Thursday, July 17, 2014

"Engineer Jokes"

================
1. ကျနော် အင်ဂျင်နီယာ
================
Site ထဲက ဘကုန်းအလုပ်သမားတွေ ဘာမှကို နားမလည်ဘူး။
နည်းနည်း လူရည်လည်တဲ့ကောင်ကို ဖိုမင်ပေးထားတာ သူလည်း အတူတူပဲ၊ ခေါင်းထဲမှာ ဥာဏ်မရှိဘူးလား မသိဘူးဗျာ။ ကြည့်လေ တနေ့ကပေါ့...
ဖောင်ဒေးရှင်းချဖို့ မြေကျင်းတူးခိုင်းလိုက်မိပါတယ်


ခဏနေတော့ ရုံးခန်းထဲ ဝင်လာပြီး သတင်းပို့တယ်... ...
"ဆား... ကျင်းတူးလို့ ထွက်လာတဲ့ မြေစာတွေက လမ်းပေါ်ရောက်လို့တဲ့၊ Safety Officer က လာပြောနေတယ်၊ အဲ့ မြေစာတွေ ပုံစရာနေရာလည်း မရှိဘူး၊ ဘာလုပ်ရမလဲ ငင်..."
ကဲ... အိပ်နေတဲ့လူကို လာနှိုးပြီးတောင် ပြောတဲ့ကောင်
အလိုက်မသိဘူး
ဒါမျိုးတော့ ကျုပ်လိုကောင်က လွယ်လွယ်လေး ရှင်းပေးလိုက်တယ်... ...
"ဟာ... အ, လိုက်တဲ့ကောင်ကွာ... ထွက်လာတဲ့ မြေစာတွေ တနေရာရာမှာ ကျင်းတူးပြီး မြုပ်လိုက်ပေါ့၊ ဒါလေးတောင် မရှင်းနိုင်ဘူးလား"
ကဲ.. လွယ်လွယ်လေးကို ...
==========
2. အလုပ်သစ်
==========
စင်္ကာပူ မြေအောက်ရထားလုပ်ငန်းအတွက် ဝန်ထမ်းအလိုရှိသည်။
လစာ = တစ်လ ဒေါ်လာ 8000 ပေးမည်။
ရာထူး = ရထားလမ်းပြ
လုပ်ငန်းသဘာဝရှင်းလင်းချက် = မြေအောက်ရထားခေါင်းတွဲ ရှေ့မီးကြီးပျက်သွားတဲ့အခါ ဓာတ်မီးတစ်လက်ဖြင့် ရထားရှေ့မှ ပြေး၍ လှိုင်ခေါင်းတစ်လျှောက် လမ်းပြယုံသာ။
ကဲ... လက်လွတ် မခံသင့်သော အခွင့်အရေး.. မြန်မြန်လျှောက်။
သန်၎ကို - ရမ်းဘာသာပြန်သည်။
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...