Thursday, January 31, 2013

ဆရာလွတ် အင်္ဂလိပ်စာရေးနည်း စာအုပ်များ


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay - Letter(၁) - ဦးအောင်ဟိန်းကျော်

http://www.mediafire.com/?m6ckn27qcvrvrnn


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း (၂) - ဦးအောင်ဟိန်းကျော်
http://www.mediafire.com/?d5i7820p1bbp9b3

“အာဆင်းနစ်များနေသောရေကို လူတစ်သန်းခန့် သုံးစွဲနေရ”


မြန်မာနိုင်ငံရှိ လူဦးရေ ၁ ဒသမ ၁ သန်း ခန့်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ သတ်မှတ်ချက်ဖြစ်
သော အာဆင်းနစ်ဓာတ် အများဆုံးပါဝင်မှု ပမာဏထက် ကျော်လွန်သော ရေများကို သုံးစွဲနေကြရ
သည်ဟု ၂၀၀၄ ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိ ပြုလုပ်ခဲ့သော အာဆင်းနစ် အန္တရာယ် လျော့ပါးရေးအစီ
အစဉ်အရ သိရသည်။

ကွန်ပြူတာဗေဒင်

အူတက်အောင်ရီရသောဟာသများနဲ့အခြား's photo.
  • ကွန်ပြူတာဗေဒင်

ဦးဘမောင် သည် ရန်ကုန်လေဆိပ် တွင် သူစီးရမည့် လေယာဉ်ကိုစောင့်နေ၏။

ဘာရယ်ညာရယ်မဟုတ်ပဲ မျက်စိကစားရင်း  ပေါင်ချိန်ပီး ဗေဒင်ဟောသည့် ကွန်ပြူတာတစ်လုံးကို သွားတွေ့လေသည်။

သို့နှင့် ငွေအကြွေစေ့ တစ်စေ့ကို..ကောင်တာမှ လဲပီး ကွန်ပြူတာဆီသို့ သွားကာ  စက်ထဲသို့ထဲ့လိုက်၏။

" ခင်ဗျားရဲ့ ကိုယ်အလေးချိန်က ၁၅၅ ပေါင်ရှိပါတယ်။အိမ်ထောင်သည်တစ်ဦးဖြစ်ပီး အခုတရုတ်ပြည် ပီကင်းကိုသွားမှာဖြစ်ပါတယ်။

သမီးမိန်းကလေးကလေးနှစ်ဦးရှိပါတယ်။တယောက်နဲ့တစ်ယောက် အသက်နှစ်နှစ်ကွာပါတယ်။ခင်ဗျားသမီးအကြီးက အသက် ၁၄နှစ်ဖြစ်ပါတယ်။"

ဦးဘမောင်လည်း တအံတသြနှင့် ကြောင်ပီးရပ်နေမိ၏။ပြောသမျှအားလုံးမှန်နေသည်ကိုး။

ထို့နောက် အခြားလူတစ်ယောက်ရောက်လာပီး သူ့လိုပင် ကွန်ပြူတာစက် ထဲ သို့ ပိုက်ဆံထည့်လိုက်သည်။

ထို်အခါကွန်ပြူတာမှ စာသားများပေါ်လာ၏။

" ခင်ဗျားရဲ့ကိုယ်အလေးချိန်က ၁၈၆ ပေါင်ရှိပါတယ်။ခင်ဗျားဟာ မိန်းမနဲ့ ကွာရှင်းထားသူဖြစ်ပါတယ်။

ပြီးတော့ သြစတြေးလျားနိုင်ငံ ဆစ်ဒန်ီမြို့ကို ခရီးထွက်မဲ့သူ ...ဖြစ်ပါတယ်။ခင်ဗျား ခုထွက်တဲ့ခရီးဟာ ငွေချေးဖို့ သွားရန်ဖြစ်ပါတယ်။ "

ဦးဘမောင်လည်း ထိုသူကိုမေးကြည့်၏။

" ခင်ဗျားက မိန်းမနဲ့ကွာရှင်းထားတယ်။ဆစ်ဒန်ီသွားမလို့တဲ့  ဟုတ်လားဗျ "

ထိုသူက.." .ဟုတ်ပါတယ်ခင်ဗျာ "

ဦးဘမောင်အကြီးအကျယ်အံအားသင့်သွား၏။

ဒီလောက်မှန်လွန်းနေတာတော့လွန်ပီဟုစိတ်ထဲတွင်လည်း ဖြစ်ပေါ်မိ၏။

ထို့နောက်အမျိုးသားနားနေခန်းသို့ သွားကာ အ၀တ်အစားများကို သေချာလဲလိုက်၏။

မျက်မှန်အနက်ကိုလည်းတပ်လိုက်၏။ရှူးဖိနပ်များကိုလည်းပြောင်းစီး၏။

ပီးမှ ကွန်ပြူတာစက်ဆီသို့ တခေါက်ပြန်လာပီး ပိုက်ဆံထည့်ကာ မေးလိုက်၏။

ကွန်ပြူတာစက်က ပြန်ဖြေသည်မှာ......

" ခင်ဗျားရဲ့ကိုယ်အလေးချိန်ဟာ ၁၅၅ ပေါင်ရှိတုန်းပါပဲ ။အိမ်ထောင်ရှင်တစ်ယောက်လည်းဖြစ်တုန်းပဲ။ပြီးတော့

တရုတ်ပြည်ပီကင်းမြို့ ကိုသွားမဲ့ လေယာဉ်နဲ့ ခင်ဗျား လွဲသွားပီး ဒီလေဆိပ်မှာ ကျန်ခဲ့လိမ့်မယ်..."..ဟူသတည်း။

တိန်


ရီမောပျော်ရွှင်ပါစေ

Lon Ely........
     
    ဦးဘမောင် သည် ရန်ကုန်လေဆိပ် တွင် သူစီးရမည့် လေယာဉ်ကိုစောင့်နေ၏။
    ဘာရယ်ညာရယ်မဟုတ်ပဲ မျက်စိကစားရင်း ပေါင်ချိန်ပီး ဗေဒင်ဟောသည့် ကွန်ပြူတာတစ်လုံးကို သွားတွေ့လေသည်။

2013 ရဲ့ အကောင်းဆုံး Antivirus Software ၁၀ မျိုး

8:16:00 am  အောင်အောင်(မကစ)  
ကျွန်တော်တို့ရဲ့ Computer , Network , Personal Information တွေကို နှောက်ယှက်ဖျက်စီးနေတဲ့ virus တွေက တနေ့ တနေ့ကို မရေမတွက်နိုင်အောင် များပြားလွန်းလှပါတယ်။ တစ်ချို့ကလဲ Target တစ်ခုအတွက် ရည်ရွယ်ရေးသားကြသလို ၊ တချို့ကလဲ မိမိရဲ့ Skill ကို စမ်းသပ်တဲ့အနေနဲ့ အပြုသဘော မျိုး ရေးသားကြတယ် ။

မောင်ငယ်နှင့် ပျောက်ဆုံးသော အနာဂတ်


အိမ်နီးချင်း မိသားစု တစ်ခုမှာ အခင်မင်ရင်းနှီးဆုံး သူငယ်ချင်း လင်းထိန် အမည်ရ လူငယ် တစ်ဦး ရှိပါတယ်။ နေထိုင်တာက နယ်မြို့ လေး တစ်ခုဆိုတော့ ခေတ်မှီဖွံ့ဖြိုးတိုးတက်မှု သိပ်မရှိပါဘူး။ လင်းထိန် က စာတော်ပါတယ်။ စာတော်ဆိုလို့ စာမှာ အမှတ်ပြည့်ရသူတော့ မဟုတ်ပါဘူး။

01.02.2013 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Thursday, January 31, 2013 at 4:28pm ·
မြန်မာ့ပြုပြင်ပြောင်းလဲရေး HRW စိုးရိမ်

Human Rights Watch Logo
မြန်မာနိုင်ငံရဲ့ ရှေ့ဆက်သွားနေ တဲ့ ပြုပြင်ပြောင်းလဲရေးတွေ အပေါ်မှာ စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်လေ့ လာရေး အဖွဲ့ကြီးက ပြောလိုက် ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေဟာ နိုင်ငံတကာရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်းသွားစေရုံလောက်ပဲ လုပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေအဖြစ် မြင်တယ်လို့

သမ္မတ ဦးသိန်းစိန် ရေဒီယို မိန့်ခွန်းပြောကြား

Nay Zaw and UZa Wana shared DVB TV News's photo.
သမ္မတ ဦးသိန်းစိန် ရေဒီယို မိန့်ခွန်းပြောကြား

၁ ဖေဖော်ဝါရီ ၂၀၁၃

မိဘပြည်သူများခင်ဗျား-

နှစ်သစ်ကူးမိန့်ခွန်းမှာ ရေဒီယိုကနေတစ်ဆင့် ကျွန်တော်တို့အစိုးရရဲ့ မူဝါဒများ၊ လုပ်ဆောင်ချက်များကို အခါအခွင့် သင့်တိုင်းဆက်သွယ် ပြောကြားသွားမယ်လို့ ပြောကြားခဲ့တဲ့ အတိုင်း ယခုလို ဆက်သွယ် ပြောကြားခြင်း ဖြစ်ပါတယ်။

ကျွန်တော်တို့အခုရောက်နေတဲ့ နေရာကနေ ပြန်လှည့်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ အစိုးရသက်တမ်း နှစ်နှစ် အတွင်းမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေများစွာ ပြုလုပ်နိုင်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကတစ်ဆင့် အောက်ခြေအဆင့်ပြည်သူလူထုအားလုံးအထိ သက်ရောက်မှု ရှိစေမယ့် ပြည်သူ့ဗဟိုပြု စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိ ပါတယ်။

၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့အတွက် အရေးကြီးတဲ့ အောင်ဆန်း-အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့ပြီး သမိုင်းဝင်နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ ၂ဝ၁၃ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ ဟာလည်း နိုင်ငံတကာချေးငွေများလျှော့ချနိုင်မှုနှင့် တိုက်တိုက်ဆိုင်ဆိုင် မြန်မာနိုင်ငံစီးပွားရေးသမိုင်းမှာ အရေးပါတဲ့ နေ့တစ်နေ့အဖြစ် မှတ်တမ်းတင် ကျန်ရစ်နေမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံတကာငွေကြေးဈေးကွက်များနှင့် စီးပွားရေး အသိုက်အဝန်းထဲကို ပြန်လည် ဝင်ရောက် နိုင်ဖို့ အရေးကြီးတဲ့ ခြေလှမ်းသစ်တစ်ခုကို စတင်နိုင်ခဲ့ လို့ပဲဖြစ် ပါတယ်။ လက်ရှိ ဖွံ့ဖြိုး တိုးတက်နေတဲ့ နိုင်ငံများဟာ တစ်ချိန်က ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကဲ့သို့ နိုင်ငံတကာ ဘဏ်များ၊ အဖွဲ့များမှ ငွေကြေးအကူအညီရယူခဲ့ရပါတယ်။ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတိုင်းနီးပါးဟာ သန်းထောင် ပေါင်းများစွာသော ငွေကြေးအကူအညီကို ရယူခဲ့ရပါတယ်။ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံကဲ့သို့ နိုင်ငံကြီးများ၊ တောင်ကိုရီးယားနိုင်ငံ၊ အရှေ့တောင်အာရှနိုင်ငံများဖြစ်တဲ့ အိမ်နီးချင်းထိုင်းနိုင်ငံ၊ မလေးရှား နိုင်ငံ တို့ဟာလည်း ငွေကြေးအကူအညီများကို ရယူခဲ့ရပါတယ်။ အထီးကျန်ဆန်တဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ဒီလို အကူအညီတွေမရနိုင်သလို ရှေ့ကိုတိုးတက်ဖို့လည်း အလွန်ခက်ခဲမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံ ဟာ (၁ဝ)စုနှစ်များစွာ စီးပွားရေးပိတ်ဆို့မှုတွေကြောင့်နိုင်ငံတကာချေးငွေ အကူအညီများ ရယူ နိုင်ခဲ့ခြင်း မရှိခဲ့ ပါဘူး။

ယခုအခါမှာ ကျွန်တော်တို့နဲ့ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်း အားထုတ်မှုတွေကြောင့် အခြေအနေတွေကို ပြောင်းလဲ နိုင်ခဲ့ပြီဖြစ် ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးတိုးတက်မှုဘဏ်အပါအဝင် နိုင်ငံတကာ ချေးငွေအကူအညီအတွက် အရေးကြီးတဲ့ နိုင်ငံကြီးများနှင့်လည်း ညှိနှိုင်းမှုများကို အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်က တင်ကျန်ခဲ့တဲ့ နိုင်ငံတတကာကြွေးမြီများထဲမှ ဒေါ်လာ သန်းပေါင်း ခြောက်ထောင်ကျော်ကိုလည်း ဖြေလျော့နိုင်အောင် ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ပြီဆိုတဲ့ သတင်း ကောင်းကိုလည်းပြောကြားလိုပါတယ်။ ယခုလို အရေးကြီးတဲ့အချိန်အခါမှာ မိတ်ဆွေကောင်း ဖြစ်ကြောင်း ပြသခဲ့တဲ့ နော်ဝေနိုင်ငံနဲ့ ဂျပန်နိုင်ငံအပါအဝင် ပဲရစ်ကလပ်အဖွဲ့ဝင်နိုင်ငံများရဲ့ အကူ အညီ များကို ပြန်လည်ရရှိနိုင်ပြီဖြစ်ပါတယ်။

