Friday, July 31, 2015

ဟာသ စုစည်းမှု ( ၃၁-၇ )

မစော်ကားနဲ့
---------------
ညအချိန် လမ်းထောင့်တစ်နေရာတွင်..အမျိုးသမီးငယ် တစ်ယောက်ကို လူဆိုးက
ဓါးနှင့်ထောက်ပြီး ပြောသည် ။
ဓားပြ ။ ။ " လူ့ ပြည်မှာ နေချင်သလား.."
အမျိုးသမီး ။ ။ " ဘယ်သူနဲ့ လဲ.."

သမိုင်းတရားခံ


ကျွန်တော် စာအုပ်ဆိုရင် အရူးအမူးဖြစ်တတ်သူတစ်ဦးပါ။ ကိုယ်စာရေးလို့ရတဲ့ စာမူခတွေရဲ့ အများစုဟာ စာအုပ်တွေပြန်ဝယ်လိုက်တာနဲ့ ကုန်တာများတယ်။ ထမင်းတစ်ထောင်ဖိုး စားဖို့ နှမြောပေမယ့် စာအုပ် တစ်သောင်းဖိုးဝယ်ဖို့တော့ ဘယ်တော့မှ မနှမြောဘူး။ ဒီလိုနဲ့ စာအုပ်တွေလည်း ထားစရာနေရာမရှိ ဖတ်လို့ တောင် မနိုင်တဲ့အနေအထားရောက်လာပေမယ့် စာအုပ်မြင်ရင် မဝယ်ဘဲကို မနေနိုင်ဘူး။
မနေ့ညက “မြန်မာ့လွတ်လပ်ရေးနှင့် ပုဂ္ဂိုလ်သုံးယောက်” ဆိုတဲ့ စာအုပ်စဖတ်မိတယ်။ စာရေးသူကတော့ “တက္ကသိုလ်မြတ်သူ” ပါ။ ဒီစာအုပ်ကို ဘာကြောင့်ဖတ်ရသလဲဆိုတော့ ကျွန်တော် အလေးအမြတ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ္ဂိုလ်ကြီးကို မနှိုင်းမအပ်ရာ ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေတို့နဲ့ နှိုင်းယှဉ် ဖော်ပြထားလို့ ဖြစ်ပါတယ်။
စာရေးတဲ့သူ တက္ကသိုလ်မြတ်သူဆိုတာ ဝါရင့်သတင်းစာဆရာကြီးတစ်ယောက်ပါ။ ဒီစာအုပ်ကို စီစဉ်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျန်တဲ့သူနှစ်ယောက်ကို နှိုင်းယှဉ်ပြီး ရေးသင့်၊ မရေးသင့်ဆိုတာ စဉ်းစားဆင်ခြင်သင့် တယ်လို့ ယူဆပါတယ်။

လက်ဦးဆရာများသို့


ကျွန်တော်တို့ ငယ်စဉ်က သင်ခဲ့ရတဲ့ မြန်မာဖတ်စာနဲ့ ရာဇ၀င်ဖတ်စာတွေမှာပါတဲ့ အကြောင်းအရာတွေဟာ များသောအားဖြင့် ကိုယ်ကျင့်တရားကို အခြေခံပြီး လိုက်နာစောင့်ထိန်းအပ်တဲ့ တရားတွေများတယ်။
ရာဇ၀င် (သမိုင်း) သင်တဲ့ ဆရာတွေကလည်း အလွတ်ဖတ်ကျက်ပြီး ပြန်ရေးခိုင်းတယ်ဆိုတာထက် သူတို့ပြောလိုက်တဲ့ အကြောင်းအရာတွေကို စီကာပတ်ကုံး ပြန်ပြီးတော့ စကားပြေကို ချောအောင်ရေးနိုင် ရင် အမှတ်ပေးတယ်။

မြန်မာနိုင်ငံသမိုင်းတွင် အဆိုးရွားဆုံး ရေဘေးအန္တရယ်ကို ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုအနက် ၁၁ ခုတွင် ကြုံတွေ့နေ



မြန်မာနိုင်ငံသမိုင်းတွင် အဆိုးရွားဆုံး ရေဘေးအန္တရယ်ကို ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုအနက် ၁၁ ခုတွင် ရေကြီးရေလျှံမှုများကြုံတွေ့နေရကြောင်း သတင်းရရှိပါသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုအနက် ရန်ကုန်တိုင်းဒေသကြီး၊ တင်္နသာရီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှအပ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၁ ခုတို့တွင် ရေဘေးအန္တရယ်များ တွေ့ကြုံနေရခြင်းဖြစ်သည်။

Thursday, July 30, 2015

အကောင်းဆုံးလက်ဆောင်…?


ကျွန်မနယူးဇီလန် သွားတုန်းက ခရီးအတူသွား ကောင်မလေးတစ်ယောက်က အခုလို့ မေးခဲ့တယ်။
“လူတစ်ယောက်က အခြားလူတစ်ယောက်ကို ပေးနိုင်တဲ့ အကောင်းဆုံး လက်ဆောင်က ဘာလဲ”

ဒီမေးခွန်းကို ကျွန်မသဘောကျလို့ ကျွန်မနဲ့သိတဲ့ လူအချို့ကိုလည်း မေးခဲ့ဖူးတယ်။ အဖြေတွေအများကြီးထဲက တစ်ချို့အဖြေဟာ စိတ်ဝင်စားစရာ ကောင်းနေတယ်။ ဥပမာ “သစ္စာ၊ ချီးကျူးစကား၊ ဂတိ၊ အကြင်နာ၊ ဗဟုသုတ၊ လေးစားမှု၊ ခွင့်လွတ်မှု၊ အချစ်၊ ဂရုစိုက်မှု.... ” စတာတွေဖြစ်တယ်။

"သန်၎ကိုဘာသာပြန်ခဲ့မိသော ဟာသများ"


===========
1. တစ်ရက်ထဲလားလို့
===========
ကျောင်းက ပြန်လာတဲ့ သူငယ်တန်းကျောင်းသားလေးကို သူ့အမေက မေးတယ်... ...
"ပထမဆုံးကျောင်းတက်ရက်မှာ ပျော်ရဲ့လား သားသား"
"ဂျာ... ပထမဆုံးရက် ဟုတ်လား၊ ဒါဆို နောက်ရက်လည်း သွားရအုံးမယ်လို့ ဆိုလိုတာလား"

"အရှက် & အရှက်"


“အားနာလိုက်တာ ဦးဇင်းရယ်”
“ဘာဖြစ်လို့ လဲ ဒကာတော်”
“ဟို အမျိုးသမီး နှစ်ယောက်လေ.. တစ်ယောက်က အရှင်ဘုရား အနာတွေ ကို မြင်တော့ သူ့ဘေးက အမျိုးသမီးကို မျက်စပြစ်ပြတယ်.. ဟိုအမျိုးသမီးက နှာခေါင်းရှုံ့ပြီး ဟိုဘက် ရွှေ့သွားတာ ကိုပြောတာပါ”
“ဟုတ်လား ဦးဇင်းမသိလိုက်ဘူး.. ဒီလိုပါပဲလေ ဖြစ်တတ်ပါတယ်”
“ဦးဇင်း မရှက်ဘူးလား”
“ဘာကိုလဲ ဒကာတော်”
“အရှင်ဘုရား ခြေထောက်က အနာတွေနဲ့လေ”
“ရှက်တာပေါ့ဗျာ”
“ဆေးမကုဘူးလား”
“လိမ်းဆေးလေးတွေတော့ လိမ်းပါတယ် .. ဒါပေမဲ့ မပျောက်ဘူးလေ”
“ဆေးခန်း လေး ဘာလေး ပြပေါ့ဘုရား .. လူကြားထဲ သွားလာ နေရတာ မြင်မကောင်းပါဘူး”

