သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၁)
သစ်ထူးလွင်
|
- မြန်မာ ငလျင်ဒဏ်ကြိုတင်ပြင်ဆင်ရေး အမေရိကန်ပါဝင် လုပ်ဆောင်
- အခမဲ့မြွေဆေးဖြင့် လူနာ(၈)ဦးကယ်နိုင်
- ငါးယောက်ထက်ပို စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် တားမြစ်အမိန့် ပျက်ပြယ်
- ဦးဥာဏ်ဝင်း စွဲဆိုထားသည့်အမှုများကို တိုင်းဒေသကြီးလွှတ်တော်က ပယ်ချ
- ဆက်သွယ်ရေးလုပ်ငန်းအရာရှိ ၈ ဦးကို အလွဲသုံးစားလုပ်မှုနဲ့ တရားစွဲဆိုခံရ
- သပိတ်စခန်း ဖြိုခွဲခံရမှု ၂ လပြည့် ဒေသခံ ၂၀၀၀ ချီတက် ဆန္ဒပြ
- အဲပုဂံ Black Box စစ်ဆေးမှု ပြီးစီး
- သမ္မတဖြစ်လာမယ့် ပတ်ဂွန်ဟေးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ဆွေးနွေး (ရုပ်/သံ
- ခေတ်နှင့်ညီသည့် ဥပဒေသစ် ပြဋ္ဌာန်းပြီးမှသာ ဆက်သွယ်ရေး ဥပဒေ ရုပ်သိမ်းသင့်ဟု ဒုဝန်ကြီး ပြောကြား
- ခိုးဝင်လာသော ရိုဟင်ဂျာများကို လက်မခံဘဲ နှင်ထုတ်သွားမည်ဟု ထိုင်းအစိုးရပြော
- မေယုဂေါက်ကွင်းမှ နားနေဆောင်ကို ဘင်္ဂလီများ မီးရှို့ဖျက်ဆီး
- ဝ'တပ်ဖွဲ့၏ ဖိတ်ခေါ်မှု KIO လက်ခံကြောင်း ပြန်ကြား
- ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်
- ဒေါ်အောင်ဆန်းစုကြည်နဲ့ တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ် တွေ့ဆုံမှု မြင်ကွင်း (ရုပ်/သံ)
- မီးရထားခရီးစဉ်များတွင် လုယက်မှု၊ ခိုးမှုနှင့် မူးယစ်ဆေးဝါး သယ်ဆောင်မှုများ အရေးယူနေ
- တောင်သူလယ်သမား အသင်း နိုင်ငံရေး အုံကြွမှု ဖြစ်နိုင် သည်ဟု လယ်/ဆည်ဝန်ကြီး ဆို
- ဇန်နဝါရီ ၃၀ ရက်နေ့ထုတ် First Eleven Sports Journal အတွဲ ၁၃ အမှတ် ၃၅
- ဇန်နဝါရီ ၃၀ ရက်နေ့ထုတ် Mobile Guide Issue 89
- တရားဝင်ရောက်နေသူများ အမေရိကန် နိုင်ငံသား ဖြစ်ခွင့် အထက်လွှတ်တော် ချုပြ
- ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေကို တောင်ငူမှာ ဖမ်းမယ်
- ကချင်အရေး ဝအဖွဲ့ရဲ့ ဖိတ်ခေါ်ချက် အစိုးရလက်ခံ
- အီဂျစ် သမ္မတရဲ့ ညမထွက်ရ အမိန့်ကို ဖီဆန်
- ဘင်္ဂလား စစ်ရာဇဝတ်မှု ခုံရုံးကို ကန့်ကွက်ဆန္ဒပြ
- တင်မ်ဘက်တူး ကို ပြင်သစ်တပ်ဝင်
- မြန်မာတင်နေတဲ့ အကြွေး တဝက်ကျော်ကျော် လျှော်ပစ်
Posted: 29 Jan 2013 06:31 AM PST
မြန်မာနိုင်ငံတွင်
ငလျင်ဒဏ် ကြိုတင် ပြင်ဆင်ရေး တိုးတက် ကောင်းမွန်ရန် အတွက် ရေရှည် မဟာဗျူဟာ
အစီအ စဉ်တစ်ရပ် အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး
အေဂျင်စီ(USAID)နှင့် အမေရိကန် ဘူမိလေ့ လာရေးဌာ န(USGS)တို့က မိုးဇလ ဌာန၊
အင်ဂျင်နီယာအသင်းတို့ နှင့် လုပ်ဆောင်နေကြောင်း----
