Tuesday, November 24, 2015

သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၁၁)

သစ်ထူးလွင်


Posted: 24 Nov 2015 07:17 AM PST
တိုက်ခိုက်မှုကို နည်းလမ်း ၃ မျိုးနဲ့ ပြုလုပ်ခဲ့ကြတယ်လို့ ဆို။ အီဂျစ်နိုင်ငံ၊ ဆိုင်းနိုင်း မြောက်ပိုင်းမှာ အသေခံ ဗုံးခွဲသမား နှစ်ယောက်နဲ့ သေနတ်သမား တစ်ယောက်တို့က ဟိုတယ် တစ်ခုကို ဝင်ရောက် တိုက်ခိုက်တဲ့အတွက် လူ ၄ ယောက် သေဆုံး ခဲ့တယ်လို့ အီဂျစ် အရာရှိတွေက ပြောပါတယ်။ el-Arish မြို့မှာ ရှိတဲ့ ဆွစ် ဟိုတယ်ကို တိုက်ခိုက် ခဲ့ကြတာ ဖြစ်ပြီး တိုက်ခိုက်သူ အားလုံး သေဆုံးခဲ့တယ်လို့ အီဂျစ် အရာရှိ တွေက ပြောပါတ
Posted: 24 Nov 2015 07:15 AM PST
 တူရကီနဲ့ ဆီးရီးယား နယ်စပ်မှာ တူရကီ တိုက်လေယာဉ်တွေက ရုရှား စစ်လေယာဉ် တစ်စီးကို ပစ်ချ လိုက်တယ်လို့ သိရပါတယ်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ဆီးရီးယား နယ်နိမိတ်ထဲမှာ ပျံနေတဲ့ Su-24 အမျိုးအစား ရုရှား စစ်လေယာဉ်ဟာ တူရကီ အက်ဖ် ၁၆ တိုက်လေယာဉ် တွေရဲ့ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်တွေ ထိမှန် ခဲ့တာလို့ ပြောပါတယ်။ ဒါပေမယ့် တူရကီ စစ်တပ် အရာရှိတွေကတော့ ရုရှား လေယာဉ်ဟာ တူရကီ လေပိုင်နက်ထဲ ဝင်ရောက် ခဲ့တဲ့အတွက် သတိေ
Posted: 24 Nov 2015 06:32 AM PST
 စစ်ရေး ပဋိပက္ခ ဖြစ်ပွါးနေဆဲဖြစ်တဲ့ မြောက်ပိုင်း ရှမ်းပြည် တပ်မတော် SSPP/SSA နဲ့ မြန်မာ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်း ကော်မီတီတို့ စစ်ရေးဖြေလျော့နိုင်ဖို့ တွေ့ဆုံဆွေးနွေးနေဆဲတချိန်ထဲမှာပဲ ရှမ်းပြည် နယ် မိုင်းရှူးမြို့ အတွင်း ဗုံးပေါက်ကွဲမှုတွေဖြစ်ပွါးခဲ့ပြီး လူနှစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် ရှမ်းလက်နက်ကိုင် အဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲတွေဖြစ်ပွါးနေ
Posted: 24 Nov 2015 06:29 AM PST
တူရကီနဲ့ဆီးရီးယား နှစ်နိုင်ငံကြားနယ်စပ်မှာ ရုရှား Su-24 တိုက်လေယာဉ် ပစ်ချခံရ (နိုဝင်ဘာ ၂၄၊ ၂၀၁၅)  တူရကီ နဲ့ ဆီးရီးယား နယ်စပ်မှာ ရုရှားတိုက်လေယာဉ်တစင်းကို တူရကီဘက်က ပစ်ချ လိုက်ပြီး၊ အဲဒီလေယာဉ်ဟာ သူတို့ရဲ့ လေပိုင်နက်ထဲကို ကျူးကျော် လာ တာကြောင့်ဖြစ်တယ်လို့ တူရကီအစိုးရက ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ ရုရှား ဘက်ကတော့ သူတို့လေယာဉ်ဟာ ဆီးရီယားနယ်နိမိတ်ထဲကနေ မထွက်သွားဘူးလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။
