Tuesday, January 29, 2013

၄၇ - ၇၄ ခုနှစ်များ နှင့် မြန်မာနိုင်ငံ ထူးခြားဖြစ်ရပ်ဆန်းများ

၄၇-၇၄ ခုနှစ်များ နှင့် မြန်မာနိုင်ငံ ထူးခြားဖြစ်ရပ်ဆန်းများ

January 29, 2013  Home, ဆောင်းပါး 

စာရေးသူသည် ““၁၁ ဂဏန်း မြန်မာပြည်””ဆောင်းပါးကို Hot News ဂျာနယ် 26 April 2012  ခုနှစ်နေ့က၊ ရေးသားဖော်ပြခဲ့ပါသည်။ ထိုစဉ်က စာရေးသူ၏ ဆောင်းပါးတွင် စာရေးသူ အဓိကတင်ပြထားသော၊ အကြောင်း အရာများနှင့် ဆောင်းပါး၏ အဓိက အချက်များကို လျှောက်လွှာ(၂)မျက်နှာ ခန့် ထုတ်နုတ်ဖြတ်တောက်ထားသော အခါ စာရေးသူတင်ပြလိုသော အဓိက အကြောင်းအရာများ ပျောက်ကွယ်သွား သဖြင့် ကိုယ့်ဆောင်းပါးကိုဖတ်ပြီး အားမလိုအားမရ စိတ်မသက်မသာ ဖြစ် ခဲ့ရသည်မှာအမှန်ပါ။
ထိုစဉ်က Hot News  ဂျာနယ်မှ ကြိုတင်အသိပေးသဖြင့် သိရသည်မှာ စာရေးသူ၏ ဆောင်းပါးကို ဂျာနယ်တွင် ထည့်လိုက်ကြောင်းနှင့် စာပေစိစစ်ရေးမှ ဖြတ်တောက်ထားသောအပိုင်းများ ချန် လှပ်ပြီး ထည့်လိုက်ရကြောင်း သိရသော အခါ စာရေးသူ၏ ရင်ထဲမှာ ဘ၀င်မကျ စတင်ဖြစ်ခဲ့ရပါသည်။ စာရေးသူ၏ ဆောင်းပါး Hot News  ဂျာနယ် မထည့် မီက ၊ စာရေးသူနှင့် ညီအစ်ကိုရင်းပမာ ချစ်ခင်ရင်းနှီးသော စာရေးဆရာကြီး ဦး ဟန်ထွန်းက စာရေးသူ၏ဆောင်းပါးကို ဖတ်ပြီး၊ ““မင်းဆောင်းပါးကို စာပေစိစစ် ရေးက အများကြီးဖြတ်တောက်ပစ်လိမ့် မယ်””ဟု သတိပေးဖူးပါသည်။ မှန်ပါ သည်။ စာရေးသူ၏ဆောင်းပါးပါလာ သောအခါ၊ တိုင်းပြည်အတွက် အဓိက ကျသော တုန်လှုပ်ခြောက်ခြားဖွယ်ရာ များကို ဖယ်ထုတ်ဖြတ်တောက်လိုက် သောအခါ၊ စာရေးသူ၏ ဆောင်းပါး သည် အလွန်တစ်ရာ ချောမွေ့ပြီး၊ ရွှေနား တော်သွင်း ဧချင်းတစ်ခုလို၊ မင်းကြီး ကြိုက်ဆောင်းပါးမျိုးဖြစ်သွားတော့သည်။  အမှန်အတိုင်းပြောရလျှင် စာရေးသူ တတ်သိသော ဂြိုဟ်နက်္ခတ်အတတ် ပညာ၊ ကိန်းဂဏန်းတို့၏ အတတ် ပညာဖြင့်၊ မြန်မာနိုင်ငံ၏ဇာတာ၊ မြန်မာ နိုင်ငံ၏ ကံကြမ္မာများကို၊ အရှိကိုအရှိ အတိုင်း၊ အသိကိုအသိအတိုင်း စာပေ စိစစ်ရေးလက်ထက်မှာ တင်ပြခွင့်မရ လိုက်သောအခါ စာရေးသူအနေဖြင့် ၀မ်းနည်းမဆုံးဖြစ်ခဲ့ရပါသည်။
Hot News  ဂျာနယ်တွင် စာရေးသူ တင်ပြခဲ့သော““၁၁ ဂဏန်းနှင့် မြန်မာ ပြည်””ဆောင်းပါးသည် သာမန်တင်ပြ ထားသည့် ဆောင်းပါးမျိုးမဟုတ်ပါ။ ကိန်း ဂဏန်းတို့၏ အတတ်ပညာအရ၊ (၁၁) ဂဏန်းသည်လည်းကောင်း၊ (၁၁)ဂဏန်း ရောက်သောနှစ်များသည်လည်းကောင်း၊ မြန်မာနိုင်ငံအပေါ်၊ သီပေါမင်းလက်ထက် တော်အခါမှစ၍ မျက်မှောက်ခေတ်ကာ လတိုင်၊ သမိုင်းဝင်ဖြစ်ရပ်ဆိုးများ ကြုံ တွေ့ခဲ့ရပုံကို၊ (၁၁)ဂဏန်းသည် မြန်မာ နိုင်ငံအတွက် ဘေးထွက်ဆိုးကျိုးအများ ဆုံးပေးသော၊ အဆိုးဝါးဆုံးကိန်းဂဏန်း ဖြစ်ကြောင်း စာတမ်းတစ်ခုသဖွယ် တင်ပြ ထားပါသည်။
မြန်မာနိုင်ငံ၏ စိုးမိုးဂဏန်း(၁၁) ရောက်သည့်နှစ်များထဲတွင် ၄၇-၇၄ ခုနှစ်ကြောင့်ဖြစ်သော (၁၁)ဂဏန်းသည် အကြီးမားဆုံးသော ကံကြမ္မာဆိုးများ သယ်ဆောင်လေ့ရှိသည်။ ဥပမာ- သီပေါမင်းပါတော်မူခဲ့သောနှစ် (၁၂၄၇) ခုနှစ်-၄၇ ခုနှစ်။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့သောနှစ် (၁၉၄၇)ခုနှစ်-၄၇ ခုနှစ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ် ဦးသန့်ကွယ်လွန်ခဲ့သောနှစ် ၁၉၇၄-၇၄ ခုနှစ် စသည့် ၄၇-၇၄ ခုနှစ်များသည် အံ့သြတုန်လှုပ်ဖွယ်ရာ သမိုင်းဝင်ဖြစ်ရပ် ဆိုးကြီးများ ကြုံတွေ့ခဲ့ရသည်မဟုတ်ပါ လော။ ယခုနှစ် မြန်မာနိုင်ငံရောက်ရှိနေ သော (၁၃၇၄)ခုနှစ်သည်၊ (၇၄) ကိန်း ဂဏန်းကာလအတွင်း ရောက်ရှိနေဆဲ အချိန်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် (၇၄)ကိန်းဂဏန်းအတွင်းသို့ ၂၀၁၂ ခုနှစ် ဧပြီလ (၁၇)ရက်မှအစပြု၍၊ အဆုံးသတ် ကာလသည်၊ ၂၀၁၃ ခုနှစ်ဧပြီလ (၁၇)ရက်ထိ ဖြစ်သည်။ စာရေးသူသည် ၄၇-၇၄ ခုနှစ် များ၏ အလွန်ဆိုးဝါးသော ကံကြမ္မာဆိုး များကို၊ တိတိပပသိရှိထားသဖြင့် (၇၄) ဂဏန်းရောက်ရှိနေသော မြန်မာနိုင်ငံ အပေါ် မထင်မှတ်သော ကံကြမ္မာဆိုး ကြီးများ ထိပ်တိုက်ရင်ဆိုင်ကြုံတွေ့နိုင် ကြောင်း ၂၆ ဧပြီလ Hot