Thursday, July 30, 2015

လူမိုက်တို့သွားရာလမ်းနှင့် ဖွင့်ထားသောပြန်ရာလမ်း


လူတစ်ယောက်ကို သေဒဏ်ချတာတို့၊ တစ်သက်တစ်ကျွန်းပြစ်ဒဏ်ချတယ်ဆိုတာတို့ဟာ ဝမ်းသာစရာကိစ္စ တော့မဟုတ်ဘူးဗျ။ ဒါပေမဲ့ တရားဥပဒေဆိုတာ ရှိတယ်။ စစ်မှန်တဲ့ တရားဥပဒေဆိုတာ ဘယ်သူ့မျက်နှာကိုမှ မကြည့်ရဘူး။ ဘယ်သူ့တွန်းအားပေးတာကိုမှလည်း လက်မခံရဘူး။
တေးနုယဉ်ကို သတ်တဲ့ မင်းအုပ်စိုးကို ထောင်ဒဏ်တစ်သက်ချလိုက်တယ်ဆိုတဲ့သတင်း ဒီမနက်ဖတ်လိုက်ရ တယ်။ ကဲ .. ခင်ဗျားတို့ စဉ်းစားကြည့်ကြပါ။ တေးနုယဉ်ဟာ သူ့ဘာသာသူ ကုတင်ပေါ်ကနေ ကျသေတယ်လို့ အဲဒီမောင်က တရားရုံးမှာ ထွက်ထားတယ်။ မှုခင်းဆရာဝန်ကြီးက ရင်ဘတ်နဲ့ ဝမ်းဗိုက်တို့အတွင်း ရရှိထားသော ဒဏ်ရာတွေကြောင့် သေဆုံးတာလို့ ထွက်ဆိုထားတယ်။ သေဆုံးသူဟာ နံရိုးတွေကျိုး၊ ရင်ညွန့်ကျိုး၊ ရင်ခေါင်း အတွင်း သွေးသွန်၊ အသည်းစုတ်ပြတ်၊ အဆုပ်ဖူးယောင်၊ ဝမ်းခေါင်းအတွင်း သွေးသွန်တဲ့ ဒဏ်ရာဝေဒနာ တွေကြောင့် သေတယ်လို့ ထွက်ဆိုထားတယ်။ ဒါကိုမှ ကုတင်ပေါ်ကပြုတ်ကျတယ်ဆိုတဲ့တရားကို အတည်ယူ ပြီး စီရင်လိုက်ရင် ဘယ်လို တရားစီရင်မှုမျိုးဖြစ်သွားမလဲ။

တရားခံဟာ ထိုက်သင့်တဲ့ ပြစ်ဒဏ်ခံရတာပဲဗျ။ ဒါကလည်း ဆိုရှယ်မီဒီယာတွေ၊ မီဒီယာတွေ အားကောင်းတာ ကြောင့်လို့ ယူဆပါတယ်။ ရူးကြောင်ကြောင်ကောင်တွေ တရားရုံးရောက် လာလို့ ကြောက်ပြီး အမှန်စီရင်တာ မဟုတ်ဘူးဗျ။ ပြည်သူအားကောင်းတာ။ အမှန်တရားက အားကောင်းလာတာ။ ဒါကြောင့် ကျွန်တော်တို့ ပြည်သူ တွေလည်း အမှန်တရား အတွက် အော်နိုင်တဲ့နေရာ၊ ပြောလို့ရတဲ့နေရာကနေ ပြောနိုင်ဖို့လိုပါတယ်ဗျာ။
ဒါပေမဲ့ မြန်မာနိုင်ငံလေဗျာ။ သိတယ်မဟုတ်လား။ တော်ကြာ “ဟိုဒင်းဖြစ်လို့” “ဟိုဟာဖြစ်လို့” “ဟိုနေ့မို့” “သည်နေ့မို့” ဆိုတာတွေနဲ့ လူကြိုက်သလောက်သတ်လည်း လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာတွေကို ခံစားခွင့် ရှိနေ ကြတာမဟုတ်လား။ တန်ဇန်းနီးယားနိုင်ငံမှာ တရားရုံးက လူတစ်ယောက်ကို သေမိန့်ချရင် သမ္မတဆီကို အယူခံ ဝင်နိုင်သတဲ့ဗျ။ အဲဒါခွင် (ဂွင်) ပဲ။ တရားခံ ငွေဘယ်လောက် အကုန်ခံနိုင်သလဲဆိုတဲ့ အပေါ် မူတည်တယ်။ စိတ် ကြိုက်ငွေရလို့ ကတော့ သမ္မတက လွတ်စေဆိုရင် လူကောင်းပြန်ဖြစ်သွားတာပဲ။
မင်းအုပ်စိုးတို့က သူများတွေ လုံခြည်လှန်ဆဲတာလောက်တော့ သနားတယ်။ ကားလမ်းပေါ်မှာ ပုဆိုး မပါဘဲကို မူးရမ်းပြပြီး ပဲမြစ်ဆိုတဲ့ ဘွဲ့ထူးရထားသူ။ အဲဒီလိုလူတွေ လွတ်ငြိမ်းခွင့်နဲ့ လပိုင်းအတွင်း အပြင်ကိုပြန်ရောက် နောက်ထပ် တေးနုယဉ်ပေါင်းမည်မျှ သူ့ဆန္ဒဖြည့်ဆည်းဖို့ သေကြရမယ်ဆိုတာ မသိနိုင်ဘူး။
မြန်မာနိုင်ငံတရားဥပဒေ ချိန်ခွင်မစောင်း တည့်မတ်ကောင်းမွန်နိုင်ပါစေဗျာ။
၃၀.၇.၂၀၁၅

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...