Friday, July 3, 2015

သြော်မိန်းမ၊ မိန်းမ


မနက်စောစောဖြစ်သည်။ ကိုဘမောင် လေ့ကျင့်ခန်းယူလမ်း
လျှောက်ရန် အဆင်သင့်ဖြစ်နေပြီ။ ထိုနောက်မိန်းမကို နှိုးလိုက်သည်။
"မိန်းမရေ ထတော့လေ။ ငါနဲ့ လမ်းလျှောက်လိုက်မယ် မဟုတ်လား"
မိန်းမကအိပ်ရာမှ မထဘဲ ပြန်ပြောသည်။

"ဘာလဲ . . ရှင်က ကျမကို ၀နေပြီလို့ ပြောချင်တာလား"
"မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ မင်းမလိုက်ရင်လဲ နေလေ။ကိစ္စ
မရှိပါဘူး။ ဆက်အိပ် . .ဆက်အိပ်"
"ဘာရှင့် . . ဒါက ရှင် ကျမကို ပျင်းတယ်လို့ စွပ်စွဲချင်တာလား"
"မင်းကွာ . . မနက်စောစောစီးစီး ဒါလေး ပြောတာ နဲ့ ဒေါသထွက်
စရာလား"
"ဘာလဲ . . ဒါက ရှင်ကျမကို အမြဲရန်လိုနေတယ်လို့ ပြောချင်တာပေါ့
ဟုတ်လား "
"အော . . ခက်တော့တာပဲ။ အဲဒါ ငါ ဘယ်တုန်းက ပြောမိလို့လဲကွာ"
"ကဲ . . ရှင်ကတော့ ပြောလေကဲလေ။ ဒါဆို ကျမက ညာနေတယ်လို့
စွပ်စွဲ နေတာပေါ့ . . ဟုတ်လား"
ကိုဘမောင် နောက်ဆုံး ဘာမှမပြောသာ။ နောက် လမ်းလျှောက်မထွက်
တော့ရန် ဆုံးဖြတ်လိုက်သည်။
"ကဲပါကွာ . . ငါလည်း မသွားတော့ပါဘူး။ မင်းလဲ ဆက်အိပ်တော့ ဟုတ်လား"
ထိုနောက် သူအိပ်ရာပေါ်တက်၍ ပြန်အိပ်ရန်ပြင်သည်။
ဤတွင် မိန်းမ က မကျေမနပ်ဖြင့် မြည်တွန်တောက်တီး လုပ်သည်။
"ထင်သားပဲ။ ရှင် ဒီလို သောက်ပျင်းကြီးပြီး မသွားချင်လို့ ဟိုပြောဒီပြော
ပြောနေတယ်ဆိုတာ။ ဒီက နောကျေနေပြီ"
ကိုဘမောင် ဘာမှ မပြောတော့။ အိပ်ရာထက်မှ တိတ်တိတ်ကလေးထကာ
ဧည့်ခန်း ရှိ ဆက်တီတွင် သွား၍ အိပ်လေတော့သည်။
KZO

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...