Posted: 24 Nov 2015 06:08 AM PST
 ပြင်သစ်လေယာဉ်တင်သင်္ဘော Charles de Gaulle ပေါ်ကနေ စစ်လေယာဉ်တွေနဲ့ အစ္စလမ်မစ်နိုင်ငံအုပ်စုကို လေကြောင်းတိုက်ခိုက်မှုတွေ စတင်နေပြီ ဖြစ်ပါတယ်။ အီရတ်နဲ့ ဆီးရီးယားနိုင်ငံ ရက်ကာအပါအ၀င် အိုင်အက်စ်တပ်ဖွဲ့တွေရဲ့ အမာခံစခန်းဌာနတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ပြင်သစ်စစ်ဘက်က ပြောပါတယ်။ မြေထဲပင်လယ် အရှေ့ပိုင်းမှာ အခုလို လေယာဉ်တင်သင်္ဘော တပ်စွဲပြီးတော့ စစ်ဆင်ထားတဲ့အတွက် အိုင်အက်စ်ကို တိုက်ခိုက်နေတဲ့ ပြင်သ
Posted: 24 Nov 2015 06:07 AM PST
 ရိုဟင်ဂျာများကို တိုင်းရင်းသားလူမျိုးအဖြစ် ပြက္ခဒိန်ရိုက်နှိပ်ဖော်ပြခဲ့သည့် ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းမှ လူငါးဦးအား ယနေ့ နိုဝင်ဘာ ၂၃ ရက်တွင် ပုစွန်တောင်မြို့နယ် တရားရုံးက ဒဏ်ငွေကျပ် ၁၀ သိန်းစီ အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။ အဆိုပါပြက္ခဒိန်ကို ပုံနှိပ်ထုတ်ဝေခဲ့သော ဦးဟုတ်ရွှေ (ခ) ဦးကျော်ကျော်ပါ ငါးဦးအား ပုစွန်တောင်မြို့မရဲစခန်းမှ ရဲမှူး ဦးခင်မောင်လတ်က တရားလိုပြုလုပ်ကာ တရားရုံးသို့ ဦးတိုက်လျှောက်
Posted: 24 Nov 2015 06:04 AM PST
 ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော မွေး/ရေ ၀န်ကြီး ဦးအုန်းမြင့်က အနိုင်ရ NLD ကိုယ်စားလှယ်လောင်း ဒေါ်အေးမြမြမျိုးနှင့်အဖွဲ့အား မတရားတားဆီးကန့်ကွက်မှုဖြင့် နိုဝင်ဘာ ၂၂ ရက်နေ့တွင် ကျောက်တန်းမြို့မရဲစခန်း၌ တိုင်ကြားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှတ်တမ်းအရ သိရသည်။ ဦးအုန်းမြင့်နှင့်အဖွဲ့သည် နိုဝင်ဘာ ၄ ရက်နေ့က ရွေးကောက်ပွဲနှင့်ပတ်သက်
Posted: 24 Nov 2015 05:32 AM PST
ရှရီနာဂါ ၊ ၂၄-၁၁-၂၀၁၅ ဟင်ဒူ ဘုရားဖူးများကို တင်ဆောင် လာသော ရဟတ်ယာဉ် တစ်စင်းသည် နိုဝင်ဘာ ၂၃ ရက်တွင် အိန္ဒိယနိုင်ငံက ထိန်းချုပ်ထားသော ကက်ရှ်မီးယား ဒေသ၌ ပျက်ကျခဲ့ရာ ရဟတ်ယာဉ် ပေါ်ပါ ခရီးသည် ခုနစ်ဦး စလုံးသေဆုံး ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြား ထားသည်။ ''ပုဂ္ဂလိက ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Himalayan Heli Services က ပိုင်ဆိုင်တဲ့ ရဟတ်ယာဉ် တစ်စင်းဟာ ဆန်ဂျီချက် ကနေ ကာထရာမြို့ ကိုပြန်လာစဉ် ဒေသ စံတော်ချိန် မွန်း
Posted: 24 Nov 2015 05:24 AM PST
