Monday, January 28, 2013

အူပုပ်ခြင်းနှင့် အူပိတ်ခြင်း

KhingKhing Su shared Royal Hero Media's photo.
အူပုပ်ခြင်းနှင့် အူပိတ်ခြင်း
=============

အူပုပ်တယ် ဆိုတာကတော့ အူထဲကို သွေးမရောက်တော့လို့ အူက ပုပ်သွားတာပါ။ အူပုပ်တဲ့ အခြေအနေ အများစုက အူပိတ်လို့ ဖြစ်တာပါ။ အူပိတ်တော့ အူက တင်းသွားတယ်၊ သွေးကြောတွေ ပြားသွားတယ်၊ အူတွေ လိမ်သွားတဲ့အတွက် သွေးမစီးတော့ဘဲ အူတွေ ပုပ်ကုန်တာပါ။ လူနာတွေ ကတော့ အူပိတ်တဲ့ဒဏ်ကိုပဲ ခံစားနေရတဲ့အတွက် အူပုပ်သွားတာ၊ အူပေါက် သွားတာကိုတော့ သိပ်မသိကြပါဘူး။ ဆရာတို့ကတော့ လူနာက တစ်ဖက် ခန်းမှာ ရှိနေတာဖြစ်တဲ့အတွက် လူနာက နှစ်မိနစ်ခြား၊ သုံးမိနစ်ခြား အရမ်းကို အော်နေရာကနေ မအော်တော့ဘူး၊ မှိန်းသွားပြီဆိုရင် အဲဒါ အူက ပုပ်သွားပြီလို့ ဆရာတို့ သိပါတယ်။ အူက ရုန်းနေသေးတယ်၊ ညှစ်နေသေး တယ်ဆိုရင် အရမ်းကိုနာတယ်၊ ထိုးထိုးအောင့်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ အရမ်း မအောင့်တော့ဘူး၊ လူနာက မှိန်းပြီး ညည်းပဲညည်းတော့တယ် ဆိုရင်တော့ အူကပုပ်သွားတာ ဖြစ်နိုင်ပါတယ်။ အူပုပ်သွားပြီဆိုရင် မကြာခင် လူနာက အဖျားပါ လိုက်လာပါတယ်။

ချက်ချင်းမခွဲဘူးဆိုရင် အသက် အန္တရာယ်လည်း ရှိပါတယ်။ အူမပိတ်ဘဲ အူပုပ်တာလည်းရှိတော့ ရှိပါတယ်။ ဒါပေမဲ့ အဲဒီလိုအခြေအနေက နည်းပါ တယ်။ နှလုံးသွေးကြော ကျဉ်းသလိုပါပဲ၊ အူရဲ့ သွေးကြောတွေက အဆီ တွေကြောင့် ပိတ်ပြီး အူပုပ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီလို အခြေအနေမှာဆိုရင် လူနာက သွေးဝမ်းတွေ သွားမယ်၊ ဗိုက်က မဖောင်း လာဘူး၊ လူနာက ဖျားနေမယ်ဆိုရင် အူပုပ်သွားတာ ဖြစ်နိုင်ပါတယ်။ အဲဒီအခြေအနေကတော့ အနောက်နိုင်ငံတွေမှာ ပေါပါတယ်။

ဆရာတို့နိုင်ငံမှာတော့ ရှားပါတယ်။ အူပိတ်တာက ရောဂါကြောင့်ဖြစ်တာပါ။ အဓိကကတော့ ဝမ်းချုပ်တတ်တယ်၊ ညှစ်အားကလည်း ကျတယ်ဆိုရင် ဖြစ်သွားတတ်ပါတယ်။ မြန်မာတွေမှာ တွေ့နေတာက လူတွေက ဝမ်းနုတ် ဆေးစားပြီး ဝမ်းသွားနေကြတာတွေ ရှိနေပါတယ်။ အဲဒီလူတွေက ဝမ်းပိတ် တတ်ပါတယ်။ ပညာပေးစရာအနေနဲ့တော့ အများစုက ချက်ချင်း ခွဲစိတ် ရပါတယ်။ သိပြီဆိုတာနဲ့ အရည်တွေပေးရတယ်။ ဆေးဝါးတွေ ပေးရတယ်။

