Wednesday, July 15, 2015

ဟာသ အသုတ်စုံ (၁၅-၇)

 
ကိုလူလည်
ယောက်ကျားဖြစ်သူမှ ရုံးမှ မိန်းမဆီသို့ မတ်စိပ် လှမ်းပို့နေသည်
( မိန်းမရေ ကိုယ်အစည်းအဝေးရှိလို့ အိမ်ပြန်နောက်ကြမယ်နော် ညစာကတောအိမ်ရောက်မှစားမယ်လေ ဒီနေ့အလုပ်ပင်ပန်းတော့ကောင်းကောငိးလေးစားချင်တယ်ကွာ နက့်ဖန်ခရီးထွက်ရင်ထွက်ရမှာဆိုတော့ ယူနီဖောင်းသုံးစုံလောက်မီးပူတိုက်ထားပေးပါအုန်းနော်)
(အော် ပြောဖို့မေ့နေတယိကွ မောင်ဒီညဆုကြေးထုတ်ခဲ့ မှာဆိုတော့ နက်ဖြန်မင်းအတွကိ ဆြွဲိုကိုးလေးသွားဝယ်ကြတာပေါ့)

မက်စိပ်ပြန်ဝင်လာသည်
(မောင် တကယ်နော်)
(ဟုက်ပါဘူးကွာဖုန်းနားမှာမင်းရှိနေရဲ့သား သိချင်လို့ ပါ)
Credit- itmintar
S P E C(ဟာသ)
တစ်ခါက မြို့တစ်မြို့ရှိ ဆေးရုံတစ်ရုံတွင် စာအလွန်တော်သော လူလတ်ပိုင်း ဆရာဝန် တစ်ယောက်ရှိလေသည်။ ၄င်းသည် စာတော်ရုံမက လက်တွေ့ပိုင်းတွင်ပါ အထူးကျွမ်းကျင်လေရာ ပါရဂူ ကြီးများကလည်း အားထား ကြလေသည်။ ပြင်ပလူနာ ဌာနမှ လူနာအား ၄င်းက ကြည့်ရှုပြီး ရောဂါနာမည် တပ်ကာ လွှတ်လိုက်သော လူနာမှန်သမျှ ၄င်းခန့်မှန်းထားသော ရောဂါနှင့် ကွက်တိ ဖြစ်နေသည်က များသဖြင့် အထူးကုကြီးများကပင် ထိုဆရာဝန်အား တစ်လေးတစား ရှိကြ့လေသည်။ သို့သော် ထိုဆရာဝန်လေးတွင် ဥာဉ်ဆိုး တစ်ခုတော့ရှိလေသည်။ ထိုသည်မှာ ရွဲ့တတ်ခြင်းပင်။ တော်ရုံတန်ရုံ လူနာ သူ့အားလာပတ်၍ မရ။ သူက ထိုလူနာ တကယ်ရောဂါ ဖြစ်မဖြစ် သိနှင့်ပြီး ဖြစ်သည်။ ထို့အပြင် ၄င်းအား ပညာလာပြသော အနှီလူနာအား ပညာ ပြန်ပြတတ်သေးသည်။ တစ်ခါသော် ဌာနဆိုင်ရာ တစ်ခုမှ ၀န်ထမ်းတစ်ယောက် ဂယ်ရှာချင်၍ ဆေးရုံလာပြလေသည်။ ဂယ်ရှာရခြင်း အကြောင်းမှာ ဌာနတွင် လူကြီးလာမည် ဖြစ်၍ စာရင်းများရှုင်း နေကြသောကြောင့် အလုပ်ရှုပ်နေကြချိန်တွင် ၄င်းက အချောင်ခိုလို ခြင်း ဖြစ်လေရာ အထက်ပါ ဆရာဝန် နှင့် တည့်တည့်သွားတိုးတော့သည်။
ဆရာဝန်။ ။ ပြော ဘာဖြစ်တုန်း
လူနာ။ ။ ဆေး၇ုံတက်ချင်လို့ပါဆရာ
ဆရာဝန်။ ။ ရောဂါ တစ်ခုခု ဖြစ်မှ ဆေးရုံတင်လို့ရမှာပေါ့ ဘာမှ မရှိရင်တော့ ဘယ်လိုတင်မတုန်း
လူနာ။ ။ ဟိုလေ ဟိုဟာ ကျွန်တော် ဗိုက်အမြဲဆာတယ် စားပြီးသွားရင်လည်း အိပ်ချင်လာပြန်ရော အိပ်ယာက နိုးရင် ပြန်စားချင်တယ် ပြီးရင် ပြန်အိပ်ချင်လာရော ဖြစ်နေတယ် ဆရာ