ငှက်ဖျားရောဂါဖြစ်ပွားမှုကို ခုခံကာကွယ်နိုင်တဲ့ မျိုးဗီဇ ပြောင်းလဲထားတဲ့ ခြင်တွေကို အမေရိကန် သိပ္ပံပညာရှင်တွေက မွေးမြူထားတယ်လို့ သိရပါတယ်။ တကယ်လို့ ဓာတ်ခွဲစမ်းသပ်ချက် အောင်မြင်မယ်ဆိုရင် လူတွေကို ခြင်ကိုက်ရာက တဆင့် ကူးစက်နိုင်တဲ့ ငှက်ဖျားရောဂါကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းသစ် တစ်ခု ပေါ်ထွက်လာနိုင်မှာ ဖြစ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ Crispr လို့ ခေါ်တဲ့ မျိုးဗီဇ ပြုပြင်ပြောင်းလဲတဲ့ ဖြစ်စဉ်မှာ ခြ
Posted: 24 Nov 2015 05:24 AM PST
 မြောက်ကိုရီးယား kimchi ကင်မ်ချီး ပြုလုပ်မှုကို ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်အဖြစ် ဂုဏ်ပြု ပေးအပ်ဖို့ ကုလသမဂ္ဂက စီစဉ်နေတယ်လို့ သိရပါတယ်။ တောင်ကိုရီးယားက ပြုလုပ်တဲ့ မုန်လာထုပ်အချဉ် ပြုလုပ်မှုကိုလည်း ကုလသမဂ္ဂ၊ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO) က ဂုဏ်ပြုဆု ချီးမြှင့်ပေးအပ်ပြီး ဖြစ်ပါတယ်။ တောင်နဲ့ မြောက် ကိုရီးယားနှစ်နိုင်ငံ စလုံးက ပြုလုပ်တဲ့ ကင်မ်ချီးဟာ အရာသာရှိပြီး မြောက်ကိုရီးယား ကင်
Posted: 24 Nov 2015 05:15 AM PST
ဆင်ပေါင်ဝဲ နိုဝင်ဘာ ၂၄ ဆင်ပေါင်ဝဲမြို့နယ် ဇောင်းတန်းကြီး ကျေး ရွာအုပ်စု ဒင်းပုန်းကျေးရွာတွင် ယနေ့နံနက် (၁ဝ :၃၀ )နာရီက မီးစတင်လောင်ကျွမ်းရာ (၁၁:၃၀)နာရီတွင် မီးညွှန့်ကျိုးပြီး နေ့လည် (၁၂: ၀၀ )နာရီတွင် မီးလုံးဝ ငြိမ်းခဲ့ကြောင်း နှင့် ဖြစ်စဉ် မှာ ဒင်းပုန်းကျေးရွာနေ ဒေါ်တင်မြ (ဘ)ဦးညို အသက် (၈၀)နှစ် မှီခို၏ (၄ပင်x ၃ ပင်)သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ် မီး ကြွင်း မီးကျန်မှ စတင် မီးလောင်ကျွမ်းခြင်း
Posted: 24 Nov 2015 04:41 AM PST
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (အလယ်) (Credit: Reuters)  မြန်မာနိုင်ငံရဲ့ ​အခြေအနေ ​တည်ငြိမ်လာရင် ​အရပ်သား ​ဦးဆောင်တဲ့ ​အစိုးရကို ​အာဏာတွေ ​အာလုံး ​လွဲပေးနိုင်တယ်လို့ ​ဗိုလ်ချုပ်မှူးကြီး ​မင်းအောင်လှိုင်က ​ပြောပါတယ်။ ဝါရှင်တန် ​ပို့စ်က ​တနေ့ကျရင် ​အရပ်သား ​အစိုးရကို ​အာဏာ ​လွဲပြောင်းတာမျိုး ​လုပ်နိုင်မလားလို့ ​မေးတဲ့အခါ ​နိုင်ငံရေး ​အခြေအနေ ​တည်ငြိမ်ရင် ​လွဲပြောင်းပေးနိုင်တယ်လို့ ​ဖြေ
Posted: 24 Nov 2015 04:39 AM PST
