Tuesday, January 29, 2013

တွေးစရာ ( ၁ )

Cloud Cuckoo Land shared Nyi Thit's photo.
တွေးစရာ ( ၁ )
=========

အွန်လိုင်းမှာ အစ္စလာမ် ဘာသာဝင်တွေကို အစွန်းရောက် စော်ကားတဲ့ ဗုဒ္ဓဘာသာဝင်တွေကို 
တွေ့ရရင် ကျွန်တော် ဒေါသ ထွက်လေ့ရှိပါတယ် တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်
အစွန်းရောက် စော်ကားကြရင်း မလိုလားအပ်တဲ့ အကွဲအပြဲက ပိုကြီးလာပါတယ် 
ကိုယ်က မိုက်မိုက်ရိုင်းရိုင်း တိုက်ခိုက်တဲ့အတွက် အစ္စလာမ် ကိုးကွယ်သူများထဲက
မခံမရပ်နိုင်ဖြစ်လာတဲ့ အုပ်စုတွေကလည်း ဗုဒ္ဓဘာသာကို မိုက်မိုက်ရိုင်းရိုင်းပဲ ပြန် တုန့်ပြန်လာတာ အွန်လိုင်းက ဓာတ်ပုံတွေမှာ ကြည့်ရင် တွေ့နိုင်ပါတယ် ဘယ်သူက အရင် စ ပြီး ဒီလို စော်ကား ပြောဆိုသလဲဆိုတာ ကြက်ဥ အစ ရှာလို့ မရသလို လုံးလည် ချာလည် လိုက်နေမှာပါ
ဘယ်လိုပဲ ပြောပြော အစ္စလာမ် ဘာသာ ဆန့်ကျင့်ရေး တိုက်ဖျက်ရေးဆိုပြီး အစွန်းရောက်
လုပ်ရပ်တွေနဲ့ အပုပ်ချ နေတဲ့အတွက် ဗုဒ္ဓဘာသာကို စော်ကားတဲ့ ဓာတ်ပုံတွေ စာတွေ
ပြန်တက်လာတာ တိုက်ရိုက် သက်ဆိုင်နေပါတယ် သံသရာလည်ပြီး ပြီးမှာ မဟုတ်ပါဘူး

တချို့ အနေအထားတွေဟာ အချိန်အခါလိုက်ပြီး လူတစ်ယောက်ရဲ့ ဆင်ခြင် သုံးသပ်နိုင်စွမ်း ရှိမှ ဆုံးဖြတ်ချက် တစ်ခုကို မှန်မှန်ကန်ကန် ချမှတ်နိုင်မှာပါ ဥပမာ ဆိုကြပါစို့ ကျွန်တော်တို့ မြတ်စွာဘုရားရှင်က ကာလာမသုတ်မှာ ဘယ်သူ့ကိုမှ မယုံဖို့ ကိုယ်တိုင် စူးစမ်း ဆင်ခြင်ပြီးမှ ယုံဖို့ ဟောခဲ့တာ ရှိပါတယ် အဲ့ဒီ ဆုံးမ ချက်ကို တလွဲအသုံးချပြီး တယူသန် မှတ်ယူထားလို့
မရပါဘူး မီး ကို ကိုင်ရင် ပူတယ် အဆိပ်သောက်ရင် သေတယ် ဆိုတာမျိုးက မယုံဘူးဟေ့ 
တို့ ဘုရားရှင်က ကိုယ်တိုင် လေ့လာပြီးမှ ယုံလို့ ပြောတယ် သောက်ကြည့်မယ် ဆိုပြီး လုပ်လို့
မရပါဘူး အကြောင်းအရာ တစ်ခုကို ဆင်ခြင်သုံးသပ်နိုင်ဖို့ ကိုယ်ရရှိတဲ့ သတင်း အချက်အလက်
မှန်ကန်ဖို့နဲ့ လုံလောက်တဲ့ အတွေ့အကြုံ ဗဟုသုတ ရှိဖို့လည်း လိုအပ်ပါတယ် အဲ့ဒီလိုမှ
မဟုတ်ရင် ကိုယ့်ဆုံးဖြတ်ချက်ဟာ မှားယွင်းသွားနိုင်ပါတယ် အွန်လိုင်းမှာ အဲ့လို သတင်းတွေ
အများကြီး တွေ့နိုင်ပါတယ် 

