Sunday, November 15, 2015

သစ်ထူးလွင် သတင်းစုစည်းမှု (၁၅-၁၁)

သစ်ထူးလွင်


Posted: 15 Nov 2015 06:52 AM PST
အမေရိကန် သမ္မတ အိုဘားမားနဲ့ တူရကီ သမ္မတ Recep Tayyip Erdogan တို့ G-20 ထိပ်သီးဆွေးနွေးပွဲ အစ ဒီကနေ့မှာ တွေ့ဆုံ။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်ကို သောကြာနေ့က တိုက်ခိုက်ခဲ့သူတွေကို ကူညီ ဖော်ထုတ်ချေမှုန်းဖို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက ကတိပြုပြောဆိုလိုက်ပြီး အာရေဗစ် ဘာသာစကားနဲ့ Daesh လို့ ခေါ်ကြတဲ့ အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့ကို ချေမှုန်းရေးကို ပိုပြီး တိုးမြှင့်ဖို့ စီစဉ်နေတယ်လို့လည်း ပြောဆို
Posted: 15 Nov 2015 06:45 AM PST
ရွေးကောက်ပွဲရလဒ် ကြေညာသည်ကို NLD ရုံးချုပ်ရှေ့တွင် စုဝေးပြီး စောင့်ဆိုင်းနားထောင်နေသူများ။  မဲဆန္ဒရှင်ပြည်သူတွေရဲ့ တခဲနက် ရွေးချယ်မှုနဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆန္ဒမဲရလဒ် အများဆုံးနဲ့ အစိုးရဖွဲ့စည်းနိုင်တဲ့အထိ အနိုင်ရသွားပြီဖြစ်ပေမယ့် နောင်တက်လာမယ့် အစိုးရသစ်နဲ့ အုပ်ချုပ်ရေးအပြောင်းအလဲအပေါ် ပြည်သူလူထုဘက်က မျှော်လင့်ချက်အတိုင်းဖြစ်လာပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်းရှိနေပါတယ်။ လူထုကြား
Posted: 15 Nov 2015 06:34 AM PST
 ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီထုတ်ပြန်ချက်အရ NLD ပါတီက ပြည်သူ့ လွှတ်တော်မှာ ၇၉ % အမျိုးသားလွှတ်တော်မှာ ၈၀ % တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော် တွေမှာ ၇၅ % အနိုင်ရ ရှိခဲ့ပါတယ်။ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ပြည်သူ့ လွှတ်တော်မှာ ၂နေရာ အမျိုးသား လွှတ်တော်မှာ ၁ နေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်မှာ ၄ နေရာသာ ကြေညာရန်ရှိပါတော့တယ်။ BBC Burmese https://
Posted: 15 Nov 2015 06:25 AM PST
News Update 15-11-2015 ဆီးရီးယားနိုင်ငံတွင်းက အကြမ်းဖက် သူပုန်အုပ်စုများအား စတိုက်ခိုက်ရန် ပြင်သစ်နိင်ငံက တိုက်လေယာဉ်တင်သင်္ဘော The Charles de Gaulle i တစ်စီး ကို နိုဝင်ဘာလ ၁၈ရက်နေတွင် စေလွတ်မည်ဖြစ်ကြောင်း ကြေငြာ လိုက်ပါ သည်။ ဥရောပတခွင် အကြီးဆုံးလေယာဉ်တင် သင်္ဘောပေါ်တွင် နု ကလီးယား ထိပ်ဖူး တပ်ဒုံးကျည်များအပြင် တိုက်ခိုက်ရေး ရဟတ်ယာဉ် အစီး ၄၀နဲ့  အတူတိုက် လေယာဉ် ၁၂စီး နှင့် မဟာမိတ် နေတိုးတပ်များ၏
Posted: 15 Nov 2015 05:57 AM PST
 အိန္ဒိယ ကွန်ဂရက်ပါတီ ဥက္ကဌ ဆိုနီယာဂန္ဒီသည် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီက သမိုင်းဝင် လွှတ်တော် ရွေးကောက်ပွဲများတွင် နိုင်ငံနှင့် အ၀ှမ်း အောင်ပွဲ ခံလိုက်ခြင်း အတွက် ၀မ်းမြောက် ဂုဏ်ယူကြောင်း ယနေ့ ထုတ်ဖော်ပြောဆို လိုက်ပါသည်။ ဒီမိုကရေစီအရေးအတွက် သူမ၏ ကာလရှည်ကြာရုန်းကန်ခဲ့မှုနှင့် ခိုင်မြဲသည့် ဆုံးဖြတ်ချက်ပြတ်သားမှုကို ဂန္ဒီက သတိရနေခဲ့ပြီး ကွန်ဂရက်ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား နက်ရှိုင်းသည့်