သြစတြေးလျ ဝန်ကြီးချုပ် Malcolm Turnbull (Credit: AAP) သြစတြေးလျ ​ဝန်ကြီးချုပ်က ​နာရီပိုင်းအတွင်းတုန်းကပဲ ​လုံခြုံရေးနဲ့ ​ပတ်သက်ပြီး ​ပထမဆုံးအကြိမ် ​မိန့်ခွန်းပြောကြားခဲ့ပြီး ​IS ​အဖွဲ့ဟာ ​အားနွဲ့တဲ့ ​အဖွဲ့ ​ဖြစ်တယ်လို့ ​ပြောလိုက်ပါတယ်။ IS ​အဖွဲ့ရဲ့ ​လက်ထဲမှာ ​သေနတ်ထက် ​စမတ်ဖုန်းတွေက ​ပိုများနေသလို ​စစ်သားဦးရေထက် ​တွစ်တာ ​လူမှုကွန်ယက်အကောင့်က ​ပိုများနေတဲ့ ​အဖွဲ့ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။ အဲဒီ
Posted: 24 Nov 2015 04:23 AM PST
 နိုဝင်ဘာလ ၂၄ ရက် ၂၀၁၅  သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့တွင် နိုဝင်ဘာလ ၂၄ ရက်ယနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွါးရာ ဒေသခံလူငယ် ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နမ့်စန်မြို့ နယ် ခိုလမ်မြို့ သို့ပို့ဆောင်ဆေးကုထားရကြောင်း စုံစမ်းသိရှိရသည်။ မိုင်းရှူးမြို့မှ တန့်ယန်းသို့အထွက်လမ်း မိုင်းရှူးမြို့ပြင်ရှိ ခိုစူမ် ဟူသည့်နေ ရာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး လမ်းသွားလမ်းလာ ဒေသခံ ၂ ဦး
Posted: 24 Nov 2015 04:23 AM PST
 နိုဝင်ဘာလ ၂၄ ရက် ၂၀၁၅  သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် အတွင်းရှိ စစ်ဘေးရှောင်းလူထုအား သွားရောက်ကူညီပံ့ပိုးမည့် စေတနာရှင်အဖွဲ့အား တံတားစောင့်အစိုးရ တာဝန်ကျ တပ်မတော် စစ်ဗိုလ်က သုံးနာရီကျော်ကြာ တာဆီးခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ၂၃ ရက်က စစ်ပြေး ဒုက္ခသည်များအားအ၀တ်အစားနှင့် စာသောက်ဖွယ်ရာများ သွားရောက် ကူညီထောက်ပံ့ပေးမည့် ကမ္ဘောဇ နှင့် နမ့်ခုံးပရဟိတအဖွဲ့ များကို လဲချားမြို့ မတ်လန်းရွာ နမ့်တိန်း
Posted: 24 Nov 2015 04:52 AM PST
 နယ်ခြားစောင့်တပ်သားတစ်ဦး နိုဝင်ဘာ၂၄ ရက်၊ ၂၀၁၅ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ တတန်ကူးကျေးရွာအုပ်စု၊ ပျားပင်ကွင်းကျေးရွာ အနောက်ဘက်၊ ဖက်ကျွတ်ကုန်းဒေသတွင် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်-BGF တပ်ရင်း (၁၀၁၉)၊ (၁၀၂၀) နှင့် ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်-DKBA မှ ထုတ်ပယ်ခံထားရသည့် ဗိုလ်နားမကြားအဖွဲ့တို့ ယမန်နေ့ နှင့် ယနေ့ အစောပိုင်းတွင် လက်နက်ကြီး လက်နက်ငယ်များနှင့် အပြန်အလှန်ပစ်ခတ်
Posted: 24 Nov 2015 04:07 AM PST
