Sunday, January 27, 2013

Eleven Media CEO သို့ (ပေးစာ)

by Moe Min Thar Gyi on Friday, January 25, 2013 at 11:40pm ·
  24 ရက်နေ့ထုတ်ထုတ် Weekly Eleven ဂျာနယ် မှာ ဒေါက်တာ သန်းထွဋ်အောင် ရေးသားထား တဲ့ “ ၂၀၁၃ မှာ ရဲရင့်ပါ..” ဆိုတဲ့ ဆောင်းပါးကို ဖတ်လိုက်ရပါတယ်။ ဒီဆောင်းပါးမှာ လက်ရှိ အစိုးရနဲ့ ပတ်သက် ပြီး အပြုသဘောဆောင်တဲ့ ဝေဖန်ချက်တွေ၊တိုင်းရင်းသားစည်းလုံးညီညွတ် ရေးနဲ့ ပတ်သက်တာတွေ၊ ခရို နီတွေနဲ့ပတ်သက် တဲ့အမြင်တွေပါဝင်လို့ သဘောကျစရာပါပဲ။
ဒါပေမဲ့ဆောင်းပါးမှာကိုယ်ရေးကိုယ်တာအချက် တွေ၊ ဆန္ဒအဂတိဆိုတဲ့ မိမိကိုထိခိုက်လို့သူများ တွေကို ပုတ်ခတ် ပြောဆိုတာတွေကို မြင်ရ တော့ ဒေါက်တာ သန်းထွဋ်အောင် က လူတော်တစ်ယောက်ဖြစ်ပေမဲ့ လူကောင်းတစ်ယောက် မဖြစ်နိုင်ဘူး လို့ သိသာထင်ရှား စေပါတယ်။ စတုတ္ထမဏ္ဍိုင်လို့ခေါ်တဲ့ မီဒီယာလုပ်ငန်းတစ်ခုကို ပိုင်ဆိုင်ထားပြီး ငါနဲ့မတူ ငါ့ရန်သူ ဆိုပြီး လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ ၎င်းနဲ့အမြင်မတူတဲ့သူတွေကို ၎င်းပိုင်မီဒီယာများမှတဆင့် ဝေဖန်ပုတ်ခတ် ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။

ဒီဆောင်းပါးထဲမှာ အစိုးရကိုဝေဖန်တာ ကိုယ်ရည်သွေးပြောတာတွေကို မပြောလိုပေမဲ့ Blogger တွေကိုဝေ ဖန်ပြောဆိုထားတာတွေကိုတော့ ဘ၀င်မကျပါဘူး။ အင်တာနက်မှာ Blog ဆိုတာကလွတ်လပ်စွာ ရေး သားပြောဆိုကြတဲ့နေရာဖြစ်ပါတယ်။ Blog တွေမှာ အကြောင်းအရာအမျိုးမျိုးပါဝင်ပြီး အလွမ်းအဆွေး၊ ဟာသ၊ အစိုးရနဲ့ အတိုက်အခံအစိုးရအား ထောက်ခံသူစသည်ဖြင့် အမျိုးအစားမြောက်များစွာရှိသည်။ Blog တွေကို “အာဏာရှင်စနစ်ရဲ့ ဒေါက်တိုင်တွေ၊ Blogger တွေကို လျှို့ဝှက်ရဲအဖွဲ့ (ထောက်လှမ်းရေး) နဲ့ ၀ါဒဖြန့်ချိသူတွေ” လို့ စွပ်စွဲပြောဆိုရေးသားခဲ့ပါတယ်။ ယခင်က ဒေါက်တာသန်းထွဋ်အောင်ရဲ့ ရေးသားမှု တွေကို အထင်ကြီးခဲ့ပေမဲ့ အခုလိုအရေးအသားမျိုး ဖတ်ရပြန်တော့ ဒေါက်တာသန်းထွဋ်အောင်ရဲ့အတွေးက (၇) တန်းကျောင်းသားရဲ့ အတွေးသာသာပဲလို့ ထင်မြင်မိပါတယ်။