အဲ့ဒီလို အစွန်းရောက် နေတဲ့ ဗုဒ္ဓဘာသာဝင်တွေကို ကျွန်တော် စဉ်းစား စရာ တစ်ခု ပြောပါမယ် 
မြန်မာပြည်မှာ ဗုဒ္ဓဘာသာဝင် အရေအတွက်က ၉၀ % နီးပါး ရှိပါတယ် အစ္စလာမ် ဘာသာဝင်
အရေအတွက်က ၄ % ပဲ ရှိပါတယ် ဆိုတော့ လူ အယောက် ၁၀၀ မှာ ၄ ယောက်သာ အစ္စလာမ် 
ဘာသာဝင်တွေလို့ ယေဘူယျ သတ်မှတ်လို့ ရပါတယ် အစ္စလာမ် ဘာသာဝင် ၄ ယောက်ရဲ့ 
စိတ်နှလုံးကို မချမ်းမသာ ဖြစ်အောင် လုပ်လိုက်နိုင်တဲ့အတွက် ဗုဒ္ဓဘာသာဝင် အယောက် ၉၀ ရဲ့
စိတ်နှလုံး မသာမယာ ဖြစ်အောင် ပြန် လုပ်ခံနေရတယ်ဆိုတာ သတိပြုမိဖို့ လိုပါတယ် 
ဆိုတော့ အွန်လိုင်းမှာ သွေးကြီးနေကြတဲ့ တိုက်ဖျက်ရေး ဆန့်ကျင့်ရေး ဆိုပြီးလုပ်နေကြတဲ့ 
လူတွေရဲ့ လုပ်ရပ်က သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ ဗုဒ္ဓဘာသာကို ထိခိုက်နေပါတယ် 
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေက လူအများစုပါ အစ္စလာမ်က လူနည်းစုပါ ဒီတော့ 
ကျွန်တော်တို့က သဘောထားကြီးဖို့ လိုပါတယ် ဘယ် ဘာသာဝင်ပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံသားပဲ
ဆိုတဲ့ စိတ် မွေးဖို့ လိုပါတယ် ကျွန်တော်တို့ရဲ့ အစွန်းရောက် လုပ်ရပ်တွေဟာ သဘောထား မျှတပြီး မြန်မာနိုင်ငံသား စိတ်ဓာတ် အပြည့်အ၀ ရှိတဲ့ အစ္စလာမ် ဘာသာဝင်တွေကို 
စိတ်နာမုန်းတီးဖို့ အစွန်းရောက် စိတ်ဝင်ဖို့ တွန်းအားပေးသလို ဖြစ်သွားရင် မြန်မာနိုင်ငံအတွက် တကယ် နှမြောစရာ ကောင်းတဲ့ ဆုံးရှုံးမူပါ အစွန်းရောက်ပြီး ဗုဒ္ဓဘာသာဝင်တွေကို မုန်းတီးနေတဲ့ အစ္စလာမ် ဘာသာဝင်တွေကို အရင်ကထက် ပိုပြီး စော်ကား ချင်လာအောင် လှုံ့ဆော် ပေးနေသလို ဖြစ်သွားရင် ကိုယ့် ဗုဒ္ဓဘာသာကို စော်ကားဖို့ မြောက်ပေးနေသလို ဖြစ်နေမှာပါပဲ

အဲ့ဒီအတွက် ကျွန်တော့် ရပ်တည်ချက်က စိတ်သဘောထား မျှတတဲ့ အစ္စလာမ် ဘာသာဝင်တွေကို စိတ်ပျက် မသွားဖို့ နားလည်ပေးနိုင်တဲ့ ဗုဒ္ဓဘာသာဝင်တွေ ရှိတယ်ဆိုတာကို
သိစေဖို့ ကြိုးစားချင်ပါတယ် သူတစ်ပါး ဘာသာကို မတိုက်ခိုက်ဖို့ ဟန့်တားရင်းနဲ့ ကိုယ့်ဘာသာ သာသာနာ အစော်ကားခံရတာကို တတ်နိုင်သမျှ နည်းပါးအောင် လုပ်ချင်ပါတယ် 
သဘောထား မျှတတဲ့ အစ္စလာမ် ဘာသာဝင်တွေရဲ့ အကူအညီနဲ့ ဒီလို အစွန်းရောက် စော်ကား အပုတ်ချတာတွေ နှစ်ဖက်စလုံးက လျော့ကြဖို့ မျှော်လင့်ပါတယ် တစ်ဖက်နဲ့ တစ်ဖက် အစွန်းရောက် တိုက်ခိုက်နေတာတွေက ကားနှစ်စီ ခေါင်းခြင်းဆိုင် တိုက်သလိုပဲ ဘယ်ဘက်ကမှ အနိုင်မရနိုင်ပါဘူး 