လွှမ်းမိုးမှုများနှင့် ကောလိပ်နှစ်များ


ဘွန်းတက္ကသိုလ်ကိုတတ်နေတဲ့ ရက်တွေမှာ နိရှေးဟာ ၀ီဟမ်း ရစ်ရှ်ရဲ့ ကျောင်းသားတစ်ဦးဖြစ်ခဲ့တယ်။ ရစ်ရှက ဖီလိုလော်ဂျီနဲ့ ဂန္ထ၀င်မှာ ထင်ရှားတဲ့ ပါမောက္ခတစ်ဦးပဲ ။ ရစ်ရှ်က နောက်ထပ် ဖီလိုလော်ဂျီ ပါမောက္ခတစ်ဦးနဲ့ အငြင်းပွား ပြီး တော့ တက္ကသိုလ်ကထွက်ပြီး လစ်ဘဇစ်တက္ကသိုလ်ကို ရောက်သွားတယ်။ နိရှေးလည်း သိပ်မကြားဘူး သူ့ဆရာ နောက်ကို လိုက်သွားတယ်။ ရစ်ရှ်က နိရှေးရဲ့ ခေါင်းကိုင်ဆရာတစ်ဦး ဖြစ်လာတယ်။ နိရှေးရဲ့ အသိပညာကို ရစ်ရှ်က
“ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်မျက်စီအောက်မှာ လုပ်သက် သုံးဆယ့်ကိုးနှစ်အတွင်း အရည်အသွေးရှိတဲ့ လူငယ်များ စွာ ဖွံ့ဖြိုးလာတာကိုမြင်ခဲ့ပြီးပြီ ဒါပေမယ့် ဒီလို လူငယ်မျိုးကိုတော့ မသိခဲ့ဘူး။ ကျွန်တော့်ရဲ့နယ်ပယ်အတွင်း သူ့ကို ကူညီဖို့ ရာ အကောင်းဆုံးလုပ်ခဲ့တယ်။ နစ်ရှေးလို ငယ်ရွယ်ပြီး စောစောစီးစီးရင့်ကျက်လာတဲ့ လူငယ်မျိုး မတွေ့ခဲ့ဖူးဘူး။ တကယ် လို့များ ဘုရားသခင်က သူ့ကို လုံလုံလောက်လောက် အသက်ရှည်ခွင့်ပေးထားမယ်ဆိုရင် တစ်နေ့မှာ သူဟာ ဂျာမန် ဖီလို လော်ဂျီပညာရပ် ရှေ့ဆုံးတန်းအဆင့်မှာ ရပ်တည်လာလိမ့်မယ်လို့ ဟောကိန်းထုတ်ရဲ့တယ်။

ကားပုံမှန်ထိန်းသိမ်းခြင်း


မော်တော်ကားတစ်စီးဆိုတာ စနစ်ပေါင်းများစွာနဲ့ ဖွဲ့စည်းတည် ဆောက်ထားတဲ့ စက်ယန္တရားတစ်ခု ပါဘဲ။ စက်ယန္တရားဆိုပေမဲ့ Mechanical အပိုင်းသာမကပါဘူး Electrical ပိုင်း၊ အီလက်ထရွန်နစ် (Electronic) အပိုင်းတွေလည်း ဆက်စပ်ပါဝင်နေပါ တယ်။ ကားတစ်စီး ပုံမှန်လည်ပတ် အလုပ်လုပ်နေဖို့ ပုံမှန်ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ပေးဖို့လိုပါတယ်။ ကားပိုင်ရှင် အသစ်များ၊ လူငယ်ယာဉ်မောင်းများ မှာ ကားနဲ့ပတ်သက်ပြီး အတွေ့အကြုံ ဗဟုသုတနည်းပါးကြတာ သဘာဝပါ ဘဲ။

ဖြစ်မှ ဖြစ်ရလေ


အဘဘုန်းကျော်သည်ကား မုဆိုးဖို အငြိမ်းစား အရာရှိ ကြီးတစ်ယောက်ဖြစ်သည်။
အသက်က ၇၀ ကျော် မျှ ရှိပြီ။ နောက်အိမ်ထောင်မရှိဘဲ တစ်ကိုယ်တည်း နေခဲ့သည်
မှာ ကြာပြီဖြစ်သည်။
အဖွား မတင်ရွှေ သည် လည်း မုဆိုးမ အသက် ၇၀ ကျော်အရွယ်ဖြစ်သည်။ သူတို့
နှစ်ယောက် အရပ်ထဲမှ အဖွဲ့အစည်းတစ်ခုက ကြီးမှူးကျင်းပပေးသော အဖိုးအဖွား
တိုအား နေ့လည်စာ ကျွေးမွေးပွဲ တစ်ခုတွင် မျက်နှာချင်းဆိုင် ဆုံမိကြသည်။

အရေးပေါ်အခြေအနေ ကြေညာပြီး စောင့်ရှောက်သင့်ပြီ – ဦးထွန်းလွင်


DVB / ရွှေအောင်
တနိုင်ငံလုံး မိုးကြီးပြီး ရေကြီးနေတာကြောင့် အစိုးရအနေနဲ့ အရေးပေါ်အခြေအနေ ကြေညာပြီး စောင့်ရှောက်ဖို့သင့်ပြီလို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။
အထူးသဖြင့် ဆည်မြောင်းတွေကို အလေးထား စောင့်ရှောက်သင့်တယ်လို့လည်း သူက ပြောပါတယ်။

ကလိန်ခြုံ စာရေးနည်းများ (၁)

ဆိုပါစို့၊ ညတည ရန်ကုန်မြို့က စတိုးဆိုင်တခုမှာ မန်နေဂျာဟာ ဓားပြတိုက်ခံရတယ်။ ငွေထည့်ထားတဲ့ အံဆွဲက ငွေဆယ်သိန်းကို ဓားပြတိုက်ပြီး ယူသွားတယ်။ ရဲက လာစစ်တဲ့အခါ မန်နေဂျာကို မှတ်မိတယ်၊ ဟိုအရင် ခြောက်လတုန်းက လားရိုးက စတိုင်းဆိုင်တခုမှာလည်း သည်မန်နေဂျာပဲ၊ သူအလုပ်လုပ်နေတဲ့ စတိုးဆိုင် ဓားပြတိုက်ခံရတယ်လို့ ဆိုပြီး စခန်းမှာ အမှု လာဖွင့်တာ။ ခုလည်း သည်မန်နေဂျာပဲ စတိုးဆိုင်ဓားပြတိုက်ခံရတဲ့ ဇာတ်လမ်းကို သူဟာ ရဲကို လာပြောပြနေပြီ။ ရဲဟာ မန်နေဂျာ ပြောတဲ့ “ဇာတ်လမ်း” ဟာ အမှန်တကယ် ဟုတ်မဟုတ်၊ ဘယ်လိုများ သိနိုင်သလဲ။
ကိုကျော်ဝင်းရဲ့ ဒီဗွီဘီ-ဒီဘိတ် အစီအစဉ်ကို နားထောင်အပြီးမှာ ကျနော်ဟာ ကိုယ့်ကိုကိုယ် စဉ်းစားနေမိတယ်။ ငါဟာ သည်ပုဂ္ဂိုလ်အပါအဝင် ရောဘတ်တေလာ၊ ဒေးဗစ်စတိုင်းဘတ် စတဲ့သူတို့ရဲ့ အပြောအဆို အရေးအသားတွေကို ဘာလို့ မနှစ်သက်ဘူး ဖြစ်နေရသလဲ။ မနှစ်သက်ရခြင်း အကြောင်းရင်းကို ကိုယ့်ကိုကိုယ် နားလည်ချင်လို့ စူးစမ်းကြည့်တဲ့ အခါမှာ ဘာသွားစဉ်းစားမိသလဲ ဆိုတော့ စာအရေးအသား “စတိုင်” တွေမှာ လှည့်ပတ်ဖုံးကွယ်မှုကို ရိပ်မိနိုင်တဲ့ သဲလွန်စတွေ ရှိနိုင်တယ်။ မိမိဟာ အတိအကျ မရိပ်မိလိုက်သော်လည်း သည်သဲလွန်စတွေကို အာရုံခံမိလိုက်တာ ဖြစ်နိုင်တယ်လို့ သွားတွေ့ရပါတယ်။

မိုးရေထဲမှာ ဓါတ်ပုံ ရိုက်စို့ ...