News  ဂျာနယ် တွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံသည် (၇၄)ကိန်းဂဏန်း သို့ ကျရောက်လာသောအခါ၊ (၁၁) ဆို သော ကိန်းဂဏန်း၏ ဆိုးကျိုးများ ကြုံ ကြိုက်နေသောကြောင့်လည်းကောင်း၊ ထိုအချိန်ကာလရှိ မကောင်းသောဂြိုဟ် စီးဂြိုဟ်နင်းများနှင့် တိုက်ဆိုင်နေသော ကြောင့်လည်းကောင်း၊ မေလ၊ ဇွန်လ၊ ဇူလိုင်လများမှစ၍ လူထုဆန္ဒပြပွဲများ၊ အလွန်ပြင်းထန်သော အရေးအခင်းများ၊ တိုက်ပွဲကြီးများ၊ ရေကြီးခြင်း၊ ရေဘေး ဒုက္ခများ၊ ငလျင်ဘေးများ၊ သံဃာတော် ဆန္ဒပြပွဲနှင့် သံဃာတော်အရေးအခင်း များ စသည် စသည်မကောင်းသော ကံကြမ္မာဆိုးများနှင့် အနိဋ္ဌာရုံများဆင့်ကဲ ဆင့်ကဲ ကြုံတွေ့နိုင်မည်ဖြစ်ကြောင်း ရေး သားတင်ပြခဲ့သော်လည်း၊ စာပေစိစစ်ရေး က ဖြတ်တောက်ခဲ့သဖြင့် အမှန်တကယ် စာရေးသူတင်ပြထားသည့်အတိုင်း တကယ့်ဆိုးကျိုးကြီးများ ကြုံလာသော အခါ၊ စာရေးသူရေးသားခဲ့သော အကြောင်းအရာတို့သည်၊ အဆက်အစပ် ပြတ်တောက်သလို ဖြစ်သွားပါသည်။ မည်သို့သောအကြောင်းတရားမဆို၊ အဆက်အစပ်ပြတ်တောက်မှုရှိနေလျှင် သော်လည်းကောင်း၊ အကြောင်းအကျိုး ခိုင်မာမှုမရှိလျှင်သော်လည်းကောင်း၊ မိမိ တင်ပြသော အကြောင်းအရာတို့သည် ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ ရှိနိုင်မည် မဟုတ်ပါ။
စာရေးသူတင်ပြလိုသည်မှာ (၁၁) ကိန်းဂဏန်းသည် မြန်မာနိုင်ငံပေါ် မည် မျှဘေးထွက်ဆိုးကျိုးပေးပုံကို (၇၄) ခုနှစ်၊ မြန်မာနိုင်ငံ၏ ဖြစ်ရပ်များကို လေ့လာ ကြည့်ပါက သိရှိနိုင်ပါသည်။၁၃၇၄ ခုနှစ် သည် ၀င်ဝင်ခြင်း ဆောက်နှင့်ထွင်းဆို သကဲ့သို့ (၇၄)ကိန်းဂဏန်းအတွင်းသို့ ရောက်ရှိလာသောအခါ ထူးခြားဖြစ်ရပ် ဆန်းများ စတင်တွေ့ရှိရပါသည်။
၂၀၁၂ ခုနှစ်မေလတွင် ဒုတိယသမ္မ တ သီဟသူရတင်အောင်မြင့်ဦး ကျန်းမာ ရေးကြောင့် တာဝန်မှ အနားယူတော့ မည့်သတင်းထွက်လာပြီးနောက် မကြာ မီမှာပင်အမှန်တကယ်အနားယူသွား ခြင်း။
၎င်းမေလမှာပင် ကားဈေးကွက် ရုတ်တရက် ပျက်စီးသွားပြီး ကားလက် ၀ယ်ရှိသူတိုင်း အရှုံးပေါ်ကာ၊ အချို့ သိန်းရာထောင်ချီပြီး အရှုံးပေါ်ခြင်း။
လျှပ်စစ်မီးတာဝါတိုင်များ ဖောက်ခွဲ ခံရပြီး၊ လျှပ်စစ်မီးများ ပြတ်တောက်သွား ခြင်း၊ လျှပ်စစ်မီးများ ပြတ်တောက်သွား ခြင်းအပေါ် အကြောင်းပြု၍ မြို့ကြီး တော်တော်များများတွင် ဖယောင်းတိုင် မီးများကိုင်ပြီး၊ စီတန်းလှည့်လည် ဆန္ဒပြ ပွဲများဖြစ်ပေါ်ခဲ့ပါသည်။ မကြာသေးမီက မြစ်ဆုံစီမံကိန်းသည်လည်း မြစ်မင်းဧရာ ၏ အလှတွေပျက်သုဉ်းသွားနိုင်သဖြင့် ပြည်သူအားလုံး တစ်ခဲနက် ကန့်ကွက်ခဲ့ ကြပြီး၊ မြစ်ဆုံစီမံကိန်းဆက်လက်လုပ် ကိုင်ပါက၊ အလွန်ကြီးမားသော ဆန္ဒပြ ပွဲတွေ တာဆူနေချေပြီ။ ပြည်သူတို့ တင် မြှောက်ထားသော သမ္မတကြီး ဦးသိန်း စိန်သည် ပြည်သူတို့ဆန္ဒအတိုင်း မြစ်ဆုံ စီမံကိန်းကို ရုတ်ချည်း ရပ်တန့်ပေးခဲ့သည်။ ကျိုးသွားသော တာဝါတိုင်များကိုလည်း ပြန်လည်ပြင်ဆင်စေပြီး လျှပ်စစ်မီးများ လင်းလက်စေခြင်းဖြင့် ပြည်သူတို့လက်ထဲ က ဖယောင်းတိုင်မီးတွေ ငြိမ်းသွားစေခဲ့ ပြန်သည်။
သမ္မတကြီး ဦးသိန်းစိန်သည် အလျှိုလျှိုပေါ်ပေါက်လာသော ပြဿနာ ကြီးငယ်အသွယ်သွယ်ကို ဖြေလျှော့ပေး နေရုံမျှမက၊ ပင်စင်လစာထောင်ဂဏန်းမျှ မပြည့်ဘဲ၊ ရာဂဏန်းသာရရှိသော ပင်စင်  စားကြီးများ၏ အနိမ့်ဆုံးလစာကို နှစ် သောင်း၊ သုံးသောင်းထိ တိုးမြှင့်ပေးသော အခါ စားဝတ်နေရေး မွန်းကျပ်နေသော အိုမင်းမစွမ်း ပင်စင်စားကြီးများ၏ ဘ၀ သည် သက်တောင့်သက်သာဖြင့် ချောင် ချောင်လည်လည် ရပ်တည်ရာဘ၀ ရောက်ခဲ့ကြပါသည်။ ထိုကြောင့် သမ္မတ ကြီးဦးသိန်းစိန်သည် ဆင်းရဲတွင်းနက် လွန်းလှသော အိုမင်းမစွမ်းဖြစ်နေသော အားကိုးမှီတွယ်စရာမရှိသော ပင်စင်စား ကြီးများကို ပင်စင်လစာထိုက်ထိုက်တန် တန် တိုးပေးလိုက်သဖြင့် သမ္မတကြီး၏ ပြည်သူအပေါ်ထားအပ်သော စေတနာ သည် ထင်သာမြင်သာရှိသည်ဟု ဆိုနိုင် ပေသည်။