 မန္တလေးမြို့မဟာအောင်မြေမြို့နယ် ၆၂လမ်းမကြီးပေါ်ရှိ လူထုဟစ်တိုင်းကွင်းတွင် မန္တလေးရှမ်းတိုင်ရင်းသားများဦးဆောင်၍ လူအင်အား ၇၅ယောက်တို့ဖြင့် စစ်ပွဲများချက်ချင်းရပ်ဟူသော ဟစ်ကြွေးသံများနှင့်အတူ နံနက် ၁၀ နာရီအချိန်ခန့်ကဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။ “ကျွန်တော်တို့ အခုလိုစစ်ပွဲများ ရပ်တန့်ပေးစေရန် ဆန္ဒပြတောင်းဆိုရသည့် ရည်ရွယ်ချက်ကတော့ အခုလက်ရှိဖြစ်ပျက်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှလူတွေ မသေသင့်ဘဲ ၂
Posted: 24 Nov 2015 06:26 AM PST
ကန်-လက်ထောက်ဝန်ကြီး ကာချုပ်နဲ့တွေ့ဆုံ။ နိုဝင်ဘာ ၂၄၊ ၂၀၁၅။  မြန်မာနိုင်ငံမှာရောက်နေတဲ့ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel ဟာ ဒီကနေ့ နေပြည်တော်မှာ သမ္မတဦသိန်းစိန်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၊ တပ်မတော် ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ နဲ့ သီးခြားစီတွေ့ဆုံခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်နဲ့တွေ့။ သမ္မတဦးသိန်းစိန် အပါအ၀င် အစိုးရထိ
Posted: 24 Nov 2015 04:05 AM PST
 တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖေ့စ်ဘုတ် လူမှုကွန်ရက်တွင် သရော်ခဲ့သည့်အတွက် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆( ဃ) ၊ အသရေဖျက်မှု ပုဒ်မ ၅၀၀ တို့ဖြင့် တရားစွဲဆိုခံထားရသော မချောစန္ဒီထွန်း (ခေါ်) ချစ်သမီးကို နိုဝင်ဘာ ၂၄ ရက် က မအူပင်မြို့နယ် တရားရုံးတွင် စတုတ္ထအကြိမ် ရုံးထုတ်ခဲ့ပြီး အာမခံလျှောက်ထားမှုကို ထပ်မံ ပလပ်ခါ နိုဝင်ဘာ ၃၀ ရက်တွင် ပဉ္စမအကြိမ်ရုံးချိန်းကို ထပ်မံချိန်းဆိုထားေ
Posted: 24 Nov 2015 04:05 AM PST
 ကချင်ပြည်နယ်၊ ဖားကန့်ဒေသနှင့် လေးမိုင်အကွာရှိ တောင်ဖက်ချောင်းနှင့် မန့်ချောင်းကြားတွင် ရှိသည့် ကျောက်မှော် စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် လူသေဆုံးမှုမှာ နိုဝင်ဘာလ ၂၄ ရက် နံက်ပိုင်းတွင် ၁၁၅ ဦး ရှိလာပြီဖြစ်ပြီး ဖားကန့်ဒေသတွင် ငါးနှစ်အတွင်း လူသေဆုံးမှု အများဆုံးဖြစ်ကြောင်း ဖားကန့် ဒေသခံများထံမှ သိရှိရသည်။ ဖားကန့်ဒေသတွင် နှစ်စဉ် မိုးရာသီနှင့် ဆောင်းရာသီ ကာလများတွင် မြေပြိုကျမှု များကြောင့် လူသေ
Posted: 24 Nov 2015 03:49 AM PST
 ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းတွင်းမှာ စနေနေ့မနက် အစောပိုင်း က မြေပြိုကျတာကနေ အသက်မသေ လွတ်မြောက်သူတွေကို စစ်တပ်၊ ရဲနဲ့ လုပ်အားပေးတွေက ဒီကနေ့ ဆက်ရှာနေကြပါတယ်။ အဲ့ဒီမြေပြိုမှုကြောင့် သေဆုံးသူ အရေအတွက်ဟာ အခုချိန်ထိဆိုရင် ၁၁၃ ယောက်ထက်မနည်း ရှိပြီး နောက်ထပ် ၁၀၀ ကျော်က ပျောက်နေတုန်းပါပဲ။ မြေစာပုံပြိုကျတဲ့သတင်းကို ဆက်လက်နားစွင့်နေပြီး ကွယ်လွန်သွားသူတွေ၊ သူတို့ရဲ့မိသားစုဝင်တွေ၊ ကချင်ပြည်သူတွေနဲ့ထပ်
