Monday, January 28, 2013

♥ အပ္ပမာဒေန သမ္ပာဒေထ (ဝါ) မိမိကိုယ်ကိုယ် အလင်းဆောင်ကြကုန်လော့ ♥

<3 အပ္ပမာဒေန သမ္ပာဒေထ (ဝါ) မိမိကိုယ်ကိုယ် အလင်းဆောင်ကြကုန်လော့ <3 

"အမိုက်မှောင် ထဲတွင် နစ်မြုပ်နေကြပါလျက်နှင့်၊ ဆီမီးအလင်းကို မရှာဖွေကြပါကလား" ဟု ဗုဒ္ဓ ညည်းတွားတော်မူသည်။ အမှောင်ထဲတွင် ထိုင်နေလျက်၊ မည်သူကို စောင့်ဆိုင်း နေကြ ပါသနည်း။ မည်သူကရော ရောက်ရှိ လာပါမည်နည်း။ မရဏ တရားမှ တပါး အခြား မည်သူမျှ ရောက်လာ လိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့် အနှီသော အိပ်မက်မျိုးတို့ထဲ၌ နစ်မြုပ် နေကြပါသနည်း။ 

အများသည် ဘဝကို မကြည့်ကြပေ။ အိပ်မက်ကိုသာ မျှော်ကြည့်ကြ၏။ အိပ်မက်တွင်းက မင်္ဂလာ အခမ်းအနား ကိုသာ မျှော်ကြည့်နေကြ၏။ သတို့သမီးကိုသာ စောင့်ဆိုင်းလျက် ရှိ၏။ လက်ထပ် ခမ်းဆောင် အတွက် စိုင်းပြင်းနေကြကုန်၏။ "ဒီလို ဖြစ်ရမည်၊ ဟိုလို ဖြစ်ရမည်" စိတ်ကူးယဉ်ကြ၏။ စင်စစ် အဘယ်အရာ ဖြစ်လာမည်ကို မတွေးမြင်မိနိုင်ကြ။ 

ယင်း စိတ်ကူးယဉ် တိမ်တိုက်တို့သည် ယင်း စိတ်ကူး အတိုင်း ကွန်ရက်ဖြာ၍ အကောင်အထည် ပေါ်လာကြမည် မဟုတ်ပေ။ အိပ်မက်သည် တစ်ခြား၊ ဘဝသည် တစ်ခြား ဖြစ်သည်။ အိပ်မက်ကို ဖယ်၍ ကြည့်သင့်သည်။ တကယ့် အရှိ၊ တကယ့် အဖြစ်ကို ကြည့်သင့်သည်။ ထိုအခါ ယခုပင် မွေးဖွားလာသော အကလေးငယ်၌ သေခြင်းတရား ကပ်ပါလျက် ရှိကြောင်း တွေ့ရလိမ့်မည်။ အလှဆုံး အချောဆုံး ဟု ထင်မြင်နေသော ကိုယ်ခန္ဓာတွင်း၌ အလွန်ရုပ်ဆိုး အကျည်းတန်သော အရာများ ရှိနေသည်ကို တွေ့ရလိမ့်မည်။ သူငယ် အရွယ်နှင့် လုလင် အရွယ်တို့ ကြားတွင် ဇရာသည် ခြေတစ်လှမ်းချင်း လှမ်းနေသည်ကို တွေ့ရလိမ့်မည်။ 

ထို့ကြောင့် ဗုဒ္ဓက - "အတွင်းသို့ တိုးလျိုး ဝင်ကြည့်ကြကုန်လော့၊ အပေါ်ယံ အရေပြား တစ်ထောက် က လိမ်လည်သည်တို့ အပေါ် ထင်ယောင်ထင်မှား မဖြစ်သွာကြပါစေနှင့်" ဟု မိန့်ဆိုသည်။ 

