Sunday, July 27, 2014

သူကြီးနှင့် သူ၏သမီးများ

ထိန်ပင်ရွာသူကြီးဦး ဖိုးခ တစ်ယောက်

အိမ်ရှေခန်းမှာခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်မှာအတော်ကြာနေပေပြီ။

မကြာခဏရပ်ပြီး သက်ပြင်းလည်းချနေတတ်သည်။လက်ထဲက ဆေးတံကိုမီးညှိပြီး

ပက်လက်ကုလားထိုင်မှာထိုင်ချလိုက်သည်။အိမ်အတွင်း ကိုလှမ်းပြီး

``သမီး....စာဥ  ရေ.....´´

``လာပပီ ဖေဖေ ´´

အငယ်ဆုံးသမီးလေးက၀တ်မှုန်ရွှေရည်အသံလေးနှင့် လာပါပြီ ကို လာပပီလို့

ချွဲနွဲ့ နွဲ့လေးပြောပြီးပြေးဝင်လာသည်။

``နင့်အမတွေဆီ ကဘာတွေထူးသေးတုန်းဟ ´´

``ထူးတယ်...အဘ ရဲ့ မမကြီး ကျေး ဥ ကပြီးခဲ့တဲ့ လဆန်း သားလေးမွေးတယ်တဲ့

ထန်းတစ်ပင်ကလူတွေလာတုန်းကပြောသွားတယ် အဘရဲ့ ´´

``ဟေ.....ဟုတ်လား ..ဒါဆို...ငါမြေးရပြီပေါ့ ´´

    ဦးဖိုးခ ကပြုံးဖြည်းဖြည်းနှင့်သဘောကျသွားသည်။ဒါကလည်းမဆန်းမြေးဦးရသည့်

အဖိုးတိုင်းဖြစ်တတ်သည်ပင်၊ယောက်ကျားလေးဆိုတော့ပိုလို့ဝမ်းသာသွားသည်။

``ဟုတ်ပါ့အဘ ရယ် ရသမှ မြေးသုံးယောက်တောင်တော့ ´´

စာဥ ...စကားကြောင့်ဦးအောင်ထက်ရုတ်တရက်ကြောင်သွားပြီး...

`` ဟင်...ဘယ်လိုတုန်း လုံမ ရဲ့ ´´

``သရက်ညီနောင်က အမလတ် မရွှေဥ လေ ...မနေ့ကအမွှာပူးးမွေးတယ်တဲ့

ညနေကသရက်ညီနောင်က ကိုမောင်လှ ရယ်ဖဲရှုံးလို့မိန်းမအိမ်ပေါ်ကမောင်းချလိုက်လို့

ရွာပြန်လာတာ   စောစောက ထရေဘိုးဝင်တောင်းရင်း ပြောသွားလေရဲ့´´

`` ဘာလေးတွေမွေးလည်းဟ ´´

``ယောက်ကျားလေးတွေတဲ့တော့သူ့အမေလိုဖြူဖြူတုတ်တုတ် လေးတွေ ´´

သူကြီး ဦးဖိုးခ တစ်ယောက်တိတ်တစ်ဆိပ် တွေးနေမိသည်။ မြေးတွေရ လာတာကို

သွားလေသူ မိ ခင်ဥ တစ်ယောက်သိရင်ဘယ်လိုများနေပါလိမ့်လို့ တွေးနေမိသည်။

`` စာဥ ရေ အဖေ့အိပ်ခန်းထဲက  အုန်းထန်းညက်ဘူး ယူပေးစမ်း ပါ..

