Thursday, October 31, 2013

ကျုပ်နဲ့ ရန်ကုန် အထာ ၃


ကျုပ်နဲ့ ဆရာမလေး ရွှေတိဂုံမှာ ဘုရားအတူတူဖူးကြတယ်…၊ ဆရာမလေးလို ချောမောလှပလွန်းတဲ့ သူတစ်ယောက်နဲ့ ကျုပ်တွဲသွားရတာ အတော့်ကို ပျော်တာပဲဗျို့..။ လေပေါ် မြှောက်နေသလား မှတ်ရ..၊ ဘုရားလာဖူးတဲ့သူတွေကလည်း ကျုပ်နဲ့ ဆရာမလေးကို ကွက်ကြည့် ကွက်ကြည့် လုပ်နေသေးရဲ့…၊ အေးလေ…၊ ကံကောင်းလှတဲ့ ကျုပ်ကို ကြိတ်အားကျနေကြတာလားမှ မသိတာ…။

အိုင်းစတိုင်းနှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာအချို့ 


နိုဘယ်ဆုရ ကမ္ဘာကျော် ရူပဗေဒ ပညာရှင် အဲလ်ဘတ်အိုင်းစတိုင်းနှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာများက အောက်ပါ အတိုင်း ဖြစ်ပါတယ်။ 

၁။ အိုင်းစတိုင်းဟာ အသက် ၄ နှစ်အရွယ်ကစလို့ စကားပြောတတ်ခဲ့ပါတယ်။ သို့ပေမယ့် အသက် ၉ နှစ်အထိ စကားကို ပီပီပြင်ပြင်၊ များများစားစား မပြောနိုင်ပါဘူး။

ဥာဏ်ကောင်းလွန်းတဲ့  ဘွားဘွား (အပြုံး..လက်ဆောင်)


ဘဏ်တစ်ခုကို အဘွားကြီးတစ်ယောက် ရောက်လာတယ် ။
ပေါင်တစ်သန်း အပ်ဖို့ ဘဏ်သူဋ္ဌေးကို ပြောတယ် ။
ဘဏ်သူဋ္ဌေး ။ ။ ဒီလောက်များတဲ့ ငွေတွေ ဘယ်လိုရှာလာခဲ့တာပါလဲ ။
ဘွားဘွား ။ ။ ငါက အလောင်းအစားနဲ့ အကျိုးပေးတယ်လေ ။ အဲဒီလို ရှာလာတာ ။
ဘဏ်သူဋ္ဌေး ။ ။ မဖြစ်နိုင်တာပဲ ။

Trial Version Software တွေကို Full Version ဖြစ်အောင် Patch File အသုံးပြု၍ Install ပြုလုပ်နည်းနဲ့ ဖြေရှင်းနည်း


Fig ~ 1
ကျွန်တော် ဒီ တစ်ခါပြောပြပေးမဲ့ Post လေးကတော့ ကျွန်တော်တို့ တစ်ခါတစ်ရံ ကိုယ်အသုံးလိုတဲ့ Software တွေကိုစိတ်ကြိုက် Download လုပ် Install လုပ်ကြပြီး ကိုယ့် ကွန်ပျူတာထဲမှာ ထည့်သွင်းအသုံးပြုကြတာပေါ့ဗျာ။ဒါပေမဲ့ တစ်ချို့ Software ထုတ်လုပ်လိုက်တဲ့ Company တွေက Freeware အနေနဲ့ အလကားအသုံးပြုခွင့်ပေးထားပြီး တစ်ချို့ Software တွေကျတော့ Trial Version အနေနဲ့ အသုံးပြုခွင့်ပေးထားပြီး ပိုက်ဆံပေးဝယ်ရတဲ့ ပုံစံမျိုးပေါ့ဗျာ။

အကောင်းမြင် စိတ်ကလေး တစ်ခု

Shwe Eaim Si shared ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည်'s photo.

 ဂျယ်ရီ ဆိုတဲ့ သူငယ်လေးဟာ အမြင်ကပ်စရာကောင်းလောက်အောင်ကို အကောင်းမြင်တတ်တဲ့ သူငယ်လေး ပါ။ သူဟာ အမြဲတမ်း လန်းဆန်းတက်ကြွနေပြီးတော့ အမြဲတမ်းလည်း အကောင်းမြင်တဲ့ စကားလေးတွေကိုဘဲ ပြောဆိုလေ့ရှိပါတယ်။ သူဟာ သူမတူအောင် ထူးချွန်တဲ့ မန်နေဂျာကောင်း တစ်ယောက်လည်းဖြစ်ပါတယ်။

ယောင်္ကျားလေးများ ရေတိမ်မနစ်စေဖို့

ယောင်္ကျားလေးများ ရေတိမ်မနစ်စေဖို့
====================
မိန်းကလေးများ၏ အယုံသွင်းစကားများကြောင့် သင့်ဘဝ ရေတိမ်မနှစ်ပါစေနှင့်...... ယောက်ကျားလေးနဲ့ မိန်းကလေး ချစ်ကြိုက်ကြပြီဆိုရင် မိန်းကလေးတွေဟာယောက်ကျားလေးတွေ ကို အယုံ သွင်းတတ်ကြပါတယ်။ မိန်းကလေးတွေဟာယောက်ကျားလေးတွေ ရဲ့ ခန္ဓာကိုယ်ကို ရဖို့ဆိုရင် နည်းမျိုးစုံပြောဆိုတတ်ကြပါတယ်။ အဲလိုမျိုး စကားတွေကို ယောက်ကျားလေးတွေရှောင်နိုင်ရအောင်လို့ မျှဝေ ပေးလိုက်ပါတယ်။

၁။ မောင် ချစ်ဘယ်လိုမှ မနေနိုင်လို့ပါလို့ သင်ကောင်မလေးကများပြောလာခဲ့ရင် သင်ပြန်ပြောရမဲ့ စကားက တစ်ခွန်းထဲပါ။မင်းခေါ်တိုင်းလိုက်ရရင်အောင် ငါကိုဘယ်လိုကောင်များ မှတ်နေလဲလို့ပြတ်ပြတ်သားသား ငြင်းလွှတ်လိုက်ပါ။ ဒါမှ သင်ဘဝ ရေမရှိတဲ့ ချောင်းမှာနှာခေါင်းမနှစ်တော့ မှာပါ။

