Monday, January 28, 2013

နတ်ကြီးတယ်

by Popular Academy on Saturday, December 29, 2012 at 11:25pm ·


လူဝင်မှုကြီးကြပ်ရေးကိုလည်း မေးဖူးတယ်။”မသိဘူး”တဲ့။ ဒါနဲ့ နာရေးကြော်ငြာတွေ ပြန်လိုက်ဖတ် တယ်။ ဟိုးအစကနေအခုလက်လှမ်းမီသလောက်အထိဗျာ။ ဖတ်တယ်။ ဖတ်တယ်။ ဖတ်တယ်။ဖြစ်နိုင်ခြေရှိတဲ့ သူကိုမတွေ့ဘူး။ ဒါနဲ့ အသိတွေ၊ မိတ်ဆွေတွေ၊ဆွေမျိုးတွေလည်း လိုက်မေးတယ်။
ဘယ်သူမှရေရေရာရာ မပြော နိုင်ဘူး။  ရေရေ ရာရာ မပြောနိုင်ဆို ယောက်ျားလား၊မိန်းမလားတောင် မသိဘူး။တချို့ကလည်းပြောတယ်။
“ယောက်ျားပဲဖြစ်မှာပေါ့ဟဲ့၊ဒီလောက်ကြီးတာ” တချို့ကလည်း… “အိုအေ..သူ့ဘာသာသူကြီးကြီး၊ မကြီးကြီး ဒီလောက်မာယာများတာမိန်းမပဲဖြစ်မှာပေါ့” သေချာတာက ဘယ်သူမှ အသေအချာမပြောနိုင်ဘူး။ အနုပညာလောကနဲ့ ပတ်သက်နေတဲ့အတွက် အနုပညာသမားတွေကို မေးကြည့်တယ်။ ဆရာကြီး တစ်ယောက် ဆိုရင်မျက်မှောင်ကြုတ်ပြီး…”အေး …ပေါ်နေတာတော့ကြာပြီ။ ဒါပေမဲ့ဘယ်သူ မှန်းတော့ငါလည်းမသိဘူး” ရုပ်ရှင်နယ်က ဆရာကြီးတစ်ယောက် ကလည်း. .”အဘတို့ငယ်စဉ်ကနေ ဒီနေ့အထိ ရှိနေတာပါပဲကွယ်။ ဒါပေမဲ့ ဘယ်သူလဲတော့ မသိဘူး ”

ဒါနဲ့ပရ လောကနဲ့ သက်ဆိုင်တာမို့ ပရလောက ဘက်လှည့်ရတယ်။ နတ်ပွဲသွားပြီး အပီအပြင် ထိုင်ကြည့်တယ်။ သူမပါပြန်ဘူး။ အတွင်း ၃၇ မင်း၊ အပြင် ၃၇ မင်းစုံသွား တယ်။ ဒါပေမဲ့ ကျွန်တော်ရှာနေတဲ့ဟာ မပါဘူး။ ဒါနဲ့နတ်တို့ရဲ့ အချုပ် နတ်ဂိုဏ်း စတားကြီး ဦးမင်းကျော်တော့ သိလောက်ရဲ့ဆိုပြီး ဦးမင်းကျော်ဝင်တဲ့ အချိန်ကို အပီအပြင်စောင့်တယ်။ဆောင့်ကြောင့်ကို ထိုင်စောင့်တာ။ လာပါပြီ ဦးမင်း ကျော်…တို့ကိုကြီး ကျော်များ ပျော်တတ်လိုက်တာ။ အရက်တစ်ဖက်၊ ကြက် တစ်ဖက်နဲ့ ပျော်ပါးနေတုန်း အနားကို မခို့တရို့ကပ်ပြီး မေးရတယ်။ “တစ်ခုမေးလို့ရမလားဟင်” “မေးဟဲ့.. ငါ့သား၊ ကိုယ်တော် ဖြေမဟဲ့၊ ကိုယ်တော်မသိတာ ဒီလောကမှာမရှိဘူးဟဲ့။ မေးလိုရာမေးဟဲ့” “အကယ်ဒမီနတ်ကြီးတယ်ဆိုတာကြားဖူးလားဟင်” “ကြားဖူးတာပေါ့ဟဲ့။ မင်းသားမင်းသမီးတိုင်း ဒီရာသီဆိုရင်ပြောနေကျပဲဟဲ့”
“အဲဒီ အကယ်ဒမီနတ်ဆိုတာ ဘယ်သူသေလို့ ဝင်စားတာလဲဟင်” ကျွန်တော့်အမေးကြောင့် ကိုကြီးကျော် တုန်နေရာက ရပ်သွားတယ်။ ပြီးတော့ ပြန်တုန်တက်လာပြီး …”မူးနေပါတယ်ဆိုမှ ကိုယ်တော့်ကို လာပြီး ခေါင်းစားနေသေးတယ်။ ဘယ်သူသေလို့ အကယ်ဒမီနတ်ဖြစ်တယ်ဆိုတာ ကိုယ်တော်လည်း ဘယ်သိမှာလဲဟဲ့။ စိတ်ညစ် တယ်၊ စိတ်ညစ်တယ်။ ကိုယ် တော်စိတ် ညစ်တယ်။ပေးစမ်းအကယ်ဒမီ ပုလင်းအဲလေဝီစကီပုလင်း။ နတ်ညီ လာခံကျမှမေးပြီး နင့်ကိုသတင်း ပြန်ပို့ မဟဲ့” ဆိုပြီးတုန် တုန်တုန်တုန်နဲ့ ခုန်ထွက်သွားလေတယ်။ ကဲ…အကယ်ဒမီပွဲကြီးနီးလာပါပြီ။ အားလုံးရင်ခုန် နေကြပါပြီ။ အကယ်ဒမီဘယ်သူရမယ်ဆိုတာ ခန့်မှန်းရင်းပေါ့။ မင်းသား၊ မင်းသမီးများကလည်း “အကယ်ဒမီဆိုတာ နတ်ကြီးတယ်” လို့ဆိုနေကြပါပြီ။ ကျွန်တော်လည်း အကယ်ဒမီကို စိတ်ဝင်စားပါတယ်။ နတ်ကြီးတယ်ဆို တဲ့ အကယ်ဒမီနတ်၊ ဘယ်သူသေပြီး ဖြစ်တာလဲလို့။

 အကြည်တော်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...