 ဒီမှာအကြမ်းနွေးနွေးလေးနဲ့သောက်ရအောင်....´´

 `` ဟတ်ကပ်...အပ ´´

သမီးငယ်မိရှင်းက    ကိုယ်လုံးနဲ့လုံးဝမလိုက်သော ၀တ်မှုံရွှေရည်နှာစေးနေသောအသံ

 နှင့်ဟုတ်ကဲ့အဘ...ကို နှာသံလေးနှင့်ဟတ်ကပ့်အပ    လို့ပြောပြီးထသွားသည်။

`` ဒကာ ကြီးဖိုးခရှိ လား ဟေ့ ´´

အိမ်အောက်ကခေါ်သံကြားလို့ထကြည့်လိုက်တော့ရွာဦးကျောင်းက..ဦးဇင်း

နောက်မှာလည်းခပ်ပိန်ပိန်လူုရွယ်တစ်ယောက်နှင့်။

`` ရှိပါတယ် ဘုရား...အိမ်ပေါ်ကြွခဲ့ပါဦးဇင်း ဘုရာ့ ´´

ပြောပြောဆိုဆိုအိမ်ဦးခန်းဘုရားစင်အောက်တွင်သင်ဖြူးဖျာတစ်ချပ်ကိုခင်းလိုက်သည်။

တဆက်တည်း အလှူခံတတ်သောဦးဇင်းမျက်စိကျမည့် အရာများရှိမရှိ လိုက်ကြည့်

လိုက်သည်။ခုံပေါ်က အိပ်ဆောင်ရေဒီယိုလေးကိုလည်းကပြာကရာလှမ်းသိမ်းလိုက်ပြီး

ချိန်ဦးဇင်းတို့အိမ်ပေါ်ကြွလာ၏။

`` ဒကာကြီးကျန်းမာတယ်နော်... ´´

``တင်ပါ့ဘုရားမာပါတယ် ဆရာတော်ဘုရားကြီးလည်း မျှတပါရဲ့လား ´´

`` မျှတပါ တယ်ဒကာ.... ခဏနော် ´´

ဦးဇင်းကပြောပြောဆိုဆို ဘုရားကိုဝတ်ပြုနေ၍သူကြီးနှင်ုလူရွယ်လည်း

အနောက်ကလိုက်ပြီးဦးချရလေတော့သည်။နောက်ဦးဇင်းကသင်္ကန်းကိုပြင်ပြီး

တင်ပလင်ခွေထိုင်လိုက်မှရေနွေးကြမ်းလင်ဘန်းကိုရိုရိုသေသေကပ်လိုက်သည်။

ထိုအခိုက် အိမ်ခန်းအတွင်းမှ စာဥ တစ်ယောက်အုန်းထန်းညက်ဘူးကြီးကို

ကိုင်ပြီးထွက်လာရာ ဦးဖိုးခ လည်းအလိုက်မသိသောသမီးအား

မျက်စိမှိတ်ပြလျှက်မေးကိုအိမ်ခန်းတွင်းသို့ အကြိမ်ကြမိ်ဆတ် ပြီး ပြန်ယူသွားဖို့

 ညွှန်ပြနေမိသည်။

``ဟယ်တော့...အဘ...အဘ..မျက်ကြောတွေလိုက်ပြီးလည်လိမ် နေပြီ......

လုပ်ကြပါဦး ....အဘ..အဘ ´´

 အတွေးမပေါက်သောသမီးဖြစ်သူအသံကြောင့်

``ဟုတ်ပါဘူး..သမီးရာ အဘ ဇက်ညောင်းလို့ချိုးနေတာပါ ဟ ´´

ဦးဇင်းကတော့စာဥ လက်ထဲကထန်းညက်ဘူးကိုမြင်တော့ဝမ်းသာအားရပင်

`` အာ...ဒကာကြီးကတော့လုပ်ပြီ   အုန်းထညက်တွေ နဲ့ အင်းကောင်းတယ်ကောင်းတယ်´´

`` ဟဲ့သမီးနင်ကလည်းပုလင်းကြီးနဲ့    ပုဂံလေးဘာလေးနဲ့ထည့်လာလေဟယ်´´

သူကြီးလည်း   အရှက်ပြေ အလိုက်မသိသောသမီးအားဆူငေါက်လေးငေါက်လိုက်သည်။

 “ရပါတယ်ဒကာကြီးရယ် ပုလင်းလိုက်သာကပ်လိုက် ကျောင်းရောက်မှဆရာတော်ကို

လည်းကပ်ရင်း   ဘုန်းရတာပ သာဓု သာဓု သာ.....ဓု ´´

ဦးဖိုးခ လည်းမထူးးတော့ပြီမို့ထန်ညက်ပုလင်းအားဦးဇင်းအားလက်နှစ်

 ဘက်နှင့်ရိုရိုသေသေကပ်လိုက်လေသည်။

  “ ကြွလာတဲ့ကိစ္စလေးမိန့်ပါဦး ဘုရား  ”

