Monday, July 21, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၂၁-၇)

သစ်ထူးလွင်


Posted: 21 Jul 2014 05:36 AM PDT
 တန့်ဆည် ၊ ၂၁-၇-၂၀၁၄  စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည် မြို့နယ် ကာပေါင်းကျ ကျေးရွာ၏ တောင်ဘက် တစ်မိုင်ခန့် အကွာ၊ တောင်ကုန်ကြီး ကွင်းအတွင်း ရှိ ဦးမြင့်ကို ၏ တဲအရှေ့ဘက် (၁၈) တောင်ခန့် အကွာနေရာ ၌ ဇူလိုင် ၁၈ ရက် နံနက် ၁ဝ နာရီခွဲက လူသေ အလောင်း တစ်လောင်း မြေမြှုပ်နှံ ထားကြောင်း ကာပေါင်းကျ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဖိုးအောင် က တန့်ဆည် မြို့မရဲစခန်း သို့ ဆက်သွယ် အကြောင်းကြား ခဲ့သည်
Posted: 21 Jul 2014 05:35 AM PDT
 လျှို့ဝှက် ဓာတုလက်နက် စက်ရုံသတင်း ဆောင်းပါးကြောင့် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ဆယ်နှစ်စီ ချမှတ်ခံ ရသူ သတင်းထောက် ၄ ဦးအတွက် သူတို့ရဲ့ ရှေ့နေက ဒီကနေ့ အယူခံတင်တာကို မကွေးတိုင်း ဒေသကြီး တရားလွှတ်တော်က လက်ခံလိုက်ပါတယ်။ အဲဒီအမှု အယူခံကို မကွေးတိုင်း ဒေသကြီး တရားလွှတ်တော်က တရားသူကြီး ဒေါ်နုယဉ်ထံ မနက်ပိုင်းက တင်သွင်းခဲ့တာ ဖြစ်ပြီး လက်ခံလိုက်တာလို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။ “ယူနတီဂျာနယ်က ကြီးလေးတဲ့
Posted: 21 Jul 2014 05:23 AM PDT
 ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ဌာနချုပ် ၀မ်ဟိုင်း အနီးတ၀ိုက်မှာ အစိုးရတပ်နဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်တွေကြား  ဒီကနေ့ တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။ ကျေးသီးမြို့နယ် ပန်စဲ့၊ လွယ်ရွဲ ကျေးရွာအနီး က တောအုပ်တွေမှာ ဒီကနေ့ မနက်စောစော ကနေ နေ့ခင်းထိ ရှမ်းပြည်တပ်မတော် ဌာနချုပ် အပြင်စည်း  လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နဲ့  စကခ – ၂၊  အရှေ့အလယ်ပိုင်း တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့တွေကြား
Posted: 21 Jul 2014 05:15 AM PDT
 နေပြည်တော်၊ ဇူလိုင် ၂၁  ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ ည ၇ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ-ပေါက် ဘီးခွန်ကောက်ခံရေးဂိတ်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပခုက္ကူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အမှတ်(၄)ယာဉ်ထိန်းတပ်ဖွဲ့စုမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။  စစ်ဆေးချက်အရ ပခုက္ကူမှ ဒီးဒုတ်ကွမ်းရွာသို့ ၎င်းကျေးရွာနေ အောင်နိုင်ထင်(၃၅)နှစ် မောင်းနှင်လာသည့် ၂၃ယ