ဒီလိုရရှိနိုင်မယ့် သန်းပေါင်းများစွာသော ရန်ပုံငွေတွေကို ကမ္ဘာ့နိုင်ငံများအလယ်မှာ တာဝန်သိတဲ့၊ ဂုဏ်သက္ခာ ရှိတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်ဖို့၊ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးဖို့အတွက် ဆင်းရဲ နွမ်းပါးမှု လျှော့ချဖို့၊ အရေးကြီးတဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ လမ်းတံတားတွေ ဆောက်ဖို့၊ လျှပ်စစ် ဓာတ်အားတွေ ထုတ်လုပ်ဖို့နဲ့ ရေကောင်းရေသန့်တွေ ရရှိနိုင်ဖို့ အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ ယခုလိုဆောင်ရွက်ခဲ့ မှုများဟာ ပထမအကြိမ်ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ကျွန်တော် ပြောကြား ခဲ့သည့် အဆင်းရဲဆုံးLDC နိုင်ငံများစာရင်းမှ ရုန်ထွက်နိုင်အောင် ဆောင်ရွက်မည်ဆိုတဲ့ ကိစ္စ ရပ်နှင့် ပတ်သက်၍ ပထမခြေလှမ်းအဖြစ် ရရှိနေပြီဖြစ်တဲ့တိုးတက်မှုဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရအနေနဲ့ ရရှိလာမယ့် နိုင်ငံတကာ ချေးငွေ အကူအညီတွေကို ပြည်သူ့အ ကျိုး စီးပွား အတွက် ပွင့်လင်းမြင်သာမှုရှိရှိ အသုံးပြုသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ မြန်မာနိုင်ငံ စီးပွားရေး ခေတ်သစ်တစ်ခုကို ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဦးမော့လာစေဖို့နဲ့ ဆင်းရဲမှုလျှော့ချရေးတွေမှာ အလွန်အရေးပါတဲ့ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများကိုလည်းအားပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများကို မြေတောင် မြှောက်ပေးနိုင်ဖို့အတွက် အသေးစားနဲ့ အလတ်စား စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီတို့ကိုလည်း ဖွဲ့စည်း ခဲ့ပါတယ်။ အသေးစားနဲ့ အလတ်စားလုပ်ငန်းများအတွက် လိုအပ်မယ့်နည်းပညာ၊ အရင်းအနှီး၊ အကြံ ဉာဏ်တွေကို နိုင်ငံ တကာက လုပ်ငန်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်မှုများ စတင်နေပြီဖြစ်ပါတယ်။ ယခုလည်း လိုအပ် သော ချေးငွေများကို အသေးစား၊ အလတ်စား စက်မှုဖွံ့ဖြိုးရေးဘဏ်မှ စတင်ထုတ်ချေးမှုများ ပြုလုပ်ပေး နေပြီဖြစ်ပါ တယ်။ တစ်စတစ်စပိုပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆောင်ရွက် သွားမှာဖြစ် ပါတယ်။ ထိုအတူမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ငွေကြေးနှင့် လိုအပ်သော အထောက် အပံ့များ ရရှိစေရန် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ၁၉-၁-၂ဝ၁၃ ရက်နေ့မှာ နိုင်ငံတကာအဖွဲ့အစည်းများ၊နိုင်ငံခြားရင်းနှီးမြှပ်နှံမှုလုပ်ငန်းရှင်များကို ဖိတ်ခေါ်ပြီး အစိုးရအဖွဲ့နဲ့အတူပြည်တွင်းပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များပါဝင်တဲ့ ပထမ အကြိမ်မြန်မာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ကျင်းပနိုင်ခဲ့ပြီးစီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဘောင်နဲ့ ပတ်သက်လို့ ဝိုင်းဝန်းဆွေးနွေးအကြံဉာဏ်များ ရယူနိုင်ခဲ့ပါတယ်။ ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးထိရောက်ဖို့အတွက် နေပြည်တော် သဘောတူညီချက်ကိုလည်း သဘောတူ လက်မှတ် ရေးထိုးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ကျွန်တော်တို့အစိုးရအနေနဲ့ ဆင်းရဲမှုလျှော့ချရေးနဲ့ပတ်သက်လို့ အကောင်အထည်ဖော်နေတဲ့ ကိစ္စတွေ လည်းရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ရှိတဲ့ ပြည်သူအများစုဟာ စားဝတ်နေရေးအတွက် တစ် ဘဝလုံး ပင်ပန်ကြီးစွာ ရုန်းကန်ဆောင်ရွက်ကြရပါတယ်။ ဒါပေမယ့် မိမိနဲ့ မိမိရဲ့ မိသားစုကို နွေးထွေး လုံခြုံ စေမယ့် ကိုယ်ပိုင်အိတ်တစ်လုံးကိုယ်တောင်မှ မပိုင်ဆိုင်နိုင်ဘဲ ခိျု့တဲ့စွာ နေထိုင်ရတဲ့ အခြေ အနေမျိုး တွေရှိ ပါတယ်။ ဒီလိုအိမ်ပိုင်ယာပိုင်မရှိတဲ့ အခြေအနေမျိုးတွေကို လွန်မြောက်စေဖို့အတွက် တန်းဖိုးနည်း အိမ်ရာ စီမံကိန်း များကိုလည်း ရန်ကုန်မြို့တစ်ဝိုက်မှာ စတင်စီမံဆောင်ရွက်နေပြီဖြစ်ပါတယ်။ တခြား ပြည်နယ်နဲ့ တခြား မြို့နယ်များမှာလည်း တန်းဖိုးနည်းအိမ်ရာမျာကို ဆက်လက်ဖော်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရဲ့ အဓိကလုပ်သားအင်အားအများစုဖြစ်တဲ့ တောင်သူ လယ်သမား များကိုလည်း အမတော်ကြေး စိုက်ပျိုးစရိတ် လယ်တစ်ဧကကို ကျပ် ၈ဝဝဝဝ ကနေ ကျပ် ၁ဝဝဝဝဝ နှုန်းအထိ တိုးမြှင့်ထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ယာတစ်ဧကကိုလည်း ကျပ် ၁ဝဝဝဝ ကနေ ကျပ် ၂ဝဝဝဝ နှုန်းအထိ တိုးမြှင့်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီလိုတိုးမြှင့်ပေးနိုင်ခဲ့ပေမယ့်လည်း အမှန် တကယ် လိုအပ်မည့် စိုက်ပျိုး စရိတ်အတွက် ပြည့်မီနိုင်ခြင်းမရှိတာကိုသတိပြုမိပါတယ်။ တည်ဆဲဥပဒေများအရ လယ်ယာ မြေပိုင် ဆိုင်ခွင့်များကို ခွင့်ပြုထားပြီဖြစ်တဲ့အလျှောက်မိမိတို့ရဲ့လယ်ယာမြေများကို အာမခံထား၍ လိုအပ်တဲ့ စိုက်ပျိုး စရိတ်အရင်းအနှီးများချေးယူစုဆောင်းနိုင်တဲ့ အခွင့်အလမ်းများ ရရှိစေရန် လယ်ယာမြေ ပိုင်ဆိုင်မှု မှတ်ပုံတင် လုပ်ငန်းကို ဆောင်ရွက်နေပြီဖြစ်ပါတယ်။

လယ်ယာမြေလုပ်ကိုင်သူ လယ်သမားထုကြီးကို မိမိအနေနဲ့ တိုက်တွန်းလိုတာကတော့ လည်း ပွင့်လင်း လွတ်လပ်လာတဲ့ ဈေးကွက်နှင့် လိုက်လျောညီထွေရှိမည့် ငွေကြေးစီမံခန့်ခွဲမှု နည်းလမ်းသစ်များနှင့် အခွင့် အလမ်းတွေကို အမိအရဆုပ်ကိုင်ကြိုးပမ်းလုပ်ကိုင်ကြရန်ဖြစ်ပါတယ်။မိမိတို့၏ အဓိက ကုန်ထုတ် အရင်း အနှီး ဖြစ်တဲ့လယ်ယာမြေများ တန်ဖိုးမြင့်တက်လာရန်လည်း မိမိတို့၏ လယ်မြေများကို

ပြုပြင်ကြစေလိုပါတယ်။ ရေတိုစီမံခန့်ခွဲမှုများဖြင့် မိမိတို့၏ ကုန်ထုတ်အရင်းအနှီးဖြစ်တဲ့ လယ်မြေများ ဆုံးရှုံးမှု မရှိရန်ကိုလည်း သတိပြုဆောင်ရွက်ကြရန် တိုက်တွန်းလိုပါတယ်။ တစ်ဆက် တည်းမှာပင် လယ်ယာကဏ္ဍကို ဈေးကွက်စီးပွားရေးစနစ် နှင့်အညီ တိုးတက်စေမယ့် ခေတ်မီ လယ်ယာ စိုက်ပျိုးရေး စနစ်သို့ တက်လှမ်းနိုင်ရန် ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။

ယခုနိုင်ငံရေးဖြစ်ထွန်းမှုဟာ အစိုးရ၊ လွှတ်တော် ၊ တက်မတော်၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ ပြည်သူ လူထုအားလုံးက ကဏ္ဍအသီးသီးကနေ အားလုံးပူးပေါင်းဆောင်ရွက်မှုတွေကြောင့်ဆိုတာ ငြင်းလို့မရပါဘူး။ ဒီမိုကရေစီ ဆိုတာ ဟာ ရွေးကောက်ပွဲတွေကျင်းပရုံနဲ့ မလုံလောက်ပါဘူး။ အသိ အမြင်ကြွယ်ဝတဲ့ ပြည်သူ လူထုတစ်ရပ်လုံးက ပြည်သူတို့ဘဝအတွက် ရွေးချယ်မှုတွေကို ဖိနှိပ်မှု၊ ချုပ်ချယ်မှု တွေမရှိဘဲ ဆုံးဖြတ် နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ သိပ်သည်းကျစ်လျစ်၍ စည်းကမ်းရှိတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ပေါ်ပေါက် လာဖို့လည်း အလွန်အရေးကြီးပါတယ်။

ကျွန်တော်တို့ အစိုးရရဲ့ ရည်မှန်းချက်ကတော့ ခေတ်အဆက်ဆက်မှာအရေးပါတဲ့ အခန်းကဏ္ဍမှာရှိခဲ့တဲ့ အရပ်ဘက် လူအဖွဲ့အစည်းတွေ အားကောင်းလာဖို့က နိုင်ငံသား တစ်ဦးချင်းစီမှာပဲ လည်း တာဝန်ရှိ ပါတယ်။ ကျွန်တော်အနေနဲ့အားလုံး ပူးပေါင်းပါဝင်တဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဉ်တစ်ခု စနစ်တကျ ဖြစ်ပေါ် လာစေဖို့အတွက် ၂ဝ-၁-၂ဝ၁၃ ရက်နေ့က လူထုအခြေပြု အရပ်ဘက်လူ့အဖွဲ့အစည်းများနဲ့ ရန်ကုန် တိုင်း ဒေသကြီး လွှတ်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ ၂၇-၁-၂ဝ၁၃ ရက်နေ့ကလည်းသက်ဆိုင်ရာ အရပ်ဘက် လူ့အဖွဲ့ အစည်းများနှင့ ကျွန်တော်တို့အစိုးရအဖွဲ့မှ သက်ဆိုင်ရာဝန်ကြီးများနှင့် လည်း စားပွဲဝိုင်း ဆွေးနွေး မှုများကို စတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံမှုတွေကနေအစပြုပြီး ပြည်ထောင်စုအဆင့် ၊ ပြည်နယ်၊ တိုင်းဒေ သကြီး အဆင့်ကစလို့ အစိုးရယန္တရား အဆင့်ဆင့်မှာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ပြည်သူ လူထုတွေ ပါဝင်တဲ့ အုပ်ချုပ်မှုဖြစ်စဉ်ကို အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်ပါတယ်။

တစ်ဆက်တည်းမှာပင် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးများ အောင်မြင် စေဖို့အတွက် နိုင်ငံရေးတည်ငြိမ်မှု၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တည်ဆောက်မှု တို့ကိုလည်း အလေးထားဆောင်ရွက်ရမယ့် အချိန်ကာလလည်းဖြစ်ပါတယ်။ ယခုဖြစ်ပွား နေတဲ့ ပဋိပက္ခဖြစ်ပွားရာဒေသများက ပြည်သူအများစု ခံစားနေရတဲ့ စိတ်ဒဏ်ရာ နာကျင်မှုတွေ ဟာလည်း မိမိတို့ လူ့အဖွဲ့အစည်းရဲ့ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပါတယ်။ မိမိတို့အစိုးရအနေနဲ့ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေက တိုင်းရင်းသား ညီအစ်ကိုများအားလုံးအတွက် လူသားချင်းစာနာထောက်ထားတဲ့ အကူ အညီတွေ ထိရောက်စွာပေးနိုင်ဖို့ အသင့်ပြင်ဆင်လုပ်ကိုင်လျက်ရှိပါတယ်။ သင့်တော်သော နိုင်ငံတကာအဖွဲ့ အစည်းများ နှင့်လည်း ဆက်သွယ်ဆောင်ရွက်လျက်ရှိပါတယ်။ တစ်ဖက်မှာလည်း ဆုံးရှုံးနစ်နာမှုများ ရပ်ဆိုင်း နိုင်ဖို့နဲ့ အများပြည်သူ လိုလားတောင့်တနေကြတဲ့ စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ မိမိတို့ အားလုံး စားပွဲဝိုင်းမှာ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာရမယ့် အချိန်အခါကို ကျရောက်နေပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် သက်ဆိုင်တဲ့ လူ့အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များအားလုံး စားပွဲဝိုင်း သို့ လာရောက်ပြီး ဆွေးနွေး ညှိနှိုင်းကြရန် ကျွန်တော့်အနေနဲ့ အလေးအနက် တိုက်တွန်းအပ်ပါတယ်။ မိမိတို့ ကြိုးပမ်း တည်ဆောက် လျက်ရှိတဲ့ငြိမ်းချမ်းရေး တည်ဆောက်မှုဟာ သိမ်မွေ့စွာ ကိုင်တွယ်ရမယ့်၊ ထိလွယ် ရှလွယ် အဆင့်ကို ရောက်ရှိနေပြီဖြစ်တဲ့အတွက် တိုက်ရိုက်ပါဝင်ကြိုးပမ်းလုပ်ဆောင်နေသူများနဲ့ ပြည်သူ လူထု တစ်ရပ်လုံး အနေနဲ့ တညီ တညွတ်တည်းသဘောထားကြီးကြီးနဲ့ ရုန်ကန်လုပ်ကိုင်မှသာ ဒီအကျပ် အတည်းကို ကျော်လွှားအောင် မြင်နိုင်မှာ ဖြစ်ကြောင်းကိုလည်း ကျွန်တော့် အနေနဲ့ အလေး အနက် ပြောကြား လိုပါတယ်။

နိဂုံးချုပ်အနေနဲ့ ကျွန်တော်ပြောချင်တာကတော့ ယခုအချိန်အခါဟာ ကျွန်တော်တို့ နိုင်ငံအတွက် အခက် အခဲတွေ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်ဖြစ်ပြီး တစ်ချိန်တည်းမှာပဲ နှစ်ပေါင်း ခြောက်ဆယ်ကျော် ကာလ အတွင်းမှာ မရဖူးသေတဲ့ အခွင့်အလမ်းတွေကိုလည်း ရရှိနေပါတယ်။ ပြည်သူ တစ်ရပ်လုံးဟာ ကျွန်တော်တို့နဲ့ အတူ ဒီအခက်အခဲတွေကို ဝိုင်းဝန်ကျော်ဖြတ်ကြဖို့ တိုက်တွန်း ပြောကြားချင်ပါတယ်။ မကြာ ခင်မှာ ကျရောက်တော့မယ့် (၆၆)နှစ်မြောက် မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုနေ့မှာ ကျွန်တော်တို့ တစ်မျိုး သားလုံး စုစည်းခဲ့တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ပြန်လည်းနှိုးဆွပြီး ပြည်သူတစ်ဦးချင်းစီ အနေနဲ့ နိုင်ငံ တည်ဆောက် ရေးမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းရင်းနိဂုံးချုပ်အပ်တယ်။

မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံနိုင်ကြပါစေ။
၁ ဖေဖော်ဝါရီ ၂၀၁၃

မိဘပြည်သူများခင်ဗျား-
နှစ်သစ်ကူးမိန့်ခွန်းမှာ ရေဒီယိုကနေတစ်ဆင့် ကျွန်တော်တို့အစိုးရရဲ့ မူဝါဒများ၊ လုပ်ဆောင်ချက်များကို အခါအခွင့် သင့်တိုင်းဆက်သွယ် ပြောကြားသွားမယ်လို့ ပြောကြားခဲ့တဲ့ အတိုင်း ယခုလို ဆက်သွယ် ပြောကြားခြင်း ဖြစ်ပါတယ်။

လူမျိုးရှိပြီး အမည်ပျောက်နေသူများ


မြန်မာပြည် အထက်ပိုင်းဒေသ၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် တလျှောက် နေထိုင်ကြသည့် ရှမ်းနီတိုင်းရင်းသား လူငယ်အများစုသည် ကိုယ်ပိုင်စာပေနှင့် ယဉ်ကျေးမှုများ ကန့်သတ်ခံနေ ရသည့်အတွက် မိမိကိုယ်မိမိ ရှမ်းနီ လူမျိုးဖြစ်ကြောင်း သိရှိသူ နည်းပါးလာနေသည်။

ကွန်ပျူတာ ပြုပြင်မှုဆိုင်ရာ စာအုပ်များ


Ċ A+ကွန်ပျူတာအကြောင်းအသးစိတ်သိစရာ(ဦးဇော်လင်း).pdf
View Download
ဦးဇော်လင်း  17359k


Ċ A+၏နောက်ကွယ်(ဦးဇော်လင်း).pdf
View Download
ဦးဇော်လင်း  12732k


Ċ CPUအပူထိန်းသိမ်းခြင်း(သံလုံငယ်).pdf
View Download

Laptop သုံးစွဲသူများ သတိပြုရန်အချက်များ

Blossom Taw shared 2mz (နည်းပညာစုစည်းမှု) နှင့် လှုမှုကွန်ယက်'s photo.
၁။ မျက်နှာပြင်ညီညာသည့် နေရာတွင် Laptop computer ကို တင်ပါ။

