Tuesday, January 29, 2013

ဒုတိယဒဿန

by Cloud Cuckoo Land on Tuesday, January 29, 2013 at 12:50am ·
အားလုံးက တစ်က စကြ တာပဲတဲ့။လူတိုင်း လိုလို ကြားဖူးကြ တဲ့စကား လူတော်တော် များများ သုံးဖူးကြတဲ့ စကား၊ ပြောခဲ့ဖူးတဲ့ စကားပါ။ ဟုတ်ပါတယ်။ တစ်ဟာ အရေးကြီး ပါတယ်။
အားလုံးဟာ တစ်က စကြ ရချည်းကို။ ဘ၀မှာလည်း ပထမ ခြေလှမ်းဟာ အရေးကြီးပါတယ်။
ကလေး ပေါက်စလေး၊ လေးဖက် သွားရာက ထပြီး လမ်းလျှောက် တတ်ဖို့မှာ ပထမဆုံး ခြေလှမ်းကို လှမ်းရဲဖို့ အရေးကြီး ပါတယ်။ပညာရှာ ဖို့ရာ ကျောင်းစ နေတာက ပထမ ခြေလှမ်းပါ။ အလုပ်ရှာ သူအတွက်တော့ အလုပ်ရ တာဟာ ပထမ ခြေလှမ်းပေါ့ အားလုံး တစ်က စကြရ သလို ဘ၀ရဲ့ ပထမ ဆုံးသော ခြေလှမ်းများဟာ သိပ်ကို အရေးကြီး လှပါတယ်။ ဒါကြောင့် အားလုံးသိ ပြီးဖြစ်တဲ့ တစ်က စကြရတဲ့ အကြောင်း မပြောတော့ ပါဘူး။ ပထမ ခြေလှမ်း အကြောင်း မပြောတော့ ပါဘူး။ အခု ရှင်းလင်း ပြောပြ ချင်တာက ဒုတိယ ခြေလှမ်း အကြောင်းပါ။ သင်္ချာ ဗေဒမှာ တစ်ပြီးရင် နှစ်လာပါတယ်။ ပြီးတော့ သုံး၊ လေး၊ငါး၊ ခြောက်၊ ခုနစ်၊ ရှစ် စသည်ဖြင့်ပေါ့။ ကျွန်တော်တို့ လမ်းလျှောက်သည့် အခါမှာလည်း ပထမ ခြေလှမ်းပြီးရင် ရှေ့တိုးသွား ဖို့အတွက် ဒုတိယ ခြေလှမ်းကို ဆက်လှမ်း ရပါတယ်။ ပထမ ခြေလှမ်းကို ဘယ်နဲ့ စရင် ဒုတိယ ခြေလှမ်းက ညာပေါ့။

ဘယ်ညာ၊ ဘယ်ညာနဲ့ ဘယ်ခြေထောက်၊ ညာခြေထောက် နှစ်ဖက်လုံးကို ဟန်ချက် ညီညီ အလှည့်ကျ လှမ်းပြီး လျှောက်ကြရတာ မဟုတ်လား။ ဒါမှ ခရီး ပေါက်မှာ မဟုတ်လား။ ကျောင်းသား တစ်ယောက် အနေနဲ့ ကျောင်းနေ တာဟာ ပထမ ခြေလှမ်းပါ။ ကြိုးစားသင်ယူ မှုကြောင့် စာမေးပွဲ အောင်မြင်ခြင်း ဆိုတာကဒုတိယ ခြေလှမ်းပါ။

