Thursday, November 26, 2015

ယောက်ျားတွေ ဘာလို့ လိမ်ပြောကြသလဲ

အဖေတူ သား

တနေ့ သောအခါ သစ်ခုတ်သမား တစ်ယောက် သည် မြစ်ကမ်းနဘေး ရှိ သစ်ပင်ကိုခုတ်ရင်း အရှိန်လွန်ကာ ပုဆိန် ရေထဲသို့ ပြုတ်ကျသွားလေသည်။ ပြန်ရှာမရတဲ့အဆုံး.. သစ်ခုတ်သမားလဲ ၀မ်းနည်းစွာ ငိုကြွေးလေ၏... ထိုအခါ မြစ်စောင့်နတ် ရုတ်တရက်ပေါ်လာပြီး..
မြစ်စောင့်နတ် - ဘာကြောင့် များငိုနေရတာလဲ အသင်လူသား
သစ်ခုတ်သမား - ကျွန်တော့် ပုဆိန် ရေထဲပြုတ်ကျသွားလို့ပါ.. ထိုပုဆိန်နဲ့ပဲ ကျွန်တော် သက်မွေးရတာပါ အရှင်.. အသစ်လဲမ၀ယ်နိုင်ပါဘူး... ဟုအမှန်အတိုင်းဖြေလိုက်တော့

တရုတ်တောသား အံ့သြသွားတယ်

Aik Pue
 
၁၀ ၁၁ ၂၀၁၅ ကနေ ၁၄ ၁၀ ၂၀၁၅နေ့ထိတရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ် Tian Yang လို့ခေါ် တဲ့ မြို့ငယ်လေးတမြို့က ကျေးလက်ဒေသမှာ သရက်စိုက်ပျိုးနေတဲ့တောင်သူတောသားတရုတ်ကို မူဆယ် မန္တလေး ရွှေကူ မန္တလေး ကျောက်ဆည် မူဆယ် ခရီးစဉ်အတိုင်း ကားနဲ့တင်ပြီးပို့ခဲ့ပါတယ်။
မူဆယ် မန္တလေး ခရီးစဉ်မှာ တရုတ်ကစပြီး အံ့သြပါတော့တယ်။ ဒီလောက်ကျ ဉ်းတဲ့လမ်းပေါ်မှာ ကားကြီး ကားငယ်မျိုးစုံ အဆက်မပြတ်သွားလာနေကြတာ ယာဉ်ကြောပိတ်ဆို့မှု ဆိုးဆိုးရွားရွားလည်း မကြုံ ရဘူး။ ယာဉ်တိုက်မှုလည်း အများအပြား မကြုံ ရဘူး။

အများအကြိုက်ကို ပါးရိုက်လိုက်ခြင်း

Soe Win
 
 ခပ်စပ်စပ် ပြောစရာလေးတွေ ရှိလို့ ကမ္ဘာကျော် ရုရှားကဗျာဆရာကြီး မာယာကော့စကီးရဲ့ခေါင်းစဉ် တပ်လိုက်ရတာပါ။ မောင်ကမ္ဘာတို့ တိုင်းပြည်ရဲ့ ‘သမိုင်းတွင် ရွေးကောက်ပွဲကြီး’ နိုဝင်ဘာ ၈ ရက်က ကျင်းပပြီးစီးပါပြီ။ ပြည်သူတွေ မျှော်လင့်ခြင်းကြီးစွာ နှစ်ပေါင်းများစွာ စောင့်စားခဲ့ရတဲ့ ပါတီကြီးက အနိုင်ရသွားတာ ကမ္ဘာသိပါ။ အဲသမှာ အများအကြိုက်ကို ပါးရိုက်ခံရတဲ့ ကိစ္စကြီး ပေါ်လာတာပါပဲ။

သူ့လူကိုယ့်ဘက်သား သရ၀ဏ်(ပြည်)

Tharawon Pyay

၂၀၁၆ နှစ်ဆန်းပိုင်းတွင်တက်လာမည်. အစိုးရအတွက် စိမ်ခေါ်မှုများစွာ ၊ အခက်အခဲများစွာကစောင်.ကြိုနေသည် ။ ထိုအခက်အခဲများထဲမှတခုမှာ အစိုးရယန္တယားအတွင်း ယခင်အစိုးရမှ ထည်.သွင်.မြှုပ်နှံသွားသည်. ပဉ္စမံတပ်သားများဖြစ်သည် ။ ထိုပဉ္စမံတပ်သားများသည် အသွင်အမျိုးမျိုးဖြင်. နေရာယူထားပြီးဖြစ်သည် ။ အစိုးရအဖွဲ.အတွင်း ပထမဆုံး ခြေကုပ်ယူသွားပြီးသော ရာထူးနေရာများမှာ ရွေးကောက်ပွဲမတိုင်ခင် ခုနစ်လခန်.ကမှအချိန်ကိုက်ခန်.အပ်ခဲ.သည် အမြဲတန်းအတွင်းဝန် ( Permanent Secretary ) ဟူသောရာထူးဖြစ်သည် ။ ထိုရာထူးသည် ဒုဝန်ကြီး၏အောက်တစ်ဆင်. ၊ ညွှန်ကြားရေးမှူးချုပ်၏အထက် ဖြစ်သည် ။ ညွှန်ကြားရေးမှူးချုပ်၏ရာထူးမှာ တစ်လလျှင် ကျပ်ငါးသိန်းရပြီး ၊ အမြဲတန်းအတွင်းဝန်၏လစာမှာတလလျှင်ကျပ်ခုနစ်သိန်းဖြစ်သည် ။ ထိုအမြဲတမ်းအတွင်းဝန်ရာထူးသည် အင်္ဂလိပ်ခေတ် နှင်. ဦးနု၏ ပါလီမန်ဒီမိုကရေစီအစိုးရခေတ်တွင်ပါ ကျင်.သုံးခဲ.သောရာထူးဖြစ်ပြီး ၁၉၆၂ ခုနှစ် ဦးနေ၀င်းဦးဆောင်၍ တပ်မတော်မှအာဏာသိမ်းအပြီးတွင် ဖျက်သိမ်းခဲ.သောရာထူးဖြစ်သည် ။

အဆင့်တစ်မရတော့ ဘာဖြစ်လဲ ( မောင်သာချို)

Htet Htet Hteik Htar

(တစ်)
ကမာရွတ် လှည်းတန်းပတ်ဝန်းကျင်ရှိ ကျူရှင်ကြော်ငြာတစ်ခုကို ဖတ်မိလေတိုင်း ကျွန်တော့်စိတ်ထဲမှာ အမျိုးအမည်တပ်မရသည့် ဝေဒနာတစ်ခုက ပေါ်လာတတ်စမြဲ ဖြစ်ပါသည်။ ကြော်ငြာပေါ်၌ အ လေးအနက်ပြုထားသည့် စာသား တစ်ကြောင်းပါဝင်ပါသည်။ သင့် ကလေးကို အမြဲတမ်း အဆင့်တစ် ရစေလိုပါသလားတဲ့။ အဲဒါသည် ပင်လျှင် ထိုကျူရှင်ကြော်ငြာ၏ အသက်ဖြစ်ပါသည်။
ထိုကျူရှင်နှင့်ပတ်သက်၍ ကျွန်တော့်တွင် အချစ်အမုန်းမရှိပါ။ မည်သူတွေက တည်ထောင်ထားသလဲ ကျွန်တော်မသိပါ။

iPhone တီထွင်သူ စတိဂျော့ရဲ့နောက်ဆုံးစကား


ကျွန်တော်စီးပွားရေးလောကမှာ အအောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်။ ဒါမှမဟုတ်ကျွန်တော်ဘဝဟာထင်ရှားတဲ့အောင်မြင်မှု့နမူနာပဲဖြစ်ပါတော့တယ် ။
ဒါပေမဲ့ အလုပ်လုပ်တာ အပြင်ကျွန်တော်မှာပျော်ရွင်မှု့တွေ သိပ်မရှိပါဘူး ဘာကြောင့်လည်းဆိုတော့ ချမ်းသာခြင်းသာလျှင်ကျွန်တော်ဘဝမှာရှိခဲ့တဲ့တစ်ခုတည်းသောအရာမို့ပါ။