ကွန်ပျူတာထဲတွင် လည်ပတ်နေသည့် Hard disk ရှိပါသည်။ တစ်ခါတစ်ရံ အနည်းငယ်လှုပ်ခြင်းသည် ပြဿနာ မရှိနိုင်သော်လည်း အမြဲတစေ လှုပ်ခါနေခြင်းကို Hard disk က မကြိုက်ပါ။ မျက်နှာပြင် မညီသည့် နေရာတွင်တင်ပါက ကွန်ပျူတာသုံးနေစဉ် တစ်လျှောက်လုံး လှုပ်နေပါမည်။ Hard disk အသက်တိုနိုင်ပါသည်။ ကွန်ပျူတာ သုံးခါနီးတိုင်း ခြေထောက် လေးချောင်းလုံး အထိုင် ညီမညီ စစ်ပါ။ ကွန်ပျူတာ သုံးစွဲနေစဉ် မကြာခဏ မ ပြီး ရွှေ့ခြင်းကို ရှောင်ပါ။



၂။ကွန်ပျူတာကို လေရအောင်လုပ်ပါ။

Laptop computerတို့သည် အလွန်ကျဉ်းမြောင်းသော အကန့်ထဲတွင် အတွင်းကလီစာ ပေါင်းစုံကို ကွက်တိ နေရာချရသည် ဖြစ်ရာ အပူချိန် တက်လွယ်ပါသည်။ အပူချိန်ကြောင့် အများဆုံး ထိခိုက်မည်မှာ processor နှင့် Harddrive ဖြစ်ပါသည်။ ထို့ကြောင့် Laptop computer သုံးလျှင် အောက်ခံပန်ကာ တပ်ပြီး သုံးပါ။ ကွန်ပျူတာ အောက်ဘက် မျက်နှာပြင်တွင် ဖောက်ထားသော လေပေါက်များ ပိတ်စေမည့် အပြုအမူကို ရှောင်ပါ။ ထိုအပေါက်များတွင် ဖုန်နှင့် အမှိုက်သရိုက်များ မပိတ်အောင် ဂရုစိုက်ပါ။



၃။သံလိုက်စက်ကွင်းရှိနိုင်သည့် နေရာများတွင် ကွန်ပျူတာကို မထားပါနှင့်၊ မသုံးပါနှင့်။

သံလိုက် စက်ကွင်းသည် Laptop computer ၏ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် ရေခဲသေတ္တာ၊ ရုပ်မြင် သံကြားစက်၊ အင်ဗာတာ၊ ယူပီအက်စ်တို့နှင့် အနားကပ်ပြီး ကွန်ပျူတာ မသုံးသင့်ပါ။



၎။ ကွန်ပျူတာကို နေရောင်ခြည်တိုက်ရိုက် မထိပါစေနှင့်။

Laptop Computer သည် ပြင်ပတွင် သယ်ဆောင်အသုံးပြုရန် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ သို့သော် နေရောင်အောက်တွင် သုံးစွဲရန် ပြုလုပ်ထားခြင်း မဟုတ်ပါ။ နေရောင်က စက်၏ အပူချိန်ကို မြင့်တက်စေနိုင်ပါသည်။ နေရောင်ခြည်တွင် ပါလာသော ခရမ်းလွန်ရောင်ခြည် တို့ကလည်း ရေရှည်တွင် စက်ကို ထိခိုက်စေနိုင်ပါသည်။

၅။ အလေးချိန်ရှိသော ပစ္စည်းတစ်ခုခုကို ကွန်ပျူတာပေါ်တင်မထားပါနှင့်။

Laptop computer အတော်များများသည် 25Kg ခန့် ဖိအားဒဏ်ကို ခံနိုင်အောင် တည်ဆောက် ထားသည်ဟု ဆိုပါသည်။ ပုံမှန် အရွယ်အစား ရှိသော လူကြီးတစ်ယောက် လက်ဖြင့် ဖိမိသည့် အနေအထားမျိုး ဖြစ်ပါသည်။ သို့သော် ခဏတဖြုတ် ဖိမိခြင်း ကိုသာ ခံနိုင်ပါလိမ့်မည်။ ထို့အတူ ကွန်ပျူတာ သုံးနေစဉ် ယင်းအပေါ်သို့ ပစ္စည်းတစ်ခုခု ပြုတ်ကျနိုင်ခြေ ရှိမရှိ သတိထားပါ။ စားပွဲပေါ် ခုန်တက်သည့် ကြောင်များကိုလည်း သတိထားပါ။

၆။ အပူအအေးပြင်းထန်သည့်နေရာ၊ စိုထိုင်းသည့် နေရာများတွင် ကွန်ပျူတာအသုံးပြုခြင်းကို ရှောင်ပါ။



Laptop computer အား ရာသီဥတု ပူလွန်းသည့် အချိန်၊ ရေခဲမတတ်အေးသည့် အချိန်များတွင် အိမ်၏ အပြင်ဘက်သို့ ယူဆောင် အသုံးပြုခြင်းကို ရှောင်ပါ။ ကွန်ပျူတာ၏ ပုံမှန် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေပါသည်။ ထို့အတူ မိုးရွာနေသော အချိန်တွင် မိုးပက်နိုင်သော နေရာ၌ ကွန်ပျူတာကို အသုံးမပြုပါနှင့်။ မီးဖိုဆောင်ထဲတွင် ကွန်ပျူတာ သုံးနိုင်သော်လည်း ထမင်းဟင်း ချက်ပြုတ်ထားသဖြင့် အငွေ့တလူလူ ထွက်နေသော နေရာအနီးတွင် ကွန်ပျူတာ အသုံးပြုခြင်းကို ရှောင်ပါ။



၇။ ကွန်ပျူတာပြကွက် (display) ကို ရေဖြင့်လည်းကောင်း၊ အခြားအရည်ဖြင့်လည်းကောင်း မသုတ်ပါနှင့်။

Laptop computer ၏ မျက်နှာပြင် သန့်ရှင်းရေး လုပ်ရန်အတွက် LCD Cleaner ဟုခေါ်သော အရည်ဘူးများ တရုတ်ပြည်မှ ဝင်ပါသည်။ တချို့သော Cleaner set တွင် Spary ဘူးများပင် ပါရှိပါသည်။ ကွန်ပျူတာ၏ မျက်နှာပြင်တို့ကို sparay ဖြင့် တိုက်ရိုက် ပက်ဖျန်း၍ မရပါ။ အစမဖွာသော အ၀တ်စ (ဖြစ်နိုင်လျှင် မျက်မှန်သုတ်သော အဝတ်စမျိုး)ပေါ်သို့ ဆေးကြောအရည်ကို ဖျန်းပြီးမှ ကွန်ပျူတာ၏ ပြကွက် မျက်နှာပြင်ကို ညင်သာစွာ ပွတ်တိုက် သန့်ရှင်းရန် ဖြစ်ပါသည်။ သို့သော် အဆိုပါ မျက်နှာပြင်သည် ရေကိုသော် လည်းကောင်း၊ တခြားအရည် တစ်ခုခုကိုလည်းကောင်း စိုရွှဲသည်အထိ တင်ခြင်းကို မခံနိုင်ပါ။



၈။ ကြာရှည် အသုံးမပြုလျှင် Laptop computer မှ ဘက်ထရီကို ဖြုတ်ထားပါ။

အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးစွဲနေစဉ်တွင် အားမပြည့်သေးသော ဘက်ထရီကို ကွန်ပျူတာတွင် တပ်ဆင်ထားပါက ဘက်ထရီ အသက်တို စေပါသည်။ ထို့အပြင် ကွန်ပျူတာ ပိတ်ထားစဉ်တွင်လည်း ဘက်ထရီ တပ်ထားပါက အတွင်းဓာတ်စီး ပတ်လမ်း ဖြစ်ပေါ် နေသောကြောင့် ဓာတ်အားဆုံးရှုံးမှု ရှိနေမည် ဖြစ်ပါသည်။ ထို့ကြောင့် ဘက်ထရီ အသုံးပြုရန် မလိုအပ်ချိန်တွင် ဖြုတ်ထားပါ။ မဖြုတ်မီတွင် အားအပြည့်ရှိအောင် သွင်းထားပါ။ အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးနေချိန်တွင် Desktop computer များသုံးနေသလို Laptop computer ကို လည်း UPS ခံပြီး အသုံးပြုသင့်ပါတယ်။



၉။ ကွန်ပျူတာကို အထိအခိုက် မခံရအောင် အကာအကွယ်ပြုပါ။

Laptop computer များသည် စက် ပိတ်ထားစဉ်တွင် အမြင့်(၂ .၅) ပေခန့်မှ လွတ်ကျသည့်တိုင် အတွင်း အစိတ်အပိုင်းများ အလွယ်တကူ မပျက်စီးနိုင်အောင် ပြုလုပ်ထားပါသည်။ သို့သော် လွတ်မကျလျှင်သာ၍ ကောင်းပါသည်။ ထို့ကြောင့် ကွန်ပျူတာ သုံးပြီးချိန်တွင် အပွန်းအပဲ့ မရှိစေရန် အိတ်ပျော့ (sleeve) ထဲသို့ သွင်းပါ။

Credit - Original up-loader (ရေးမိရေးရာလေးများ)
=====================================
Post by Admin Kyalsin 2mz(နည်းပညာစုစည်းမှု)လူမှုကွန်ယက်

၁။ မျက်နှာပြင်ညီညာသည့် နေရာတွင် Laptop computer ကို တင်ပါ။
ကွန်ပျူတာထဲတွင် လည်ပတ်နေသည့် Hard disk ရှိပါသည်။ တစ်ခါတစ်ရံ အနည်းငယ်လှုပ်ခြင်း သည် ပြဿနာ မရှိနိုင်သော်လည်း အမြဲတစေ လှုပ်ခါနေခြင်းကို Hard disk က မကြိုက်ပါ။ မျက်နှာပြင် မညီသည့် နေရာတွင်တင်ပါက ကွန်ပျူတာသုံးနေစဉ် တစ်လျှောက်လုံး လှုပ်နေပါမည်။ Hard disk အသက်တိုနိုင်ပါသည်။

သွားတိုက်ပါ


ဘာကြောင့် သွားတိုက်သင့်တာလဲဆရာ။
သွားတိုက်တာက သွားတွေကို သန့်ရှင်းအောင် တိုက်ရတာ ဖြစ်ပါတယ်။ ခံတွင်းထဲမှာ ဘက်တီးရီးယားပိုးတွေ ရှိနေပါတယ်။ စားလိုက်တဲ့ အစာတွေနဲ့ တံတွေး ဓာတ်ပစ္စည်းတွေ ဓာတ်ပြုပြီး ဘက်တီးရီးယားအကွက်လွှာ (Bacterial Plaque) တွေ ဖြစ်လာပါတယ်။ အဲဒီဘက်တီးရီးယား အကွက်လွှာ ထဲပါတဲ့ ပိုးတွေက သွားမျက်နှာပြင်မှာ တွယ်ကပ်ပြီး အစားအစာနဲ့ ဓာတ်ပြုရာက ထွက်လာတဲ့ ဒြပ်ပေါင်း (End Products or Metabolic Products) တွေက သွားတွေကို ပျက်စီးစေပါတယ်။ သွားဖုံးတွေကို လောင်ကျွမ်းစေပါတယ်။ သွားတွေမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယား အကွက်လွှာတွေကို ဖယ်ရှားလိုက်ရင် ခံတွင်းသန့်ရှင်း သွားပြီး သွားပိုးစားရောဂါ၊ သွားဖုံးရောင်တာ၊ သွားမြစ်ဝှမ်းရောဂါနဲ့ ရေစီးကမ်းပြိုရောဂါတို့ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

လယ်သမားများ အကြွေးဆပ်နိုင်ရန် ထမင်းတစ်နပ်လျှော့စားသင့်ကြောင်း လယ်ဆည်ဝန်ကြီး အကြံပြု

ရန်ကုန်၊ဇန်န၀ါရီ-၂၈

လယ်ယာစိုက်ပျိုးရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးမြင့်လှိုင်က အကြွေးကင်းအောင် နေထိုင်နည်းကို မျှဝေရင်း လယ် သမားများ အကြွေးဆပ်ရန် တစ်ရက်လျှင်ထမင်းတစ်နပ် လျှော့စား သင့်ကြောင်း ဓနုဖြူမြို့နယ်၌ လယ်သမား များနှင့် တွေ့ဆုံပွဲတွင် ပြောခဲ့ကြားသည်။

မိန်းမတွေရဲ့ တန်ဖိုး

 
 “ဒကာရေ ဒီမာတုဂါမတွေကြောင့်ပဲ သံသရာလည်နေကြသကိုးကွဲ့”
”မှန်ပါ”
“အဲဒီတော့ မာတုဂါမတွေ မရှိမှ သံသရာဝဋ်က ကျွတ်မယ် ဒီလိုမဟုတ်လား”
“ မှန်ပါ ကျွတ်မှာပါဘုရား”

မိုးကျရွှေကိုယ် အဆိုအမိန့်များ

by Seaman Nayminthu on Thursday, January 31, 2013 at 2:16am · 
 
 မိုးကျရွှေကိုယ်များ အုပ်ချုပ်သော ဘီရုမာပြည် တိုင်းဌာနီကြီးတွင် ဖြစ်ပျက်သမျှ အရာအားလုံးတို့ကား အစဉ်အမြဲ ထူးခြားဆန်းကြယ်လျက် မြင်တွေ့ရတိုင်း ကြားသိရတိုင်း ရင်သပ်ရှုမော အံ့သြဖွယ် မကုန်နိုင်အောင် ရှိနေတော့လေ၏။
မိုးကျရွှေကိုယ်ဟု ညွှန်းဆိုခေါ်ဝေါ်လိုက်ရသည်မှာ သူတို့သည် ဤဝသုန်  ကမ္ဘာမြေထုကို ဘူမိနတ်သန် ပြုကာ မွေးဖွားကြီးပြင်း လာကြသူများမဟုတ်ကြဘဲ အခြားအခြားသော ဘယ်နေရာ ဌာနမှန်းမသိသည့် ပြင်ပ ဂြိုလ်ကမ္ဘာ (အနီးစပ်ဆုံးအားဖြင့် အင်္ဂါဂြိုလ်သား မားရှန်းများ ဖြစ်မည်ဟု ခန့်မှန်းရ၏) အသီးသီးတို့မှ ဟယ်လီဂျက်တပ် ကော်ပလာ ယာဉ်ပျံများ စီးနင်းလိုက်ပါ သွားလာကြရင်း လမ်းခရီးခုလတ် မောင်းဆီအပြတ် ခေတ္တခဏ ဆင်းသက် ရပ်နားခိုက် သာမောဖွယ် ဤဌာနေမှာ လေညှင်းခံရင်း အပန်းဖြေ ခရီးတထောက် နားမည် အကြံပြုလျက် ယာယီ စံအိမ်တော်များ ဆောက်လုပ်ကာ စံမြန်းလာသည်မှာ ရာစုနှစ်တဝက် ကျော်ကျော် (လူ့သက်တမ်းတခုနီးနီး) မျှလောက်တော့ ရှိပေပြီ။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၁-၁)

သစ်ထူးလွင်



Wednesday, January 30, 2013

အမေ့အိမ်မက်တွေ အကောင်အထည်ဖော်ပေးကြဖို့ တာဝန်ရှိလာပြီ ...

by Shwe Mar Than on Tuesday, January 29, 2013 at 9:03am ·
 
အမေစု ကိုရီးယားကို ရောက်ပြီဆိုကတည်းက စာထဲကို အာရုံအပြည့်စိုက်မရပဲ စိတ်က ခန ခန နောက်ဆုံးပေါ်သတင်းတွေ တင်တတ်တဲ့ သူငယ်ချင်းတွေရဲ့ FB ဆီရောက်ရောက်သွားပြီး ကိုယ့်ကိုကိုယ် မနိုင်တဲ့အဆုံး လက်ကနှိပ်မိသွားရော။ ဒီနေ့တော့ ဒုတိယမြောက် နေ့ အဆုံးမှာ အမေစု ဖျောင်းချန်းမှာသွားတက် ဖွင့်လှစ်ပြီး မိန့်ခွန်းပြောခဲ့တယ်ဆိုတဲ့ အိုလံပစ်ဖွင့်ပွဲသတင်းလေး ကြည့်ချင်နေမိခဲ့တယ်။

