Sunday, July 26, 2015

ဟာသပေါင်းချုပ် ( ၂၆-၇ )

အမူးသမား
အရက်မူးနေသည့် ယောင်္ကျားက အိပ်နေသည့် မိန်းမကို နှိုးးလိုက်သည်။
ယောကျာ်း။ “ မိန်းမ ထစမ်းပါအုံး။ ငါတို့အိမ်မှာ သရဲရှိတယ်ကွ။ ”
မိန်းမ။ “ဟုတ်လို့လား။ ရှင်ဘယ်လို သိလဲ။ ”
ယောင်္ကျား။“ဟုတ်တယ်ကွ။ ငါအခုနက အိမ်သာသွားတာ တံခါးဖွင့်ရုံပဲရှိသေးတယ် အိမ်သာတံခါးမီးက သူ့အလိုလို လင်းလာတယ်...။ ပြီးတော့ အထဲကနေ လေအေးတွေ ငါ့ကိုယ်ကို ဖြတ်တိုက်သွားတယ်။


မိန်းမ။ ဟုတ်လို့လား။ ဘယ်မှာလဲ ကျုပ်ကို လိုက်ပြအုံး။
ယောကျာ်းဖြစ်သူလိုက်ပြသည်ကို တွေ့သည့်အခါ မိန်းမက ပြောလိုက်သည်မှာ
“ဟင်..အဲ့ဒါ အိမ်သာမဟုတ်ဘူးရှင့်။ ရေခဲသေတ္တာ...။”
Credit- Min That Gyi
ကိုကျော်အိမ်ပြန်ရောက်သည့် တစ်နေ့တွင် သူတို့အိမ်မှ အိမ်ဖော်သည် မှန်ရှေ့မှာကြာမြင့်စွာ ရပ်နေသည်ကို တွေ့လိုက်ရသည် ။ သူ့ဇနီးကလည်း အိမ်မှာမရှိ ။
" ဟဲ့ကောင်မလေး နင်က ဘာဖြစ်လို့ မှန်ကိုပဲ တစ်ချိန်လုံးကြည့်နေရတာလဲ " ဟု ကိုကျော်က အိမ်ဖော်ကောင်မလေးကို မေးသည် ။
ထိုအခါ ကောင်းမလေးက.....
" ဆရာ့ဇနီးက ဆရာအိမ်မှာရှိတဲ့နေ့ဆိုရင် ကျွန်မကိုယ်ကျွန်မ အမြဲစောင့်ကြည့်နေဖို့ မှာထားလို့ပါ " ဟု ပြန်ဖြေလေသည် ။
Credit- Na Saw

ယောကျာင်္း နှင့် မိန်းမ ကွာခြားချက်
မိန်းမတွေကလိုချင်တာအများကြီး ဒါပေမယ့် ယောကျာင်္းတစ်ယောက်တည်းဆီက
ယောကျာင်္းတွေကတော့ လိုချင်တာတစ်ခုတည်း ဒါပေမယ့် မိန်းမအများကြီးဆီက
Credit- Hla lay sein

" မနေ့ညက ငါ့အိမ်ကို သူခိုးဝင်ခိုးတယ် ။ ငါ့မိန်းမက သူခိုးကို ရိုက်လိုက်တာ သူခိုးခမျာ သတိတောင်လစ်သွားတယ် " ဟုကိုဟိန်းက မိတ်ဆွေဖြစ်သူကို ပြောပြနေသည် ။
" ဟော ဒါဆို မင်းမိန်းမက တော်တော် သတ္တိရှိတဲ့ မိန်းမပေါ့ " ဟု မိတ်ဆွေက ဆို၏ ။
" ငါ့မိန်းမက သတ္တိမရှိပါဘူးကွာ ။ အမှောင်ထဲမှာ ဆိုတော့ ငါအိမ်အပြန်နောက်ကျလို့ အိမ်ထဲကို တိတ်တိတ်လေး ၀င်လာတယ်ထင်ပြီး အားရပါးရ ထုနှက်ပစ်လိုက်တာပါကွာ ။ နောက်မှ ငါမဟုတ်ဘဲ သူခိုးဖြစ်နေမှန်း သိသွားတာ " ဟု ကိုဟိန်းက ဆိုလေသည် ။
Credit- Na Saw

အင်အားလျှော့မယ်
" ကျုပ်တို့ ရဲ့ ညွှန်ချုပ်ကရုံးရဲ့ ၀န်ထမ်းအင်အားကို လျှော့ချမယ်ဆိုပါလား "
" စိတ်ပူ မနေစမ်းပါနဲ့  ..ဒါကျုပ်တို့ နဲ့ ဘာမှ မဆိုင်ဘူး..သူ သူ့ မိန်းမနဲ့ ရန်ဖြစ်ပြီး
မိန်းမရဲ့ ဆွေမျိုးတွေအားလုံးကို အလုပ်က ထုတ်ပစ်ဖို့ စီစဉ်နေတာပါ. "
Credit- Sai moe Wai


မိန်းမ -
" မောင် ၊ မောင်ကလေ ညအိပ်ပြီဆို တစ်ညလုံး အသံအကျယ်ကြီးနဲ့ ယောင်နေတော့တာပဲ ။ " မ " အိပ်လို့မရဘူး ။ မောင်ဆရာဝန်တစ်ယောက်ယောက်ကို သွားပြရင်ကောင်းမယ် ထင်တယ် "
ယောကျာင်္း -
" ဒီမှာ မိန်းမ ၊ နေ့လည်နေ့ခင်းအချိန်မှာ မင်းကိုယ့်ကို စကားပြောချိန် နည်းနည်းလောက်ပေးမယ်ဆိုရင် ဆရာဝန်ဆီ သွားပြစရာတောင် လိုမှာမဟုတ်ပါဘူးကွာ "
Credit- Na Saw

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...