သတင်း အပြည့်အစုံ ဒီနေရာကို နှိပ်ပါ |
||||
Posted: 29 Jan 2013 06:25 AM PST
နွားထိုးကြီး
ဇန်န၀ါရီ ၂၄ နွားထိုးကြီး မြို့နယ် မြွေဆိပ်ဖြေဆေး ကိုယ်ထူကိုယ်ထ ကူညီရေး
အဖွဲ့၏ ဆေးဖြင့် ဆေးရုံက ဆေးထိုး ကုသပေးနေရာ မြွေကိုက်လူ နာ (၈)ဦး ကို
အသက်ကယ် ကုသပေးနိုင်နေ ပြီဖြစ်ကြောင်း သိရသည်။---
သတင်း အပြည့်အစုံ ဒီနေရာကို နှိပ်ပါ |
||||
Posted: 29 Jan 2013 06:18 AM PST
၂၀၁၃
ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့စွဲဖြင့် နိုင်ငံတော် သမ္မတက အမိန့်အမှတ် ၃/
၂၀၁၃ဖြင့် ၁၉၈၈ ခုနှစ် စက်တင်ဘာ (၁၈)ရက်နေ့ က ထုတ်ပြန်ခဲ့တဲ့ အမိန့်အမှတ်
၂/ ၈၈ အား ပယ်ဖျက်လိုက်သည်။---
သတင်း အပြည့်အစုံ ဒီနေရာကို နှိပ်ပါ |
||||
Posted: 29 Jan 2013 06:09 AM PST
ကြားဖြတ်ရွေးကောက်ပွဲနဲ့
ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် အတွင်းရေးမှူး
ဦးဥာဏ်ဝင်း တရားစွဲဆိုထားတဲ့ အမှု ၃ မှုကို မန္တလေးတိုင်းဒေသကြီး
တရားလွှတ်တော်ကနေ ပယ်ချလိုက်တယ်လို့ ဦးဥာဏ်ဝင်းရဲ့ အကျိုးတော်ဆောင်
ဦးကျော်ဟိုးက ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဒီနေရာကို နှိပ်ပါ
|
||||
Posted: 29 Jan 2013 05:46 AM PST
ဆက်သွယ်ရေးနဲ့
သတင်းအချက် အလက်ဝန်ကြီးဌာန လက်အောက်ခံ ဌာနတစ်ခုဖြစ်တဲ့ မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်း အထွေထွေမန်နေဂျာ ဦးသိန်းဦးနဲ့ အခြားအဆင့်မြင့်အရာရှိ ၇ ဦး ကို
နေပြည်တော်မှာရှိတဲ့ ရဲစခန်းတစ်ခုမှာ နိုင်ငံပိုင် ပစ္စည်း
အလွဲသုံးစားလုပ်မှုနဲ့ အမှုဖွင့်အရေးယူထား တယ်လို့ ----
သတင်း အပြည့်အစုံ ဒီနေရာကို နှိပ်ပါ |
||||
Posted: 29 Jan 2013 05:41 AM PST
လက်ပန်းတောင်း
တောင်ဒေသ က ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြနေတဲ့ သပိတ်စခန်းတွေ
အကြမ်း ဖက်ဖြိုခွဲခံရမှု ၂ လပြည့် အထိမ်းအမှတ်အနေနဲ့ ဒေသခံအင်အား ၂
ထောင်ကျော်ဟာ တုံရွာသပိတ်စခန်း ကနေ ညောင်ပင်ကြီး ဆိပ်ကမ်းအထိ ဒီကနေ့
လမ်းလျှောက် ချီတက်ဆန္ဒပြခဲ့ကြပြီး၊ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း
ရပ်ဆိုင်းရေးကို ---
သတင်း အပြည့်အစုံ ဒီနေရာကို နှိပ်ပါ |
||||
Posted: 29 Jan 2013 05:31 AM PST
အဲပုဂံ
လေယာဉ် ပျက်ကျရသည့် အကြောင်းရင်းကို သိရှိနိုင်ရန် သြစတြေးလျ နိုင်ငံသို့
ပို့ဆောင် စစ်ဆေးခဲ့သော လေယာဉ် ၏ Black Box ကို စစ်ဆေးမှု ပြီးစီး သွားပြီ
ဖြစ်ကြောင်း စုံ စမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းဆွေထွန်း က
ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဒီနေရာကို နှိပ်ပါ |
||||
Posted: 29 Jan 2013 05:18 AM PST
တောင်ကိုရီးယားနိုင်ငံမှာ
ပထမဆုံး အမျိုးသမီး သမ္မတဖြစ်လာမယ့် ပတ်ဂွန်ဟေးနဲ့ ဒေါ်အောင်ဆန်းစုကြည်
တွေ့ဆုံ ဆွေးနွေး (၂၉ ဇန်န၀ါရီ ၂၀၁၃)
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
|
||||
Posted: 29 Jan 2013 04:59 AM PST
ခေတ်နှင့်
လျော်ညီသည့် ဥပဒေ အသစ် အတည်ပြု ပြဋ္ဌာန်းပြီးမှသာ လက်ရှိ အီလက်ထရွန်နစ် ဆေက်
သွယ်ရေး ဥပဒေတစ်ရပ်လုံးအား ရုပ်သိမ်းခြင်းပြုသင့်ကြောင်း ဆက်သွယ်ရေးနှင့်
သတင်းအချက်နည်း ပညာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြောသည်။ ---
သတင်း အပြည့်အစုံ ဒီနေရာကို နှိပ်ပါ |
||||
Posted: 29 Jan 2013 04:31 AM PST
ထိုင်း
အစိုးရသည် နိုင်ငံတွင်းသို့  အိမ်နီးချင်း မြန်မာနိုင်ငံမှ ရိုဟင်ဂျာများ
ခိုးဝင်လာမှု အထူးများပြား လာသောကြောင့် နောက်ထပ် လှေဖြင့် ခိုးဝင်လာသော
ရိုဟင်ဂျာများကို အခြေချခွင့် မပေးဘဲ နှင်ထုတ်သွားမည်ဟု အစိုးရ ထိပ်တန်း
အရာရှိကြီး တစ်ဦးက ပြောကြားလိုက်သည်။ ---
သတင်း အပြည့်အစုံ ဒီနေရာကို နှိပ်ပါ
|
||||
Posted: 29 Jan 2013 04:19 AM PST
ဇန်န၀ါရီလ
၂၈ ရက် ညနေ ၈နာရီ ၃၀မိနစ်ခန့်တွင် မောင်တောမြို့ သုံးမိုင်
ဝေသာလီကျေးရွာအနီးရှိ မေယုဂေါက်ကွင်းမှ နားနေဆောင်ကို အနီးအနားရှိ
ဘင်္ဂလီကျေးရွာများမှ အကြမ်းဖက် ဘင်္ဂလီများ လာရောက် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း
သတင်းရရှိသည်။---
သတင်း အပြည့်အစုံ ဒီနေရာကို နှိပ်ပါ
|
||||
Posted: 29 Jan 2013 04:10 AM PST
ပြည်ထောင်စု
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ကချင် လွတ်လပ်ရေး
အဖွဲ့ KIO တို့ ပန်ဆန်းမြို့တွင် တွေ့ဆုံ ဆွေးနွေးရန် ဝ'ပြည် သွေးစည်း
ညီညွတ်ရေး တပ်မတော် UWSA ၏ ဖိတ်ခေါ်ချက်ကို KIO ဘက်မှ လက်ခံကြောင်း----
သတင်း အပြည့်အစုံ ဒီနေရာကို နှိပ်ပါ |
||||
Posted: 28 Jan 2013 10:11 PM PST
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံေ
ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက် ၁။ ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်ပဋိပက္ခများနှင့် စပ်လျဉ်း၍ ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းအချို့၊ သံဃာအချို့နှင့် စာနယ်ဇင်းအချို့တို့မှ မမှန်မကန်သတင်း များနှင့် အစိုးရနှင့်တပ်မတော်အပေါ် ပြည်သူလူထု အထင်အမြင်လွဲမှားစေမည့် သတင်းနှင့် ကြေညာချက်များ ထုတ်ပြန်ခဲ့ပါသည်။ ၂။ အဆိုပါသတင်းနှင့် ကြေညာချက်တို့တွင် မြန်မာ့တပ်မတော်သည် KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာအနီးဝန်းကျင်ကို ဆက်လက်၍ စစ်ရေးအရ ထိုးစစ်ဆင်နေကြောင်း သတင်းများကိုသာ တစ်ဖက်သတ် ဇောင်းပေး၍ ဖော်ပြနေပါသည်။ တရားဝင်မီဒီယာများတွင် KIA ဘက်မှ အကြမ်းဖက် တိုက်ခိုက်မှုများနှင့် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ် ဖျက်ဆီးမှုများ၊ ဖမ်းဆီး ခေါ်ဆောင်မှုများ၊ စစ်ရေးနှင့် မဆိုင်သော အရပ်ဘက် လမ်း၊ တံတားများစွာကို ဖျက်ဆီးခဲ့မှု သတင်းများ ထုတ်ပြန်ထားပါလျက် ယင်းအဖြစ်မှန် သတင်းများကို မျက်ကွယ်ပြုပြီး မမှန်မကန် သတင်းများကိုသာ ဖော်ပြနေကြောင်း တွေ့ရှိရပါသည်။ ယင်းသို့ တစ်ဖက်စောင်းနင်း ဖော်ပြချက်များသည် အများပြည်သူနှင့် နိုင်ငံတကာ၏ အထင်အမြင် လွဲမှားမှုများ ဖြစ်ပေါ်စေနိုင် ပါသည်။ ၃။ နိုင်ငံတော်အစိုးရသည် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ဦးထိပ်ထားလျက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး သဘောတူညီမှုများ ရရှိနိုင်ရေးအတွက် စေတနာမှန်ဖြင့် အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ KIO/KIA အဖွဲ့မှလွဲ၍ ကျန်အဖွဲ့များနှင့် ငြိမ်းချမ်းရေး သဘောတူညီမှုများ အဆင့်ဆင့် ရရှိထားပြီး ဖြစ်ပါသည်။ ယင်းသို့ သဘောတူညီမှုများ ရနိုင်ရန် တပ်မတော်သည် အစိုးရနှင့်ထပ်တူ ငြိမ်းချမ်းရေးကို လိုလားစွာဖြင့် လိုက်ပါကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ၄။ KIA လက်နက်ကိုင်အဖွဲ့သည် တာပိန်ရေအားလျှပ်စစ် စီမံကိန်း၊ လုံခြုံရေးတာဝန် ထမ်းဆောင်နေသော တပ်မတော်အရာရှိ ၂ ဦးနှင့် စစ်သည် ၁ ဦးတို့အား အကြောင်းမဲ့ ဖမ်းဆီးသွားခဲ့ရာ ゞင်းကိစ္စအား ဖြေရှင်းရန် သွားရောက်ခဲ့သည့် တပ်မတော်မှ အခြေချ စစ်ဗျူဟာမှူး ဦးစီးအဖွဲ့အား စောင့်ကြိုတိုက်ခိုက်ခြင်းဖြင့် ပြဿနာများကို စတင် ဖန်တီးခဲ့ခြင်း ဖြစ်ပါသည်။ ၅။ ကချင်ပြည်နယ်အတွင်း ခုခံကာကွယ်ရုံမှအပ ထိုးစစ်ဆင်ခြင်းများ မပြုလုပ်ရန် နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားခဲ့သည့် အချိန်မှစ၍ တပ်မတော်အနေဖြင့် တိကျစွာ လိုက်နာခဲ့ပါသည်။ KIA တို့သည် တပ်မတော်၏ ခုခံကာကွယ်ရုံသာ ဆောင်ရွက်နေမှုအပေါ် အခွင့်အရေးယူ၍ မိမိ တပ်စခန်းများအား လာရောက် နှောင့်ယှက်တိုက်ခိုက်ခြင်း၊ ပုံမှန်ဆောင်ရွက်သည့် တပ်မတော် စစ်ကြောင်း လှုပ်ရှားမှုများကို မိုင်းအသုံးပြု တိုက်ခိုက်ခြင်း၊ အင်အားစုစည်း၍ စောင့်ကြိုတိုက်ခိုက်ခြင်း တို့ကို ဆောင်ရွက်ခဲ့သဖြင့် တပ်မတော်မှ အရာရှိ/ စစ်သည်အများအပြား ကျဆုံး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။ ၆။ KIAတို့သည် ယင်းသို့ တပ်မတော်အား တိုက်ခိုက်ခဲ့သည့်အပြင် စစ်ရေးနှင့် မသက်ဆိုင်သည့် အရပ်ဘက် လမ်း၊ တံတား၊ လျှပ်စစ်တာဝါတိုင်နှင့် အစိုးရ အဆောက်အအုံ များစွာတို့ကို တိုက်ခိုက် ဖျက်ဆီးခြင်း၊ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နေသော အစိုးရဌာနများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ များကို တိုက်ခိုက်ခြင်း၊ ဒေသခံ အရပ်သားများစွာကိုလည်း အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ် ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ၇။ KIA တို့သည် ကချင်ပြည်နယ်အတွင်း အများပြည်သူတို့ အဓိက အားထားသွားလာ နေရသည့် ဆက်သွယ်ရေး လမ်းကြောင်းကြီးများကို ဖျက်ဆီး ထိန်းချုပ်ထားခဲ့ပါသည်။ လမ်းကြောင်းများ ပြတ်တောက်ပိတ်ဆို့နေမှုကြောင့် ကုန်စည် စီးဆင်းမှုမပြုနိုင်တော့ဘဲ ပြည်သူတို့မှာ စားနပ်ရိက္ခာ ရှားပါးခြင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်း၊ ဆေးဝါးမလုံလောက်၍ ရောဂါဘယ ထူပြောခြင်း စသည့် ဒုက္ခမျိုးစုံ တွေ့ကြုံခံစားနေရပါသည်။ ၈။ KIA တို့သည် အများပြည်သူ အသုံးပြုသည့် ဆက်သွယ်ရေး လမ်းမကြီး တစ်ခုဖြစ်သော မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စု လမ်းမကြီးအား ပိတ်ဆို့ထားသည့်အပြင် ယင်းလမ်းမကြီးအနီး လဂျားယန်ဒေသရှိ မိမိတပ်မတော် စခန်းအားလည်း ၂၀၁၂ ခုနှစ် မတ်လမှ စတင်ကာ ဝိုင်းရံ ပိတ်ဆို့ထားခြင်း၊ စခန်းသို့ ရိက္ခာပို့ဆောင်သည့် တပ်မတော် စစ်ကြောင်းများကို ချုံခိုတိုက်ခိုက် ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ ၉။ ဖော်ပြပါ KIA တို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့မှ စတင်၍ ပွိုင့်-၇၇၁ တောင်ကုန်းအပါအဝင် လဂျားယန်ဒေသရှိ KIA ခြေကုပ်စခန်းများအား တပ်မတော်က ရှင်းလင်း တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ရပါသည်။ ယင်းသို့ ဆောင်ရွက်ခဲ့ရသော စစ်ဆင်ရေးသည် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်အား နှောင့်ယှက်ဖျက်ဆီးလျက်ရှိသော KIA လက်နက်ကိုင် အဖွဲ့ကို တပ်မတော်၏ မူလတာဝန်အတိုင်း ဆောင်ရွက်ရခြင်းနှင့် လဂျားယန် တပ်စခန်းရှိ တပ်မတော်သားများ ကြုံတွေ့နေရသော ရိက္ခာ ပြတ်လပ်မှု၊ KIA လက်နက်ကိုင် အဖွဲ့များ ဝိုင်းရံထားမှုတို့မှ ကယ်တင်ခဲ့ရသည့် အကန့်အသတ်ဖြင့် ဆောင်ရွက်ခဲ့သော စစ်ဆင်ရေး တစ်ရပ်သာ ဖြစ်ပါသည်။ ၁၀။ တပ်မတော်အနေဖြင့် လဂျားယန်စခန်းရှိ စစ်သည်များ လုံခြုံရေးနှင့် မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စု လမ်းမကြီး လုံခြုံရေးအတွက် လိုအပ်သည့် ကန့်သတ် ရည်မှန်းချက်များကို ရရှိပြီး ဖြစ်သောကြောင့် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် ၆ နာရီမှ စတင်ပြီး လဂျားယန်ဒေသရှိ နယ်မြေ ရှင်းလင်းမှု စစ်ဆင်ရေးများကို ရပ်ဆိုင်းထားပြီး ဖြစ်သော်လည်း KIA တို့ဘက်မှ တပ်မတော် စစ်ကြောင်း အခြေပြုရာ နေရာများသို့ လာရောက်နှောင့်ယှက် ပစ်ခတ်မှုများ ရှိနေသည့် အတွက် လိုအပ်သလို ခုခံပစ်ခတ်ခဲ့ရခြင်းသာ ဖြစ်ပါသည်။ ၁၁။ ကချင်ပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက္ခအရှိန် လျော့ကျပြီး အပစ်အခတ် ရပ်စဲ၍ ထာဝရ ငြိမ်းချမ်းရေး ဆက်လက်တည်ဆောက်သွားနိုင်ရန် တပ်မတော်မှ အထူးလိုလားပါသည်။ နိုင်ငံတော် အစိုးရနှင့် တပ်မတော်၏ သဘောထားကိုလည်းကြိမ်ဖန်များစွာ ထုတ်ဖော်ပြောကြား ခဲ့ပြီး ဖြစ်ပါသည်။ KIA အနေဖြင့်လည်း နိုင်ငံတော်နှင့် တပ်မတော် ကဲ့သို့ပင် ထာဝရ ငြိမ်းချမ်းရေး အတွက် စိတ်ရင်းမှန်ဖြင့် လိုလားမှုရှိရန် အထူးလိုအပ်ပါသည်။ ၁၂။ မြန်မာ့တပ်မတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ ၁၃။ တပ်မတော်သည် ပြည်သူများ၏ အသက်အိုးအိမ် လုံခြုံရေး၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့ စေရေး၊ နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေးအတွက် မိမိကိုယ်ကို ခုခံကာကွယ်မှုနှင့် စစ်ရေးအရ ပြန်လည် တုံ့ပြန်မှုများကို မလွှဲမရှောင်သာ ပြုလုပ်ခဲ့ရခြင်း ဖြစ်ပါသည်။ တပ်မတော်အနေဖြင့် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက် ဖြစ်သည့် မိမိကိုယ်ကို ခုခံကာကွယ်ရန်မှအပ ပစ်ခတ်တိုက်ခိုက်မှုများ မပြုလုပ်ရန် ဆိုသည့် အချက်ကို တိကျစွာ လိုက်နာသွားမည် ဖြစ်သလို KIO/ KIA ဘက်မှလည်း နိုင်ငံတော်သမ္မ၏ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ ကမ်းလှမ်းချက်အပေါ် လေးစားလိုက်နာသွားရန် လိုအပ်ပါသည်။ ၁၄။ တပ်မတော်အနေဖြင့် နယ်မြေလုံခြုံရေးအရ ယာယီ စောင့်ရှောက်ရေး နေရာများသို့ ပြောင်းရွှေ့ နေထိုင်ရသူများ အတွက် လိုအပ်သည့် စောင့်ရှောက်မှုများ ပေးနေသကဲ့သို့ အထူးသဖြင့် ပူတာအို ဒေသရှိ ပြည်သူများ အနေဖြင့် စားနပ်ရိက္ခာ ရှားပါးမှုနှင့် ရင်ဆိုင်နေရသဖြင့် တပ်မတော် လေယာဉ်များနှင့်ပါ ကူညီပို့ဆောင်ပေးလျက် ရှိပါသည်။ ၁၅။ ကချင်ပြည်နယ်တွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိရန် အလို့ငှာ တွေ့ဆုံဆွေးနွေးရေး