ဘယ်လို စာနယ်ဇင်း ဥပဒေမျိုးလဲ

ဘယ်လို စာနယ်ဇင်း ဥပဒေမျိုးလဲ

၂၀၁၂ တွင် စတင် ပေါ်ပေါက်လာသော မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သည် သမ္မတက တိုက်ရိုက် ပေးအပ် ထားသော တာဝန်တရပ်ကို ပီပီပြင်ပြင်လုပ်ကိုင်နေပြီဟု မြင်ရ၏။ ၎င်းတာဝန်ကား Media law (ခေါ်) Press law ခေါ် ဥပဒေကြမ်းကို ရေးဆွဲခြင်းဖြစ်၏။
မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ဖြစ်ပေါ်လာပုံသည် စိတ်ဝင်စားဖွယ် ဖြစ်သည်။ မြန်မာနိုင်ငံ စာနယ်ဇင်း လောကအား ချုပ်ချယ်၊ စီးနင်း၊ လွှမ်းမိုးထားသော စာပေစိစစ်ရေးကို ဖျက်သိမ်းကာ၊ စာနယ်ဇင်း ကောင်စီ ဟူ၍ ထားရှိမည် ဆိုပြီး အမည်စာရင်းများ ထုတ်ပြန်သောအခါ လက်ရှိ စာနယ်ဇင်းသမားများ၊ စာနယ်ဇင်းအဖွဲ့အစည်းများက တခဲနက် ကန့်ကွက်ခဲ့ကြ၏။ မိမိတို့ကိုယ်တိုင် မသိရှိလိုက်ရဘဲ ကောင်စီထဲ ပါနေခဲ့သူတချို့နှင့် ပြည်သူ မနှစ်မြို့သည်ကို လက်မခံ လိုသော ပုဂ္ဂိုလ်များက ကောင်စီမှ နုတ်ထွက်ခဲ့ကြသည်။ ဤသည်ကား ဒီမိုကရေစီ ကျင့်စဉ်ကို လိုက်နာ ကျင့်သုံးမှုပင်ဖြစ်၏။
ထို့နောက် မကြာမီမှာပင် ကောင်စီကို ဖျက်သိမ်းကြောင်းနှင့် အသစ်ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့သည်။ အသစ်စာရင်းတွင် ပြည်သူများ ကျေနပ်နိုင်လောက်သော ပုဂ္ဂိုလ်များ ပြောင်းလဲပါဝင်လာသည်ကို တွေ့ရသည်။ ပညာရှင်များဖြစ်သော ပညာရပ်ဆိုင်ရာ အငြိမ်းစား ပါမောက္ခများ၊ အငြိမ်းစား တရားသူကြီးများကို လူထုအနေဖြင့် ကန့်ကွက်ရန်မရှိသကဲ့သို့၊ လူလတ်ပိုင်းများ ဖြစ်သော လက်ရှိမဂ္ဂဇင်း၊ ဂျာနယ် အယ်ဒီတာများကို ထည့်သွင်းထားခြင်းကိုလည်း ကျေနပ်စွာကြိုဆိုရန်ရှိ၏။
တနည်းပြောရလျှင် အုပ်ချုပ်ရေးအာဏာ (လက်ရှိအာဏာ) ရသူများ လုံးဝမပါဝင်ဘဲ၊ ဒီမိုကရေစီ အင်အားစုဟု ခေါ်ဆိုနိုင်သူများ ပါဝင်နေသဖြင့် ကျေနပ်ခဲ့ကြရ၏။ ၎င်းတို့၏ လုပ်ဆောင်ချက်များတွင် လက်တွေ့အရ စာနယ်ဇင်း အငြင်းပွားမှုများကို နှစ်ဦးနှစ်ဘက် ပြေလည်အောင် (တရားရုံးအထိမရောက်အောင်) ညှိနှိုင်းပေးခဲ့ကြကြောင်း သိရသည်။ ထိုထက်ကြီးမားသော တာဝန်မှာ Media Law မူကြမ်း ရေးဆွဲရေးတည်း။
အထက်ပါ ကိစ္စအတွက် လွှတ်တော်မှ ရေးရာကော်မတီဝင်များနှင့် စာနယ်ဇင်းကောင်စီ တွေ့ဆုံပွဲတွင် လောလောဆယ် မှတ်ပုံတင်ထားဆဲ စာရေးဆရာသမဂ္ဂ၊ ကဗျာဆရာသမဂ္ဂနှင့် ရှေ့နေများကွန်ယက် စသည်တို့ကို ဖိတ်ကြားခဲ့သည်။ ကိုယ်တိုင် ပါဝင်နေသူများဖြစ်၍ ဥပဒေရေးဆွဲရာ၌ အကြံပြုကြပါရန် ဖိတ်ခေါ်ခဲ့သည်။
ဇန်နဝါရီ ၂၇ ရက်နေ့တွင်ကား ကျယ်ကျယ်ပြန့်ပြန့် တင်ပြနိုင်ရန် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ မြန်မာနိုင်ငံဘဏ်များ အသင်း အဆောက်အအုံ၌ အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။ ဤနေ့မတိုင်မီ ၂၅ ရက်နေ့၌လည်း စာရေးဆရာ၊ ပုံနှိပ်၊ ထုတ်ဝေ၊ အသင်းများမှ ကိုယ်စားလှယ်တချို့ကို ဖိတ်ခေါ်ကာ၊ ပဏာမအားဖြင့် အကြံပြုချက်ရယူခဲ့၏။ ၎င်းတို့ရေးထားသော မူကြမ်းကို ဝေငှ၏။ ပြင်ဆင်ဖြည့်စွက်ရန် ဖိတ်ခေါ်၏။ ထိုနေ့က လူနည်းစုဖြစ်၍ အချိန်မကြာခဲ့ပေ။
ယနေ့ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲ (Workshop) မှာကား သတင်းဂျာနယ် အများအပြားပါဝင်လာရာ၊ ပါဝင်ဝေဖန် ထောက်ပြသူ အများအပြား ရှိလာသည်။ ဆွေးနွေးပွဲတွင် စာနယ်ဇင်းကျင့်ဝတ်များ ကိစ္စကို နံနက်ပိုင်း၌ ၎င်း၊ စာနယ်ဇင်း ဥပဒေကိစ္စကို မွန်းလွဲပိုင်း၌၎င်း ခွဲခြားပြုလုပ်သည်။ ယနေ့ ရရှိသော အချက်အလက်များကို ရယူဖြည့်စွက်ရန်၊ နောက်ထပ် ၁၅ ရက် အချိန်ပေးပြီး စာဖြင့်ဖြစ်စေ၊ အီးမေးလ်ဖြင့်ဖြစ်စေ ပေးပို့နိုင်ကြောင်းလည်း ဖိတ်ခေါ်သည်။
ဤ ပထမမူကြမ်းကို အသေးစိတ်ရေးဆွဲပြီးလျှင် လွှတ်တော်သို့ တင်ပြရမည်ဖြစ်၏။ လွှတ်တော်က အတည်ပြု ပြီးသောအခါ အစီအစဉ်အတိုင်း သမ္မတထံ တင်ပြကာ၊ အတည်ပြုချက် ရယူရမည်ဖြစ်၏။ ဤနည်းဖြင့် နှစ်ပေါင်း ၅၀ အတွင်း မပေါ်ပေါက် ခဲ့ဖူးသော Media Law ပေါ်ထွက်လာမည် ဖြစ်ပေသည်။
လောလောဆယ် အားဖြင့်ကား အင်္ဂလိပ်ဝေါဟာရဖြင့် Media Law ခေါ် Press Law လည်းခေါ်သော ဥပဒေ၏ အမည်ကိုပင် တိတိကျကျ သတ်မှတ်၍ မပြီးသေးပေ။  သတင်းမီဒီယာ ဥပဒေဟု အမည်တပ်ထားကာ တချို့က စာနယ်ဇင်း ဥပဒေ ဟုဆိုသည်။ အထူးသဖြင့် Media ဟူသော ဝေါဟာရအတွက်၊ မြန်မာဝေါဟာရ ရှာမရ ဖြစ်နေပုံရ၏။ ထို့ကြောင့်လည်း မီဒီယာ ဟူ၍သာ အသံဖလှယ်ပြီး မွေးစား စကားလုံး လုပ်နေကြရ၏။
ကောင်စီ၏ ရှင်းလင်းချက်အရ ဤဥပဒေများကို ရေးဆွဲရာ၌ အိမ်နီးချင်းနိုင်ငံများ (အနောက်နိုင်ငံမပါ၊ ဥရောပ မပါ) ၏ ဥပဒေကို လေ့လာခဲ့သည်ဟု ဆိုသည်။ ထို့အပြင် ဤကောင်စီ၌ ရှေ့မီနောက်မီ သတင်းစာ ဆရာကြီးများ ပါဝင်သဖြင့် ရှေးက ကျင့်သုံးခဲ့သော ၁၉၆၂ မတိုင်မီက စာနယ်ဇင်း ကျင့်ဝတ်များကိုလည်း ယူငင်သည်ဟုဆိုသည်။ ယနေ့ လူငယ်လူလတ် သတင်းသမား အများအပြားက၊ ဤကျင့်ဝတ်များနှင့် ပက်သက်ပြီး စိတ်ဝင်တစား ဆွေးနွေးခဲ့ကြသည်။
ဒီမိုကရေစီ ကျင့်ထုံးမှာ အများသဘောကို ရယူနိုင်ရန်အတွက် အောက်ခြေအထိ စိမ့်ဝင်ပြီး သဘောဆန္ဒရယူရမည် ဖြစ်၏၊ပွင့်ပွင့်လင်းလင်း ဆွေးနွေးရမည်ဖြစ်၏။ ထိုသို့ အောက်ခြေလူအများစု၏ ဆန္ဒသဘောထားများကို စုစည်းပြီှးမှ အထက် အဖွဲ့အစည်းသို့ ဆင့်ကဲဆင့်ကဲ တင်ပြပြီး စိတ်ဝင်တစား ဆွေးနွေးခဲ့ကြသည်။
ဒီမိုကရေစီ ကျင့်ထုံးမှာ အများသဘောကို ရယူနိုင်ရန်အတွက် အောက်ခြေအထိ စိမ့်ဝင်ပြီး သဘောဆန္ဒရယူရမည်ဖြစ်၏။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးရမည်ဖြစ်၏။ ထိုသို့ အောက်ခြေလူအများစု၏ ဆန္ဒသဘောထား များကို စုစည်းပြီးမှ အထက် အဖွဲ့အစည်းသို့ ဆင့်ကဲဆင့်ကဲ တင်ပြပြီး ဆုံးဖြတ်ချက် ရယူရန်ဖြစ်သည်။
ယနေ့မြန်မာနိုင်ငံ၏ အနေအထားကို ဒီမိုကရေစီ မရသေးဘူးဟူ၍ လည်းကောင်း၊ ဒီမိုကရေစီသို့ သွားနေသည်ဟု လည်းကောင်း ဒီမိုကရေစီ လမ်းကြောင်းပေါ် မရောက်သေးဟု လည်းကောင်း၊ လမ်းကြောင်းပေါ် ရောက်ဖို့ စတင်နေရုံသာဟု လည်းကောင်း၊ အမျိုးမျိုး ဖွင့်ဆိုနေကြသည်။ နေရာအလိုက်၊ ကိစ္စအလိုက်၊ မှန်ပါလိမ့်မည်။
ယနေ့ စာနယ်ဇင်း လောကအတွက်ကား ဒီမိုကရေစီရေးအတွက် အရေးကြီးသော စာမျက်နှာကို အမှန်တကယ် ဖွင့်နိုင်ခဲ့ပြီဟု ဆိုနိုင်ပါသည်။ ထူထဲလေးလံသော တံတိုင်းကြီးဖြစ်သည့် “စာပေဆင်ဆာ” ကြီးကို ဖယ်ရှားပစ်ခဲ့သည်မှာ ထင်ရှားသော သက်သေဖြစ်၏။ သို့သော် မယုံရဲ၊ မယုံချင်၊ မယုံလွယ်သူများက ဆင်ဆာအစား တခြားအမည်နှင့် တမျိုးလာလိမ့်မည်ဟု စိုးရိမ်နေကြသည်မှာလည်း သဘာဝကျလှသည်။
စာပေစိစစ်ရေး မရှိတော့သည့် အနေအထားတွင် “ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ရုံး” ကိုထားရှိမည်ဖြစ်၏။ အနည်းငယ် ထူးဆန်းသည်မှာ စာပေစိစစ်ရေးရုံးကို “ပြည်ထဲရေးဝန်ကြီးဌာန” အောက်တွင် ထားခဲ့ရာမှ၊ ယခု မူပိုင်ခွင့်နှင့်မှတ်ပုံတင်ရုံး ကိုကား “ပြန်ကြားရေးဝန်ကြီးဌာန” အောက်သို့ ပြောင်းရွှေ့ခြင်းဖြစ်သည်။ ဘာအကြံအစည်များပါလိမ့် … မေးစေ့ ပွတ်ပြီး စဉ်းစားသူများ ရှိနေခြင်းမှာ မဆန်းပေ။
မည်သို့ပင်ဖြစ်စေ၊ မိမိတို့ စာနယ်ဇင်းသမားများ မဖြစ်မနေပြုလုပ်ကြရမည်က “လွတ်လပ်ရေး” ရပြီဆိုပြီး လမ်းမပေါ် ဆေးရိုးမလှန်းဖို့ဖြစ်၏။ သို့ဖြစ်လျှင် မိမိတို့ဆေးရိုးကို ဘယ်မှာလှန်းမည်နည်း။ လမ်းဘေးမှာလား၊ လယ်ကွင်းထဲမှာလား၊ ကိုယ့်ခြံဝန်း ထဲမှာလား။ လှမ်းစရာနေရာတော့ ရှိမှဖြစ်မည်။ ဆေးရိုးက လှန်းမှ ခြောက်ပြီးသုံး၍ ရမည်ဖြစ်၏။
ထိုအခါ “တာဝန်သိစိတ်” “တာဝန်ယူစိတ်” “ကျင့်ဝတ်” ဆိုတာတွေ ကပ်ပါလာသည်။ မိမိ၏ လွတ်လပ်ခွင့်သည် သူတပါးအား မထိခိုက်စေရ ဆိုသော ဒီမိုကရေစီ ကျင့်ထုံးနှင့် လူ့အခွင့်အရေး ဆိုသည်များက အသင့်စောင့်နေသည်။ ယခုပင် အသရေ ဖျက်မှု ဆိုသော ပုဒ်မ ၅၀၀ က ခေတ်စားနေလေပြီ။ လျော်ကြေးတောင်းကြပုံက သိန်း ၁၀၀၀၀၊ ၂၀၀၀၀ စသည်ဖြင့် မကြားဘူးတာတွေ ကြားနေရလေသည်။
စာနယ်ဇင်း ဥပဒေ၏ ရည်ရွယ်ချက်က၊ ထိုထိုသော ပုဒ်မတွေနှင့် မဆက်ဆံရအောင်၊ ကြားဝင်ဖျန်ဖြေရန်၊ အကာအကွယ် ပေးရန် စသဖြင့်ဖြစ်၍ အလွန်သင့်မြတ် ပါသည်။ အသင့်မြတ်ဆုံးက Down – Up စနစ်ဖြစ်၏။ အာဏာရှင် စနစ်တွင် အထက်မှ အောက်သို့ အမိန့်ပေးသော Up – Down ပုံစံများ ဖြစ်သည်။
ယခုဒီမိုကရေစီအရ အောက်မှရေးဆွဲ ပေးသည်ကို အထက်က အတည်ပြုပေးသော နည်းဖြစ်ရာ၊ ယခု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ လုပ်ဆောင်ချက်ကို၊ အလေးထား အသိအမှတ် ပြုကြရပါမည်။ မိမိတို့ပါ ၀င်ပြောခွင့်ရနေသဖြင့် ကျေနပ်ကြရပါမည်။
ဤနေရာ၌ “၀င်ပြောခွင့်” ကို အလွဲမသုံးဖို့လည်း လိုပါသည်။ ဆွေးနွေးပွဲကို ငြင်းခုန်ပွဲ လုပ်၍ရပါသည်။ ငြင်းကြ ရမှာပဲ ဖြစ်သည်။ ကောင်စီဝင်များသည် ဤဥပဒေ ပုဒ်မများ ရရှိဖို့ အစည်းအဝေးပေါင်း ၁၃ ကြိမ်၊ ၁၄ ကြိမ်ခန့် ပြုလုပ်ခဲ့ရကြောင်း ပြောပါသည်။ ယခု စာယ်ဇင်း (အထူးသဖြင့် သတင်းသမား အများစု) ပါဝင်သော ဆွေးနွေးပွဲက ပထမအကြိမ် ဖြစ်၏။ လာမည့် ဧပြီလတွင် ပုဂ္ဂလိကသတင်းစာများ ပေါ်လာတော့မည်ဟု ကြားရသည်။ ထိုအချိန်တွင် ဤ ဥပဒေ အဆင်သင့် ဖြစ်နိုင်လျှင် ကောင်းမည်ဟု ဆန္ဒရှိသည်။ သို့သော် လွှတ်တော်ကို ဖြတ်သန်းရဦးမည်၊ နိုင်ငံတော် သမ္မတရုံး သွားရဦးမည်၊ ကြာနိုင်သည်။ သို့သော် ခြေလှမ်း တလှမ်းတိုင်းသည် ပန်းတိုင်နှင့် နီးကပ်လာစေမည်မှာ သေချာသည်။
နှစ်ပေါင်း ၅၀ အတွင်း တခါမျှ မလုပ်ဖူးသော “ဥပဒေ ရေးဆွဲခွင့်” ကို မိမိတို့ ဘာသာ အကြံပြုခွင့် ရခြင်းကိုပင် ကြည်နူး ၀မ်းသာ ကြရပါမည်။ စိတ်တိုင်းကျ ဖြစ်ဖို့၊ လူတိုင်းအကြိုက်ဖြစ်ဖို့ကမူ ဒိမိုကရေစီ၏ အနှစ်သာရ မဟုတ်၊ အများသဘောနှင့် ဖြစ်လာမည်ပင် ဖြစ်သည်။ ယခု ဆွေးနွေးပွဲတွင် အခြေအတင် ပြောကြခြင်းကို မြင်တွေ့ရခြင်းသည်ပင် ဒီမိုကရေစီ အရသာ ဖြစ်၏။ ကောင်စီဘက်က “၂ ပတ် အချိန်ရပါသေးတယ်၊ စာနဲ့လည်း ရေးပို့ကြပါ” ဟု သုံးလေးခါ ပြောမိသည်ကို “စာနဲ့ ရေးဖို့ပဲ ပြောနေတယ်၊ ဒါဆိုရင် အခု Workshop က အလားကားပေါ့” ဟု လူငယ်ပီပီ မာန်နှင့် ဌာန်နှင့် ပြောသွားသည်ကို မြင်ရသောအခါ ပြောခွင့်ရှိလာလေပြီ ဟု ၀မ်းသာရ၏။ ပြောသမျှကို တည်ငြိမ်အေးချမ်းစွာ ဖြေကြားနိုင်သော လူလတ်ပိုင်း ကောင်စီဝင်များကို မြင်ရခြင်းအတွက်လည်း ကြည်နူးရပါသည်။
ဥပဒေ ဆိုတာ ဘယ်တော့မှ ပြီးပြည့်စုံတယ် မရှိပါဘူး၊ ပြင်နေကြရဦးမှာပဲ ဟု ကောင်စီ ဥက္ကဋ္ဌက ပြောခဲ့၏။ မှန်ပါသည်။ ပြင်ခွင့်ရခြင်း၊ ပါဝင်ခွင့် ရခြင်းကိုပင် မိမိတို့ နိုင်ငံ၏ “ခြေလှမ်းအရွေ့” အဖြစ် ပီတိဖြစ်ကြရမည် မဟုတ်ပါလား။
တကယ်တမ်း ထွက်လာသည့် အခါ Down မှ တင်သော အချက်များ ပါမပါကိုလည်း စစ်ဆေးကြရပါဦးမည်။