Posted: 21 Jul 2014 03:39 AM PDT
 တောင်တရုတ်ပင်လယ်မှာ ဆက်လက်တိုက်ခတ်နေတဲ့ ရမ်မန်ဆန်း တိုင်ဖုန်းမုန်တိုင်းကြောင့် တရုတ်နိုင်ငံနဲ့ နယ်စပ် ဗီယက်နမ်မြောက်ပိုင်းမှာ မိုးသက်လေပြင်းတွေ ကျရောက်ခဲ့တယ်လို့ ဒေသခံသတင်းတွေက ဒီနေ့ ဖော်ပြကြပါတယ်။ ဗီယက်နမ်နိုင်ငံမှာ တိုင်ဖုန်းမုန် တိုင်းကြောင့် မြေပြိုမှု နဲ့ ရေနစ်မြှုပ် မှုတွေဖြစ်ပေါ်ပြီး လူ ၁၂ ဦး သေဆုံး၊ ၄ ဦး ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။ ဒေသခံ ၂ ထောင်ကျော် ကို ဘေးလွတ် ရာ ပြောင်းရွှေ့စေ
Posted: 21 Jul 2014 03:28 AM PDT
 မွန်ပြည်နယ်၊ (ဘီးလူကျွန်း) ချောင်းဆုံမြို့နယ်၊ ပင်လယ်ကမ်းနား အနီးရှိ ကျေးရွာများ ပြီးခဲ့သည့် သီတင်း ပတ်အတွင်း ရေကြီးမှု ဖြစ်ပေါ်ခဲ့ရာ လယ်ယာ စပါးခင်းအချို့ ပျက်စီး ခဲ့ကြောင်း ချောင်းဆုံမြို့နယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။ ဒေါက်တာ အောင်နိုင်ဦးက “ ကျနော်တို့ နေထိုင်တဲ့ ဘီးလူကျွန်းဟာ ပင်လယ်နဲ့ နီးနေတယ်၊ နောက်တစ်  ချက်က တာတမံတွေ မကောင်းတာရယ်၊ ချောင်းရေမြောင်းရေ
Posted: 21 Jul 2014 03:18 AM PDT
 မြန်မာနိုင်ငံနဲ့ နီးကပ်တဲ့ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်း ရပ်ဝန်း ဖြစ်ပေါ်မူကြောင့် ရန်ကုန်တိုင်း ဒေသကြီး အပါအ၀င် မြန်မာနိုင်ငံ တ၀ှမ်းမှာ မိုးရွာသွန်းမှုတွေ ဆက်ရှိမယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ဒီဗွီဘီကို ပြောပါတယ်။ “ဇူလိုင် ဒုတိယ ၁၀ ရက်ပတ်မှာ မိုးအား သိသိသာ သာ ကောင်းလာတယ်။ တပြည်လုံး အနေအထားကတော့ ထူးခြားတဲ့ မိုးရွာသွန်းမှုကို မတွေ့ရသေးပါဘူး။
Posted: 21 Jul 2014 03:13 AM PDT
 မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ရဲတံခွန်ကျေးရွာဝန်းကျင်ရှိ ရာဘာခြံ လုပ်ငန်း ရှင်များအား ကရင် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ဆင့်ခေါ်ထားသည်ဟု ခြံပိုင်ရှင်များက လွတ်လပ်သော မွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။ ၂၀၁၄ ဇူလိုင်လ (၂၂)ရက်နေ့နောက်ဆုံးထား ဆင့်ခေါ်ထားပြီး ခြံပိုင်ရှင်များမလာရောက်ပါက ခြံအတွင်းရှိ တဲအိမ်များအား မီးရှို့မည်ဟု ပြောဆိုထားသည့်အပြင် ရဲတံခွန်ကျေးရွာအနီးတဝိုက် (၂)နေရာတွင်လည်း စာကပ်ထားကြောင်း
Posted: 21 Jul 2014 02:56 AM PDT