အနှစ်နှစ်၊ အလလ ကားစုတ်ပိုင် ရှင်များသည် ရောင်း၍မရ၊ မောင်း၍မရ သဖြင့် မြေပြင်ကို ထာဝရမေးတင်ထား သော ကားအိုကားဟောင်းများကို ကားအသစ်နှင့် လဲလှယ်ခွင့်ပြုမည်ဆို သောအခါ ထိုကားစုတ်ကားဟောင်းများ ကို သိန်းတစ်ရာ့သုံးဆယ်ထိ အလု အယက်ပေးဝယ်လာကြသဖြင့် ကားစုတ် ပိုင်ရှင်တို့သည် ရင်ကိုကော့ ခေါင်းကိုမော့ နိုင်သောအဖြစ်သို့ ရောက်ခဲ့ကြသည်။ သမ္မတကြီး၏ပြည်သူအပေါ်ထားအပ်သော အဖြူရောင်နှလုံးသားကို ခင်းကျင်းပြသ နိုင်ခဲ့သည်။ သမ္မတကြီး ဦးသိန်းစိန်သည် ၇၄ ခုနှစ် (၇၄)ကိန်းဂဏန်း၏ အနိဋ္ဌာရုံ အဖုံဖုံနှင့် ပြဿနာအလီလီတို့ကို ကြုံ လာသမျှ ဖြေရှင်းပေးနိုင်ရုံမျှမက ပြည်သူ တို့ လိုအင်ဆန္ဒတို့ကို ထောင့်မျိုးစုံမှ ကြိုး စားပြီး ဖြည့်စွမ်းပေးသဖြင့် သမ္မတကြီး ဦးသိန်းစိန်ကို ပြည်သူတို့က အဖြူရောင် နှလုံးသားပိုင်ရှင်အဖြစ် ချစ်ခင်လေးစား အားကိုးအားထားပြုခဲ့ကြသည်။
နိုင်ငံတကာအသိုင်းအ၀ိုင်းက လည်း သမ္မတကြီးဦးသိန်းစိန်နှင့် အစိုးရ အပေါ် အထူးစိတ်ဝင်စားစွာ စောင့်ကြည့် ခဲ့ကြသည်။ ကမ္ဘာ့နိုင်ငံအသီးသီး၏ နိုင်ငံ တကာနယ်ပယ်တွင် နိုင်ငံရေးအပြောင်း အလဲဖြစ်သောအခါ အာဏာရှင်လက် ထက်မှ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ကူးပြောင်းကြသောအခါ သွေးသံရဲရဲ တိုက်ပွဲတွေဆင်နွှဲကြကာ၊ ပြည်သူတွေ တိုက်ပွဲကြားမှာ၊ သွေးချောင်းစီးပြီး မရှု မလှ သေကြေပျက်စီးခဲ့ကြသည်။ မျက် မှောက်ခေတ် မြန်မာနိုင်ငံသည် ဒီမိုက ရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိလာ သော်လည်း သွေးချောင်းစီးဖို့ မဆိုထား နှင့် ခြင်တစ်ကောင်သေလောက်အောင် သွေးတစ်ပေါက်မှ မကျဘဲ၊ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ညင်ညင်သာသာ ကူးပြောင်းလာသဖြင့် နိုင်ငံတကာ မြင် ကွင်းမှာ ထူးထူးခြားခြား အံ့သြစရာတွေ ဖြစ်ကုန်ပြီ။ ချီးကျူးထောပနာပြုကြ သည်။
ကမ္ဘာ့နိုင်ငံအသီးသီးအမြင်မှာ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်း ပေါ်ရောက်ရှိရန် အလွန်တစ်ရာ ခက်ခဲ မည်အထင်နှင့် မျိုးစုံပြစ်တင်ရှုံ့ချခဲ့ကြ သည်။ သို့သော် မြန်မာနိုင်ငံသည် မထင် မှတ်ဘဲ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ သိက်္ခာရှိရှိ ရောက်ရှိလာခဲ့သည်။ ဒီမိုက ရေစီလမ်းကြောင်းပေါ်ရောက်ရှိလာသော၊ မြန်မာနိုင်ငံသည် သယံဇာတအလွန် တရာပေါကြွယ်ဝသော နိုင်ငံဖြစ်သဖြင့်၊ ယခင်အခါက ဗိုလ်ချုပ်အောင်ဆန်းပြော ခဲ့သော“ဟို နိုင်ငံ မျက်နှာချိုသွေးရ၊ ဒီ နိုင်ငံ မျက်နှာချိုသွေးရ၊ ဖာသည်လို နိုင်ငံ” ဘ၀မှ သမ္မတကြီး ဦးသိန်းစိန်လက်ထက် တွင် မြန်မာနိုင်ငံသည် ရွှေနိုင်ငံအဖြစ် ရောက်ရှိလာပြီး နိုင်ငံတကာ မျက်စေ့ ကျသော “ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်” အဖြစ် တင့်တင့်တည်တည်၊ ထည်ထည် ၀ါဝါ ရပ်တည်နိုင်ခဲ့ပြီ။ အိမ်သာလျှင် ဧည့် လာတတ်သဖြင့် နိုင်ငံတကာမှ ၀န်ကြီး ချုပ်များ၊ နိုင်ငံအကြီးအကဲများသည် မြန်မာနိုင်ငံတွင်းသို့ ပျားပန်းခတ်မျှ ကူး လူးယှက်နွယ်လာခဲ့ကြသည်။ အမေရိ ကန်၊ ဂျပန်၊ တောင်ကိုးရီးယားနိုင်ငံများ မှ မြန်မာနိုင်ငံကို အကူအညီပေးရန် စိုင်း ပြင်းခဲ့ကြသည်။ နိုင်ငံတော်တော်များများ ကလည်း မြန်မာနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ဆွေးနွေးတိုင်ပင်မှုများ ကြိမ် ဖန်များစွာ ပြုလုပ်ခဲ့ကြသည်။
မြန်မာနိုင်ငံကို နိုင်ငံတကာက နတ် ရေကန်ထဲ ဇွတ်အတင်းကြီး ဆွဲချလိုက် သလို ရုတ်ချည်း ချမ်းသာသွားတော့မည် ဟု ထင်မှတ်ရသည်။ မြန်မာနိုင်ငံအတွက် အိမ်မက်လှလှလေးတွေ မက်ချင်စရာ ကောင်းလာသည်။ သို့သော် အိပ်မက်ဆို သည်မှာလည်း နိုးလာသောအခါ ပျောက် ကွယ်သွားတတ်သကဲ့သို့ မြန်မာနိုင်ငံ သည် (၇၄)ကိန်းဂဏန်း၏ လောင်းရိပ် အောက်မှာ ရောက်ရှိနေချိန်ဖြစ်သဖြင့် မြန်မာနိုင်ငံပေါ်အကူအညီပေးမည့် အစီ အစဉ်များ၊ ရင်းနှီးမြှုပ်နှံမှုများ လူတိုင်း အလုပ်ရနိုင်သော အခွင့်အလမ်းများ သည် လေထဲလွင့်ပါသွားကုန်ပြီ။ ထည့် သည့်ခွက်က မည်သို့ထည့်ပေးစေကာမူ မြန်မာနိုင်ငံတည်းဟူသော ခွက်ကြီးက  ပေါက်နေသဖြင့် ပေးကားပေး၏ မရ သောကိန်းနှင့် ဆိုက်ခဲ့ရပါသည်။ ထို ကြောင့် (၇၄)ကိန်းဂဏန်းသည် ကောင်း ကျိုးချမ်းသာဖြစ်ခြင်းကို တားဆီးတတ်ပြီး၊ မကောင်းသောကံကြမ္မာမုန်တိုင်းကို၊ ဖန် တည်းနိုင်သော စွမ်းအားအပြည့်ရှိသည်။ နိုင်ငံပေါင်းများစွာက မြန်မာနိုင်ငံပေါ် အကူအညီပေးရေးအစီအစဉ်တို့သည် လေထဲလွင့်ပျောက်သွားရုံမက ကံကြမ္မာ မုန်တိုင်းသည် မြန်မာနိုင်ငံကို ပြင်းထန်စွာ တိုက်ခတ်လာချေပြီ။