သားအိမ်ကင်ဆာ အတွက်ဆေးကောင်းတစ်လက်

ကျန်းမာရေးသတင်းများ

ဆေးရုံကလက်လွှတ်လို့ အိမ်ပြန်ခေါ်လာတဲ့လူနာတွေကို မြန်မာဆေးမီးတိုနဲ့
ကုခါမှ အမြစ်ပြတ်ပျောက်သွားတယ်ဆိုတာတွေ မကြာခဏကြားဖူးပါတယ်။
ခုတစ်ခါလည်း တွေ့ပြန်ပါပြီ၊ သားအိမ်ကင် ဆာဖြစ်လို့ ဆေးရုံက လက်လွှတ်တဲ့ လူနာတဲ့။ မြန်မာဆေးမီးတိုနဲ့ကုလိုက်တာ ကောင်းသွားပြီတဲ့။
လူနာကလည်း ကျွန်တော်တို့ site ဝင်းထဲမှာဆိုတော့ သွားမေးဖြစ်ပါတယ်။

တန်ဆောင်မုန်းလပြည့်ည နှင့် ဆေးဖက်ဝင် မဲဇလီပင်လေးများအကြောင်း

Saw Yoon Naung
.
မဲဇလီဆိုသည်မှာ အဝါရောင်အပွင့်များအချိန်လိုက်ဖူးပွင့်သည့် ပင်စောက်ကြီးတစ်မျိုး (အရွက်၊ အဖူး စ သည်ကို ဟင်းလျာအဖြစ်စား သုံးပြီး အရသာခါး၍ ဆေးဖက်ဝင်သည်) ဟုမဲဇလီနှင့်ပတ်သက်၍ မြန်မာ အဘိဓာန်တွင် ဖွင့်ဆိုထားပါတယ်။.
ထူပါရုံစေတီကျောက်စာပေါ်မှာ ရေးထွင်း ထားသော မှတ်တမ်းစာအရ၊ ရှေးယခင်က မဲဇလီပင်ကို 'မည်ဇရီပင်' ဟုခေါ်ရာ မှ အသံထွက်အလိုက် မယ်ဇရီ ဖြစ်လာပြီး၊ ထို့ နောက် ကာလကြာတဲ့အခါ မယ်ဇရီ မှ မယ်ဇလီ-မဲဇလီ ဟူ၍ အဆင့်ဆင့်အသံထွက်ပြောင်း၍ ခေါ်ဝေါ်လာခဲ့ကြပါတယ်။

“အကောင်းမြင်စိတ်”


အဘိုးကြီး တစ်ယောက်မှာ သမီး၂ယောက်ရှိတယ်တဲ့။ သမီးကြီးက ထီးရောင်းတဲ့ ထီးဆိုင်ပိုင်ရှင်နဲ့ အိမ်ထောင်ကျတယ်တဲ့။ သမီးငယ်က ဆေးဆိုးပန်းရိုက် အလုပ်ရုံတစ်ရုံ ထူထောင်လုပ် ကိုင်နေကြသတဲ့။
အဘိုးကြီးက နေသာတဲ့ ရာသီနေ့တွေမှာ သမီးကြီးရဲ့ ထီးဆိုင်မရောင်းရမှာ စိုးရိမ်နေသတဲ့။ မိုးရွာတဲ့နေ့များမှာတော့ သမီးငယ်ရဲ့ ဆေးဆိုးပန်းရိုက်ထည်တွေ နေမလှန်းရလို့ မခြောက်မှာ စိုးရိမ်နေပြန်ရော။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၁၁)

သစ်ထူးလွင်


Wednesday, November 25, 2015

ပဲပြုတ်ဒိုင်ယာရီ (မင်းဒင်)

မင်း ဒင်


(တစ်)
“အညာသားပဲစား”ဆိုတဲ့စကားဟာကျုပ်အတွက်တော့၊ဒက်ထိမှန်သဗျို့၊
ကျုပ်တင်မကပါဘူး။ကမ္ဘာ့နိုင်ငံအနှံ့အပြားကိုရောက်နေတဲ့မြန်မာပြည်သား
အများစုလည်းပဲပြုတ်ကြိုက်ကြတာပါပဲလေ။အမေရိကန်နိုင်ငံရောက်မြန်မာ
တစ်ချို့တောင်ပဲပြုတ်ကိုအွန်လိုင်းပေါ်တင်ပြီးကြေငြာနေကြတာ
ကျုပ်တွေ့မိသေးသဗျ။

လော်စပီကာဥပဒေ ထိရောက်စိုးမိုးမှု ရှိစေရန် ပြည်သူအများ လိုလားလျက်ရှိဟု ဆို

Tun LynnFollow
၂၅..၁၁..၁၅

ဘာသာရေးအခမ်းအနားများ၌ အသံချဲ့စက်များ အသုံးပြုခြင်း၊ ဆူညံ ခြင်းများအပေါ် လူထု၏အလိုမကျမှုများ ထွက်ပေါ်လာလျှက်ရှိသည်။ ဘာသာရေး အခမ်းအနားများတွင် အသံချဲ့စက် အသုံးပြုခြင်းနှင့်ပတ်သက်၍ ပိုမို တင်းကျပ်သည့် စည်းမျဉ်းများ ချမှတ်ရန် လူနေထူထပ်သော ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများတွင် နေထိုင်သူများက လိုလားလျက်ရှိသည်။

ပိုက်ဆံကို သုံးသင့်တဲ့နေရာ(၅)မျိုးနဲ့ မသုံးသင့်တဲ့နေရာ(၅)မျိုး



ပိုက်ဆံဟာ ကျွန်တော်တို့နေ့စဉ်ဘဝအတွက် မရှိမဖြစ်အရာပါ။ အမြဲတမ်းသုံးစွဲနေရတဲ့ ဒီပိုက်ဆံကို မှန်မှန်ကန်ကန် အသုံးချတတ်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ပေါ်သမျှအသစ်အသစ်သော အရာတွေကို ဝယ်ယူရင်း သင်ဟာ ငွေကြေးဆိုင်ရာ သောက တွေများလာရမှာ ဧကန်ပါပဲ။ ဒီတော့ ကျွန်တော်တို့ရဲ့ ပိုက်ဆံတွေကို ဘယ်နေရာမှာ သုံးသင့်ပြီး ဘယ်နေရာမှာ မသုံးသင့်ဘူးလဲ။

တစ်ခါတုန်းက ...