 ပဲခူးမြို့၊ ဥဿာမြို့သစ်၊ အမှတ်(၅)ရပ်ကွက်၊ FIVE STAR စားသောက်ဆိုင်ရှေ့လမ်းမရှိ ဓာတ်တိုင် တွင် လူတစ်ဦး ဓာတ်လိုက် သေဆုံးနေကြောင်း ဥဿာမြို့သစ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းမှ ပဲခူးအမှတ်(၃)နယ်မြေရဲစခန်းသို့ ဖုန်းဖြင့် အကြောင်းကြားခဲ့ကြောင်း သိရှိရသည်။  ဖြစ်စဉ်မှာ ၂၀-၇-၂၀၁၄ ရက်နေ့ နံနက်(၂း၂၀)နာရီတွင် ဥဿာမြို့သစ်၊ အမှတ်(၅)ရပ်ကွက်၊ ဆည် မြောင်းလမ်း၊ FIVE STAR စားသောက်ဆိုင်ရှေ့လမ်းမရှိ
Posted: 21 Jul 2014 12:59 AM PDT
 ယူကရိန်းအရှေ့ပိုင်းမှာ ပစ်ချခံခဲ့ရတဲ့ မလေးရှား လေကြောင်းလိုင်း လေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်း သေတ္တာကို ယူကရိန်း ခွဲထွက်ရေးတွေက ရှာဖွေ တွေ့ရှိခဲ့ကြပြီး ကျွမ်းကျင်သူတွေရဲ့ အတည်ပြုချက် မရမချင်း ထိန်းသိမ်းထားမယ်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့က ဆိုပါတယ်။ ဇူလိုင် ၁၈ ရက်နေ့က ရိုက်ယူထားတဲ့ ဗွီဒီယိုမှတ်တမ်းထဲမှာ ဂျုံခင်းတွေထဲ ကနေ လေယာဉ် မှတ်တမ်း သေတ္တာ တခုကို ရှာဖွေ တွေ့ရှိခဲ့ တာကို ဖော်ပြ ထားပါတယ်။
Posted: 21 Jul 2014 12:45 AM PDT
 ဂျူလိုင်လ ၂၁ ရက် ၂၀၁၄  သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း အခြေစိုက်လှုပ်ရှား သည့် သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းအား အစိုးရတပ်ခလရ ၂၄၈ နှင့် တခြားတပ်ဖွဲ့စစ်ကြောင်းများက ဂျူလိုင် ၂၀ နှင့် ၂၁ ရက်နေ့ တို့တွင် ပစ်ခတ်တိုက်ခိုက်နေသည်ဟု ဒေသအတွင်း တပ်မှူးက ပြောသည်။ ၂၀၁၄ ဂျူလိုင်လ ၂၀ ရက်နေ့ သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် အရှေ့ဘက် ၈ မိုင်ခန့် အကွာရှိ ဟာ့ဝမ့်ကျေးရွာအုပ်စု၊ ပန်စယ်ေ
Posted: 21 Jul 2014 12:44 AM PDT
ဂျူလိုင်လ ၂၁ ရက် ၂၀၁၄  တနင်္ဂနွေနေ့ ဂျူလိုင်လ ၂၀ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒု-ဥက္ကဌ ဦးအောင်မင်းက လွှတ်တော် ကိုယ်စားလှယ်များအား ဖိတ်ခေါ်ပြီး တည်ဆောက်နေသော ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များကို ရှင်းပြ ပြောဆိုခဲ့သည် ဟု ဆိုပါသည်။ “ လိုင်ဇာမှာဆွေးနွေးပြီးရင်တော့ ဒီ ၂၀၁၄ မှာ တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်နိုင်မယ်။ ၂၀၁၅ မှာ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမယ် -
Posted: 21 Jul 2014 12:41 AM PDT