(ရွှေကူမေနှင်းသည် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါး၊ ဘာသာပြန် စသည့် စာပေလက်ရာမျိုးစုံကို ဂျာနယ်၊ မဂ္ဂဇင်းများတွင် ရေးသားနေသူ ဖြစ်ပြီး လုံးချင်း စာအုပ်များစွာကိုလည်း ရေးသား ထုတ်ဝေနေသည့် စာရေးဆရာမ တဦးဖြစ်သည်။)



NLABR
Web-site:    www.nlabr.com
Facebook:    Sa Maung
Facebook:    Miraculous Master For English LanguageMoe Heine shared Sa Maung's photo.
၂၀၁၂ တွင် စတင် ပေါ်ပေါက် လာသော မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သည် သမ္မတက တိုက်ရိုက် ပေးအပ် ထားသော တာဝန်တရပ်ကို ပီပီပြင်ပြင်လုပ်ကိုင်နေပြီဟု မြင်ရ၏။ ၎င်းတာဝန်ကား Media law (ခေါ်) Press law ခေါ် ဥပဒေကြမ်း ကို ရေးဆွဲခြင်းဖြစ်၏။
မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ဖြစ်ပေါ်လာပုံသည် စိတ်ဝင်စားဖွယ် ဖြစ်သည်။

Eleven Group Trading Co.,Ltd ၏ ဒါရိုက်တာ ဒေါက်တာသိန်းမြင့်နှင့် တွေ့ဆုံခြင်း

Ye Yint Nge and 2 other friends shared Zaw Mintun Zawmintun's photo.

Eleven Group Trading Co.,Ltd ၏ ဒါရိုက်တာ ဒေါက်တာသိန်းမြင့်နှင့် တွေ့ဆုံခြင်း
...............................................................................................
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူသော လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီသို့ အကောက်ခွန်ဦးစီးဌာန အကြီးအကဲများ၏ အဂတိတရား လိုက်စားမှုများအား စုံစမ်းစစ်ဆေးပေးပါရန် တိုင်ကြားစာ ပေးပို့ခဲ့ခြင်းနှင့် ပတ်သက်၍ Eleven Group Trading ၏ ဒါရိုက်တာဒေါက်တာသိန်းမြင့်ကို တွေ့ဆုံမေးမြန်းခဲ့သည်များအား ပြန်လည်ဖော်ပြအပ်ပါသည်။
'သမ္မတကြီးကို ပြောပေးပါ။ လာဘ်ပေးလာဘ်ယူကိစ္စတွေကို အညင်သာဆုံး နည်းလမ်းတွေနဲ့ ပြုပြင်ပြောင်းလဲရေးအတွက် စတင်ကိုင်တွယ်လို့ရပါပြီလို့'
မေး - Eleven Group Trading က လာဘ်ပေးလာဘ်ယူ ကော်မတီကို   တိုင်ကြားစာ ပေးပို့တာနဲ့ ပတ်သက်ပြီး  ဘာကြောင့်ဆိုတာ သိချင်ပါတယ်။
ဖြေ - အကောက်ခွန်ဦးစီးဌာန ညွှန်ချုပ်၊ ညွှန်ကြားရေးမှူးတွေနဲ့ တာဝန်အရှိဆုံးသူတွေကို အဂတိလိုက်စားမှု လာဘ်ပေးလာဘ်ယူ ကိစ္စတွေအတွက် စိစစ်နိုင်ဖို့ တိုင်ကြားစာ ပေးပို့ခဲ့တာပါ။ ဘဏ္ဍာအခွန်ဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ အကောက်ခွန်ဦးစီးဌာနရဲ့ လုပ်ထုံးလုပ်နည်းတချို့နဲ့ လာဘ်ပေးလာဘ်ယူ ကိစ္စတွေက အများပြည်သူ ထိခိုက်နစ်နာသလို၊ တိုင်းပြည်အတွက် နစ်နာတာတွေလည်း ဆိုးရွားလာလို့ပါ။ အဓိက ကတော့ လုပ်ထုံးလုပ်နည်းတွေ၊ စနစ်တွေက လာဘ်ပေးလာဘ်ယူမှုကို ဖြစ်စေတဲ့အတွက် ဒီစနစ်ကို ပြုပြင် ပြောင်းလဲစေချင်ပါတယ်။ အဲဒီအတွက် လာဘ်ပေးလာဘ်ယူမှုကို အားပေးတဲ့စနစ်ကို ဖက်တွယ်ထားတဲ့ တာဝန်အရှိဆုံးသူတွေကို လိုအပ်သလို စိစစ်ဆောင်ရွက်နိုင်ဖို့ပါ။ ဒါကလည်း မလိုလားအပ်ဘဲ ၀န်ထမ်းတွေ အလုပ်ပြုတ်၊ ထောင်ကျ၊ ဘ၀ပျက်တဲ့ အခြေအနေမျိုးတွေ ဖြစ်စေချင်လို့ မဟုတ်ပါဘူး။ ဒါပေမယ့် နောက်နောင် ဒီလိုထပ်မဖြစ်အောင်တော့ ထိထိရောက်ရောက် ဟန့်တားဖို့ လိုပါတယ်။
အစိုးရအနေနဲ့ အဂတိတရား လိုက်စားမှုကို ပြုပြင်ချင်ရင် အစိုးရအဖွဲ့အတွင်းမှာ စပြင်ရမယ်။ ဌာနအနေနဲ့ဆိုရင် အကောက်ခွန်ဦးစီးဌာနက စံနမူနာ ပြုပြင်ရမယ့် ဌာနဖြစ်ပါတယ်။ ခေတ်အဆက်ဆက် မပြုပြင်နိုင်ခဲ့တဲ့ဌာနကို ပြုပြင်နိုင်ပြီဆိုရင် အစိုးရအနေနဲ့ ဒီစစ်ပွဲမှာ အောင်မြေနင်းမိပြီ ဆိုရမှာပါပဲ။ မြန်မာစကားမှာတောင် ရှိပါတယ်။ 'ခေါင်ပစ်ရင် အကုန်ထိတယ်တဲ့' ဒီဌာနကို စနစ်တကျ ကိုင်တွယ်နိုင်ပြီဆိုရင် ဒီမစ်ရှင်က အလုပ်စဖြစ်ပါပြီ...
မေး - ဘာကြောင့် အခုလိုတိုင်ကြားဖို့ ဖြစ်လာတာပါလဲ။
ဖြေ - Eleven Group Trading ဆိုတာ Eleven Media Group ရဲ့ ညီ နောင် ကုမ္ပဏီတစ်ခုပါ။ ကျွန်တော်တို့ ကုမ္ပဏီက အကောက်ခွန်ဦးစီးဌာနနဲ့ ထိတွေ့ဆက်ဆံတဲ့ အခါမှာ ကြုံတွေ့ခဲ့ရတာတွေအပေါ် အခြေခံပြီး အခုလို ဆုံးဖြတ်ခဲ့တာပါ။ ဒီလိုလုပ်ဆောင်ဖို့ ခိုင်လုံတဲ့ အထောက်အထားတွေလည်း ရှိပါတယ်။ တခြားသူတွေလည်း ဒီဌာနနဲ့ ပတ်သက်ပြီး အဆင်မပြေတာတွေ၊ ဖိစီးမှုရှိတာတွေ အများကြီး ကြားသိနေရပါတယ်။ ဒါပေမယ့် တကယ့် တကယ်တမ်းမှာ ဘယ်သူကမှ အလွယ်တကူ ပြောကြမှာမဟုတ်တဲ့အတွက် ကျွန်တော်တို့က ကိုယ် တိုင်တွေ့ကြုံရတဲ့ အထောက်အထားတွေအရ နစ်နာတဲ့ ပြည်သူတွေ ကိုယ်စားတိုင်ကြားခဲ့တာပါ။ အဓိကကတော့ စနစ်ကို ပြောင်းစေချင်ပါတယ်။ စနစ်ပြောင်းတဲ့အခါမှာလည်း ဒီစနစ်နဲ့ အံမ၀င်နိုင်မယ့်သူတွေ အထူးသဖြင့် တာဝန်အရှိဆုံး ပုဂ္ဂိုလ်တွေကို စီစစ်ပြီး အစားထိုး လဲလှယ်စေချင်ပါတယ်။ စနစ်နဲ့ လိုက်လျောညီထွေရှိမယ့် ထက်မြက်တဲ့သူတွေကို ဦးဆောင်သူနေရာတွေမှာ ခန့်ထားစေချင်ပါတယ်။ အရပ်သားတွေကို ရဲရဲဝံ့ဝံ့ နေရာပေး ခန့်ထားစေချင်ပါတယ်။
မေး - အကောက်ခွန်ဦးစီးဌာနက ဇန်န၀ါရီလ ၂၆ ရက်နေ့က လုပ်တဲ့ မီဒီယာ တွေ့ဆုံရှင်းလင်းပွဲမှာ သူတို့လုပ်ထုံး လုပ်နည်းတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ သူတို့ရှင်းလင်းမှုတွေပေါ်မှာရော သုံးသပ်ပေးပါဦး။
ဖြေ - အဲဒီရှင်းလင်းပွဲမှာ ကားအပါအ၀င် ကုန်ပစ္စည်းတွေကို ဒဏ်ရိုက်လို့ရတဲ့ ငွေတွေကို ဆုကြေးအဖြစ် အဆင့်ဆင့် ခွဲယူတယ်လို့ ပြောပါတယ်။ သူတို့ ရှင်းလင်းမှုတွေအရ အဂတိလိုက်စားဖို့ တည်ဆဲဥပဒေတွေအပေါ်က လက်တစ်လုံးခြား လုပ်လို့ရနိုင်တဲ့ အနေ အထားမျိုးတွေ ရှိနေတယ်ဆိုတာ တွေ့ရပါတယ်။ ဒီဌာနဟာ လာဘ်ပေး၊ လာဘ်ယူ အများဆုံး နံပါတ်တစ်ဌာနလို့ ပြည်သူတွေက ယူဆနေပါတယ်။ လာဘ်ပေးလာဘ်ယူမှာ ငွေကြေးပမာဏ တစ်ခုတည်းကို ပြောတာမဟုတ်ပါဘူး။ တကယ်တော့ အကောက်ခွန် ဦးစီးဌာနဆိုတာ နိုင်ငံတကာဆက်ဆံမှုအတွက် အရေးကြီးတဲ့ တံခါးပေါက်တစ်ခုပါပဲ။ သူတို့တွေရဲ့ လုပ်ရပ်တွေ လုပ်ပုံလုပ်နည်းတွေက တိုင်းပြည်ရဲ့ သိက္ခာကို အများကြီး ကျဆင်းစေတယ်ဆိုတာ သတိပြုစေချင်ပါတယ်။ ထုတ် ပြန်ထားပြီးသား နည်းဥပဒေတွေကလည်း ယေဘုယျ မှန်တယ်လို့ ထင်ရပေမယ့် ထိုင်းက တင်သွင်းတဲ့ Custom Value နဲ့ ဒီကကောက်ခံတဲ့ Custom Value ကို နှိုင်းယှဉ်ကြည့်လိုက်ပါ။ ဘယ်သူမှားသလဲ သိသာပါတယ်။
မေး - ဆရာစောစောက ပြောသွားတဲ့ အထဲမှာ စနစ်ပြုပြင်စေချင်လို့ တိုင်ကြားတယ်လို့ ပြောသလို မလိုလားအပ်ဘဲ ၀န်ထမ်းတွေ အလုပ်ပြုတ်၊ ထောင်ကျ၊ ဘ၀ပျက်ရတာတွေ မဖြစ်စေချင်ဘူးလို့ ပြောသွားပါတယ်။ ဘာကြောင့်ပါလဲ။
ဖြေ - အရင်ကလည်း အကောက် ခွန်ဌာန ၀န်ထမ်းတွေကို  အများကြီး အရေးယူခဲ့တာ၊ ထောင်ချပြစ်ဒဏ်ပေးခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။ ဒါမျိုးတွေကိုတော့ ဒီလိုကာလမျိုးမှာ မဖြစ်စေချင်တော့ပါဘူး။ ဒီကာလက ဆေးခါးကြီးတိုက်ရမယ့် အချိန်မဟုတ်ပါဘူး။ သမ္မတကြီးကို ပြောပေးပါ။ လာဘ်ပေးလာဘ်ယူကိစ္စတွေကို အညင်သာဆုံး နည်းလမ်းတွေနဲ့ ပြုပြင်ပြောင်းလဲရေးအတွက် စတင်ကိုင်တွယ်လို့ ရပါပြီလို့။ ကျွန်တော်တို့က ဒီဌာနကို စံနမူနာပြ ဖြစ်စေချင်တယ် ဆိုတာ ထောင်ချအလုပ်ဖြုတ်ဆိုတာတွေထက် လွဲချော်နေတဲ့ စနစ်ကို ပြုပြင်စေချင်တာပါ။ စနစ်နဲ့ လိုက်လျောညီထွေရှိမယ့်သူတွေကို ခန့်ထားစေချင်တာပါ။