တစ်နေ့မှာ......
Hotelကြီးတစ်ခု ရဲ့ စားသောက်ခန်းထဲကို ဧည့်သည်နှစ်ယောက်ဝင်လာတယ်...တံခါးဖွင့်သံကြားတော့
အဖြူရောင်အင်္ကျီပေါ်မှာ နက်ပြာရောင်ကုတ် နက်ပြာရောင်စကပ်တိုဒူးဖုံးနဲ့ စားပွဲထိုးမိန်းကလေးက လှမ်းကြည့်လိုက်တယ်။
မင်္ဂလာပါ ရှင်... လို့ချိုမြတဲ့ နှုတ်ဆက်သံနှင့်အတူ စားပွဲထိုးမိန်းကလေးက ရိုသေစွာခါးကိုင်းလိုက်တယ် ...
ဝင်လာတဲ့ဧည့်သည်တွေက ကျားမ တစ်တွဲဖြစ်တယ်။ အသက် ၄ဝ အရွယ်လောက်ရှိကြမယ် ...

အပြစ်မြင်ကြမလား ဗုဒ္ဓဘာသာ


တစ်နေ့--
မင်းကွန်းဆရာတော်ကြီးကို တကာတစ်ယောက်လျှောက်ဖူးတယ်။
"ဆရာတော်ဘုရား- -- ဆရာတော်ကျောင်းမှာ ကိုရင်လေးတွေဟာဒီလိုပဲဆော့ကြသလားဘုရား။ ဆရာတော်တော့ဒီကိုရင်လေးတွေကိုထိမ်းရမှာ
တော်တော်ပင်ပန်းမှာပဲဘုရား" ဟုလျှောက်တယ်။

ဆရာတော်ပြန်မိန့်တာက--
"တကားကြီး -ဒီဆရာတော်လည်းဒီလိုကိုရင်လေးဘဝကလာခဲ့တာ။ ဒီလိုပဲဆော့ခဲ့တာ။

တချိန်က ဗိုလ်ချုပ်အစည်းအဝေးလာတက်တဲ့ VIDEO

တချိန်က ဗိုလ်ချုပ်အစည်းအဝေးလာတက်တဲ့ VIDEO ပါ ရှာတွေ့ ထားလို့ တင်လိုက်ပါတယ်.. Youtube က Ni Kong Hong ကပါ

Posted by Caesar Win on Wednesday, November 25, 2015

သူ့ကြောင့် (လူပိန်းပြန်ဆိုပါသည်)


John Hopkin တက္ကသိုလ်မှ ပါမောက္ခတဦးက ဘွဲ့ကြိုကျောင်းသားများကို စာသင်ကြားရေးတွင် ပါဝင်သော လုပ်ငန်းတစ်ခုကို ပြုလုပ်ရန်ခိုင်းစေခဲ့သည်၊
လူနေမှု့အဆင့်နိမ့်ပြီး မကောင်းမှု့ထူပြောသော နေရာတစ်နေရာသို့ သွားရောက်ပြီး အသက် ၁၂ မှ ၁၆ နှစ်ရှိသော ကလေးများအယောက် ၂၀၀ ၏ နောက်ခံဘဝအခြေအနေများ၊ သူတို့ကျင်လည်နေသော ပတ်ဝန်းကျင်များကို မှတ်သားကာ သူတို့၏ အနာဂတ်ဘဝများကို ခန့်မှန်းပေးရန်ဖြစ်သည်၊

သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၁၁)

သစ်ထူးလွင်


Tuesday, November 24, 2015

အခုမှတော့ လွန်ခဲ့ပြီမောင်ရယ်

မောင်(စွယ်စုံကျမ်း)
 
အနွေးထွေးဆုံးရင်ခွင်ထဲမှေးစက်ရင်း ခေါင်းလေးမော့ကာခေါ်မိသည်။
'မောင်'
ဘာလဲဆိုသည့်အဓိပ္ပါယ်ဖြင့် မောင်ကမေးဆတ်ပြသည်။
'ဘာလဲမခေါ်ရဘူးလား'
'ဘာတုန်း'
'မောင်လို့မခေါ်ရဘူးလားလို့' ရစ်ဖို့ကြံမည်ရှိသေးသည်။
နဖူးဆီသို့ထိကပ်လေသောမောင့်အနမ်းလေးများက အားအင်တို့ရုတ်ခြည်းမဲ့သွားစေခဲ့သည်။

ဘယ်သူ့အတွက်အသက်ရှင်မလဲ

ဆလိုင်း ထဏ်

လူရယ်လို့ ဖြစ်လာရင်…..
သင့်ကို အားကျတဲ့လူ ရှိသလို၊ အမြင်ကပ်တဲ့လူလည်းရှိမယ်။
သင့်ကိုမနာလိုတဲ့ လူရှိသလို၊ အထင်သေးတဲ့လူလည်းရှိမယ်။
ဒါ ဖြစ်လေ့ဖြစ်ထ သဘာဝပါ။
သင်ဘယ်လောက်ပဲ ကောင်းအောင်လုပ်လုပ် သင်ဘယ်လောက်ပဲ အနှစ်နာခံ ကျိုးစားကျိုးစား..
လူတိုင်းကို ကျေနပ်အောင်တော့ သင်မစွမ်းဆောင်နိုင်ပါဘူး၊

တနေ့ ယောက္ခမ ဖြစ်မဲ့မိခင်လောင်းလေးများသို့


ကျွန်မအမျိုးသား နဲ့ ချစ်သူဘဝ...သူ့အမေနဲ့မိတ်ဆက်ပေးတဲ့အချိန်ကနေ လက်ထပ်ဖို့စီစဉ်တဲ့အထိ ကျွန်မ" ယောက္ခမအကြောင်းကို ဘာမှမသိသေးပါဘူး။
ကျွန်မလက်ထပ်ပြီးကိုယ်ဝန်ရလာတော့ သူ့သမီးတစ်ယောက်လိုပဲ စားချင်တာများကို ချက်ပြုတ် ပို့ပေးတတ်ပါတယ်။ သူ့သားကြိုက်တာအပြင်'ကျွန်မအကြိုက်လေးတွေပါ မှတ်သားပြီး မှတ်မှတ်ရရလေး မအားတဲ့ကြားက ချက်ကျွေးတတ်ပါသေးတင်္ယ။

