Sunday, November 15, 2015

ဖေဖေပြောတဲ့ စိတ်ကြေးမုံ


ကျွန်တော်ဆဌမတန်းဖြေပြီး နွေရာသီကျောင်းပိတ်ရက်မှာ ဖေဖေက ကျွန်တော့ကို ရေကူးသင်တန်း တက်ခိုင်းပါတယ်။
သင်တန်းမှာ ယောက်ကျားလေးမိန်းခလေး တူတူရေကူးသင်ရတယ်လေ..။
ရေကူးဖောင်းဘီက သိပ်ကပ်လွန်းလို့ အတူသင်နေတဲ့ မိန်းခလေးတွေ အပေါ်
မသင့်တော်လို ဖေဖေကို ကျွန်နော်က အပေါ်ကတစ်ထပ် ၀ယ်လိုကြောင်းပြောပြပြီး
ဖေဖေရုံးပိတ်ရက်တစ်နေ့ ဖေဖေနဲ့ ကျွန်နော်မြို့ ထဲ ထွက်လာခဲ့ ပါတယ်..။


ဖေဖေကိုကျွန်နော် နားမလည်ချင်တော့ဘူး…၊ ကားစပယ်ယာလို လူဗလန်လေး တစ်ယောက်က
ကားပေါ်မှာ ဟိုကပ် ဒီတိုး ဒီလိုနေပါ အော်ဟောက်ပြီးပြောနေတာ ဖေဖေကလုံးဝ
ဒေါ်သထွက်ခြင်းအလျှင်းမရှိဘဲ၊ စပယ်ယာခိုင်းသမျှ လိုက်လုပ်နေလို့ ပေါ့၊
ကျွန်နော်ရဲ့ဖေဖေက စိတ်ဆိုး ဒေါ်သထွက်တတ်တဲသူ တစ်ယောက်တော့ မဟုတ်ပါဘူး။
အေးအေးဆေးဆေး စာဖတ်ပြီးနေတတ်တယ် ။ ဒါပေမယ့်လေဖေဖေက ဗန်တိုဗန်ရှည်
မြန့်မာ့သိုင်းပညာရှင်တစ်ယောက်ပါ။ စပယ်ယာလိုလူ့ ဗလန်လေး တစ်ယောက်ကိုများ
ဘာကြောက်စရာရှိလည်း…။
နောက်ပြီးတော့ဘောင်းဘီဆိုင်ရှေ့ မှာလည်း ဆိုင်ရှေ့မှာ ခဏရပ်ပြီး ဘာဝယ်ရင်
ကောင်းမလဲလို့ ဖေဖေနဲ့ ကျွန်နော် ကြည့်နေတာ ကျွန်တော်လည်း
ကိုယ့်ကြိုက်တဲ့ အမျိုးစားရွေးနေတာကိုး….။ ဒါပေမဲ့ ဘောင်းဘီ ရောင်းသော
အဒေါ်ကြီးရဲ့ မျက်နှာထားကို ကျွန်တော် မကြိုက်ပါဘူး.။ ကိုယ့်ဆီကို
ဈေးလာဝယ်သူကို သူကြည့်နေသော အကြည့်က ဘာခိုးမလို့လဲ ဆိုသော
အကြည့်မျိုး….။
ကျွန်တော်လည်း နောက်ဆုံး သိပ်မရွေးတော့ပဲ တစ်ထည်ဝယ်လိုက်ပါတယ်၊ ဖေဖေက ကျသင့်ငွေ
ကို သူ့ လက်ထဲ ရိုသေတဲ့ ပုံနဲ့ ထဲ့ ပေးပါတယ်၊၊ ဒါကို အဲ့ ဒိအဒေါ်ကြီးက
ပြန်အမ်းငွေ ကို ဖေဖေ လက်ထဲတောင်မှ ပြန်မထည့်ပဲ ကောင်တာပေါ်ကို
ချပေးတယ်.။
ဒါကို ကျွန်တော့် ဖေဖေက ဘာမှ မဖြစ်သလို ကောက်ယူလိုက်ပြီး “ ကျေးဇူးပါပဲ
..။ ” လို့ ပြောပြီး ထွက်လာတယ်.။
လမ်းမှာ ကျနော်က ခုန ကိစ္စတွေနဲ့ ပတ်သတ်ပြီး ဖေဖေကို…ပြောချင်လာပါတယ်။
“ဖေဖေ ကားပေါ်ကစပယ်ယာကလည်းရိုင်းတယ်နော်…၊”
“အင်း…အများနဲ့ ဆက်ဆံရတော့ သူလည်း ဒီလိုပုံဖြစ်သွားတယ်နဲ့ တူပါရဲ့ ”
“ ဘောင်းဘီဆိုင် အဒေါ်ကြီူးက ဘယ်လိုကြီးလဲ မသိဘူးနော်..ဖေဖေ။ ”
“ ဟုတ်တယ် သား… ဒီလိုပဲ ပေါင်းသင်းဆက်ဆံရတာတော့ ခက်မယ့်ပုံပါ၊ ဒါပေမယ့်
သူ့ဆိုင်က ဈေးမှန်တယ်လေ ။ ”
“ ဒါကိုများဖေဖေက ကျေးဇူးတင်ပါတယ်တွေ ၊ ဘာတွေ လုပ်နေသေးတယ် ။”
“ ဒီလိုတော့ မဟုတ်သေးဘူးလေ သားရဲ့ ။ သူ့ဖာသာ ဘယ်လိုပုံစံ ဖြစ်ဖြစ်ပေါ့.။
ကိုယ်ကတော့ ကိုယ့်ပုံစံဆိုတာ ရှိနေရမှာပဲလေ.။ သူက ကိုယ့်ကို ဒီလို ဆက်ဆံလို့
ကိုယ်ကလည်း သု့လို ဆက်ဆံမယ် ဆိုရင် ကိုယ့်မှာ ကိုယ့်ပုံစံဆိုတာ ဘယ်ရှိတော့မလဲ