၂။ နှစ်ယောက်ထဲ လွတ်လွတ်လပ်လပ် စကားပြောချင်လို့ပါ လို့ပြောလာခဲ့ရင်ဘယ်တော့မှ မလိုက်ပါနှင့် သင်ဘဝ သူများတံတွေးခွက်မှာမှောက်ရက်ေ မျှာသွားပါလိမ့်မည်။ လူမြင်ကွင်းတွင် လည်းလွတ်လွတ်လပ်လပ်ပြောဆို၍ ရပါသည်။ သင်ကို လိမ်ညာခေါ်ဆောင်နေသည် ကိုသတိပြုမိပါစေ။

၃။ မောင်ကို တကယ်ချစ်တာပါ၊ အရမ်းလည်းတန်ဖိုးထားပါတယ် လို့ပြောဆိုလာလျှင်တကယ်ချစ်မချစ်ဆိုတာ နှစ်ယောက်ထဲ လွတ်လွတ်လပ်လပ်တွေ့ရုံနှင့် သက်သေပြသည်မဟုတ်ပါ။ အချိန်တွေက အချစ်ကို တန်ဖိုးထားမထား ဆိုတာအလိုလိုပေါ်လာပါလိမ့်မည်။ ပါးစပ်က ပြောနေသည်ထက် နှလုံးသားကပြောသည်ကမှပိုလေးနက်ပါလိမ့်မည်။

၎။ ချစ် ကိုတကယ်ချစ်တာဆိုရင် အလိုလိုက်မှာပါနော်ဟု ပတ်ချွှဲနှပ်ချွှဲပြောနေတဲ့ စကားမျိုးကို မယုံကြည်မိပါစေနှင့်။ သင်ကို အပြစ်မကင်းသလိုခံစားရအောင် ပြောတဲ့စကားမျိုးပါ။ အချစ်ဆိုတာ ကိုခုတုံးလုပ်ပြီးမိန်းကလေးတွေ အယုံသွင်းတာ ကို သင်သတိကြီးစွာ ထားကာမှ သင့်ဘဝတန်ကာကျပေလိမ့်ပါမည်။

၅။ ချစ်နဲ့မောင်ရဲ့ ချစ်ခြင်းက ပိုလေးနက်လာမှာပါလို့ သင်ရဲ့စောင့်စည်းထိမ်းသိမ်းလာတဲ့  အချစ်နဲ့ သိက္ခာကို ထင်ယောင်ထင်မှားဖြစ်အောင်ပြောဆိုပြီး သင်ရဲ့ အချစ်ကမလေးနက်ဘူးထင်လာအောင်ဖျားယောင်းနေခြင်းကိုသင်ရှောင်ကျဉ်နိုင်အောင် ထိန်းသိမ်း နိုင်ပါစေ။

၆။ မောင်ကလဲ သူများတွေလဲ ဒီလိုပဲနေကြတာပဲ လို့ပြောဆိုလာလျှင်သူများကတာနဲ့ သင်ကို ကိုင်ပေါက်လာပြီဆိုလျှင်တော့ အဲလိုအလွယ်တကူခေါင်းညိမ့်တတ်တဲ့ သူများ တွေဆီပဲ သွားနေလိုက်တော့ ၊ငါနဲ့လာမပတ်သတ်နဲ့တော့ ဟု ယောက်ကျားမာန နှင့် ရဲရဲသာ ပြောပလိုက်ပါ။

၇။ ချစ် ဘယ်သူကိုမှ မပြောပါဘူး၊ ချစ်ကိုယုံပါ မောင်နဲ့ချစ် ကလွဲလို့တစ်ခြားဘယ်သူကိုမှ မပြောပါဘူး ဟုပြောလာလျှင် အဲဒီ အချိန်ကာလလေးတစ်ခုအတွက်တော့ ဖြစ်ချင်ဖြစ်ပေလိမ့်မည်။ ချစ်စိတ်မွှန်နေတဲ့ အချိန်မှာမှန်နိုင်ပေမဲ့ အဲဒါတွေ ပြီးတဲ့နောက်မှာတော့ သူတို့မိန်းကလေးတွေကြားထဲပြောေ နပေလိမ့်မည်။ ငါမောင် ကိုဘယ်လိုလိမ့်ပြီးခေါ်သွားတာလေလို့သူအစွမ်းကို ထုတ်ပြောနေပေလိမ့်မည်။

အင်း အဓိကပြောချင်တာကတော့ အခုခေတ်ယောက်ကျားလေးတွေကို ယောက်ကျားသိက္ခာနဲ့လူပျိုဘဝကို တန်ဖိုးထားစေ ချင်လို့ပါ။ အနောက်တိုင်းယဉ်ကျေးမှုတွေလွမ်း မိုးလာတဲ့နောက်မှာ ယောက်ကျားလေးတွေဟာ သိပ်ပြီးမထူးဆန်းတဲ့ကိစ္စလို့ထင်လာမှာ ဆိုးလို့ပါ။ ယောက်ကျားလေး ဘဝဆိုတာ ကျောက်ပျဉ် ပေါ်က ကြက်ဥ ဖြစ်နေလို့ ကိုယ်ကိုယ်တန်ဖိုးထားစေချင်တဲ့ စေတနာနဲ့ပါ။ လူရှေ့သူရှေ့တောင် မရှောင် ယိုသူမရှက်မြင်သူ ကြည်နေတဲ့ အချိန်မှာ သင်ကို ဆိတ်ကွယ်ရာ ခေါ်ဆောင်သွားပြီဆိုရင်တော့ဘုရားသာ တပေတော့လို့သာပြော ချင်ပါတယ်။