မိုးရာသီဟာ ဓါတ်ပုံ ရိုက်လို့ ကောင်းတဲ့ အထဲမှာ ပါပါတယ်။ စိမ်းစိမ်းစိုစို သစ်ပင် မြက်ခင်းတွေ၊ အဆုပ်လိုက် အုပ်လိုက် တိမ်တောင်တွေ၊ မိုးရွာပြီးခါစ သစ်လွင်မှုတွေ၊ ရေစိုနေတဲ့ အလင်းပြန် မျက်နှာပြင်တွေ၊ လူတွေရဲ့ အပြေးအလွှား လှုပ်ရှားမှုတွေ၊ လယ်ကွင်းတွေထဲက လယ်သမား ဘဝတွေ၊ မြစ်ရေပြင်ပေါ်က တံငါသည်တွေ … ရိုက်စရာတွေ အများကြီး တွေ့ရမှာပါ။ ဒါပေမယ့် ဘာလို့ အပြင်မထွက်ချင် ဖြစ်နေရတာလဲ။

လူမိုက်တို့သွားရာလမ်းနှင့် ဖွင့်ထားသောပြန်ရာလမ်း


လူတစ်ယောက်ကို သေဒဏ်ချတာတို့၊ တစ်သက်တစ်ကျွန်းပြစ်ဒဏ်ချတယ်ဆိုတာတို့ဟာ ဝမ်းသာစရာကိစ္စ တော့မဟုတ်ဘူးဗျ။ ဒါပေမဲ့ တရားဥပဒေဆိုတာ ရှိတယ်။ စစ်မှန်တဲ့ တရားဥပဒေဆိုတာ ဘယ်သူ့မျက်နှာကိုမှ မကြည့်ရဘူး။ ဘယ်သူ့တွန်းအားပေးတာကိုမှလည်း လက်မခံရဘူး။
တေးနုယဉ်ကို သတ်တဲ့ မင်းအုပ်စိုးကို ထောင်ဒဏ်တစ်သက်ချလိုက်တယ်ဆိုတဲ့သတင်း ဒီမနက်ဖတ်လိုက်ရ တယ်။ ကဲ .. ခင်ဗျားတို့ စဉ်းစားကြည့်ကြပါ။ တေးနုယဉ်ဟာ သူ့ဘာသာသူ ကုတင်ပေါ်ကနေ ကျသေတယ်လို့ အဲဒီမောင်က တရားရုံးမှာ ထွက်ထားတယ်။ မှုခင်းဆရာဝန်ကြီးက ရင်ဘတ်နဲ့ ဝမ်းဗိုက်တို့အတွင်း ရရှိထားသော ဒဏ်ရာတွေကြောင့် သေဆုံးတာလို့ ထွက်ဆိုထားတယ်။ သေဆုံးသူဟာ နံရိုးတွေကျိုး၊ ရင်ညွန့်ကျိုး၊ ရင်ခေါင်း အတွင်း သွေးသွန်၊ အသည်းစုတ်ပြတ်၊ အဆုပ်ဖူးယောင်၊ ဝမ်းခေါင်းအတွင်း သွေးသွန်တဲ့ ဒဏ်ရာဝေဒနာ တွေကြောင့် သေတယ်လို့ ထွက်ဆိုထားတယ်။ ဒါကိုမှ ကုတင်ပေါ်ကပြုတ်ကျတယ်ဆိုတဲ့တရားကို အတည်ယူ ပြီး စီရင်လိုက်ရင် ဘယ်လို တရားစီရင်မှုမျိုးဖြစ်သွားမလဲ။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၇)

သစ်ထူးလွင်


Monday, July 27, 2015

ပျော်စရာည


အမျိုးသမီးနှစ်ယောက် ရုံးခန်းထဲမှာ စကားပြောနေကြတယ်...
ပထမအမျိုးသမီး။ မနေ့ညကလေ စိတ်ချမ်းသာဖို့ကောင်းလိုက်တာ... နင်ကော ဘယ်လိုလဲ...
ဒုတိယအမျိုးသမီး။ စိတ်ပျက်စရာကြီးပါဟယ်... ငါ့ယောက်ျား အိမ်ပြန်လာတယ်... ညစာကို ၃ မိနစ်နဲ့ အပြီးစားပြီး ၂ မိနစ်အတွင်း အိပ်သွားတာပဲ... ဒါနဲ့ နင်ကဘယ်လို စိတ်ချမ်းသာဖို့ကောင်းတာလဲ...

နစ်ရှေးကို ဘာကြောင့်ဖတ်သင့်သလဲ


နစ်ရှေးဟာ ၁၉ရာစုနှောင်းပိုင်းဒဿနရှင်တစ်ဦးပါ ။ ဒါပေမယ့်ယနေ့မှာ နစ်ရှေးနှင့်ပို့စ်မော်ဒန်ဝါဒ ဆိုတဲ့ စာအုပ်မျိုးကိုတောင်မှ ရေးသားဖြန့်ချိနေတာ ကြည့်ရင် နစ်ရှေးရဲ့ အရေးပါမှုနဲ့ လွှမ်းမိုးနိုင်စွမ်းကို ခန့်မှန်းကြည့်လို့ ရပါတယ်။ ဆိုလိုချင်တာက နစ်ရှေးဟာ ယနေ့ကာလအထိ ကျွန်တော်တို့ ကိုင်စွဲထားတဲ့ တန်ဖိုးစံတွေ ၊ ယူဆချက်တွေကို စိန်ခေါ်နေဆဲ၊ တွန်းလှန်တိုက်စားပြစ်ဆဲ ဆိုတာကို တွေ့ရပါမယ်။ ကမ္ဘာလောကကြီးဟာ သာမန်သိတွေကို ဗဟိုချက် ထားပြီး အလုပ်လုပ်ရတာ၊ လူသားဟာ အဲဒီသာမန်သိတွေအတွင်းမှာပဲ အမှန်တရာနဲ့ အမှားဆိုတာကို ခွဲခြားသိမြင် ပစ်လိုက်တယ် ။ သာမန်သိအတွင်း မှာ ကိုယ်ကျင့်တရာ ဒါမှမဟုတ် လူသားအချင်းချင်းကြားက သဘောတူညီမှု ဆိုတာကို တည်ဆောက်ကြတာပါ။ အဲဒီလို သာမန်သိတွေကို နစ်ရှေးကစိန်ခေါ်တာ ။ ဒါကြောင့်လည်း နစ်ရှေးဟာ တစ်ခါတစ်ရံမှာ နာမည် ဆိုးကျော်ကြားတဲ့ ဒဿနပညာရှင်ဖြစ်လာတာ ဆန်းတော့ မဆန်းဘူး။

ဘာ့ကြောင့်စိတ်ဆင်းရဲတာလဲ



လူတဦးနဲ့ တဦး ရဲ့ စိတ်နေစိတ်ထား
မိမိရဲ့ပတ်ဝန်းကျင်အခြေအနေ တရားနှလုံးသွင်းမှု့
အနည်းအများ မိမိဘဝရဲ့ကံအကျိုးပေး စတဲ့
အခြေအနေတွေဟာ မတူပါဘူး။

လူတဦးဟာ ချမ်းသာဖို့ ကြိုးစားရမှာဖြစ်ပေမဲ့
မချမ်းသာခင်မှာ မိမိရဲ့ လက်ရှိအခြေအနေကိုနား
လည်ရပါမယ် ကံ ဥာဏ် ဝိရိယ စတဲ့ အခြေအနေ
နဲ့ အချိန်အခါကို နားမလည်ရင်တော့ အလုပ်မဖြစ်သေးပါဘူး။

Sunday, July 26, 2015

ဟာသပေါင်းချုပ် ( ၂၆-၇ )

အမူးသမား
အရက်မူးနေသည့် ယောင်္ကျားက အိပ်နေသည့် မိန်းမကို နှိုးးလိုက်သည်။
ယောကျာ်း။ “ မိန်းမ ထစမ်းပါအုံး။ ငါတို့အိမ်မှာ သရဲရှိတယ်ကွ။ ”
မိန်းမ။ “ဟုတ်လို့လား။ ရှင်ဘယ်လို သိလဲ။ ”
ယောင်္ကျား။“ဟုတ်တယ်ကွ။ ငါအခုနက အိမ်သာသွားတာ တံခါးဖွင့်ရုံပဲရှိသေးတယ် အိမ်သာတံခါးမီးက သူ့အလိုလို လင်းလာတယ်...။ ပြီးတော့ အထဲကနေ လေအေးတွေ ငါ့ကိုယ်ကို ဖြတ်တိုက်သွားတယ်။

သူငယ်ချင်းရဲ့ အဓိပ္ပါယ် (၁)

