Saturday, July 19, 2014

လိမ်ညာမှုများရဲ့ ကိုယ်ရံတော်

လိမ်ညာမှုများရဲ့ ကိုယ်ရံတော်
×=×=×=×=×=×

ဒုတိယကမ္ဘာစစ်အတွင်းက ...
မဟာမိတ်တပ်ဖက်က လက်နက်ရုံကို သေနတ်ကျည်ဆန်အမှာစာပို့ရာမှာ ကျည်ဆန်အတိုင်းအထွာစာရင်းကို 
ဂျာမန်သူလျှိုတို့က ကြားဖြတ်ရရှိလိုက်တယ် .. 
တကယ်လို့ ဒီစာရင်းကို ဖျောက်ဖျက်လိုက်ရင် မဟာမိတ်ဖက်က အသစ်ပြန်ပို့ပြီးမှာ မှာဆိုတော့ 
ဘာမှထူးသွားမှာ မဟုတ်ဘူး .. အဲ့တော့ သူလျှိုတွေက ကျည်ဆန်လုံးပတ်အတိုင်းအထွာ (1.96 cm)လို့ ပါတာကို
အင်္ဂလိပ်ဂဏန်းအက္ခရာ(၁) ဖြစ်တဲ့ မျဉ်းကြောင်းမျှင်မျှင်သေးသေးလေးတစ်ခုကို နောက်ကနေ ကပ်ထည့်လိုက်ပြီး
အနေအထားမပျက် လက်နတ်ရုံကို ပို့လိုက်တယ် ..
အဲ့ဒီအခါမှာ လက်နက်ရုံက လုံးပတ်အတိုင်းအထွာ (1.961cm) ပမာဏ ရှိတဲ့ ကျည်ဆန်တွေကို ထုတ်လုပ်ပြီး ပို့ပေးလိုက်ပါတယ်
အဲ့ဒီအခါမှာ မဟာမိတ်တပ်ဖွဲ့တွေ အနေနဲ့ ကျည်ဆန်နဲ့သေနတ်ပြောင်းမတော်ဘဲ ကျည် သုံးသန်းလောက် စွန့်ပစ်လိုက်ရပြီး
စစ်ပွဲ တစ်ပွဲတောင် ရှုံးလိုက်ရပါတယ် ...

