Wednesday, January 30, 2013

အမေ့အိမ်မက်တွေ အကောင်အထည်ဖော်ပေးကြဖို့ တာဝန်ရှိလာပြီ ...

by Shwe Mar Than on Tuesday, January 29, 2013 at 9:03am ·
 
အမေစု ကိုရီးယားကို ရောက်ပြီဆိုကတည်းက စာထဲကို အာရုံအပြည့်စိုက်မရပဲ စိတ်က ခန ခန နောက်ဆုံးပေါ်သတင်းတွေ တင်တတ်တဲ့ သူငယ်ချင်းတွေရဲ့ FB ဆီရောက်ရောက်သွားပြီး ကိုယ့်ကိုကိုယ် မနိုင်တဲ့အဆုံး လက်ကနှိပ်မိသွားရော။ ဒီနေ့တော့ ဒုတိယမြောက် နေ့ အဆုံးမှာ အမေစု ဖျောင်းချန်းမှာသွားတက် ဖွင့်လှစ်ပြီး မိန့်ခွန်းပြောခဲ့တယ်ဆိုတဲ့ အိုလံပစ်ဖွင့်ပွဲသတင်းလေး ကြည့်ချင်နေမိခဲ့တယ်။


ဒီမှာသာနေတာ ၂၀၁၃ ဆောင်းရာသီအိုလံပစ် ဖျောင်းချန်းမှာ လုပ်ဖို့ပြင်နေတယ် အဲလောက်ပဲ အကြမ်းဖျဉ်းသိထားတာ။ ဒီနေ့မှ ဂဃနဏ သိသွားခဲ့ရတာက သာမာန် ဆောင်းရာသီအားကစားပွဲမဟုတ်ပဲ Intellectual Disables တွေအတွက် ကျင်းပပေးတဲ့ပွဲကိုး။ ဒါကြောင့် ဒို့အမေစုကို စပါယ်ရှယ်ဖိတ်ရတာကိုး၊ အမေစုက သာမန်သူတွေအတွက်သာမက သူတို့လို မသန်စွမ်းသူတွေအတွက်ပါ ဘယ်လောက် အားဖြစ်စေတဲ့ပုဂ္ဂိုလ်လည်း ဆိုတာ တကယ့်ကို ကွက်ကွက်ကွင်းကွင်းသိလိုက်ရတယ်။ ဒါကြောင့် အမေစု ဒီကို မလာခင် မအားတဲ့ကြားက ပဲခူးတိုင်းကျောက်ကြီးမြို့နယ်မှာ မိုင်းထိထားပြီး မသန်စွမ်းသူတွေရဲ့ အခြေအနေကို ညဘက်ကြီးမှာတောင် သွားကြည့် အားပေး စကားပြောတွေလုပ်ခဲ့တာကိုး ... အခုမှ စိတ်ထဲက ခုတုတု အရာတွေ အားလုံးရှင်းသွား လင်းသွားပါတော့တယ်။

အမေစုဟာ မိန့်ခွန်းပြောတဲ့နေရာမှာ ကာလံဒေသံအလိုက် လက်တန်းပြောနိုင်တဲ့နေရာမှာ ကမ္ဘာ့ခေါင်းဆောင်အားလုံးကပင် ဦးညွှတ်ရတဲ့ သူဆိုတာ ငြင်းစရာလိုမယ်မထင်ပါဘူး။ အခုလည်း ၅မိနစ်စာလောက် အားတက်ဖွယ် မိန့်ခွန်းတိုလေးကို ဘယ်သူနဲ့မှ မတူတဲ့ အပြုံးလေးနဲ့ ထုံးစံအတိုင်း ဟာသလေးနှောပြီးပြောသွားခဲ့ပါတယ်။ ပရိတ်သတ် သည်းခြေကြိုက်အဖြစ်ဆုံးစကားလေးကတော့ "Win first but lose last is all the same as Win last but lose first" ပါတဲ့။ နောက်ဆုံးမှ ပန်းဝင်နိုင်တဲ့သူကလည်း I won last. လို့ဆိုရမယ်ဆိုတော့ ပရိတ်သတ်က သဘောကျသွားလိုက်တာများ။ ဒို့အမေစုက အဲလိုပါဆို မြန်မာတွေရဲ့ ရွှတ်နောက်နောက် ဇ၀နဥာဏ်လေးကို ဘိုလိုကလည်း ပိုင်ပိုင်နိုင်နိုင်ပြောတတ်တော့ ကြားရသူတွေအဖို့ ဟတ်ထိစရာ စကားလုံးအဆန်းလေးတွေထွက်လာ တာပေါ့။