``ပြောရရင်တော့မင်္ဂလာသတင်းဘဲဒကာကြီးရေ...ဦးဇင်းမနေ့က လေးအိမ်စု

  ကိုရောက်ခဲ့တယ် ဆရာတော်ခိုင်းတဲ့ အလုပ်ပေါ့အဲဒီမှာ ထူးခြားတဲ့သတင်းကြားတာပါ့´´

 `` ဘာသတင်းများတုန်းဘုရာ့ ´´

`` ဘာရမတုန်းဒကာကြီးသမီးငယ် မိစိန်ဥ ရယ်ပေါ့ ´´

`` ဟင်...စိန်ဥ ဘာများ ဖြစ်လို့တုန်းဦးဇင်း....´´

``ဘာဖြစ်ရမလည်း...ဒကာကြီးသမီးကမြို့တက်ကလေးမွေးတာ

တခါတည်းမွေးတာ  လေးယောက်တောင်တဲ့ ယောက်ကျားလေးတွေချည်း

ဒကာကြီးတော့တကြိမ်တည်းသာသနာ့အာဇာနည် လေးပါးရပြီပေါ့ ´´

`` ဟိုက်......ဟုတ်ရဲ့လားဦးဇင်း ´´

ဦးဖိုးခ တစ်ယောက်ကြားလိုက်ရတဲ့သတင်းကြောင့်ဒူးတွေတုန်လာသည်။

`` ဟုတ်ပါသကော...ဒကာကြီးရယ်..သူ့ယောက်ကျားမောင်သာကျော် က

  ပျော်လို့ဆိုပြီးကလိုက်တာ ကွေးနေတာဆိုဘဲ

  မင်္ဂလာသတင်းက အဲဒီမှာတင်မရပ်သေးဘူး´´

 ``အန်...ဘယ်သူထပ်မွေးပြန်တာလည်းဦးဇင်း..´´

``မဟုတ်ပါဘူး..တမြန်နှစ်ကကျောင်းကထန်းပင်တွေလာလာတက်တဲ့

မောင်ဘတုတ် ကိုမှတ်မိလား...ဟိုလေ..သူ့ကိုယ်သူတုတ်ပြီးဒါးပြီး

တုတ်ကြီးဆိုပြီးသိုင်းကွက်တွေ ပြပြနေတဲ့ မုတ်ဆိပ် နဲ့ဒကာလေ ´´

``မှတ်မိပါပြီဘုရာ့ကျောင်းသားလေးတွေမျက်စိနောက်လို့ ၀ါးကိုင်း

နဲ့ရိုက်လိုက် တာခေါင်းပေါက်သွားတဲ့ လူမဟုတ်လား ´´

ဦးဇင်းကရေနွေးတစ်ခွက်ကိုမော့သောက်ပြီးခေါင်းတစ်ငြိမ့်ငြိမ့်နှင့်

``ဟုတ်ပါပေကောဒကာကြီး ဦးဇင်းရဲ့ ဒကာရင်းတွေလေ သူကအခု အဲ....

ယောက်ကျား ရောဂါပေါ့ ဟိုဒင်း ဟိုဟာကြီးနေလို့ လမ်းမလျှောက်နိုင်လို့

ဦးဇင်းကိုသူ့သားအရေး အကူအညီတောင်းလို့ သံဃာအလုပ်မဟုတ် ပေမဲ့

ကြွလာရတာပါ့ ဒါကသူ့သား မောင်လှချောတဲ့ ´´

ဦးဖိုးခ ကလူရွယ်ကိုအကဲခပ်ပြီးကြည့်လိုက်သည်။လူရွယ်ကသူ့ကို

မကြည့်ဘဲ...သမီးစာဥ  ကိုကြည့်ပြီးပြုံးပြခါ ခေါင်းငြိမ့်ပြနေသည်။

``ဟေ့ကောင်...မင်းဘာလို့ ငါ့သမီးကို ခေါင်းငြှိမ့်ပြရတာလည်းကွ...ဟေ´´

လူရွယ်ကပြာပြာသလဲပင်.....