ခွဲစိတ်ဖို့ ချက်ချင်း လုပ်ပေးရပါတယ်။ အူကပ်တယ်ဆိုရင် အူကပ်တာကို ခွာပေးရုံပါပဲ၊ အူကလည်း မပုပ်သေးဘူးဆိုရင် ဆယ်မိနစ်လောက်ပဲ ကြာတတ် ပါတယ်။ အူကျနေတယ်ဆိုရင်လည်း အူက အထဲကို ကျွံနေတယ်၊ အပေါက်က ကျဉ်းနေတော့ ပြန်မထွက်နိုင်ဘူး၊ အချိန်မီခွဲစိတ်ခဲ့ရင် အဲဒီကျဉ်း နေတဲ့ အပေါက်လေးကို နည်းနည်းလေးချဲ့လိုက်ရုံနဲ့ ပြန်ထွက်သွားပါတယ်။ ဒါပေမဲ့ ပုပ်ပြီဆိုရင်တော့ အူကို ဖြတ်ဆက်လုပ်ရတယ်။ သွေးတွေ သွင်းရ တယ်။ ရောဂါကပိုပြီး ကြီးသွားပါပြီ။ တီဘီကြောင့် ဆိုရင် တီဘီကုသ ဆေးတွေ ပေးပြီးကုပါတယ်။ တစ်ခါတလေ အကျိတ်အဖုက ကြီးနေရင် ဖြတ်ဆက်လုပ်ပေးရတာ ရှိပါတယ်။ ကင်ဆာကြောင့်ဆိုရင် ဖြည်းဖြည်းချင်း ပိတ်တာဆိုရင်တော့ အချိန်ရတဲ့အတွက် သေချာစစ်ဆေးပြီးမှ တစ်ပြိုင် တည်း ဖြတ်ဆက်လုပ်လို့ ရပါတယ်။ ရုတ်တရက် ပိတ်သွားတဲ့ အခြေအနေ ဆိုရင် အရေးပေါ်အနေနဲ့ လမ်းလွှဲပေးရပါတယ်။

တစ်ဖက်မှာပိတ်နေရင် မပိတ်တဲ့နေရာကနေ လမ်းလွှဲပြီး ရောဂါကိုပြန်ရှာ ရပါတယ်။ အူပိတ်ပြီဆိုရင် အများအားဖြင့် လူနာတွေ မသိဘဲမနေပါဘူး။ အရမ်းကို ထိုးထိုးပြီး အောင့်တဲ့အတွက် ဆေးရုံကို ရောက်ကိုရောက်လာ ပါတယ်။

ဖြည်းဖြည်းချင်း ပိတ်တဲ့ အခါမှာတော့ လူနာက မသိပါဘူး။ အန်တာတွေ၊ အောင့်တာတွေက နောက်ကျမှ ဖြစ်တတ်ပါတယ်။ အရင်ဆုံး ဝမ်းချုပ်တာက စဖြစ်တတ်ပါတယ်။ လူနာတွေက မသိဘဲ မြန်မာဆေးတွေ၊ တခြားဆေးတွေ သောက်မိမယ်ဆိုရင်လည်း ပိုဆိုးလာတဲ့ အခြေအနေတော့ မဖြစ်ပါဘူး။ ပိုပြီးကြန့်ကြာတာ လောက်တော့ ဖြစ်နိုင်ပါတယ်။

တစ်ခါတလေ ဗိုက်အောင့်နေတဲ့နေရာကို နှိပ်လိုက်ရင်လည်း ပေါက်သွား နိုင်ပါတယ်။ ဒီအခြေအနေမှာ မပေါက်ဘဲ ပြန်ကောင်းလာနိုင်ပေမယ့် ဗိုက်ကို နှိပ်လိုက်ရင် အူတွေ ပေါက်သွားနိုင်ပါတယ်။ ဆေးအပူတွေ လိမ်းရင်လည်း ပေါက်သွားနိုင်ပါတယ်။ အန္တရာယ်ရှိပါတယ်။ အဲဒါတွေ ဂရုစိုက်သင့်ပါတယ်။