Posted: 15 Nov 2015 05:57 AM PST
( ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင် ကို နိုဝင်ဘာ ၁၅ ရက်နေ့က တွေ့ရစဉ် ) ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၂) မှာ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်ရဲ့ ယာဉ်တန်းဟာ မနေ့ ညနေ သုံးနာရီအချိန်က တာမိုးညှဲကနေ ကွတ်ခိုင်ကိုလာတဲ့လမ်းမှာ ပစ်ခတ်တိုက်ခိုက်ခံရပါတ
Posted: 15 Nov 2015 05:53 AM PST
 အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ပါတီကို လွှတ်တော်လုပ်ထုံးလုပ်နည်းများနဲ့အညီ အစိုးရက စနစ်တကျ အာဏာလွှဲပြောင်းပေးသွားမှာ ဖြစ်တဲ့အတွက် စိုးရိမ်ပူပန်မူမရှိကြဖို့ နိုင်ငံတော် သမ္မတဦးသိန်းစိန်က ကတိပေး ပြောကြားလိုက်ပါတယ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နဲ့ နိုင်ငံရေးပါတီ ၈၆ ပါတီ က ခေါင်းဆောင်တွေ ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးခန်းမမှာ ဒီနေ့ တွေ့ဆုံခဲ့ကြစဉ် ပြောပါတယ်။ ဒါ့အပြင် သမ္မတ ဦးသိန်းစိန်က
Posted: 15 Nov 2015 05:07 AM PST
မကွေး နိုဝင်ဘာ ၁၅ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ အောင်မေတ္တာ(က)ရပ်ကွက်၊ ၁၆ လမ်းရှိ ''ဧရာဝတီ'' စားသောက်ဆိုင်တွင် နိုဝင်ဘာ ၁၄ ရက်နေ့ ည (၉) နာရီအချိန်တွင် မီးလောင် မှုဖြစ်ပွားကြောင်းသတင်းအရ မကွေးခရိုင်အုပ်ချုပ်ရေးမှူး၊ မကွေးခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ မြို့နယ် မီးသတ်ဦးစီးမှူးနှင့် မကွေးနယ်မြေရဲစခန်းမှူး ရဲအုပ် သိန်းလွင်တို့ အဖွဲ့မှ
Posted: 15 Nov 2015 05:06 AM PST
သမ္မတဦးသိန်းစိန် နဲ့ နိုင်ငံရေးပါတီများတွေ့ဆုံ (Photo by President website)  အသွင်ကူးပြောင်းရေးကို ချောမွေ့အောင် ဆောင်ရွက်သွားမယ်လို့ သမ္မတဦးသိန်းစိန်က ပြောလိုက်ပါတယ်။ အစိုးရအဖွဲ့သစ်ကို စနစ်တကျ တာဝန်လွှဲပြောင်းပေးမယ်လို့လည်း ကတိပြုသွားပါတယ်။ ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးမှာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံချိန်အတွင်း သမ္မတဦးသိန်းစိန်က အဲဒီလိုပြောသွားတာပါ။ တွေ့ဆုံပွဲမှာ ကိုယ်တိုင် သတင်းသွား
Posted: 15 Nov 2015 05:06 AM PST
 ရွေးကောက်ပွဲမှ အနိုင်ရရှိသည့်ပါတီအား သတ်မှတ်ချိန်အတွင်း လုပ်ထုံးလုပ်နည်းများနှင့် အညီ စနစ်တကျ အာဏာ လွှဲပြောင်း ပေးမည်ဖြစ်၍ ယင်းကိစ္စနှင့် ပတ်သက်၍ စိုးရိမ်ပူပန်စရာမလိုကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံး၌ နိုဝင်ဘာ ၁၅ ရက်နေ့က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကတိပြုပြောကြားခဲ့သည်။ “ ကျွန်တော်တို့ အစိုးရအဖွဲ့ အနေနဲ့ ကျန်ရှိနေသေးတဲ့ သက်တမ်းကာလအတွင်းမှာ တည်ဆဲဥ
Posted: 15 Nov 2015 05:05 AM PST