အခုစာလေးက အမည်မသိ စာရေးဆရာကြီးတစ်ဦးရဲ့ စာစုလေးကို အတိုချုံပြီးအသိပေးလိုက်တာ ပါ။ ဖြစ်နိုင်မယ်ဆိုရင်တော့ အရွယ်ရောက်ပြီးယောက်ကျားလေးတိုင်း ဖတ်ရှု့ လိုက်နာသင့်ပါတယ်။

 .ပျော်ပြီးရင်ပျော်
by Chit Nyi Lay 
https://www.facebook.com/groups/shweaeimsijoker/

မိန်းကလေးများ၏ အယုံသွင်းစကားများကြောင့်သင့်ဘဝ ရေတိမ်မနှစ်ပါစေနှင့် .....
ယောက်ျားလေးနဲ့ မိန်းကလေး ချစ်ကြိုက်ကြပြီဆိုရင် မိန်းကလေးတွေဟာယောက်ကျားလေးတွေ ကို အယုံ သွင်းတတ်ကြပါတယ်။ မိန်းကလေးတွေဟာယောက်ကျားလေးတွေရဲ့ ခန္ဓာကိုယ်ကို ရဖို့ဆိုရင် နည်းမျိုးစုံပြောဆိုတတ်ကြပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၁-၁၀)

သစ်ထူးလွင်


ကိုယ့်ဘ၀ကိုယ် ချစ်ခင်လာဖို့ နည်းလမ်း ၁၀ ခု

Shwe Eaim Si shared ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည်'s photo.

သူတို့ဘ၀ကိုသူတို့ မုန်းတယ်ဆိုတဲ့လူတွေ ရှိပါတယ်။ သူတို့ဟာ သူတို့မှာရှိနေတဲ့အရာတွေနဲ့ မပျော်ရွှင်နိုင်ကြပါဘူး။ အကယ်၍ သင်လည်း အဲလိုပဲဖြစ်ခဲ့မယ်ဆိုရင် သင်ဟာ- ချမ်းသာမှ၊ အောင်မြင်မှ၊ မိတ်ဆွေအပေါင်းအသင်းတွေ အများကြီးရမှ၊ နာမည်ကျော်ကြားမှ၊ ပြီးပြည့်စုံတဲ့ မိသားစုရှိမှ ပျော်ရွှင်မယ် ဆိုတဲ့ လူတွေထဲက တစ်ယောက် ဖြစ်နေပါလိမ့်မယ်။

ချစ်ခြင်း မေတ္တာ ....

Myanmar News Update's photo.
" တစ်ခါက အရမ်းဆင်းရဲတဲ့ လင်မယား ၂ယောက်ရှိတယ်.. တနေ့မှာတော့ မိန်းမဖြစ်သူက သူ့ယောက်ျား အလုပ်သွားကာနီးမှာ " ..သူ့ဆံပင်တွေ အရမ်းကိုရှည်လွန်းနေပြီဖြစ်လို့ ရှင်းလင်းဖို့ ဘီး ကောင်းကောင်းလေးတစ်ချောင်းလောက် ၀ယ်လာခဲ့ပေးပါလား " လို့ ပူဆာတယ်။

Gallstones (1) သည်းခြေကျောက် (၁)


ကျွန်တော့် အဖေမှာ သည်းခြေကျောက်တည်နေတာ သုံးလေးနှစ်လောက်ရှိပါပြီ။ ဘာနာကျင်မှုမှတော့ မရှိဘူးလို့ သူက ပြောပါတယ်။ တကယ်လို့ အဲဒီရောဂါက ကြာလာရင် ဘယ်လို ဆိုးကျိုးတွေ ဖြစ်လာနိုင်သလဲဆိုတာ ရှင်းပြပေးပါဦး ဆရာ။

ကိုယ့်ကိုကိုယ်တောင် သတ်သေသွားလောက်တယ် ...


ကိုယ့်ကိုကိုယ် တောင် သတ်သေသွားလောက်တယ် ...

စားသောက်ဆိုင်တစ်ခုမှာကောင်မလေး ၀ိတ်တာအား

"အော်ညီမလေး ABC ရလား"

"ဟုတ်ကဲ့ရှင် ရပါတယ်"

"အင်းဒါဆိုရင် AကနေZအထိရွတ်ပြ"

" ရှင်"
...
"စတာပါ ကျွဲရိုင်းရောရှိလား"

"ဟုတ်ရှိပါတယ်ရှင့်"

"ဒါဆိုသေချာခြံခတ်ထားစမ်းပါ
ကျွန်တော်ကကြောက်တတ်လို့"

"ရှင်"

"နောက်တာပါ ဟက်ဖရိုက်တစ်လုံးလောက်
ငုံးဥဟက်ဖရိုက်နော်"

"ခင်ဗျားလာနောက်နေတာလား"

"ပျော်တတ်လို့ပါ ခေါက်ဆွဲရှိသေးလား"

"ရှိသေးတယ်"

"အော် ရှိသေးရင်ဆက်ရောင်းလေ"

"ခင်ဗျားလွန်လာပြီနော်"

"စိတ်မဆိုးပါနဲ့ဗျာဟိုဟာလေထမင်းပေါင်း
ဆိုတာထမင်းအထီးနဲ့ထမင်းအမကို
မင်္ဂလာဆောင်ပေးထားတာလားဟင်"

"ခင်ဗျားဘာတွေလာပြောနေတာလဲ"

"မသိလို့မေးတာပါကြေးအိုးရလား"

"ရတယ်"(နည်းနည်းမာလာပြီ)

"ဒါဆိုသေချာဂျီးလေးဘာလေး
ပြောင်အောင်ချွတ်တိုက်ထားလိုက်နော်
ခနနေဒန်အိုးဒန်ခွက်ဝယ်တဲ့ကုလား
လွှတ်လိုက်မယ်"

"ခင်ဗျား နော်"

"ဟီး Coke ရလား"

"ရတယ်"

"အော် ရရင်ပြီးတာပဲ ကုတ်မရရင်
ကျွန်တော်ကုတ်ပေးမလို့"