ဆရာဝန်က ထိုလူနာ သူ့အားလာပတ်သည်ကို သိလိုက်သည်။ သို့နှင့် သူ၏ ၀သီ အတိုင်း ပညာ ပြချင်လာသောကြောင့် ကဲဒါဆိုလည်း တက် ဟုဆိုကာ တင်ပေးလိုက်သည်။ သက်ဆိုင်ရာ Ward ကို ရောက်သော တာဝန်ကျ ဟောက်စ်ဆာဂျင်မှ သူရေးပေးလိုက်သော ရောဂါနာမည်အား ဖတ်လိုက်ရာ
" S P E C"
ဟောက်စ်ဆာဂျင်လေး မျက်စိလည်သွားသည်။ ထိုရောဂါနာမည် သူမကြားဖူး။ သို့သော် ထိုအစ်ကိုကြီး တပ်လိုက်သော ရောဂါနာမည် ဖြစ်သဖြင့် ပြင်လည်းမပြင်ရဲ။ သို့နှင့် ထိုရောဂါ နာမည် အတိုင်းသာ တင်ထားလိုက်လေသည်။ မနက်ကျတော့ သက်ဆိုင်ရာ ပါရဂူ ကြီးမှ Ward ထဲ Round လေလျှင် အထက်ပါ ရောဂါနာမည်နှင့် လူအား တွေ့လေလျှင် အဆိုပါ ပါရဂူ ကြီးလည်း ခေါင်းစားသွားသည်။ သူ့လုပ်သက် နှစ် ၂၀ ခန့်ရှိပြီ။ ထိုရောဂါ နာမည် မကြားဖူး။ တင်လိုက်သော ဆရာဝန်ကလည်း အလွန်လွဲခဲလှသော ဆရာဝန်။ ခက်တာက လူနာမှာလည်း မည်သည့် ရောဂါ လက္ခဏာ မှ မရှိ။ ထိုဆရာဝန်လေးအား ခေါ်မေးရန်မှာလည်း မိမိသိက္ခာကျမည် စိုးသည်။ သို့နှင့် ရုံးခန်းထဲ အမြန်ပြေး ဟန်းဖုန်းကို ထုတ်ကာ သူငယ်ချင်း ဆရာဝန်အား လှမ်းမေးရသည်။
" ဟေ့ကောင် SPEC ဆိုတာ ဘာရောဂါတုန်း"
" အော် ဒါလား "
" အေး ဟုတ်တယ် မင်းသိတယ်လား"
" ဟေ့အေး တစ်ခါမှ မကြားဖူးပါလား"
" ဟာကွာ ပြောတော့ သိသလိုလို ဘာလိုလိုနဲ့"
သို့နှင့် ပါရဂူကြီးလည်း အင်တာနက် ဖွင့်ကာရှာသည်။ Oxford handbook ကို အထပ်ထပ်အခါခါ ပြန်ဖတ်သည်။ စာလုံးတူတာပင် ရှာမတွေ့။ ခက်ပြီ။ ၄င်းမသိသော ရောဂါအား ထိုဆရာဝန်လေးသိနေသည်မှာ များစွာ ခံရခက်လှသည်။ ထိုသို့ဖြင့် သုံးရက်ခန့်မြောက်တွင် ဆရာဝန်လေးမှာ နယ်မြို့လေး တစ်မြို့သို့ ပြောင်းရွှေ့ခွင့် ကျသဖြင့် ပြောင်းသွားလေရာ ပို၍ အကြပ်ရိုက်ကုန်ကြတော့သည်။ သူရှိတုန်းက မေးထားလိုက်ရင် အကောင်းသား။ အခုတော့ ခက်ပြီ။ သေချာအောင် ဓါတ်မှန်ရိုက်ကြည့်သည်။ ဆီးစစ် သွေးစစ် အာထရာဆောင်း အီးစီဂျီ နောက်ဆုံး MRI ပါ ရိုက်ကြည့်သည်။ ဘာဆိုဘာမှ မတွေ့။ လူနာက လည်းဆင်းချင်လွန်း၍ တဂျီဂျီ။ ဤတွင် ပါရဂူ ကြီးလက်လျှော့လိုက်ရတော့သည်။ ထိုဆရာဝန်လေးအား ဆက်သွယ်ကာမေးမြန်းရတော့သည်။ ခက်သည်က ဆရာဝန်လေး ရှိသောနေရာမှာ ဖုန်းမရှိ။ ကြေးနန်းဖြင့်သာ ဆက်သွယ်လို့ရသည်။ ပါရဂူကြီးလည်း ကြေးနန်းပို့ကာ မေးလိုက်ရတော့သည်။ တစ်ပတ်ခန့်ကြာသော် ထိုဆရာဝန်လေးဆီမှ ကြေးနန်းပြန်လာလေသည်။ ကြေးနန်းမှာ စာတစ်ကြောင်းတည်းပင်
" S P E C= Sarr Pee Eait Chin ( စားပြီးအိပ်ချင်)
Credit-g.coveronly