 အစာငတ်ခံ တဲ့ ဗကသ ကျောင်းသားတချို့  အစာ ငတ်ခံ ဆန္ဒပြ နေတဲ့ ဗကသ ကျောင်းသား တွေရဲ့ ကျန်းမာရေး အတွက် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် က ဗဟို ကော်မတီ ဝင် ဦးဝင်းထိန် ကို ရန်ကုန် ဆေးရုံကြီးကို စနေ နေ့ညက စေလွှတ် ခဲ့ပါတယ်။ ဒေါ်အောင်ဆန်း စုကြည် က ဒီလို အကူးအပြောင်း ကာလ မှာ မီးစတစ ဖြစ်မှာ စိုးရိမ်တဲ့ အတွက် အစာငတ်ခံ တိုက်ပွဲဝင်မှု ကို ရပ်တန့်ဖို့ မေတ္တာ ရပ်ခံကြောင်း ဦးဝင်းထိန် နဲ့ တွေ့ဆုံခဲ့တဲ့ ရန်ကုန် ဆေးရုံေ
Posted: 15 Nov 2015 05:05 AM PST
 မြန်မာနိုင်ငံရွေးကောက်ပွဲမှာ ပြောစမှတ်တင်လောက်အောင် အောင်ပွဲခံ ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို နိုဘယ်ငြိမ်းချမ်းရေးဆုရှင် တိဗက်ဘုန်းတော်ကြီး ဒလိုင်လားမားက ဂုဏ်ပြု ချီးကျူးလိုက်ပါသည်။ သူ၏ အမှာစကားမှာ ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာလူထု ၏ မျှော်လင့်ချက် စိတ်ကူးများကို ဖြည့်ဆည်းနိုင်လိမ့်မည် ဟု ဒလိုင်းလားမားက ဆိုပါသည်။ " လူတွေရဲ့ သူ့ အပေါ်ယုံကြည် သက်ရောက်မှုကြော
Posted: 15 Nov 2015 05:05 AM PST
 မြန်မာနိုင်ငံတွင် စစ်တပ်၏ အာဏာရပါတီ ကျဆုံးခြင်းက ဇင်ဘာဘွေနိုင်ငံတွင်လည်း တစ်နေ့နေ့တွင် သမ္မတ မူဂါဘီနှင့် သူ၏ ပါတီလက်အောက်မှ လွတ်မြောက်မည်ဟု ပြဆိုနေခြင်းဖြစ်သည်ဟု Welshman Ncube ဦးဆောင်သည့် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေး ဇင်ဘာဘွေအတိုက်အခံလှုပ်ရှားမှုအဖွဲ့ (Zimbabwe’s opposition Movement for Democratic Change - MDC) က ပြောကြားလိုက်ပါသည်။ Welshman Ncube က မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း
Posted: 14 Nov 2015 09:52 PM PST
(၂၀၁၃ခုနှစ်က ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ သူရဦးရွှေမန်းတို့ကို တွေ့ရစဉ်)  ပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်း နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည် တို့ဟာ ဒီကနေ့ မနက်က နေပြည်တော်မှာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ နေပြည်တော် လွှတ်တော်မှာရှိတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌရုံးခန်းမှာ ၂ နာရီလောက်ကြာ နှစ်ဖက်ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်း
Posted: 14 Nov 2015 09:52 PM PST
 ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ် ဟိုက်ပါကျေးရွာ ဒုက္ခသည်စခန်းမှာ ခိုလှုံနေသူတွေကို တွေ့ရစဉ်။ Photo: Kan Thar/RFA  ရှမ်းပြည်နယ် မိုင်းရှူး၊ ကျေးသီး၊ လဲချားနဲ့ မိုင်းနောင်မြို့နယ်တွေမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေသူ တစ်သောင်းခွဲလောက်ရှိပြီး အဲဒီထဲက ဒုက္ခသည်တစ်ထောင်လောက်ကို ကျောက်မဲမြို့က အဆင့်မြင့် သက်ကြီးစောင့်ရှောက်ရေးစင်တာမှာ ခိုလှုံနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ လဲချားမှာ
