Thursday, November 26, 2015

တရုတ်တောသား အံ့သြသွားတယ်

Aik Pue
 
၁၀ ၁၁ ၂၀၁၅ ကနေ ၁၄ ၁၀ ၂၀၁၅နေ့ထိတရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ် Tian Yang လို့ခေါ် တဲ့ မြို့ငယ်လေးတမြို့က ကျေးလက်ဒေသမှာ သရက်စိုက်ပျိုးနေတဲ့တောင်သူတောသားတရုတ်ကို မူဆယ် မန္တလေး ရွှေကူ မန္တလေး ကျောက်ဆည် မူဆယ် ခရီးစဉ်အတိုင်း ကားနဲ့တင်ပြီးပို့ခဲ့ပါတယ်။
မူဆယ် မန္တလေး ခရီးစဉ်မှာ တရုတ်ကစပြီး အံ့သြပါတော့တယ်။ ဒီလောက်ကျ ဉ်းတဲ့လမ်းပေါ်မှာ ကားကြီး ကားငယ်မျိုးစုံ အဆက်မပြတ်သွားလာနေကြတာ ယာဉ်ကြောပိတ်ဆို့မှု ဆိုးဆိုးရွားရွားလည်း မကြုံ ရဘူး။ ယာဉ်တိုက်မှုလည်း အများအပြား မကြုံ ရဘူး။

ကားငယ်လေးတွေဆိုလည်း ခရီး တွင်အောင် မောင်း နိုင်ကြတယ်။ သူတို့ဆီမှာဆိုရင် ဒီလိုလမ်းကျ ဉ်းပေါ်မှာ ဒီလောက်ကားများရင် ပြသနာပေါင်းစုံ ကြုံ တွေ့နေရပြီလို့ ပြောပါတယ်။ သူအံ့သြတာကမြန်မာပြည်က ယာဉ်မောင်းတွေဟာ တစီးနဲ့တစီးညှာတာကြတယ်။ ကားကြီးတွေကလည်းကားငယ်လေးတွေကို ကျော်တက်နိုင်တဲ့အနေအထားရှိပြီ ဆိုတာနဲ့ လမ်းပေးပြီး ကျော်တက်ဖို့ အချ က်ပြပေးကြတယ်။ မကျော်သင့်ရင်လည်း ကျော်မတက်ဖို့ အချ က်ပြပေးကြတယ်။ ဒီလိုစိတ်ဓါတ်ကို တော်တော်အံ့သြချီးကျူးသွားပါတယ်။
မန္တလေးရွှေကူ ခရီးမှာတော့ လမ်းဘေးဝဲယာ စိုက်ခင်းမြေ တွေ လူနေအိမ်တွေ လမ်းတွေ ကြည့်ပြီး အံ့သြပြန်ရော။ နိုင်ငံတစ်နိုင်ငံရဲ့ အဆင့်အတန်း ဆင်းရဲတာ ချမ်းသာတာဟာ လမ်းးကြည့် တာနဲ့ သိသာတာကိုး လမ်းဘေးဝဲ ယာ အိမ်တွေကြည့်ပြီးတော့လည်း နိုင်ငံဆင်းရဲတာပေါ်လွင်နေပါတယ် ။ စိုက်ခင်းမြေတွေ၊ရေချောင်းတွေကြည့်ပြီးတော့ မြန်မာနိုင်ငံ ဆင်းရဲနေတာကို မယုံကြည်နိုင်လောက်အောင် အံ့သြ နေပါတော့တယ် ။ သူတို့ဆီက စိုက်ပျိုးမြေတွေဟာ မြေဆီမြေနှစ် ကောင်းတဲ့ မြေပြန့် နဲပါးပြီး မတ်စောက်တဲ့ တောင်စောင်းတွေ ကျောက်ဆောင် ကျောက်တုံးတွေ ကြားမှာ ခက်ခက်ခဲခဲ စိုက်ပျိုး ကြရပါတယ် ။ဒီလိုအနေအထားတောင်မှ သူတို့တောင်သူတွေဟာ ခိုင်ခံ့တဲ့ နေအိမ်တွေ နဲ့ နေထိုင်နိုင်ကြပြီး အရမ်းကြီးမဆင်းရဲကြပါဘူး လူနေရွာရှိရင် မော်တော်ကား သွား နိုင်တဲ့လမ်းရှိတယ် လျှပ်စစ်မီး ရှိတယ် ရေပေးစနစ် ရှိပါတယ်။အဲ့ဒါတွေအားလုံး နိုင်ငံတော်က