သားရဲ့ ”
” သားမှာလည်း သားပုံစံ ၊ သားစတိုင်ရှိတယ်လေ၊.
ကဲ..သားကော အတူရေကူးနေတဲ့ မိန်းခလေးတွေ အမြင်မသင့်တော်မှာစိုးလို့ ထပ်ဝတ်ဖို့ သား အခုဝယ်တယ် မဟုတ်ဘူးလား…
ဖေဖေ က သားအခုလို စိတ်လေးရှိတာသိရတော့ ဖေဖေက စိတ်ချပြီး၊ ပီတိလည်းဖြစ်တယ်သား
..
ဒါဟာ ဖေဖေသားရဲ့ လူမှုဆက်ဆံရေးလို့ ပြောလို့ရသလို သားရဲ့ စိတ်ဓါတ်လို့လည်း
ပြောလို့ ရတယ်…
ဟုတ်တယ်မလား..သား…”
“လူတွေမှာ လှုမှုပေါင်းသင်းဆက်ဆံတဲ့ ပုံစံ နှစ်မျိုး ရှိတယ်သား.။
** မှန် နှင့်တူသော လှုမှုဆက်ဆံရေး
** ကျောက်ရုပ် နှင့်တူသော လှုမှုဆက်ဆံရေး
မှန် နှင့်တူသော လှုမှုဆက်ဆံရေး
ဒီဆက်ဆံရေးကတော့ လူတိုင်းလောက်မှာ နီးနီး တွေ့နိုင်ကြပါတယ်.။ ကိုယ့်ကို
ဘယ်လို လာဆက်ဆံရင် ကိုယ်ကလည်း ဘယ်လို ပြန်ဆက်ဆံလိုက်မယ် ဆိုတာတွေ ကတော့
ပိုများပါတယ်..။ သူတို့ ပြောတတ်ကြတယ်လေ…ငါတို့ကတော့ မှန်လို ကျင့်တယ်
ဆိုပြီးတော့.။ သူများက ကိုယ့်ကို စိတ်ဆိုးအောင်လုပ်ရင် လိုက်ပြီး
စိတ်ဆိုးတတ်တယ်..။ သူများက ကိုယ့်အကြိုက် မြှောက်ပြောရင် ကျေနပ်ပြီး
ပြုံးနေတတ်ကြတယ်.။
ကျောက်ရုပ် နှင့်တူသော လှုမှုဆက်ဆံရေး
ဒီလို လူတွေကတော့ တကယ်ရှားပါတယ်.။
တစ်ဖက်သားက ကိုယ့်ကို ဘယ်လို ရင်ဆိုင် ဆက်ဆံနေပါစေ..။ ကိုယ်ကတော့
ကိုယ့်လှုမှုဆက်ဆံရေး ကိုယ်ပိုင် ပုံစံနဲ့ပဲ ဆက်ဆံတတ်ကြပါတယ်.။ သူများက
ရိုင်းလို့ ကိုယ်က လိုက်ရိုင်းနေမယ် ဆိုတာမျိုး သူတို့မှာ မရှိကြပါဘူး.။
ကိုယ်ကတော့ ကိုယ့်ရဲ့ တည်ငြိမ်သော လှုမှုဆက်ဆံရေးနဲ့သာ ဆက်ဆံတတ်ကြပါတယ်.။
ကျောက်ရုပ်တွေလိုပေါ့ သား ။ ဘယ်သူဘာပြောပြော သူတို့ မျက်နှာ ပျက်ခြင်း ၊
ဆက်ဆံရေး ပြောင်းလဲ သွားခြင်း မရှိပါဘူး..။
တကယ်တော့ လူတွေ အားလုံးက မှန်လိုပဲ ကျင့်တတ်ကြပါတယ်.။ သူပြုံးရင်
ကိုယ်ပြုံးမယ် ..။ သူမဲ့ရင် ကိုယ်လည်း မဲ့မယ်.။ သူဆဲရင် ကိုယ်ဆဲမယ် ဆိုတာ
မျိုးတွေပေါ့.။ ဒါကတော့ လွယ်ပါတယ်.။ ကျောက်ရုပ်လိုမျိုး ဘယ်သူက ဘာပြောပြော
ဘယ်လို ဆက်ဆံဆက်ဆံ ကိုယ်ကတော့ ကိုယ်ပိုင် ဆက်ဆံရေး ဆိုတာကတော့ မလွယ်ပါဘူး.။
ကဲ…နားလည်ပြီလားသား..?.၊ သားလည်းသားရဲ့ စိတ်ဓါတ်လို့ ပြောလို့ ရတဲ့ ဆက်ဆံရေးမျိုးကိုဘဲ
သားတစ်သက်လုံး လူတွေ အပေါ်ဆက်ဆံစေခြင်တယ်..”။
ဖေဖေပြောတာဟုတ်ပါတယ်လေ.။
အမှန်တရားတွေရဲ့ ထုံးစံ အတိုင်းပါပဲ..ကောင်းမွန် သင့်တော်တယ် ဆိုတာတွေက
လိုက်လုပ်ဖို့ ခက်နေပါလိမ့်မယ်.။
ချစ်သောသား
ရွှေအိမ်စည် (ဘ၀ပေါင်းများစွာကျွန်တော် တော်စပ်ခဲ့ ရသောအဖေများသို့ ဂါရ၀ပြုရင်း၊)
Shared from www.myitkyinaonline.com

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...