Posted: 14 Nov 2015 09:51 PM PST
 ရွေးကောက်ပွဲ နောက်ပိုင်း အစိုးရ စစ်ကြောင်း တွေက ပိုမို ထိုးဖောက် လှုပ်ရှား လာတဲ့ အတွက် တိုက်ပွဲတွေ ပိုပြင်းထန်။  ရွေးကောက်ပွဲ အပြီး တအာင်း ပလောင် ဒေသထဲမှာ အစိုးရတပ် နဲ့ ဒေသခံ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ် TNLA အကြား တိုက်ပွဲတွေ ပိုပြီး ပြင်းထန် လာတယ် လို့ TNLA ဘက်က ပြောပါတယ်။ နိုဝင်ဘာ ၁၄ ရက် စနေနေ့ က ကွတ်ခိုင် မန်တုံ မြို့နယ် ကြား တိုက်ပွဲ တနေကုန် ဖြစ်ခဲ့တယ် လို့ TNLA အထွေထွေ အတွင်းရေး
Posted: 14 Nov 2015 09:51 PM PST
 နောက်ဆုံး မဲရလဒ်တွေအရ NLD ပါတီက အစိုးရဖွဲ့နိုင်တော့မယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၅ ရွေးကောက်ပွဲ နောက်ဆုံး မဲရလဒ်ကို နိုဝင်ဘာလ ၁၅ရက်နေ့မှာ အပြီးသတ် ထုတ်ဖော် ကြေညာမှာ ဖြစ်ပါတယ်။ ပြည်သူ့ လွှတ်တော် ၃၂၃နေရာမှာ ၃၁၅ နေရာ ကြေညာခဲ့ပြီး ဖြစ်တဲ့အတွက် ၈နေရာ ကြေညာဖို့ လိုနေသေးသလို အမျိုးသား လွှတ်တော် ၁၆၈ နေရာမှာ ၁၆၃ နေရာ ကြေညာပြီး ဖြစ်တာကြောင့် ၅နေရာ ကြေညာဖို့ ကျန်နေပါသေးတယ်။ တိုင်းဒေသကြီး
Posted: 14 Nov 2015 09:51 PM PST
 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် လွှတ်တော်တွင် အများစု ပါတီအဖြစ် ရပ်တည်ရန် လုံလောက်သည့် အမတ်အရေအတွက်ကို အနိုင်ရခဲ့သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြု ကြေညာလိုက်ပြီဖြစ်သည်။ ရွေးကောက်ပွဲတွင် NLD က တောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့် ပမာဏကို စောင့်ကြည့်လေ့လာသူများနှင့် အာဏာရ ကြံ့ခိုင်ရေးပါတီတို့အပြင် NLD ကိုယ်တိုင်က အံ့အားသင့်ခဲ့ရသည်။ NLD ၏ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်နှင့်
Posted: 14 Nov 2015 09:51 PM PST
ပဲခူး နိုဝင်ဘာ ၁၄ ပဲခူးမြို့နယ် ထန်းတောကြီးနယ်မြေရဲစခန်းပိုင် လှော်ကား ကျေးရွာအုပ်စု လှော်ကားကျေးရွာအနောက်ဘက် မဟာမိုးမြေ ရော်ဘာခြံဝင်းအတွင်း တောဆင်ရိုင်းအထီးတစ်ကောင် သေဆုံးနေကြောင်း နိုဝင်ဘာ ၁၃ ရက်က လှော်ကားကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်ဌေး၏ သတင်းပေးချက်အရ ဘောနက်ကြီးရဲကင်းမှူး ဒုရဲအုပ်ခင်လှိုင်နှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ မဟာမိုးမြေရော်ဘာခြံ မန်နေ
Posted: 14 Nov 2015 04:52 PM PST
တကယ်တော့ ပြင်သစ်နိုင်ငံမှာ အခုလို နောက်ဆုံး အကြမ်းဖက်တိုက်ခိုက်ခံရတာက ၁၀ လပဲ ရှိပါသေးတယ်။ အဲဒီတုန်းက ရှာလီ အက်ဘ်ဒို မဂ္ဂဇင်းကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အခုအခါလည်း တိုက်ခိုက်ခံရပြန်ပါပြီ။ ပြင်သစ်နဲ့ ဥရောပ လုံခြုံရေးက စိုးရိမ်စရာ ရှိနေပါပြီလို့  သုံးသပ်မှုတွေ လည်းထွက်ပေါ်လာနေပါပြီ။ ဘီဘီစီအာရပ်ရေးရာ အယ်ဒီတာ Sebastain Usher သုံးသပ်တာကတော့ အခုလို ပြင်သစ်မှာ ဖြစ်ပွားခဲ့တာက သိပ်ကြီးမားခဲ့ပေမယ့် တို
Posted: 14 Nov 2015 04:51 PM PST