ပြည်သူ့အမိန့်

Tin Nyunt


တွေ့မယ် … တွေ့မယ် … ခုတွေ့မယ် … နောင်တွေ့မယ် … တွေ့ချင်မှလည်းတွေ့မယ် ဆိုသလို ဖြစ်နေပြီဗျ။ အရပ်ထဲက ကားသမားစကား ငှားပြောရတော့မှာပဲ။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ကျွန်မကို အာဏာမလွှဲပါနဲ့ တာဝန်သာလွှဲပါလို့ တရားဝင်တောင်းဆိုလိုက်ပြီဗျ။ ဒါဟာ အာဏာကို ဆုပ်ကိုင်ထားပြီး “ပေးဘူး” “ပြောင်းဘူး” လို့ပြောနေသူတွေအတွက် နောက်ထပ် ခေါင်းစားစရာ ကိစ္စတစ်ခုဖြစ်သွားတယ်။
ဟုတ်တာပေါ့ဗျာ … ပြည်သူ ၈၀ ရာခိုင်နှုန်းလောက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီကို တာဝန်ပေးထားပြီးပြီ လေ။ အဲဒီတာဝန် တရားဝင်ထမ်းဆောင်ခွင့်အတွက် လုပ်ပိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်၊ ဆောင်ရွက်ပိုင်ခွင့်တွေကို လွှဲအပ်ချိန် နီးလာပြီ။ ယုံကြည်စွာနဲ့ လွှဲအပ်ဖို့လိုလာပြီပေါ့။
ဒီကြားထဲမှာ အစိုးရဟောင်းနဲ့ အစိုးရသစ် အလွဲအပြောင်းအတွက် တွေ့ဆုံဆွေးနွေးကြ ရမယ့်ကိစ္စတွေကို ဘာကြောင့်များ နေ့ရွှေ့ညရွှေ့ လုပ်နေကြရသလဲဗျာ။

ရွှေ ( Gold )အထည် အကြောင်းသိကောင်းစရာ

Lwin Pyin 

ရွှေဆိုတာ မြန်မာလူမျိုးတို့ အကြိုက်နှစ်သက်ဆုံး သတ္တုတစ်မျိုးဖြစ်ပါတယ်။
ရွှေကို ကျန်းမာရေးရှုထောင့်မှကြည့်လျှင် လူသားတို့၏ ကျန်းမာရေးကို များစွာ အထောက်အကူ ဖြစ်စေသည်ဟု သုသေတန ပညာရှင်များက အောက်ပါအတိုင်း ဖွင့်ဆိုထားပါသည်။
ရွှေဆွဲကြိုးကို လည်တိုင်တွင် ၀တ်ဆင်ထားပါက "နှလုံး၊ အဆုတ်" တို့၏ လုပ်ဆောင်မှုကို ပိုမိုသန်စွမ်းစေပြီး ၄င်းတို့နှင့်ပတ်သက်သည့်ရောဂါများ မဖြစ်အောင် ကာကွယ်ပေးသည့်အပြင် "လည်ပင်း ကျီးပေါင်းတက်ခြင်း" ကိုလည်း ကာကွယ်ပေးသည်။

ဥယျာဉ်မှူး၏ ဝေဒနာ


(၁)
ဆရာကြီး ဦးမြင့်မောင်ရဲ့ ရင်ထဲကိုတိုးဝှေ့ဝင်လာတဲ့ စာလေးတစ်စောင်၊ ဒီစာကလေးမှာ ကိုးတန်း တက်နေတဲ့ သမီးကြီးရဲ့စာ။ ဒီစာကိုအကြိမ်ကြိမ်ဖတ်ပြီးပေမယ့် ဘယ်လိုမှအဖြေရှာလို့မရသေးတာ တော့အမှန်။ ဒါကြောင့်လည်း သက်ပြင်းမောတွေကို အခါခါမှုတ်ထုတ်ရင်း အဖြေရှာနေမိတယ်။
သမီးကြီးရဲ့ စာထဲမှာ -
"ဖေဖေ - သမီးတို့ နယ်ကလာကြတဲ့

ေ၇ှာင်ကျဉ်သတိပြုနိုင်ကြပါစေကြောင်း

Maung Tun Wai
 
ကျွန်နော့ နာမည်က ဗိုလ်ကြီး ဖြိုးသက်ထွန်းပါ..မိသားစုက ကနေဒါနိုင်ငံမှာ နေပါတယ်။
ဗိုလ်လောင်းသင်တန်း အပတ်စဉ်(၄၇ )သင်တန်းဆင်းတစ်ယောက်ဖြစ်ကာ တပ်ရင်း(၈၅/၉၉) နဲ့နေပြည်တော် စစ်ရုံးချုပ် တို့မှာတာဝန်ထမ်းဆောင်ခဲ့ဘူးပြီး ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့မှာ မျက်လုံးအားနည်း ချို့ယွင်းမှု့ ကြောင့် ဆေးပင်စင်ယူကာ ကနေဒါနိုင်ငံသို့ထွက်ခွာခဲ့ပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၁၁)

သစ်ထူးလွင်


Monday, November 23, 2015

'အသစ်လဲချင်'

Thanlay Ko

ကိုဖိုးသန်တစ်ယောက် သူ့ဇနီးနဲ့အတူ အဆင့်မြင့်ဟော်တယ်ကြီးတစ်ခုမှာ ညစာစားနေတယ်။
စားသောက်နေတုန်း လက်ထဲကဇွန်း ပြုတ်ကျသွားတယ်
ပြန်ကောက်ပြီး သုံးမယ်လုပ်တော့ စားပွဲထိုးကပြေးလာပြီး ပြောတယ်... ...
"ကြမ်းပြင်ပေါ်ကျသွားတာကြီး မသုံးပါနဲ့ခင်ဗျာ အသစ်လဲပေးပါမယ်"
... ဆိုပြီး ဇွန်းအသစ်တစ်ချောင်း ထုတ်ပေးတယ်။

အရမ်းကို စိတ်ထိခိုက်ရတဲ့ အဖြစ်အပျက်လေးတစ်ခုပါပဲ

နည်းစနစ်ကျကျအတွေးအခေါ်

 ကျွန်တော် စတိုင်းဆိုင်တစ်ခုမှာ ဈေးဝယ်ထွက်ဖို့ လမ်းလျှောက်နေတဲ့အချိန်တုန်းကပေါ့ ။ အသက် ၅ နှစ်လောက်ပဲရှိတဲ့ ကောင်လေးတစ်ဦးကို အရောင်းစာရေးမလေးက ပြောနေတာကို မြင်ခဲ့တယ် ။ အရောင်းစာရေးမလေးကပြောတယ် ။
“ စိတ်မကောင်းပါဘူးကလေးရယ် မင်းမှာ ဒီအရုပ်လေးကို ၀ယ်ဖို့ ငွေမလောက်ဘူးလေ ”
အဲဒီတော့ ကောင်လေးက ကျွန်တော့်ကြည့်နေတာကိုမြင်သွားပြီး ကျွန်တော့်ကို မေးတယ် ။ “ ဦးဦး ကျွန်တော့်မှာ ငွေမလုံလောက်ဘူးဆိုတာ သေချာလားဟင် ”

အတ္တကြောင့် ကြွေလွှင့်ခဲ့သော ပန်းလေးတစ်ပွင့်


" ဆရာမ သမီးမခိုးပါဘူး "
" သမီးမခိုးရင် ဒီစာအုပ်က ဘယ်လိုလုပ် သမီးလွယ်အိတ်ထဲ ရောက်နေတာလဲ "
" ဒါတော့သမီးလည်း မသိပါဘူး။ ဒါပေမယ့် ဒီစာအုပ်ကို တကယ် မခိုးခဲ့ပါဘူးရှင့် ။ ဘုရားပေးပေး ကျမ်းပေးပေးပါ ဆရာမရယ် သမီးမခိုးခဲ့ပါဘူး..ဟီး ... ဟီး ,.. ဟီး "
"ခုမှ ငိုပြမနေနဲ့တော့။ အခုက လက်ပူးလက်ကြပ်သက်သေနဲ့တကွ မိတာ။ရှင်းပြချက်ပေးချင်ရင် မနက်ဖြန် သမီးရဲ့အုပ်ထိန်းသူခေါ်ပြီး ကျောင်းအုပ်ကြီးနဲ့တွေ့ပြီးပြောပေါ့။ ခုတော့ ဆရာမ စာသင်တော့မယ် ။