                  ခင်ဗျားအကြောင်း  ပြန်တွေးလိုက်တိုင်း ရီစရာလိုလိုနဲ့ အရင်ပေါ်လာတာ သူငယ်ချင်းတယောက် ကို မိန်းမခိုးပေးခဲ့တဲ့ကိစ္စလေးဗျ။ အကျိုးဆောင်ကောင်းလို့ ကျွန်တော်တို့ ၂ယောက်လုံး-ထောင်ကျမလိုဖြစ်ခဲ့တာလေ။ခင်ဗျားရှိတုန်းက ကျွန်တော်တို့ ဒါ မကြာမကြာ ပြန်ပြောဖြစ်ခဲ့ကြတယ်နော်။ ကျွန်တော်လည်း ငယ်ငယ်က ဒါမျိုးများ-အကျိုးဆောင်ရမယ်ဆို လွှတ်ဝါသနာပါတာလား။ မှတ်မှတ်ရရဆို ဒါမျိုးကူညီလိုက်ရတာ ၅တွဲလောက်ရှိမယ်။ ခင်ဗျားနဲ့ ၀ိုင်းခဲ့ရတဲ့ကိစ္စလောက်တော့ဘယ်အတွဲမှ-ဒုက္ခမများ-စိတ်မကြပ်ခဲ့ဘူးဗျာ။ဘယ်နဲ့…. အိုကေ လောက်တယ်။ အဆင်ချောလောက်တယ်ဆိုပြီး ကျုပ်တို့ဇာတ်လိုက်ကြီးကို-ကူညီလိုက်မိတာ။ ငါးပါးမှောက်တော့မလို့။ ခိုးပေးပြီး၃ရက်လောက်ကျမှ ကောင်မလေးက အိမ်ပြန်ချင်တယ်-အိမ်ပြန်ပို့ပေး-လုပ်တော့တာမို့လား ။ အဲဒီအချိန်မှာခင်ဗျားကလည်းခင်ဗျားအိမ် သူတို့၂ယောက်လက်ထဲထားခဲ့ပြီး တခြားအမျိုးတွေဆီ သွားအိပ်နေလို့။  ကျွန်တော်ကလည်း ကောင်မလေးမိဘများဘက်ကို ဖုံးထဲကနေ (ကိုယ်ဘယ်သူဘယ်ဝါမပြောဝန့်ပဲ) -ဘာမှမပူပါနဲ့တို့။ ကျွန်တော်တို့သူငယ်ချင်း ကို-----နဲ့  အတူရှိနေပါတယ်တို့။ အေးအေးဆေးဆေးရှိပါတယ်တို့။ အချိန်တန်ရင် ကျွန်တော်တို့ပြန်အပ်ပါမယ်-

ဗမာလူမျိုးပေါ်ပေါက်လာပုံ


(နောက်ခံ သမိုင်းကြောင်း)
တိဘက်-မြန်မာ လူမျိုးနွယ်စုကြီးမှ အကြီးဆုံးသော လူမျိုးဖြစ်သည်။ မနုဿသမိုင်းအရ ယနေ့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်း ပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက်တို့က ဖျက်စီးပြီးချိန် မတိုင်မှီက ပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟု ခန့်မှန်းကြပါသည်။
အေဒီ ၁၀ ရာစုမတိုင်မှီအချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင်အခြေချခဲ့ပြီး နောက်များမကြာမှီ တွင် မြစ်သာ ၆ ခရိုင် ၊ ပုဂံ နေပြည်တော်တို့ကို ထူထောင်ကာ ဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။
သို့သော်မြန်မာတို့က ထိုပြည်ထောင်စုကို ပထမပြည်ထောင်စုအဖြစ်သာ လက်ခံကြသည်။ သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊ အပြင်ရန်အမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ဖူးပြီး အကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ပြန်လည် ကာရောက် ရှိနိုင်ခဲ့သည်။

တဏှာ၏ အထင်မှား အမြင်မှားများ။


ကိုယ့်ခန္ဓာကိုယ်နဲ့ ပတ်သက်လာရင် လှတယ်၊ တင့်တယ်တယ် ဆိုတဲ့ အထင်ဟာ လူတိုင်း
မှာရှိကြပါတယ်။ အဲဒီလို ရှိကြလို့သာ မလှ လှအောင် ပြင်ပြီးတော့ နေကြတယ်၊ အ၀တ်အစား
တွေ ဆိုရင်လည်း မလှ လှအောင် ၀တ်ကြရတယ်၊ တင့်တယ်မှုတွေကို ရှာကြံပြီးတော့ လုပ်ကိုင်
နေကြတယ်။ ခန္ဓာ ၅ ပါးကို ချမ်းသာတယ်ဆိုတဲ့ အထင်မှားမှု ရှိကြတယ်။

"ကိန်းဂဏန်းနှင့်စာသားရောပါသည့်အထဲမှ ကိန်းဂဏန်းများကို တွက်ချက်ခြင်း"


Excel မှာ စာသားနဲ့ ကိန်းဂဏန်းရောနေရင် Text အဖြစ်ပြောင်းလဲသွားပြီး တွက်ချက်မှူ လုပ်လို့မရတော့ပါဘူး။
ဥပမာ
1000 Kyats x 5 ဆိုရင် အဖြေမထွက်ပဲ # Value Error ပဲ ရပါတယ်။ အခု သင်ခန်းစာမှာ 1000 Kyats x 5 မြှောက်ရင် အဖြေ 5000 ထွက်အောင် တွက်ချက်နည်းကို တင်ပြပေးသွားပါ့မယ်။

ကိုယ်ပိုင်ငွေ


မိမိ ရှာဖွေ ရရှိထားသော ငွေကြေး ဥစ္စာတိုင်း မိမိ ပိုင်ပြီဟု ထင်နေကြပါသလား? မုန့်ဟင်းခါး ဝယ်စားလျှင် မုန့်သည်၏ငွေ၊ အင်္ကျီဝယ်လျှင် အဝတ်ဆိုင်ရှင်၏ငွေ၊ ဖျားနာလျှင် ဆရာဝန်၏ငွေ စသည်ဖြင့် အမျိုးမျိုး အဖုံဖုံသောပုံစံဖြင့် သင်၏ အိတ်ကပ်ထဲမှ ငွေများသည် တခြားသူ အိတ်ကပ်ထဲသို့ လျောဆင်းနေကြသည်။ အထွေထွေ အသုံးစားရိတ် ဖယ်ပြီး စုဆောင်းထားသော ငွေကြေး အစုအပုံတို့သည်လည်း ဟိုဟာလိုချင်၊ သည်ဟာလိုချင် စသည်ဖြင့် ပြန်ရရန် လမ်းစမရှိသော "ချင်" များဖြင့်ဘဏ်စာအုပ်ထဲမှ ပျောက်ပျောက် သွားကြရပြန်တယ်။

ပျောက်နေတဲ့ စဉ်းတီတုံးနဲ့ ဓားမ


မွန်ဘုရင်ရာဇာဓိရာဇ်မှာ ဗညားပရော်လို့ခေါ်တဲ့ မြေးတော်တစ်ယောက်ရှိတယ်။ ဗညားပရော် ထီးနန်း ဆက်ခံတော့ သုနက္ခတ်ရာဇာမင်းလို့တွင်တယ်။ မွန်မင်း ဗညားပရော်နန်းတက်တော့ ရဟန်း၊ မှူးမတ်၊ ပုဏ္ဏား တွေအားလုံးကို ညီလာခံခေါ်ပြီး တိုင်းပြည်ကို ကောင်းအောင်အုပ်ချုပ်မည်။ သာသနာတော် စည်ကားအောင် လုပ်မည်။ သင်တို့အားလုံးကလည်း တရားစောင့်ကြရမည်လို့ မိန့်တော်မူတယ်။ မင်းလုပ်တဲ့သူက အပြော သက်သက် မဟုတ်ဘူး၊ နန်းတော်ရှေ့မှာ စဉ်းတီတုံးတစ်တုံးနဲ့ ဓားမကြီးတစ်ချောင်း ချထားတဲ့အပြင် ခေါင်းလောင်းကြီးတစ်လုံးကိုလည်း ချိတ်ထားလိုက်တယ်။
တိုင်းပြည်အတွင်းမှာရှိတဲ့ မတရားစီရင်မှုတွေ ပပျောက်စေချင်လို့ အဲဒီလို စဉ်းတီတုံး၊ ဓားမ၊ ခေါင်းလောင်းတွေ ချပေးထားတာပါ။ တစ်နေ့တော့ တိုင်းပြည်တွင်းမှာ ခိုးမှုတစ်မှုဖြစ်ပွားတယ်။ သူခိုးကိုမိလို့ တရားစီရင်ပေးဖို့ အထိန်းတော်ကိုအပ်တယ်။ အထိန်းတော်က သူခိုးကို အိမ်တော်ခေါ်ထားတယ်။ သူခိုးက လျှောက်ခိုးပြီး အထိန်းတော်ကိုဆက်တော့ ငြိမ်နေတယ်။ သူခိုးကို အရေးမယူပေးလို့ နန်းထဲက ခေါင်းလောင်းကို မူလ ပစ္စည်း ပိုင်ရှင်ကလာထိုးတယ်။

အာနာပါနကမ္မဋ္ဌာန်းစတင်အားထုတ်ရာ၌တွေ့ ရတတ်သောအခက်အခဲများ ( အရှင်အဂ္ဂည ~ ဖားအောက်တောရ ) .