"ခင်ဗျား လစ်လိုက်တော့ ရဲစခန်း
ဖုန်းဆက်လိုက်မယ် မဟုတ်ရင်"

ကဲကဲဒါဆို တကယ် မှာမယ် နော် ညီမလေး

ဟုတ်ကဲ့မှာပါရှင့်

အင်း....ကိုကြီးမရှိတုန်း ကျန်းမာရေးလဲဂရုစိုက်
အစားအသောက်လဲမှန်မှန်စား..........ဟုတ်ပီ လား

Credit - သတင်းဘုရင်
စားသောက်ဆိုင်တစ်ခုမှာကောင်မလေး ၀ိတ်တာအား
"အော်ညီမလေး ABC ရလား"
"ဟုတ်ကဲ့ရှင် ရပါတယ်"
"အင်းဒါဆိုရင် A ကနေ Z အထိရွတ်ပြ"

Wednesday, October 30, 2013

စိတ်၏အမိန့်၊ ပီမိုးနင်း



စိတ်မပျက်သမျှ စီးပွားဥစ္စာ ကျန်းမာခြင်းပါ ပျက်သော်လည်း ကြောက်စရာမရှိချေ။ စိတ်အားပျက်မှ အကုန်ပျက်၏။
"ပျက်လျှင်အစဉ် ပြင်လျှင်ခဏ၊ မသေမချင်း အားမလျှော့ရ၊ ဖြစ်ရမည်" ဟူသောစိတ်ကို အမြဲထားပါလေ။
အပျက်ကို မတွေးလေနှင့် မထင်လေနှင့်။

ကျွန်မဘ၀ရဲ့ ပုံရိပ်လွှာ ( ပထမပိုင်း )

  
*** ကျွန်မဘ၀ကို ကျွန်မ  ကျေနပ်ရဲ့လားဆိုတဲ့ မေးခွန်းကို ***
ဖန်တစ်ရာသေအောင် မေးတတ်သူ မိန်းမ တစ်ယောက် ။ သူမနာမည်က ဇာဖြူ ။
သိပ်ကို စိတ်ကူးယဉ်တတ်သူ နူးညံ့တဲ့ဂရုစိုက်မှုတွေကို ခုံမင်တက်မက်တတ်သူ
တစ်ဦးလို့ ဖြူ ကို သမုတ်ပါမည်ဆိုလျှင်  ကျေနပ်စွာ ခံယူလိုက်ပါမည် ။

ကျုပ် လူပျိုကြီး ဖြစ်ရတာ အကြောင်းမဲ့မဟုတ်ဘူး

Thanlay Ko added a photo from October 29, 2013 to his timeline.
ကျုပ် လူပျိုကြီး ဖြစ်ရတာ အကြောင်းမဲ့မဟုတ်ဘူး

အစက ကျုပ်လည်း ချစ်သူရှိတာပဲဗျ
ခက်တာက 
ကျုပ်ကအိမ်မှာ ခွေးလေးတစ်ကောင်မွေးထားတယ် 'ပလူတို' တဲ့
အတော်ချစ်စရာကောင်းတဲ့ခွေးလေး
ခွေးလေးကို ကျနော်က ခင်တွယ်နေတာကို ရည်းစားကမကြိုက်ဘူး
အမြဲတမ်း ပြသနာရှာတယ်... ...

'ခွေးနဲ့ သူ ဘယ်သူ့ကို ဦးစားပေးမှာလဲ' တဲ့

'ဟ... င့ါကို ခင်တဲ့၊ ချစ်တဲ့နေရာမှ ခွေးက မင်းထက် သာတယ်' လို့ ပြောတော့ သူ့မှာ နာလိုက်တာ ဆတ်ဆတ်ခါလို့

'ရှင်ဘယ်လိုလုပ် သက်သေပြနိုင်မလဲ' လို့ လာမေးတယ်

ဒါနဲ့ ကျနော်လည်း စိတ်မရှည်တာနဲ့ 'လာစမ်းကွာ သက်သေပြမယ်' ဆိုပြီး... ...
သူ့ကိုရော ခွေးကိုရော ကြိုးနဲ့တုတ်ပြီး ကားနောက်ဖုံးထဲ ထည့်ပိတ်ထားလိုက်တယ်

တစ်နာရီလောက်နေမှ သွားဖွင့်ပြီး ကြိုးဖြည်ပေးလိုက်တော့....
သူတို့နှစ်ကောင် အဲလေ သူတို့နှစ်ယောက် အဲ ဒါလည်း မဟုတ်သေးပါဘူး
ထားပါတော့...
သူက ကျနော့်ကို ဒေါသတကြီး ဆဲဆိုရိုက်ပုတ် ကုတ်ဖဲ့တယ်
ခွေးလေးက ကြိုးတောင် မဖြည်ရသေးဘူး အမြီးလေးနန့်လို့ 'ဝု ဝု' နဲ့ ဝမ်းပန်းတသာ ကြိုဆိုတယ်
ကဲ....
ဘယ်သူက ကျနော့်ကို ပိုခင်တွယ်လဲ 
အသိသာကြီး

အဲဒီကနောက်တော့ ရည်းစားနဲ့လည်း ကွဲသွားတယ်
အကြောင်းသိတဲ့ မိန်းကလေးတွေကလည်း ကျနော့် မကြိုက်ရဲတော့ဘူး
တော်ကြာကြိုးနဲု့တုတ်ပြီး ကားနောက်ဖုံးထဲ ထည့်ခံနေရမှာ စိုးလို့လေ...


ရည်းစားကို ကြိုးနဲ့တုတ်တတ်တဲ့-သန်၎ကို

အစက ကျုပ်လည်း ချစ်သူရှိတာပဲဗျ။ ခက်တာက
ကျုပ်ကအိမ်မှာ ခွေးလေးတစ်ကောင်မွေးထားတယ် 'ပလူတို' တဲ့
အတော်ချစ်စရာကောင်းတဲ့ခွေးလေး
ခွေးလေးကို ကျနော်က ခင်တွယ်နေတာကို ရည်းစားကမကြိုက်ဘူး
အမြဲတမ်း ပြသနာရှာတယ်... ...