မေး - အစိုးရ၀န်ထမ်းတွေနဲ့ လာဘ်ပေးလာဘ်ယူဆိုတာ ဘယ်လိုဒွန်တွဲနေတယ်လို့ ထင်ပါသလဲ။
ဖြေ - ၀န်ထမ်းတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ စဉ်းစားရမှာတွေ အများကြီးရှိပါတယ်။ အခုရနေတဲ့ တရားဝင်လစာနဲ့ ခေတ်စနစ်အခြေအနေအရ လာဘ်ပေး၊ လာဘ်ယူမရှိဘဲ ရပ်တည်လို့မရတဲ့ အနေအထားမျိုးဖြစ်နေတယ်။ ဒါကိုတော့ အစိုးရအနေနဲ့ လစာကိစ္စကို ပြန်လည်စဉ်းစား ဖြေရှင်းပေးသင့်ပါတယ်။ အလတ်တန်း အရာရှိတစ်ယောက်ဟာ စားစရိတ်၊ နေထိုင်စရိတ်၊ သွားလာစရိတ်၊ မိသားစုစရိတ်၊ ကျောင်းသားရှိရင် ကျောင်းသားစရိတ်တွေ ပေါင်းလိုက်ရင် ဒီခေတ်ကုန်ဈေးနှုန်းနဲ့ တစ်လ ၁၀ သိန်းလောက်မှ လောက်မယ့် သဘောပါ။ လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ်သက်ပြီး ၀န်ထမ်းတွေရဲ့နောက်မှာ ညွှန်ကြားရေးမှူးနဲ့ ညွှန်ချုပ်တွေ ရှိနေသလို အဲဒီညွှန်ကြားရေးမှူးနဲ့ ညွှန်ချုပ်တွေရဲ့နောက်မှာ စူပါဝန်ကြီးတွေ ရှိနေပါတယ်။ စူပါဝန်ကြီးဆိုတာ သမ္မတရုံးဝန်ကြီးတွေကို ပြော တာပါ။ သူတို့တွေကတစ်ဆင့် သမ္မတကြီးကိုပါ အထင်အမြင်လွဲစရာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီကိစ္စတွေကို သမ္မတကြီး အကုန်မသိနိုင်ပေမယ့် သမ္မတကြီးကိုယ်တိုင်ပဲ ကိုင်တွယ်ဖြေရှင်းမှရမှာပါ။ ဘဏ္ဍာအခွန်ဝန်ကြီးဌာနကိစ္စက အရင်ဝန်ကြီးပါတာ ၀န်ခံရမယ့် အခြေအနေပါ။ လိုအပ်ရင် လွှတ်တော်ကလည်း ၀င်ရောက် စုံစမ်းသင့်ပါတယ်။

မေး - လာဘ်ပေးလာဘ်ယူပပျောက်ဖို့ ဘာတွေ လုပ်ဆောင်သင့်တယ်လို့ ထင်ပါသလဲဆရာ။
ဖြေ - လာဘ်ပေးလာဘ်ယူမှုတွေ ပပျောက်ဖို့အတွက် အကောင်းဆုံးကတော့ လာဘ်ပေးလာဘ်ယူမှု အများဆုံးဖြစ်နေတဲ့ ဌာနတွေရဲ့ ပိတ်ထားတဲ့ တံခါးတွေကို မီဒီယာတွေကို လွတ်လွတ်လပ်လပ် ဖွင့်ပေးလိုက်ပါ။ ဆိပ်ကမ်းတွေ၊ နယ်စပ် ၀င်ထွက်ပေါက်ဂိတ်တွေ၊ ပြည်သူတွေနဲ့ တိုက်ရိုက် ထိတွေ့ဆောင်ရွက်နေတာတွေကို မီဒီယာတွေကို လွတ်လွတ်လပ်လပ် ၀င်ထွက်သွားလာ သတင်းယူခွင့်သာ ပေးလိုက်ပါ။ တကယ်အထောက် အကူဖြစ်ပါတယ်။
မေး - မီဒီယာတွေ လာဘ်စားရင် ဘယ်လိုဖြစ်နိုင်မလဲလို့ သုံးသပ်မှုတွေအပေါ် ဆရာ့ အမြင်ပြောပြပေးပါ။ လာဘ်ပေးလာဘ်ယူမှု အမှန်တကယ်ပပျောက်ဖို့ ဘာတွေလိုအပ်မယ်လို့ ထင်ပါသလဲ။
ဖြေ - မီဒီယာတွေ လာဘ်မစားနိုင်ဘူးလားလို့ မေးလာရင် အဖြေရှိပါတယ်။ မြန်မာနိုင်ငံမှာ မီဒီယာတွေ အားလုံး မဟုတ်တဲ့နေရာတွေမှာ  ဘယ်တော့မှ တစ်သံတည်းမထွက်ပါဘူး။ မမှန်မကန်လုပ်ရင် ရေးကြပြောကြ ဖော်ထုတ်ကြမှာပါ။ မီဒီယာတွေ ညီညွတ်စရာမလိုပါဘူး။ မီဒီယာတွေ မညီညွတ်တာ တစ်သံတည်းမထွက်တာ ကောင်းတဲ့အရာပါ။ မီဒီယာ အချင်းချင်းဆိုပြီး ထိန်းထားမှာ မဟုတ်ပါဘူး။ ဌာနဆိုင်ရာတွေသာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေလို့ ဖုံးကွယ်ထားတာတွေ ရှိနိုင်တာပါ။ ဒီတော့ မီဒီယာတွေကို လွတ်လွတ်လပ်လပ် တံခါးဖွင့်ပေးလိုက်ပါ။ မီဒီယာတွေ စောင့်ကြည့်တာတင်မကပါဘူး။ ပညာရှင်တွေ၊ တကယ်ထိတွေ့နေရတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အကြံဉာဏ်တွေ ရယူသင့်ပါတယ်။ လူထုလူတန်းစား အလွှာအသီးသီးနဲ့ RUMFCCI လို စီးပွားရေးအဖွဲ့အစည်း အသီးသီးကလည်း ကူညီသင့်ပါတယ်။ သူတို့က ဘယ်လိုထိန်းမယ်ဆိုတာကို ပိုသိပါတယ်။
မေး - လာဘ်ပေးလာဘ်ယူကိစ္စနဲ့ ဒီဌာနကို အရေးယူလိုက်ရင် ဘယ်လို ရလဒ်ကောင်းတွေ ထွက်လာနိုင်မယ်လို့ ထင်ပါသလဲ။
ဖြေ - တကယ်တော့ အကောက်ခွန်ဦးစီးဌာနဟာ အများပြည်သူတွေ အကြားမှာ ခေတ်အဆက်ဆက် လာဘ် ပေးလာဘ်ယူမှု အများဆုံးဌာနဆိုတာ လူတိုင်းသိပါတယ်။ အခုဆက်သွယ်ရေးဌာနမှာ မသမာမှုဖြစ်လို့ အရေးယူရတယ်။ ဆက်သွယ်ရေး ၀န်ထမ်းအားလုံးတော့ ချောင်လည်ချမ်းသာ နေတာမျိုးမဟုတ်ဘူး။ ဒါပေမယ့် အကောက်ခွန်မှာတော့ ဒီလိုမဟုတ်ဘူး။ အားလုံးက လစာနဲ့ ပိုင်ဆိုင်မှု အချိုးအစားက ကွာလွန်းနေတယ်။ ဒါဟာ ခေတ်အဆက်ဆက်က မှားယွင်းခဲ့တဲ့ လုပ်ထုံးလုပ်နည်းကြောင့် အဂတိတရား လိုက်စားမှု အများဆုံးဌာန ဖြစ်နေရတယ်။ သူတို့က အသိုင်းအ၀ိုင်းကြီးတယ်။ အုပ်စုကြီးတယ်။ သူတို့ရဲ့ ဖွဲ့စည်းညီညွတ်မှုကို ဥပဒေကအကာ အကွယ်ပေးထားတယ်။ အစိုးရအနေနဲ့ အဂတိတရား လိုက်စားမှုကို ပြုပြင်ချင်ရင် အစိုးရအဖွဲ့အတွင်းမှာ စပြင်ရမယ်။ ဌာနအနေနဲ့ဆိုရင် အကောက်ခွန်ဦးစီးဌာနက စံနမူနာ ပြုပြင်ရမယ့် ဌာနဖြစ်ပါတယ်။ ခေတ်အဆက်ဆက် မပြုပြင်နိုင်ခဲ့တဲ့ဌာနကို ပြုပြင်နိုင်ပြီဆိုရင် အစိုးရအနေနဲ့ ဒီစစ်ပွဲမှာ အောင်မြေနင်းမိပြီ ဆိုရမှာပါပဲ။ မြန်မာစကားမှာတောင် ရှိပါတယ်။ 'ခေါင်ပစ်ရင် အကုန်ထိတယ်တဲ့' ဒီဌာနကို စနစ်တကျ ကိုင်တွယ်နိုင်ပြီဆိုရင် ဒီမစ်ရှင်က အလုပ်စဖြစ်ပါပြီ။
 
ခေတ်စနစ်နဲ့ မလျော်ညီတော့သည့် လက်ရှိအခြေခံလစာ နှုန်းထားများ
နိုင်ငံတော်သမ္မတ ကျပ် ၁၂၀၀၀၀၀
ဒုတိယသမ္မတ ကျပ် ၁၀၀၀၀၀၀
ပြည်ထောင်စုဝန်ကြီး ကျပ် ၆၀၀၀၀၀
ဒုတိယ၀န်ကြီး ကျပ် ၄၅၀၀၀၀
ညွှန်ကြားရေးမှူးချုပ် ကျပ် ၂၁၀၀၀၀
ဒုတိယညွှန်ကြားရေးမှူးချုပ် ကျပ် ၁၈၀၀၀၀
ညွှန်ကြားရေးမှူး ကျပ် ၁၆၀၀၀၀
ဒုတိယညွှန်ကြားရေးမှူး ကျပ် ၁၄၀၀၀၀
လက်ထောက်ညွှန်ကြားရေးမှူး ကျပ် ၁၂၀၀၀၀
အနိမ့်ဆုံးဝန်ထမ်းလစာ ကျပ် ၃၅၀၀၀
မှတ်ချက်။  ။ ညွှန်ကြားရေးမှူးချုပ်နှင့် အောက်အဆင့်ရှိ ၀န်ထမ်းများသည် လစာအပြင် စရိတ်ချီးမြှင့်ငွေ ကျပ် ၃၀၀၀၀ သတ်မှတ်ပေးထားသည်။
EMG

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူသော လာဘ်ပေးလာဘ်ယူမှု အရေး ယူဆောင်ရွက်ရေး ကော်မတီသို့ အကောက်ခွန်ဦးစီးဌာန အကြီးအကဲများ၏ အဂတိတရား လိုက်စားမှုများ အား စုံစမ်းစစ်ဆေးပေးပါရန် တိုင်ကြားစာ ပေးပို့ခဲ့ခြင်းနှင့် ပတ်သက်၍ Eleven Group Trading ၏ ဒါရိုက် တာဒေါက်တာသိန်းမြင့်ကို တွေ့ဆုံမေးမြန်းခဲ့သည်များအား ပြန်လည်ဖော်ပြအပ်ပါသည်။

မြန်မာ အနုပညာ။

Zaw Win shared Lin San Letpanpya's photo.မြန်မာ အနုပညာ။
ပေါ်ဦးသက်၏
``ပို့စကတ်ပန်းချီ(၁၉၇၀ နှစ်များ)``
ညသည် နက်လာနေပြီ...ဟု ယူဆရပေသည်။ လမင်းသည် သာနေခဲ့၍ သစ်ခက်သစ်ရွက်များနှင့် စိမ်းသည့် မြက်ခင်းများ၏အပေါ်၊ ....နောက်ပြီး ချိန်းသည့်ညတစ်ခု၏ ချစ်သူနှစ်ဦး၏အပေါ်သို့ ကျရောက်နေခဲ့၏။ မကြာမီ ....ထိုခေတ်၏ လူငယ်လေးတစ်ဦး တီးခတ်သည့် .....ညင်သာသည့် ဂစ်တာသံကို ကြားလာရကာ ထိုသီချင်းမှာ ထိုအချိန်ကပေါ်ခဲ့သည့် ``ကွဲနေသော မှန်စများ``အမည်ရသည့် အယ်လ်ဘမ်ထဲမှ တေးတစ်ပုဒ်လည်း ဖြစ်ချင်ဖြစ်မည်။ နားရက်တစ်ရက် အဆောင်မှလစ်ထွက်လာသူလေးလား မသိနိုင်သော ချစ်သူကောင်မလေးက မြက်ခင်းမှာ လဲလျောင်းနေခဲ့လျက်၊ ...လရောင်တွင် သူမ၏ အပြုံးကို ကျွန်ုပ်တို့ မြင်ရ၏။ ပြီးပြည့်စုံသော ကမ္ဘာ...ဟူသည် ဤပုံကားလေးထဲမှ ညလေးတစ်ညလိုမျိုးလည်း ဖြစ်နိုင်ခဲ့ကာ .....ပေါ်ဦးသက်၏ လက်ရာမြောက်သော ပန်းချီကားလေးကိုကြည့်ရင်း ကျွန်ုပ်တို့တွေးခေါ်မိသလို သင်လည်း စိတ်ကျေနပ် ကြည်နူးနေနိုင်ပေသည်။
ပေါ်ဦးသက်၏
``ပို့စကတ်ပန်းချီ (၁၉၇၀ နှစ်များ)``
ညသည် နက်လာနေပြီ...ဟု ယူဆရပေသည်။ လမင်းသည် သာနေခဲ့၍ သစ်ခက်သစ်ရွက်များနှင့် စိမ်းသည့် မြက်ခင်းများ၏အပေါ်၊ ....နောက်ပြီး ချိန်းသည့်ညတစ်ခု၏ ချစ်သူနှစ်ဦး၏အပေါ်သို့ ကျရောက်နေခဲ့၏။

ရာဇ၀င်ထဲမှာ ဒဏ္ဍာရီမဟုတ်တဲ့ ငါတို့ ရှိတယ်

by Ye Yint Nge on Wednesday, January 30, 2013 at 3:06pm ·



မြန်မာနိုင်ငံက ကွယ်လွန်သွားကြပြီဖြစ်တဲ့  သမိုင်းပညာရှင်
ဒေါက်တာသန်းထွန်းဟာ မကွယ်လွန်မှီမှာ သမိုင်းပညာရှင် ပီသစွာ အမှန်ကို
ရင်ဆိုင်ဝံ့ပြီး မှားကြောင်းဝန်ခံခဲ့ တယ် ။ ဆရာဒေါက်တာသန်းထွန်းက
သမိုင်းဆိုတာ မအအောင် သင်ထားရတယ် ဆိုတဲ့  အတွေးအခေါ်ကို ချမှတ်ပေးခဲ
့သူဖြစ်တယ် ။ တနေ့ မှာ ရခိုင်သမိုင်းကို တိတိကျကျ လေ့လာခဲ့ ခြင်းမရှိဘဲ
ရခိုင်သမိုင်းထဲမှာ မရှိတဲ့  သမိုင်းလိမ်ဘင်္ဂလီရဲ့  လူမျိုးများ
ရှိလေဟန်ကို ရေးသားမိတယ် ။  အဲဒီဆောင်းပါးကို ရခိုင်သမိုင်းပညာရှင်
သုတေသီ ဆရာမောင်ဗသိန်းက ပြန်လည်ဖြေရှင်းပြီး သမိုင်းရဲ့ 
အထောက်အထားတွေ-ခုနှစ်သက္ကရစ်တွေ-ကျောက်စာတွေ-
ဘုရားပုထိုးတွေ-ငွေဒင်္ဂါးတွေနဲ့  တိတိကျကျ တင်ပြပြီး ...