၆။ ၀င်လေထွက်လေဘယ်ရောက်သွားလဲ(၀ါ) ၀င်လေထွက်လေပျောက် နေတတ်တာ
နောက်ပြဿနာ တစ်ခုကတော့ အာနပါနရှုနေရင်း တချို့ ယောဂီတွေ ၀င်လေ ထွက်လေဟာ သိပ်သိမ်မွေ့ ပြီး မထင်မရှားဖြစ်လာတာကြောင့် ရှာမရတာ လေပျောက်နေတဲ့ ပြဿနာဘဲ။ အဲဒီလိုဖြစ်လာရင် တချို့ က တခြားကမ္မဋ္ဌာန်း အာရုံတစ်ခုခုကို ပြောင်းလဲရှုတာမျိုး၊ တစ်ချို့ ကြတော့ဝင်လေ ထွက်လေ ထင်ရှား လာအောင် ပြင်းပြင်းထန်ထန် ကြမ်းကြမ်းတမ်းတမ်း လုပ်တာမျိုး လည်းရှိတတ်ကြတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၇)

သစ်ထူးလွင်


Friday, July 24, 2015

"ဆွေမျိုးရင်းချာ"


ယာဉ်တိုက်မှုတစ်ခု ဖြစ်တယ်ကြားလို့၊ သတင်းဦးရချင်တဲ့ သတင်းထောက်တစ်ယောက် အပြေးအလွား ရောက်လာတယ်။
တိုက်တဲ့ကားဘေးမှာ ထုံးစံအတိုင်း လူအုံနေတာပေါ့။
ရှေ့ကို ခြေဖြားထောက်ကြည့်တယ် မမြင်ရဘူး။
ဒါနဲ့ ဘေးနားက လူတစ်ယောက်ကို မေးကြည့်တယ် ... ...
'ဘာဖြစ်တာလဲဗျ'
'ကားနဲ့တိုက်မိလို့'

**** မြန်မာ့ရင်းနှီးမြုပ်နှံမှု ဈေးကွက် ****




မကြာမီ အောက်တိုဘာ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသားအများစု ထိတွေ့ဆက်ဆံမှုမရှိသော Stock Market သည် စတင်ဖွင့်လှစ်တော့မည်ဖြစ်သည်။ Stock Market အကြောင်း သိသင့်သိထိုက်သည်များကို မိမိသိထားသလောက် ပြန်လည်မျှဝေပေးခြင်းသာဖြစ်သည်။ စာရေးသူသည် Stock Market အကြောင်း အတွေ့အကြုံအရကောင်းစွာ မသိသော်ငြား လေ့လာဖတ်ရှုမိသည်များကို အများပြည်သူ သုတရစေခြင်း ငှာ ဝေမျှခြင်းဖြစ်ပါသည်။

ဖခင်တစ်ဦး၏ စကား


ပထမဆုံး ငါပြောချင်တာက မင်းဟာ ငါ့သမီး အတွက် ပထမဆုံးနဲ့ အရေးကြီးဆုံးသော မိသားစုဝင် ဖြစ်လာခဲ့ပြီဆိုတာဘဲ။ ငါတို့ဟာ ငါသမီးရဲ့ဘဝမှာ မင်းနဲ့ စာရင် နောက်တန်းကို ရောက်သွားပါပြီ။ ဒီလို အဆင့် ကျသွားလို့ ငါ မင်းအပေါ် ဘယ်လိုမှ သဘောမထားဘူးဆိုတာ ယုံပေးပါ။ ငါတို့ ကျေကျေနပ်နပ်ကြီး လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ တစ်ခုတော့ တောင်းဆိုချင်တယ်။ မင်းသူ့ကို ငါ့သမီးကို ပျော်အောင်ထားပေးပါ။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၇)

သစ်ထူးလွင်


Thursday, July 23, 2015

ဟာသစုစည်းမှု (၂၃-၇)

ရည်းစားဘဝ
-----------
ကောင်မလေး။ မောင် ,.. လောက ဆိုတာဘာလဲ
ကောင်လေး။ မာယာတွေနဲ့ အပြောကျယ်တယ့်
ပင်လယ်ကြီးပေါ့ကွယ် ခင်နဲ့မောင်ဖြတ်ကူးကြရမယ်လေ။


လင်မယားဘဝ
-------------
မိန်းမ ။ မောင် ... လောကဆိုတာ ဘာလဲ

နှလုံးသွေးကြောပိတ်ဆို့ခြင်း၏ ရှေ့ပြေး လက္ခဏာ များ


- ပေါက်ပေါက်
နှလုံးသွေးလွှတ်ကြောထဲမှာ ကိုလက်စထရော နှင့် အဆီများ အနည်ကျလာတဲ့အခါ သွေး ကြောကျဉ်းလာပြီး သွေးထဲရှိအောက်စီဂျင်တွေက နှလုံး ထံသို့အချိန်မီ မရောက်ရှိနိုင်ကြတော့ပါဘူး။ ထိုအခါ သွေး နှင့်အောက်စီဂျင်တို့ပြတ်လပ်မှုကြောင့် နှလုံးကြွက်သား တွေ ကောင်းစွာ အလုပ်မလုပ်နိုင်တော့ဘဲ ရင်ဘတ်အောင့် ခြင်း၊ အမောမခံနိုင်ခြင်း၊ နှလုံးသွေးကြောရုတ်တရက်ပိတ် ၍ သေဆုံးခြင်းပါ ဖြစ်လာနိုင်ပါတယ်။

အညွန့်ချိုးခံနေရတဲ့ခေတ်


သာလွန်မင်းလက်ထက်က မွန်ဝန်ကြီးတစ်ပါးရှိတယ်။ ဗညားကြမ်းတောလို့ခေါ်တယ်။ အလွန်ဖြောင့်မတ်ပြီး သတ္တိရှိသူလို့ နာမည်ကြီးတယ်။ ၀န်ကြီးဖြစ်မှ တရားစီရင်တာတွေ၊ ဆုံးဖြတ်ချက်ပေးရာတွေမှာ အရမ်း နာမည် ကျော်တယ်။ လူရိုသေ ရှင်ကြောက်ရလောက်အောင် သြဇာကြီးမားသူဖြစ်တယ်။
တစ်နေ့တော့ အမတ်ကြီး ဗညားကြမ်းတောဟာ စစ်ကိုင်းဘက်ကို ဘုရားတည်ဖို့သွားတယ်။ မြစ်ကူးတော့ မြစ်ကမ်းဘေးမှာ ကြီးမားတဲ့ မန်ကျည်းပင်ကြီးတစ်ပင်ကိုတွေ့တယ်။ မန်ကျည်းပင်ပေါ်မှာ လူငယ်တွေ ဆော့ ကစားရင်းနဲ့ မန်ကျည်းရွက်ခူးနေကြတာကိုတွေ့လိုက်တော့
"ဒီလူငယ်တွေ အများကြီးထဲမှာ သူရဲကောင်း နှစ်ယောက် ထွက်ရင်ကောင်းမယ်" လို့ပြောပြီး မန်ကျည်းပင် ပေါ်က လူငယ်တွေကို "ဟဲ့ သဘောက်မသားတွေ ၀န်ကြီးတစ်ယောက်လုံးလာတာကို မန်ကျည်းပင်ပေါ်က မဆင်း၊ ကမြင်းနေကြတယ်။ မိုက်လှတဲ့ကောင်တွေ။ နင်တို့ကို ငါအခု လာရိုက်မယ်။ သေပေတော့" လို့ ကြုံးဝါး ပြီး တုတ်ဆွဲလာတော့ ကလေးတွေလည်း ကြောက်လန့်ပြီး မန်ကျည်းပင်ပေါ်က ဆင်းပြေးကြတယ်။

