Thursday, July 23, 2015

ဟာသစုစည်းမှု (၂၃-၇)

ရည်းစားဘဝ
-----------
ကောင်မလေး။ မောင် ,.. လောက ဆိုတာဘာလဲ
ကောင်လေး။ မာယာတွေနဲ့ အပြောကျယ်တယ့်
ပင်လယ်ကြီးပေါ့ကွယ် ခင်နဲ့မောင်ဖြတ်ကူးကြရမယ်လေ။


လင်မယားဘဝ
-------------
မိန်းမ ။ မောင် ... လောကဆိုတာ ဘာလဲ

ယောကျာ်း။ ကလော ကိုပြောင်းပြန်လှန်ထားတာကွ
ဒါပဲ အိပ်ပီ z Z z
Credit-itmintar

နောင်တ
"လက်မထပ်ခင်တုန်းက ငါ့မိန်းမကို ငါဘယ်လောက် ချစ်သလဲဆိုရင် တစ်ခါတလေ
သူ့ကို ကိုက်စားချင်စိတ် ပေါ်မိတယ်"
"အခုကော"
"မစားလိုက်မိတာ မှားလေခြင်းလို့ နောင်တရတယ်"
Credit-itmintar

လူပျိုကြီးနဲ့ အပျိုကြီး
လူပျိုကြီး - နင်တို့မိန်းခလေးတွေက အရွယ်လေးရလာရင် နဲနဲနန့်ပေးရတယ်....ဘာဖြစ်လို့လဲဆိုတော့...နင်တို့က ပုတ်ကုန်
ဈေးထဲမှာဂေါ်ဖီထုတ်တွေရောင်းတာ တွေ့ဖူးလား ဒီနေ့ရောင်းမကုန်ရင် ..အပေါ်ကတစ်ဖတ် ...ခွာလိုက်တယ်..နောက်နေ့တစ်ခါ ရောင်းမကုန်ရင်....တစ်ဖတ်ခွာလိုက်တယ်...နောက်ဆုံးတော့ ရောင်းမကုန်ရင်...
.ပစ်လိုက်ရော

အပျိုကြီး- ဘာပြောတယ် ..ငါတို့ကပုတ်ကုန်ဆိုရင် နင်တို့က ဘာကုန်လဲ
လူပျိုကြီး- ငါတို့က ငရုပ်သီးမျိုးလေ... .နေလှန်းလိုက်.. .ရေလေးတောက်လိုက်နဲ့... ဘယ်အချိန်ကိုက်ကိုက်.. .တရေးနှိုးထကိုက်ရင်လဲ ...စပ်နေတာဘဲ...ဟဲဟဲ
ဒါနဲ့ အပျိုကြီးလဲ..ဒေါပွပြီး အားကျမခံ....ဒီလိုပြန်ပြောလိုက်တယ်
အပျိုကြီး - အေးနင်တို့က ခူးစဘဲရမှာ....နေလှန်းလိုက် ..ရေတောက်လိုက်နဲ့....ကြာရင်ထိပ်တွေတွန့်ပြီး ဖလံဖြူဖြစ်သွားမယ်...ငါတို့ဂေါ်ဖီထုတ်တွေ့ကလေ တစ်ဖတ်ခွာလိုက်တိုင်း ကျန်နေတဲ့ဟာက ကျစ်နေတာဘဲဟဲ့..ကိုငရုပ်သီးရဲ့
Credit-itmintar

မာစတာကီး....
စကားဝိုင်း တစ်ခုမှာ အမျိုးသမီး တစ်ယောက်က ပြောတယ်
ရှင်တို့ ယောက်ျားတွေက မိန်းမတွေနဲ့ ထည်လဲ အိပ်တော့ " ယောက်ျားကောင်း
မောင်းမတစ်ထောင် " တဲ့။

. မိန်းမတွေက ယောက်ျား တစ်ယောက်ထက်များ
ပိုအိပ်မိရင်တော့ မကောင်းတဲ့ မိန်းမ။
ကြေးစားမတဲ့။ အတော်လည်း မတရားတာပဲ။
မိန်းမတွေကိုဆိုရင် နှိမ်ချင်ကြတာပဲ။
အဲဒီတော့ ယောက်ျားတစ်ယောက်က ပြန်ပြောတယ်။
ဒါက ဒီလို ရှိပါတယ် အစ်မကြီးရယ်။
သော့တံတစ်ချောင်းက သော့ခလောက်တွေ အများကြီးကို ဖွင့်နိုင်ရင်
**“**မာစတာကီး**”**လို့ ခေါ်တယ်လေ။
သော့ခလောက်တစ်ခုကို ဘယ်သော့တံမဆို ဖွင့်နိုင်ရင်တော့ သုံးစားလို့မရတဲ့ သော့ခလောက် ဖြစ်သွားမှာပေါ့
Credit-itmintar


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...