ဒီနှစ်ပိုင်းအတွင်း က အဖြစ်အပျက်တွေကို ပြန်ပြောင်းစဉ်းစားနေမိရင်း မဆီမဆိုင်နဲ့ အဲ့ဒီအကြောင်းက ခေါင်းထဲ ၀င်လာတယ် ..
တကယ်တော့ မဆိုင်တာ မဟုတ်ပါဘူး .. စစ်ကြီးပြီးသွားတဲ့အခါမှာ သူလျှိုကိစ္စမဟုတ်တော့ပဲ အဲ့ဒီ အဖြစ်အပျက်တွေဟာ 
ပုံစံပြောင်းပြီး ကျွန်တော်တို့ဆီမှာလည်း ရှိလာတယ် ..
မီဒီယာ တွေမှာ တွေ့လာရတာပါ ..
မီဒီယာတွေ အနေဲ့ သတင်းတွေ ရေးကြတဲ့အခါမှာ ဒီလို ပုံစံမျိုးတွေ တွေ့လာမြင်လာရတယ် ..
သူတို့က အမှန်သတင်းကို အမှားအယူအဆဖြစ်အောင် ပုံမှားရိုက်ပြီး တင်ပြလာကြတယ် .. 
ဥပမာ အသိသာဆုံးပြောရရင်တော့ ၂၀၀၀ ကိစ္စကို ပြောရမှာပဲ ..
ဒုတိယသမ္မတက ပြောလိုက်တာက .. အငှားယာဉ်လုပ်သားတွေဟာ အများအားဖြင့် ယာဉ်ပိုင် မရှိကြဘူး .. 
အုံနာ တွေကို အုံနာခပေးပေး နေရတယ် .. အဲ့ဒီအတွက် လုပ်သလောက် အများကြီး မကျန်ဘူး ..
တကယ်လို့သာ ယာဉ်ပိုင်ရှိလာရင် တစ်နေ့ကို ၂၀၀၀ ၊ ၃၀၀၀ လောက် ပိုထွက်လာမယ် .. 
၂၀၀၀ လောက် ပိုထွက်လာရင်ကို တစ်နေ့စာ ရပ်တည်မှုက ပိုအဆင်ပြေသွားနိုင်မယ် ..
ဒါ သူပြောလိုက်တဲ့ စကား .. ဒါပေမယ့် သတင်းယူပြီး ဂျာနယ်ထဲမှာ သတင်းခေါင်းစဉ်တတ်လိုက်တော့ ..
"တစ်ရက်ဝင်ငွေ ၂၀၀၀ ကျော်လျှင် ရပ်တည်ရန်လုံလောက်ဟု ဒုတိယသမ္မတဆို" တဲ့ .. ကဲ ..
အားလုံးက ပြောခဲ့တဲ့ စကားလုံးတွေပဲ ... ဒါပေမယ့် လိုချင်တဲ့ ပုံစံလေးဖြစ်အောင် လိုတိုးပိုလျော့ နဲ့ ဖြတ်ညှပ်ကပ် လုပ်ပလိုက်တယ်
အဓိပ္ပာယ်က အရမ်းကွာသွားရော .. အုံးအုံးကျက်ကျက် နဲ့ တော့်တော့်ကို ပြောစရာဖြစ်သွားခဲ့တာပဲ .. 
ကျွန်တော် ပြောချင်တာက ဘယ်ဘက်ကိုမှ လိုက်ပြီး ပြောချင်တာ မဟုတ်ပါဘူး ..
မီဒီယာ ရဲ့ ၀ါဒဖြန့်ချီရေး အကွက် အကြောင်းကို ပြောချင်တာပါ ..
အမှန်ကို cover ယူပြီ ကိုယ်လိုချင်တဲ့ အကွက်ဖြစ်အောင် ပုံမှားရိုက်လိုက်တာ ..
အဲ့ဒီမှာ သတင်းကတော့ အမှန် .. ဖြန့်ဝေတဲ့ ပုံစံက အမှား .. 
မီဒီယာလှိုင်းဒဏ်ကို ကျွန်တော်တို့နိုင်ငံသားတွေ ခံနိုင်ရည် မရှိသေးကြောင်းကို တော်တော်သဘောပေါက်လိုက်ရတယ် ..
ဒါက သိသာတဲ့ ဥပမာ တစ်ခုလောက် ထုတ်ပြရုံပါ .. ဒီထက်မကတာတွေ မြင်တတ်ရင် သိနိုင်ပါသေးတယ် ..
ကျွန်တော်တို့ဟာ နားရှေ့ မျက်စိရှေ့ ရောက်လာတဲ့ သတင်းတိုင်းကို ယုံပစ်လိုက်လို့ မရပါဘူး ..
ဘယ်ဂျာနယ်မှာ ပါလို့ .. Facebook က ဘယ်သတင်းPage မှာပါလို့ဆိုတိုင်း စိတ်ချနိုင်တာ မဟုတ်ပါဘူး ..
ခံခဲ့ရပေါင်းများနေတော့ ကိုယ့်ဆင်ခြင်တုံတရားကိုတောင် ကိုယ်စိတ်မချဖြစ်နေတဲ့ အခြေအနေကို ကျော်လွန်နိုင်ဖို့လိုပါတယ် ..
မီဒီယာတိုင်းလို့ မဆိုလိုပေမယ့် ဒါမျိုးတွေ များလာတာမြင်လာရလို့ မီဒီယာတိုက်ကွက်တွေမှာ အသုံးအများဆုံး အကွက်တစ်ခုကို ချပြမိရုံပါ ..
ကျွန်တော့် ဖေဖေကတော့ ဒီအကွက်ကို "လိမ်ညာမှုရဲ့ကိုယ်ရံတော်" လို့ နာမည်လှလှလေးပေးဖူးတယ် ..
"အမှန်တရားဆိုတာကို တန်ဖိုးထားရတယ် .. လိုအပ်လာရင် အဲ့ဒါကို လိမ်ညာမှုအတွက် ကိုယ်ရံတော်အဖြစ် အသုံးချနိုင်လို့ပဲ"
ဆိုတဲ့ ဖေဖေ စကားကို ကြားယောင်လျှက် ...