ဖိနပ်စုတ်လောက် တန်ဖိုးမရှိ


တနေ့တွင် တောရွာက လူတစ်ယောက် မြို့ကိုဈေးဝယ်လာတယ်တဲ့။
လာရင်း လမ်းခုလတ်တွင် ဖိနပ်ကြိုးပြတ်သွားတယ်တဲ့....ဖိနပ်ကို
နှမြောလို့..သတင်းစာစာရွက်လေးနဲ့ ထုတ်ပြီး ယူလာခဲ့ပါတယ်
ဈေအ၀င်ဝ ဈေဆိုင်တစ်ဆိုင်တွင်..အမရေ ဒီဖိနပ်လေးကို ခဏ
ထားခဲ့မယ်နော်..ကျနော် ဈေးကပြန်လာရင်ယူမယ်....ဆိုပြီးထား
ခဲ့ပါတယ်တဲ့...ဈေးကအပြန် ယူသွားလေ၏။။

ဂီတခံစားမှု


ရုပ်ရှင်ပြခါနီး နိုင်ငံတော်အလံ အလေးပြုလို့ "ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ..." သီချင်းသံကြားတိုင်း ဖောက်ဖောက်ပြီး သွားသွားစဉ်းစားမိတာ တစ်ခုရှိတယ်။
"ဒီခေတ်မှာ ပိုပြီးအန္တရာယ်ကြီးတာနဲ့ ပိုပြီး အရေးတကြီး ကာကွယ်ဖို့သင့်တာက အိမ်နီးချင်းတိုင်းတပါးသားတို့၊ နယ်ချဲ့ဗြိတသျှတို့၊ ကွန်မြူနစ်တို့လို အပြင်ကရန်သူတွေထက် ဒီမြေ၊ ဒီပိုင်နက်အတွင်းမှာပဲ ရှင်သန်ပေါက်ဖွား၊ အုပ်စုဖွဲ့၊ ရောဂါပိုး ဖြန့်ချီ... လုပ်နေကြတဲ့ ယင်ကောင်၊ လောက်ကောင်တွေ ပိုဖြစ်နိုင်လေမလား..." လို့။
ရာစုနှစ်ဝက်ကျော်အတွင်း ဒါ... တို့ပြေ၊ ဒါ... တို့မြေကြီးကို ဆိုင်သာဆိုင် မပိုင်၊ လုပ်သာလုပ် ဘာကောင်းကျိုးမှ မရ၊ မွေးသာမွေး ဘာအခွင့်အရေးမှ မရ..(လူတချို့ ဒီအတွင်းမွေးပြီး ဒီအတွင်းသေသွားကြရ.)၊ လူတစ်စု စိတ်ရူးပေါက်သလို ခြယ်လှယ်၊ အပိုင်စီး၊ သူတို့သတ်မှတ်ချက်မှာ သာမန်လူအားလုံး သတ်မှတ်ခံကြရ... ဒါတွေ ဖြစ်နေတာ

Wednesday, July 22, 2015

ကျောင်းပရိဝုဏ်အတွင်း၌ တိုက်စစ်ဆင်ခြင်း မောင်သာချို


(တစ်)
ရန်ကုန်မြို့အခြေစိုက် တက္ကသိုလ်ကျောင်းကြီး တစ်ကျောင်းကနေ ပါမောက္ခဘ၀ဖြင့် အငြိမ်းစားယူသွားပြီးဖြစ်သူ ဆရာတစ်ယောက်နှင့် ကျွန်တော်တို့ မကြာခဏဆိုသလို စကားစမြည်ပြောဖြစ်ပါသည်။ ထိုစကားစမြည်တွင်ကား ဆရာက “တိုက်စစ်” အကြောင်းပြောကာ ရယ်ပွဲဖွဲ့ပါသည်။

အိမ်နောက်ဖေးမှာ တဲဆောက်နေပြီး အိမ်ရှင်ကို ကောလိပ် စာမေးပွဲ အောင်ရန် သင်ပေးနိုင်တဲ့ ကျောင်းသား


အသက် ၂၄ နှစ် အရွယ် ကနေဒါ နိုင်ငံသား Evan Eames ဟာ ကနေဒါမှာ တက္ကသိုလ်ပြီးတော့ မန်ချက်စတာမှာ မာစတာ တက်ဖို့ အကြောင်း ပါလာပါတယ်။ မန်ချန်စတာ ဆိုတာ ဗြိတိန်နိုင်ငံက မြို့ကြီး တစ်မြို့ ဖြစ်ပြီး လူသိများတဲ့ ပညာရေး မြို့တစ်ခုပါပဲ။ ငွေကြေးအားဖြင့် သူ့မှာ အခက်အခဲ ရှိပါတယ်။ ဒါကြောင့်မို့ သူဟာ အွန်လိုင်းကနေ အိမ်နောက်ဖေးမှာ တဲဆောက် နေနိုင်မယ့် အိမ်မျိုးကို ရှာဖွေခဲ့ရာ အသက် ၃၄ နှစ်အရွယ် အမျိုးသမီး တစ်ဦးဟာ သူ့ အိမ်နောက်ဖေးမှာ ဆောက်လို့ နေနိုင်ကြောင်း အကြောင်းပြန်ခဲ့ ပါတယ်။

“ဒီဂျေစိုး”

           မန်ကျည်းလည်းကောင်း ညောင်လည်းကောင်း၊ ကညင်လည်းကောင်း ညောင်လည်းကောင်း၊ ဘာအကြောင်းရေးရေး အပြီးသတ်တော့ ဟိုပါတီကို မဲပေးဖို့အရေး ဆီပွတ်ကျည်ပွေ့ လော်ဘီလုပ်နေတာကြောင့် မျက်စိနောက်ပြီး ဘလောက်လုပ်ထား အန်ဖောလိုးလုပ်ထားတာ ကောင်းလိမ့်မယ် လို့ ထင်မြင်ယူဆနေတဲ့သူတွေ မနည်းလောက်တော့ဘူးနော်။ ကိုယ့်ကို စိတ်ဝမ်းနှလုံး မရွှင်ပြုံးနိုင်ဖြစ်စေတဲ့ အရေးအသားမျိုးကတော့ မဖတ်ပဲနေတာ အကုသိုလ်ကင်းတာပေါ့ဗျာ။ အလကား အရေမရ အဖတ်မရ။ ဒေါသချည့် ပွားနေရမှာ။ သဘောတော်မြတ်အတိုင်းပါပဲ။ ဒါပေသိ ညောင်ညိုပင်စခန်းက လမ်းမခွဲကြခင် နှုတ်ခွန်းဆက်စကားလေး တစ်ခွန်းတော့ ပြောလိုက်ချင်ပါသေးတယ်။ အယူအဆတွေ လွဲသွားမှာစိုးလို့။ ကိုယ်အခုလုပ်နေတာ လော်ဘီ (Lobby) လို့ မခေါ်ဘူး သိလား။ အက်ဒဗိုကေစီ (Advocacy) လို့ ခေါ်တယ်။ အဲ့ဒီနှစ်ခုက မတူဘူး။ လော်ဘီဆိုတာ တစုံတယောက် တသင်းတဖွဲ့အတွက် အခကြေးငွေ ဒါမှမဟုတ် အခွင့်အရေးတွေ ယူပြီး ဝါဒဖြန့် ပြန်ကြားရေးလုပ်တာ။