ရန်ုကုန်၊ ဇူလိုင် ၂၁  ၂၀.၇.၂၀၁၄ ရက်နေ့ ၁၄၃၀ အချိန်တွင် မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည်လမ်း အတိုင်း တိုက်ကြီးဘက်မှ မှော်ဘီဘက်သို့ မင်္ဂလာဒုံမြို့နယ်နေ ယာဉ်မောင်း စိုးသီဟ၊ (၂၆)နှစ် မောင်းနှင်လာသော 7E---- တိုယိုတာ လင့်ခရူဇာ ကိုယ်ပိုင်ယာဉ်သည် မှော်ဘီမြို့နယ်၊ ကုလားကုန်းကျေးရွာ၊ ကြက်ခြံကွေ့ အရောက် လမ်းဖြတ်ကူးသူ ကုလားကုန်းကျေးရွာနေ မောင်မျိုးဇော်၊ (၇)နှစ်အား တိုက်မိခဲ့ ပါသည်။ ယာဉ်တိုက်မှုကြောင့်ေ
Posted: 21 Jul 2014 12:39 AM PDT
  ထိုင်းနိုင်ငံအလယ်ပိုင်း ပကျုတ်ခီရိခန်ခရိုင်မှာ မီးနေသည် မြန်မာအလုပ်သမတဦး ထင်း မီးမြှိုက်လှုံရာ ကနေ မီးခိုးငွေ့မွှန်ပြီး မွေးစကလေးပါ သေဆုံးခဲ့သလို အခန်းထဲက ဆွေမျိုး ၃ ဦးပါ အရေးပေါ် ဆေးရုံ တင်ထားရတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။ ဇူလိုင်လ ၂၀ ရက်နေ့  မနက် ၈ နာရီအချိန်က ပကျုတ်ခီရိခန်မြို့ ခလောင်းဝပ်လမ်း ဆ၀ိုင်ချုတ် ရပ်ကွက်ထဲမှာ မီးလောင်မှုဖြစ် ပွားကြောင်း သတင်းပေးချက်အရ  ရဲတပ်ဖွဲ့ဝင် နဲ့
Posted: 20 Jul 2014 07:20 PM PDT
 ဂါဇာမှာ တိုက်ပွဲတွေ ပြင်းထန်လာနေ ပြီး၊ မနေ့က လူ အသေ အပျောက် အများဆုံး ဖြစ်ခဲ့ရပါတယ်။ အရပ်သား အများစု ဖြစ်တဲ့ ပါလက်စတိုင်း ၉၀ နီးပါး သေဆုံးခဲ့သလို၊ အစ္စရေး စစ်သား ၁၃ ဦးလည်း သေဆုံးခဲ့ပါ တယ်။ သေဆုံးသွားတဲ့ ပါလက်စတိုင်းတွေ ထဲမှာ၊ ဂါဇာ မြို့တော်ရဲ့ ဆင်ခြေဖုံး လူနေထူထပ်တဲ့ အက်ရှာဂျိုင်ယာ မှာ၊ ကျရောက်ခဲ့တဲ့ ဗုံးတွေကြောင့်၊ လူ ၆၀ ကျော် သေဆုံးခဲ့တာ အပါအဝင် ဖြစ်ပါတယ်။ ဟားမတ်စ်အဖွဲ့ကတော့၊ အစ္စရေး စစ်သား
Posted: 20 Jul 2014 07:23 PM PDT
 ဖိလစ်ပိုင်ဖက်ကနေ တရုတ်နိုင်ငံအတွင်းကို ၀င်ရောက်တိုက်ခတ်နေတဲ့ Rammasun တိုင်ဖုန်းမုန်တိုင်းဟာ ပြင်းထန်တဲ့ လေတိုက်အားနဲ့ သည်းထန်တဲ့ မိုးတွေကို သယ်ဆောင်လာဆဲ ဖြစ်တာကြောင့် တရုတ်နိုင်ငံ အတွင်းမှာ လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ မုန်တိုင်းဟာ တရုတ်ပြည်မကြီးကို ၀င်ရောက် မတိုက်ခတ်ခင် ဟိုင်နန်ကျွန်းကို ဖြတ်လာတဲ့အချိန်မှာ လူ ၈ ယောက်သေဆုံးခဲ့ပြီး ပြည်မကြီးက Guangxi ဒေသမှာတော့ မုန်တိုင်းကြောင့်ေ
Posted: 20 Jul 2014 07:16 PM PDT
 ရခိုင်ပြည်နယ်မှာ မိုးကြီးပြီး သံတွဲမြစ် ရေလျှံမှုကြောင့် သံတွဲမြို့အနိမ့်ပိုင်းရပ်ကွက်တွေက နေအိမ်တချို့ ရေ နစ်မြုပ်နေတာကြောင့် ဒေသခံတွေ အတော်လေး ဒုက္ခရောက်နေကြပါတယ်။ တချို့မြို့ကြီးတွေမှာလည်း နေအိမ်တွေ ရေမြုပ်နေသလို ကားလမ်းတွေပေါ်မှာလည်း ရေကျော်နေတာကြောင့် သွားလာရေးမှာပါ အခက်အခဲတွေ ကြုံနေကြရတာပါ။ အလားတူ ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်နယ်တွေမှာလည်း ရေဘေးဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားနေကြရပြီး
Posted: 20 Jul 2014 07:12 PM PDT
 ပျဉ်းမနား ဇူလိုင် ၂၀  နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့တွင် HIV ခံစားနေရသူ တစ်ဦး ဘ၀ကို အရှုံးပေး၍ မိမိကိုယ်မိမိ ရေကန်ထဲ ဆင်း၍ အသက် အဆုံး စီရင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဇူလိုင် ၁၈ ရက် မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်က ဒုရဲအုပ်မင်းဇော်ဟန် ပျဉ်းမနားမြို့မ ရဲစခန်းတွင် တာဝန်မှူးအဖြစ် တာဝန် ထမ်းဆောင်နေစဉ် ပျဉ်းမနားမြို့၏အထင်ကရ အပန်းဖြေနေရာတစ်ခုဖြစ်သည့် မင်္ဂလာရှမ်းကန် ထဲသို့ အမျိုးသမီး
Posted: 20 Jul 2014 07:10 PM PDT
ရန်ကုန် တက္ကသိုလ်  မြန်မာ နိုင်ငံ တက္ကသိုလ်တွေ မှာ လူမှု သိပ္ပံ ဘာသာတွေ အဆင့်မြှင့် သင်ကြားရေး အတွက်၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ပညာရှင်တွေ နဲ့ ရန်ကုန် မန္တလေး တက္ကသိုလ်ကြီး တွေက ပါမောက္ခ တွေဟာ၊ ဇူလိုင်လ တတိယပတ်ထဲမှာ၊ ရန်ကုန် တက္ကသိုလ် မှာ တွေ့ဆုံ ခဲ့ကြပါတယ်။ တက္ကသိုလ် ပြုပြင်ရေး ဆောင်ရွက်ရာ မှာ အဓိက အကြီးဆုံး ရင်ဆိုင်ရတဲ့ အခက်အခဲကတော့၊ အစိုးရရဲ့ ဗဟို ချုပ်ကိုင်မှု ဖြေလျှော့ မပေးနိုင်တာနဲ့၊ တက္ကသိုလ်
Posted: 20 Jul 2014 07:08 PM PDT
 မလေးရှားနိုင်ငံသား အများအပြားဟာ နိုင်ငံပိုင် ခရီးသည်တင် လေယာဉ်ပစ်ချ ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံနဲ့ ရုရှားကိုလိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေအပေါ် ထိထိရောက်ရောက် အရေးယူ အပြစ်ပေးဖို့ သူတို့ရဲ့အစိုးရနဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေကို တောင်းဆိုနေကြပါတယ်။ တချို့ကလည်း စီးပွားရေးအရ အရေးယူဒဏ်ခတ် ပိတ်ဆို့ဖို့ တောင်းဆိုကြပါတယ်။ ကြာသပတေးနေ့က ယူကရိန်းနိုင်ငံအရှေ့ပိုင်း ရုရှားနယ်စပ်အနီးမှာေ
Posted: 20 Jul 2014 07:06 PM PDT
 ယူကရိန်း နိုင်ငံ အရှေ့ဘက်ခြမ်း က၊ ခွဲထွက်ရေး သူပုန်တွေ ရဲ့ ပြောခွင့်ရသူ က၊ ပျက်ကျခဲ့တဲ့ မလေး လေယာဉ်ပျံ ရဲ့ ခရီးသည် ရုပ်အလောင်း ၂၀ဝ နီးပါးကို၊ တောရက်ဇ် မြို့ အနီးမှာ ရှိတဲ့၊ အအေးခန်း ရထားတွဲတွေ ထဲ၊ ရွှေ့ပြောင်း တင်ထားတယ် လို့ ပြောပါတယ်။ ဥရောပ လုံခြုံရေး ဆိုင်ရာ စောင့်ကြည့် လေ့လာရေး OSCE အဖွဲ့က လည်း၊ အဆိုပါ ရထားတွဲတွေ ပေါ်မှာ၊ ရုပ် အလောင်းထည့် တဲ့ အိတ်တွေ အများအပြား မြင်ခဲ့ရတယ် လို့ ဆိုပါတယ်။ ဒီ
