Wednesday, July 22, 2015

အိမ္ေနာက္ေဖးမွာ တဲေဆာက္ေနျပီး အိမ္ရွင္ကို ေကာလိပ္ စာေမးပြဲ ေအာင္ရန္ သင္ေပးႏုိင္တဲ့ ေက်ာင္းသား


အသက္ ၂၄ ႏွစ္ အရြယ္ ကေနဒါ ႏိုင္ငံသား Evan Eames ဟာ ကေနဒါမွာ တကၠသိုလ္ျပီးေတာ့ မန္ခ်က္စတာမွာ မာစတာ တက္ဖို႔ အေၾကာင္း ပါလာပါတယ္။ မန္ခ်န္စတာ ဆုိတာ ျဗိတိန္ႏိုင္ငံက ျမိဳ႕ၾကီး တစ္ျမိဳ႕ ျဖစ္ျပီး လူသိမ်ားတဲ့ ပညာေရး ျမိဳ႕တစ္ခုပါပဲ။ ေငြေၾကးအားျဖင့္ သူ႔မွာ အခက္အခဲ ရွိပါတယ္။ ဒါေၾကာင့္မို႔ သူဟာ အြန္လိုင္းကေန အိမ္ေနာက္ေဖးမွာ တဲေဆာက္ ေနႏိုင္မယ့္ အိမ္မ်ိဳးကို ရွာေဖြခဲ့ရာ အသက္ ၃၄ ႏွစ္အရြယ္ အမ်ိဳးသမီး တစ္ဦးဟာ သူ႔ အိမ္ေနာက္ေဖးမွာ ေဆာက္လို႔ ေနႏိုင္ေၾကာင္း အေၾကာင္းျပန္ခဲ့ ပါတယ္။



အေပးအယူကေတာ့ ေငြေၾကးျဖင့္ မဟုတ္ပဲ အသက္ ၃၄ ႏွစ္အရြယ္ အမ်ိဳးသမီး အိမ္ပိုင္ရွင္ကို စာျပန္သင္ေပးရမွာ ျဖစ္ပါတယ္။ အမ်ိဳးသမီး Charley ဟာ ပညာေရးမွာ ေနာက္ေႏွးျပီး ေကာလိပ္ တစ္ခုမွာ GCSE ေျဖရန္ ခက္ခဲေနပါတယ္။ အဓိကကေတာ့ ရူပေဗဒ နဲ႔ သခၤ်ာမွာ ျဖစ္ပါတယ္။ ဒါကို သိေတာ့ Charley ဟာ မာစတာတန္း တက္မယ့္ Evan ကို အိမ္ေနာက္ေဖးမွာ ေနထုိင္ခြင့္ ေပးလိုက္ျပီး ရူပေဗဒနဲ႔ သခၤ်ာကို ျပန္သင္ေပးေစပါတယ္။ Evan ဟာ ၁၀ လပဲ ေနထိုင္မယ့္သူ ျဖစ္ပါတယ္။ သူ ေနထိုင္စဥ္ အတြင္းမွာလည္း Charley ကို စာျပန္သင္ေပးျပီး Charley ဟာလည္း GCSE ကို ျပန္လည္ ေျဖၾကား ေအာင္ျမင္ခဲ့ပါတယ္။