Hair & Health ဆံပင်က သင့်ကျန်းမာရေးကို ပြောနေတယ်





• Bad hair can mean bad health
ဆံပင် အရင်လို မဟုတ်ရင် ကျန်းမာရေး မကောင်းတာ ဖြစ်ချင်လဲ ဖြစ်နိုင်တယ်။ ကျန်းမာရေး အခြေအနေတွေနဲ့ ဆေးဝါးတွေကနေ ကိုယ်ခန္ဓာကို သက်ရောက်စေတာထဲမှာ ဆံပင်လဲ ပါတယ်။ တခါတလေ ဆံပင်သက်သက်သာ ဖြစ်နေတာလဲ ရှိတယ်။

ဦးရွှေမန်းရဲ့ အမှားတော်ပုံများ

Darron Humiston

၂၀၁၂ ဧပြီလ (၁၁) ရက်နေ့ တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ဖေဖော်ဝါရီလကုန်တွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းမှ အစိုးရအဖွဲ့ကိုသော်လည်းကောင်း၊ သက်ဆိုင်ရာ ဝန်ကြီးများ ကိုသော်လည်းကောင်း မည်သူတစ်ဦးတစ်ယောက် နှင့်မှ ညှိနှိုင်းတိုင်ပင်ခြင်းမရှိဘဲ ဝန်ထမ်းများ လစာ တိုးမြှင့်ရေးကို ပြည်ထောင်စုလွှတ်တော်တွင် ရုတ်တရက် ပြောဆိုလိုက်ပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၁၀)

သစ်ထူးလွင်



Tuesday, October 29, 2013

ယောင်္ကျားတွေရဲ့ အချိန်အလိုက်ပြောင်းလဲတတ်ပုံလေး (၆ပတ် ၆လ ၆ နှစ်)



*ချစ်စကားပြော
ချိန်၆ ပတ် – ချစ်တယ်၊ ချစ်တယ်၊ ချစ်တယ်။
၆ လ – ချစ်တာပေါ့ကွာ။
၆ နှစ် – မင်းကို ငါ မချစ်ရင် အစကတည်းက အားအားယားယား ချစ်ခွင့်တောင်းမလားဟ။

မဟာဗျူဟာပုစ္ဆာများနှင့် စဉ်းစားမိသည်များ

Tue Oct 29, 2:20 pm

ပုစ္ဆာငါးရပ်

“ခုတစ်လော ခင်ဗျားကို သဲကြီးမဲကြီး ပြန်ဆော်နေကြပြန်ပြီနော် …။”
သတင်း စာ၊ ဂျာနယ်များတွင် ခပ်စိပ်စိပ် တွေ့လာရသော၊ အရေးအသား တွေနှင့် ပတ်သက်ပြီး မိတ်ဆွေတစ်ယောက်၏ မှတ်ချက် ဖြစ်ပါသည်။ စာရေးသူ ဘာမှ ပြန်မဖြေခဲ့ပါ။ သူ့စကား အသုံးအနှုန်းတိကျပုံ ကိုတော့ သဘောကျသွားသည်။ အထူးသဖြင့် “ခုတစ်လော” ဆိုသည်နှင့် “ပြန်” ဆိုသော ကြိယာဝိသေသနများ …။ ဟုတ်သည်ကော …။ စာရေးသူအနေနှင့် ဝေဖန်ရေး အမည်ခံ အပုပ်ချပွဲများနှင့် ကြုံရသည်မှာ တစ်ကြိမ်မှ မကတော့ဘဲ …။

ငါး ပိုစားသင့်သော အကြောင်းရင်း ၁၀

Aye Chan Mon's photo.

အစားအစာတွေများစွာထဲမှာ သင့်ခန္ဓာကိုယ်အတွက် အမှန်တကယ်ပဲ အကျိုးရှိစေပြီး မရှိမဖြစ် အာဟာရတွေ ပါဝင်တဲ့ အစားအစာမျိုး ဖြစ်နေမယ် ဆိုရင်တော့ သင့်နေ့စဉ် အစားအစာတွေထဲကို မဖြစ်မနေ ထည့်ပေါင်းဖို့ လိုအပ်နေပါပြီ။

၈၈ တောခိုကျောင်းသားများ ထိုင်းမြန်မာနယ်စပ် ABSDF သေ့ဘောဘိုးစခန်းဖြစ်ရပ်မှန်များ - မိုးတိမ် (သေ့ဘောဘိုး)



စာအုပ်အမည် - ၈၈ တောခိုကျောင်းသားများ ထိုင်းမြန်မာနယ်စပ်
ABSDF သေ့ဘေဘိုးစခန်းဖြစ်ရပ်မှန်များ
စာရေးသူအမည် - မိုးတိမ်(သေ့ဘောဘိုး)
စာအမျိုးအစား - သမိုင်း(နိုင်ငံရေး)၊မှတ်တမ်း

Download -- http://hngetngaimrokhimisistory.blogspot.com/2013/10/absdf.html

မိန်းမတွေသိဖို့ ကျုပ်တို့ ကျားကျားတွေ အကြောင်း


၁။ ကျွန်တော်တို့ယောက်ျားတွေ မိန်းမဆို ခန္ဓာကိုယ်အလှမှ မ
ဟုတ်ပါဘူး။ နှစ်လိုဖွယ် အပြုံးနဲ့ သပ်ရပ်သန့်ရှင်းတဲ့ မျက်နှာမျိုး
ဆို ပိုပြီးတော့တောင်စွဲလန်းပါသေးတယ်။

၂။ကျွန်တော်တို့ယောက်ျားတွေ တကယ်တော့ မာယာကိုလည်း ချစ်တတ်ပါတယ်။

" တို့တိုင်းပြည်မှာ မအောင်မြင်တဲ့ စီမံကိန်းတွေကြောင့်သာ ထောင်တန်း ကျရရင် တို့ရဲဘော်တွေ တစ်ယောက်မှကျန်မှာ မဟုတ်ဘူး . . မင်းပူမနေနဲ့ . . "