``ကျ...ကျ....ကျနော်....မ...မ...မမ.ပြရပါ...ဘူး´´

``အောင်မာ...ငါပြောနေတာတောင်..မင်းကငါ့သမီးကိုကြည့်ပြီး ပြောနေသေးတယ်

ငါ့ကိုများ...ပမာမခန့်..တယ်...´´

အခြေအနေတော်တော် တင်းလာလို့ ဦးဇင်းက၀င်ပြီး

`` ဒီလိုပါ..ဒကာ ဖိုးခ ရယ်..သူကမွေးကတည်းက မျက်စိလေး နဲနဲလေး

စွေနေလို့ပါ .. မဆိုစလောက်လေးပါ´´

``ဘယ်..မဆိုစလောက်ရမှာလည်း...အဖေကြည့်မှန်းသမီးကြည့်မှန်း မသိတဲ့

ကောင်..စကားပြောတာလည်းအထစ်ထစ်အငေါ့ငေါ့ ´´

 မောင်လူချော ဆိုတဲ့သူငယ်ကမျက်နှာချိုသွေးသောလေသံဖြင့်

`` ဒါက....ဒ..ဒ.......ဒ..ဒ......ဒ.ဒယ်...ဒီလိုပါ...အဘဘ.....ဘ....ဘ..ဘရယ်´´

ဦးဇင်းကမန်း ကတန်းဝင်ပြီး.....

``ဟေ့ကောင်....မင်း တ...တ...တ..တ...တိတ်တိတ်နေစမ်း...တယ်.ငါပါလိုက်

ပြီးထစ်နေပြီ...ဒီလိုတကာကြီး...သူကစကာလည်း..နဲနဲ...ထထ...ထစ်..ထစ်တယ်´´

`` ဦးဇင်း....အဲဒါက..ကျုပ်နဲ့...ဘ..ဘ..ဘဘဘာ....ပါတ်သက်လည်း ´´

ဦးဇင်း...လည်းဆက်ပြောနေလျှင်ဆက်ထစ်နေမှာစိုးလို့ ရေနွေးကြမ်းတစ်ခွက် ကို

မော့သောက်လိုက်သည်။ပြီးမှမထစ်အောင်ထိန်းပြီး.........

``ပါတ်သက်ပါသော်ကော...ဒကာကြီးသမီး...မိစာဥက သူနဲ့လူငယ်သဘာဝ...

ရည်ငံ နေကြတာလေ..တစ်ကယ်ကြိုက်တယ်ဆိုရင်..တောင်းရမ်းပါဆိုလို့

သူ့အဖေ ငတုတ်ကြီးက  နားလာဖေါက်ခိုင်းတာလေ´´

`` ဟဲ့.....မိစာဥ..ဦးဇင်းပြောတာ...ဟုတ်လား..´´

``ဟုတ်ကဲ......အဘ ´´

``ဒီလို...တောင်တစ်လုံး...မြောက်တစ်လုံးနဲ့ထစ်နေတဲ့ ငစွေ ကို

နင်ကဘာကိုကြည့်ြ့ပီးကြိုက်တာလည်း.....´´

``အယ်...အဘကလည်း အဲလိုမပြောပါနဲ့.....ကိုကိုချောကလေ...သမီးကို

ချစ်တယ်ပြောတိုင်း အထပ်ထပ်အခါခါပြောတတ်တာ..ပြီးတော့ကိုကိုချော

အကြည့်လေးကလည်...တအားပုစ္ဆာဆန်တာအဖေ.....´´

မောင်လှချော ကလည်း အားကျမခံဝင်ပြောပြန်သည်။

``ဟ...ဟ...ဟုတ်ပါတယ်အဘ..အဘ...ဘ.....ဘသမီး..မီးကို....သ..သ..သားမှတ်မှတ်

မ...မ..မယ်...မယားမှတ်မှတ်..ပေါင်းပြီး...တသက်လုံး.....ချ...ချ...ချ..ချ...´´

သူကြီးဦးဖိုးခကခပ်မြန်မြန်ဝင်ပြီး....