Blog တွေရဲ့ သဘောတရားအရ Blog ပိုင်ရှင် Blogger တွေအများစုက လူသိမခံ၊ မိမိအကြောင်းကို မဖော်ပြကြပါဘူး။ Blog တွေမှာ ယခင်အစိုးရလက်ထက်ကတည်းက အစိုးရကို ဝေဖန်ပြောဆိုမှုများ အပြင် ရိုင်းစိုင်းစွာဆဲဆို ပြောဆိုမှုများ ရှိခဲ့ပါတယ်။ ပုဂ္ဂိုလ်ရေးအရ ပုတ်ခတ်မှုတွေ၊ မဟုတ်မမှန် လုပ်ကြံ ပြောဆို မှုတွေ ခံခဲ့ရသော်လည်း ကာယကံရှင်များကိုယ်တိုင် တုန့်ပြန်ပြောဆိုခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒေါက်တာ သန်းထွဋ်အောင်လို မီဒီယာလုပ်ငန်းကြီးတစ်ခုကို ပိုင်ဆိုင်ထားပြီး လူတကာကို ကိုယ်ပိုင်မီဒီယာတွေက တစ်ဆင့် ပြောဆိုဝေဖန်ပုတ်ခတ်ခဲ့ပေမဲ့ ကိုယ်တိုင်ဝေဖန်ခံရတဲ့အချိန်မှာတော့ ယမ်းပုံမီးကျ ဒေါသထွက်နေ တာက လူကြီးလူကောင်းမဆန်၊ ရင့်ကျက်မှုမရှိဘဲ အတ္တကြီးမားတဲ့လူအဖြစ် ကိုယ့်ကိုကိုယ် ဖော်ပြနေတာ ပဲ ဖြစ်ပါတယ်။
လွတ်လပ်စွာရေးသားခွင့်ရှိတဲ့ Blog တွေမှာ ရေးသားထားချက်တွေကို ၀ါဒဖြန့်တာလို့ စွပ်စွဲသလို Blogger တွေကို လျှို့ဝှက်ရဲတွေလို့လည်း စွပ်စွဲခဲ့ပါတယ်။ ကျွန်တော်တို့ Blogger တွေကို ရဲနဲ့တော့ မနှိုင်း ပါနဲ့ဗျာ၊ ရင်နာလွန်းလို့ပါ။ စစ်ထောက်လှမ်းရေးလောက်ဆို နည်းနည်းတော်ပါသေးတယ်။ ဒေါက်တာ သန်းထွဋ်အောင်ကို သိစေချင်တဲ့အချက်က Blogger တွေ Blog ရေးတယ်ဆိုတာက စိတ်ရောကိုယ် ပါ နှစ်မြှုပ်ပြီး ကိုယ်ပိုင်အချိန်ထဲ အချိန်ပေးပြီးတော့ ရေးသားရတာပါ။ Blog တစ်ခု အောင်မြင်ဖို့၊ ရေး သားနိုင်ဖို့ဆိုတာ ငွေကြေးမလိုအပ်ဘဲ စိတ်ဝင်စားမှုသာ လိုအပ်တယ်ဆိုတာ ခေတ်ပညာတတ် မီဒီယာ လုပ်ငန်းပိုင်ရှင် ဒေါက်တာ သန်းထွဋ်အောင်တစ်ယောက်မသိဘူးလားဗျာ။ သြော်.. တုံးလိုက်တာ လွန်ပါလေရော.. ဟားဟားဟား..။ Blog တစ်ခုရေးတာ ငွေကြေးကုန်ကျမှုမရှိဘူးဆိုတာ လူတိုင်းနီးပါး သိပါတယ်။ ခုလို Blog ရေးဖို့ရန်ပုံငွေတွေရတယ်ဆိုတာ အစိုးရအတိုက်အခံတွေမှာပဲ ရှိတာပါ။ နိုင်ငံခြား ကနေ အစိုးရမကောင်း ကြောင်းပြောနေမှ ထမင်းစားရတဲ့သူတွေသာ အသုံးစားရိတ်ရအောင် လုပ်နေကြ တာပါ။ အမှန်တရားတွေ ကို ခွဲခြားမြင်တတ်နိုင်ပါစေဗျာ။