Posted: 20 Jul 2014 07:03 PM PDT
ရန်ကုန် ဇူလိုင် ၂၀  လူမှုတာဝန် သိတတ်သော သတင်းမီဒီယာများ ဖြစ်ထွန်းလာ စေရန် အလေ့အကျင့်ကောင်းများနှင့် နည်းပညာ အလွဲသုံးစားမှုဆိုင်ရာစိန်ခေါ်မှု များအား အဖြေရှာဆွေးနွေး သွားရန် ရည်ရွယ်လျက် လူမှုတာဝန် သိတတ်သော သတင်းမီဒီယာနှင့်ပတ်သက်သော ဆွေးနွေးပွဲ (Community Forum on Responsible Social Media in Myanmar) ကို ရန်ကုန်မြို့ MICT Park ရှိ အစည်း အဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းကကျင်းပသည်။ အဆိုပါဆွေးနွေးပွဲတွင်
Posted: 20 Jul 2014 05:12 PM PDT
 ယူကရိန်းနဲ့ ​ရုရှားနိုင်ငံ ​နယ်စပ်မှာ ​ပစ်ချခံရတဲ့ ​မလေးရှားလေယာဉ်ပေါ် ​လိုက်ပါသွားတဲ့ ​သြစတြေးလျနိုင်ငံသားတွေအတွက် ​အောက်မေ့ဖွယ် ​အခမ်းအနားတွေ ​ကျင်းပကြပါတယ်။ ပစ်ချခံရတဲ့ ​မလေးရှား ​လေယာဉ်ပေါ်မှာ ​သြစတြေးလျနိုင်ငံသား ​၃၇ ​ယောက် ​လိုက်ပါသွားပြီး ​အဲဒီထဲက ​၁၈ ​ယောက်ဟာ ​မဲလ်ဘုန်းမြို့ရှိရာ ​ဗစ်တိုး ​ရီးယား ​ပြည်နယ် ​သားတွေ ​ဖြစ်ပါတယ်။ ဒီကနေ့ ​ကစပြီး ​ဝမ်းနည်းကြောင်း ​စာတမ်းတွေ ​ရေးသားနိုင်ဖို့ 
Posted: 20 Jul 2014 01:03 PM PDT
 ဂျူလိုင် ၂၀ ရက် ဒီကနေ့ဟာ လူသားတွေ လကမ္ဘာပေါ် ခြေချနိုင်ခဲ့တာ ၄၅ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ အမေရိကန် အာကာသ ယာဉ်မှူးတွေ လွန်ခဲ့တဲ့ ၄၅ နှစ်က လကမ္ဘာပေါ် လူတယောက် ခြေချနိုင်ခဲ့တာဟာ လူသားထု တရပ်လုံး အတွက် ကြီးမားတဲ့ အောင်မြင်မှုတရပ်လို့ ၁၉၆၉ ခု ဂျူလိုင် ၂၀ ရက်နေ့က လမျက်နှာပြင် ပေါ်မှာ ပထမဦးဆုံး ခြေချလမ်းလျှောက်ခဲ့သူ အာကာသယာဉ်မှူး Neil Armstrong က ပြောပါတယ်။ မိနစ်အနည်းငယ်အကြာမှာ ဒုတိယခြေချခဲ့သူကေ
Posted: 20 Jul 2014 12:40 PM PDT
 နေပြည်တော်၊ ဇူလိုင် ၂၀  ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန် မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၁၆/၃-၄)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သီးကုန်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့သည်။  စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီး တံခွန်မြို့နယ်၊ (က)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...