လောင်မီးကျ၍ ဒုက္ခတွင်းထဲတွင် အဘယ်အရာတို့ဖြင့် ရယ်သွေးသွမ်းနေကြပါသနည်း။ ညဥ့်အမှောင် သည် တိုးလျက် မှောင်လာနေ၏။ ဆီမီးကို ရှာသင့်လှပြီ။ အဘယ်အရာ၊ အဘယ်သူ့ကို ယုံကြည် ကိုးစား ၍ မြိန့်မြိန့်သား ထိုင်နေကြပါသနည်း။ ညဥ့်အမှောင် တိုးသည်ထက် တိုးလာသည့် နောက်တွင် - သင်မှ တစ်ပါး ဆီမီးထွန်းပေးမည့်သူ အခြား မရှိပေ။ အမှောင်ဖုံးပြီးသည့် အခါမှ နေရှိချိန်ကို အသုံးမချခဲ့သည့် မိမိ အဖြစ်အတွက် နောင်တရလိမ့်မည်။ အလင်းရောင် ရှိချိန်တွင် ဆီမီးကို ရှာသင့်က ရှာထားရလိမ့်မည်။ 

အများသည် ရာထူး၊ ဂုဏ်သိမ်၊ ပစ္စည်းဥစ္စာ၊ အကျော်အဇော၊ အချစ် - စသည် အားလုံး အတွက် ကြိုးပမ်းအားထုတ်လျက် ရှိ၏။ ဘာဝနာ ဆီမီးကို ထွန်းဖို့ရန် သတိပင် မမူမိကြ။ တကယ်တမ်း  မရဏ တရား ရောက်ရှိလာသော အချိန်တွင် အရာအားလုံး ငြိမ်းပျက်သွားကြလိမ့်မည်။ မရဏတရား မငြိမ်းချုပ်နိုင်၊ မယှဉ်သတ်နိုင်သော အရာမှာ ဘာဝနာ ဆီမီးသာ ဖြစ်သည်။ ယင်းကို အများက မေ့လျော့လျက် ရှိကြကုန်၏။ 

အမှန်အားဖြင့် ဘဝသည် မရဏနှင့် ဒွန်တွဲနေ၏။ ရှင်သန်မှုတွင် သေဆုံးမှု မရဏလည်း ဖြစ်ပေါ်နေ ၏။ နေ့စဉ်နေ့တိုင်း ဖြစ်ပေါ်၍၊ နေ့စဉ်နေ့တိုင်း ပျက်ဆီးကြ၏။ ဖြစ်ပေါ်လာပြီးနောက် ပျောက်ကွယ် သွားကြ၏။ ခဏသာ ခံ၏။ ဤသည်ပင် သဘာဝ ဓမ္မ ဖြစ်သည်။ သေခြင်း (ဝါ) ပျောက်ပျက် သွားခြင်း သည် အထူးအဆန်း မဟုတ်နေပေ။ ရိုးရှင်းသော အဖြစ်အပျက်၊ ဓမ္မတရား သာ ဖြစ်သည်။ 

သို့သော် အများ သည် အနိစ္စတရားကို နှလုံး မသွင်းလို ကြပေ။ မရဏာနုဿတိ ကမ္မဋ္ဌာန်းကို မစီးဖြန်းလိုကြပေ။ မရဏတရား ကို ရှောင်ရှားနိုင်မည့် အခြားနည်းလမ်းများ ပြောပြကြမှ ကျေနပ် ကြသည်။ ယနေ့ မျှော်လင့်ချက် မပြည့်လျှင်၊ နက်ဖြန် ပြည့်လိမ့်မည် မပူနှင့် ဟု ပြောမှ သဘောတွေ့သည်။ ယနေ့ ကျောဇော ကိတ္တိ မိုး မရွာချလျှင်၊ နက်ဖြန် ရွာချလိမ့်မည် ဟု ပြောမှ မနောခွေ့သည်။ 

ထို့ကြောင့် လူ့လောကသည် ကဗျာဆရာကို သဘောကျကြခြင်း ဖြစ်သည်။ သူတော်စင်များကိုမူ လေးစားကြည်ညိုကြသော်လည်း စင်စစ် သဘောမကျကြပေ။ အဘယ်ကြောင့် ဆိုသော် သူတော်စင်များက ငိုက်မျဉ်းနေသူကို နိုးကြားအောင် လုပ်သည်။ အိပ်ပျော်နေသူကို လှုပ်၍ နှိုးသည်။ စိတ်ကူးယဉ် အိပ်မက်ကို ကျိုးပျက်အောင် ပြုလုပ်နေကြ၍ ဖြစ်သည်။ 
...........................................
Reading on အိပ်မက်ချိုချို (ဆရာပါရဂူ) 

