ဟာသပေါင်းချုပ် ( ၁၅ - ၁၁ )
Zaw Min Latt
အိမ်ရောင်းရန်ရှိသည်
ဆေးရုံမှ ဆင်းခါစလူ၏အိမ်သို့ မိတ်ဆွေတစ်ယောက် ရောက်လာပြီး ...
“ဘယ်နှယ်လဲ။ ခင်ဗျားရောဂါ ပျောက်သွားပလား”

“အင်း .. ပျောက်သွားပြီဆိုပါတော့။ နောက်တစ်ခါ ဘာဝေဒနာမှ မဖြစ်ချင်တော့လောက်အောင်ပဲ”
“ဘာဖြစ်လို့လဲဗျ”
“ပေးရှင့် (လူနာ)ဆိုတဲ့အတိုင်း ဆေးဖိုးဝါးခနဲ့ တခြားဝန်ဆောင်ခတွေ ရှင်းပေးလိုက်ရလို့ အကြွေးကို ခေါင်ခိုက်သွားတာပဲ”
“ဘယ်လောက်တောင်များလို့ ခေါင်ခိုက်ရတလာလဲဗျ”
“အိမ်ရှေ့ကဆိုင်းဘုတ်သာ ကြည့်တော့”
“ဟိုက်”
Credit- U MYO
" သူဌေး ၏ ဖြောင့် ချက် "
" တောကနေပြီး ဒီမြို့  ကို ကျွန်တော် ရောက်စမှာတော့ လက်ထဲမှာ ငါးဆယ်တန် တစ်ရွက်ပဲ ရှိတယ် ဗျ...အဲဒါနဲ့  ဈေးထဲမှာ အာလူးနည်းနည်း ၊ ခရမ်းသီးနည်းနည်း ၊ ကုလားပဲ နည်းနည်း စီဝယ်ပြီး ဟင်းချက်ရောင်းတာ တစ်ရာရတယ် ...ရလာတဲ့  ငွေတစ်ရာနဲ့  ကုလားပဲ၊ အာလူး ၊ ခရမ်းသီး ဝယ်ပြီး ဟင်းချက်တာ ငွေနှစ်ရာ ဖြစ်လာတယ် ..... " အော် သိပြီ သိပြီ ...အခုလို ဆပြန်တိုး အရင်းပြုပြီး ဟင်းချက်ရောင်းရင်း ကုမ္ပဏီပိုင် သူဌေးကြီး ဖြစ်လာတာပေါ့ နော် " " ဟင့် အင်း ... အဲလို ဟင်းချက်ရောင်းနေတုန်း တစ်နှစ်လောက် ကြာတော့  ကျွန်တော့်  ဦးလေး ဆုံးသွားတယ်..သူက လူပျိုကြီးဆိုတော့  အမွေဆက်ခံသူအဖြစ် ကျွန်တော့်  ကို သူပိုင်တဲ့  ကုမ္ပဏီ လွှဲပေးသွားတယ်လေ."
Credit- U Myo
ကတ်ဖဲ့ဆစ်တဲ့ဖိုးထောင်
ဘုန်းကြီး- ရေအကျိုးဆယ်ပါး မတောင်းပဲပြည့်တယ်တဲ့။
ဖိုးထောင်- အကြွင်းမဲ့ ပြောဆိုတာမျိုး မဖြစ်နိုင်ပါဘူး။
ဘုန်းကြီး- ဘာလို့လဲဒကာရဲ့
ဖိုးထောင်- ဒီခေတ်မှာ နွားနို့ကုလား၊ ကြက်သားသည် နဲ့အရက်ရောင်းတဲ့သူတွေကို ချန်ပြီးပြောတာနေမှာပါ။
Credit- Lu Soe Lay
လက်ဖွဲ.လက်ဆောင်
မင်္ဂလာဆောင်လက်ဖွဲ့အဖြစ်.....
ယောက္ခမကြီးက နပန်းသတ်ပုတ်နည်းစာအုပ်နှင့် ဒဏ်ကြေဆေး သုံးပုလင်းအားလက်ဖွဲ.ခဲ့သည်။
ကျွန်တော့်အဖေကတော့ မေတ္တာသုတ်စာအုပ်နှင့် ကွာရှင်းပြတ်စဲနည်း၊ ဥပဒေကျမ်းတစ်
စောင်လက်ဖွဲ.ခဲ့သည်။ အမေကတော့ ချက်နည်းပြုတ်နည်းပေါင်းတစ်ထောင်နှင့်” နင်လားဟဲ့လောကဓံ”
ဆိုသည့်စာအုပ်ကိုလက်ဖွဲ.သည်။။
Credit- Lu soe lay

0 comments:
Post a Comment