နောက်ဆုံးတော့ မသန်စွမ်းသူ ၂ယောက်ရဲ့အိမ်မက်လေးတွေကိုပြောခိုင်းပါတယ်။ Costa Rica က မသန်စွမ်းသူကောင်လေးကတော့ ပရိတ်သတ်ထဲမှာ သူ့ရည်းစားလေးများပါသလားမသိဘူး မတွေ့တွေ့အောင်ရှာပြီး ခေါင်းညိတ်နှုတ်ဆက်တယ် ... ကောင်မလေးက ပရိတ်သတ်ထဲကနေ လက်လေးထောင်ပြထားတယ်။ ကြည်နူးစရာလေးပါ။ ပြီးတော့မှ ရဲဝံ့စွာယုံကြည်မှုအပြည့်နဲ့ သူဟာ ကမ္ဘာပေါ်က အကြီးဆုံးနည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ IBM ကုမ္ပဏီမှာ မန်နေဂျာတစ်ယောက်ဖြစ်ချင်တာပါတဲ့။ ကဲ - သူ့အိမ်မက်တွေ ဖြစ်မလာ ဘူး လို့ဘယ်သူပြောရဲမလဲ။ နောက်ကယ်ရိုလင်းရဲ့အိမ်မက်ကတော့ သူက ပြင်သစ်လိုပြောပြီး ကိုရီးယားလိုဘာသာပြန်တော့ ကျွန်တော် မျိုးရွာလည်သွားလို့ မသိလိုက်ပါဘူး (ခွင့်လွှတ်ကြပါ)။

အဓိကပြောချင်တာက ဒို့မေစုရဲ့ အိမ်မက်က ဘာပါလဲလို့ ရေခဲပြင် စကိတ်ချန်ပီယံမင်းသမီးလေး ကင်မ်ယူနာကမေးပါတယ်။ ဒါနဲ့ စကားမစပ် အပေါ်မှာပြောခဲ့ဖို့မေ့သွားလို့။ အစီအစဉ်စမယ်ဆိုတော့ အခမ်းအနားမှူးက ဘယ်လိုကြေငြာလဲသိလား Global Leader Dr. Aung San Suu Kyi ကနေ Special Speech ပေးမယ့်အစီအစဉ်ဖြစ်ပါတယ်တဲ့။ ကဲ - ဒို့ခေါင်းဆောင်နဲ့ ဘယ်လောက် လိုက်ဖက်လိုက်တဲ့ ရာထူးဂုဏ်ထူးပါလဲ။ ဖရဏာပီတိဂွမ်းဆီထိသွားလိုက်တာများ မနေနိုင် မထိုင်နိုင် ဒီ note ကို ကောက်ရေးဖြစ်တဲ့ အထိပါပဲ။ ကဲ အမေစုအိမ်မက်ကိုမေးတော့ ပြုံးပြုံးလေးနဲ့ "My dream is so simple: " ဆိုပြီး အစချီလိုက်ကာ ကျွန်မတို့ မြန်မာနိုင်ငံ ဟာ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်သော ကမ္ဘာကြီးဖြစ်လာစေရေး တစ်စုံတစ်ခု လုပ်ဆောင်ပေးနိုင်တဲ့ နိုင်ငံဖြစ်ချင်မိပါတယ်တဲ့။ ကျွန်မရဲ့ တိုင်းသူပြည်သားတွေကိုလည်း ငါတို့ဟာ ကမ္ဘာကြီးကို တစ်စုံတစ်ရာပြောင်းလဲနိုင်တဲ့သူတွေပါလားဆိုတာကို သက်သေပြဖို့ အခွင့်အရေး ရစေချင်မိပါတယ်တဲ့ ... နားထောင်ပြီး အမေ့ရဲ့အိမ်မက်က ကြီးမားလွန်းလို့ ပုခုံးပေါ်တာဝန်ပိုပိလာသလိုတောင် ခံစားလိုက်ရပါတယ်။

အမေတစ်ယောက်ရဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်ပေးဖို့က သားသမီးအားလုံးရဲ့တာဝန် မဟုတ်ပါလား။
ရွှေမာသန်း
၃၀-၁-၂၀၁၃ မနက် (၂)နာရီ

အမေစုမိန့်ခွန်းမူရင်းနားထောင်လိုသူများအတွက် လင့်လည်း ထည့်ပေးလိုက်ပါတယ်။

http://www.youtube.com/watch?v=Wln-VRO21-E&feature=youtu.be

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...