By Good Health
http://on.fb.me/10U7k3z

အူပုပ်တယ် ဆိုတာကတော့ အူထဲကို သွေးမရောက်တော့လို့ အူက ပုပ်သွားတာပါ။ အူပုပ်တဲ့ အခြေအနေ အများစုက အူပိတ်လို့ ဖြစ်တာပါ။ အူပိတ်တော့ အူက တင်းသွားတယ်၊ သွေးကြောတွေ ပြားသွားတယ်၊ အူတွေ လိမ်သွားတဲ့အတွက် သွေးမစီးတော့ဘဲ အူတွေ ပုပ်ကုန်တာပါ။
လူနာတွေ ကတော့ အူပိတ်တဲ့ဒဏ်ကိုပဲ ခံစားနေရတဲ့အတွက် အူပုပ်သွားတာ၊ အူပေါက် သွားတာကိုတော့ သိပ်မသိကြပါဘူး။ ဆရာတို့ကတော့ လူနာက တစ်ဖက် ခန်းမှာ ရှိနေတာဖြစ်တဲ့အတွက် လူနာက နှစ်မိနစ်ခြား၊ သုံးမိနစ်ခြား အရမ်းကို အော်နေရာကနေ မအော်တော့ဘူး၊ မှိန်းသွားပြီဆိုရင် အဲဒါ အူက ပုပ်သွားပြီလို့ ဆရာတို့ သိပါတယ်။ အူက ရုန်းနေသေးတယ်၊ ညှစ်နေသေး တယ်ဆိုရင် အရမ်းကိုနာတယ်၊ ထိုးထိုးအောင့်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ အရမ်း မအောင့်တော့ဘူး၊ လူနာက မှိန်းပြီး ညည်းပဲညည်းတော့တယ် ဆိုရင်တော့ အူကပုပ်သွားတာ ဖြစ်နိုင်ပါတယ်။ အူပုပ်သွားပြီဆိုရင် မကြာခင် လူနာက အဖျားပါ လိုက်လာပါတယ်။

ချက်ချင်းမခွဲဘူးဆိုရင် အသက် အန္တရာယ်လည်း ရှိပါတယ်။ အူမပိတ်ဘဲ အူပုပ်တာလည်းရှိတော့ ရှိပါတယ်။ ဒါပေမဲ့ အဲဒီလိုအခြေအနေက နည်းပါ တယ်။ နှလုံးသွေးကြော ကျဉ်းသလိုပါပဲ၊ အူရဲ့ သွေးကြောတွေက အဆီ တွေကြောင့် ပိတ်ပြီး အူပုပ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီလို အခြေအနေမှာဆိုရင် လူနာက သွေးဝမ်းတွေ သွားမယ်၊ ဗိုက်က မဖောင်း လာဘူး၊ လူနာက ဖျားနေမယ်ဆိုရင် အူပုပ်သွားတာ ဖြစ်နိုင်ပါတယ်။ အဲဒီအခြေအနေကတော့ အနောက်နိုင်ငံတွေမှာ ပေါပါတယ်။

ဆရာတို့နိုင်ငံမှာတော့ ရှားပါတယ်။ အူပိတ်တာက ရောဂါကြောင့်ဖြစ်တာပါ။ အဓိကကတော့ ဝမ်းချုပ်တတ်တယ်၊ ညှစ်အားကလည်း ကျတယ်ဆိုရင် ဖြစ်သွားတတ်ပါတယ်။ မြန်မာတွေမှာ တွေ့နေတာက လူတွေက ဝမ်းနုတ် ဆေးစားပြီး ဝမ်းသွားနေကြတာတွေ ရှိနေပါတယ်။ အဲဒီလူတွေက ဝမ်းပိတ် တတ်ပါတယ်။ ပညာပေးစရာအနေနဲ့တော့ အများစုက ချက်ချင်း ခွဲစိတ် ရပါတယ်။ သိပြီဆိုတာနဲ့ အရည်တွေပေးရတယ်။ ဆေးဝါးတွေ ပေးရတယ်။