မောင်ကောင်း
(Friday,July 18.2014)
(Photo Credit to : Kyaw Htay Aung)

×=×=×=×=×=×
ဒုတိယကမ္ဘာစစ်အတွင်းက ...
မဟာမိတ်တပ်ဖက်က လက်နက်ရုံကို သေနတ်ကျည်ဆန်အမှာစာပို့ရာမှာ ကျည်ဆန်အတိုင်းအထွာစာရင်းကို ဂျာမန်သူလျှိုတို့က ကြားဖြတ်ရရှိလိုက်တယ် ..
တကယ်လို့ ဒီစာရင်းကို ဖျောက်ဖျက်လိုက်ရင် မဟာမိတ်ဖက်က အသစ်ပြန်ပို့ပြီးမှာ မှာဆိုတော့
ဘာမှထူးသွားမှာ မဟုတ်ဘူး .. အဲ့တော့ သူလျှိုတွေက ကျည်ဆန်လုံးပတ်အတိုင်းအထွာ (1.96 cm)လို့ ပါတာကို အင်္ဂလိပ်ဂဏန်းအက္ခရာ (၁) ဖြစ်တဲ့ မျဉ်းကြောင်းမျှင်မျှင်သေးသေးလေး တစ်ခုကို နောက်ကနေ ကပ်ထည့်လိုက်ပြီး အနေအထားမပျက် လက်နတ်ရုံကို ပို့လိုက်တယ် ..
အဲ့ဒီအခါမှာ လက်နက်ရုံက လုံးပတ်အတိုင်းအထွာ (1.961cm) ပမာဏ ရှိတဲ့ ကျည်ဆန်တွေကို ထုတ်လုပ်ပြီး ပို့ပေးလိုက်ပါတယ်။