လုပ်ပေးတာပါ။ မြန်မာ နိုင်ငံ တောသူ တောင်သားတွေဟာ ဒီလောက်ပေါများပြီး မြေဆီ မြေနှစ်အလွန် ကောင်းမွန်တဲ့ တစ်ပြန့် တစ်ပြော စိုက်ပျိုးမြေတွေပေါ်မှာ အများစုဆင်းရဲ နေကြတာကို တောသားတရုတ် အဖြေရှာ မရအောင် အံ့သြနေပါတော့တယ်။ ဒီခရီးမှာ သူ့ရဲ့အာရုံကလဲ မြေဆီမြေနှစ် ကောင်းတဲ့ တပြန့်တစ်ပြော စိုက်ပျိုးမြေတွေပေါ်မှာပဲ နစ်မွန်းနေပါတယ်။
ရွှေကူကနေ မန္တလေးပြန်တော့ ရွှေကူအထွက် ဝင်ဝ ကျေးတောလမ်းဆုံကစပြီး မြတောင်နား အထိ ကျောက်ကြမ်းလမ်း ကတော်တော် ဆိုးပါတယ် ။ တံတား အများစုကလည်း ပြုပြင်နေဆဲပါ။ ခန့်မှန်းခြေ မိုင်၅၀ နဲ့ ၆၀ ကြား ရှိမယ်ထင်တယ် ၅ နာရီ ၀င်းကျင်လောက်မောင်းရပါတယ်။ မြတောင်နဲ့ ၇မိုင်င်လမ်း ခွဲကြားမှာလဲ အားလုံး ကတ္တရာလမ်း ဖြစ်နေပေမဲ့ တစ်ချို့ နေရာတွေဟာ လုံးဝ တစ် လမ်းမောင်း သတ်မှတ်ထားသလား ထင်ရလောက်အောင် ကားတစ်စီးထဲမောင်းလို့ရတဲ့အလွန်ကျဉ်းတဲ့ အနေအထားပါ။ မျက်နှာချင်းဆိုင် ကားလာရင် တစ်စီးကို လမ်းတစ်ဝက်ချ ဘဲ။မြတောင်နဲ့ ၇ မိုင်လမ်းခွဲက မိုင်၆၀ ဝန်းကျင်ရှိပြီး ၃နာရီဝန်းကျင် လောက်မောင်းရပါတယ် ။ ၇ မိုင်လမ်းခွဲနဲ့ မန္တလေးက မိုင် ၈၀ ရှိပြီး ၃ နာရီဝန်းကျင်မောင်းရပါတယ် ။ မန္တလေးရွှေကူ မိုင် ၂၀၀ ၀န်းကျင်ရှိပြီး ၁၀ နာရီကနေ ၁၂ နာရီ ဝန်းကျင် မောင်းရပါတယ် ။ လမ်းမကောင်းတော့ ၁နာရီကို ၁၅ မိုင်နဲ့ မိုင် ၂၀ ကြားသာ ခရီးရောက်ပါတယ်။
အဲ့ဒီမှာ တရုတ်တောသားက တစ်အံ့ တစ်သြ မေးလာပါတော့တယ်။ ဒီလမ်းဟာ နိုင်ငံတော် အဆင့်လမ်း မဟုတ်ဘူးလားတဲ့။ ကျနော်ကလည်း မန္တလေး- ရွှေကူ-ဗန်းမော်-မြစ်ကြီးနား ပေါက်တဲ့လမ်းမကြီးဟာ နိုင်ငံတော်အဆင့် လမ်းပါလို့ဖြေပါတယ်။ အဲ့ဒီမှာ တရုတ်တောသားက ထပ်မေးပါတယ် မင်းတို့နိုင်ငံမှာ အစိုးရမရှိဘူးလားတဲ့။ အဲ့ဒီမှာ ကျနော်ဘာပြန်ပြောရမလဲ မသိတော့ဘူး။ အဲ့ဒီမှာ သူ တရစပ် ပြောတော့ တာပါဘဲ။ ဒီလမ်းကို ဒီနိုင်ငံမှာ အစိုးရရှိရင် အစိုးရကဒီလိုပြစ်ထားရသလားတဲ့ ။ နိုင်ငံ ဖွံဖြိုးတိုးတက်ရေး အတွက် တောင်သူလယ်သမား ဘ၀မြှင့်တင်ဖို့အတွက် လမ်းကောင်းဖို့ အရေးကြီးတယ်ဆိုတာ မင်းတို့အစိုးရ မသိဘူးလားတဲ့။ ငါတို့ဆီမှာဆိုရင် ကျေးလက်ကုန်ထုတ်လမ်းဟာ အရေးကြီးတယ်ဆိုတာ လက်ခံတဲ့အတွက် ကုန်ထုတ်လမ်းကိုကောင်းအောင် အစိုးရက မဖြစ်မနေလုပ်ပေးတယ်။