31.01.2013 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Wednesday, January 30, 2013 at 4:36pm 

ပြည်ထောင်စု ဝန်ကြီးများ ဦးဆောင်ကာ မကြောက်တရား လိုက်လံ ဟောပြောမည်
စောဇင်ညီ | တနင်္လာနေ့၊ ဇန်နဝါရီလ ၂၈ ရက် ၂၀၁၃ ခုနှစ် ၂၂ နာရီ ၄၂ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ စစ်မက်ဖြစ်ပွားခဲ့သည့် ကရင်ပြည်နယ် ဒေသများတွင် ပြည်ထောင်စု အစိုးရအဖွဲ့မှ ဝန်ကြီးများ ဦးဆောင်ကာ မကြောက်တရားများ လိုက်လံ ဟောပြောသွားမည်ဟု မြန်မာ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး စင်တာ(MPC) တွင် ပြုလုပ်ခဲ့သော အရပ်ဘက် လူမှုအဖွဲ့အစည်း များနှင့် တွေ့ဆုံပွဲတွင် ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းကပြောကြားသည်။

မြန်မာဓါတ်ပုံဆရာ (၄) ဦးနဲ့ ထိပ်တန်း ဆု ( ၄) ဆု

DVB TV News

ဖိလစ်ပိုင်အခြေစိုက် Southeast Asian Regional Center for Graduate Study and Research in Agriculture (SEARCA) ရဲ့ အရှေ့ တောင်အာရှနိုင်ငံအားလုံးပါဝင်ယှဉ်ပြိုင်တဲ့ ရေသည်အသက် ခေါင်းစဉ်နဲ့  ဓာတ်ပုံပြိုင်ပွဲမှာ မြန်မာဓါတ်ပုံဆရာ (၄)ဦးက ထိပ်တန်း ဆု(၄)ဆုကို သိမ်းကျုံးဆွတ်ခူးသွားပါတယ်

" ကိုယ့်စိတ်နဲ့ မနှိုင်းနဲ့ "


အင်္ဂလိပ် ပုံပြင်လေး တစ်ပုဒ် ပြောပြမယ်
မြန်မာစကားပုံလည်း ရှိတယ်ဗျ
" ကိုယ့်စိတ်နဲ့ မနှိုင်းနဲ့ " ဆိုတာလေ ဒီလိုဗျ
အင်္ဂလိပ် ပုံပြင်လေး တစ်ပုဒ် ပြောပြမယ်
မြန်မာစကားပုံလည်း ရှိတယ်ဗျ
" ကိုယ့်စိတ်နဲ့ မနှိုင်းနဲ့ " ဆိုတာလေ ဒီလိုဗျ ....

မနက်စာက ဘာကြောင့် တစ်နေ့တာလုံးရဲ့ အရေးကြီးဆုံး အစာဖြစ်နေသလဲ????

Cloud Cuckoo Land shared Royal Hero Media's photo.

နေ့တစ်နေ့ရဲ့အစမှာ စားရတဲ့ မနက်စာက တစ်နေ့တာလုံးအတွက် အရေးကြီးဆုံးအစာ ဖြစ်တာကြောင့် မနက်စာကို မဖြစ်မနေ စားသင့် ကြောင်း မကြာခဏကြားဖူးကြမှာပါ။ ဒါပေမဲ့ အပြိုင်အဆိုင်များတဲ့ မျက်မှောက် ခေတ်ကြီးမှာ နောက်ကောက်ကျ မကျန်ခဲ့ဖို့အတွက် အများစုက အလုပ်လောဘကြီး နေတတ် ကြပါတယ်။

စာကို ဘာပြုလို့ ဖတ်သလဲ၊


စာကို ဘာပြုလို့ ဖတ်သလဲ၊ အပျင်းပြေဖတ်တာလား၊ ပညာရဖို့လားတဲ့ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက ဆိုတယ်...... ကျွန်တော်ကတော့ အပျင်းလည်းပြေ၊ ဗဟုသုတလည်းရ၊ ပညာလည်းတိုးစေမယ့် စာအုပ်မျိုးရွေးဖတ်တယ်.....

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၁)

သစ်ထူးလွင်



Tuesday, January 29, 2013

အထေ့အသောဝေ့၀ိုက်ပြော (Irony and Litotes)

“မရှောင်ရင်လွတ်တယ်” ဟူသည့်နာမည်ကျော်စကားသည် ကာတွန်းဆွေမင်း(ဓနုဖြူ)၏မြိုင်ရာဇာ တွတ်ပီရုပ်ပြဇာတ်လမ်းများထဲမှ တိရိစ္ဆာန်လေးများ၏လက်သုံးစကားဖြစ်သည်။ မုဆိုးကျော်တွတ်ပီ၏ အလွဲလွဲအချော်ချော်ပစ်ချက်ကိုရှောင်မှတည့်တည့်တိုးသွားသည့်သတ္တ၀ါ၏အဖြစ်မှာ ငိုအားထက်ရယ်အား ပိုစေ၏။ ဘာကြောင့်ထိုကဲ့သို့ရယ်ရွှင်ပြုံးစေသည့်ရလာဒ်ကို ပေးသနည်းဟု ဆန်းစစ်သော် situational irony ဟုခေါ်သည့်အဖြစ်ကို verbal irony နှင့်အားဖြည့်ကာတန်ဆာဆင် ပေးလိုက်သောကြောင့်ဖြစ်သည်။ အင်္ဂလိပ်စာပေတွင် ငေါ့ပြောခြင်း၊ ရွဲ့ပြောခြင်းသည်လည်း အလင်္ကကာတန်းဝင် figure of speech တစ်ခုဖြစ်ပေသည်။

တောင်ကြီးမြို့တရားရုံးမှ ထူးဆန်းသောအမှုကြီး

ဇန်န၀ါရီ ၃၀ ၊ ၂၀၁၃

တစ်နေ့ တောင်ကြီးမြို့တရားရုံးကို ကျွန်တော် (စာရေးသူ) ကိစ္စတစ်ခုနဲ့ ရောက်သွားတုံး ကြားသိရတဲ့ အမှုအကြောင်းပါ။ ဒီအမှုအကြောင်းကို အများသိအောင်ရေးပြချင်တဲ့ အချက်တွေအများကြီး ရှိနေလို့ပါ။
အမှုအကြောင်းချင်းရာနဲ့ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အမိန့်ကိုကြည့်ရင် ဒီအမှုမှာ ဝေဖန်သုံးသပ်စရာတွေ
တသီတတန်းကြီး ပေါ်လာပါတယ်။

အဲဒါတွေကတော့ ...
1.    အဂတိလိုက်စားခြင်း၊ လာဘ်ပေးလာဘ်ယူခြင်းကိစ္စ မကင်းကြောင်း သံသယဖြစ်စရာများရှိနေခြင်း။
2.    ဥပဒေအထက်မှာ အာဏာရှိသူတစ်ဦး၏ လွှမ်းမိုးမှုရှိနေခြင်း။

အမျိုးသမီးတွေ ဘာကြောင့် ငရုပ်သီးမှုန့်နဲ့ ဓား ဆောင်နေကြတာလဲ

မာံသူ ရိန္ဒ shared Aye Chan Mon's photo. ဓာတ်ပုံ-The Times of India
အမျိုးသမီးတွေ ဘာကြောင့် ငရုပ်သီးမှုန့်နဲ့ ဓား ဆောင်နေကြတာလဲ
======================================
အိန္ဒိယနိုင်ငံ မွန်ဘိုင်းက အမျိုးသမီးတွေကို မုဒိန်းကောင်တွေရဲ့ အန္တရာယ်ပေးမှုက ခုခံကာကွယ်နိုင်
အောင် ငရုပ်သီးမှုန့်နဲ့ ဓားတွေ ဆောင်ထားဖို့ အိန္ဒိယနိုင်ငံက နိုင်ငံရေး ပါတီကြီးတခုက ဝေငှပေးဝေနေပါ တယ်။

ဓာတ်ပုံ-The Times of India

အခုလို အမျိုးသမီးတွေ ငရုပ်သီးမှုန့်နဲ့ ဓားဆောင်ဖို့ ဖြစ်လာရတာက လွန်ခဲ့တဲ့ လတုန်းက ဒေလီမြို့ မှာ ကျောင်းသူ တယောက်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်လို့ နောက်ပိုင်း အသက်ဆုံးရှုံးခဲ့ရတာကြောင့် အိန္ဒိယ တနိုင်ငံလုံးမှာ အံုံကြွ ဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်ခဲ့ရတာပါ။

အဲဒီ့ နောက်ဆက်တွဲ အကျိုးဆက်တခု အနေနဲ့ မတရား မုဒိန်းပြုကျင့်မှုတွေကို ကာကွယ်နိုင်ဖို့ ဒီအစီအစဉ် ဖြစ်လာခဲ့တယ်လို့ The Times of India အွန်းလိုင်း သတင်းတပုဒ်မှာ ဆိုထားပါတယ်။

တချိန်က အာဏာရပါတီကြီးဖြစ်ခဲ့တဲ့ Bharatiya Janata Party (BJP) ရဲ့ အဓိက မဟာမိတ် ပါတီ တခုဖြစ်တဲ့ Shiv Sena ပါတီကြီးက အခုလို မွန်ဘိုင်းနဲ့ အဲဒီအနီးဝန်းကျင်မှာ ရှိတဲ့အမျိုးသမီးတွေကို အသွား ၃ လက်မရှိတဲ့ ဘလိတ် ဓားပေါင်း ၂၁၀၀၀ တွေကိုဝေငှပေးခဲ့ပါတယ်။

သူတို့ပါတီအနေနဲ့ အမျိုးသမီးတွေ ကိုယ့်ကာမကို ထိမ်းသိမ်းကာကွယ်နိုင်ဖို့အတွက် စုစုပေါင်း ဘလိတ်ထား ၁ သိန်းထိ ဝေငှသွားဖို့ အစီအစဉ်ရှိတယ်လို့ သတင်းက ဆိုပါတယ်။

“ဒါက သင်္ကေတနဲ့ သရော်တဲ့ နည်းတခုပါ”လို့ အဲဒီပါတီ ပြောခွင့်ရ ရာဟူးလ် နာဝပ်ခါက ပြောပါတယ်။

တခါ အဲဒီပါတီကြီးက ဘလိတ်ဓားကင်မ်ပိန်းတာဝန်ယူထားတဲ့ အာဂျေး ချိုဒါရီကလည်း “သင့်ကို တယောက်ယောက်က တိုက်ခိုက်တဲ့အခါ ဒီဓားကို အသုံးပြုဖို့ကို မကြောက်ပါနဲ့၊ ကျနော်တို့မှာ အဲဒီလို လုပ်လိုက်တာကြောင့် ပြဿနာ အမှုအခင်းဖြစ်လာခဲ့ရင် ဘယ် တရားရုံးကိုမဆို လိုက်ပါ ဆောင်ရွက် ကာကွယ်ပေးဖို့ အမှုလိုက်ရှေ့နေ ၉ ဦးပါတဲ့ အဖွဲ့တခုလည်း ဖွဲ့ပြီးပြီ” လို့ ပြောတာကို ပါတီရဲ့ သတင်းစာ
ဖြစ်တဲ့ Saamana မှာလည်းဖော်ပြထားပါတယ်။

အသွား ၃ လက်မသာ ရှိတဲ့အတွက် အသွား ၆ လက်မ ထက်တိုတဲ့အတွက် လက်နက်လည်း မမြောက်ဘူး လို့ သူက ဆိုပါ တယ်။

ဒါပေမယ့် မွန်ဘိုင်းရဲတပ်ဖွဲ့ကတော့ အခုလို အသွား ၃ လက်မ ဓားကို ဆောင်ထားခြင်းဟာ တရားဝင် တယ်၊ မ၀င်ဘူးဆို တာ သူတို့ သေချာ စဉ်းစားနေကြတုန်းပါဘဲတဲ့။

နောက် ငရုပ်သီးမှုန့် ။

ဒါနဲ့ပတ်သက်လို့ကတော့ အမျိုးသမီးတွေအနေနဲ့ ငရုပ်သီးမှုန့်ဆောင်ထားခြင်းဖြင့် ကိုယ့်ရဲ့ ကာမ ကို အဓမ္မ စော်ကားဖို့ ကြိုးစားလာသူရဲ့ မျက်စေ့တွေ ထဲကို ပက်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

အခုဆိုရင် အိန္ဒိယက အမျိုးသမီးတွေလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ငရုပ်သီးမှုန့်၊ ငရုပ်ကောင်းမှုန့်၊ အသွား ၃ လက်မရှိတဲ့ ဓားတွေ ဆောင် ထားလာကြပြီးလို့ အဲဒီသတင်းစာက ဆိုပါတယ်။

အေးချမ်းမွန်မှ  မြန်မာ့သားကောင်း  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

အိန္ဒိယနိုင်ငံ မွန်ဘိုင်းက အမျိုးသမီးတွေကို မုဒိန်းကောင်တွေရဲ့ အန္တရာယ်ပေးမှုက ခုခံကာကွယ်နိုင်
အောင် ငရုပ်သီးမှုန့်နဲ့ ဓားတွေ ဆောင်ထားဖို့ အိန္ဒိယနိုင်ငံက နိုင်ငံရေးပါတီကြီးတခုက ဝေငှပေးဝေနေပါ တယ်။

"ဂန္ထဝင်အိပ်မက် (အပိုင်း-၄)"


နာမည်ကျော်ပုဂ္ဂိုလ်တို့အကြောင်းဆိုလျှင် လူတွေက အလွန်စိတ်ဝင်စားကြသည်။ သာမန်မထင်မရှား
လူတစ်ယောက်က အကြီးအကျယ် ထိခိုက်ဒဏ်ရာရတာမျိုးကို သက်ဆိုင်ရာ မိသားစုဆွေမျိုးသားချင်းက
လွဲလို့ ဘယ်သူမှ အရေးတယူမရှိလှ။ နာမည်ကြီးပုဂ္ဂိုလ်တစ်ယောက် ခေါင်းပေါက်သွားတာလောက်
ကျတော့ အကြီးအကျယ်စိတ်ဝင်စားကြသည်။

လူကြားထဲမှာ အဆင်မပြေသော်လည်း ကျန်းမာရေးအတွက် ကောင်းသော အစားအသောက် ၅ မျိုး


လူကြားထဲမှာ စားရင် ခံတွင်းအနံ့ နံစေတာကြောင့် အဆင် မပြေပေမယ့် အရသာရှိပြီး ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ အစားအစာတွကို ရေးသားလိုက်ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ မိတ်ဆွေတု မိတ်ဆွေယောင်

Tuesday, 29 January 2013

ကျနော်တို့ရဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ဒဿမမြောက် ပြည်ပနိုင်ငံ ခရီးစဉ်အဖြစ် တောင်ကိုးရီးယားနိုင်ငံကို တနလာင်္နေ့ကပဲ ဆိုက်ရောက်သွားပါပြီ။

30.01.2013 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Tuesday, January 29, 2013 at 5:33pm ·
 
အမိန့် အမှတ် ၂/၈၈ ကို ပယ်ဖျက်
မြန်မာ နိုင်ငံမှာ နိုင်ငံရေး တက်ကြွ လှုပ်ရှား သူတွေကို အရေးယူ ရာမှာ အသုံး ပြုခဲ့တဲ့ အရင် စစ်အစိုးရ လက်ထက်က အမိန့် အမှတ် ၂ / ၈၈ ကို အခု အစိုးရက ပယ်ဖျက်လိုက် သလို၊ အီလက်ထရောနစ် ဥပဒေကိုလည်း ပြင်ဆင် ရေးဆွဲဖို့ သဘောတူ လိုက်ပါတယ်။

အီလက်ထရွန်းနစ် ဥပဒေမှ နိုင်ငံတော်လုံခြုံရေး ပြစ်မှုပြစ်ဒဏ်များ ပယ်ဖျက်မည်............