``ဟေ့ကောင်...အဲ...ဒီနေ...နေ....နေရာမှာ...မယ်....မယ်...မထစ်နဲ့´´

``ကျ...ကျ....နော်နော်....နော်က...ချ..ချ..ချစ်မယ်ပြောတာ...´´

မောင်လှချောခမြာ တစ်ကိုယ်လုံး ကြွကြွ ပြီးပြောပြရှာပါသည်။

 `` ဟုတ်သားဘဲအဘ...ဘ..ရယ်...သူက...ထစ်ထစ်....ထစ်နေတာလေ´´

`` တော်လိုက်...မိစာဥ  ..ငါလေ...´´

 သမီးဖြစ်သူကို  ဒေါသဖြင့်ငေါက်လိုက်သဖြင့် ဦးဇင်းက၀င်ပြီး

``ဒကာကြီးကလည်း...သူ့အဖေကလယ် ဆယ်ဧကနဲ့ထန်းဖိုတစ်ခုလက်ဖွဲ့

ပေးမှာတဲ့.ပြီးတော...သူ့ရွာက.......´´

သူကြီ ဦးဖိုးခ ဦးဇင်းစကားများကိုနားမ၀င်တော့ အချိန်ပိုင်းလေးအတွင်း

အမျိုးမျိုးပြောင်းလည်းသွားသောမိမိဘ၀ကြောင့်အာခါင်တွေခြောက်လာသလို

အသားတွေလည်းတဆတ်ဆတ်တုန်လာသည်၊စိတ်ထဲကလည်းတွက်နေမိသည်။

`` အင်း..ထန်းတပင်ရွာသား နဲ့ယူတဲ့ မိကျေးဥ က ကလေးတစ်ယောက်

သရက်ညီနောင် ရွာသားငမဲကောင် ဖိုးဆိတ် နဲ့ယူတဲ့မိရွှေဥ မှာ ကလေးနှစ်ယောက်

လေးအိမ်စု က သာကျော် နဲ့ယူတဲ့မိစိန်ဥ မှာက ကလေး လေးယောက် ငါ့မှာတပြိုင်နက်

မြေး ခုနစ်ယောက်တောင်...အောင်မာနေပါဦး....

 ထန်းတစ်ပင်သား....ကတစ်ဆိုတော့ သားတစ်ယောက်

သရက်ညီနောင် ဆိုတော့...နှစ်...အမွှာလေးမွေးတယ်..သားနှစ်ယောက်

လေးအိမ်စုရွာသား..ကိုယူတော့ လေးမွှာပူး သားလေးယောက်....ဟင်..ဒါဆို..

  “ ဟေ့ကောင် လှချော  မင်းနေတာကဘယ်ဇာတိ...လည်း.....´´

ဦးဖိုးခ အမေးကို.... မောင်လှချောပြန်ဖြေသည်က...

``ကျ...ကျ...ကျနော်နေတာက...သုံး...သုံး သ သုံးဆယ်မှာပါ..´´

မောင်လှချော အဖြေကိုကြားသည်နှင့်ဦးဖိုးခ ရုတ်တရက်ထပြီး

သမီး စာဥ လက်ကိုဆွဲထကာ

``လာ...စမ်း မိစာဥ ..လာ...နင်တော့အကျိုးနည်းတော့မှာလာခဲ့...´´

ပြောပြောဆိုဆို ဦးဖိုးခ သည် သမီးလက်ကိုဆွဲပြီးအိမ်ပေါ်

ကနေဆင်းပြေးလေတော့သည်။အိမ်အောက်ရောက်မှပြန်အော်ပြောသည်က...

``မပေးစားဘူး..လုံးဝမပေးစားဘူး.......

.ဦးဇင်းရေ့..ကျုပ်သမီးနိုင်မယ်မထင်ဘူး....ဗျ´´...တဲ့။

                         ဘ၀အမောတွေပြေပါစေနော်........

                                     တတိုင်းမွှေး။   ။

ထိန်ပင်ရွာသူကြီးဦး ဖိုးခ တစ်ယောက် အိမ်ရှေခန်းမှာခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်မှာ အတော်ကြာနေပေပြီ။ မကြာခဏရပ်ပြီး သက်ပြင်းလည်းချနေတတ်သည်။လက်ထဲက ဆေးတံကိုမီးညှိပြီး
ပက်လက်ကုလားထိုင်မှာထိုင်ချလိုက်သည်။ အိမ်အတွင်း ကိုလှမ်းပြီး
``သမီး....စာဥ ရေ.....´´
``လာပပီ ဖေဖေ ´´

အငယ်ဆုံးသမီးလေးက ၀တ်မှုန်ရွှေရည်အသံလေးနှင့် လာပါပြီ ကို လာပပီလို့

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...