ကုန်ထုတ်လမ်းကောင်း တော့ အချိန်ကုန်သက်သာ ကုန်ကျစရိတ်သက်သာပြီး စိုက်ပျိုးရေးထွက်ကုန်တွေဈေးကောင်းရကြတယ်။
စိုက်ပျိုးရေးထွက်ကုန် ကုန်စိမ်း သီးနှံတင်တဲ့ကား ၊ မွေးမြူ ရေး ထွက်ကုန် ကြက်၊၀က်၊ငါး၊နွား အရှင်တင်တဲ့ကား တစ်နိုင်ငံလုံးမှာ ရှိတဲ့ အမြန်လမ်းပေါ်မှာ မောင်းနှင်ကြတာ သက်မှတ်ထားတဲ့ ကုန်တန်ချိန်မကျော်ရင် လမ်းဖြတ်သန်းခ လုံးဝမကောက်ဘူး။ လမ်းဖြတ်သန်းခ ကောက်ခံတဲ့ TOLL Gate တွေမှာ ကုန်စိမ်း သီးနှံနဲ့ မြွေးမြူ ရေးထွက်ကုန်တိရစ္ဆာန် အရှင်တင်တဲ့ကား တွေ အမြန်ဖြတ်သန်းဖို့ free ယာဉ် ကြောထားရှိပြီး လုံးဝ တန်းစီစရာ မလိုဘူးတဲ့။ တောင်သူတွေရဲ့ စိုက်ခင်းရှိတဲ့နေရာအထိ အစိုးရက မဖြစ်မနေ လမ်းဖောက်လုပ်ပေးရတယ်။ တောင်သူလယ်သမားတွေရဲ့ ထုတ်လုပ်တဲ့ပစ္စည်း မှန်သမျှ ပြည်တွင်းရောင်းသည်ဖြစ်စေ ပြည်ပကို တင်ပို့သည် ဖြစ်စေ ဘာအခွန်ကိုမှ ပေးဆောင်စရာ မလိုသည့် အပြင်လိုအပ်တဲ့ ထောက်ပံ့မှုကို အစိုးရကထောက်ပံ့ပေးပါသတဲ့။
အဲ့ဒီတောသားနဲ့ပါလာတဲ့ ဖူကျ န်ပြည်နယ် ဇာတိ တစ်ယောက်ကလည်း သူ့ဇာတိ ကျန်ရန့်မြို့ကနေ ကီလိုမီတာ ၂၀၀ကျော်ကျော် ဝေးတဲ့ဖူကျန်ပြည်နယ် မြို့တော် ဖူကျိုးကို အရင်က ရိုးရိုးလမ်းပဲရှိတဲ့အတွက် ၇နာရီ ၈နာရီ လောက်သွားရပါသတဲ့။ အမြန်လမ်း ပေါက်သွားတဲ့အချိန်မှာ ခရီးလမ်းတိုသွားတဲ့အတွက် ၂နာရီခရီးပဲရှိပါတော့တယ်။ အခုတခါ ကျည်ဆန်ရထား လမ်းပေါက်သွားပြီး မိနစ် ၅၀ ခရီး ပဲရှိပါတော့သတဲ့ဗျာ။ အဲ့ဒီမှာ တောသားကဆက်ပြောပါတယ်။ မင်းတွက်ကြည့်တဲ့ တချိန်က ၇နာရီ ၈နာရီသွားရတဲ့ခရီးကို အခု ၂နာရီ ဘဲသွားရတဲ့ အခါ အချိန်တွေ လောင်စာဆီတွေ
ဘယ်လောက်သက်သာသွားပြီ လဲတဲ့ဗျာ။ အချိန် သက်သာတော့ကျေးလက်ထွက် ကုန်ကုန်စိမ်းသီးနှံဟာ လတ်ဆတ်မှုပိုရှိပြီး လမ်းဖြတ်သန်းခလည်း ပေးစရာမလိုတော့ ကားခလည်းသက်သာ တဲ့အတွက် ဒီအပေါ်က အကျိုးကျေးဇူးတွေကို စိုက်ပျိုးထုတ်လုပ်တဲ့သူတွေ ပဲခံစားရပါတယ်။ ဒါ့ကြောင့်လည်း သူတို့ဆီကကျေးလက်ဒေသနေစိုက်ပျိုးထုတ်လုပ်တဲ့တောင်သူ လယ်သမားတွေဟာ ဆင်းရဲကြပ်တည်းမှု မရှိသလောက်ပါဘဲ။