၂၀၁၂ ခုနှစ် ဇွန်လတွင် ရခိုင်ပြည် နယ်၌ ရခိုင်နှင့် ဘင်္ဂါလီတို့၏ ပဋိပက္ခ မှုကြီးသည် ကြောက်ခမန်းလိလိဖြစ်ပေါ် လာခဲ့သည်။ အနှစ်နှစ်အလလ မြုံနေ သောအနာကြီး ပေါက်ထွက်လာသလို၊ ရခိုင်နှင့် ဘင်္ဂါလီတို့၏ အငြိုးအတေး များပေါက်ကွဲထွက်လာပြီး တစ်ဖက်နှင့် တစ်ဖက် လူသတ်ပွဲကြီး ဆင်နွှဲနေရုံမျှ မက ရွာလုံးကျွတ် မီးရှို့ခံရ၊ ရပ်ကွက်လုံး ကျွတ် မီးတွေလောင်ပြီး၊ ရခိုင်ပြည်နယ် နေရာတော်တော်များများ မီးဟုန်းဟုန်း တောက်လောင်ခဲ့ကြသည်။ ရခိုင်ပြည် နယ်အရေးသည် သာမန်အရေးအခင်း မျိုးမဟုတ်၊ ဘာသာရေးစစ်ပွဲဆီကို ဦး တည်နိုင်သည်။ အကိုင်အတွယ် မတတ် လျှင် အမှိုက်ကစ ပြာဿဒ်မီးလောင်သွား နိုင်သည်။ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများက ရခိုင်နှင့် ဘင်ဂါလီ ပဋိပက္ခမှုကြီးကို တင်းတင်းကျပ်ကျပ် ထိန်းသိမ်းသည့်ကြားက တစ်ဖက်နှင့် တစ်ဖက် လစ်လျှင်လစ်သလို သတ်လိုက်၊ ဖြတ်လိုက်၊ မီးရှို့လိုက်နှင့် ရခိုင်ပြည်နယ် မီးက ငြိမ်းမသွားသေး။ တငွေ့ငွေ့ တောက်လောင်နေဆဲ။
ရခိုင်အရေး စိတ်မအေးစရာ ပြည့် နှက်နေချိန်တွင် မိုးထိ၊ မိုးမိ ရွှေလုပ်သား များနှင့် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီတို့အကြား မပြေမလည်မှုများမှ ပြဿနာကြီးထွားလာပြီး ဆန္ဒပြပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်လာသည်။ တစ်ဖန် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆား လင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်၊ ကြေးနီစီမံကိန်းဝန်းကျင်ရှိ၊ ကျေးရွာများ မှ ရွာသူ၊ ရွာသားများက လယ်ယာမြေ ကိစ္စ၊ စွန့်ပစ်ပစ္စည်းများကိစ္စနှင့် ပတ်သက် ၍ မကျေမနပ်မှုများ ပွားများလာကာ၊ သပိတ်စခန်းများဖြစ်လာခဲ့ကြသည်။ ကြေးနီစီမံကိန်းအတွက် မြေများတူးဖော် ရာတွင် လယ်တီဆရာတော်ဘုရားကြီး၏ ကျောင်း၊ သိမ်၊ ဘုရားမြေများ ထိပါး လာမည်ကို စိုးရိမ်သဖြင့် သံဃာတော် များပါ ဆန္ဒပြလာကြကာ ရဟန်းရှင်လူ ရွာသူရွာသားများစုပေါင်း၍ သပိတ်စခန်း များ များသည်ထက် များလာပါသည်။
ရခိုင်ပြည်နယ် မီးတောက်ကြီးက မငြိမ်းခင် လက်ပံတောင်းတောင်၊ ကြေး နီစီမံကိန်းသပိတ်စခန်းများက ပေါက်ကွဲ ရန် တာဆူနေချေပြီ။ အားလုံးက လက်ပံ တောင်းတောင်၊ သပိတ်စခန်းကိုသာ စိုး ရိမ်တကြီး စောင့်ကြည့်နေရာမှ ရခိုင်ပြည် နယ် ဒုတိယအကြိမ် ပဋိပက္ခမှုကြီးသည် ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်လာ သည်။ ပထမအကြိမ် အငြိုးအတေး အာဃာတများကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်ပြီး အိမ်မီးရှို့မှုတွေ ပိုများလာ ကာ၊ ရခိုင်ပြည်နယ်နေရာအတော်များ များ မီးဟုန်းဟုန်းတောက်လောင်လာပြီး ထိမ်းမနိုင်၊ သိမ်းမရဖြစ်လာသည်။ ပုဒ်မ (၁၄၄)ထုတ်ပြီး တင်းတင်းကျပ်ကျပ် ထိန်း သိမ်းတော့မှ ရခိုင်ပြည်နယ် မီးတောက် တွေ ငြိမ်းကာစပြုလာသည်။
မြန်မာပြည်သည် ၁၃၇၄ ခုနှစ်ဟူ သော (၇၄)ကိန်းဂဏန်း ၀င်ရောက်လာ သည်မှစ၍ မကောင်းသောကံကြမ္မာမျိုး စုံ၊ ရေဘေး၊ ငလျင်ဘေး စသည့်ကပ်ကြီး များနှင့် ကြုံတွေ့ရုံမျှမက ပြဿနာမျိုးစုံ  နှင့် ရစ်ပတ်လုံးထွေးနေသည့်ပြင်၊ စိန် ခေါ်မှုအမျိုးမျိုးနှင့် ရင်ဆိုင်နေရသည်။ ထိုကြောင့် ၄၇-၇၄ ခုနှစ်များနှင့်ကြုံလာ တိုင်း မကောင်းသောကံကြမ္မာဆိုးများ သည် ဒလစပ်ဖြစ်ပေါ်တတ်ပုံကို မျိုး ဆက်သစ်လူငယ်များ ဆက်လက်သုတေ သနပြုကြသောအခါ လွယ်ကူစွာ သိရှိ နိုင်စေရန် စာရေးသူအနေဖြင့် စေတနာ အရင်းခံထား၍ အသေးစိတ်တင်ပြထား ခြင်းဖြစ်ပါသည်။