တရုတ်တို့ကို အကြိမ်ကြိမ်အောင်နိုင်ခဲ့သည့် မြန်မာစစ်ဘုရင် ဆင်ဖြူရှင်မင်းတရား


(၁)
တစ်ချိန်တုန်းက..မြန်မာရာဇ၀င်မှာ..
တိတိကျကျပြောရရင် ၁၇၆၀ မှာ..
မြန်မာနိုင်ငံမှာ စစ်ရေးအအောင်မြင်ဆုံးဖြစ်တဲ့..
ဆင်ဖြူရှင်ဘုရင် ဆိုတာထင်ရှားခဲ့ပါတယ်...
အဲဒီဘုရင်လက်ထက်မှာ အလောင်းမင်းတရားလက်ထက်က
မအောင်မြင်ခဲ့တဲ့ အယုဒ္ဓယ(ထိုင်းနိုင်ငံ) ကိုအောင်မြင်ခဲ့သလို..၊

````` ရာသီချိန်မဟုတ် သရက်သီး၊ သီးစေရန် ´´´´´

Lwin Oo

မြန်မာနိုင်ငံ တွင် သရက် စိုက် ဧက ၁ ဒသမ ၅၅ သန်း ကျော်ခန့် ရှိပြီး တစ်နှစ်လျှင် သရက်သီး အလုံးပေါင်း ၁,၆၅၀ သန်းကျော် ထွက်ရှိ နေသည်။ သရက် သီးသည် ရာသီချိန်တွင် တစ်ပြိုင်တည်း ပေါ်တတ် သဖြင့် ဈေးကောင်း မရရှိဘဲ သရက်သီး များပုပ်ပြီး အလေအလွင့် ဖြစ်ခြင်း များနှင့် ကြုံရသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၁၁)

သစ်ထူးလွင်


Sunday, November 22, 2015

"ရင်နာစရာဇာတ်လမ်း တစ်ပုဒ်"

Thanlay Ko

ညနေက ကောင်လေးတစ်ယောက် ကျနော့်ကို လာပြီး ရင်ဖွင့်တယ်။
ရင်ထဲ မကောင်းဘူးဗျာ။
ဒီ စင်္ကာပူမှာ အလုပ်လုပ်ရင်း အနာဂတ်အတွက် ကြိုးစားနေကြတဲ့ ချစ်သူစုံတွဲလေးကြားထဲက မကြားဝံ့မနာသာ ဇာတ်လမ်းလေး တစ်ပုဒ်ကို အားလုံးဆင်ခြင်နိုင်ကြစေချင်လို့ အမည်နာမတွေ လွှဲပြီး ပြန်လည် ဖောက်သည်ချလိုက်တာပါ။
အားလုံး ဒီလိုအဖြစ်မျိုးက ကင်းလွတ်ကြပါစေလို့ ... ....

ကျွန်ုပ်ရွှေပင်ဆြာဒင်၏ ကျေးဇူးတင်ထိုက်သူများသို့ အမူမော်ကွန်း (မင်းဒင်)

မင်း ဒင်

(တစ်)
“ကိုယ့်ဆြာမို့မြှောက်ပင့်ပြောတာမဟုတ်ဘူးဆြာ။ဆြာ့စာတွေဟာ
လွှတ်ကောင်းတာဆြာရဲ့။ဖတ်လိုက်တာနဲ့ဇက်ပိုးကိုသုံးချက်လောက်ဖြတ်ရိုက်
လိုက်သလို၊စီးစီးပိုင်ပိုင်ရှိလှတာကလား”

“ဟုတ်တယ်ဆြာရဲ့။ကပ္ပလီပြောတာအမှန်ပဲ။ဆြာရေးတဲ့အနုအလှလေးတွေဆို
ကျွန်တော်တို့လိုလူငယ်လေးတွေအဖို့ရင်သိမ့်တုန်ဖြစ်ရလွန်းပါတယ်ဆြာ။

အိမ်ထောင်ပြုတော့မည့် သမီးဖြစ်သူကို အမေက ပြောဆိုဆုံးမ နေသည် ...

Aye Chan Mon

သမီး
သူ့ကို ချစ်လို့ ယူတာပဲဖြစ်ဖြစ်
မိဘချင်း သဘောတူပေးစားလို့ ယူတာပဲဖြစ်ဖြစ်
သူဟာ ကိုယ့်ရဲ့ အိမ်ထောင်ဦးစီးတယောက်ပါ
တနည်းပြောရရင် ကိုယ့်ရဲ့ ယုံကြည်အားကိုးရာ အိမ်ဦးနတ်ပေါ့။

နီတိ ၊ ဥပဒေကရဏ နှင့် ဝိမုတ္တိဖြစ်စဉ် ကထာ (၃)

Nyo Tun


ဦးလှဆွေ နဲ့ NLD က ကိုသန်းစိုး (ဘောဂဗေဒ) ရဲ့ DvB debate အစီအစဉ် အတိုကလေး ကြည့်လိုက်ရတယ်ဗျ။ ဦးလှဆွေကြီးက သူ့ထုံးစံအတိုင်း ကိုသန်းစိုးကို ခင်ခင်မင်မင် ရင်းရင်းနှီးနှီး အမူအရာနဲ့ ပခုံးပုတ်ဘာညာပေါ့နော် လုပ်ပြီး ပြောချလိုက်တာက ‘ခင်ဗျား USDP က ဝင်ပြိုင်ရင် ခင်ဗျားရူံးမှာ’ ။ သည်နေရာမှာ ဦးလှဆွေ အပါအဝင် တော်တော်များများ မစဉ်းစားမိကြတာက USDP(ပြည်ခိုင်ဖြိုး) အလဲအကွဲ ရူံးနိမ့်ရခြင်းဟာ ဘာက အဓိကအချက်လဲ ဆိုတဲ့ အချက် ဖြစ်ပါတယ်။
ကျနော်တို့ တော်တော်များများ ရိုးရိုးတန်းတန်းပဲ အောက်မေ့ထားတဲ့ ပထမဆုံး တချက်က ဒေါ်စု ရဲ့ ပြည်သူအပေါ် စည်းရုံးနိုင်မှု ခွန်အားကြောင့်လို့ ထင်စရာရှိမယ်။ ဒါပေမယ့်၊ ဆိုပါစို့ဗျာ၊ ကျနော်တို့ NLD မှာ ဒေါ်စုကို ဖယ်ထားပြီး အဘဦးတင်ဦးလောက်နဲ့ ပဲ ဝင်ပြိုင်မယ်၊ ဒါဆိုလည်း USDP ဟာ အခုလောက် ပုံပျက်ပန်းပျက် မရူံးသည့်တိုင်အောင် ကြိုးဝိုင်းထဲမှာ ဖူးဖူးယောင်အောင် ပတ်ချာလည် အထိုးခံရလို့ အမှတ်စဉ် ရေနေရအုံး မှာပဲ။ ပြည်သူလူထုဟာ ရွေးကောက်ပွဲ တခုမှာ မဲပေးဖို့ကို ဆုံးဖြတ်တဲ့အချက်ဟာ အဓိကဟာ ဘာလဲဆိုရင် ရိုးသားမှုတန်ဖိုးကို ကြည့်ပြီး မဲပေးခြင်း ဖြစ်ပါတယ်။