အတွက် တပ်မတော်မှ ကိုယ်စားလှယ်များ ပါဝင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ KIO/ KIA အဖွဲ့ထံသို့ အကြိမ်ကြိမ် ကမ်းလှမ်းလျက် ရှိပါသည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ၏ ကချင်ပြည်နယ် အတွင်းသာမက နိုင်ငံအဝန်း ထာဝရငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တည်ဆောက်နိုင်ရန် KIO/ KIA အဖွဲ့ အပါအဝင် တိုင်းရင်းသား ပြည်သူအားလုံးနှင့် လက်တွဲဆောင်ရွက်သွားမည့် အပေါ် တပ်မတော် အနေဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်. ကာကွယ်ရေးဝန်ကြီးဌာန နေပြည်တော် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက် |
||||
Posted: 28 Jan 2013 10:00 PM PST
ဒေါ်အောင်ဆန်းစုကြည်နဲ့ တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ် တွေ့ဆုံမှု မြင်ကွင်း (ရုပ်/သံ)
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
|
||||
Posted: 28 Jan 2013 09:48 PM PST
မြန်မာနိုင်ငံ
အတွင်း ပြေးဆွဲနေသော မီးရထား ခရီးစဉ်များတွင် လုယက်မှု၊ ခိုးမှုများနှင့်
မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ သယ်ဆောင်သည့် ဖြစ်စဉ် အများဆုံး
ဖြစ်ပွားနေ သဖြင့် ထိရောက်စွာ အရေးယူနိုင်ရန် စုံစမ်းဖော်ထုတ် ဖမ်းဆီးရေး
အထူးအဖွဲ့များ ဖွဲ့စည်းပြီး ---
သတင်း အပြည့်အစုံ ဒီနေရာကို နှိပ်ပါ
|
||||
Posted: 28 Jan 2013 09:29 PM PST
မြန်မာ
နိုင်ငံ တောင်သူ လယ်သမား အသင်း၏ တရားဝင် မှတ်ပုံတင် လျှောက်ထားခြင်းကို
နိုင်ငံရေး အုံကြွမှု ဖြစ်နိုင်သည် ဟူသော သဘောထား မှတ်ချက်ဖြင့် လယ်ယာ
စိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးက ဆိုင်းငံ့ထားကြောင်း တောင်သူ
လယ်သမား အသင်းဥက္ကဌ ဒေါက်တာစိုးထွန်း ကပြောပါသည်။ ---
သတင်း အပြည့်အစုံ ဒီနေရာကို နှိပ်ပါ |
||||
Posted: 28 Jan 2013 06:43 PM PST
ဇန်နဝါရီ ၃၀ ရက်နေ့ထုတ် First Eleven Sports Journal အတွဲ ၁၃ အမှတ် ၃၅
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 28 Jan 2013 06:41 PM PST
|
||||
Posted: 28 Jan 2013 05:54 PM PST
အမေရိကန်
အထက် လွှတ်တော်က ပါတီ နှစ်ရပ်စလုံး ပါတဲ့ အဖွဲ့ကနေ လူဝင်မှု ကြီးကြပ်ရေး
ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ အစီအစဉ် တရပ်ကို ကြေညာ ဖွင့်ချ လိုက်ပါတယ်။
အဲဒီ့မှာတော့ တိုင်းပြည်တွင်း မှာ လက်ရှိအားဖြင့် တရားမဝင် နေထိုင်နေ သူတွေ
ကို နိုင်ငံသား ဖြစ်စေမယ့် ---
သတင်း အပြည့်အစုံ ဒီနေရာကို နှိပ်ပါ
|
||||