" တို့တိုင်းပြည်မှာ မအောင်မြင်တဲ့ စီမံကိန်းတွေကြောင့်သာ ထောင်တန်း ကျရရင် တို့ရဲဘော်တွေ တစ်ယောက်မှကျန်မှာ မဟုတ်ဘူး . . မင်းပူမနေနဲ့ . . "
.
    ညွှန်ချုပ်နဲ့ဦးဆောင်ညွှန်ကြားရေးမှုး  နှစ်ဦး ရယ်ရယ်မောမောပြောနေကြတာ နားထောင်ပြီး မြန်မာပြည်သူတွေအတွက်ငိုချင်သလို ဖြစ်ခဲ့ရတယ် . . .
DG ကစပြောတယ် . .
    "ဟေ့ကောင် ငွေချစ်. . မင်းဘာတွေလျှောက်လုပ်နေတာလည်း . . ရေနက်ကွင်းမှာ စပါးစိုက်ဖို့ စီမံကိန်း ကို မင်းအကောင်အထည်ဖေါ်နေတယ်ဆို .  ဖြစ်နိုင်ချေတွေ . .  ဘာတွေ လေ့လာပြီးပြီလား . . ကွင်းဆင်း တိုင်းတာတွက်ချက် ခန့်မှန်း တာတွေ လုပ်ပြီးပြီလား . . လုပ်ငန်းကောစနေပြီလား . . "  ဆိုပြီး မေးခွန်းတွေတရစပ် မေးတဲ့အခါ MD ဘာပြန်ပြောသလဲ ဆိုတော့  " ဟေ့ကောင် . . မင်းဘာတွေလာပြောနေတာလည်း . . တို့ကအထက်ကခိုင်းရင် ငြင်းပိုင်ခွင့်ရှိလို့လား . . မင်းတပ်ထဲမှာ စိုက်ပျိုးမွေးမြူရေး လုပ်တုန်းက တွက်ချက်ပြီး လုပ်တာလား . . ရမ်းသမ်းလုပ်တာလား ။ ငါ သိတာကတော့ မင်းလုပ်တဲ့က်ြခြံ ပြုတ်သွားတာပဲသိတယ် "
DG က ထပ်ပြောတယ် . . .
 အဲ့ဒါက သိပ်ပမာဏမကြီးတော့ တပ်ထဲက အိမ်ထောင်သည်တွေပဲ နည်းနည်းပါးပါး ထိခိုက်တာ။  အခု မင်းစီမံ ကိန်းကြီးက ကျပ်ငွေ ဘီလျံ  . သိန်းသောင်းချီပြီးရင်းနှီးရမှာဆိုတော့ . . ကိုယ့်ရဲဘော် ရဲဘက် အချင်းချင်း သတိပေးတာ " 
 အဲဒီမှာ MD ကပြန်ပြောတာပါပဲ . . .
    . . " တို့တိုင်းပြည်မှာ မအောင်မြင်တဲ့ စီမံကိန်းတွေ ကြောင့်သာ ထောင်တန်း ကျရရင် တို့ရဲဘော်တွေ တစ်ယောက်မှကျန်မှာ မဟုတ်ဘူး .  .  .
. . . . . .  မင်းပူမနေနဲ့  . . တဲ့
  .
                    . ..

. .ဘုရင်ကြီးနှင့်မြင်းကြီးသေသော် ဝန်ကြီးပျော်၏ . . .
                      အရမ်းသန်းညွှန့်

ညွှန်ချုပ်နဲ့ဦးဆောင်ညွှန်ကြားရေးမှုး နှစ်ဦး ရယ်ရယ်မောမောပြောနေကြတာ နားထောင်ပြီး မြန်မာပြည်သူတွေအတွက် ငိုချင်သလို ဖြစ်ခဲ့ရတယ် . . .
DG ကစပြောတယ် . .

ရွှေဖား သို့မဟုတ် ကမ္ဘာ့အဆိပ်အပြင်းဆုံး သတ္တဝါ


ရွှေဖား သို့မဟုတ် ကမ္ဘာ့အဆိပ်အပြင်းဆုံး သတ္တဝါ


ကမ္ဘာ့အဆိပ်အပြင်းဆုံး သတ္တဝါစာရင်းထဲမှာ ထိပ်တန်းအဖြစ် ပါဝင်တဲ့ သတ္တဝါ တစ်မျိုးကတော့ ရွှေဖား (ရွှေအဆိပ်ဖား) (Golden poison frog) ဖြစ်ပါတယ်။

ရွှေဖား တစ်ကောင်မှ ထွက်တဲ့ ၁ မီလီဂရမ် အဆိပ်ဟာ ကြွက်ပေါင်း ၁ သောင်း သတ်လို့ ရပါတယ်။ လူဆိုရင် အယောက် ၂၀၊ ဆင်ဆိုရင် အာဖရိက ဆင် နှစ်ကောင် သေလောက်အောင်တောင် အဆိပ်ပြင်း ပါတယ်။ ဒါကြောင့် ၁ ဂရမ် ရှိတဲ့ ရွှေအဆိပ်ဖား တစ်ကောင်ဟာဆိုရင် လူ အယောက် ၁ သောင်းခွဲကို သေစေနိုင်တယိလို့ သိပ္ပံပညာရှင်တို့ တွက်ချက် လေ့ လာ တွေ့ရှိထားပါတယ်။

ဖြေဆေးလည်း တော်ရုံ ရှာလို့မရပဲ အဆိပ်မိရင် အားလုံး သေကြ ရပါတယ်။ ယင်း ရွှေဖားကသာ ကမ္ဘာပေါ်မှာ တစ်မျိုးတည်းသော ကိုယ့်အဆိပ်ကို ခံနိုင်ရည် ရှိသူများ ဖြစ်ပါတယ်။ သူ့အဆိပ်က ဘယ် သက်ရှိ သတ္တဝါကိုမဆို သတ်နိုင်ပါတယ်။ ယင်းဖားကို စားမိတဲ့ ဘယ်သတ္တဝါမဆိုလည်း သေရပါ တယ်။ Liophis epinephelus အမည်ရ မြွေ မျိုးကလွဲလို့ ဖြစ်ပါတယ်။ ဒါတောင် အပြည့်အဝမဟုတ်ပဲ Liophis မြွေလည်း အခန့်မသင့်ရင် သေပါ တယ်။