ခွဲစိတ်ဖို့ ချက်ချင်း လုပ်ပေးရပါတယ်။ အူကပ်တယ်ဆိုရင် အူကပ်တာကို ခွာပေးရုံပါပဲ၊ အူကလည်း မပုပ်သေးဘူးဆိုရင် ဆယ်မိနစ်လောက်ပဲ ကြာတတ် ပါတယ်။ အူကျနေတယ်ဆိုရင်လည်း အူက အထဲကို ကျွံနေတယ်၊ အပေါက်က ကျဉ်းနေတော့ ပြန်မထွက်နိုင်ဘူး၊ အချိန်မီခွဲစိတ်ခဲ့ရင် အဲဒီကျဉ်း နေတဲ့ အပေါက်လေးကို နည်းနည်းလေးချဲ့လိုက်ရုံနဲ့ ပြန်ထွက်သွားပါတယ်။ ဒါပေမဲ့ ပုပ်ပြီဆိုရင်တော့ အူကို ဖြတ်ဆက်လုပ်ရတယ်။ သွေးတွေ သွင်းရ တယ်။ ရောဂါကပိုပြီး ကြီးသွားပါပြီ။ တီဘီကြောင့် ဆိုရင် တီဘီကုသ ဆေးတွေ ပေးပြီးကုပါတယ်။ တစ်ခါတလေ အကျိတ်အဖုက ကြီးနေရင် ဖြတ်ဆက်လုပ်ပေးရတာ ရှိပါတယ်။ ကင်ဆာကြောင့်ဆိုရင် ဖြည်းဖြည်းချင်း ပိတ်တာဆိုရင်တော့ အချိန်ရတဲ့အတွက် သေချာစစ်ဆေးပြီးမှ တစ်ပြိုင် တည်း ဖြတ်ဆက်လုပ်လို့ ရပါတယ်။ ရုတ်တရက် ပိတ်သွားတဲ့ အခြေအနေ ဆိုရင် အရေးပေါ်အနေနဲ့ လမ်းလွှဲပေးရပါတယ်။

တစ်ဖက်မှာပိတ်နေရင် မပိတ်တဲ့နေရာကနေ လမ်းလွှဲပြီး ရောဂါကိုပြန်ရှာ ရပါတယ်။ အူပိတ်ပြီဆိုရင် အများအားဖြင့် လူနာတွေ မသိဘဲမနေပါဘူး။ အရမ်းကို ထိုးထိုးပြီး အောင့်တဲ့အတွက် ဆေးရုံကို ရောက်ကိုရောက်လာ ပါတယ်။

ဖြည်းဖြည်းချင်း ပိတ်တဲ့ အခါမှာတော့ လူနာက မသိပါဘူး။ အန်တာတွေ၊ အောင့်တာတွေက နောက်ကျမှ ဖြစ်တတ်ပါတယ်။ အရင်ဆုံး ဝမ်းချုပ်တာက စဖြစ်တတ်ပါတယ်။ လူနာတွေက မသိဘဲ မြန်မာဆေးတွေ၊ တခြားဆေးတွေ သောက်မိမယ်ဆိုရင်လည်း ပိုဆိုးလာတဲ့ အခြေအနေတော့ မဖြစ်ပါဘူး။ ပိုပြီးကြန့်ကြာတာ လောက်တော့ ဖြစ်နိုင်ပါတယ်။

တစ်ခါတလေ ဗိုက်အောင့်နေတဲ့နေရာကို နှိပ်လိုက်ရင်လည်း ပေါက်သွား နိုင်ပါတယ်။ ဒီအခြေအနေမှာ မပေါက်ဘဲ ပြန်ကောင်းလာနိုင်ပေမယ့် ဗိုက်ကို နှိပ်လိုက်ရင် အူတွေ ပေါက်သွားနိုင်ပါတယ်။ ဆေးအပူတွေ လိမ်းရင်လည်း ပေါက်သွားနိုင်ပါတယ်။ အန္တရာယ်ရှိပါတယ်။ အဲဒါတွေ ဂရုစိုက်သင့်ပါတယ်။

By Good Health
http://on.fb.me/10U7k3z

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...