၄၇-၇၄ ခုနှစ်များသည် အင်္ဂလိပ် သက္ကရာဇ်သော်လည်းကောင်း၊ မြန်မာ သက္ကရာဇ်သော်လည်းကောင်း မည်သည့် ခုနှစ်နှင့် ကြုံကြိုက်စေကာမူ သဏ္ဌာန်တူ ဖြစ်ရပ်ဆန်းများ ဖြစ်ပေါ်လေ့ရှိသည်။ ဥပမာ ကုလသမဂ်္ဂ အထွေထွေအတွင်း ရေးမှူးချုပ် ဦးသန့်ဖြစ်စဉ်ကိုကြည့်လျှင်၊ ဦးသန့်ကွယ်လွန်ခဲ့သောနှစ်သည် ၁၉၇၄ ခုနှစ်ဟူသော (၇၄)ကိန်းဂဏန်း ကြုံသော နှစ်ဖြစ်သည်။ ထိုအချိန်က ဦးသန့် အသက်သည် (၆၅)နှစ်ဖြစ်သည်။ သေဆုံးသည့်လမှာ နိုဝင်ဘာလဖြစ် သည်။ ဦးသန့်နိုင်ငံခြားမှာ ကွယ်လွန်ပြီး ဦးသန့်ရုပ်အလောင်း မြန်မာပြည် ပြန် ရောက်လာသောအခါ ပြဿနာမျိုးစုံ မီးခိုးကြွက်လျောက် စတင်လောင်ကျွမ်း လာတော့သည်။ ၀ိဉာဉ်ကင်းမဲ့နေသော ဦးသန့်ရုပ်အလောင်းသည် “ဦးသန့်အရေး အခင်း”အဖြစ် အံ့သြဖွယ်ကောင်းလောက် အောင် သမိုင်းဝင်ဖြစ်ရပ်ဆိုးကြီး ကြုံခဲ့ ရသည်။ ဦးသန့်အရေးအခင်းမှာ အဖမ်း ခံရသူများ၊ ထောင်ကျသူများ၊ သေဆုံးကြ သူများ၊ မရှုမလှဘ၀ပျက်သူများ စသည် စသည့်မကောင်းသော အနိဋ္ဌာရုံပုံရိပ် မည်းတွေ ထင်ကျန်ရစ်ခဲ့သည်။
ယနေ့မြန်မာနိုင်ငံ တွေ့ကြုံနေရ သော အခြေအနေနှင့် ဦးသန့်ဖြစ်စဉ် နှိုင်း ယှဉ်ကြည့်လျှင်-
ယနေ့မြန်မာနိုင်ငံရောက်ရှိနေသော အချိန်သည် ၁၃၇၄ ခုနှစ်ဟူသော (၇၄) ကိန်းဂဏန်းသို့ ရောက်ရှိနေချိန်ဖြစ်သည်။ မြန်မာပြည်၏ အသက် လွတ်လပ်ရေး သက်တမ်းသည် (၆၅)နှစ်ဖြစ်သည်။ နိုဝင်ဘာလ ဖြတ်သန်းခဲ့ပုံကို လေ့လာ ကြည့်သောအခါ-
နိုဝင်ဘာလ (၁၁)ရက်နေ့ နံနက် စောစောအချိန်
မန္တလေးတိုင်းဒေသကြီးတွင် မြေငလျင်ကြီး သွက်သွက်ခါအောင် လှုပ် ခတ်သွားခဲ့သည်။ အလွန်အားပြင်းစွာ မြေငလျင်လှုပ်ခတ်သွားသော၊ ရွှေဘို၊ သပိတ်ကျင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်များတွင်၊ ဘုရားတွေပြို၊ ကျောင်းတွေပြို၊ အဆောက်အအုံအချို့ ပြိုလဲပြီး လူအချို့ဒဏ်ရာရကာ၊ အချို့ သေကြေပျက်စီးကြသည်ထိ ဖြစ်ခဲ့ကြ သည်။ နိုဝင်ဘာလသည် မြန်မာနိုင်ငံကို ဤမျှနှင့် နှိပ်စက်၍ အားမရသေးဘဲ လက်ပံတောင်းတောင်၊ ကြေးနီစီမံကိန်း ဆီမှ၊ သပိတ်စခန်းကြီးများသည် ပေါက် ကွဲကာနီးသော မီးတောင်ကြီးကဲ့သို့ အသံ တွေမြည်ဟီးလာချေပြီ။
နိုဝင်ဘာလ (၂၉)ရက် နံနက်စောစော ဝေလီဝေလင်းအချိန်
လက်ပံတောင်းတောင်၊ သပိတ် စခန်းကြီးသည် မီးလောင်စေသော ဒဏ် ရာတွေ ပြင်းထန်စွာဖြိုခွဲခံရပြီး၊ သံဃာ တော်များ မီးတွေလောင် ဒဏ်ရာတွေ ပြင်းထန်စွာရရှိပြီး ဆေးရုံရောက်ခဲ့ကြရ သည်။ ဒီမိုကရေစီကျင့်စဉ်လမ်းကြောင်း ပေါ်မှာ၊ သာသနာ့အာဇာနည်အရှင်သူ မြတ်တို့အား မီးတွေပြင်းထန်စွာလောင် စေပြီး၊ ဒဏ်ရာတွေပြင်းထန်စွာရအောင် အကွက်ချစီမံဖန်တီးလုပ်ကိုင်ခဲ့ကြသူများ ကို ဒေါ်အောင်ဆန်းစုကြည်နှင့် စိစစ်ရေး ကော်မရှင်အဖွဲ့က မှန်ကန်တိကျအောင် တင်ပြနိုင်ရေးအတွက် ပိုက်စိတ်တိုက် ရှာဖွေဖော်ထုတ်လျက်ရှိပါသည်။
စာရေးသူသည် နိုဝင်ဘာလ (၁၁) ရက်နှင့် နိုဝင်ဘာလ (၂၉)ရက်နေ့များ တွင် အဖြစ်ဆုံးများ ကြုံတွှေ့ရသည့် အကြောင်းရင်းကို ကိန်းဂဏန်းတို့၏ အတတ်ပညာနယ်ပယ်ရှုထောင့်မှ တင် ပြလိုပါသည်။ ၈၈ ခုနှစ်က မြန်မာနိုင်ငံ သည် (၈)လေးလုံးကြုံလာသည့်အခိုက် ကောင်းကင်ဂြိုဟ်နက္ခတ်တို့၏ သွားနှုန်း သည်လည်း လွန်စွာဖောက်ပြန်ခိုက်နှင့် ကြုံကြိုက်နေသဖြင့် ထိုအချိန်က မြန်မာ နိုင်ငံသည် အဖတ်ဆယ်မရလောက် အောင် မရှုမလှပျက်စီးဆုံးရှုံးခဲ့ရသည်။ ယခု (၁၁)လေးလုံးနှင့် ကြုံကြိုက်သော အခါ ကြမ္မာဆိုး၊ အဖြစ်ဆိုးများ မဖြစ် မနေ ကြုံတွေ့ရတော့သည်။ (၁၁)လေး လုံးဆုံစည်းပုံမှာ-(၁) မြန်မာသက္ကရာဇ် ၇၄ ခုနှစ်သည် (၁၁)၊ (၂)မြန်မာပြည် လွတ်လပ်ရေးသက်တမ်း (၆၅)သည် (၁၁)၊ (၃) နိုဝင်ဘာလ၏ ဂဏန်းသည် (၁၁)၊ (၄) နိုဝင်ဘာလ (၁၁)ရက်မှာ (၁၁) ဖြစ်ခြင်းတို့ကြောင့် ထို(၁၁)လေး လုံးဆုံစည်းသောနေ့တွင် မန္တလေးတိုင်း မြေငလျင်ကြီး လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ဒုတိယအကြိမ် (၁၁)လေးလုံး ဆုံ စည်းပုံမှာလည်း-(၁)မြန်မာသက္ကရာဇ် ၇၄ ခုနှစ်သည် (၁၁)၊ (၂) မြန်မာလွတ်လပ် ရေးသက်တမ်း (၆၅)သည် (၁၁)၊ (၃) နိုဝင်ဘာလ၏ ဂဏန်းသည် (၁၁)၊ (၄) နိုဝင်ဘာလ (၂၉)ရက်သည် (၁၁)ဖြစ်၍  ထို(၁၁)လေးလုံး ဆုံစည်းမိသော၊ (၂၉) ရက်နေ့တွင် လက်ပံတောင်းတောင် သပိတ်စခန်းကြီး ပြင်းထန်စွာ ဖြိုခွဲခံရ သည်။