ညီသစ်

အွန်လိုင်းမှာ အစ္စလာမ် ဘာသာဝင်တွေကို အစွန်းရောက် စော်ကားတဲ့ ဗုဒ္ဓဘာသာဝင်တွေကို
တွေ့ရရင် ကျွန်တော် ဒေါသ ထွက်လေ့ရှိပါတယ် တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်
အစွန်းရောက် စော်ကားကြရင်း မလိုလားအပ်တဲ့ အကွဲအပြဲက ပိုကြီးလာပါတယ် ။


ကိုယ်က မိုက်မိုက်ရိုင်းရိုင်း တိုက်ခိုက်တဲ့အတွက် အစ္စလာမ် ကိုးကွယ်သူများထဲက မခံမရပ်နိုင်ဖြစ်လာတဲ့ အုပ်စုတွေကလည်း ဗုဒ္ဓဘာသာကို မိုက်မိုက်ရိုင်းရိုင်းပဲ ပြန် တုန့်ပြန်လာတာ အွန်လိုင်းက ဓာတ်ပုံတွေမှာ ကြည့်ရင် တွေ့နိုင်ပါတယ် ဘယ်သူက အရင် စ ပြီး ဒီလို စော်ကား ပြောဆိုသလဲဆိုတာ ကြက်ဥ အစ ရှာလို့ မရသလို လုံးလည် ချာလည် လိုက်နေမှာပါ။
ဘယ်လိုပဲ ပြောပြော အစ္စလာမ် ဘာသာ ဆန့်ကျင့်ရေး တိုက်ဖျက်ရေးဆိုပြီး အစွန်းရောက်
လုပ်ရပ်တွေနဲ့ အပုပ်ချ နေတဲ့အတွက် ဗုဒ္ဓဘာသာကို စော်ကားတဲ့ ဓာတ်ပုံတွေ စာတွေ
ပြန်တက်လာတာ တိုက်ရိုက် သက်ဆိုင်နေပါတယ် သံသရာလည်ပြီး ပြီးမှာ မဟုတ်ပါဘူး

တချို့ အနေအထားတွေဟာ အချိန်အခါလိုက်ပြီး လူတစ်ယောက်ရဲ့ ဆင်ခြင် သုံးသပ်နိုင်စွမ်း ရှိမှ ဆုံးဖြတ်ချက် တစ်ခုကို မှန်မှန်ကန်ကန် ချမှတ်နိုင်မှာပါ ဥပမာ ဆိုကြပါစို့ ကျွန်တော်တို့ မြတ်စွာဘုရားရှင်က ကာလာမသုတ်မှာ ဘယ်သူ့ကိုမှ မယုံဖို့ ကိုယ်တိုင် စူးစမ်း ဆင်ခြင်ပြီးမှ ယုံဖို့ ဟောခဲ့တာ ရှိပါတယ် အဲ့ဒီ ဆုံးမ ချက်ကို တလွဲအသုံးချပြီး တယူသန် မှတ်ယူထားလို့
မရပါဘူး မီး ကို ကိုင်ရင် ပူတယ် အဆိပ်သောက်ရင် သေတယ် ဆိုတာမျိုးက မယုံဘူးဟေ့
တို့ ဘုရားရှင်က ကိုယ်တိုင် လေ့လာပြီးမှ ယုံလို့ ပြောတယ် သောက်ကြည့်မယ် ဆိုပြီး လုပ်လို့
မရပါဘူး အကြောင်းအရာ တစ်ခုကို ဆင်ခြင်သုံးသပ်နိုင်ဖို့ ကိုယ်ရရှိတဲ့ သတင်း အချက်အလက်
မှန်ကန်ဖို့နဲ့ လုံလောက်တဲ့ အတွေ့အကြုံ ဗဟုသုတ ရှိဖို့လည်း လိုအပ်ပါတယ် အဲ့ဒီလိုမှ
မဟုတ်ရင် ကိုယ့်ဆုံးဖြတ်ချက်ဟာ မှားယွင်းသွားနိုင်ပါတယ် အွန်လိုင်းမှာ အဲ့လို သတင်းတွေ
အများကြီး တွေ့နိုင်ပါတယ်