ပိုပြီးတော့ ကြောက်စရာ ကောင်းတာက ယင်းရွှေအဆိပ်ဖား တွေဟာ ဆိုရှယ် ဆန်ဆန် အစုလိုက် နေထိုင်ကြသူများ ဖြစ်ပါတယ်။ အနည်းဆုံး ၄ ကောင်လောက် စုနေပါတယ်။ ပြီးတော့ သက်ရှိ ဖားတွေထဲမှာ ယင်း olden poison frog က ဥာဏ်ရည်အမြင့်ဆုံး ဖြစ်ပါတယ်။ ဖားဘုရင် လို့တောင် တင်စားကြပါတယ်။ ဘယ်သက်ရှိ သတ္တဝါမှလည်း အန္တရာယ် မပေးရဲတဲ့အတွက် သူတို့ပတ်ဝန်းကျင်မှာတော့ ဘုရင်ပဲ ဖြစ်ပါတယ်။

အရွယ်အစား ၅၅ မီလီမီတာလောက်ထိ ကြီးနိုင်ပြီး ရွှေရောင်နဲ့ လိမ္မော်ရောင် အဆင်းရှိတတ်ပါတယ်။ သူတို့ နေထိုင်ကျက်စားတဲ့ နေရာကတော့ အပူချိန် 26 °C ထက် မနည်းတဲ့ မိုးသစ်တော ဒေသ ဖြစ်ပြီး မြန်မာပြည် မှာလည်း တွေ့ရတတ်ပါတယ်။

အဆိပ်ပြင်းတဲ့ မြွေဟောက်တစ်ကောင်တောင် အဆိပ်တစ်ခါ ထုတ်ရင် သက်ရှိ တစ်ဦး၊တစ်ကောင်ကိုသာ သေစေပြီး ရွှေအဆိပ်ဖား ကတော့ ထောင်သောင်းမကကို သေစေပါတယ်။ အဆိပ်ထုတ်စရာမလိုပဲ သူ့ရဲ့  ခန္ဓာကိုယ်ကိုက အဆိပ်တွေနဲ့ သင်းကြိုင်နေတာ ဖြစ်ပါ တယ်။ ရွှေ အဆိပ်ဖား လျှောက်သွားတဲ့ နေရာကို တစ်ရှုးနဲ့ သုတ်ပြီး ခွေး၊ကြက်တို့ကို ရှုစေရင် ချက်ချင်းသေစေတာကိုလည်း လက်တွေ့စမ်းသပ်တွေ့ ရှိခဲ့ပြီး ဖြစ်ပါ တယ်။

ဒါကြောင့် ရွှေအဆိပ်ဖား (Golden poison frog) ကို ကမ္ဘာ့အဆိပ်အပြင်းဆုံး သက်ရှိ သတ္တဝါအဖြစ် အများစု လက်ခံထားကြပါတယ်။
----
Ref: wiki
အောင်ခမ်း ( ရိုးရာလေး )

www.yoyarlay.com/entertainment/123-discovery/38447-poision-frog

.

ကမ္ဘာ့အဆိပ်အပြင်းဆုံး သတ္တဝါစာရင်းထဲမှာ ထိပ်တန်းအဖြစ် ပါဝင်တဲ့ သတ္တဝါ တစ်မျိုးကတော့ ရွှေဖား (ရွှေအဆိပ်ဖား) (Golden poison frog) ဖြစ်ပါတယ်။
ရွှေဖား တစ်ကောင်မှ ထွက်တဲ့ ၁ မီလီဂရမ် အဆိပ်ဟာ ကြွက်ပေါင်း ၁ သောင်း သတ်လို့ ရပါတယ်။

တည်ငြိမ်အာမခံရှိမယ့် ဘဏ်စနစ် ပေါ်ပေါက်ရေး (ကမ္ဘောဇဘဏ် ဒု ဥက္ကဋ္ဌ ဦးသန်းလွင်)

October 29, 2013 at 11:35am

ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင်
ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင်
ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင် ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင်



ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ မကြာသေးခင်က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့ နှစ်ပတ်လည် ညီလာခံမှာ နိုင်ငံတကာ ဆင်းရဲမွဲတေမှု ပပျောက်ရေး လုပ်ငန်းစဉ်အဖြစ် မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံ မျိုးတွေမှာ အသေးစား ချေးငွေလုပ်ငန်းလေးတွေ မတည်ပြီးဆောင်ရွက်သွားရေးကို နည်းလမ်းတရပ်အနေနဲ့ တိုးချဲ့လုပ်ဆောင်ဖို့ နှီးနှောဆွေးနွေးနိုင်ခဲ့တယ်

နာမည်မှသည် နိုင်ငံတော် တိုးတက်ရေးဆီသို့

 
Kyaw Ba Thit
နာမည် အရေးကြီးသည်။
အထူးသဖြင့် ကိုယ့်နာမည်ကြောင့် သဘာဝပတ်ဝန်းကျင်နှင့် စွမ်းအင်များ မပြုန်းတီးစေဖို့ အလွန်ပဲ အရေးကြီးလှသည်။ ကိုယ့်နာမည်ကိုယ် မှည့်ချင်သလို မှည့်လို့ရသည် မှန်သော်လည်း ဘေးဘီလောက ကို အားနာရမည်။

IQ နိမ့်တဲ့ ကျနော်

Thanlay Ko October 29, 2013 at 5:26am
1.
ဒီအသက်ဒီအရွယ်ထိ ရောက်ခဲ့ပြီ
စာတွေလည်း သင့်တင့်လျှောက်ပတ်သလောက် သင်ခဲ့ပြီ
ဒါပေမယ့် တချို့အကြောင်းအရာတွေကို ခုထိနားမလည်နိုင်သေးဘူးဗျာ။