စစ်အစိုးရက ဒီမိုကရေစီ အရေးလှုပ်ရှားသူများကို အရေးယူရာတွင် အဓိက အသုံးပြုခဲ့သည့် အီလက်ထရွန်းနစ် ဥပဒေမှ ပြစ်မှုနှင့် ပြစ်ဒဏ်များကို ပြင်ဆင် ပယ်ဖျက်ပေးသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြောသည်။

မြန်မာပြည်မှာ ဒါတွေပေါတယ်

မြန်မာပြည်မှာ ဒါတွေပေါတယ်

တယောက်ကစ တထောင်လိုက်ပေမယ့်
ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့
အမောင်တောင်မြောက်မသိတွေ ပေါတယ်။

ဖြစ်လာရင် အလျှိုအလျှိုပျောက်
မဖြစ်ခင် အာခြောက်အောင်အော်တတ်တဲ့
အချောင်သမားတွေ ပေါတယ်။

မိုးလင်းကမိုးချုပ်
သွားသုတ်သုတ် လာသုတ်သုတ်
တက်သုတ်သုတ် ဆင်းသုတ်သုတ် (ဘက်စ်ကား)
ဗရုတ်သုတ်ခဘ၀တွေ ပေါတယ်။

ကေတီဘီ မာဆတ်
အမျိုးကောင်းသ္မီးတွေကို ဖာဇာတ်သွင်းမယ့်
အခန်းကျဉ်းလေးတွေ ပေါတယ်။

ပစ္စည်းပေါင် လူပေါင်
ဘာမှမကျန်အောင်ပြောင်လည်း
မှတ်ပုံတင်ပါ ပေါင်လို့ရတဲ့
အပေါင်ဆိုင်တွေ ပေါတယ်။

တစ်လုံး၊ နှစ်လုံး၊ သုံးလုံး
အလုံးတွေကို နေ့တိုင်းမျိုချ
ရင်ပြည့်ရင်ကယ် ဖြစ်နေကြတဲ့
အလုံးသမားတွေ ပေါတယ်။

တအိမ်ကျော်တဆိုင်ဖွင့်
ရောင်းသူနဲ့ သောက်သုံးသူ
အရေအတွက်ချင်းတူနေတဲ့
အရက်ဆိုင် (ဘီယာဆိုင်) တွေ ပေါတယ်။

ဘာသာခြားတွေရဲ့ရန်
ပေလျာယကန်ပြုပေမယ့်
အုပ်ချုပ်သူအကြိုက်လိုက်
အချင်းချင်းပြန်ဖိုက်တတ်တဲ့
ဘာသာရေးခေါင်းဆောင်တွေ ပေါတယ်။

ခွေးနှစ်ကောင်ကိုက်လို့
တုတ်နဲ့မရိုက်နဲ့
တိတိကျကျစစ်ဆေးဖို့
စုံစမ်းရေးကော်မရှင်တွေ ပေါတယ်။

ဦးနေ၀င်း လက်ထက်က
ပြည်တော်သာစီမံကိန်းလို
ဘယ်တော့ဖြစ်လာမှန်းမသိတဲ့
အစီအစဉ်ရှိပါတယ်တွေ ပေါတယ်။

လာဘ်ပေးရန်မလို ဆိုင်းဘုတ်အောက်က
လက်ဆောင်ပဏ္ဍာစရိတ်နဲ့
တိတ်တိတ်လေး ခွက်ပုန်းခုတ်နေတဲ့
အစိုးရ၀န်ထမ်းတွေ ပေါတယ်။

သူပစ် ကိုယ်ပစ်
ငြိမ်းချမ်းရေးအတွက်ဖြစ်တဲ့စစ်မှာ
ပလူပျံနေတဲ့ ကျည်ဆန်တွေရယ်
ပဋိပက္ခတွေနဲ့ ကိုယ်ဝန်လွယ်
မွေးလာတဲ့ဒုက္ခသည်တွေ ပေါတယ်။

အဲ……….
မယောင်ရာဆီလူး
အရူးဘုံမြှောက် ချီးခြောက်ကောက်စား
အမေးအဖြေတွေများနေတဲ့
လွှတ်တော်ထဲမှာငပွတွေလည်း ပေါတယ်။

မောင်ပါလ
၂၉.၀၁.၂၀၁၃
Mg Pala
တယောက်ကစ တထောင်လိုက်ပေမယ့်
ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့
အမောင်တောင်မြောက်မသိတွေ ပေါတယ်။

ကြွက်နို့နှင့် ပတ်သက်၍ သိသင့်သည်များ

Aye Chan Mon's photo.

  • ကြွက်နို့နှင့် ပတ်သက်၍ သိသင့်သည်များ

ကြွက်နို့ဆိုတာဟာ အရေပြားပေါ်မှာ ထွက်ပေါ်လာတတ်တဲ့ အဖုငယ်ဖြစ်ပြီး ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါပါ။ သေးငယ်တဲ့အဖု ထွက်ပေါ်တာ ဒါမှမဟုတ် အဖုကြီးထွက်တာ၊ မိမိကို စိတ်အနှောင့်အယှက်ဖြစ်စေတာနဲ့ နာကျင်တာတွေ ဖြစ်တတ်ပါတယ်။ ကြွက်နို့နဲ့ ပတ်သက်ပြီး သိသင့်တာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဘာကြောင့် ကြွက်နို့ ပေါ်ပေါက်ရပါသလဲ။

ကြွက်နို့ဟာ HPV ခေါ်တဲ့ Human Papilloma Virus ကြောင့် ဖြစ်ရတာပါ။ HPV အမျိုးအစားပေါင်း ၈၀ ကျော်ကြောင့် ကြွက်နို့ အမျိုးအစားပေါင်း မျိုးစုံကို မျက်နှာ၊ လက်၊ ဒူးခေါင်း၊ ခြေထောက်၊ လိင်အင်္ဂါနဲ့ လည်ချောင်း အစရှိတာလိုမျိုး နေရာအနှံ့မှာ ဖြစ်ပေါ်တတ်ပါတယ်။ သင့်ထံကို ဗိုင်းရပ်စ်ပိုး တစ်ခါ ဝင်ရောက်ဖူးရင် သင့်မှာ အမြဲတမ်း ကြွက်နို့ မပေါ်ပေါက်နေပေမယ့် အဲဒီဗိုင်းရပ်စ်က တစ်သက်လုံး သင့်ခန္ဓာကိုယ်ထဲမှာ ရှိနေတတ်ပါတယ်။

ကြွက်နို့က ဘယ်လို ကူးစက်နိုင်ပါသလဲ။

တခြားလူတစ်ယောက်မှာရှိတဲ့ ကြွက်နို့မှတစ်ဆင့် တိုက်ရိုက် ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် သင့်အရေပြားမှာ ပြတ်ရှရာ၊ ခြစ်ရာ ဒါမှမဟုတ် အဖုအပိမ့်တွေ ပေါက်နေခဲ့ရင်ပါ။ အများသုံး ရေကူးကန် ဒါမှမဟုတ် အများသုံး အဝတ်လဲခန်းမှာ ဖိနပ်မပါဘဲ လမ်းလျှောက်ရင်လည်း ကြွက်နို့ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် သင့်ခြေဖဝါးမှာ ဒဏ်ရာရှိနေရင်ပါ။ သင့်ခန္ဓာကိုယ် တစ်နေရာမှာ ရှိနေတဲ့ ကြွက်နို့ကနေ အခြားတစ်နေရာကိုလည်း ပြန့်ပွားတတ်ပါတယ်။ မုတ်ဆိတ်ရိတ်တာ၊ ခြစ်မိတာ ဒါမှမဟုတ် လက်သည်း ကိုက်တတ်တဲ့ အကျင့်တွေကြောင့်ပါ။ ဥပမာအားဖြင့် သင့်လက်ချောင်းမှာ ကြွက်နို့ရှိနေပြီး အဲဒီကြွက်နို့ကို သင့်ပါးစပ်နဲ့ ကိုက်ဆွနေမယ်ဆိုရင် သင့်နှုတ်ခမ်းမှာ ကြွက်နို့ ဖြစ်ပေါ်တတ်ပါတယ်။ လိင်အင်္ဂါကြွက်နို့တွေဟာ လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်တတ်ပါတယ်။

ကြွက်နို့ကို ကုသမှု ခံယူစရာ လိုပါသလား။

ကြွက်နို့တိုင်းဟာ သူ့ဘာသာသူ ပျောက်ကွယ်တတ်တာကြောင့် ကုသမှုဟာ အမြဲတမ်း မလိုအပ်ပါဘူး။ကုသမှု မခံယူလည်း ကလေးတွေမှာဖြစ်တဲ့ ကြွက်နို့တွေရဲ့ ၅၀ ရာခိုင်နှုန်းဟာ ခြောက်လအတွင်း ပျောက်ကွယ်တတ်ပြီး ၉၀ ရာခိုင်နှုန်းဟာ နှစ်နှစ်အတွင်း ပျောက်ကွယ်တတ်ပါတယ်။ အသက်ကြီးသူတွေမှာ ကျန်းမာရေး ကောင်းမွန်သူဖြစ်ရင် ကြွက်နို့ဟာ နှစ်နှစ်မှ သုံးနှစ်အတွင်း သူ့ဘာသာသူ ပျောက်ကင်းသွားတတ်ပါတယ်။ ဒါကြောင့် ကြွက်နို့ကို ကုသမှု မခံယူခင်မှာ သေချာ ဆုံးဖြတ်သင့်ပါတယ်။ ကုသမှုကြောင့် အမာရွတ် ထင်ပေါ်နိုင်တာကြောင့်ပါ။

ဘယ်လို ကြွက်နို့ အမျိုးအစားဟာ ကုသဖို့ လိုပါသလဲ။

လိင်အင်္ဂါကြွက်နို့နဲ့ သာမန်ကြွက်နို့တွေဟာ ကုသဖို့ ပိုလွယ်ကူပါတယ်။ ခြေဖဝါးမှာပေါက်တဲ့ Plantar အမျိုးအစားဟာ ပိုမိုထူထပ်တာကြောင့် ကုသရတာ ခက်ခဲပါတယ်။ ကြွက်နို့တွေ အုပ်စုလိုက် ရှိနေတဲ့ Cluster အမျိုးအစားဟာလည်း ကုသရတာ ခက်ခဲတတ်ပါတယ်။ သင့်ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်ပိုး အမြဲတမ်း ရှိနေတတ်တာကြောင့် သင်နေမကောင်း ဖြစ်နေချိန် ဒါမှမဟုတ် ခုခံအား ကျဆင်းနေချိန်မှာ ရောဂါ ပြန်လည်ဖြစ်တတ်ပါတယ်။

ဆေးဆိုင်ပေါ်မှာ ရောင်းချတဲ့ ကြွက်နို့ပျောက်ဆေးတွေ အသုံးပြုသင့်ပါသလား။

ဆေးဆိုင်ပေါ်မှာ ရောင်းချတဲ့ ကြွက်နို့ပျောက်ဆေး အများစုဟာ လိမ်းဆေးဖြစ်တာ ဒါမှမဟုတ် အေးခဲတဲ့ နည်းပညာကို အသုံးပြုထားတာကြောင့် အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ပါတယ်။ သူတို့တွေဟာ သေးငယ်ပြီး တစ်ခုတည်း ဖြစ်ပေါ်တဲ့ ကြွက်နို့အတွက်သာ သုံးသင့်ပြီး လိင်အင်္ဂါကြွက်နို့အတွက် မသုံးသင့်ပါ။ သင့်မှာ ကိုယ်ဝန်ရှိနေရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင် ဒါမှမဟုတ် နှင်းခူ၊ ဂျွတ်ရောဂါနဲ့ အရေပြား ဓာတ်မတည့်မှုလိုမျိုး အရေပြားပြဿနာ ရှိနေရင် အဲဒီဆေးဝါးတွေ အသုံးမပြုခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ရပါမယ်။

ကြွက်နို့ကြောင့် နာကျင်တတ်ပါသလား။

ခြေဖဝါးမှာ ပေါက်တဲ့ ကြွက်နို့နဲ့ လိင်အင်္ဂါမှာ ပေါက်တဲ့ ကြွက်နို့တွေဟာ နာကျင်တတ်ပါတယ်။ လက် ဒါမှမဟုတ် ခြေထောက်မှာ ပေါက်တဲ့ ကြွက်နို့တွေဟာ အလွယ်တကူ ထိခိုက်ဒဏ်ရာ ရရှိနိုင်ပါတယ်။ ကြွက်နို့ရဲ့ အရွယ်ပမာဏဟာ ကြီးလေလေ နာကျင်မှုဖြစ်နိုင်ခြေ များလေလေပါ။ ကြွက်နို့က ကွဲထွက်သွားရင် အလွန်အမင်း နာကျင်တတ်ပါတယ်။ ကြွက်နို့ကြောင့် မျက်နှာ ဒါမှမဟုတ် လက်အလှတွေ ရုပ်ဆိုးနေရင် ဒါမှမဟုတ် ကြွက်နို့ကြောင့် နေ့စဉ်လုပ်ရတဲ့ အလုပ်တွေ မလုပ်နိုင်ရင် ကုသမှု ခံယူဖို့ စဉ်းစားရပါမယ်။


ကြွက်နို့ဟာ အရေပြားကင်ဆာလိုမျိုး ဖြစ်နိုင်ပါသလား။

အနီရောင် ဒါမှမဟုတ် အဖတ်ဖတ်တွေ ဖြစ်နေတဲ့ ကြွက်နို့ဟာ အရေပြားကင်ဆာ အမျိုးအစားဖြစ်တဲ့ Squamous Cell Carcinoma လိုမျိုး ပုံသဏ္ဌာန်နဲ့ ဆင်တူတတ်ပါတယ်။ အရေပြား အထူးကု ဆရာဝန် အနေနဲ့ ရောဂါကို ခွဲခြားတတ်ပါတယ်။ ဒါမှမဟုတ် အသားစယူပြီး အဖြေရှာပေးနိုင်ပါတယ်။ သင်ရဲ့ ကြွက်နို့ဟာ ရုတ်တရက်ကြီးလာတာ ဒါမှမဟုတ် ရုတ်တရက် နာကျင်တာ၊ သွေးထွက်တာ ဒါမှမဟုတ် အရည်တွေဆင်းတာ ဖြစ်လာရင် ဆရာဝန်နဲ့ ချက်ချင်းပြပါ။

ကြွက်နို့ကနေ ကင်ဆာဖြစ်နိုင်ပါသလား။

ကြွက်နို့ အများစုဟာ ကင်ဆာအဖြစ် မပြောင်းလဲတတ်ပါဘူး။ ဒါပေမဲ့ လိင်အင်္ဂါ ကြွက်နို့တွေဟာ သားအိမ်ခေါင်း၊ မိန်းမကိုယ်နဲ့ လိင်တံကင်ဆာတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ လက်သည်းအောက်မှာ ဖြစ်ပေါ်တတ်တဲ့ ကြွက်နို့ကို Subungual warts လို့ခေါ်ပြီး အဲဒီကနေ အရေပြားကင်ဆာ Squamous Cell Carcinoma ဖြစ်ပေါ်တတ်ပါတယ်။

ဒေါက်တာ ခင်မိုးမိုး
By Good Health

http://on.fb.me/UWRK0Q

အေးချမ်းမွန်မှ  laminmaung တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

    ကြွက်နို့ဆိုတာဟာ အရေပြားပေါ်မှာ ထွက်ပေါ်လာတတ်တဲ့ အဖုငယ်ဖြစ်ပြီး ဖြစ်လေ့ဖြစ်ထရှိ တဲ့ ရောဂါပါ။ သေးငယ်တဲ့အဖု ထွက်ပေါ်တာ ဒါမှမဟုတ် အဖုကြီးထွက်တာ၊ မိမိကို စိတ်အနှောင့် အယှက်ဖြစ်စေတာနဲ့ နာကျင်တာတွေ ဖြစ်တတ်ပါတယ်။ ကြွက်နို့နဲ့ ပတ်သက်ပြီး သိသင့်တာတွေ ကို ဖော်ပြပေးလိုက်ပါတယ်။
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...