တရုတ်တောသားက ခရီးစတုန်းက ကိုယ့်နိုင်ငံက လူတွေကိုအံ့သြ ချီးကျူးသွားပြီး နောက်ပိုင်း ကျတော့ မြင်တာတွေ ကို ဒဲ့ပြောတော့တာဘဲ။ အဲ့ဒီတော့မှ ကျနော်လည်း ကိုယ့်အစိုးရက ကိုယ့်တောင်သူအပေါ် ထားရှိတဲ့ လုပ်ရပ်တွေကိုတစ်ခုချင်း ခွဲခြမ်း စိပ်ဖြာ တွေးမိပါတော့ တယ်။ ခေတ်တစ်လျှောက်လုံး ကုန်ဈေးနှုံ ကျ ဆင်းရေး တဲ့။ ဘာကုန်တွေ လည်းဆိုတော့ ဆန် ၊ ဆီ၊ ငရုတ် ၊ကြက်သွန် တွေပါ။ အဲ့ဒါတွေအား လုံးဟာ ကိုယ့်ဆီက တောင်သူလယ်သမားတွေ ဆီကထုတ်တဲ့ ကုန်ပစ္စည်းတွေပါ။ ဆန် ဈေးကျအောင်လုပ်တဲ့သူ ဆန်ဈေးတက်မှာကြောက်တဲ့သူ အဲ့ဒီလူကို ဝါခေါင်
တော်သလင်း လတွေမှာ တစ်ခေါက်လောက် လယ်ထဲကောက်စိုက် ဆင်းကြည့်စေချင်တယ်ဗျာ ....။
လက်ရှိသာမန်လူတွေ စားတဲ့ဆန်တပြည် ဘီယာ တပုလင်း မရပါဘူး။ တောင်သူ လယ်သမားတွေ စိုက်ပျိုးထုတ်လုပ်တဲ့ ဖရဲသီးကား လမ်းဖြတ်သန်းခ ကင်းလွတ်ခွင့်မပြောနဲ့ လက်ရှိ ရှိနေတဲ့ အလွန်ချောင်ချိ နေတဲ့ အမြန်လမ်းပေါ်မောင်းနှင်ခွင့် ကိုမရသေးပါဘူး။ အမြန်လမ်းဖောက်လုပ်ထားတာ ကုန်စည်စီးဆင်းမှု မြန်ဆန်ဖို့မပါဘူးလား အောက်မေ့ရပါတယ်။
နိုင်ငံခြားပို့ကုန် သစ်သီးတင်တဲ့ကားတွေ ၁၀၅ မိုင်မှာ အစစ်ဆေးခံဖို့ X Ray စက် ဖြတ်ရင် အခကြေးငွေ ပေးရသေးတယ်။ စစ်ဖို့တာဝန်ရှိတဲ့သူတွေက စစ်ဆေးတာကို အစစ်ဆေးခံ တဲ့ ကုန်ပစ္စည်းပိုင်ရှင်က စစ်ဆေးခ ပေးရသေးတယ် ။ ဒီဟာတွေကို ကျွန်တော်တို့ မြန်မာပြည်မှာဖြစ်နေတာ တရုတ်တောသားကို သွားမပြောပြရဲဘူး။ ဆရာကောင်းဆက်နိုင် စကားနဲ့ငှားပြောရရင် အံ့သြလွန်းပြီး သေသွားမှာစိုးလို့ပါ။ အဲ့ဒီတော့ လက်ရှိမြန်မာနိုင်ငံမှာ လုပ်နေတဲ့ ဆင်းရဲသားပပြောက်ရေး ဆိုတာဟာ တရုတ်တောသားလိုပဲ ဒဲ့ပြောရရင်တော့ ခါးတောင်းကျိုက်တစ်ခြား ဟိုဟာတစ်ခြားပါပဲဗျာ။ အနှစ်ချု ပ်ရရင်တော့ ကုန်စည်သယ်ယူပို့ဆောင်တဲ့လမ်းတွေ မကောင်းဘဲနဲ့တော့ တိုင်းပြည်
ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ပါးစပ်ကနေ နားရွက် နှစ်ဖက်ထိ ပြဲနေအောင် အော်နေလဲ အပိုပါဘဲ လို့ ကျနော်ကတော့ အခိုင်အမာပြောရဲပါတယ်ဗျာ........။

(လက်ရှိမြန်မာပြည်မှတင်ပို့သော ဖရဲသီးများ သတ်မှတ်ကုန်တန်ချိန်မကျော်လျှင် တရုတ်တစ်နိုင်ငံလုံးအတွင်း၌ မည်သည့်ကားမှ လမ်းဖြတ်သန်းခ ပေးဆောင်ရန်မလိုပါ။)
၂၁ ၁၁ ၂၀၁၅

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...