အဲ့ဒီလို အစွန်းရောက် နေတဲ့ ဗုဒ္ဓဘာသာဝင်တွေကို ကျွန်တော် စဉ်းစား စရာ တစ်ခု ပြောပါမယ်
မြန်မာပြည်မှာ ဗုဒ္ဓဘာသာဝင် အရေအတွက်က ၉၀ % နီးပါး ရှိပါတယ် အစ္စလာမ် ဘာသာဝင်
အရေအတွက်က ၄ % ပဲ ရှိပါတယ် ဆိုတော့ လူ အယောက် ၁၀၀ မှာ ၄ ယောက်သာ အစ္စလာမ်
ဘာသာဝင်တွေလို့ ယေဘူယျ သတ်မှတ်လို့ ရပါတယ် အစ္စလာမ် ဘာသာဝင် ၄ ယောက်ရဲ့
စိတ်နှလုံးကို မချမ်းမသာ ဖြစ်အောင် လုပ်လိုက်နိုင်တဲ့အတွက် ဗုဒ္ဓဘာသာဝင် အယောက် ၉၀ ရဲ့
စိတ်နှလုံး မသာမယာ ဖြစ်အောင် ပြန် လုပ်ခံနေရတယ်ဆိုတာ သတိပြုမိဖို့ လိုပါတယ်
ဆိုတော့ အွန်လိုင်းမှာ သွေးကြီးနေကြတဲ့ တိုက်ဖျက်ရေး ဆန့်ကျင့်ရေး ဆိုပြီးလုပ်နေကြတဲ့
လူတွေရဲ့ လုပ်ရပ်က သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ ဗုဒ္ဓဘာသာကို ထိခိုက်နေပါတယ်
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေက လူအများစုပါ အစ္စလာမ်က လူနည်းစုပါ ဒီတော့
ကျွန်တော်တို့က သဘောထားကြီးဖို့ လိုပါတယ် ဘယ် ဘာသာဝင်ပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံသားပဲ
ဆိုတဲ့ စိတ် မွေးဖို့ လိုပါတယ် ကျွန်တော်တို့ရဲ့ အစွန်းရောက် လုပ်ရပ်တွေဟာ သဘောထား မျှတပြီး မြန်မာနိုင်ငံသား စိတ်ဓာတ် အပြည့်အ၀ ရှိတဲ့ အစ္စလာမ် ဘာသာဝင်တွေကို
စိတ်နာမုန်းတီးဖို့ အစွန်းရောက် စိတ်ဝင်ဖို့ တွန်းအားပေးသလို ဖြစ်သွားရင် မြန်မာနိုင်ငံအတွက် တကယ် နှမြောစရာ ကောင်းတဲ့ ဆုံးရှုံးမူပါ အစွန်းရောက်ပြီး ဗုဒ္ဓဘာသာဝင်တွေကို မုန်းတီးနေတဲ့ အစ္စလာမ် ဘာသာဝင်တွေကို အရင်ကထက် ပိုပြီး စော်ကား ချင်လာအောင် လှုံ့ဆော် ပေးနေသလို ဖြစ်သွားရင် ကိုယ့် ဗုဒ္ဓဘာသာကို စော်ကားဖို့ မြောက်ပေးနေသလို ဖြစ်နေမှာပါပဲ

အဲ့ဒီအတွက် ကျွန်တော့် ရပ်တည်ချက်က စိတ်သဘောထား မျှတတဲ့ အစ္စလာမ် ဘာသာဝင်တွေကို စိတ်ပျက် မသွားဖို့ နားလည်ပေးနိုင်တဲ့ ဗုဒ္ဓဘာသာဝင်တွေ ရှိတယ်ဆိုတာကို
သိစေဖို့ ကြိုးစားချင်ပါတယ် သူတစ်ပါး ဘာသာကို မတိုက်ခိုက်ဖို့ ဟန့်တားရင်းနဲ့ ကိုယ့်ဘာသာ သာသာနာ အစော်ကားခံရတာကို တတ်နိုင်သမျှ နည်းပါးအောင် လုပ်ချင်ပါတယ်
သဘောထား မျှတတဲ့ အစ္စလာမ် ဘာသာဝင်တွေရဲ့ အကူအညီနဲ့ ဒီလို အစွန်းရောက် စော်ကား အပုတ်ချတာတွေ နှစ်ဖက်စလုံးက လျော့ကြဖို့ မျှော်လင့်ပါတယ် တစ်ဖက်နဲ့ တစ်ဖက် အစွန်းရောက် တိုက်ခိုက်နေတာတွေက ကားနှစ်စီ ခေါင်းခြင်းဆိုင် တိုက်သလိုပဲ ဘယ်ဘက်ကမှ အနိုင်မရနိုင်ပါဘူး

ညီသစ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...