Posted: 24 Nov 2015 03:44 AM PST
ရုရှား လေတပ်၏ SU-24M စစ်လေယာဉ် အား တွေ့ရစဉ် (ဆင်ဟွာ)     အန်ကာရာ၊ ဒမာစကတ်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)     တူရကီ လေပိုင်နက်သို့ ကျူးကျော် ဝင်ရောက်လာသည့် တိုက်လေယာဉ် တစ်စင်းအား တူရကီ နယ်စပ် ဆီးရီးယား ဘက်ခြမ်း၌ နိုဝင်ဘာလ ၂၄ ရက်၌ ပစ်ချလိုက်ကြောင်း တူရကီ စစ်တပ် သတင်း ရင်းမြစ်အား ကိုးကား၍ တူရကီ ပုဂ္ဂလိက သတင်းဋ္ဌာန NTV သတင်း ချန်နယ်တွင် ဖော်ပြထားသည်။ အဆိုပါ လေယာဉ်သည် မည်သည့် နိုင်ငံက ပိုင်ဆိုင်ကြောင်း
Posted: 23 Nov 2015 07:07 PM PST
Belgium လုံခြုံရေးတပ်ဖွဲ့ဝင်များ ပြင်သစ်နိုင်ငံ ပဲရစ်မြို့အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင် ပတ်သက်ခဲ့သူကို ကူညီ ရှာဖွေပေးဖို့ Belgium အစိုးရက သူတို့ထံ တရားဝင် မေတ္တာရပ်ခံခဲ့တယ်လို့ မော်ရိုကိုအာဏာပိုင်တွေက ပြောပါတယ်။ ဒီအတောအတွင်း ထွက်ပြေးနေတဲ့ အကြမ်းဖက်သမားတွေကို Belgium အစိုးရက လိုက်လံ ရှာဖွေနေတာမှာ Brussels မြို့ ၀င်ပေါက် ထွက်ပေါက်တွေပါပိတ်ပြီး ပိုက်စိပ်တိုက် လိုက်လံရှာဖွေနေပါတယ်။ အကြမ်းဖက် တို
Posted: 23 Nov 2015 07:04 PM PST
ဒုက္ခရောက်နေတဲ့ လူတွေကို အကူအညီပေးနေတဲ့ ကူညီကယ်ဆယ်ရေးသမား (Credit: AFP)   အီသီယိုးပီးယားနိုင်ငံမှာ ​El ​Nino ​ရာသီဥတုဖြစ်စဉ်နဲ့ ​ဆက်စပ်တဲ့ ​ရေကြီးမှုကြောင့် ​လူပေါင်း ​တစ်သိန်းကျော် ​ရွေးပြောင်းနေထိုင်မှုတွေ ​ကြုံရနိုင်တယ်လို့ ​ကုလသမဂ္ဂက ​ပြောပါတယ်။ အီသီယိုးပီးယားနိုင်ငံမှာ ​လူပေါင်း ​၈ ​သန်းကျော် ​အစာ ​ရေစာ ​မလုံလောက်မှုတွေနဲ့ ​ကြုံနေရတုန်း ​ရေကြီးမှု ​ဖြစ်နေတဲ့အတွက် ​ထပ်မံဒုက္ခရောက်နေရတာပါ။ အယ်လ်
Posted: 23 Nov 2015 06:48 PM PST
Kurdish စစ်သားများ (Credit: Reuters)   ဆီးရီးယားနိုင်ငံက ​Kurdish ​လူမျိုး ​လက်နက်ကိုင် ​တပ်ဖွဲ့တွေက ​ဆီးရီးယားနိုင်ငံ ​Hasakah ​တိုက်ပွဲမှာ ​IS ​အပေါ် ​အနိုင်ရရှိနေပြီလို့ ​ပြောပါတယ်။ အမေရိကန်က ​ဦးဆောင်တဲ့ ​မဟာမိတ် ​လေတပ်က ​ဝေဟင်ကနေ ​ကူညီတိုက်ခိုက်ပေးနေတာ ​ဖြစ်တယ်လို့လည်း ​Kurdish ​အဖွဲ့က ​ပြောပါတယ်။ Kurdish ​တပ်ဟာ ​Syrian ​Democratic ​Forces ​လို့ခေါ်တဲ့ ​ဆီးရီးယား ​အစိုးရကို ​ဆန့်ကျင်တဲ့ 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...