Thursday, November 12, 2015

ဟာသပေါင်းချုပ် (၁၂-၁၁)

Zaw Min Latt
 
မီးတစ်တို့လောက်
ကိုချူချာအား ၀မ်း စစ်ရန်လိုအပ်သည်ဟု ဆရာဝန်ကပြော၏။ မနက်စောစော ထသွားသော ၀မ်းကိုသာ ယူခဲ့ရန်လည်းမှာ၏။
ဒါနဲ့မနက်ဖက်တွင်သစ်သား မီးချစ်ဗူး အလွတ်တခု ထဲသို့ အစစ်ခံမည့်ပစ္စည်း ( ၀မ်း ) ကို ထဲ့ကာ ဆေးရုံသို့ ယူသွားသည်။
တရက်ကြာသွားသည် ကိုချူချာ အိမ်ပြန်မရောက်လာချေ။ နှစ်ရက်၊ သုံးရက်ကြာသွား၏။ ကိုချူချာကား ပေါ်မလာချေ။


မိန်းမဖြစ်သူမှာ စိတ်ပူလာကာမိတ်ဆွေသူငယ်ချင်းများထံ ဖုန်းဆက်၏ ။ရောက်မလာကြောင်းပြောကြသောအခါ ပို၍စိတ်ပူလာ၏။
ဆေးရုံ သို့ သွားရောက် စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။
ဆီး၊ ၀မ်း ၊သွေး စသည်တို့ကို စစ်ဆေးသော ဓါတ်ခွဲခန်းမှ တာဝန်ကျသူများကိုမေးရာ သူတို့လဲ ဘာမှ မသိကြောင်းဖြေ၏။
ဤ တွင် သန့်ရှင်းရေး အလုပ်သမား က ကိုချူချာ့မိန်းမအား လှမ်းပြော၏။
" ခွဲစိတ်ဆောင်ကိုသွားကြည့်ပါလားဗျ။ အဲဒီမှာ ယောက်ကျားကြီးတစ်ယောက် ရောက်နေတာ သုံး လေး ရက်လောက်ရှိပီဗျ။
ခင်ဗျား ယောက်ကျား ဖြစ်ချင်ဖြစ်နေမှာ "
စကားမဆုံးမီ စိုးရိမ်စိတ်ဖြင့် ခွဲစိတ်ဆောင်ဘက်သို့အပြေးသွားလိုက်မိ၏။
ခွဲစိတ်ဆောင်အတွင်းကုတင်ပေါ်တွင်ကား မျက်နှာတခုလုံး ပတ်တီးစီးထားသော ယောက်ကျားဖြစ်သူကို ရင်နင့်ဖွယ်ရာ မြင်လိုက် ရ၏။
ဇနီးဖြစ်သူလဲ ငိုယိုပီး ယောက်ကျား ကိုမေး၏။
" ကိုချူချာ၊ ရှင်ဘယ်လိုဖြစ်ရတာလဲ။ ရှင့်ကို ဘယ်သူတွေကများ ခုလို ရက်ရက်စက်စက် လုပ်လိုက်ကြတာလဲဟင်...ပြောပါအုန်းရှင် "
ထိုအခါ အားယူရင်း ကိုချူချာ ပြန်ဖြေလိုက်တာက.....
" ဘာမှ မမှတ်မိတော့ပါဖူး မိန်းမရာ။ အဲ...ဒါပေမဲ့ မီးတစ်တို့လောက်ဆိုပီး လူသုံးယောက် ငါ့ဆီကတောင်းတာကိုပဲ နောက်ဆုံးမှတ်မိတော့တယ် ကွာ "....တဲ့
Credit- Nyi PU

အိမ်ထောင်သည်အတွေး
မေး= မိန်းမနဲ့ ရည်းစားကောင်မလေးနဲ့ ဘာကွာသလဲ
ဖြေ= ခန့်မှန်းခြေ ၄၅ ပေါင်လောက်တော့ ကွာမယ်ထင်တယ် ...
ခင်ပွန်းသည်အတွေး
မေး - အိမ်တံခါးမှာ မိန်းမလုပ်သူက အော်ကြီးဟစ်ကျယ်အော်နေမယ်။ ခွေးကလည်း အကြီးအကျယ်ဟောင်နေမယ်
ဆိုရင် ဘယ်သူ့ကို အရင် အိမ်ထဲ အရင်ထည့်မှာလည်း။
ဖြေး- ခွေးကိုထည့်မှာပေါ့ . သူကမှ အိမ်ထဲ ထည့်လိုက်ရင် အသံတိတ်သွားဦးမယ်။
Credit- Phonex