 
မောင်ကြီးက သူ့ရဲ့ အမေရိကအတွေ့အကြုံကို မြန်မာနိုင်ငံက( ဘော်ဘော်ကြီးကိုကျော် ) ကို ဖွဘုတ်မှာပြောပြနေသည်။
မောင်ကြီး။ ။မင်းကိုပြောပြချင်နေတာကွ။ ဟိုတစ်နေ့က ငါသေမတတ်ဖြစ်သွားတယ်ကွ။
ကိုကျော် ။ ။ဟုတ်လား။ ဘာဖြစ်လို့တုန်း။
မောင်ကြီး။ ။အေးကွာ။ ပထမဆုံး အထိအတွေ့ကတော့ဖြင့် တစ်သက်မမေ့နိုင်အောင်ပဲဟေ့။ ဆွဲအားပြင်းချက်ကတော့ ပြောမနေနဲ့တော့ကွာ။ လုံးဝ အကြည့်တစ်ချက်တောင် လွှဲလို့မရဘူးဖြစ်နေတယ်။
ကိုကျော် ။ ။အင်း... ပြောစမ်းပါဦးကွ။
မောင်ကြီး။ ။တစ်ကိုယ်လုံးလဲ ကျဉ်တက်သွားတာပဲ။ လူလဲ လှုပ်လို့တောင်မရတော့ဘူး။ အသက်ရှူသံတွေလဲ မူမမှန်တော့ဘူး။ နှလုံးခုန်တာတောင် စည်းချက်တွေမှားကုန်တယ်။
ကိုကျော် ။ ။အဲဒီလောက်တောင်ပဲလားကွာ...။
မောင်ကြီး။ ။ဘယ်ကမလဲ။ ငါ့သူငယ်ချင်းသား ပုခုံးနဲ့တိုက်ပြီးသတိမပေးရင် အဲဒီနားတင် အသက်ပါ ပါသွားနိုင်တယ်။ အဲဒီလိုပုခုံးနဲ့တိုက်သတိပေးပြီးတာတောင် လူက အဲဒီထဲမှာပဲမြောနေတုန်း။ ပြီးတော့ ဆေးရုံတောင် တစ်ပတ်လောက်တက်လိုက်ရသေးတယ်။
ကိုကျော် ။ ။ဟာကွာ... မင်းဟာက နည်းနည်းတော့ ညွှန်းတာလွန်သွားပြီ။ မင်းပြောတဲ့ကောင်မလေးက အဲဒီလောက်တောင် လှတယ်ဆိုတာမဖြစ်နိုင်ပါဘူး။
မောင်ကြီး။ ။ဘာကွ...။ ဘယ်ကကောင်မလေးလဲ။ နင့်လင်ပြောနေတာက ရေချိုးခန်းမီးပိတ်တုန်းက ဓာတ်လိုက်တဲ့အကြောင်းဟဲ့ သေနာရဲ့။
ကိုကျော် ။ ။ကိန်...။
Credit-itmintar

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...