တွေးမိသမျှ ဗြုပ်စဗျင်းတောင်း (၉)


အာဏာရမှသာ တိုင်းပြည်ထူထောင်နိုင်မယ် ၊ ဒီမိုကရေစီ ထူထောင်နိုင်မယ်ဆိုတာ အာဏာနိုင်ငံရေး အယူအဆ သက်သက်သာဖြစ်တယ် ။ ဒီမိုကရေစီ စံနစ်ဆိုတာ အာဏာရှင်စံနစ်လို တဦးတယောက်ထဲက အာဏာ လက်ဝါးကြီးအုပ်ထားနိုင်ခွင့်မရှိဘူး ။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၁၀)

သစ်ထူးလွင်



တပ်မတော်ကိုဖြိုခွဲနေသော ဗိုလ်ချုပ်ကြီးများ

ဆောင်းပါးရှင်။ အောင်လင်းထွဋ်
တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သောရဲဘော်သုံးကျိပ် သွေးသောက်သစ္စာဂတိပြု ကာပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် စနစ်တကျအမျော်အမြင် ရှိရှိဖြင့်  စစ်စည်းကမ်း၊နည်းဥပဒေများ ၊ လိုက်နာရမည့်ကျင့်ဝတ်သိက္ခာများ၊ ပြဌါန်းကာ ဖွဲ့စည်းခဲ့တာပါ။

Monday, October 28, 2013

ကျွန်ုပ်တစ်သက် ငွေပေးမဝယ်ဖူးသောပစ္စည်း နှစ်မျိုး

Myo Chit Myanmar October 28, 2013 at 5:40pm


ဒီနေ့ တစ်ခုတွေးမိတယ် ..အမေရိကားရောက်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ကျွန်တော် ပိုက်ဆံတွေ အများကြီး ရှာခဲ့ဖူးသလို အများကြီးလဲ သုံးခဲ့ဖူးတယ်။ လိုအပ်လို့သုံးတာတွေလဲပါသလို မလိုအပ်ဘဲဖြုံးတာတွေ ပါတယ်။ အကျိုးရှိတာတွေလဲ ပါသလို အကျိုးမရှိတာတွေလဲပါတယ်။

နှာပိတ်ခြင်း ကုစားနည်း


 
အခုလိုရာသီအကူးအပြောင်းမှာ ဖြစ်လေ့ရှိတဲ့ ဝေဒနာကတော့နှာပိတ်ခြင်းပါပဲ။ ဝေဒနာက သိပ် မဆိုးရွားပေမယ့် လူကိုခံရခက်စေတာမို့ မြန်မြန်သက်သာပျောက်ကင်းနိုင်မယ့် အိမ်တွင်းနည်း လမ်းလေးတွေကို ဖော်ပြချင်ပါတယ်။ နှာပိတ်နေတဲ့အခါ လူ့ ခန္ဓာကိုယ်ဟာ အစိုဓာတ်ကို မြှင့်တင်နိုင် ဖို့အတွက် အရည် ကို များများသောက်ပေးရပါမယ်။

``` ဖုတ်သွင်းဗျိုင်းနှင့် ဗျိုင်းနားဘုရင် ...´´´

အမျိုးကောင်းသား shared ကွန်ဆူး မား's photo.
တစ်ခါက တိုင်းပြည်တစ်ပြည်မှာ.. ဘုရင်းကြီး ဆုံးပါးသွားတယ်တဲ့... ခမ်းခမ်းနားနား ပြောရရင်တော့ နတ်ရွာစံတယ်ပေါ့...။ အဲဒီတော့ ထီးမွေနန်းလျာကလည်း မရှိ... ဘာလုပ်ရမှန်းလည်း မသိလေတော့... မှူးကြီး မတ်ရာတွေက ဖုတ်သွင်းရထား သို့မဟုတ် ဖုတ်သွင်းဗျိုင်း လွှတ်ဖို့ စီစဉ်ကြပါသတဲ့...

**ပျော်ရှာမယ်**

ဟာသ's photo.

Photo: **ပျော်ရှာမယ်**

လက်ထပ်ပြီး သုံးလခန့်အကြာတွင်ဖြစ်သည်။ အလုပ်မှပြန်လာသော ယောက်ျားအား
မိန်းမလုပ်သူက အိမ်ပေါက်ဝတွင် ထွက်ကြိုပြီး ပြောသည်။ 

"မောင် လောလောဆယ်
နှစ်ယောက်ပဲ နေတဲ့ကျွန်မတို့ အိမ်လေးမှာ မကြာခင် သုံးယောက် ဖြစ်လာတော့မယ်"

ယောက်ျားဖြစ်သူ၏ မျက်နှာမှာ နူးညံ့ဝင်းထိန်သွားသည်။ ဇနီးသည်အား တယုတယပွေ့ဖက်လိုက်ရင်း ကောင်းတာပေါ့ကွာလို့ တိုးတိုးလေး ပြောသည်။ 

ဇနီးသည်က
ဝမ်းသာအားရ ပြောသည်။ "မောင်ခုလို သဘောထားမျိုးရှိမှန်း သိလို့ရှိရင်
နောက်အပါတ်ထဲဆို ကျွန်မတို့အိမ်မှာ လာနေမယ့် မေမေတော့ အရမ်းပျော်ရှာမှာပဲ "
လက်ထပ်ပြီး သုံးလခန့်အကြာတွင်ဖြစ်သည်။ အလုပ်မှပြန်လာသော ယောက်ျားအား
မိန်းမလုပ်သူက အိမ်ပေါက်ဝတွင် ထွက်ကြိုပြီး ပြောသည်။
"မောင် လောလောဆယ် နှစ်ယောက်ပဲ နေတဲ့ကျွန်မတို့ အိမ်လေးမှာ မကြာခင် သုံးယောက် ဖြစ်လာတော့မယ်"
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...