အထက်ပါဖြစ်စဉ်ဖြစ်ရပ်များအရ၊ ကိန်းဂဏန်းများ၏ ဖွဲ့တည်ပုံကို လေ့လာ ကြည့်ပါက သဏ္ဌာန်တူကိန်းစဉ်များ ဆုံ စည်းမိသောအခါ မကောင်းသော ကံကြမ္မာဆိုးများသည် အချိန်မဆိုင်းဘဲ အလျင်အမြန်ဖြစ်ပေါ်လေ့ရှိကြောင်း တွေ့ရှိရသည်။ ဥပမာ-နိုဝင်ဘာလ (၁၁) ရက်နေ့က (၁၁)လေးလုံး ဆုံစည်းမိသော အခါ (၁၁)ရက် နံနက်စောစောကြီးမှာ မန္တလေးတိုင်း မြေငလျင်ကြီး ပြင်းထန်စွာ လှုပ်ခတ်သွားခဲ့သည်။ နိုဝင်ဘာလ (၂၉) ရက်နေ့ (၁၁)လေးလုံး ဆုံစည်းသည့် အခိုက်မှာလည်း လက်ပံတောင်းတောင်၊ သပိတ်စခန်းကြီးသည် (၂၉)ရက် နံနက် စောစောကြီးမှာပင် အလွန်ပြင်းစွာ ဖြို ခွင်းခံခဲ့ရသည်မဟုတ်ပါလော။
စာရေးသူသည် ၁၃၇၄ ခုနှစ်၏ (၇၄)ကိန်းဂဏန်းသည် မြန်မာနိုင်ငံကို မွှေနှောက်ပြီး ဒုက္ခတွေအမျိုးမျိုးပေးနေ ပုံကို စဉ်ဆက်မပြတ် လေ့လာစောင့် ကြည့်ခဲ့ပါသည်။ အခုလည်း ကြည့်လေ။ လက်ပံတောင်းတောင်၊ ကြေးနီစီမံကိန်း ကိစ္စက အပြီးလည်းမသတ်၊ အနားလည်း မသတ်သေးခင်မှာ ကချင်စစ်ပွဲတွေက ဆူညံနေလေပြီ။ (၁၇)နှစ်လုံးလုံး အပစ် အခတ်ရပ်စဲပြီး ရွှေညီအစ်ကိုတွေလို အတူတကွ လက်တွဲနေထိုင်လာရာမှ ၁၃၇၄ ခုနှစ် (၇၄)ကိန်းဂဏန်းတွင်း ၀င်ရောက်လာသောအခါ ကချင်တပ်နှင့် မြန်မာစစ်တပ်တို့သည် ရုတ်တရက် တိုက် ပွဲတွေထဖြစ်ပြီး ဧရာမရန်သူကြီးသဖွယ် ချက်ခြင်းပြောင်းလဲသွားကြသည်။ နှစ် ဖက်စလုံးတိုက်ပွဲအရှိန်တွေ မြင့်တက် လာကြသည်။ (၇၄)ကိန်းဂဏန်းသည် နှစ်ဖက်စလုံးကို ဒေါသအမိုက်မှောင်တွေ ဖုံးလွှမ်းစေပြီး တစ်နေ့တစ်ခြား တိုက်ပွဲ တွေက ပို၍ပို၍ ပြင်းထန်လာသည်။ ငြိမ်း ချမ်းရေးလုပ်မယ်ဆိုလေ တိုက်ပွဲတွေက ပို၍ ပြင်းထန်လေပဲ။ ဒေသခံကချင် တိုင်းရင်းသားများမှာ မြေဇာပင်ပမာ စစ် ဘေးစစ်ဒဏ် အလူးအလိမ့်ခံရရှာသည်။ ကစဥ့်ကလျား ပြေးရင်းလွှားရင်း အိုးပစ်၊ အိမ်ပစ်၊ လယ်ယာတွေပစ်ကာ အိမ်တိုင် နွယ်ရစ်၊ လယ်တွေ တောဖြစ်ခဲ့ရသည်။
၁၃၇၄ ခုနှစ်ဟူသော (၇၄)ကိန်း ဂဏန်းသည် မြန်မာပြည် တစ်နှံ့တစ်လျား မှာ၊ ပြဿနာတွေ မှိုလိုပေါက်အောင် အမျိုးမျိုး မွှေနှောက်ဖန်တည်းနေချေ သည်။ (၇၄)ကိန်းဂဏန်းသည် နာဂစ် မုန်တိုင်းထက် အဆများစွာ ပြင်းထန် သည်ဟုဆိုရပေမည်။ နာဂစ်မုန်တိုင်း သည် တိုက်တုန်းခဏသာပျက်စီးတတ် သော်လည်း (၇၄)ကိန်းဂဏန်းသည် စတင်ဝင်ရောက်သည့် အချိန်မှစ၍ လူသားအပေါင်းတို့ကို ဒေါသအမိုက် မှောင်ဖုံးစေပြီး တစ်ဖက်နှင့်တစ်ဖက် ရက် ရက်စက်စက် သတ်ဖြတ်မှုကို ဖြစ်ပေါ် ဖန်တည်းပေးလေ့ရှိသည်။ မကောင်း သော ကပ်ဆိုးကြီးများကိုလည်း ပုံဖော် ပေးနိုင်စွမ်းရှိသည်။
၁၃၇၄ ခုနှစ်ဟူသော (၇၄)ကိန်း ဂဏန်းစုသည် ၂၀၁၃ ခုနှစ်၊ ဧပြီလ (၁၇) ရက်တွင် သက်တမ်းကုန်ဆုံးသွားပြီဖြစ် သဖြင့် ထွက်ခွာချိန် အလွန်နီးကပ်နေပါ ပြီ။ ၁၃၇၄ ခုနှစ် ကုန်ဆုံးသွားသော ဟိုဘက်ကမ်းမှာ လင်းလက်တောက်ပ နေသော မြန်မာနိုင်ငံ၊ ရွှေပြည်သစ်ကြီး ကို၊ အထင်ကရမြင်တွေ့နေရပြီဖြစ်သည်။ ၁၃၇၄ ခုနှစ်၏ (၇၄)ကိန်းဂဏန်းသည် မြန်မာပြည်မှ အေးအေးဆေးဆေးလေး ထွက်ခွာသွားမည်မဟုတ်ပါ။ မြန်မာပြည် ကို အပြင်းထန်ဆုံး နှုတ်ဆက်ပြီးမှ ထွက် ခွာသွားလိမ့်မည်။ ထို (၇၄)ကိန်းဂဏန်း သည် မြန်မာနိုင်ငံကို ၀င်ရောက်လာ သည်မှစ၍ မကောင်းသော ကံကြမ္မာဆိုး အမျိုးမျိုးနှင့် မနားမနေ နှုတ်ဆက်ကလူ ပြုပြီး ကျန်ရှိနေသော ဖေဖော်ဝါရီလနှင့် မတ်လကိုလည်း လုံးဝသက်ညှာခွင့်ပေး မည်မဟုတ်ပါ။ အထူးသဖြင့် ၂၀၁၂ ခု ဖေဖော်ဝါရီလသည် အလွန်ဆိုးဝါးသော ကံကြမ္မာဆိုးများ ကြုံတွေ့တတ်သဖြင့် အထူးသတိထားစောင့်ကြည့်သင့်ပါသည်။