အလုပ်သမား တစ်ယောက် အတွက် စီးပွား ရှာခြင်းဟာ ပထမ ခြေလှမ်းပါ။ စွမ်းဆောင်ရည် မြင့်မား မှုကြောင့် ကြီးပွား ချမ်းသာ လာခြင်း ဆိုတာက ဒုတိယ ခြေလှမ်းရဲ့ ရလဒ် ကျောင်းသား တစ်ယောက် ကျောင်းသား နေပြီး စာမကြိုး စားရင် စာမေးပွဲ ဘယ်အောင်မြင် နိုင်ပါ့မလဲ။ ဒုတိယ ခြေလှမ်းသာ ဆက်မလှမ်း ခဲ့ကြရင် အလုပ်သမားလည်း ထိုနည်း လည်းကောင်း၊ စီးပွားရေး သမားလည်း ထိုနည်း လည်းကောင်း၊ အောင်မြင်မှု မရကြဘဲ ရပ်တန့် နေကြမှာပါ။ တိုးတက်မှု ရှိမှာလည်း မဟုတ်ပါဘူး။ လူ့ဘ၀ ခရီးလမ်းမှာ ဒုတိယ ခြေလှမ်း မလှမ်းဘဲ ပထမ ခြေလှမ်း နဲ့တင် ရပ်ရပ် နေကြသူ တွေ အများကြီးပါ။ဘယ်ခြေ ကိုစလှမ်းပြီး ဆင်ခြေ အမျိုးမျိုးနဲ့ ညာခြေ ဆက်မလှမ်းကြ တဲ့ အတွက် မရွေ့ ကြတဲ့သူတွေ အများကြီးပါ။ တချို့ ကတော့ ဒုတိယ ခြေလှမ်းကို မှန်မှန် ကန်ကန် ရှေ့တည့်တည့် မလှမ်းဘဲ ဘေးတိုက် လိမ်ဖည် လိမ်ဖည် လှမ်းလို့ ခရီးမတွင် ကြပါဘူး။ ဒါကြောင့် မှန်မှန် ကန်ကန် ဆက်လျှောက် နေတဲ့ သူများနောက်မှာ နောက်ကျ ကျန်နေခဲ့ သူတွေ အများကြီးပါ။ သူများတွေ ရှေ့တိုးတိုးပြီး အောင်မြင်မှု အမျိုးမျိုး ရနေချိန်မှာ ခြေစုံ ရပ်ပြီး၊ ဘေးဖယ်ပြီး ဆုံးရှုံးမှု အဖုံဖုံနဲ့ ကျရှုံးနေ သူတွေ အများကြီးပါ။ ဒုတိယခြေလှမ်းဟာ လူတွေ အတွက်သာ အရေးကြီးတာ မဟုတ်ပါဘူး။ “သက်မဲ့ အဆောက် အအုံကြီး တစ်ခုမှာတောင် ဒုတိယအဆင့် ဆိုတာ မရှိမဖြစ် အရေးကြီး လှပါတယ်။ မရှိရင် မဖြစ်လို့ပဲဖြစ်ဖြစ်၊ ရှိသင့် ရှိထိုက်လို့ပဲ  ဖြစ်ဖြစ် အဆောက် အအုံကြီး တစ်ခုကို သိန်းထောင် သောင်းချီပြီး တည်ဆောက် ရတာက ပထမအဆင့် ပါ။    အဆောက် အအုံကြီး ပြီးစီး သွားရင် အဲသည် အဆောက် အအုံကြီးကို  ထိန်းသိမ်း စောင့်ရှောက် ခြင်းဆိုတာက ဒုတိယ အဆင့်ပါ။ ပထမအဆင့် သာရှိပြီး ဒုတိယ အဆင့် မရှိခဲ့ရင် အဲဒီ တည်ဆောင် ပြီးစီးခဲ့တဲ့ တန်ဖိုး ကြီးမား လှစွာသော  အဆောက် အဦးကြီးဟာ ဘယ်လောက် ခိုင်ခံ့သည် ဖြစ်ပါစေ ရေရှည် တည်တံ့တော့မှာ မဟုတ်ပါဘူး။ တဖြည်း ဖြည်းနဲ့ ယိုယွင်း ပျက်စီး သွားမှာ အသေ အချာ ပါပဲ။

အဲဒီ သာဓက ကို ကြည့်ရင်လည်း ဒုတိယ ခြေလှမ်းဟာ ပထမ ခြေလှမ်းလိုပဲ အရေးကြီး ကြောင်း ထင်ရှား လှပါတယ်။ ဘယ်ကိစ္စမှာ ဖြစ်ဖြစ် ပထမ ခြေလှမ်းသာ လှမ်းပြီး ဒုတိယ ခြေလှမ်း မဆက်ရင် ရှေ့ကို မရောက် နိုင်ပါဘူး။ မအောင်မြင် နိုင်ပါဘူး။ ဒီတော့ ဒုတိယ ခြေလှမ်းကို ကျွန်တော် တို့ဟာ မလွဲမသွေ လှမ်းရ ပါမယ်။ ဒုတိယခြေ လှမ်းကြောင့် ရှေ့တစ်လှမ်း တိုးပြီး သွားပြီ ဆိုရင် တော့ ကိုယ်လိုရာ ခရီးပေါက်ဖို့ တတိယ၊ စတုတ္ထ ခြေလှမ်းများနဲ့ စနစ်တကျ ဆက်လျှောက် လှမ်းရ မှာပေါ့။ လူတစ်ယောက်ကို တိုးတက် အောင်မြင် ဖို့ရာ ဘ၀လမ်း တစ်လျှောက်မှာ သူရဲ့ ခြေလှမ်း များစွာကို ဦးတည်ချက် မှန်မှန်၊ ဟန်ချက် ညီညီ၊ ဇွဲလုံ့လ ၀ီရိယ ရှိရှိ၊ အသိဉဏ် ပညာပါပါ နဲ့လျှောက်မှ ခရီးတွေ ပေါက်လို့ လိုရာ ပန်းတိုင်ကို ရောက်မှာပါ။ လူတစ်ယောက် ချင်းစီရဲ့ ဘ၀မှာတောင် ဒုတိယ ခြေလှမ်းများဟာ မရှိမဖြစ် အရေးကြီး တယ်ဆိုရင် ကိုယ့်တိုင်းပြည် နဲ့လူမျိုး ငြိမ်းချမ်း သာယာရေး၊ တိုးတက် အောင်မြင်ရေး ခရီးလမ်း အတွက်တော့ ဘယ်လောက် အရေးကြီး လိမ့်မယ် ဆိုတာ သဘောပေါက် ကြမှာပါ။

ဒါကြောင့် ကျွန်တောတို့ အားလုံးဟာ ယခုလို အသွင်ကူး ပြောင်းစ ဒီမိုကရေစီ လမ်းမကြီးပေါ်မှာ ပထမ ခြေလှမ်းလေး နဲ့တင် တင်းတိမ်ပြီး ကျေနပ် နှစ်သိမ့် မနေကြဘဲ ဒုတိယ ခြေလှမ်း မှသည် ဟန် ချက်ညီ ခြေလှမ်းပေါင်း မြောက်မြားစွာနဲ့ သွက် သွက် လက်လက် ဆက်၍ဆက်၍  ရှေ့သို့ ရှေ့သို့  လျှောက်လှမ်း ကြပါစို့။


ဂျူလိုင်မိုး
(Teen မဂ္ဂဇင်း ဇန်န၀ါရီ ၂၀၁၃)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...