မိန်းမတို့အရွယ် (5) မျိုး (FB ကရတာ............ )
‪#‎ပထမအရွယ်‬
(ဘောလုံး) ခေတ်ကောင်းချိန်ပေါ့။ တစ်ဖက်ကို ၁၁ ယောက်စီနဲ့ စုစုပေါင်း ၂၂ ယောက် အသည်းအသန် လုနေရတယ်။ ကိုယ်လက်ထဲရောက်လာရင် သူများလက်ထဲပါမသွားရအောင် ဂရုစိုက်ရတယ်။ အဲဒီ ကွင်းထဲက ၂၂ ယောက်က တစ်ယောက်နားရရင်လဲ အစားဝင်မယ့်သူ က နောက်ထပ် တစ်သင်းစာ အဆင်သင့်ရှိနေတယ်။ ကွင်းအပြင်က ပရိသတ်ကလဲ ကွင်းထဲမှာ ကစားနေသူတွေကို အထင်ကြီးအားကျတဲ့ စိတ်တွေနဲ့ပေါ့။ ဘောလုံးက နာမည်ကြီးရင်ကြီးသလို ရုပ်မြင်သံကြားပရိသတ်ကလဲ သန်းချီရှိသေးတယ်။ ကျောင်း၊ အလုပ်၊ သင်တန်း ဘယ်သွားသွား စာလိုက်ပေးတဲ့သူ၊ ရည်းစား စကားလိုက်ပြောတဲ့သူအပြည့်ပေါ့။
‪#‎ဒုတိယအရွယ်‬
(ဘတ်စကတ်ဘော) ဝင်ပြီးလုတဲ့လူ တစ်ဝက် (၆) ယောက်လောက်ပဲရှိတော့တယ်။ ဒါပေမယ့် အသည်းအသည်တော့ လုနေရတုန်းပဲ။ ပရိသတ်ကလဲ ဒီလောက်မများတော့ဘူး။ ရည်းစားစကားလိုက်ပြောတဲ့သူတွေတော့ ရှိသေးတယ်။ ဒါပေမယ့် ဘယ်သွားသွားတော့ မဟုတ်တော့ဘူး။ ကိုယ်နဲ့ ကျောင်းအတူတူ၊ အလုပ်အတူတူ၊ နီးစပ်တဲ့သူတွေထဲကပဲ။
‪#‎တတိယအရွယ်‬
(ဘော်လီဘော) ကိုယ့်လက်ထဲမှာ ကြာကြာမထားတော့ဘူး။ မြှောက်တင်တယ်။ ပြီးရင် သူများဘက်ကို ရိုက်ချရတယ်။ အပျိုကြီးလို့ စပြီး မထိတထိ အခေါ်ခံရတဲ့ အချိန်ပေါ့။ ချောသေးတယ်၊ လှသေးတယ် မြှောက်ပေးကြတယ်။ ပြီးတော့ကိုယ့်ပတ်ဝန်းကျင်နားက လူပျိုကြီးဆိုသူတွေထံကို ရိုက်ချကြတယ်။
စတုတ္ထအရွယ် (တင်းနစ်ဘောလုံး) ကိုယ့်ဘက်ကို ဘောလုံး တစ်ချက်ထက်ပိုအကျမခံတော့ပဲ ပြန်ရိုက်ထုတ်တော့တာပဲ။ ဟိုဘက်ကလည်း သူ့ဘက်ကိုအကျမခံ အသည်းအသန် ပြန်ရိုက်ထုတ်တာပဲ။ အပျိုကြီးလာပြီဟေ့ ဆိုတာနဲ့ လူပျိုလေးတွေကော၊ လူပျိုကြီးများပါ ထပြေးရတဲ့ အချိန်ပေါ့...
‪#‎ပဉ္စမအရွယ်‬
(ဂေါက်သီး)တစ်ယောက်ပဲရှိတော့တယ်။ သူကလဲဘယ်လောက်ထိ ဝေးအောင်ရိုက်နိုင်မလဲဆိုပြီး လွှဲရိုက်ဖို့ပဲပြင်နေတော့တယ်။ ဝေးလေကောင်းလေပဲ...
Credit- FB

  1 comment:

  1. တကယ်ကိုရယ်မိတယ် ပထမဆုံးက တွေးတွေးပြီးရယ်ရတာနော်

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...