နိုဝင်ဘာလနှင့် ဖေဖော်ဝါရီလတို့ သည်ကား (၂)ဂဏန်းအုပ်စုဝင်ဂဏန်း များဖြစ်သည်။ (၂)ဂဏန်းသည် မြန်မာ နိုင်ငံကို ဘေးဒုက္ခအမျိုးမျိုးဖြစ်ပေါ်စေ တတ်သည်။ ငြိမ်းကာနီးသော ဖယောင်း တိုင်သည် ထတောက်တတ်သကဲ့သို့ ကုန် ဆုံးကာနီးသော (၇၄)ကိန်းဂဏန်းသည် လည်း ဖေဖော်ဝါရီလမှာ အဆိုးဝါးဆုံး ကံကြမ္မာဆိုးများကို ဖန်တည်းပေးခဲ့ပြီးမှ နှုတ်ဆက်ထွက်ခွာသွားနိုင်ပါသည်။ ကံကြမ္မာဆိုးဆိုသည်မှာ ငလျင်လှုပ်ခြင်း၊ မုန်တိုင်းများ ကျရောက်ခြင်း၊ အရေး အခင်းဖြစ်ခြင်းတို့ တစ်ခုခုဖြစ်ပေါ်ခြင်း မျိုးကို ဆိုပါသည်။ အထူးသဖြင့် ဖေဖော် ၀ါရီလတွင် ငလျင်ဘေးသည် စိုးရိမ်စရာ အကောင်းဆုံးဖြစ်သည်။ (၂)ဂဏန်း အုပ်စုဝင်ဖြစ်သော နိုဝင်ဘာလတွင် အထက်မြန်မာနိုင်ငံ ပြတ်ရွေ့ကြောများ ကြောင့် မန္တလေးတိုင်းဒေသကြီးတွင် ငလျင်ကြီးလှုပ်ခတ်သွားခဲ့သည်။ ယခု (၂) ဂဏန်းအုပ်စုဝင်ဖြစ်သော ဖေဖော်ဝါရီလ တွင်လည်း အောက်မြန်မာပြည် ပြတ်ရွေ့ ကြောများကြောင့် ပဲခူး-ရန်ကုန် အောက် မြန်မာပြည်ငလျင်သည် သတိထားဖွယ် ဖြစ်လာပါသည်။
ရွှေတိဂုံဘုရား လင်းတနားခြင်းနှင့် အချို့မြို့များတွင်လည်း လင်းတများ လာရောက်နားခဲ့သဖြင့် အများပြည်သူ တို့ စိုးရိမ်ထိပ်လန့်မှုများ ဖြစ်ပွားခဲ့ပါ သည်။ မှန်ပါသည်။ လင်းတတို့သည် သေပြီးအပုပ်ကောင်တို့ကိုသာ စားတတ် သည်။ ယုတ်ညံ့ပြီး အလွန်ရုပ်ဆိုးသော ငှက်ဖြစ်သဖြင့် လင်းတနားခြင်းသည်ကား ကျက်သရေတစ်စုံတစ်ရာ လုံးဝမရှိနိုင်ပါ။ ထိုကြောင့် ရွှေတိဂုံဘုရား လင်းတနား ခြင်းသည်လည်းကောင်း ဖေဖော်ဝါရီလ နှင့် မတ်လတွင် (၇၄)ကိန်းဂဏန်း၏ ကုန်ဆုံးကာနီးအချိန်တွင် အပြင်းထန်ဆုံး ကံကြမ္မာဆိုးများ ကျရောက်တတ်သော ကြောင့်လည်းကောင်း၊ ရန်ကုန်မြို့တွင် လည်းကောင်း၊ အခြားမြို့များတွင်လည်း ကောင်း၊ ငလျင်လှုပ်ခြင်း(သို့)ပြင်းထန် သော ကံကြမ္မာဆိုးကြီးများ ကျရောက် တတ်ပါသည်။
ပြည်သူတို့အကျိုး၊ သာသနာအကျိုး အတွက်ဆိုလျှင် အားကျိုးမာန်တက် ဆောင်ရွက်ပေးတတ်ကြကုန်သော၊ ဆရာတော်၊ သံဃာတော်အရှင်သူမြတ် တို့ဘုရား။
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလနှင့် မတ်လတို့၌ မြန်မာပြည်သူ၊ ပြည်သား အပေါင်းတို့သည် ငလျင်ဘေးတို့မှလည်း ကောင်း၊ ဘေးဒုက္ခအပေါင်းတို့မှလည်း ကောင်း၊ လွတ်မြောက်ပါရစေခြင်းအကျိုး ငှာ ပရိတ်တရားတော်များ၊ ပဋ္ဌာန်းတရား တော်များကို၊ လှိုင်လှိုင်ကြီး ရွတ်ဖတ် သရဇ္ဈာယ်ပေးတော်မူကြပါရန်၊ မြန်မာ ပြည်သူပြည်သားအပေါင်းတို့ကိုယ်စား၊ ဘုရားတပည့်တော် ဦးတင်လျှောက်ထား အပ်ပါသည်။သံဃာတော်အရှင်မြတ်တို့ ဘုရား။
ဘုရားတပည့်တော်နှင့် မြန်မာပြည် သူ၊ ပြည်သားအပေါင်းတို့သည် ဆရာ တော်၊ သံဃာတော်တို့၏ ပြည်သူအပေါ် ထားအပ်သော၊ မေတ္တာစေတနာတန်ခိုး တေဇော်အာနုဘော်တို့ကြောင့်လည်း ကောင်း-
သံဃာတော်များ ရွတ်ဖတ်ပေး သော ပရိတ်တရားတော်၏ တန်ခိုးရှိန် ဇော် အာနုဘော်တို့ကြောင့်လည်း ကောင်း၊
သံဃာတော်များရွတ်ဖတ်ပေး သော ပဋ္ဌာန်းတရားတော်၏ တန်ခိုးရှိန် ဇော်အာနုဘော်တို့ကြောင့်လည်းကောင်း၊
မြန်မာပြည်သူ၊ ပြည်သားအပေါင်း တို့သည် ဘေးရန်ကင်းကွာကြပြီးလျှင် အစစ်အမှန်ဖြစ်သော ဒီမိုကရေစီနိုင်ငံ တော်သစ်ကြီးဆီသို့ မျက်မှောက်ပြုရပါ လိုကုန်၏ အရှင်မြတ်တို့ဘုရား။

ဆရာတိုး(စမ်းချောင်း)

အေးချမ်းမွန်မှ  The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
January 29, 2013 Home, ဆောင်းပါး

စာရေးသူသည် ““၁၁ ဂဏန်း မြန်မာပြည်””ဆောင်းပါးကို Hot News ဂျာနယ် 26 April 2012 ခုနှစ်နေ့ က၊ ရေးသားဖော်ပြခဲ့ပါသည်။ ထိုစဉ်က စာရေးသူ၏ ဆောင်းပါးတွင် စာရေးသူ အဓိကတင်ပြ ထားသော၊ အကြောင်းအရာများနှင့် ဆောင်းပါး၏ အဓိကအချက်များကို လျှောက်လွှာ (၂) မျက်နှာခန့် ထုတ်နုတ်ဖြတ်တောက်ထားသောအခါ စာရေးသူ တင်ပြလိုသော အဓိကအကြောင်းအရာများ ပျောက် ကွယ်သွားသဖြင့် ကိုယ့်ဆောင်းပါးကိုဖတ်ပြီး အားမလို အားမရ စိတ်မသက်မသာ ဖြစ်ခဲ့ရသည်မှာအမှန်ပါ။

