Sunday, July 27, 2014

ဟာသအသုတ်စုံ (၁၂)

#‎မကောင်းတာက‬

အရက်စွဲစွဲ မြဲမြဲသောက်နေတဲ့ လူနာကို ဆရာဝန်က.....
"ခင်ဗျား အရက်သောက်လာတာ ဘယ်လောက်ကြာပြီလဲ"
"နှစ်သုံးဆယ်"
"နှစ်သုံးဆယ်အတွေ့ အကြုံထဲကနေ အရက်ရဲ့ မကောင်းပုံလေး တစ်ခု လောက်
ပြောပြပါလား။
စွဲစွဲမြဲမြဲ သောက်နေတဲ့ လူတစ်ယောက်ပြောပြတဲ့ အရက်ရဲ
့မကောင်းတဲ့ အကြောင်းကိုသိချင်လို့ "
အရက်သမားက တော်တော်ကြာကြာစဉ်းစားလိုက်ပြီး
"၀ယ်သောက်ရတာ"
#‎အံကျပဲ‬.....

" မင်းကအန်တီ့သမီးကို ကြိုက်လို့ဆို "
" ဟုတ်ပါတယ်ခင်ဗျာ "
" ပြောရမှာတော့အားနာပါရဲ့၊ အိမ်ထောင်တခုတည်ဆောက်တယ်ဆိုတာ
စိတ်ချမ်းသာဖို့လိုအပ်သလို လူချမ်းသာ ဖို့ကလဲအရေးကြီးတယ်ကွယ့်၊
၂မျိုးလုံးပြည့်စုံမှ အိမ်ထောင်ရေးဆိုတာ သာယာမှာ "
" အန်တီတို့ဘက်က လူချမ်းသာပြီးသားဆိုတော့ ကျွန်တော့ဘက်က
စိတ်ချမ်းသာဖို့တာဝန်ယူပါ့မယ်ခင်ဗျာ...


#‎ပိုမူးအောင်‬ လုပ်နေလို့

အရက်မူးနေသူ တစ်ယောက်က ဆိုင်ရှင်ကို ပြောလိုက်သည်။
“ ကျွန်တော် ခင်ဗျား ဆိုင်မှာ သောက်တာ ဒါ ပထမဦးဆုံး အကြိမ်ပဲ။ ဒါပေမယ့် မနက်ဖြန်က စပြီး မလာတော့ဘူးဗျာ ”
“ ကျွန်တော့် ဆိုင်က အရက်မကောင်းလို့လား၊ ဆက်ဆံရေး မကောင်းလို့လား ”
“ အာ....အရက်လည်း ကောင်းတယ်။ ဆက်ဆံရေးလည်း ကောင်းတယ်...ဒါပေမယ့်..... . ”
“ ပြောပါဗျာ...အားမနာပါနဲ့ ”
“ စိတ်တော့ မရှိပါနဲ့ဗျာ၊ ခင်ဗျားဆိုင်မှာ ကပ်ထားတဲ့ အရက်ကြော်ငြာ မင်းသမီးတွေက ကျွန်တော့်ကို အရက်ပိုမူးအောင် လုပ်နေလို့ပါ”


#‎မမူးဘူးဆို‬

အလုပ်ရှင်။ ။ မင်းဘာလို့ မနက်အစောကြီးအရက်သောက်လာရတာလဲ
အလုပ်သမား။ ။ မနေ့ ညကသောက်တာပါဆရာ။ ကျွန်တော်အလုပ်လာခါနီးသောက်လာတာမဟုတ်ပါဘူး
အလုပ်ရှင်။ ။ ဘာပဲပြောပြော ခုကို မူးနေတာမဟုတ်လား
အလုပ်သမား။ ။ မူးပေမယ့်သတိရှိပါတယ်ဆရာ
အလုပ်ရှင်။ ။ သတိရှိတယ်ဆိုရင် ဘာလို့ လာရတာလဲကွ။ ဒီနေ့ အလုပ်ပိတ်ရက်ဆိုတာသိရမှာ

#‎ဒီအချိန်ရောက်လာရင်‬.. .

ဆေးခန်းတစ်ခုတွင် ဆရာဝန် ရောက်မလာသောကြောင့် လူနာအားလုံး လည်တဆန့်ဆန့် ဖြစ်နေကြသည်။ ထို့ကြောင့် သူနာပြု ဆရာမက အားပေးစကား ပြောလိုက်သည်။ “ အားနာလိုက်တာရှင်...ဒီနေ့မှ ဆရာက အစည်းအဝေးတစ်ခု မဖြစ်မနေတက်နေရလို့။
သည်းခံကြပါရှင်...ခဏနေ ရောက်တော့မှာပါ”
ထိုတွင် လူတစ်ယောက်က ထပြောလိုက်သည်။
“ ဆရာမ ကျေးဇူးပြုပြီး ကျွန့်တော့်နာမည်လေး ဖျက်လိုက်ပါတော့၊ ကျွန်တော်သွားစရာလေး ရှိနေသေးလို့ပါ ”
“ စောင့်လက်စနဲ့ ခဏလေး စောင့်လိုက်ပါ့လား။ ဒါနဲ့..ရှင်က ဘာရောဂါဖြစ်နေလို့လဲ ”
“ ကျွန်တော်က အရက်ဖြတ်မလို့ပါ။ ဒါပေမယ့် ဒီအချိန်က ကျွန်တော် သောက်နေကျ အချိန်လေ..နည်းနည်းတောင် နောက်ကျသွားပြီ။


#‎ယာဉ်တိုက်မှု‬

မိုးကြီး နဲ့ ဇော်နူ တို့နှစ်ယောက် ရှေးဟောင်းပြတိုက်ထဲ ရောက်လာတယ်။
အဲဒီမှာ အီဂျစ်မမ်မီရုပ်တစ်ခု ပြထားတာကိုတွေ့တော့ စိတ်ဝင်စားတာနဲ့ ကြည့်နေကြတယ်။
အဲဒီမမ်မီရုပ်က ခရစ်တော်မပေါ်မီနှစ်ပေါင်း 1300 လောက်က မမ်မီဆိုတော့ သူ့ရင်ဘတ်မှာ စာချိပ်ထားတယ်... ...
"1300BC"... ဆိုပြီး။
ဒါကိုမြင်တဲ့ ဇော်နူကမေးတယ်... ...
"ရေးထားတဲ့ စာတန်း 1300BC ဆိုတာ ဘာပြောတာလဲ မသိဘူးနော်"
အဲဒီမှာ လူလည်မိုးကြီးက ငေါက်ပြီးမှ ဖြေတယ်... ...
"တော်တော် အ,တဲ့ကောင်ပဲ၊ အဲဒါ သူ့ကို တိုက်သွားတဲ့ ကားနံပတ်ကွ"... တဲ့။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...