Wednesday, January 30, 2013

မြန်မာ အနုပညာ။

Zaw Win shared Lin San Letpanpya's photo.မြန်မာ အနုပညာ။
ပေါ်ဦးသက်၏
``ပို့စကတ်ပန်းချီ(၁၉၇၀ နှစ်များ)``
ညသည် နက်လာနေပြီ...ဟု ယူဆရပေသည်။ လမင်းသည် သာနေခဲ့၍ သစ်ခက်သစ်ရွက်များနှင့် စိမ်းသည့် မြက်ခင်းများ၏အပေါ်၊ ....နောက်ပြီး ချိန်းသည့်ညတစ်ခု၏ ချစ်သူနှစ်ဦး၏အပေါ်သို့ ကျရောက်နေခဲ့၏။ မကြာမီ ....ထိုခေတ်၏ လူငယ်လေးတစ်ဦး တီးခတ်သည့် .....ညင်သာသည့် ဂစ်တာသံကို ကြားလာရကာ ထိုသီချင်းမှာ ထိုအချိန်ကပေါ်ခဲ့သည့် ``ကွဲနေသော မှန်စများ``အမည်ရသည့် အယ်လ်ဘမ်ထဲမှ တေးတစ်ပုဒ်လည်း ဖြစ်ချင်ဖြစ်မည်။ နားရက်တစ်ရက် အဆောင်မှလစ်ထွက်လာသူလေးလား မသိနိုင်သော ချစ်သူကောင်မလေးက မြက်ခင်းမှာ လဲလျောင်းနေခဲ့လျက်၊ ...လရောင်တွင် သူမ၏ အပြုံးကို ကျွန်ုပ်တို့ မြင်ရ၏။ ပြီးပြည့်စုံသော ကမ္ဘာ...ဟူသည် ဤပုံကားလေးထဲမှ ညလေးတစ်ညလိုမျိုးလည်း ဖြစ်နိုင်ခဲ့ကာ .....ပေါ်ဦးသက်၏ လက်ရာမြောက်သော ပန်းချီကားလေးကိုကြည့်ရင်း ကျွန်ုပ်တို့တွေးခေါ်မိသလို သင်လည်း စိတ်ကျေနပ် ကြည်နူးနေနိုင်ပေသည်။
ပေါ်ဦးသက်၏
``ပို့စကတ်ပန်းချီ (၁၉၇၀ နှစ်များ)``

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...