ဦးသန့် သို့မဟုတ် မီးလျံထဲက ပန်းတပွင့်

နည်းစနစ်ကျကျအတွေးအခေါ်
·
ဦးသန့်က နိုင်ငံ့ အကျိုး တွေလည်း အတတ် နိုင်ဆုံး ထမ်းဆောင်ခဲ့တယ်။ နောက် ကုလ သမဂ္ဂလို ကမ္ဘာ့ အဖွဲ့ အစည်း ကြီးမှာ အမြင့်ဆုံး နေရာကနေ တာဝန် တွေကို ထမ်းဆောင် ခဲ့တဲ့သူ ဖြစ်လေတော့ သမိုင်းမှာ အလွန် ဂုဏ်ယူစရာ ကောင်းတယ်ပေါ့ဗျာ။ ဒါက လူပုဂ္ဂိုလ်အရ ပြောရတာပါ။ ဗမာနိုင်ငံသား တယောက်အနေနဲ့ အလွန် ဂုဏ်ယူစရာ ကောင်းတဲ့ ပုဂ္ဂိုလ်လို့ ပြောချင်ပါတယ်။ တခုရှိတာက ဦးသန့်ဟာ ကုလသမဂ္ဂလို နေရာမှာ ရာထူးရသွားလို့ ဂုဏ်ယူခြင်းဆိုတာထက် ဒီပုဂ္ဂိုလ်ရဲ့စွမ်းဆောင်ချက်၊ သူ့ရဲ့ ဆောင်ရွက်ချက်တွေက ထူးထူးခြားခြား ကောင်းမွန် ခဲ့တာ တွေ့ရတယ်ဗျ။

လူအကျင့်နဲ့ ခွေးအကြံ

Tin Nyunt


ဗုဒ္ဓခေတ်က ပုဏ္ဏနဲ့ သေနိယဆိုတဲ့ လူနှစ်ယောက်ရှိတယ်။ အဲဒီခေတ်က လူတွေဟာ ကိုယ့်အကျင့်နဲ့ကိုယ် ကောင်းသလိုလုပ်ပြီး ဟုတ်လှပြီထင်နေကြတာ။
ပုဏ္ဏဆိုတဲ့လူက ခွေးလိုကျင့်၊ ခွေးလိုနေ၊ ခွေးလိုစားတယ်။
သေနိယဆိုတဲ့လူက နွားလိုကျင့်၊ နွားလိုနေ၊ နွားလိုစားတယ်။
ပုဏ္ဏက မြေကြီးပေါ်ပစ်ကျွေးတဲ့အစာပဲစားတယ်။ သေနိယက မြက်စားပြီးနေတယ်။
ခွေးကျင့်ခွေးကြံ ကြံတဲ့သူနဲ့ နွားကျင့်နွားကြံ ကြံတဲ့နှစ်ယောက်ဟာ ဗုဒ္ဓထံရောက်လာပြီး သူတို့လို အကျင့်မြတ် တွေနဲ့ နေတဲ့သူတွေ သေရင် ဘယ်ရောက်မလဲလို့ လာမေးတယ်။
ဗုဒ္ဓကမဖြေပါဘူး။ ဒါပေမဲ့ ခွေးကျင့်နဲ့ နွားကြံက မရမက သုံးကြိမ်တိတိမေးမှ ဗုဒ္ဓကလည်း အားနာနာနဲ့
“မှားတဲ့ အယူရှိသူတွေရဲ့ လားရာအရပ်ဟာ နှစ်နေရာပဲရှိတယ်။ အဲဒီနှစ်နေရာကတော့ ငရဲရောက်ရင်ရောက် မရောက်ရင် တိရစ္ဆာန်ဘဝပြန်ရောက်မှာပဲ” လို့ ပြောလိုက်တယ်။

နှလုံးသွေးကြောကျဉ်းရောဂါအတွက် ဆေးနည်း

U Than Win


နှလုံးသွေးကြောကျဉ်းရောဂါအတွက် ဆေးနည်း အင်္ဂလန်မှ ပါကစ္စတန်သို့ အစည်းအဝေးအတွက် ရောက်ရှိနေသော လူတစ်ဦးသည် ရုတ်တရက် နှလုံးရောဂါကြောင့် ဆေးရုံတက်ခဲ့ရသည်။ နှလုံးခွဲစိပ် ဆရာဝန်ကြီးက ထိုလူနာကိုစမ်းသပ်ပြီး နှလုံးသွေးကြောကျဉ်းသည့် ရောဂါကြောင့် အသက်အန္တရာယ်ရှိသည့်အတွက် ခွဲစိပ်ရမည်ဖြစ်ကြောင်း၊ မခွဲစိပ်မီ ပြင်ဆင်သင့်တာတွေ ပြင်ဆင်ထားဖို့ မှာလိုက်ပါသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၁၁)

သစ်ထူးလွင်


Saturday, November 21, 2015

အေးမေ ကို ပေး…ပေးပါ ။

လျှပ် စီး


ဘယ်လိုမှ မဖြစ်နိုင်ဘူး အေးမေ ၊ ဒီအခြေအနေ ရောက်မှတော့ တို့ ဒီတိုင်း နေ လို့ ရတော့မလား။
ရောင်းကို ရောင်းရမယ်..ဟူသော ကိုလှဖေ၏ အသံမှာ၊ တုန်ရီလှိုက်မောလျှက် ရှိနေချေပြီ။အေးမေ၏ နာကျင်ရှုံ့ တွ နေသော မျက်နှာမှာ ဝမ်းနည်းခြင်း အရိပ်အယောင်တို့ ကား စွန်းထင်းလျှက်။
အေးမေနဲ့ လှဖေတို့  လွန်ခဲ့သည့် နှစ်နှစ်အလွန်လောက်တုန်းကမှ သည်ရပ်ကွက် ဓမ္မာရုံလေးမှာ မင်္ဂလာဆွမ်းကျွေးပြီး လက်ထပ်ခဲ့ကြသော လင်မယား။သူတို့ မှာ လက်ထပ်စာချုပ်တွေဘာတွေ နဲ့ လက်မှတ် မထိုးထားခဲ့ပေမယ့် အခုထိ အရပ်က အသိအမှတ် ပြုထားတဲ့ လက်လုပ်လက်စား လင်မယား။

“ပုဆိန်သွေးချိန်ထားရှိပါ”


ယခုအခါမှာ တိုးတက်လာတဲ့ ခေတ်နဲ့အညီ ယှဉ်ပြိုင်မှုတွေလည်း ပိုလို့လာပါတယ်။ ကျွန်တော်တို့တွေဟာ တစ်နေ့ထက်တစ်နေ့ ကိုယ့်ကိုယ်ကို တိုးတက်အောင်၊ အခြားသူတွေနဲ့ အမီယှဉ်နိုင်အောင် ကြိုးစားရင်း အမြဲတစေ အားလပ်ချိန် မရှိလောက်အောင်ပဲ ဖြစ်နေကြရတယ်။ မိသားစုအတွက်၊ ကိုယ့်ဘ၀အတွက်၊ ကိုယ့်ပတ်ဝန်းကျင် အတွက် အချိန်မပေးနိုင်လောက်အောင် အလုပ်ပြီးအလုပ်နဲ့ သံသရာလည်နေကြတယ်။ လူတစ်ယောက်ရဲ့ လုပ်နိုင် စွမ်းဟာ အတိုင်းအတာ တစ်ခုအထိတော့ စွမ်းဆောင်နိုင်ပါတယ်။ သိပ်ကို ကျော်လွန်လာပြီဆိုရင်တော့ စွမ်းဆောင် ရည်ကို ထိခိုက်လာမှာပါပဲ။