အဲ့ဒီအခါမှာ မဟာမိတ်တပ်ဖွဲ့တွေ အနေနဲ့ ကျည်ဆန်နဲ့သေနတ်ပြောင်းမတော်ဘဲ ကျည် သုံးသန်းလောက် စွန့်ပစ်လိုက်ရပြီး စစ်ပွဲ တစ်ပွဲတောင် ရှုံးလိုက်ရပါတယ် ...
ဒီနှစ်ပိုင်းအတွင်း က အဖြစ်အပျက်တွေကို ပြန်ပြောင်းစဉ်းစားနေမိရင်း မဆီမဆိုင်နဲ့ အဲ့ဒီအကြောင်းက ခေါင်းထဲ ၀င်လာတယ် ..
တကယ်တော့ မဆိုင်တာ မဟုတ်ပါဘူး .. စစ်ကြီးပြီးသွားတဲ့အခါမှာ သူလျှိုကိစ္စမဟုတ်တော့ပဲ အဲ့ဒီ အဖြစ်အပျက်တွေဟာ
ပုံစံပြောင်းပြီး ကျွန်တော်တို့ဆီမှာလည်း ရှိလာတယ် ..
မီဒီယာ တွေမှာ တွေ့လာရတာပါ ..
မီဒီယာတွေ အနေဲ့ သတင်းတွေ ရေးကြတဲ့အခါမှာ ဒီလို ပုံစံမျိုးတွေ တွေ့လာမြင်လာရတယ် ..
သူတို့က အမှန်သတင်းကို အမှားအယူအဆဖြစ်အောင် ပုံမှားရိုက်ပြီး တင်ပြလာကြတယ် ..
ဥပမာ အသိသာဆုံးပြောရရင်တော့ ၂၀၀၀ ကိစ္စကို ပြောရမှာပဲ ..
ဒုတိယသမ္မတက ပြောလိုက်တာက .. အငှားယာဉ်လုပ်သားတွေဟာ အများအားဖြင့် ယာဉ်ပိုင် မရှိကြဘူး ..
အုံနာ တွေကို အုံနာခပေးပေး နေရတယ် .. အဲ့ဒီအတွက် လုပ်သလောက် အများကြီး မကျန်ဘူး ..
တကယ်လို့သာ ယာဉ်ပိုင်ရှိလာရင် တစ်နေ့ကို ၂၀၀၀ ၊ ၃၀၀၀ လောက် ပိုထွက်လာမယ် ..
၂၀၀၀ လောက် ပိုထွက်လာရင်ကို တစ်နေ့စာ ရပ်တည်မှုက ပိုအဆင်ပြေသွားနိုင်မယ် ..
ဒါ သူပြောလိုက်တဲ့ စကား .. ဒါပေမယ့် သတင်းယူပြီး ဂျာနယ်ထဲမှာ သတင်းခေါင်းစဉ်တတ်လိုက်တော့ ..
"တစ်ရက်ဝင်ငွေ ၂၀၀၀ ကျော်လျှင် ရပ်တည်ရန်လုံလောက်ဟု ဒုတိယသမ္မတဆို" တဲ့ .. ကဲ ..
အားလုံးက ပြောခဲ့တဲ့ စကားလုံးတွေပဲ ... ဒါပေမယ့် လိုချင်တဲ့ ပုံစံလေးဖြစ်အောင် လိုတိုးပိုလျော့ နဲ့ ဖြတ်ညှပ်ကပ် လုပ်ပလိုက်တယ်
အဓိပ္ပာယ်က အရမ်းကွာသွားရော .. အုံးအုံးကျက်ကျက် နဲ့ တော့်တော့်ကို ပြောစရာဖြစ်သွားခဲ့တာပဲ ..
ကျွန်တော် ပြောချင်တာက ဘယ်ဘက်ကိုမှ လိုက်ပြီး ပြောချင်တာ မဟုတ်ပါဘူး ..
မီဒီယာ ရဲ့ ၀ါဒဖြန့်ချီရေး အကွက် အကြောင်းကို ပြောချင်တာပါ ..
အမှန်ကို cover ယူပြီ ကိုယ်လိုချင်တဲ့ အကွက်ဖြစ်အောင် ပုံမှားရိုက်လိုက်တာ ..
အဲ့ဒီမှာ သတင်းကတော့ အမှန် .. ဖြန့်ဝေတဲ့ ပုံစံက အမှား ..
မီဒီယာလှိုင်းဒဏ်ကို ကျွန်တော်တို့နိုင်ငံသားတွေ ခံနိုင်ရည် မရှိသေးကြောင်းကို တော်တော်သဘောပေါက်လိုက်ရတယ် ..
ဒါက သိသာတဲ့ ဥပမာ တစ်ခုလောက် ထုတ်ပြရုံပါ .. ဒီထက်မကတာတွေ မြင်တတ်ရင် သိနိုင်ပါသေးတယ် ..
ကျွန်တော်တို့ဟာ နားရှေ့ မျက်စိရှေ့ ရောက်လာတဲ့ သတင်းတိုင်းကို ယုံပစ်လိုက်လို့ မရပါဘူး ..
ဘယ်ဂျာနယ်မှာ ပါလို့ .. Facebook က ဘယ်သတင်းPage မှာပါလို့ဆိုတိုင်း စိတ်ချနိုင်တာ မဟုတ်ပါဘူး ..
ခံခဲ့ရပေါင်းများနေတော့ ကိုယ့်ဆင်ခြင်တုံတရားကိုတောင် ကိုယ်စိတ်မချဖြစ်နေတဲ့ အခြေအနေကို ကျော်လွန်နိုင်ဖို့လိုပါတယ် ..
မီဒီယာတိုင်းလို့ မဆိုလိုပေမယ့် ဒါမျိုးတွေ များလာတာမြင်လာရလို့ မီဒီယာတိုက်ကွက်တွေမှာ အသုံးအများဆုံး အကွက်တစ်ခုကို ချပြမိရုံပါ ..
ကျွန်တော့် ဖေဖေကတော့ ဒီအကွက်ကို "လိမ်ညာမှုရဲ့ကိုယ်ရံတော်" လို့ နာမည်လှလှလေးပေးဖူးတယ် ..
"အမှန်တရားဆိုတာကို တန်ဖိုးထားရတယ် .. လိုအပ်လာရင် အဲ့ဒါကို လိမ်ညာမှုအတွက် ကိုယ်ရံတော်အဖြစ် အသုံးချနိုင်လို့ပဲ"
ဆိုတဲ့ ဖေဖေ စကားကို ကြားယောင်လျှက် ...
မောင်ကောင်း
(Friday,July 18.2014)
(Photo Credit to : Kyaw Htay Aung)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...