Evan ဟာ အိမ္ေနာက္ေဖးမွာ ေနစဥ္ သူ႔မွာ ခ်စ္သူလည္း ရွိျပီး သူ႔ ခ်စ္သူကေတာ့ အိႏၵိယ ႏိုင္ငံ ဇာတိ ျဖစ္ပါတယ္။ အမ်ိဳးသမီး တစ္ေယာက္ရဲ႕ အိမ္ျခံဝိုင္းမွာ ေနေပမယ့္ သူတို႔ရဲ႕ Relation ကို မထိခိုက္ေစခဲ့ပါ။ အခုေတာ့ Charley လည္း စာေမးပြဲ ျပီးျပီ Evan လည္း မာစတာတန္း ျပီးသြားပါျပီ။
ဒါကို ၾကည့္ေတာ့ ဘာကို သြားသတိရ သလဲဆုိ ပညာရွာရန္ ရန္ကုန္နဲ႔ အျခား ျမိဳ႕ၾကီးမ်ားေပၚမွာ ခက္ခက္ခဲခဲ သြားေရာက္ ေနထိုင္ ၾကတဲ့ ျမန္မာ လူငယ္မ်ား၊ ဘုန္းၾကီးေက်ာင္းသားမ်ားကို ေျပးျမင္မိပါတယ္။ အဓိကနဲ႔ သာမည ခြဲျခားတတ္မွု ျဖစ္ပါတယ္။ ပညာရွာတဲ့ ရည္ရြယ္ခ်က္က ဘဝ ဝမ္းစာ ပူလံုရန္ကေန စတာျဖစ္ေပမယ့္ မရခင္ေလးမွာ ခက္ခဲတဲ့ ဘဝကို ၾကံ႕ၾကံ႕ခံၾကရမွာပဲ ျဖစ္ပါတယ္။
.
Ref: dailymail
ေအာင္ခမ္း (ရိုးရာေလး)
www.yoyarlay.com
‪#‎aungkham_yyl‬
‪#‎news_yyl‬
(Unicode version)
အိမ်နောက်ဖေးမှာ တဲဆောက်နေပြီး အိမ်ရှင်ကို ကောလိပ် စာမေးပွဲ အောင်ရန် သင်ပေးနိုင်တဲ့ ကျောင်းသား
အသက် ၂၄ နှစ် အရွယ် ကနေဒါ နိုင်ငံသား Evan Eames ဟာ ကနေဒါမှာ တက္ကသိုလ်ပြီးတော့ မန်ချက်စတာမှာ မာစတာ တက်ဖို့ အကြောင်း ပါလာပါတယ်။ မန်ချန်စတာ ဆိုတာ ဗြိတိန်နိုင်ငံက မြို့ကြီး တစ်မြို့ ဖြစ်ပြီး လူသိများတဲ့ ပညာရေး မြို့တစ်ခုပါပဲ။ ငွေကြေးအားဖြင့် သူ့မှာ အခက်အခဲ ရှိပါတယ်။ ဒါကြောင့်မို့ သူဟာ အွန်လိုင်းကနေ အိမ်နောက်ဖေးမှာ တဲဆောက် နေနိုင်မယ့် အိမ်မျိုးကို ရှာဖွေခဲ့ရာ အသက် ၃၄ နှစ်အရွယ် အမျိုးသမီး တစ်ဦးဟာ သူ့ အိမ်နောက်ဖေးမှာ ဆောက်လို့ နေနိုင်ကြောင်း အကြောင်းပြန်ခဲ့ ပါတယ်။
အပေးအယူကတော့ ငွေကြေးဖြင့် မဟုတ်ပဲ အသက် ၃၄ နှစ်အရွယ် အမျိုးသမီး အိမ်ပိုင်ရှင်ကို စာပြန်သင်ပေးရမှာ ဖြစ်ပါတယ်။ အမျိုးသမီး Charley ဟာ ပညာရေးမှာ နောက်နှေးပြီး ကောလိပ် တစ်ခုမှာ GCSE ဖြေရန် ခက်ခဲနေပါတယ်။ အဓိကကတော့ ရူပဗေဒ နဲ့ သင်္ချာမှာ ဖြစ်ပါတယ်။ ဒါကို သိတော့ Charley ဟာ မာစတာတန်း တက်မယ့် Evan ကို အိမ်နောက်ဖေးမှာ နေထိုင်ခွင့် ပေးလိုက်ပြီး ရူပဗေဒနဲ့ သင်္ချာကို ပြန်သင်ပေးစေပါတယ်။ Evan ဟာ ၁၀ လပဲ နေထိုင်မယ့်သူ ဖြစ်ပါတယ်။ သူ နေထိုင်စဉ် အတွင်းမှာလည်း Charley ကို စာပြန်သင်ပေးပြီး Charley ဟာလည်း GCSE ကို ပြန်လည် ဖြေကြား အောင်မြင်ခဲ့ပါတယ်။
Evan ဟာ အိမ်နောက်ဖေးမှာ နေစဉ် သူ့မှာ ချစ်သူလည်း ရှိပြီး သူ့ ချစ်သူကတော့ အိန္ဒိယ နိုင်ငံ ဇာတိ ဖြစ်ပါတယ်။ အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ခြံဝိုင်းမှာ နေပေမယ့် သူတို့ရဲ့ Relation ကို မထိခိုက်စေခဲ့ပါ။ အခုတော့ Charley လည်း စာမေးပွဲ ပြီးပြီ Evan လည်း မာစတာတန်း ပြီးသွားပါပြီ။
ဒါကို ကြည့်တော့ ဘာကို သွားသတိရ သလဲဆို ပညာရှာရန် ရန်ကုန်နဲ့ အခြား မြို့ကြီးများပေါ်မှာ ခက်ခက်ခဲခဲ သွားရောက် နေထိုင် ကြတဲ့ မြန်မာ လူငယ်များ၊ ဘုန်းကြီးကျောင်းသားများကို ပြေးမြင်မိပါတယ်။ အဓိကနဲ့ သာမည ခွဲခြားတတ်မှု ဖြစ်ပါတယ်။ ပညာရှာတဲ့ ရည်ရွယ်ချက်က ဘဝ ဝမ်းစာ ပူလုံရန်ကနေ စတာဖြစ်ပေမယ့် မရခင်လေးမှာ ခက်ခဲတဲ့ ဘဝကို ကြံ့ကြံ့ခံကြရမှာပဲ ဖြစ်ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)

0 comments:

Post a Comment

စာမေရးျဖစ္ေတာ့တာေၾကာင့္ က်ေနာ္ႀကိဳက္ၿပီး ဖတ္ေစခ်င္တဲ့ စာေလးေတြကို တင္ထားပါတယ္ဗ်ာ

Followers

Total Pageviews

အမွာပါးစရာမ်ားရွိေနရင္

Pop up my Cbox

Blog Archive

အက္ဒမင္

အျခားက႑မ်ားကို ေလ့လာရန္

ရွာေဖြေလ ေတြ႔ရွိေလ

စာေပျမတ္ႏိုးသူမ်ား

free counters
Related Posts Plugin for WordPress, Blogger...