကိုယ်စားတင်ပြပေးနေတာပဲ လူလေးရ...။
လူထုရဲ့ မျှော်လင့်ချက်တွေ လူလေးတို့ တွေ တန်ဖိုးထားပေးပါလို့  အဘ တောင်းဆိုပါရစေ..။
မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး လူလေး.. မင်းနောက်မှာ မြန်မာလူထု ရပ်တည်နေမှာမို့  မင်း ဘာကို ချီတုန်ချတုန်နဲ့  တုန့် ဆိုင်းနေမှာလဲ လူလေး..။ ဒါဟာ အကောင်းဆုံး ခွန်အားတွေမို့  အကောင်းဆုံး မင်းကြိုးစားပေးပါ..။
လူထုတာဝန်ကျေသလို မင်းလဲ တာဝန်ကျေစေချင်တယ် လူလေး..။အဘ ဒါပဲ ပြောချင်တယ်..။
အဘစေတနာ လူလေးတို့  နားလည်ရင် အလုပ်နဲ့  သက်သေပြပေးကွာ...အဘကျေနပ်တယ်.။
လူလေးတို့ကို အားကိုး အားထားခြင်းများစွာဖြင့်

ဘစည်(စင်ကာပူ)
27.7.2014

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...