Wednesday, July 16, 2014

အလှအပနဲ့အမှန်တရားရှိတဲ့နေရာ


ဂရိပုံပြင်တစ်ခုမှာ ဂရိနတ်မင်းကြီး Zeus ဟာ လောကကြီးကိုဖန်ဆင်းလိုက်
တယ်၊ ကြယ်တွေကိုလည်း ဖန်ဆင်းလိုက်တယ် ။ နေတွေ လတွေကိုလည်း
ဖန်ဆင်းလိုက်တယ် ။ ကမ္ဘာမြေကြီးကို ဖန်ဆင်းလိုက်တယ် ။ တောတောင်
တွေကိုဖန်ဆင်းလိုက်တယ်။ ပင်လယ်သမုဒ္ဒရာတွေကိုလည်း ဖန်ဆင်းလိုက်
တယ်။

ပြီးတော့ တိရစ္ဆာန်တွေ ၊ ယောင်္ကျား မိန်းမတွေကို ဖန်ဆင်းလိုက်ပြန်
တယ်။ နောက်ဆုံးမှာ အလှအပနဲ့အမှန်တရားကို ဖန်ဆင်းလိုက်ပြီးတော့နတ်
သဘင်အစည်းအဝေးခေါ်လိုက်တယ်။ အစည်းအဝေးမှာ Zeus နတ်မင်းကြီး
က...
" အလှအပနဲ့ အမှန်တရားကို ငါဖန်ဆင်းလိုက်ပြီ ၊ ဒါပေမယ့် ဒီအလှအပနဲ့
အမှန်တရားကို လူတွေလွယ်လွယ်နဲ့ ရှာလို့မတွေ့အောင် လုံခြုံတဲ့နေရာမှာ
ဝှက်ထားရမယ်၊ သိပ်လွယ်လွန်းရင် လူတွေက တန်ဖိုးထားမှာ မဟုတ်ဘူး၊
အင်မတန် လုံ့လဝီရိယကြီးတဲ့သူမှသာ မတွေ့မနေရှာမှတွေ့နိုင်မယ့် နေရာ
မှာဝှက်ရမယ်။ ဘယ်နေရာမှာဝှက်ရရင် ကောင်းမလဲဆိုတာကို နတ်မင်းများ
ပြောကြပါ " လို့ ပြောတယ်။
နတ်မင်းတစ်ပါးက
" ပင်လယ်သမုဒ္ဒရာ အောက်မှာဝှက်ရရင် ကောင်းမယ် "
နောက်နတ်မင်းတစ်ပါးကလည်း
" အမြင့်ဆုံးတောင်ထိပ်မှာ တင်ထားရရင်ကောင်းမယ် " လို့အသီးသီးအ
ကြံပေးကြတယ်။
ပညာရှိနတ်သားတစ်ပါးကတော့
" အလှအပနဲ့ အမှန်တရားကို လူတွေရဲ့နှလုံးသားထဲမှာ ဖွက်ထားလိုက်ပါ၊
လူတွေဟာအပြင်မှာဘဲရှာလိမ့်မယ်၊ ဒါကြောင့် နှလုံးသားထဲမှာဖွက်ထားတဲ့
အလှအပနဲ့ အမှန်တရားကို တော်တော်တန်တန်လူ တွေ့နိုင်မှာမဟုတ်ဘူး။
အင်မတန်ဥာဏ်ကြီးတဲ့သူ အင်မတန်လုံ့လဝီရိယ ကြီးတဲ့သူမှသာ တွေ့နိုင်
မယ် " လို့ ပြောတော့ နတ်မင်းကြီးနဲ့ တခြားနတ်တွေ အားလုံးက သဘော
ကျ လက်ခံကြတဲ့အတွက် နတ်မင်းကြီးဟာ အလှအပနဲ့ အမှန်တရားကို လူ
တွေရဲ့နှလုံးသားထဲမှာ ဖွက်ထားလိုက်သတဲ့..။
အလွယ်လမ်းလိုက်ချင်သူ၊ လွယ်လွယ်ကိုသဘောကျသူတွေကတော့ အလှ
အပနဲ့ အမှန်တရားကို အပြင်မှာ ရှာကြမယ်။ စာအုပ်ထဲမှာ ရှာကြမယ်၊ သစ်
ပင်တွေ ပင်လယ်တွေ ကောင်းကင်တွေ ပန်းပွင့်တွေထဲမှာ ရှာကြမယ် ။ အ
စစ်ကိုတွေ့မှာမဟုတ်ဘူး။ အရိပ်ကိုပဲ တွေ့မယ်။ အလှအပနဲ့ အမှန်တရားအ
စစ်ကတော့ ပညာရှိတဲ့သူ၊ ဥာဏ်ကြီးတဲ့သူ၊ ဝီရိယရှိတဲ့သူမှတွေ့နိုင်မယ်။ တ
ခြားနေရာမှာတော့ မဟုတ်ဘူး၊ မိမိရဲ့နှလုံးသားထဲမှာပဲ ရှိနေတာ...။
( ဆရာတော် ဦးဇောတိက )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...