ပဲရစ်မြို့ တိုက်ခိုက်မှု ကျူးလွန် ခဲ့တဲ့ တတိယမြောက် သေနတ် သမား အုပ်စု ထွက်ပြေး လွတ်မြောက် သွား ခဲ့တယ် ဆိုတဲ့ အယူအဆ အပေါ် အခြေခံပြီး စုံစမ်း မှု တွေ ပြုလုပ် နေ။   ပဲရစ်မြို့ တိုက်ခိုက်မှု တွေ နဲ့ ဆက်စပ်ပြီး ဘယ်လ်ဂျီယမ် နိုင်ငံ ဘရပ်စ်ဆဲလ်စ် မြို့မှာ ရဲ တပ်ဖွဲ့ က လူ ၃ ယောက်ကို ဖမ်းဆီး လိုက်ပါတယ်။ အတိုက်အခိုက် ခံခဲ့ရတဲ့ ဘာ့ထာကလော်န် ဂီတပွဲ ခန်းမ အနီး ဘယ်လ်ဂျီယမ် နံပါတ်ပြား တပ်ထားတဲ့ ပိုလို ကား အမ
Posted: 14 Nov 2015 04:49 PM PST
 အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း လစ်ဗျားနိုင်ငံက IS စစ်သွေးကြွခေါင်းဆောင် သေဆုံးသွားတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။ ဒီတိုက်ခိုက်မှုရဲ့ ပစ်မှတ်ဟာ အီရတ်နိုင်ငံသား အယ်လ်ကိုင်းဒါးအဖွဲ့ဝင် Abu Nabil ဖြစ်တယ်လို့ အမေရိကန် ပန်တဂွန်စစ်ဌာနချုပ်ရဲ့ ပြောခွင့်ရ Peter Cook က ကြေငြာချက်ထဲမှာ ပြောထားပါတယ်။ Nabil ဟာ လစ်ဗျားနိုင်ငံက IS အဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်ပြီး၊ သူဟာ
Posted: 14 Nov 2015 04:47 PM PST
 ပြင်သစ် နိုင်ငံ မှာ သေဆုံး ခဲ့ရ သူတွေ အတွက် နိုင်ငံတော် အဆင့် ဝမ်းနည်းဖွယ် နေ့ ၃ ရက် သတ်မှတ် ထားပါတယ်။ ဒဏ်ရာရသူ တွေ လည်း ၃၅၂ ယောက်ရှိပြီး အဲဒီ့ ထဲက ၉၉ ယောက်ဟာ စိုးရိမ် ရတဲ့ အနေ အထား မှာ ရှိတယ် လို့ ပြင်သစ် အာဏာပိုင် တွေက ထုတ်ဖော် ပြောပါတယ်။ နိုင်ငံတလွှား စစ်တပ် နဲ့ ရဲ တွေ ပိုမို တိုးမြှင့် ချထား နေပြီး ပဲရစ် မှာ လူစုလူဝေး နဲ့ ဆန္ဒပြမှု တွေ၊ အားကစား ပွဲ တွေ အားလုံး ကို ပိတ်ပင် ထားပါတယ်။ မီးရော
Posted: 14 Nov 2015 04:47 PM PST
ပြင်သစ် ဘက်က လည်း အညှာအတာ မရှိ တုန့်ပြန် မှာ ဖြစ်တယ် လို့ သမ္မတ ဖရော်န်ဆွာ အိုလော်န့် ပြော။   ပြင်သစ် နိုင်ငံ ပဲရစ် မြို့တော် မှာ ပြီးခဲ့တဲ့ သောကြာ နေ့ ညနေ ခင်း က တုန်လှုပ် ဖွယ် ဖြစ်ပေါ် ခဲ့တဲ့ ပစ်ခတ်မှု တွေ နဲ့ ဗုံး ဖောက်ခွဲ တိုက်ခိုက် မှု တွေ ကို ကျူးလွန် ခဲ့ ကြသူတွေ ဟာ အဖွဲ့ ၃ ဖွဲ့ ခွဲပြီး လုပ်ဆောင် ခဲ့ကြတာ ဖြစ်တယ် လို့ ဒီ ဖြစ်ရပ် တွေ အပေါ် စုံစမ်း နေကြတဲ့ ပြင်သစ် အစိုးရ ရှေ့နေ တွေ က ပြောပါတယ်။
Posted: 14 Nov 2015 04:46 PM PST
ပါရီမြို့တော်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် တချို့ကို တွေ့ရစဉ် နိုဝင်ဘာ ၁၄၊ ၂၀၁၅   ပြင်သစ်သမ္မတ Francois Hollande က သူတို့အပေါ် စစ်ပွဲဆင်နွှဲတယ်လို့ သတ်မှတ်လိုက်တဲ့ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုအတွက် တာဝန်ရှိသူတွေကို ပြင်သစ် အာဏာပိုင်တွေက စနေနေ့မှာ အပူတပြင်း လိုက်လံရှာဖွေ နေကြသလို၊ အခုလို ရှုပ်ထွေးတဲ့ တိုက်ခိုက်မှုတွေ လုပ်ဖို့ စီစဉ်သူတွေဟာ နောက်ထပ်တိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်နေမှာကိုလည်း စိုးရိမ်နေကြ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...