Posted: 28 Jan 2013 05:46 PM PST
မကြာခင်
တောင်ငူမြို့ကို ရောက်ရှိ လာတော့ မယ့် ကချင် ပြည်နယ် ငြိမ်ချမ်းရေး အတွက်
လမ်းလျှောက် သူတွေကို ဖမ်းဆီးဖို့ တောင်ငူ မြို့နယ် အုပ်ချုပ်ရေး မှူးက
အမိန့်စာ ထုတ်ပြန် ထားပြီ ဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဒီနေရာကို နှိပ်ပါ
|
||||
Posted: 28 Jan 2013 05:41 PM PST
ဝပြည်
သွေးစည်း ညီညွတ်ရေး အဖွဲ့ UWSA နယ်မြေထဲ လာပြီး၊ ကေအိုင်အိုနဲ့ အစိုးရ
အကြား ပြန်လည် ဆွေးနွေး မှုတွေ ပြုလုပ် ကြဖို့ ဝအဖွဲ့ရဲ့ ဖိတ်ခေါ် ချက်ကို
အစိုးရ ဘက်က လက်ခံ လိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဒီနေရာကို နှိပ်ပါ
|
||||
Posted: 28 Jan 2013 05:35 PM PST
အီဂျစ်
သမ္မတ မော်စီရဲ့ ညမထွက်ရ အမိန့်ကို ဖီဆန်တဲ့ အနေနဲ့ ထောင်နဲ့ ချီတဲ့
ဆန0x081ဒပြ သူတွေ ဆူးအက်၊ ပို့ဆက်နဲ့ အစ္စမေလီယာ မြို့တွေမှာ လမ်းပေါ်
ထွက်လာကြ ပါတယ်။ ဒီအတွက် လမ်းမတွေ ပေါ်မှာ အစိုးရ ကနေ စစ်သားတွေ
ရာနဲ့ချီပြီး ချထား လိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဒီနေရာကို နှိပ်ပါ
|
||||
Posted: 28 Jan 2013 05:28 PM PST
ဘင်္ဂလားဒေ့ရှ်
နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ က လွတ်လပ်ရေး ကြိုးပမ်းမှု စစ်ပွဲ
အတွင်း အစ္စလာမ် ဘာသာရေး ခေါင်းဆောင် တွေဟာ စစ် ရာဇဝတ်မှုတွေ ကျူးလွန် ခဲ့တယ်
ဆိုပြီး တရား စွဲဆို ထားတာကို ကန့်ကွက်တဲ့ အနေနဲ့ အစ္စလာမ် ဘာသာရေး တက်ကြွ
လှုပ်ရှား သူတွေက---
သတင်း အပြည့်အစုံ ဒီနေရာကို နှိပ်ပါ
|
||||
Posted: 28 Jan 2013 03:05 PM PST
မာလီက
အစ္စလာမ် သူပုန်တွေနဲ့ တိုက်ခိုက်နေတဲ့ ပြင်သစ် ဦးဆောင်တဲ့ တပ်ဖွဲ့တွေ က
ကန္တာရထဲက ရှေးဟောင်းမြို့ကြီး ဖြစ်တဲ့ တင်မ်ဘက်တူး မြို့ကို
ထိန်းချုပ်နိုင်ပြီလို့ ဆိုပါတယ်။ ပြင်သစ်နဲ့ မာလီတပ်တွေကို လူအုပ်ကြီးက
ဆီးကြိုကြတယ်လို့ မြို့ထဲမှာ ရောက်နေတဲ့----
သတင်း အပြည့်အစုံ ဒီနေရာကို နှိပ်ပါ
|
||||
Posted: 28 Jan 2013 02:56 PM PST
မြန်မာနိုင်ငံအပေါ်
တင်နေတဲ့ကြွေးမြီတွေရဲ့ ၆၀ ရာနှုန်းလောက်ကို လျှော်ပစ်ဖို့ Paris Club
လို့ခေါ်တဲ့ မြီရှင်နိုင်ငံများအဖွဲ့က သဘောတူညီခဲ့ကြပါတယ်။ ဖွံ့ဖြိုးဆဲ
နိုင်ငံတွေရဲ့ ကြွေးမြီ ကိစ္စရပ်တွေကို စုပေါင်း ညှိနှိုင်းဖို့ အတွက်
ကမ္ဘာ့မြီရှင်နိုင်ငံတွေနဲ့ ဖွဲ့ထားတဲ့ Paris Club ပဲရစ်ကလပ်နဲ့
မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့တို့---
သတင်း အပြည့်အစုံ ဒီနေရာကို နှိပ်ပါ |
0 comments:
Post a Comment