"အမိုက်မှောင် ထဲတွင် နစ်မြုပ်နေကြပါလျက်နှင့်၊ ဆီမီးအလင်းကို မရှာဖွေကြပါကလား" ဟု ဗုဒ္ဓ ညည်းတွားတော်မူသည်။ အမှောင်ထဲတွင် ထိုင်နေလျက်၊ မည်သူကို စောင့်ဆိုင်း နေကြပါသနည်း။ မည်သူကရော ရောက်ရှိလာပါမည်နည်း။ မရဏတရားမှတပါး အခြားမည်သူမျှ ရောက်လာလိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့် အနှီသော အိပ်မက်မျိုးတို့ထဲ၌ နစ်မြုပ် နေကြပါသနည်း။
အများသည် ဘဝကို မကြည့်ကြပေ။ အိပ်မက်ကိုသာ မျှော်ကြည့်ကြ၏။ အိပ်မက်တွင်းက မင်္ဂလာ အခမ်းအနား ကိုသာ မျှော်ကြည့်နေကြ၏။ သတို့သမီးကိုသာ စောင့်ဆိုင်းလျက် ရှိ၏။ လက်ထပ် ခမ်းဆောင် အတွက် စိုင်းပြင်းနေကြကုန်၏။ "ဒီလို ဖြစ်ရမည်၊ ဟိုလို ဖြစ်ရမည်" စိတ်ကူးယဉ်ကြ၏။ စင်စစ် အဘယ်အရာ ဖြစ်လာမည်ကို မတွေးမြင်မိနိုင်ကြ။

ယင်း စိတ်ကူးယဉ် တိမ်တိုက်တို့သည် ယင်း စိတ်ကူး အတိုင်း ကွန်ရက်ဖြာ၍ အကောင်အထည် ပေါ်လာကြမည် မဟုတ်ပေ။ အိပ်မက်သည် တစ်ခြား၊ ဘဝသည် တစ်ခြား ဖြစ်သည်။ အိပ်မက်ကို ဖယ်၍ ကြည့်သင့်သည်။ တကယ့် အရှိ၊ တကယ့် အဖြစ်ကို ကြည့်သင့်သည်။ ထိုအခါ ယခုပင် မွေးဖွားလာသော အကလေးငယ်၌ သေခြင်းတရား ကပ်ပါလျက် ရှိကြောင်း တွေ့ရလိမ့်မည်။ အလှဆုံး အချောဆုံး ဟု ထင်မြင်နေသော ကိုယ်ခန္ဓာတွင်း၌ အလွန်ရုပ်ဆိုး အကျည်းတန်သော အရာများ ရှိနေသည်ကို တွေ့ရလိမ့်မည်။ သူငယ် အရွယ်နှင့် လုလင် အရွယ်တို့ ကြားတွင် ဇရာသည် ခြေတစ်လှမ်းချင်း လှမ်းနေသည်ကို တွေ့ရလိမ့်မည်။

ထို့ကြောင့် ဗုဒ္ဓက - "အတွင်းသို့ တိုးလျိုး ဝင်ကြည့်ကြကုန်လော့၊ အပေါ်ယံ အရေပြား တစ်ထောက် က လိမ်လည်သည်တို့ အပေါ် ထင်ယောင်ထင်မှား မဖြစ်သွာကြပါစေနှင့်" ဟု မိန့်ဆိုသည်။