*** ကလေးတွေရဲ့ ဖျော်ဖြေရေးနည်းပညာအလွန်အကျွံသုံစွဲမှုကို *** လျှော့ချနိုင်ရန်မိဘများကလဲ ဆင်ခြင်ပေးရန်လို


21 - 7 - 2015
ကလေးတွေ ဆယ်ကျော်သက်တွေက COC , We Chit Facebook လို ဖျော်ဖြေရေးနည်းပညာတွေကို
စွဲလမ်းနေပြီး တကယ့်ကမ္ဘာကြီးနဲ့ထိတွေ့ဆက်ဆံမှု နည်းသည်ထက် နည်းလာနေတာဟာ မိဘတွေမှာ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း အပြစ်ရှိပါတယ်။ ဖျော်ဖြေရေးနည်းပညာကို အလွန်အကျွံသုံးစွဲမိတဲ့ကလေးဟာ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးမှုလမ်းကြောင်းလွဲမှားသွားနိုင်သလို ခံယူချက်တွေဟာလဲ လောကကြီးနဲ့ သဟဇာတမဖြစ်တော့ဘဲ လူ့ဘောင်လူ့အသိုင်းအဝိုင်းက လက်သင့်မခံနိုင်တဲ့ အပြောအဆိုအပြုအမူ အယူအဆတွေနဲ့ပြည့်လာနိုင်ပါတယ်။

ဟာသပေါင်းချုပ် ( ၂၁-၇ )

သူ့ကိုမုန်းလို့
လူတစ်ယောက်ဟာ သူမွေးထားတဲ့ခွေးကြီးကို ခေါ်ပြီး သူ့မိတ်ဆွေ တိရစ္ဆာန် ဆရာဝန်ဆီခေါ်သွားပါတယ်။ သူ့ခွေးကြီးက အဖိုးတန်ထဲကဖြစ်ပြီး ခွေးထဲမှာ တော်တော့်ကိုလှတဲ့ကောင်လို့ ပြောလို့ရတယ်။ ဟိုရောက်တော့
ဆရာဝန်က . . . ခင်ဗျားခွေး ဘာဖြစ်လို့လဲ ၊ နေမကောင်းလို့လား ဆိုတော့
ခွေးရှင်က . .ဟင့်အင်း .သူ့အမြီးကိုဖြတ်ပစ်ချင်လို့ပါ

Tuesday, July 21, 2015

ဆရာကံချွန်စာအုပ်များ (Tun Aung Kyaw)


ကံချွန် - အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း ၃.pdf
https://yadi.sk/i/YTcaaVEygXmRS
ကိုယ်ပိုင်ဟာသပုံပြင်များ.pdf
https://yadi.sk/i/A8QzzfYjgXmRa
ငယ်မူပြန် အချစ်ဟာသဝတ္ထုတိုများ-ကံချွန်.pdf
https://yadi.sk/i/hRZWS7QtgXmRc
စီးပွားရေးဟာသများ ၂.pdf
https://yadi.sk/i/KLI1kVa4gXmRe

သစ်ထူးလွင် သတင်းစုစည်းမှု (၂၁-၇)

သစ်ထူးလွင်


Monday, July 20, 2015

မိုးနတ်မင်းကိုအန်တုခြင်း (မင်းဒင်)



(၁)
“တနိုင်ငံလုံးပျက်စီးခြင်းငါးပါးဆိုက်နေပြီအန်ကယ်ရဲ့”
“တိုင်းပြည်သယံဇာတတွေတင်ဘယ်ကမလဲအန်ကယ်၊
လူတွေရဲ့စိတ်ဓာတ်တွေပါအောက်ဆုံးအဆင့်အထိထိုးကျကုန်တာ၊
ဘယ်လိုလုပ်ပြုပြင်လို့ရပါတော့မလဲ”
“သတ်ဖို့လိမ်ဖို့ဝန်မလေးပဲ၊မတရားမှု၊မသမာမှုတွေကိုပြောင်ပြောင်
တင်းတင်းလုပ်ရဲနေကြတဲ့ခေတ်ကြီးကိုရောက်နေတာလေ”
“အစိုးရအဖွဲ့ရဲ့အဓိကတာဝန်ရှိသူတွေကပါ၊

သွေးကင်ဆာအတွက် အဖိုးတန်တိုင်းရင်းဆေးနည်း


ပဲခူးတိုင်း၊ သာယာဝတီမှ ဦးအောင်သိန်းဟာ သွေးကင်ဆာရောဂါဖြစ်နေပြီဆိုတာကို ဆရာဝန်ဆီကနေ ကြားရပြီးကတည်းက မိမိကိုယ်ကို သေလူဖြစ်ပြီဆိုပြီး စိတ်ဓါတ်ကျသွားပါတယ်။ အကြောင်းကတော့ သွေးကင်ဆာပျောက်အောင် ကုသရန် ငွေကြေးအခက်အခဲကြောင့်ပါပဲ။ စိတ်ဓါတ်ကျသွားသည့်အတွက် လူကလည်း တစ်နေ့တစ်ခြား ပိန်ချုံးလာပါတော့တယ်။ မိတ်ဆွေများက စိတ်ဓါတ်မကျဖို့ ၀ိုင်းဝန်းဖျောင်းချပေးကြပါတယ်။

ရွှေ ပီရို


ကုန်းကြမ်း (လောက်ကိုင်) အထကတွင်၂၀၀၉ဇွန်လမှ၂၀၁၁မေလအထိ တာဝန်ထမ်းဆောင်ခဲ့ပါသည် ။ပြေးလွှားပုန်းရှောင်ရသောဖြစ်စဉ်များအသာထား၍ ရွှေ ပီးရို ဖြစ်စဉ်ကလေးပြောပြချင်ပါ၏။
ပင်လယ်ရေမျက်နှာပြင်ထက် ပေ၆၀၀၀ ကျော်မြင့်သော ကုန်းကြမ်းကား မိုးအလွန်ကောင်းပါသည်။ တနှစ်မှာ မိုးတစ်ကြိမ်သာရွာ၍တစ်ခါရွာလျင်၆လကြာ
သည်ဟုပြောစမှတ်ပြုကြလေသော ပင်လောင်းထက်ပင်သာမည်ထင်ပါ၏။
ရဲခန်းဝင်းအတွင်းမှ သခင်ဗသိန်းတင်၏အခိုင်အမာစခန်းအဟောင်းကြီးကား ကိုးကန့်အမျိုးသားတို့နှင့်ကုန်းကြမ်းဒေသ၏ သမိုင်းတစ်စွန်းတစကိုလှစ်ဟငြီးတွားနေသယောင်။
အထက်တန်းကျောင်းအုပ်ဟူ၍ အထင်မကြီးစေချင်။ကျောင်းသားကျောင်းသူ
၆၃ယောက်နှင့် သတ္တ္တမတန်းအမြင့်ဆုံးအတန်းတွင် အင်အား၃ယောက်မျှကိုသာ စီမံအုပ်ချုပ်အလုပ်ရှုပ်ရသူဖြစ်ပါပေ၏။ ရွှေ ပီးရိုမှဘေးချော်မည်စိုး၍လိုသည် ကိုသာပြောပါမည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၀-၇)

သစ်ထူးလွင်


Saturday, July 18, 2015

ဖြူစင်သော ဆရာမလေး မဖြူစင်


တစ်ည ကျွန်တော့်ကျောင်းကို မြို့ကဆရာမလေးတစ်ယောက် ရောက်လာတယ်။ ပဲ့ထောင်သမားက ကျောင်း ကိုလာပို့ပေးသွားတာ။ ဆရာမလေးအမည်က မဖြူစင်တဲ့။ အမည်နဲ့ ရုပ်နဲ့ အလုပ်နဲ့ အလွန်လိုက်တယ်။ ဆရာမ လေးနဲ့အတူ ၂ နှစ်အရွယ်သားလေးတစ်ယောက်၊ ၆၈ နှစ်အရွယ် အဖွားတစ်ယောက်လည်း ပါတယ်။ သူ့သားနဲ့ သူ့ မိခင်ကြီးလို့ သိရတယ်။

Original



တစ်ခါက သေးငယ် လှသော ရွာကလေးတစ်ရွာတွင် အဖွားအို
တစ်ယောက်ရှိခဲ့သည်။ သူမ သည် အသက်အရွယ် အိုမင်ပြီဖြစ်
သော်လည်း အပျိုကြီးတစ်ယောက်ဖြစ်သည်။ သူမ ကိုယ်တိုင်
ကလည်း ဤသို့သော အပျိုစင်ဘ၀ကို နှစ်သက် ဂုဏ်ယူလေ့ရှိသည်။
တစ်ဖက်တွင်လည်း တစ်စတစ်စ အိုမင်လာသော အသက်အရွယ်အရ
လူ့ဘ၀တွင် သူမအနေဖြင့် ကြာကြာမနေရတော့ ဆိုသည်ကိုလည်း
နားလည်သည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၈-၇)

