Monday, July 27, 2015

နစ်ရှေးကို ဘာကြောင့်ဖတ်သင့်သလဲ


နစ်ရှေးဟာ ၁၉ရာစုနှောင်းပိုင်းဒဿနရှင်တစ်ဦးပါ ။ ဒါပေမယ့်ယနေ့မှာ နစ်ရှေးနှင့်ပို့စ်မော်ဒန်ဝါဒ ဆိုတဲ့ စာအုပ်မျိုးကိုတောင်မှ ရေးသားဖြန့်ချိနေတာ ကြည့်ရင် နစ်ရှေးရဲ့ အရေးပါမှုနဲ့ လွှမ်းမိုးနိုင်စွမ်းကို ခန့်မှန်းကြည့်လို့ ရပါတယ်။ ဆိုလိုချင်တာက နစ်ရှေးဟာ ယနေ့ကာလအထိ ကျွန်တော်တို့ ကိုင်စွဲထားတဲ့ တန်ဖိုးစံတွေ ၊ ယူဆချက်တွေကို စိန်ခေါ်နေဆဲ၊ တွန်းလှန်တိုက်စားပြစ်ဆဲ ဆိုတာကို တွေ့ရပါမယ်။ ကမ္ဘာလောကကြီးဟာ သာမန်သိတွေကို ဗဟိုချက် ထားပြီး အလုပ်လုပ်ရတာ၊ လူသားဟာ အဲဒီသာမန်သိတွေအတွင်းမှာပဲ အမှန်တရာနဲ့ အမှားဆိုတာကို ခွဲခြားသိမြင် ပစ်လိုက်တယ် ။ သာမန်သိအတွင်း မှာ ကိုယ်ကျင့်တရာ ဒါမှမဟုတ် လူသားအချင်းချင်းကြားက သဘောတူညီမှု ဆိုတာကို တည်ဆောက်ကြတာပါ။ အဲဒီလို သာမန်သိတွေကို နစ်ရှေးကစိန်ခေါ်တာ ။ ဒါကြောင့်လည်း နစ်ရှေးဟာ တစ်ခါတစ်ရံမှာ နာမည် ဆိုးကျော်ကြားတဲ့ ဒဿနပညာရှင်ဖြစ်လာတာ ဆန်းတော့ မဆန်းဘူး။
နစ်ရှေးက လူသားတွေ သာမန်သိနဲ့ နားလည် ထားတဲ့ လမ်းကြောင်းအတိုင်းမလိုက်ပဲ ၊ ကမ္ဘာလောကကြီးကို ကျွန်တော်တို့ ပိုပြီးနားလည်လာအောင် ပြဖို့ ကြိုးစာသူပဲ ။ သာမန်သိ ၊ အသိပညာ ၊ အစဉ်အလာ စတဲ့အရာတိုင်းကို နစ်ရှေးက စိန်ခေါ်ပြစ်လိုက် တယ် ။ နစ်ရှေးက လူသားရဲ့အသိပညာနဲ့ ပတ်သတ်လို့ ယတိပြတ်လမ်းခွဲထွက်တဲ့ မေးခွန်းတွေကို မေးခဲ့တယ်။
၁။ ဘယ်အတွက်တွေးခေါ် ကြတာလည်း
၂။ တွေးတယ် ဆိုတဲ့ အဓိပ္ပာယ်က ဘာကိုပြောတာလဲ ၊ တွေးခေါ်ခြင်းနဲ့ လူသားဘ၀အတွင်းက တခြားသော အင်အား တွေနဲ့ ဘယ်လို ဆက်စပ်နေသလဲ
၃။ ကျွန်တော်တို့ဟာ ကျွန်တောတို့ရဲ့ ယဉ်ကျေးမှု ၊ ဘ၀နေထိုင်ပုံတွေကနေ တစ်ဆင့် ကိုယ့်ရဲ့ တန်ဖိုးစံတွေကို ထင်ဟပ် ပြတယ်ဆိုရင် အဲဒီတန်ဖိုးစံတွေကို လူတွေက ဘယ်လို တီထွင်ဖန်တီးလိုက်သလဲ ၊ လူတွေဟာ သူတို့ လုပ်တဲ့ လမ်းကြောင်း ၊ သူတို့နေထိုင်သင့်တဲ့ ပုံစံတွေကို ဘယ်လို ထုတ်ဖော်ခဲ့ကြသလဲ
