Wednesday, November 25, 2015

သူ့ကြောင့် (လူပိန်းပြန်ဆိုပါသည်)


John Hopkin တက္ကသိုလ်မှ ပါမောက္ခတဦးက ဘွဲ့ကြိုကျောင်းသားများကို စာသင်ကြားရေးတွင် ပါဝင်သော လုပ်ငန်းတစ်ခုကို ပြုလုပ်ရန်ခိုင်းစေခဲ့သည်၊
လူနေမှု့အဆင့်နိမ့်ပြီး မကောင်းမှု့ထူပြောသော နေရာတစ်နေရာသို့ သွားရောက်ပြီး အသက် ၁၂ မှ ၁၆ နှစ်ရှိသော ကလေးများအယောက် ၂၀၀ ၏ နောက်ခံဘဝအခြေအနေများ၊ သူတို့ကျင်လည်နေသော ပတ်ဝန်းကျင်များကို မှတ်သားကာ သူတို့၏ အနာဂတ်ဘဝများကို ခန့်မှန်းပေးရန်ဖြစ်သည်၊

ကျောင်းသားများက ယခင်က ဖြစ်ပျက်ခဲ့သော လူမှုရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များကို ကိုးကားခြင်း၊ ကလေးများနှင့် စကားပြောကြည့်ခြင်း၊ အချက်အလက်များကို ပြည့်စုံအောင် စုဆောင်းခြင်းများပြုလုပ်ပြီး နောက်ဆုံးအဖြေထုတ်လိုက်ရာ ဤကလေးများထဲမှ ၉၀% သည် ကြီးလာလျင် ထောင်ထဲတွင် အချိန်ကုန်သွားကြမည်သူများသာဖြစ်သည်ဟု စိတ်မကောင်းဖွယ် အဖြေထွက်လာသည်၊
နောင် ၂၅ နှစ်ကြာသောအခါ ယင်းကလေးများနှင့် ပတ်သက်သော ခန့်မှန်းထားခဲ့ချက်များ မှန်မမှန်ကို အကဲဖြတ်နိုင်ရန် လက်ရှိဘွဲ့ကြိုကျောင်းသားများအဖွဲ့ကို စစ်တမ်းကောက်ယူခဲ့သော ထိုသူဆင်းရဲ ရပ်ကွတ်သို့ ပြန်၍ စေလွှတ် မေးမြန်း စေခဲ့ပြန်သည်၊
နဂိုစစ်တမ်းကောက်ခံရသော ကလေး၂၀၀ အနက် တွ အချို့မှာ ပြောင်းရွှေ့သွားကြပြီး အနည်းငယ်မှာ သေဆုံး၍ပင်သွားခဲ့ပြီ ဖြစ်သဖြင့် ကျန် အယောက် ၁၈၀ နှင့် ပြန်လည်ထိတွေ့ကာ ခန့်မှန်းထားခဲ့ချက်များမှန်မမှန်ကို အကဲဖြတ်နိုင်ခဲ့သည်၊
အဖြေမှာ ဤ ကဲ့သို့ဘဝအခြေအနေမကောင်းရုံမျှ မက ရာဇဝတ်မှု့များကိုထမင်းစားရေသောက်ကျူးလွန်လေ့ရှိနေခဲ့သော မြို့၏ ဤအပိုင်းရှိ ကလေးများ၏ ၉၀% သည် ထောင်တန်းကျကာ လူဆိုးလူမိုက်ဘဝဖြင့် အဆုံးသတ်ရမည်ဟု ခန့်မှန်းထားချက်မှာ တက်တက်စင်အောင် လွှဲချော်သွားခဲ့ကာ ထိုကလေးများထဲမှ ၄ ဦးသာ ထောင်ကျဖူးသူဖြစ်ခဲ့သည်၊ အခြားတစ်ချက်မှာ ယခင် လူဆိုးများကြီးထွားခဲ့သောနေရာမှာ လူကောင်းများတိုးပွားလာပြီးပြဿနာ နည်းသော နေရာတစ်ခုအဖြစ်သိသာစွာပြောင်းလဲလာခဲ့သည်၊
သုတေသနလုပ်သောကျောင်းသားများက စစ်တမ်းတွင်ပါဝင်ခဲ့သော သူများနှင့်တွေ့ဆုံကာ သူတို့၏ ဘဝနှင့်ဒေသတိုးတက်လာပုံအရင်းခံအကြောင်းကို ရှာဖွေကြသည်၊
မေးခံရသူများက "တခါက တို့ဆရာမ တစ်ယောက်ရှိခဲ့တယ်၊ သူ့ကြောင့် တို့ပြောင်းလဲသွားရတာပါ၊"
အခြားသူများကလည်း "မှန်တယ်၊ သူ့ကြောင့် ငါတို့ အခုလို အခြေအနေတွေ ပြောင်းသွားခဲ့ရတာပါ၊
အားလုံးက သူတို့အတွက် ကောင်းမွန်သော အပြောင်းအလဲများကို သူတို့ဆရာမက ဖော်ဆောင်ပေးခဲ့သည်ဟု တညီတညွတ်တည်း ပြောနေကြသဖြင့် အရေးပါလှသော ထိုဆရာမနှင့်ပါ သွားရောက်တွေ့ဆုံမေးမြန်းရန် ဖြစ်လာသည်၊
ဆရာမကြီးမှာ ဆံဖြူသွားကျိုးနေပြီ ဖြစ်သော်လည်း
ကြည်လင်သော ဥပတိရုပ်ကိုပိုင်ဆိုင်ထားဆဲဖြစ်သလို တည်ငြိမ်မှု့ အပြည့်ရှိနေသေးသည်၊
လာရောက်မေးမြန်းသူများ အကြောင်းစုံရှင်းပြကာ ဆရာမကြီးအနေဖြင့် ထိုကလေးများအပေါ်မှာ လူကောင်းများဖြစ်လာအောင် မည်သို့ဆုံးမ သြဇာသက်ရောက်စေခဲ့သနည်း ၊ ထို့ပြင် ယင်းကလေးများနှင့် ပတ်သက်၍ ထူးခြားသော အဖြစ်အပျက်များစွာရှိသည့်အနက်မှ တစ်ခုမျှလောက်ကို ပြောပြပေးရန်တောင်းဆိုကြသည်၊
ထိုအခါ ဆရာမကြီးက ငါဒီလောက်များတဲ့ ကလေးတွေကို ငါမမှတ်မိဘူး၊ အဲဒီတော့ ဘာအမှတ်တရမှလည်း မရှိပါဘူး၊
သို့သော် ဆရာမကြီး၏ မျက်လုံးအစုံမှာ အတိတ်နှစ်များဆီသို့ နောက်ပြန် ငေးကြည့် နေသယောင်ရှိသည်၊ ထိုနောက်မှ ပြုံးလာပြီး နုတ်မှး
" သေချာတာ ငါတပည့်ကလေးတွေအားလုံးကို ငါ
ချစ်ခဲ့ပါတယ်၊ ဘယ်သူဘယ်ဝါ မမှတ်ထားခဲ့ပါ"
ကျောင်းသားများ၏ သုတေသနလုပ်ငန်း မှာ ပြည့်စုံမှန်ကန်သောအဖြေကို ရရှိပြီဖြစ်၍ အဆုံးသတ်သွားလေပြီ၊
ဆရာ သို့မဟုတ် အနာဂတ်ကို ညွှန်ပြနိုင်သူတဦး၏
စိတ်ထားနှင့် ပြုပြင်နိုင်စွမ်းမှာ အံ့မခန်းပါတကား။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...