#‎စာရေးနည်း‬

နီကိုရဲ - မကြည်ပြာနှင့် ချစ်ခြင်း၏ နဂ္ဂတစ်များ စ - ဆုံး ပေါင်းချုပ်

ဝတ္ထုတို တစ်ပုဒ်ကို ဘယ်လို စဖွင့်မလဲ ။
ထိုမေးခွန်းသည် ကျွန်တော့်အချစ် နှလုံးသားနှင့် ဘဝကျဉ်းကျဉ်းကလေးကို လွင့်စဉ်ကြေမွ ပျက်စီးသွားအောင် ရိုက်ခတ်နေသည် ။ တစ္ဆေတစ်ကောင်၏ မုန်တိုင်းသာလျှင် ဖြစ်သည် ။ ထိုမေးခွန်းအတွက် ကျွန်တော်သည် လစဉ်ထုတ် မဂ္ဂဇင်းများထဲမှ နာမည်ကြီး စာရေးဆရာများ၏ ဝတ္ထုတိုပေါင်း များစွာတို့ကို လေ့လာဖတ်ရှုခဲ့ရသည် ။ ဝတ္ထုတိုရေးနည် စာအုပ်များ အကြိုက်ဆုံး ဝတ္ထုတို သုံးသပ်ချက် ၊ ကျော်အောင်၏ ဝတ္ထုတိုရေးနည်း ၊ မလိခ၏ မြန်မာဝတ္ထုတိုအညျွန်း ( ၁ ) ၊ ( ၂ ) ၊ ဂန္ထဝင် ( ၁၀ ) ၊ ဒဂုန်တာရာ ၊ ကြည်အေး ၊ သစ္စာနီ ၊ ဖေမြင့် ၊ ဝင်းဖေ ၊ မောင်သစ်ဆင်း ၊ ပိုင်စိုးဝေ ၊ မိုးငြိမ်းဧ ၊ ဂျူး ၊ နေမျိုး ၊ ဆမ္မားဆက်မွန် ၊ ချက်ကော့ ( ဖ် ) ၊ ကက် ( ဖ် ) ကာ ၊ မိုရေဗီးယား အားလုံးစုံအောင် လေ့လာပြီးသောအခါ ကျွန်တော့်ဦးခေါင်းသည် ခါချဉ်အုံလို တရွရွ ဖြစ်လာ၏ ။ ခြတောင်ပို့လို ထူပွလေးလံလာ၏ ။

အလိုက်သိတတ်သောမိန်းမ နှင့် အတ္တကြီးမိသောကျွန်တော်

နည်းစနစ်ကျကျအတွေးအခေါ်

တစ်ချို့ကပြောတယ် မိန်းမကိုပေးလိုက်ပြီးတဲ့ငွေဟာ ပြန်တောင်းဖို့အရမ်းခတ်တယ်တဲ့။
အကုန်မပေးဘဲ ကိုယ့်အတွက်ချန်ပြီးဖွက်ထားရတယ်ပြောလို့
ဟိုအရင်က သူမသိဘဲ တစ်ကိုယ်ထဲ သုံးခဲ့ဖူးတာတွေက သိပ်ကိုမှားသွားခဲ့တယ်

ကျွန်တော် နေမကောင်းဖြစ်ချိန် နေ့ရက်များစွာဝင်ငွေမရှိလို့
ဆေးခန်းပြဖို့ဝေလာဝေး ဆန်ဝယ်ဖို့တောင်ငွေမရှိတဲ့အခါ
ကျွန်တော်မသိတဲ့ သူ့စုဗူးလေးကိုဖောက်တယ်။ မိန်းမမှာစုထားတာရှိတယ်ပြောပြီး
ကျွန်တော့်နဖူးကိုအသာစမ်းလို့ ဆေးခန်းသွားမယ်ဆန်ဝယ်မယ် ဘာမှစိတ်မပူနဲ့တဲ့။

မောင့်မှာ ရဟန်းဖြစ်သောကြောင့် ( အပိုင်း ၁ )


နာရီကိုလှမ်းကြည့်တော့ ည(၁၂)နာရီ ထိုးနေလေပြီ။ ဦးသုမနအဖို့ ယနေ့ညအိပ်လို့ရတော့ဟန်မတူ။ မဖြူဟူသော နာမည်လေးကို အထပ်ထပ်ရွတ်နေမိသည်။ ဒီလောက်လှတဲ့ မိန်းကလေးမျိုး လောကမှာ ရှိသေးပါလားဟူသော အတွေးနှင့်အတူ မျက်ခုံးမျက်လုံး လှလှ၊ နှာတံပေါ်ပေါ်၊ ပွင်ကာစ နှင်းဆီပွင့်လေးကဲ့သို့ စုစုဖူးဖူး နီရဲနေသည့် နှုတ်ခမ်းအလှပိုင်ရှင် မဖြူ၏ မျက်နှာလေးက ထင်ထင်ရှားရှားကြီး ပေါ်လာသည်။

အောင်မြင်စွာ ဆုတ်ခွာကြည့်ပါ

Tin Nyunt


လူတစ်ယောက်ရဲ့ ကြီးမြတ်တဲ့စိတ်ထားဆိုတာ ကြီးမြတ်ကြောင်း ပြတဲ့အနေနဲ့ အမြင့်ဆုံးမှာ ထိုင်ပြနေဖို့ မလိုဘူးဗျ။
မနေ့က ဦးသန်းရွှေရဲ့မြေးဖြစ်တဲ့ ဖိုးလပြည့်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်း လို့ ဒေါ်အောင်ဆန်း စုကြည်က လက်ခံတွေ့ဆုံပေးတဲ့ ဆိုတဲ့သတင်းကို ဖတ်လိုက်ရတယ်။
ဒေါ်အောင်ဆန်းစုကြည် စိတ်ထဲမှာ အမုန်းတရားတွေ၊ အာဃာတတွေ ဘာမှ မရှိဘူးဆိုတာကို ပွင့်လင်းစွာ ထုတ်ဖော်ပြလိုက်တဲ့အပြင် ခေါင်းဆောင်တစ်ယောက်ဆိုတာ အားလုံးကို ညီတူ ပြည်သူလို သဘောထားပါ တယ်ဆိုတာကို ပွင့်လင်းစွာ ထုတ်ဖော်ကြေညာလိုက်သလိုပါပဲ။
ခင်ဗျားတို့ အဘတွေလက်ထက်က သာမန်လူတစ်ယောက် တွေ့ချင်ပါတယ်ပြောရင် လက်ခံသလား။ ခုတောင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတနဲ့တွေ့ပါရစေ၊ ကာချုပ်နဲ့တွေ့ပါရစေလို့ ပြောထားတာကို ကြားထဲကနေ အနားပြာတွေက ဟိုလိုပူးပေါင်းမှ၊ သည်လိုလက်တွဲမှတွေပြောပြီး နေ့ရွှေ့ ညရွှေ့ လုပ်နေတာပါ။

အလောင်းတော်ကဿပသမိုင်း

Yoyolay ပို့စ်ပေါင်းချုပ်