သစ်ထူးလွင်


မည်သူ့ကိုမျှ မရည်ရွယ်ပါ


ကျွန်တော် စာရေးတာ ၀ါသနာကြောင့်ဗျ။ စာတွေကို ပိုက်ဆံရလည်း ရေးတယ်။ ပိုက်ဆံမရလည်းရေးတယ်။ ကျမ်းတစ်စောင်လောက်ပြုစုချင်လို့ဆိုပြီး လာအကူအညီတောင်းလည်း အစွမ်းကုန် ကူညီပေးလိုက်တာပဲ။ ဒါလေးကို မြန်မာလိုပြန်ပေးစမ်းပါဦးဆိုလည်း တတ်သလောက်မှတ်သလောက် လုပ်ပေးလိုက်တာပဲ။ အဲဒီ အတွက် ကျွန်တော် ဘာအကျိုးအမြတ် မျှော်လင့်ချက်နဲ့မှ လုပ်နေတာမဟုတ်ပါဘူး။
အားရင် စာအုပ်အတွက် စာရေးတယ်။ ပျင်းရင် Facebook ပေါ်တက်ပြီး လျှောက်ရေးတယ်။ ကျွန်တော့် အလုပ်က မိုးလင်း မိုးချုပ် အိပ်မှပဲ စာနဲ့ ကွန်ပျူတာနဲ့ မျက်နှာနဲ့ ခွာတာဆိုတော့ ကျွန်တော်ဘာလုပ်သလဲဆိုရင် အဲဒါ ကျွန်တော့် အလုပ်ပဲလို့ပြောရမှာ။
ကျွန်တော် ခေတ်ကို၊ စနစ်ကိုသရော်ချင်ရင် လှောင်ချင်ရင် ဗြောင်ရေးတယ်။ ကျွန်တော်တိုက်တာ စနစ်နဲ့ ခေတ်ပဲ။ ကျွန်တော် လူရဲ့ (personal) ကို ဘယ်တော့မှ မတိုက်ခိုက်ဘူး။ ခေတ်၊ စနစ်၊ မူတွေကိုပြောတယ်။ ကိုယ်ပြောလို့ရတဲ့ ဘောင်အတွင်းက ရအောင်ပြောတယ်။

မောင်ထွန်းသူ စာအုပ်များ

ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည်'s photo.

မောင်ထွန်းသူ - တို့ဘ၀ တို့ကမ္ဘာ
Tortilla Flat (John Steinbeck)
ဒေါသမာန်(မောင်ထွန်းသူ)
goo.gl/MVICQ1
http://www.mediafire.com/?fpc3k2qef8230xl
ဒေါသမာန် - မောင်ထွန်းသူ
Typing - ပုံ့ပုံ့
PDF - ပုံ့ပုံ့ & nyisay

http://www.mediafire.com/downl…/h6lqwizdwxc6amo/htun_thu.pdf
မောင်ထွန်းသူ - ဇာစ်မြစ်
http://www.mediafire.com/?vmvgr248f7v9s06
မောင်ထွန်းသူ - ဝံပုလွေများနှင့်ကခုန်သူ
http://www.mediafire.com/…/5520yon6…/wolves%40nyisay.com.pdf
ပီကင်း - မောင်ထွန်းသူ

သစ်ထူးလွင် သတင်းစုစည်းမှု (၁၇-၇)

သစ်ထူးလွင်


Wednesday, July 15, 2015

ဟာသ အသုတ်စုံ (၁၅-၇)

 
ကိုလူလည်
ယောက်ကျားဖြစ်သူမှ ရုံးမှ မိန်းမဆီသို့ မတ်စိပ် လှမ်းပို့နေသည်
( မိန်းမရေ ကိုယ်အစည်းအဝေးရှိလို့ အိမ်ပြန်နောက်ကြမယ်နော် ညစာကတောအိမ်ရောက်မှစားမယ်လေ ဒီနေ့အလုပ်ပင်ပန်းတော့ကောင်းကောငိးလေးစားချင်တယ်ကွာ နက့်ဖန်ခရီးထွက်ရင်ထွက်ရမှာဆိုတော့ ယူနီဖောင်းသုံးစုံလောက်မီးပူတိုက်ထားပေးပါအုန်းနော်)
(အော် ပြောဖို့မေ့နေတယိကွ မောင်ဒီညဆုကြေးထုတ်ခဲ့ မှာဆိုတော့ နက်ဖြန်မင်းအတွကိ ဆြွဲိုကိုးလေးသွားဝယ်ကြတာပေါ့)

ကမ္ဘာ့ အသက်အငယ်ဆုံး ဘီလျံနာ Evan Spiegel


ကမ္ဘာ့ အသက်အငယ်ဆုံး ဘီလျံနာ အဖြစ် Evan Spiegel ဟာ အသက် ၂၄ နှစ်အရွယ်မှာ (၂၀၁၄ ခုနှစ်က) ကမ္ဘာ့စံချိန် တင်ခဲ့ပါတယ်။ Evan ဟာ ၁၉၉၀ ခုနှစ် ဇွန်လ ၄ ရက်ဖွား ဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာပဲ သူ့ရဲ့ ပိုင်ဆိုင်မှု ငွေကြေးဟာ အနည်းဆုံး ၁.၅ ဘီလျံရှိတယ်လို့ ထုတ်ပြန်ချက် ထွက်ပြီးနောက် ကမ္ဘာ့ အသက်အငယ်ဆုံး ဘီလျံနာ အဖြစ် အသိမှတ်ပြု ခံခဲ့ရခြင်း ဖြစ်ပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၅-၇)

သစ်ထူးလွင်


"တာမွေ နဲ့ ရွာသာကြီး အမေအိုမေတ္တာကြောင့်နီးပါတယ်" "ရှစ်ဆယ့်ငါးနှစ်ကျော် အဘွားအိုရဲ့ မဆုံးနိုင်တဲ့ မေတ္တာ"


စိတ်ကျန်းမာရေးဆေးရုံ (ရွာသာကြီး) အမျိုးသားလူနာဆောင်တစ်ခုရဲ့ လူနာတွေကြည့်ဖို့နေရာပေးထားတဲ့ နေရာလွတ်တွေမှာ ဟိုတစ်စု ဒီတစ်စု လူနာလာကြည့်တဲ့ သူတွေနဲ့ ဆေးရုံဝန်ထမ်းတွေသွားလာလှုပ်ရှားနေပါတယ်။ သူတို့ရဲ့အနောက်ဖက်မှာတော့ သံပန်းနဲ့ကာရံထားတဲ့ အခန်းလေးတွေထဲမှာ အရွယ်စုံလူ (၅၀) ကျော်ဟာ သံဇကာတွေရဲ့ အပြင်ဖက်ကိုလှမ်းမျှော်ကြည့်ရင်း မိသားစုဝင်တွေကိုလှမ်းမျှော်ကြည့်နေကြပါတယ်။

Monday, July 13, 2015

"အိမ်ထောင်ရှင် အမျိုးသမီးများအတွက် သတင်းကောင်း"


New Application
----------------------
Smart Phone များတွင် အသုံးပြုနိုင်သော ကိုယ်ဝန်ရှိမရှိ စမ်းသပ်နိုင်သည့် App အသစ် ထွက်ပါပြီ။
.
ထုတ်လုပ်သည့် ကုမ္မဏီ
----------------------------
T4K Software Co. Ltd.

ခင်ယုံကြည်အောင်ပြောစမ်းပါဒင်ရယ်၊ ချစ်တယ်ဆိုတာလေးကိုပြောစမ်းပါဒင်ရယ်


(တစ်)
ရွှေပင်ရွာတံခါးဆီမှအရှေ့တလွှားသို့ရှုလိုက်သည့်အခါ၊
စိမ်းလဲ့နေသောနှမ်းခင်းတို့ကို၊မျက်စိတဆုံး
တမျှော်တခေါ်တွေ့မြင်နေရလေသည်။နှမ်းခင်းတို့ကား
မှုန်းနေအောင်ကောင်းလွန်းလှ၏။မြင်ကွင်းကား၊
စိတ်ချမ်းမြေ့ဖွယ်ကောင်းလှချေ၏။ရွှေပင်သားတို့တမိုးကောင်းတချောင်းစီး၊
ရွာလုံးကျွတ်အလှူကြီးပေးနိုင်တော့မည်။
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...