နောက်တစ်ချက်သိစေချင်သေးတာက Facebook ကိစ္စပါပဲ။ Facebook မှာ Account တွေ သောင်းနဲ့ချီပြီး ရှိလာတယ် ဆိုတဲ့အကြောင်းကို ဘာအထောက်အထားတွေနဲ့ ပြောတာပါလဲခင်ဗျာ။ အခု Facebook က အရင်ကလို Account လုပ်ရတာ မလွယ်တော့ပါဘူး။ နိုင်ငံခြားဖုန်းနံပါတ်တစ်ခုခုရှိမှသာ Account အသစ် ပြုလုပ်နိုင်တာပဲဖြစ်ပါတယ်။ ဒီလိုခက်ခဲတဲ့အချိန်မှာ Account တွေ သောင်းချီပြီးတော့ ၀ါဒဖြန့် နေတယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ Facebook Account (၁၀) ခုကို လူတစ်ယောက် အသုံးပြုတယ် ပဲထားဦး၊ Account တစ်သောင်းအတွက် လူ အယောက်တစ်ထောင် လိုမှာဖြစ်ပါတယ်။ ဘယ်အစိုးရဌာန/ အဖွဲ့အစည်းတွေမှာပဲဖြစ်ဖြစ် ဒီလိုလူတစ်ထောင်ကို ၀ါဒဖြန့်ချိဖို့ မသုံးနိုင်ပါဘူး။ “လေဖမ်း ၀ရမ်းချီ၊ ငါ့စကားနွားရ” စကားတွေကို ပညာတတ်တစ်ယောက်ရဲ့ အသိဥာဏ်နဲ့ မပြောသင့်ပါဘူးဗျာ။ ဖြုတ် ဦးနှောက်လောက် နဲ့ ပြောတဲ့ထင်ကြေးတွေပါ။

ကျွန်တော့်အနေနဲ့ ဒေါက်တာသန်းထွဋ်အောင်ကို စတုတ္ထမဏ္ဍိုင်တစ်ခုကို ဦးဆောင်နိုင်တဲ့လူအဖြစ် လေး စားမိခဲ့ပေမဲ့ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် Blogger တွေကို အငြိုးဖွဲ့ပြီး ကိုယ်ပိုင်မီဒီယာကနေ တစ်ဆင့် ပုတ်ခတ်စော်ကားတာကတော့ ဒေါက်တာသန်းထွဋ်အောင်လို့ မထင်ရအောင် အောက်တန်းကျ ပါတယ်။ နောက်ဆုံးပြောချင်တာကတော့ သူများကိုဝေဖန်ရင်ကိုယ်လည်းဝေဖန်ခံနိုင်ရမယ်ဆိုတာ နားလည် ရမှာပါ။ ဒေါက်တာသန်းထွဋ်အောင်ရဲ့ ငယ်ကျိုးငယ်နာတွေကို ထုတ်ဖော် ပြောဆိုခဲ့တယ် ဆိုရင်လည်း ရေးသားသူကို တွေ့အောင်ရှာဖွေပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်သင့်ပါတယ်။ ဒါပေမဲ့ပေါ့ဗျာ နယူတန်ရဲ့ နိယာမအတိုင်း “သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိသည်” ဆိုတာလေးကို မေ့မထားဖို့ သတိပေးပြောကြားလိုက်ပါတယ်။

  1 comment:

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...