လောင်မီးကျ၍ ဒုက္ခတွင်းထဲတွင် အဘယ်အရာတို့ဖြင့် ရယ်သွေးသွမ်းနေကြပါသနည်း။ ညဥ့်အမှောင် သည် တိုးလျက် မှောင်လာနေ၏။ ဆီမီးကို ရှာသင့်လှပြီ။ အဘယ်အရာ၊ အဘယ်သူ့ကို ယုံကြည် ကိုးစား ၍ မြိန့်မြိန့်သား ထိုင်နေကြပါသနည်း။ ညဥ့်အမှောင် တိုးသည်ထက် တိုးလာသည့် နောက်တွင် - သင်မှ တစ်ပါး ဆီမီးထွန်းပေးမည့်သူ အခြား မရှိပေ။ အမှောင်ဖုံးပြီးသည့် အခါမှ နေရှိချိန်ကို အသုံးမချခဲ့သည့် မိမိ အဖြစ်အတွက် နောင်တရလိမ့်မည်။ အလင်းရောင် ရှိချိန်တွင် ဆီမီးကို ရှာသင့်က ရှာထားရလိမ့်မည်။

အများသည် ရာထူး၊ ဂုဏ်သိမ်၊ ပစ္စည်းဥစ္စာ၊ အကျော်အဇော၊ အချစ် - စသည် အားလုံး အတွက် ကြိုးပမ်းအားထုတ်လျက် ရှိ၏။ ဘာဝနာ ဆီမီးကို ထွန်းဖို့ရန် သတိပင် မမူမိကြ။ တကယ်တမ်း မရဏ တရား ရောက်ရှိလာသော အချိန်တွင် အရာအားလုံး ငြိမ်းပျက်သွားကြလိမ့်မည်။ မရဏတရား မငြိမ်းချုပ်နိုင်၊ မယှဉ်သတ်နိုင်သော အရာမှာ ဘာဝနာ ဆီမီးသာ ဖြစ်သည်။ ယင်းကို အများက မေ့လျော့လျက် ရှိကြကုန်၏။

အမှန်အားဖြင့် ဘဝသည် မရဏနှင့် ဒွန်တွဲနေ၏။ ရှင်သန်မှုတွင် သေဆုံးမှု မရဏလည်း ဖြစ်ပေါ်နေ ၏။ နေ့စဉ်နေ့တိုင်း ဖြစ်ပေါ်၍၊ နေ့စဉ်နေ့တိုင်း ပျက်ဆီးကြ၏။ ဖြစ်ပေါ်လာပြီးနောက် ပျောက်ကွယ် သွားကြ၏။ ခဏသာ ခံ၏။ ဤသည်ပင် သဘာဝ ဓမ္မ ဖြစ်သည်။ သေခြင်း (ဝါ) ပျောက်ပျက် သွားခြင်း သည် အထူးအဆန်း မဟုတ်နေပေ။ ရိုးရှင်းသော အဖြစ်အပျက်၊ ဓမ္မတရား သာ ဖြစ်သည်။

သို့သော် အများ သည် အနိစ္စတရားကို နှလုံး မသွင်းလို ကြပေ။ မရဏာနုဿတိ ကမ္မဋ္ဌာန်းကို မစီးဖြန်းလိုကြပေ။ မရဏတရား ကို ရှောင်ရှားနိုင်မည့် အခြားနည်းလမ်းများ ပြောပြကြမှ ကျေနပ် ကြသည်။ ယနေ့ မျှော်လင့်ချက် မပြည့်လျှင်၊ နက်ဖြန် ပြည့်လိမ့်မည် မပူနှင့် ဟု ပြောမှ သဘောတွေ့သည်။ ယနေ့ ကျောဇော ကိတ္တိ မိုး မရွာချလျှင်၊ နက်ဖြန် ရွာချလိမ့်မည် ဟု ပြောမှ မနောခွေ့သည်။

ထို့ကြောင့် လူ့လောကသည် ကဗျာဆရာကို သဘောကျကြခြင်း ဖြစ်သည်။ သူတော်စင်များကိုမူ လေးစားကြည်ညိုကြသော်လည်း စင်စစ် သဘောမကျကြပေ။ အဘယ်ကြောင့် ဆိုသော် သူတော်စင်များက ငိုက်မျဉ်းနေသူကို နိုးကြားအောင် လုပ်သည်။ အိပ်ပျော်နေသူကို လှုပ်၍ နှိုးသည်။ စိတ်ကူးယဉ် အိပ်မက်ကို ကျိုးပျက်အောင် ပြုလုပ်နေကြ၍ ဖြစ်သည်။
...........................................
Reading on အိပ်မက်ချိုချို (ဆရာပါရဂူ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...