၁၃၇၄ ခုနှစ်ဟူသော (၇၄)ကိန်း ဂဏန်းစုသည် ၂၀၁၃ ခုနှစ်၊ ဧပြီလ (၁၇) ရက်တွင် သက်တမ်းကုန်ဆုံးသွားပြီဖြစ် သဖြင့် ထွက်ခွာချိန် အလွန်နီးကပ်နေပါ ပြီ။ ၁၃၇၄ ခုနှစ် ကုန်ဆုံးသွားသော ဟိုဘက်ကမ်းမှာ လင်းလက်တောက်ပ နေသော မြန်မာနိုင်ငံ၊ ရွှေပြည်သစ်ကြီး ကို၊ အထင်ကရမြင်တွေ့နေရပြီဖြစ်သည်။ ၁၃၇၄ ခုနှစ်၏ (၇၄)ကိန်းဂဏန်းသည် မြန်မာပြည်မှ အေးအေးဆေးဆေးလေး ထွက်ခွာသွားမည်မဟုတ်ပါ။ မြန်မာပြည် ကို အပြင်းထန်ဆုံး နှုတ်ဆက်ပြီးမှ ထွက် ခွာသွားလိမ့်မည်။ ထို (၇၄)ကိန်းဂဏန်း သည် မြန်မာနိုင်ငံကို ၀င်ရောက်လာ သည်မှစ၍ မကောင်းသော ကံကြမ္မာဆိုး အမျိုးမျိုးနှင့် မနားမနေ နှုတ်ဆက်ကလူ ပြုပြီး ကျန်ရှိနေသော ဖေဖော်ဝါရီလနှင့် မတ်လကိုလည်း လုံးဝသက်ညှာခွင့်ပေး မည်မဟုတ်ပါ။ အထူးသဖြင့် ၂၀၁၂ ခု ဖေဖော်ဝါရီလသည် အလွန်ဆိုးဝါးသော ကံကြမ္မာဆိုးများ ကြုံတွေ့တတ်သဖြင့် အထူးသတိထားစောင့်ကြည့်သင့်ပါသည်
နိုဝင်ဘာလနှင့် ဖေဖော်ဝါရီလတို့ သည်ကား (၂)ဂဏန်းအုပ်စုဝင်ဂဏန်း များဖြစ်သည်။ (၂)ဂဏန်းသည် မြန်မာ နိုင်ငံကို ဘေးဒုက္ခအမျိုးမျိုးဖြစ်ပေါ်စေ တတ်သည်။ ငြိမ်းကာနီးသော ဖယောင်း တိုင်သည် ထတောက်တတ်သကဲ့သို့ ကုန် ဆုံးကာနီးသော (၇၄)ကိန်းဂဏန်းသည် လည်း ဖေဖော်ဝါရီလမှာ အဆိုးဝါးဆုံး ကံကြမ္မာဆိုးများကို ဖန်တည်းပေးခဲ့ပြီးမှ နှုတ်ဆက်ထွက်ခွာသွားနိုင်ပါသည်။ ကံကြမ္မာဆိုးဆိုသည်မှာ ငလျင်လှုပ်ခြင်း၊ မုန်တိုင်းများ ကျရောက်ခြင်း၊ အရေး အခင်းဖြစ်ခြင်းတို့ တစ်ခုခုဖြစ်ပေါ်ခြင်း မျိုးကို ဆိုပါသည်။ အထူးသဖြင့် ဖေဖော် ၀ါရီလတွင် ငလျင်ဘေးသည် စိုးရိမ်စရာ အကောင်းဆုံးဖြစ်သည်။ (၂)ဂဏန်း အုပ်စုဝင်ဖြစ်သော နိုဝင်ဘာလတွင် အထက်မြန်မာနိုင်ငံ ပြတ်ရွေ့ကြောများ ကြောင့် မန္တလေးတိုင်းဒေသကြီးတွင် ငလျင်ကြီးလှုပ်ခတ်သွားခဲ့သည်။ ယခု (၂) ဂဏန်းအုပ်စုဝင်ဖြစ်သော ဖေဖော်ဝါရီလ တွင်လည်း အောက်မြန်မာပြည် ပြတ်ရွေ့ ကြောများကြောင့် ပဲခူး-ရန်ကုန် အောက် မြန်မာပြည်ငလျင်သည် သတိထားဖွယ် ဖြစ်လာပါသည်။
ရွှေတိဂုံဘုရား လင်းတနားခြင်းနှင့် အချို့မြို့များတွင်လည်း လင်းတများ လာရောက်နားခဲ့သဖြင့် အများပြည်သူ တို့ စိုးရိမ်ထိပ်လန့်မှုများ ဖြစ်ပွားခဲ့ပါ သည်။ မှန်ပါသည်။ လင်းတတို့သည် သေပြီးအပုပ်ကောင်တို့ကိုသာ စားတတ် သည်။ ယုတ်ညံ့ပြီး အလွန်ရုပ်ဆိုးသော ငှက်ဖြစ်သဖြင့် လင်းတနားခြင်းသည်ကား ကျက်သရေတစ်စုံတစ်ရာ လုံးဝမရှိနိုင်ပါ။ ထိုကြောင့် ရွှေတိဂုံဘုရား လင်းတနား ခြင်းသည်လည်းကောင်း ဖေဖော်ဝါရီလ နှင့် မတ်လတွင် (၇၄)ကိန်းဂဏန်း၏ ကုန်ဆုံးကာနီးအချိန်တွင် အပြင်းထန်ဆုံး ကံကြမ္မာဆိုးများ ကျရောက်တတ်သော ကြောင့်လည်းကောင်း၊ ရန်ကုန်မြို့တွင် လည်းကောင်း၊ အခြားမြို့များတွင်လည်း ကောင်း၊ ငလျင်လှုပ်ခြင်း(သို့)ပြင်းထန် သော ကံကြမ္မာဆိုးကြီးများ ကျရောက် တတ်ပါသည်။
ပြည်သူတို့အကျိုး၊ သာသနာအကျိုး အတွက်ဆိုလျှင် အားကျိုးမာန်တက် ဆောင်ရွက်ပေးတတ်ကြကုန်သော၊ ဆရာတော်၊ သံဃာတော်အရှင်သူမြတ် တို့ဘုရား။
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလနှင့် မတ်လတို့၌ မြန်မာပြည်သူ၊ ပြည်သား အပေါင်းတို့သည် ငလျင်ဘေးတို့မှလည်း ကောင်း၊ ဘေးဒုက္ခအပေါင်းတို့မှလည်း ကောင်း၊ လွတ်မြောက်ပါရစေခြင်းအကျိုး ငှာ ပရိတ်တရားတော်များ၊ ပဋ္ဌာန်းတရား တော်များကို၊ လှိုင်လှိုင်ကြီး ရွတ်ဖတ် သရဇ္ဈာယ်ပေးတော်မူကြပါရန်၊ မြန်မာ ပြည်သူပြည်သားအပေါင်းတို့ကိုယ်စား၊ ဘုရားတပည့်တော် ဦးတင်လျှောက်ထား အပ်ပါသည်။သံဃာတော်အရှင်မြတ်တို့ ဘုရား။
ဘုရားတပည့်တော်နှင့် မြန်မာပြည် သူ၊ ပြည်သားအပေါင်းတို့သည် ဆရာ တော်၊ သံဃာတော်တို့၏ ပြည်သူအပေါ် ထားအပ်သော၊ မေတ္တာစေတနာတန်ခိုး တေဇော်အာနုဘော်တို့ကြောင့်လည်း ကောင်း-
သံဃာတော်များ ရွတ်ဖတ်ပေး သော ပရိတ်တရားတော်၏ တန်ခိုးရှိန် ဇော် အာနုဘော်တို့ကြောင့်လည်း ကောင်း၊
သံဃာတော်များရွတ်ဖတ်ပေး သော ပဋ္ဌာန်းတရားတော်၏ တန်ခိုးရှိန် ဇော်အာနုဘော်တို့ကြောင့်လည်းကောင်း၊
မြန်မာပြည်သူ၊ ပြည်သားအပေါင်း တို့သည် ဘေးရန်ကင်းကွာကြပြီးလျှင် အစစ်အမှန်ဖြစ်သော ဒီမိုကရေစီနိုင်ငံ တော်သစ်ကြီးဆီသို့ မျက်မှောက်ပြုရပါ လိုကုန်၏ အရှင်မြတ်တို့ဘုရား။

ဆရာတိုး(စမ်းချောင်း)

အေးချမ်းမွန်မှ The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...