လို့ မေးခွန်းထုတ်ခဲ့တယ်။ ယနေ့ကာလအထိ လူတွေယူဆခဲ့ကြတာက ကိုယ်ကျင့်တရားဆိုတာ မွေးရောပါ ကိုယ်ကျင့်တရား အသိတစ်ရပ်လို မဖြစ်မနေ လုပ်ဆောင်ရမယ့်အရာ ၊ အမှန်တ၇ားဆိုတာကလည်း ဓမ္မဓိဌာန်ကျတဲ့ အရာ ၊ စိတ်ကူးစံ အဆင့်အတန်း တစ်ရပ် အဖြစ်နဲ့ လူသားရဲ့ စိတ်ကူးနဲ့ အပြုအမူတွေကို လည်ပတ် ထိန်းချုပ် နေတာ အဖြစ် ခံယူထားကြတာ။ ဒါပေမယ့် နစ်ရှေးက တကယ်လို့များ ကိုယ်ကျင့်တရားဆိုတာ မွေးရာပါ သာမန်သိတစ်ခုမဟုတ်ဘဲ ၊ သမိုင်းကာလအတွင်းအုပ်ချုပ်ရေးရဲ့ သမိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုကြောင့်ထွက်လာတာ ။ ရက်စက်ကြမ်းကြုတ်မှု တွေ ၊ အကြမ်းဖက်မှုတွေ ၊ အင်အားတွေနဲ့ ဆက်စပ်ပြီးထွက်လာတာဆိုရင် ၊ အမှန်းတရားဆိုတာကလည်း အဲဒီလို ကိုယ်ကျင့်တရားဆိုင်ရာတွေကို ရှင်းပြန်ဖို့ရာ လူသားက ချမှတ်လိုက်တဲ့ သီးသန့်တစ်ရပ်ဖြစ်တယ်ဆိုရင် ဘယ်လို လုပ်မလဲ လို့ မေးခွန်းထထုတ်လိုက်တယ် ။ အဲဒီလို နစ်ရှေးထုတ်ဖော်လိုက်တဲ့ မေးခွန်းတွေဟာ ယနေ့ကာလအထိ အကျိုးသက်ရော က်နေဆဲပါပဲ။ လူသာဟာ ကောင်းမှု နဲ့ဆိုးမှုဆိုတဲ့ နှစ်ခုတွဲဆန့်ကျင်ဘက် ကိုယ်ကျင့်တရားပုံစံ အတွင်း နေထိုင်နေရတဲ့ ဘ၀နေထိုင်မှုလမ်းကြောင်းကနေ ကျော်လွန်နေထိုင်ဖို့ ဖြစ်နိုင်သလား ။ တကယ်လို့ ကျော်လွန်မယ်ဆိုရင် လူသားဘ၀ဟာ ဘယ်လို ဘ၀မျိုးနဲ့ တူလာမလဲ လို့ နစ်ရှေးက ထုတ်ဖော်ပြခဲ့တာ။ ဒီမေးခွန်းဟာ ခေတ်အဆက်ဆက် တန်ဖိုးစံတွေနဲ့ ကိုယ်ကျင့်တရားဆိုင်ရာတွေ မေးခွန်းထုတ်ဖို့ အဓိက အခြေခံတစ်ရပ်ဖြစ်ခဲ့တယ်။ နစ်ရှေးဟာ ယနေ့ခေတ်အထိ လက်လွှတ် မရအောင်ဖြစ်လာခဲ့တယ်။ ဒီအချက်နဲ့ ကျွန်တော်တို့ဟာ ဘာကြောင့်နစ်ရှေးကို လေ့လာသင့်သလဲ ဆိုတာကို ပြောဖို့တောင် လိုအပ်လိမ့်မယ် မထင်ပါဘူး။ နစ်ရှေးဟာ လူသားဘ၀နေထိုင်မှုပုံစံ တစ်ခုလုံးကို မေးခွန်းထုတ်ခဲ့တာ ။ နစ်ရှေးဘာတွေ မေးခွန်းထုတ်ခဲ့သလဲ ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...