ဂါမရွာမှ ပိပ္ပလိလုလင်ပျို အသက်နှစ်ဆယ်ပြည့်အရွယ်တွင် မယ်ဘဒ္ဒါရဲ့မိဘများနှင့် နှစ်ဘက်မိဘတိုင်ပင်၍ ထိမ်းမြား ပေးရန် စီစဉ်သည်။ ပိပ္ပလိသည် မယ်ဘဒ္ဒါအား ‘မိဘများကွယ်လွန်သွားလျှင် လူ့ဘောင်ကို စွန့်၍ သင်္ကန်းစီးပြီးတောထွက်မည်ဟု စိတ်ပိုင်းဖြတ်ထားပါသည်။ ဤဘ၀တွင် အရှည်မနေရ၍ သင်ချစ်နှမမှာ လင်ပြစ်မလေး ဖြစ်မည့်အရေးကို တွေးသနားပြီး တခြား သူနှင့် အရွယ်တူ စိတ်တူ ကြံစည်ပါလော့’ ဟု ချော့၍ လွှတ်လိုက်ရသည်။

''မဒမ်အောင်ဆန်းစုကြည်ဆီသွားရင် ကျွန်တော် ဘာဝတ်ရမလဲ''

Mya Kyay Mon 

မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ရောက်လာတဲ့ ၁၁ နှစ်သား ဗီယက်နမ် ကလေးငယ်တစ်ယောက်ဟာ အကြီးအကျယ် စိတ်လှုပ်ရှားနေပါတယ်။
သူဟာ သူ့မေမေနဲ့အတူ တက္ကသိုလ်ရိပ်သာလမ်းက အိမ်တစ်အိမ်ကို ဒီနေ့ လိုက်သွားရမယ်။ သူ ဖတ်ထားတဲ့ အထုပ္ပတ္တိစာအုပ်ထဲက အမျိုးသမီးကြီး နေတဲ့အိမ်။ သူမမွေးခင်ကတည်းက၊ ဗီယက်နမ်ကို သူ့မေမေ ရောက်လာပြီး မိဘမဲ့ဂေဟာက သုံးနှစ်သားကလေး သူ့ကို မွေးစားပြီး အမေရိက ခေါ်မသွားခင် ကတည်းက ဒီအမျိုးသမီးကြီး အဲဒီအိမ်မှာ အကျယ်ချုပ်ခံလာခဲ့ရတာ နှစ်တွေ အကြာကြီးဆိုပဲ။

မြန်မာ့တပ်မတော်မှာ ထမင်းထုပ်မသိုးတော့ပါ

Thant ZinFollow

မြန်မာ့တပ်မတော်မှာ စစ်ဗိုလ်ချုပ်ပေါင်းများစွာရှိတဲ့အနက် သတင်းစင်တဲ့ ဗိုလ်ချုပ်တွေက အနည်းစုဖြစ်ပါတယ်။ အဲဒီသတင်းစင် တဲ့ ဗိုလ်ချုပ်တွေထဲမှာ ထင်ရှားတာကတော့ ဗိုလ်ချုပ်ကတ်စိန်၊ ဗိုလ်ချုပ်မောင်လှ၊ ဗိုလ်ချုပ်လွန်းမောင် တို့ပါပဲ။
ကျန်တာတော့ အားလုံးသိကြတဲ့အတိုင်း ငါမလုပ်၊ ငါ့သားသမီးလုပ်၊ ငါနဲ့မဆိုင်၊ ငါမပိုင် ဆိုပြီး ရူးချင်ယောင်ဆောင်နေကြတဲ့သူ တွေပဲများပါတယ်။

နေ့ရက်တွေကို ဘာ့ကြောင့်ဒီလိုခေါ်သလဲ..

အာကာသ နှင့် စကြ၀ဠာ 

ငယ်ငယ်တုန်းက ကျနော် လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လို့ ခေါ်ရတာလဲ.." စသည်ဖြင့်ပါ။ အကြောင်းအရင်းတော့ ရှိရမှာပေါ့..။
နောက်ပိုင်း ကျောင်းဆရာဘဝနဲ့ မြန်မာစာပေ၊ မြန်မာ့သမိုင်းကို လေ့လာကြည့်တဲ့အခါမှာ မြန်မာဘာသာ
စကားပညာရှင် ဆရာကြီး ဦးဖိုးလတ် ရဲ့ "မြန်မာအစ" ဆိုတဲ့ စာပေတွေမှာ နေ့ရက်တွေရဲ့ အမည်တွေ ကို ရေးသား ထားတာတွေ့လို့ အနာဂတ် မြန်မာလူငယ်လေးများအတွက် ပြန်လည်မျှဝေပေး လိုက်ပါတယ်..။

ကျန်းမာရေးကိုအထောက်အကူပြုသော သင်္ဘောသီးစေ့များ


လူတိုင်း သဘောင်္သီးမှည့်စားမယ်ဆိုရင် အရင်ဦးဆုံး အစေ့တွေကို ဖယ်ပြီးမှ စားလေ့ရှိပါတယ်။ အမှန်တကယ်တော့ သဘောင်္သီးစေ့တွေဟာ ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ အထူးသဖြင့် ကင်ဆာရောဂါဆဲလ်ပြန့်ပွားမှုကို ကာကွယ်တားဆီးပေးနိုင်ပါတယ်။ သဘောင်္သီးစေ့ကို ဒီအတိုင်းဝါးစားနိုင် ပါတယ်။ အရသာက ခါးသက်သက်ရှိတာကြောင့် အချို့လူတွေကတော့ နွားနို့ သို့မဟုတ် ပျားရည်တို့နှင့် တွဲဖက်စားသုံးကြပါတယ်။

“အရောင်တင် အိပ်မက်နှင့် အနာဂတ် နိုင်ငံတော်”


အတိတ်က စနစ်ဆိုးကြောင့် လူငယ်အများစုဟာ အိပ်မက်တွေ ရေရေရာရာ မရှိခဲ့ကြသလို အိပ်မက်တွေကို အကောင်အထည် ဖော်ခွင့်မရဘဲ အရောင်လွင့်ပျယ်ခဲ့ရတာ မငြင်းနိုင်ပါဘူး။ ဒါပေမဲ့လည်း ဒီကနေ့ အပြောင်းအလဲကာလမှာတော့ လူငယ်တွေအနေနဲ့ ကိုယ့်အိပ်မက်တွေကို ကိုယ်တိုင်အရောင်တင်ဖို့နဲ့ ဘယ်လို အခြေအနေကြောင့်ပဲဖြစ်ဖြစ် အပျက်စီးမခံဘဲ အကောင်အထည်ဖော်ဖို့ လိုပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၁-၁၁)

သစ်ထူးလွင်


စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...