Friday, July 18, 2014

သဆုံးခြင်းကိုလည်း ရွေးချယ်ခွင့်ရှိရမယ်

မစ္စတာအီသန်ဟာ နာမည်ကြီး မျက်လှည့်ဆရာတစ်ယောက် ။
တရက်တော့မျက်လှည့်ပွဲမှာ မတော်တဆမှု့တစ်ခုကြောင့်
တကိုယ်လုံးအကြောတွေသေသွားတယ် ။ ခေါင်းတစ်ခုပဲ လှုပ်လို့ရ
တော့တယ် ။ ဆိုဖီယာ က မစ္စတာအီသန်ရဲ့ သူနာပြု ၊ မစ္စတာအီသန်
ကို ပြုစုစောင့်ရှောက်လာခဲ့တာ ၁၂ ကျော်ခဲ့ပြီ ။ သူ့အိမ်ထောင်ရေး အပျက်
ခံပြီး မစ္စတာအီသန်ကိုစောင့်ရှောက်ခဲ့တယ် ။

မစ္စတာအီသန်ဟာ တကိုယ်လုံးသေနေပေမယ့် အရှုံးမပေးပဲ ၊ စာအုပ်ထုတ်
ဝေခဲ့တယ် ၊ သူ့စာအုပ်မှာ လူ့ဘ၀ကို အရှုံးမပေးဖို့ရေးထားပြီး အောင်မြင်တဲ့
အတွက် ကိုယ်အင်္ဂါထိခိုက်သူတွေကျောင်းမှာတောင် သင်ရိုးညွန်တမ်းထား
ရတယ် ။ ပြီးတော့ သူဟာ အောင်မြင်တဲ့ ရေဒီယိုအစီအစဉ်တစ်ခုရဲ့ MC ။
သူ့ရေဒီယို ကို အိမ်ကပဲ ထုတ်လွင့်ခဲ့တယ် ။

ဒါပေမယ့် . . .
တရက်တော့ မစ္စတာအီသန်ဟာ သူ့မိတ်ဆွေရင်း ဥပဒေပညာရှင်ကိုခေါ်ပြီး
တရားဥပဒေနဲ့အညီသူ့ကို အဆုံးစီရင်ခွင့်ရဖို့ တရားရုံးကိုဦးတိုက်လျှောက်
ထားခိုင်းတယ် ။ သူ့မိတ်ဆွေတွေ ၊ သူ့မိသားစုဆရာဝန်တွေ က အကုန်တား
ကြပေမယ့် မရခဲ့ဘူး ။
ဒါနဲ့ပဲ သူ့မိတ်ဆွေ က ဥပဒေနဲ့အညီအဆုံးစီရင်ခွင့်ရဖို့ တရားရုံးကိုဦးတိုက်လျှောက်
ခဲ့တယ် ။
ဒီနေ့ ဂျုတီဝင်ရင်း အဲ့ဇတ်ကားကြည့်ပြီး မျက်ရည်ဝဲမိတယ် ။မင်းသားမသိ ၊ မင်းသမီးမသိပဲကြည့်မိတဲ့ အိန္ဒိယဇတ်ကားလေးတစ်ခုပါ ။ အနုပညာတစ်ခုကို
မျက်ရည်ဝဲလောက်တဲ့အထိ မခံစားမိတာကြာပြီ ။ ဒါပေမယ့် ဒီဇတ်ကားမှာ
အီသန်နေရာက ကိုယ်တိုင်ဝင်ခံစားမိသလိုဖြစ်သွားတယ် ။ ၁၂ နှစ်ကျော်လုံးလုံး
တစ်ကိုယ်လုံး လှုပ်မရ ပဲ အကြောသေနေတဲ့ လူတစ်ယောက်ရဲ့ဘ၀ကိုလည်း
ကိုယ်ချင်းစာမိသွားတယ် ။
တရားသူကြီးရှေ့မှောက်မှာ အီသန်အမေရဲ့ထွက်ဆိုချက် ၊ အီသန်ရှေ့နေရဲ့
လျှောက်လဲချက် ၊ အီသန်သူနာပြူ ဆိုဖီယာရဲ့ထွက်ဆိုချက်တွေကို နားထောင်
ပြီးရင်ထဲ ဆို့လာတယ် ။ မျက်ရည်အလိုလို ၀ဲတက်လာတယ် ။
အီသန်ဟာ ဂုဏ်သိက္ခာရှိစွာနဲ့ဥပဒေနဲ့အညီတရားဝင်သေဆုံးခွင့်ရဖို့
တရားရုံးကို ဦးတိုက်လျှောက်ခဲ့တာပါ ။ တကယ်တော့ ကျနော်တို့ဘ၀တွေ
မှာ ဂုဏ်သိက္ခာရှိစွာသေဆုံးဖို့ဆိုတာလည်း အရေးကြီးတယ်ဆိုတဲ့အကြောင်း
နားလည်သွားတယ် ။
ရှင်သန်ခြင်းကို ရွေးချယ်ခွင့်ရှိရင်
သေဆုံးခြင်းကိုလည်း ရွေးချယ်ခွင့်ရှိရမယ်တဲ့ ။
ဇတ်ကားထဲက ဒိုင်ယာလောခ့်တစ်ခုပါ ။
ကျနော်လည်း ကျနော်သေဆုံးတဲ့အခါ
ဂုဏ်သိက္ခာရှိစွာသာ သေဆုံးချင်ပါတော့တယ် ။
မာဃ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...